← Chapters

တောက်ပနေသော မျက်လုံးများ

Vol. 8 Ch. 115

တောက်ပနေသော မျက်လုံးများ

Vol. 8 Ch. 115

~

ဆရာမလုအား နာရီဝက်ခန့် အင်တာဗျူးပြီးနောက် သတင်းထောက်များ ပြန်သွားကြသည် ။

' မဆိုးဘူး... မဆိုးဘူး...'

ဆရာမလု သူမ ဖြေလိုက်ရသည်များကို အားရပေသည် ။

' ဒီနှစ် ဟိုင်းချန်မြို့က ဆရာတွေထဲမှာ ငါအတောက်ပဆုံးဖြစ်သွားပြီ...'

လင်းမို့ကြောင့် သူမ သရဖူဆောင်းနိုင်ခဲ့လေပြီ ။ သူမ ထိုက်တန်သည်ဟု ခံစားမိ၏ ။

' လင်းမို့ သာ ငါ့ခွင့်ပြုချက်မရရင် ဘယ်အိပ်လို့ရမလဲ... သူဘယ်လောက်သန်မာ သန်မာ ငါ့ကို ကျေးဇူးတင်သင့်တယ်... '

သူမ တွေးပျော်နေသည် ။

' ဒါပင်မဲ့... '

သူမ လင်းမို့၏ ရမှတ် တွေးလိုက်မိ၏ ။

' သူ အရင်လဝက်ကမှ ၉၀၀ ကျော်လေးကို... ဘယ်လိုလုပ် ဒီလောက်သန်လာတာတုန်း... '

သူမ မအံ့သြဘဲ မနေနိုင် ။ သူမ စဥ်းစားကြည့်ပြီးနောက် ဖြစ်နိုင်ချေကို စဥ်းစားမိသွားသည် ။

' ကျောင်းမှာရှိတဲ့ စက်က ၂၀၀၀ ကီလိုအောက်ကိုပဲ အတိအကျတိုင်းနိုင်တာ... ဒါဆို အဲ့အချိန်တုန်းက လင်းမို့ရဲ့ လက်သီးပြင်းအားက ၂၉၀၀ ကီလိုကျော် ဖြစ်ရမယ်... စက်က ၂၀၀၀ ကို ဖြတ်ပြီး ၉၀၀ ကျော်ပြတာနေမှာ..."

ဆရာမလုက သူမကို သူမ ရှားလော့ဂဲလ်ဟု ထင်မိသွားသည် ။ သူမ ခနအတွင်းပင် အဖြေရှာနိုင်ခဲ့လေသည် ။

' ပြီးတော့ သူညဘက်တွေမှာ လေ့ကျင့်တာဖြစ်မယ်... အဲ့တာကြောင့် ပင်ပန်းလွန်းလို့ ကျောင်းမှာ အိပ်နေတာပဲ...'

ဤသည်ကို တွေးပြီး ဆရာမလု သံသရ မရှိတော့ ။ သူမ၏ မျက်လုံးထဲတွင် ညဏ်အလင်းများ တဖြတ်ဖြတ်တောက်ပလာပြီး...

" ဒီနေ့က စပြီး ငါ့နာမည်ကို လုလော့ဟုမ်း လို့ ပြောင်းတော့မယ်... "

ထိုအချိန်တွင်...

ဟိုင်းချန်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး မစ္စတာယန်က အံကိုတင်းတင်းကြိတ်ထား၏ ။

' လင်းမို့... ငါကျောင်းထုတ်လိုက်တဲ့ လင်းမို့...'

သူသည် လင်းမို့အား ကျောင်းသားဆိုးဟု သတ်မှတ်ကာ နှစ်ခါမစဥ်းစားပဲ ကျောင်းထုတ်ပစ်ခဲ့သည် ။ ထိုအချိန်က လင်းမို့၏ မာနကြီးသော စကားကိုပင် သူမှတ်မိနေချေသေးသည် ။ ယခု ထိုစကားကို သူနားလည်သွားလေပြီ ။ ဆဲလ်သန်မာမှု ၃၀၁၆ နှင့် လက်သီးပြင်းအား အမှတ်ပြည့် ။ ဤခွန်အားနှင့် မာန မကြီးဘဲနေနိုင်မည်လော ။

' ငါဘာလို့ ကျောင်းထုတ်မိတာလဲ...'

ကျောင်းအုပ်ယန်၏ မျက်နှာက ရှုံ့မဲ့နေ၏ ။ သူ ဝမ်ထုံအား အပြစ်သွားတင်တော့သည် ။

" ဝမ်ထုံ... မင်းသာ ကျောင်းမထုတ်ခိုင်းရင်... ငါလင်းမို့နဲ့တောင် ရင်းနှီးနေပြီ... ခု မင်းကြောင့်ကွ..."

" ကျောင်းအုပ်ယန်... ကျုပ်လည်းမသိဘူးလေ... "

ယင်ကျန့်၏ ဦးလေးဖြစ်သူ ဝမ်ထုံ၏ မျက်နှာက မသာမယာဖြစ်နေ၏ ။

" ကျုပ်လည်း ယင်ကျန့်ပြောတာယုံမိတာပဲ... အဲ့ ဒေါ့မသားက ကျုပ်ကို ချောက်တွန်းတာ... "

ဝမ်ထုံက ယင်ကျန့်အကြောင်းစဥ်းစားမိသည်နှင့် အရမ်းဒေါသထွက်သွားသည် ။

ယင်ကျန့်၏ စာမေးပွဲ ရမှတ် နှစ်ခုပေါင်းက လင်းမို့၏ တစ်ခုကိုပင် မမီချေ ။ သူ့အား ဒေါသထွက်၍ သေအောင်လုပ်နေပေသည် ။

" ထားလိုက်ပါတော့... ခုမှ ပြောနေလည်း ဘာမှ မထူးတော့ဘူးလေ... "

ကျောင်းအုပ်ယန် ရုတ်တရပ် မေးလိုက်၏ ။

'' ဝမ်ထုံ ခင်ဗျားလည်း အဲ့နေ့က ရာထူးအချခံရတာ မှလား...''

" ဟုတ်တယ်... "

ဝမ်ထုံက ကျောင်းအုပ်ယန် ဆိုလိုသည်ကို နားလည်သည် ။

" ခင်ဗျားလည်း လင်းမို့ကြောင့်လို့ ထင်သလား..."

ထိုစဥ် ဟိုင်းချန်သိုင်းဌာန ခေါင်းဆောင် ကျောက်ရှု ရောက်လာပြီး...

" အဖိုးကြီးယန် ခင်ဗျားက ခွန်အားကို ဖုံးကွယ်ထားတာပဲ..."

ကျောက်ရှုက ကျောင်းအုပ်ယန်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏ ။

" ဟိုင်းချန်အထက်တန်းကျောင်းမှာ ဒီလောက် ခန္ဓာကိုယ်ပါရမီ ရှိတဲ့သူ ရှိမယ်မထင်ထားဘူး..."

" ခေါင်းဆောင် ကျောက်... ကျုပ်ပြောစရာ တစ်ခုရှိတယ်... စိတ်မဆိုးနဲ့နော်..."

ကျောင်းအုပ်ယန်က သတိထားပြီး ပြောလိုက်သည် ။

" ပြောလိုက်စမ်းပါ... ဒီနေ့ ဒီလောက် သာယာနေတာကို... စိတ်ဆိုးစရာလား..."

သူ တာဝန်ယူထားသည့် ဒေသတွင် အထူးပါရမီရှင်ထွက်လာ၍ ကျောက်ရှုက အလွန်ကျေနပ်နေသည် ။ သူ အောင်မြင်တော့မည် အချိန်ပင် ။

" ကျုပ် လင်းမို့ကို... ကျောင်းထုတ်ထားတာ မကြာသေးဘူး... "

ကျောင်းအုပ်ယန်က မရဲတရဲ ပြောလိုက်၏ ။

လင်းမို့အား ဟိုင်းချန်အထက်တန်းကျောင်းဟု ကြေညာလိုက်သော်လည်း လင်းမို့က အလွတ်ဝင်ဖြေသူ တစ်ယောက်ဖြစ်သည် ။

" ဘာပြောတယ်... "

ကျောက်ရှုက ဒီအကြောင်းကို သိမထားပေ ။ သူဒေါသ အလွန်ထွက်သွားပြီး ကျောင်းအုပ်ယန်ကို ပါးရိုက်ပစ်လိုက်သည် ။

" မင်းက ရူးနေတာလား...လင်းမို့ကို တခြားမြို့က လာခေါ်သွားရင် ဘယ်လိုလုပ်မလဲ... ဒီအောင်မြင်မှုက ငါတို့မြို့နဲ့ ဆိုင်တော့မှာ မဟုတ်ဘူး..."

ကျောက်ရှုက လင်းမို့၏ အောင်မြင်မှုကြောင့် ရာထူးတိုးရန် စိတ်ကူးယဥ်နေ၏ ။ ယခုတော့ သွားလေပြီ ။ ကျောင်းအုပ်ယန်က ဒီလိုစကားမျိုးပြောရဲသည်မှာ အရိုက်ခံချင်နေ၍ဖြစ်မည် ။

လင်းမို့၏ မိဘများက မနက်ခင်း စာမေးပွဲတွင် မလာကြသော်လည်း နေ့ခင်း စာမေးပွဲသို့ တိတ်တိတ်လေး ခိုးလာခဲ့ကြသည် ။ သို့ပေသည့် လင်းမို့၏ ရမှတ်ကို မြင်လိုက်ရသောအခါ...

" အမှတ် ၁၅၀... "

" ငါတို့သားမှ ဟုတ်ရဲ့လား... "

ဖေဖေလင်းနှင့် မေမေလင်းတို့ အံ့သြကုန်ကျ၏ ။

" ငါတို့ ရှောင်မို့လေးကို ဘာမှ ဟုတ်တိပတ်တိ ထောက်ပံ့ပေးတာမဟုတ်ဘူး... သူဘယ်လိုလုပ် ထူးချွန်နေတာလဲ..."

ဖေဖေလင်းက အံ့အားသင့်စွာ ပြောလိုက်ပြီး မေမေလင်းကို ကြည့်ကာ...

" မင်းတို့ မိသားစု ဗီဇကြောင့်လား..."

" မဖြစ်နိုင်ဘူး... "

မေမေလင်းက ကြောင်တက်တက်ဖြင့် ငြင်းလိုက်၏ ။

" ငါ ဒါကို တကယ်ထင်မထားဘူး..."

ဖေဖေလင်းက သက်ပြင်းချလိုက်ပြီး...

" အစက လင်းမို့ကို သာမန်လူတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်နေစေချင်ပင်မယ့် ခုတော့....."

ကောင်းဟောက်ရန်၏ အဖေကောင်းဖန်းက ​ဖြေဆိုနေသည့်နေရာသို့မလာသော်လည်း လင်းမို့၏ ရမှတ်ကိုချက်ချင်းသိလိုက်သည် ။ အမှတ် ၁၅၀ က သူ့အား အံ့အားသင့်သွားစေ၏ ။

' ငါညီလေးက ဖုံးကွယ်ထားတုန်းပဲ... ဒီလောက်ထင်မထားဘူး...'

ကောင်းဖန်းက လင်းမို့၏ ပါရမီအား ပါရမီရှင်စာရင်း၏ အောက်ခြေတွင် ရှိမည်ဟု ထင်ထားခဲ့သည် ။ ပါရမီရှင်စာရင်းတွင် ပါဝင်ခွင့်ရသ၍ တက္ကသိုလ်သို့ လူနှစ်ယောက်သုံးယောက်ခေါ်သည်က အကြောင်းမဟုတ် ။

သို့သော်လည်း ကောင်းဖန်းသည် လင်းမို့က သမိုင်းမှတ်တမ်းတင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ ။

' သူ ခန္ဓာကိုယ်ပါရမီက ကောင်းကင်ကိုတောင်အံတုနိုင်တဲ့ ပါရမီမျိုးပဲ...'

ကောင်းဖန်းက ထိတ်လန့်သွားပြီး...

' ငါညီသာ ပါရမီရှင် စာရင်းထဲ ရောက်သွားရင် ယဲ့ရီအပေါ်ကို ရောက်သွားနိုင်တယ်... ငါ့ညီက အဆင့် ၁ တောင်ဖြစ်နိုင်တာပဲ...'

' ဒါပင်မဲ့ ငါ့ညီလေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ သိမ်မကောင်းဘူး... ခုမှ အဆင့်၃ အစောပိုင်းပဲ ရှိသေးတယ်... အဲ့တာကြောင့် မနက်စာမေးပွဲကို ဝင်မဖြေတာများလား...'

ကောင်းဖန်း၏ မျက်လုံးများက တောက်ပလာပြီး သူလင်းမို့၏ အစီအစဥ်ကို မြင်လိုက်သည်ဟု ခံစားလိုက်ရသည် ။ သူ့ညီက အကြီးမားဆုံးပြချင်၍ သေးငယ်သည့်ဟာကို စွန့်ပစ်ခဲ့ချေသည် ။

' ငါညီ လင်းမို့က... ငါညီဆိုတဲ့အတိုင်းပဲ...'( အကြွားမျိုးရိုး)

ကောင်းဖန်းက ခေါင်းခါ၍ မတ်တပ်ရပ်လိုက်ပြီး...

" ညီလေးလင်းက သူ့ခွန်အားကို ထုတ်ပြနေပြီဆိုတော့.... ဟောက်ရန်လည်း သူ့ဦးလေးလင်းကို သိသင့်ပြီ... "

All Chapters