အရှက်ခွဲမယ်
Vol. 8 Ch. 117
~
ဟိုင်းချန်မြို့...
စာဖြေခန်းမ၏ အပြင်ဘက် ရင်ပြင်တွင် လူများ စောင့်ဆိုင်းနေကြသည် ။
သူတို့သည် အမှတ်ပြည့်ရ၍ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သော လူငယ်သူရဲကောင်းကို မြင်လိုကြ၏ ။
သူတို့ လင်းမို့အား မြင်တွေ့ခွင့် ရရန် စောင့်မျှော်နေကြသည် ။
စာမေးပွဲ ပြီးဆုံးသည်နှင့် စာဖြေသူ အားလုံး ဒီရေလှိုင်းကြီးသဖွယ် ခန်းမအတွင်းမှ ထွက်လာကြသည် ။
" ဟောက်ရန်... "
အပြင်တွင် စောင့်နေသော ကောင်းဖန်းက သူ့သားကို လှမ်းခေါ်လိုက်ပြီး...
" လင်းမို့ ဘယ်မှာလဲ... မင်းနဲ့အတူတူ မဟုတ်ဘူးလား..."
" သားမသိဘူး..."
ဟောက်ရန်က...
" အကိုမို့က အိမ်သာသွားမယ်ဆိုပြီး ပြန်မလာတော့ဘူး..."
" သူ့ကို အကိုမို့လို့ မခေါ်နဲ့တော့... "
ကောင်းဖန်းက အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်၏ ။
" ဘာလို့တုန်း... "
ဟောက်ရန် ရှုပ်ထွေးသွားသည် ။
" နောက်မှ ပြောပြမယ်... "
ကောင်းဖန်းက ရှင်းမပြ ။ အနီးတွင်ရှိသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည် ။
" ခု ငါမင်းကို ရှင်းမပြနိုင်တော့ဘူး... လင်းမို့ ပေါ်လာတာနဲ့ လူတွေ ဝိုင်းအုံနေလိမ့်မယ်... "
စာဖြေခန်းမ အဝင်ဝ...
သတင်းထောက်များက တစ်ယောက်နှင့်တစ်ယောက် နေရာကောင်းများကို လုရင်း ကင်မရာများကို အသင့်ပြင်ထားကြသည် ။ လင်းမို့ ထွက်လာသည်နှင့် အရင်ဦးဆုံး ဗျူးနိုင်အောင် ပြိုင်ရပေတော့မည် ။
သို့သော် လင်းမို့ထွက်လာသည်ကို မတွေ့ရ ။ ဘာလုပ်ရမှန်း မသိသော အချို့ သတင်းထောက်များသည် ဟိုင်းချန်အထက်တန်းကျောင်းမှ ကျောင်းသားများကို အင်တာဗျူးရန် လိုက်ရှာတော့၏ ။
" မဂ်လာပါ ကျောင်းသား... မင်းတို့ကျောင်းက လင်းမို့ကို မင်းအနေနဲ့ ဘယ်လိုမြင်လဲ... "
" လင်းမို့လား... ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ခင်းမတိုင်ခင်အထိ သူက ကျောင်းရဲ့ နာမည်ကြီး ကျောင်းသားဆိုးပဲ... အမြဲအလှောင်ခံနေရတဲ့ အမှိုက်ပေါ့..."
" အိုး... ကျောင်းသား... နည်းနည်းပိုကောင်းတာလေး ပြောပေးပါလား..."
" ပိုကောင်းတာလား... အော်... လင်းမို့က ကျွန်တော်တို့ ကိုးကွယ်ရတဲ့သူပဲ..."
" ကိုးကွယ်ရတဲ့သူလား... "
သတင်းထောက်၏ မျက်လုံးများက တောက်ပသွားပြီး...
" အဲ့တာ ဘာကို ဆိုလိုချင်တာလဲ ရှင်းပြပေးပါဗျ... "
" သူက ကောင်မလေးလိုက်တဲ့ နေရာမှာ ဆရာကြီးလေ... "
ဘေးနားရှိ သတင်းထောက်က အရပ်ရှည်၍ ပိန်သော ကျောင်းသားတစ်ယောက်ကို တားလိုက်ပြီး...
" မဂ်လာပါ... ကျွန်တော်က ကျန်းနန်စီရင်စု တယ်လီဗေးရှင်း ဌာနကပါဗျ... ကျောင်းသား အနေနဲ့ လင်းမို့အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာကို မိနစ်အနည်းငယ်လောက် အင်တာဗျူးခွင့် ပြုပါဗျ... "
' ကျန်းနန်တီဗီလား..'
ကျောင်းသားက မျက်ခုံးပင့်လိုက်၏ ။ ကျန်းနန်တီဗီက ဟိုင်းချန်ရှိ သတင်းဌာနများထက် အဆင့်မြင့်ပေသည် ။ သူက ခဏ စဥ်းစားလိုက်ပြီး ...
" ကျွန်တော့ အမြင်တော့ လင်းမို့က အရမ်း ယောကျ်ားပီသတယ်... "
" အရမ်းယောကျ်ားပီသတာလား..."
သတင်းထောက်က ဘာဆက် မေးရမှန်းမသိ ။ သူက ခွန်အားအကြောင်းမေးသော်လည်း ပြန်ဖြေသူက ရုပ်မည်မျှ ချောကြောင်း ပြန်ဖြေနေလေသည် ။
" ကျွန်တော် သိသလောက်တော့... ကျောင်းက မိန်းကလေးတွေက လင်းမို့ဆိုရင် အသေရရ အရှင်ရရ ပဲ... "
အရပ်ရှည်ပြီး ပိန်သောကျောင်းသားက တည်ငြိမ်စွာဖြင့်...
" သူ့ရုပ်ရည်နဲ့တင် ကမ္ဘာကြီးကို အောင်နိုင်နေတာတောင်... ခွန်အားက သန်မာနေသေးတယ်... "
အရပ်ရှည်ပြီး ပိန်သေ လူငယ်လေးက ပြောပြီးသည်နှင့် ခပ်တည်တည်ပြုံး၍ ထွက်သွားတော့သည် ။ သူက လူအုပ်ထဲမှ ထွက်လာပြီး လူရှင်းသော လမ်းကြားတစ်ခုထဲသို့ ဝင်သွားလိုက်၏ ။ လူမရှိသည့် နေရာသို့ ရောက်လျှင် ထိုကျောင်းသား၏ ကြွက်သားများက တွန့်လိမ်လာပြီး ခနအကြာတွင် လင်းမို့ ဖြစ်သွားသည် ။
ထိုအရပ်ရှည်ပြီး ပိန်သော ကျောင်းသားက လင်းမို့ပင် ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ သို့ရောက်လျှင် ကြွက်သားများကို ထိန်းချုပ်နိုင်ပြီ ဖြစ်၍ ခန္ဓာကိုယ်ကို အနည်းငယ် ပုံစံပြောင်းနိုင်သည် ။ လင်းမို့က အဆင့် ၅ သို့ရောက်နေသဖြင့် ရုပ်ပြောင်းရုပ်လွဲလုပ်ခြင်းက သူ့အတွက် ကိတ်မုန့်တစ်ချပ်ပင် ။
လင်းမို့သည် သူ့အား လူအများက မျောက်တစ်ကောင်လို ဝိုင်းကြည့်နေကြမည်ကိုကြောက်၍ ရုပ်ဖျက်လာခြင်းဖြစ်သည် ။
' အိမ်ပြန်တာပဲကောင်းတယ်...'
လင်းမို့က ရပ်ကွက်အဝင်ဝတွင် စောင့်နေမည့် အိမ်နီးချင်းများကို သတိရသွား၏ ။ သူ ရပ်ကွက်အနီးသို့ရောက်လျှင် ရုပ်ဖျက်ရပေအုံးမည် ။
ယနေ့ည... ရှားနိုင်ငံ၏ အွန်လိုင်းပေါ်တွင်...
အွန်လိုင်းအသုံးပြုသူ များစွာသည် လင်းမို့အကြောင်းငြင်းခုန်နေကြ၏ ။
" ဝေဖန်ရေးဆရာကြီး... လင်းမို့ရဲ့ လက်သီးပြင်းအားက အတုအယောင်ဆိုတာကို ခွဲခြမ်းပြပါဗျ... "
" အင်း ...ဒီသတင်းက ထိတ်လန့်စရာပဲ... သမိုင်းမှတ်တမ်းတင်သွားတဲ့ လင်းမို့က ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှိမယ် ထင်လား... ငါတော့ မထင်ဘူး... လင်းမို့က ဆေးအိုးပဲ..."
" ငါပြောတဲ့စကားက မှန်တယ်မမှန်ဘူး မနက်ဖြန် အခြေခံ စမ်းသပ်မှုပြီးရင် မင်းတို့ သိလိမ့်မယ်... "
" ဟိုင်း... ငါ Little Yu ပါ... အရင်တစ်ခါက မင်းတို့ကျေးဇူးကြောင့် ငါဗိုက်ပြည့်သွားတယ်... မနက်ဖြန်ကျ လင်းမို့ အခြေခံစမ်းသပ်မှုမှာ အမှတ် ၇၀ ထက်ပိုရရင် လိုက်လွှင့်ပြီး ငါချီးထပ်စားပြမယ်... "
လင်းမို့အကြောင်းဆွေးနွေးနေမှုများက အွန်လိုင်းတွင် ဆူနာမီ လှိုင်းလုံးကြီးလို ရိုက်ခတ်သွားသည် ။
လူတိုင်းနီးပါး လင်းမို့ မနက်ဖြန် အခြေခံစမ်းသပ်မှုတွင် အရှက်ကွဲမည်ဟု ထင်နေကြ၏ ။
လူတချို့က လင်းမို့ အခြေခံစာမေးပွဲကို တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်မှု ကဲ့သို့ လက်လျော့သွားမည်ဟု ထင်နေကြသည် ။
လင်းမို့ က A2 ဆေး အမြောက်အများ ဝယ်ယူခဲ့သည်ကို သိသည်ဆိုသည့် လူများပင် ပေါ်လာခဲ့သည် ။
လင်းမို့အား ထောက်ခံသူ အနည်းငယ် ရှိသော်လည်း နီတီဇင်များ ဝိုင်းကိုက်ကြသဖြင့် ဝင်မငြင်းရဲတော့ချေ ။ သူများအောင်မြင်လျှင် မနာလိုသူများက အလွန်ပေါများလှသည် ။
ဆဲလ်သန်မာမှု ၃၀၁၆ ဖြင့် အမှတ်ပြည့်ရခဲ့သည်မှာ ရှင်းလင်းနေသော်လည်း နောက်ဆုံးတွင် လိုင်းပေါ်၌ သတင်းတစ်မျိုးသာ ကျန်ခဲ့တော့သည် ။
" လင်းမို့က ဆေးသောက်ပြီး အမှတ်ပြည့်ရတဲ့ လူလိမ်... "
ဇွန်လ ၈ရက်နေ့ မနက်ခင်း...
လင်းမို့သည် သူ၏ ကျွမ်းကျင်မှုများကို အသုံးပြု၍ စာဖြေခန်းမသို့ တိတ်တဆိတ် ရောက်လာခဲ့၏ ။
မည်သူမှ မသိလိုက်ခင်မှာပင် သူ၏ မျက်နှာကို လက်ဖြင့်အုပ်၍ နဂိုမျက်နှာသို့ ပြန်ပြောင်းလိုက်သည် ။ ပြီးနောက် စာဖြေခန်းအတွင်းသို့ ခေါင်းမော့၍ ဝင်သွား၏ ။
" အယ်... လင်းမို့ဟ..."
" လင်းမို့က အခြေခံစမ်းသပ်မှုကို ဝင်ဖြေရဲတာပဲ... "
" သူ ဝင်ဖြေလည်း အရှက်ကွဲတာပဲ ရှိမှာကို... သူ့လိုဆေးအိုးက ဘယ်နှမှတ် ရမှာလဲ..."
လင်းမို့က အသံများအားလုံးကို လျစ်လျူရှုထားလိုက်သည် ။ စကားဖြင့် ပြန်ပြောရသည်ထက် ခွန်အားဖြင့် သက်သေပြခြင်းက ပိုအရသာရှိပေသည် ။
သို့သော်လည်း သူအမှတ် မည်မျှရနိုင်မှန်း သေချာမသိ ။ သူ၏အခြေခံမှာ စနစ်က ဖန်တီးပေးထားခြင်းဖြစ်သည် ။ အမှတ် ၁၄၀ လောက်ရသည်က ကိစ္စမရှိသော်လည်း အမှတ် ၁၄၀ ထက်နည်းပါက သူ စနစ်နှင့် သူသေကိုယ်သေ ချရပေမည် ။
" လင်းမို့... "
ယင်ကျန့်က စာဖြေခန်းသို့ စောစောလာ၍ အပေါက်ဝတွင် အစောင့်သဖွယ် မတ်တပ်ရပ်နေ၏ ။ လင်းမို့အား စောင့်နေခြင်းပင် ။
" မင်း လာဖြေရဲတယ်ပေါ့..."
မနေ့က လင်းမို့ အမှတ်ထွက်လာသည်နှင့် ယင်ကျန့်သည် သူ့ဘဝကိုပင် သံသရ ဝင်သွားခဲ့သည် ။ သူမနေ့ညက အင်တာနက် အသုံးပြုရင်း ယုံကြည်မှုများ ပြန်လည်ရရှိခဲ့ပေသည် ။
' အင်တာနက်ပေါ်ကဟာတွေက မှားစရာအကြောင်းမရှိဘူး...'
လင်းမို့က ဆေးသောက်၍ လက်သီးပြင်းအား ၃၀၀၀ ကီလို ကျော်ခဲ့သော ဆေးအိုးသာဖြစ်သည် ။ ဂုဏ်ယူနိုင်စရာ အကြောင်းမရှိ ။ သူကဲ့သို့ ကြိုးစားလေ့ကျင့်ခဲ့သူဖြင့် ယှဥ်လျှင် နိမ့်ကျနေပေမည် ။
မနေ့က ကိစ္စကို လက်စားချေရန် လင်းမို့၏ အနောက်သို့ကပ်လိုက်၍ လှောင်ပြောင်ရန် ဆုံးဖြတ်လိုက်သည် ။ ထို့ကြောင့် သူလာစောင့် နေခြင်းပင် ။
" အဲ့အချိန်ကြ လင်းမို့ သောက်ခွက်က ဘယ်လိုဖြစ်နေမလဲဆိုတာ စိတ်ဝင်စားစရာပဲ... "
ယင်ကျန့်က လှောင်ပြောင်ရန် မစောင့်နိုင်တော့ ။
အခြေခံ စမ်းသပ်မှု က မြေဆွဲအား အခန်းများ ဖြစ်သည် ။ စာဖြေသူအား အကန့်အသတ်သို့ ရောက်သည်အထိ ဆွဲအား လွှတ်ပေးမည်ဖြစ်ပြီး အကန့်အသတ်သို့ ရောက်ပါမှ ခန္ဓာကိုယ်ကို စကန်ဖတ်၍ အမှတ်ထုတ်ပေးမည်ဖြစ်သည် ။
မနေ့ကလိုပင် စာဖြေသူများက အလှည့်သို့ ရောက်ရန် တန်းစီနေကြ၏ ။ သို့သော်လည်း လင်းမို့လာသည်ကို မြင်လျှင် လမ်းရှင်းပေးလိုက်ကြသည် ။ သူတို့အားလုံး လင်းမို့၏ ရမှတ်ကို အရင်သိချင်ကြပေသည် ။
" ဟားဟား..."
လင်းမို့က သဘောကျသွားပြီး...
" အဲ့တာဆို ငါအရင်ဝင်တော့မယ်နော်... "
လင်းမို့ အနီးဆုံးအခန်းသို့ သွားလိုက်သည် ။ တိုက်ဆိုင်စွာပင် စက်ကို ထိန်းချုပ်ရမည့်သူက မနေ့က ရွှေမျက်မှန်ဆရာပင် ဖြစ်နေသည် ။
" စက်အခန်းထဲ မြန်မြန်ဝင်ပြီးရပ်နေ... "
ရွှေမျက်မှန် ဆရာ ရှုခိုင်ကျဲ က စိတ်မရှည်စွာ ပြောလိုက်၏ ။ သူ၏ မျက်မှန် မနေ့က ကျိုးသွားသဖြင့် မျက်မှန်မပါတော့ ။ သူ၏ မျက်လုံးများပင် အေးနေလေပြီ ။
လင်းမို့ ဆွဲအားအခန်းအတွင်းသို့ ဝင်သွားသည်နှင့် ရှုခိုင်ကျဲ၏ မျက်လုံးများက အေးစက်သွားသည် ။ သူပတ်ဝန်းကျင်သို့ ကြည့်လိုက်လျှင် မည်သူမှ သူ့အား မကြည့်ကြဘဲ လင်းမို့အား ဝိုင်းကြည့်နေကြသဖြင့် အတွေးဆိုးများပေါ်လာသည် ။
' ငါ လင်းမို့ရဲ့ ဆဲလ်သန်မာမှုကို ဂဏန်းအမှားထည့်လိုက်ရင် ဘယ်သူမှ သိမှာဟုတ်ဘူး...'
' ၃၀၁၆ မဟုတ်ဘဲ ၄၀၁၆ ထည့်လိုက်ရင် ...လင်းမို့ရတဲ့အမှတ်က အရမ်းနည်းသွားမှာ... သူအခြေခံခိုင်မာရင်တောင် အမှတ်အများကြီးရတော့မှာ မဟုတ်ဘူး...'
ရှုခိုင်ကျဲ သည် သူမနေ့က အရှက်ကွဲခဲ့သဖြင့် လက်စားချေရန် ဆုံးဖြတ်လိုက်သည် ။ နောက်ပိုင်းတွင် သူလုပ်ခဲ့သည်အား စစ်ဆေးတွေ့ရှိမည်ဖြစ်သော်လည်း သူဂရုမစိုက်တော့ပေ ။
' လင်းမို့ ဒီနေ့ အရှက်ကွဲစေရမယ်... '
လက်စားချေလိုမှုများကြောင့် ရှုခိုင်ကျဲ၏ မျက်လုံးများ နီရဲလာသည် ။
Chapter 118
~