← Chapters

ရှားနိုင်ငံ၏ အဆင့် ၁ လင်းမို့ ~

Vol. 8 Ch. 116

ရှားနိုင်ငံ၏ အဆင့် ၁ လင်းမို့ ~

Vol. 8 Ch. 116

စာမေးပွဲ၏ ပထမနေ့ ပြီးဆုံးသွားလေပြီ ။

နတ်ဆိုးမြို့...

ယန်ယီမိုက စာဖြေခန်းမှာ ထွက်လာခဲ့သည်နှင့် တစ်နိုင်ငံလုံး သူမ၏ အဆင့်အား စိတ်ဝင်စားနေကြလေသည် ။

' ဒီနေ့ ငါရဲ့ စွမ်းဆောင်ရည်က ပုံမှန်ပဲ... ဘာသာရပ်နှစ်ခုလုံး ရတဲ့အမှတ်က ငါထင်ထားသလိုပဲ...'

ယန်ယီမိုက တွေးနေ၏ ။

' တိုက်ခိုက်ရေးစွမ်းရည်က ၁၁၁မှတ်... လက်သီးပြင်းအားက ၁၀၆ မှတ်... နှစ်ခုပေါင်း ၂၁၇ မှတ်နဲ့ ရှားနိုင်ငံ အဆင့် ၁၃... '

ယန်ယီမို၏ အဆင့်မှာ အနည်းငယ်နိမ့်နေလေသည် ။ စာမေးပွဲတွင် စိတ်ထိန်းချုပ်သူအတွက် ရမှတ်ရရှိမည်မဟုတ်ချေ ။ သူမအတွက် နစ်နာမှုတစ်ခုပင် ။

သို့သော်လည်း သူမက အဆင့်တစ်ခုရရန်အတွက် တိုက်ပွဲဝင်ချင်သေးသည် ။

' မနက်ဖြန် အခြေခံ စမ်းသပ်မှုက ငါ့အားသာချက်ပဲ...'

ယန်ယီမိုက ငယ်ငယ်ထဲမှ သေချာလေ့ကျင့်လာသဖြင့် အခြေခံက ခိုင်မာလှသည် ။

' အရေးကြီးဆုံးက ကျပန်းစာမေးပွဲပဲ... ငါအားသာတဲ့ဟာဆိုရင် တစ်နိုင်ငံလုံး အဆင့် ၃ ကနေ ၅ အတွင်းတော့ ဝင်လောက်တယ်... '

ရှားနိုင်ငံ၏ အဆင့် ၁ နေရာကိုတော့ သူမ မမှန်းရဲ ။

' ယဲ့ရီက တိုက်ခိုက်ရေးစွမ်းရည် ၁၂၂ မှတ်... လက်သီးပြင်းအား ၁၁၃ မှတ် ...စုစုပေါင်း ၂၃၅ မှတ်နဲ့ အဆင့်၁ ဖြစ်နေတာ... ငါ့ထက် ၁၈ မှတ်တောင် များတယ်... '

၁၈မှတ် ကွာခြားချက်က သူမကို စိတ်ပျက်စေသည် ။ တစ်နိုင်ငံလုံးက ယဲ့ရီအား အဆင့် ၁ အဖြစ်ကြိုတင်သတ်မှတ်ထား၏ ။

ယီမိုက ဖုန်းထဲသို့ ဝင်လာသော မက်ဆေ့ကို ဖတ်ကြည့်လိုက်၏ ။ သူမ၏ ခေါင်းသေးသေးလေးတွင် မွေးခွန်းအမှတ်အသားများ ပေါ်လာပေသည် ။

' လင်းမို့က လက်သီးပြင်းအား ရမှတ် ၁၅၀... '

သူမက အချက်အလက်များကို သေချာစစ်ဆေးကြည့်လိုက်ရာ သူမ သိသော လင်းမို့မှန်း သေချာသွားသည် ။

' ဟမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... '

' တစ်ခုခု မှားနေပြီ...'

ပျင်းရိစွာ ငါးမျှားနေသော လင်းမို့၏ ပုံရိပ်က သူမ၏ အတွေးထဲတွင် ပေါ်လာသည် ။

' လင်းမို့က နေ့တိုင်းပျင်းနေတာလေ... '

' တနေကုန် ငါးမျှားလိုက် ငါးကင်လိုက် လုပ်နေတာကို ...'

' ပြီး​တော့ လက်သီးပြင်းအား အမှတ်ပြည့်ကဘာလဲ...'

' ငါ့ကို လာနောက်နေတာလား...'

ယန်ရီမို၏ နှာခေါင်းလေးက ငါးကင်နံ့ ရသလိုခံစားမိ၍ တရှုံ့ရှုံ့ဖြစ်လာသည် ။

သို့သော်လည်း သူမ က လင်းမို့ အမှတ်ပြည့်ရသည်ကို လက်မခံနိုင်သေးပေ ။

' မဖြစ်နိုင်ဘူး...'

' ဒါလုံးဝ မဖြစ်နိုင်ဘူး...'

အမှတ်ပြည့်က စာရင်းထဲတွင်သာရှိ၍ အပြင်တွင်ပေးမည်မဟုတ်ချေ ။ ထို့ကြောင့် သူမ လက်ခံရန် ခက်ခဲနေခြင်းဖြစ်သည် ။ သူမ လင်းမို့၏ ဆဲလ်သန်မာမှုကို မြင်မှ လက်ခံနိုင်သွားသည် ။

' အမှတ်ပြည့်က ၂၅၀၀ ကီလိုကို... နင်က ၃၀၁၆ တောင် ရောက်နေတာလား...၅၁၆ မှတ်တောင် ပိုနေသေးတာပဲ...'

ယီမိုက သတင်းဆက်ဖတ်ကြည့်လိုက်၏ ။

' ရှားနိုင်ငံသိုင်းဌာနချုပ်ကတောင် အတည်ပြုလိုက်ပြီလား...စာဖြေခန်းထဲမှာ စာစစ်ဆရာကို ထိုးတာလား...'

ယီမို၏ မျက်လုံးလေး ပြူးကျယ်သွားသည် ။

' အင်း ...ငါ သိတယ့် လင်းမို့ပဲ ဒီလိုလုပ်မှာ... '

သူမ သတင်းကို သေချာဖတ်ကြည့်ပြီးမှ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည် ။

' ကောင်စုတ်... နင်က အဲ့တာကြောင့် ငါပေးမယ့် ဝင်ခွင့်ကို လက်မခံတာကို... '

လင်းမို့က သူမ၏ အကူအညီကို မလိုအပ်မှန်း အခုမှနားလည်သွားသည် ။

' ငါပြောတုန်းက စိတ်ထဲကျိတ်ရယ်နေလောက်တယ်... '

ယီမိုက သူမ၏ လက်သီးသေးသေးလေးများကို တင်းတင်းဆုပ်လိုက်ပြီး...

" ချီးပဲ..."

သူမ ပြသနာတစ်ခုကို သတိထားမိသွားသည် ။

' လင်းမို့က မနက်ခင်းစာမေးပွဲ ဝင်မဖြေဘူးလား... '

သူမ ရှုပ်ထွေးသွား၏ ။ သူ မည်သည့်အတွက်ကြောင့် ဝင်မဖြေမှန်း သူမ နားမလည်နိုင် ။

' သူလက်သီးပြင်းအားနဲ့ဆို... သူ့တိုက်ခိုက်ရေးစွမ်းရည်က အနိမ့်ဆုံး အဆင့် ၃ တော့ရှိတယ်... သူဝင်ဖြေရင် အမှတ် ၁၀၀ တော့ရမှာပဲ... '

သူမ တွေးနေရင်း ရုတ်တရပ် ထိတ်လန့်သွား၏ ။

' မနက်နဲ့ နေ့ခင်းပေါင်းရင် အမှတ် ၂၅၀ ပဲ... ယဲ့ရီတောင် အမှတ် ၂၃၅ပဲရှိတာ ...သူ က ယဲ့ရီထက် ၁၅ မှတ်တောင် သာနေတာပဲ...သူ အဆင့်၁ ဖြစ်နေမှာ...'

ရှားနိုင်ငံ သိုင်းဌာနချုပ်အတွင်း အရေးပေါ် အစည်းအဝေး လုပ်နေကြသည် ။

လင်းမို့ ကြောင့် စီစဥ်လိုက်ရခြင်းဖြစ်သည် ။

အစည်းအဝေးတွင် လူသုံးဦးသာရှိသည် ။

သိုင်းဌာနချုပ် ခေါင်းဆောင်ဝူ ၊ ပါရမီရှင်ရှာဖွေရေးဌာန ဒါရိုက်တာ မာရှင်းဝူနှင့် အကြီးအကဲ ဇီကျင်းပင် ။

" ဆဲလ်သန်မာမှု က ၃၀၁၆ တဲ့..."

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း... "

ဒါရိုက်တာ မာက မယုံချေ ။

" ပတ်ဝန်းကျင်ကြောင့် ကျုပ်တို့ရဲ့ ဆဲလ်သန်မာမှုက အကန့်အသတ်ရှိတယ်လေ... "

အမှတ်ပြည့် ၂၅၀၀ ကီလိုပေးထားခြင်းမှာ မည်သူမှ မရောက်နိုင်၍ဖြစ်သည် ။ ဂြိုလ်ပြာ၏ ဆွဲအားနည်းပါးမှုကြောင့် အထက်တန်း ကျောင်းသားများ ကီလို ၃၀၀၀ ကျော်ရန် မဖြစ်နိုင်ချေ ။

အကန့်အသတ်က လူတစ်ယောက်နှင့် တစ်ယောက်မတူပေ ။ တစ်ချို့က ၂၀၀၀ ဖြစ်သော်လည်း တချို့က ၂၂၀၀ အထိဖြစ်နိုင်ပေသည် ။ ၂၃၀၀ ကီလိုသို့ ရောက်ဖူးသည့် အထက်တန်းကျောင်းသား မပေါ်ဘူးသလောက်ပင် ။ ထို့ကြောင့် အမှတ်ပြည့်ကို ၂၅၀၀ ကီလိုတွင် ထားထားခြင်းဖြစ်သည် ။ ၂၅၀၀ ကီလို ရှိနေလျှင်ပင် အမှတ်လျော့အုံးမည်ဖြစ်ပြီး အပြည့်ပေးမည် မဟုတ် ။

" လင်းမို့ရဲ့ ဆဲလ်သန်မာမှုက အကန့်အသတ်ကို ကျော်နေပြီ..."

ခေါင်းဆောင်ဝူက တည်ငြိမ်စွာဖြင့်...

" ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ်.. မြေဆွဲအားအခန်းသုံးပြီး အကန့်အသတ်ကို ချိုးဖျက်နိုင်အောင် လေ့ကျင့်တာနဲ့... A2 ဆေးသောက်တာ... မြေဆွဲအားအခန်းကလည်း တက္ကသိုလ်တွေမှာပဲ ရှိတာဆိုတော့ မဖြစ်နိုင်ဘူး...အပြင်လူမှ ဝင်ခွင့်မပေးတာ... A2 ဆေးကလည်း အပြင်မှာ ရဖို့မလွယ်ဘူး... ပြီးတော့ DNA လည်း ချိတ်ထားသေးတယ်... လူတစ်ယောက်ကို ငါးပုလင်းသောက်ပြီးရင် ဆက်သောက််လို့မရတာ ငါတို့သိထားတာပဲ... အဲ့တာကြောင့် A2 ဆေးလည်း မဖြစ်နိုင်ဘူး...လင်းမို့က အဲ့လောက်ဆေးအများကြီး ရနိုင်မယ်မထင်ဘူး... "

" ကျုပ် လင်းမို့ရဲ့ နောက်ခံကို စစ်ဆေးပြီးပြီ... "

ဒါရိုက်တာမာက...

" လင်းမို့ အမေက ကျင့်ဒူမြို့ ကျန်းမိသားစုက ကျန်းချမ်ပဲ... "

" ကျန်းမိသားစုလား..."

ခေါင်းဆောင်ဝူက မျက်မှောင်ကြုပ်လိုက်ပြီး...

" အဲ့တာဆိုရင်တော့ A2 ဆေး အလုံအလောက်ရနိုင်တယ်..."

" အဲ့တာ ဆေးကြောင့်လို့ မထင်ဘူး..."

တချိန်လုံးတိတ်ဆိတ်နေသော အကြီးအကဲ ဇီကျင့်က ဝင်ပြောသည် ။

" သီအိုရီတစ်ခုရှိတာ မမေ့နဲ့အုံး...ခန္ဓာကိုယ် ပါရမီက အရမ်းကောင်းနေရင် အကန့်အသတ်မရှိဘူး... "

" အဲ့တာဆို သူ့မှာ ကောင်းကင်ကိုအံတုနိုင်တယ့် ခန္ဓာကိုယ်ပါရမီ ရှိနေတာလား..."

ခေါင်းဆောင်ဝူ နှင့် ဒါရိုက်တာမာက သိပ်မယုံချင် ။ ဂြိုလ်ပြာတွင် ထိုသို့သော ပါရမီရှင် ပေါ်မလာဘူးပေ ။

" ကျုပ်တော့ လင်းမို့က ဆေးသောက်လို့ပဲထင်တယ်... "

ဒါရိုက်တာမာက သူ့အမြင်ကို ထုတ်ပြောသည် ။

" လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီက အရမ်းကောင်းနေရင် ကျန်းမိသားစုက ထောက်ပံ့မှာပဲလေ ..."

" အဲ့တာ ခု ငြင်းနေစရာ မလိုဘူး... "

အကြီးအကဲ ဇီကျင်းက တည်ငြိမ်စွာဖြင့်...

" မနက်ဖြန် စာမေးပွဲကြရင် အဖြေပေါ်မှာပဲ... အခြေခံ စမ်းသပ်မှုပြီးရင် လင်းမို့ဆေးသောက်ထား မထားသိရမှာ... သူသောက်ထားရင် အမှတ်နဲနေမှာပေါ့..."

" ဟုတ်ကဲ့ပါ... အဲ့တာဆို ကျုပ်တို့ မနက်ဖြန်မှ ဆက်ဆွေးနွေးကြတာပေါ့.. "

သူတို့ သုံးယောက်လုံး လင်းမို့နှင့် Black Earth အား ဆက်စပ်၍ မတွေးကြပေ ။

Black Earth က တိုက်ခိုက်ရေးစွမ်းရည်တွင် ပါရမီပါပြီး လက်သီးပြင်းအားတွင် အမှိုက်ဖြစ်သည် ။ လွန်ခဲ့သောလဝက်လောက်ကပင် သူ၏ လက်သီးပြင်းအားမှာ ၁၂၀၀ ကီလိုအောက်တွင်သာ ရှိနေသေးသည် ။

လင်းမို့က ပြောင်းပြန်ဖြစ်သည် ။ ခန္ဓာကိုယ်ပါရမီ ပါပြီး တိုက်ခိုက်ရေးစွမ်းရည်က နိမ့်လွန်းလှ၏ ။ ဆေးသောက်ထားလျှင်ပင် သူ၏ ခန္ဓာကိုယ်ပါရမီက ကြောက်စရာကောင်းနေသေးသည် ။

မနက်က သူ တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်မှု ဝင်မဖြေခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည် အလွန်နိမ့်နေကြောင်း သက်သေပြနေသည် ။

Chapter 117

~

All Chapters