← Chapters

ဒါ လူသားတစ်ယောက်အနေနဲ့ ပြောသင့်တယ့်စကားလား ~

Vol. 8 Ch. 118

ဒါ လူသားတစ်ယောက်အနေနဲ့ ပြောသင့်တယ့်စကားလား ~

Vol. 8 Ch. 118

တိုက်တေနီယမ် မီးခိုးရောင် အခန်းအတွင်းသို့ လင်းမို့ဝင်လိုက်ပြီး စတင်ရန် ခလုတ်အနီကို နှိပ်လိုက်သည် ။

အပြင်မှလူများက မှန်တံခါးမှတဆင့် လင်းမို့ကို မြင်နေရပေသည် ။ လင်းမို့က သက်တောင့်သက်သာရပ်နေ​၏ ။

စာဖြေသူများက အချိန်အများကြီးကျန်သေးသဖြင့် မလောကြဘဲ လင်းမို့အား ဝိုင်းအုံကြည့်နေကြသည် ။

သူတို့၏ ရလဒ်အား ပိုဂရုစိုက်ကြသူ အနည်းငယ်တော့ ကျန်နေသေး၏ ။

ကျန်းရွှယ်နှင့် လျိုကျုံးဟောင်...

သူတို့နှစ်ယောက်က ဟိုင်းချန်၏ နံပါတ်၁ နေရာကိုရရန် ပြိုင်နေကြသည် ။ သူတို့က ဘေးခြင်းယှဥ်နေသည့် ဆွဲအားအခန်းထဲသို့ တပြိုင်နက် ဝင်သွားကြပြီး တစ်မိနစ်ခန့် အကြာတွင် ပြန်ထွက်လာကြသည် ။

" အမှတ် ၉၀... "

လျိုကျုံးဟောင်က သူ့အမှတ်ကိုကြည့်ရင်း မကျေမနပ် ရေရွတ်နေ၏ ။ အမှတ် ၉၀ က သာမန်လူများအဖို့ မြင့်မားသော်လည်း သူ့အတွက်မူ အနည်းငယ်နိမ့်နေသည် ။

" အမှတ် ၁၀၀ "

ကျန်းရွှယ်က နောက်မှ ထွက်လာခြင်းဖြစ်သည် ။ သူမ၏ အခြေခံက လျိုကျုံးဟောင်ထက် ပိုမိုခိုင်ခံပြီး ၁၀ မှတ်ပင် များနေ၏ ။

ဘာသာရပ် သုံးခုပေါင်းလိုက်လျှင် ကျန်းရွှယ်က လျိုကျုံးဟောင်ထက် ၁၃ မှတ် သာသွားပြီ ဖြစ်သည် ။

" ဂုဏ်ယူပါတယ်...."

လျိုကျုံးဟောင်က အောင့်သက်သက်ဖြင့် ပြောလိုက်သည် ။ ၁၃ မှတ် ကွာခြားသွားသဖြင့် သူစိတ်ဓာတ်ကျသွားလေပြီ ။

" ဂုဏ်ယူပါတယ်... စာမေးပွဲပြီးရင် နင်သေချာပေါက် ထိပ်တန်းတက္ကသိုလ်မီနေပြီ ..."

" နင်လည်း တော်ပါတယ်... "

ကျန်းရွှယ်က နှစ်သိမ့်ပေးလိုက်ပြီး...

" လင်းမို့ရဲ့ အခြေခံစမ်းသပ်မှုက စနေပြီတဲ့... မြန်မြန် သွားကြည့်ရအောင်... "

" ဆေးအိုးက ဘာစိတ်ဝင်စားစရာကောင်းလို့လဲ ..."

လျိုကျုံးဟောင်က လင်းမို့ရှိရာဘက်သို့ အထင်သေးစွာ လှမ်းကြည့်လိုက်သည် ။

ထိုအချိန်တွင် လင်းမို့က စတင်စမ်းသပ်နေပြီ ဖြစ်သည် ။

ဘေးနားမှ ဝိုင်းအုံကြည့်နေကြသူများက လင်းမို့၏ ရလဒ်ကို ခန့်မှန်းနေကြသည် ။

" လင်းမို့ရဲ့ လက်သီးပြင်းအားက ကြယ်နှစ်ပွင့် အဆင့်တောင်ရောက်နေပြီ... ကြယ်နှစ်ပွင့်ရောက်တဲ့ အထက်တန်းကျောင်းသား ကို ငါတစ်ခါမှ မကြားဖူးဘူး... ဒါပင်မဲ့ လက်သီးပြင်းအားများတိုင်း အခြေခံခိုင်မာတယ်လို့ ပြောလို့မရဘူးလေ... "

" အဲ့တာဟုတ်တယ်... ကျင့်ကြံတယ်ဆိုတာ တစ်ဆင့်ချင်းသေချာလေ့ကျင့်မှ အခြေခံခိုင်မာတာ... ဆေးတွေ သောက်ပြီး လက်သီးပြင်းအားကို အတင်းတိုးမြှင့်ရင် အခြေခံခိုင်မှာ မဟုတ်ဘူး... အဲ့လိုလူတွေက နောက်ပိုင်းကျရင် အဆင့်တက်ဖို့ ပိုခက်တယ်... "

" အဲ့တာဆို ခု လင်းမို့က ငါတို့ထက် လက်သီးပြင်းအားများပင်မဲ့ တက္ကသိုလ်ကြရင် ငါတို့က ပိုသာသွားမှာပေါ့... "

" ဟုတ်တာပေါ့... သိုင်းပညာလမ်းစဥ်ဆိုတာ အထပ်မြင့်တိုက် ဆောက်သလိုပဲလေ... အထက်တန်းအဆင့်ဆိုတာက အခြေခံခိုင်အောင်လုပ်တဲ့ အချိန်ပဲ... အ​​ခြေခံ ကောင်းကောင်း လုပ်ထားရင် ဘယ်နှထပ် တက်တက်ရတယ်... လင်းမို့လို အခြေခံခိုင်အောင်မလုပ်ပဲ အထပ်မြင့်ဆောက်လိုက်ရင် နောက်ပိုင်း အန္တရာယ်ရှိတာပေါ့... "

" သိုင်းပညာလမ်းစဥ်မှာ ဖြတ်လမ်းဆိုတာ မရှိဘူး... ငါတို့နေ့တိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်မှသာ ငါတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ... "

ပြောနေကြသည့် အသံများက တဖြည်းဖြည်း ပိုကျယ်လာ၏ ။ ငနု တစ်ကောင်ကို ပရိုများက ဝိုင်း၍ ဝေဖန်နေသည့်အတိုင်းပင် ။

သူတို့၏ အမြင်အရ လင်းမို့သည် ဆေးအားကိုးဖြင့် သန်မာလာသူဖြစ်သဖြင့် အနာဂတ်မရှိ ။ သူတို့သည် လေ့ကျင့်ခြင်းကိုသာ အားကိုးကြသဖြင့် အနာဂတ်တွင် လင်းမို့အား ကျော်တက်နိုင်မည်ဟု ယုံကြည်ကြလေသည် ။

ရုတ်တရပ် ထိတ်လန့်နေသော အသံတစ်ခုက သူတို့အားလှုပ်နိုးလိုက်ပေသည် ။

" ကြည့်ကြည့် လင်းမို့က အမှတ် ၉၀ ရသွားပြီ... ထက်ပြီး မြင့်တက်နေတုန်းပဲ..."

ဝေဖန်နေကြသူ အားလုံးတိတ်ဆိတ်သွားသည် ။

" ဒီအမှတ်နဲ့ဆို အ​​ခြေခံခိုင်တယ်လို့ ပြောလို့ရတယ်မဟုတ်ဘူးလား... ငါတို့ထဲမှာတောင် လူဆယ်ယောက်ကို တစ်ယောက်လောက် အဲ့အမှတ်ရရင် ကံကောင်းနေပြီ... ''

" ဘယ် မအလက လင်းမို့ကို ဆေးအိုးလို့ ပြောတာလဲကွ... ဆေးအိုးက ဒီအမှတ်ရမလား..."

" ဒီအခြေခံနဲ့ လက်သီးပြင်းအား ၃၀၀၀ ကီလိုဆို သူ့ ခန္ဓာကိုယ်ပါရမီက ကြောက်စရာကောင်းလိုက်တာ... "

" ပိုကြောက်စရာကောင်းတာက လင်းမို့ကို ကြည့်ကြအုံးဟ အေးဆေးပဲ သူ့အကန့်အသတ်ရောက်ဖို့ အဝေးကြီးလိုသေးတယ်... "

" ရှီးးးးး...."

ပတ်ဝန်းကျင်တစ်ခုလုံး အာမေဍိတ် သံများဖြင့် ဖုံးလွှမ်းသွားသည် ။ ရမှတ် ၉၀ က အစဖြစ်လျှင် လင်းမို့၏ အကန့်အသတ်က မည်မျှထိ ရှိနေမည်နည်း ။

ရမှတ် ၁၀၀ ထိတိုင်အောင် လင်းမို့ လက်နောက်ပစ်၍ အေးဆေး ရပ်နေသည်ကို မြင်လိုက်ကြရ၏ ။

ရမှတ် ၁၁၀...

ရမှတ် ၁၂၀...

ရမှတ် ၁၃၀...

လင်းမို့၏ ပုံစံက စဝင်သွားသည့်အတိုင်းပင် ။ ဘာမှမပြောင်းလဲ ။ အားလုံး ထိတ်လန့်သွားကြ၏ ။

" ဒါ.....ဒါ...."

" မဖြစ်နိုင်ဘူး... မ​ဖြစ်နိုင်ဘူး... "

" အခြေခံ ခိုင်အောင်လုပ်ဖို့နဲ့ လက်သီးပြင်းအားတိုးဖို့က အချိန်အများကြီးပေးရတာကို... လင်းမို့က သူ့အမေဗိုက်ထဲကနေ စလေ့ကျင့်ခဲ့တာလား..."

" ဒီကောင် ဟက်ကာလား... အဆင့်တက်မြန်အောင် ဟက်ထားတာလား..."

" ငါလည်း အဲ့လိုပဲ ထင်တယ်... ဒီကောင် ဟက်ထားတာ သိသာတယ်... "

နောက်ထပ် ဂိမ်းသမားတစ်ယောက်က ထောက်ခံလိုက်သည် ။

" ဂိမ်းထဲမှာသာဆို အဲ့ကောင်ကို တိုင်လိုက်ပြီ... "

ကံမကောင်းသည်က အပြင်လောကဖြစ်နေ၏ ။

ဂိမ်းသမားများက ပေါက်တက်ကရ လျောက်ပြောနေကြသော်လည်း အပြင်လောကမှာ ဂိမ်းမဟုတ်မှန်း နားလည်ကြသည် ။ လင်းမို့၏ ​ခန္ဓာကိုယ်ပါရမီက ကြောက်စရာကောင်းလွန်းလှပေသည် ။

ရှုခိုင်ကျဲက မျက်လုံးများ ကျွတ်ထွက်မတက် ဖြစ်နေလေပြီ ။

' ငါ ၄၀၁၆ ကီလိုနဲ့ ချိန်ထားတာတောင် ဒီကောင်က အေးဆေးရပ်နေပါလား... အမှတ် ၁၃၀ တောင် ရောက်နေပြီ... "

ရှုခိုင်ကျဲက လင်းမို့အား တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ပြူးပြူးကြီး ကြည့်နေ၏ ။ ဆွဲအားအခန်း က ကီလိုတစ်ထောင်ပိုလာတိုင်း သိသိသာသာ ဆွဲအားတိုးလာမည်ဖြစ်သည် ။ ယခု အမှတ် ၁၃၀ က ကီလို ၃၀၁၆ နှင့်တွက်လျှင် အမှတ်ပြည့်ကို ကျော်လွန်နေပြီဖြစ်သည် ။

ရှုခိုင်းကျဲ ကြောက်လန့်သွားရခြင်းမှာ လင်းမို့က လက်နှစ်ဖက် နှောက်ပစ်၍ အေးဆေးရပ်နေသောကြောင့်ပင် ။ ဖိအား ခံစားရသည်ပုံ မပေါ်ပေ ။

' ဘယ်လို သားရဲလဲ...'

' ဘယ်လိုနတ်ဆိုးလဲ ...'

' ဒါဘယ်လို အခြေခံကြီးလဲ... '

သာမန်စာဖြေသူများ၏ အခြေခံက ရွှံ့ဖြစ်လျှင် လင်းမို့၏ အခြေခံက တိုက်တေနီယမ် သတ္တုပြားကြီးပင် ။ ဤသို့မျိုး အခြေခံကို သူကြားပင် မကြားဘူးချေ ။

ရှုခိုင်ကျဲတစ်ယောက် သူ၏ လက်ဆော့မှုကို နောင်တရနေလေပြီ ။

' ငါ တိုးထားတာတောင် လင်းမို့က အမှတ်ပြည့်ရတော့မှာလား...'

ဘေးတွင်ကြည့်နေသော စာဖြေသူများက ထိုသည်ကို သတိမထားမိပေ ။ ဤမျှက သူတို့အား ကြောက်လန့်စေရန် လုံလောက်နေပြီဖြစ်သည် ။ အမှတ်ကပိုတိုးလာ၏ ။

ရမှတ် ၁၃၅...

ရမှတ် ၁၄၀...

ရမှတ် ၁၅၀...

" အမှတ် ၁၅၀... အမှတ် ၁၅၀... လင်းမို့က အမှတ်ပြည့်ရသွားပြီဟေ့... "

" လင်းမို့ အမှတ်ပြည့်ရတာ နှစ်ခုတောင်ရှိသွားပြီ... "

" လင်းမို့က လူမှ ဟုတ်ရဲ့လား..."

ယခုမှ ရောက်လာသော ကျန်းရွှယ်တစ်ယောက် ဆွံအနေလေသည် ။

' အမှတ်ပြည့်လား...'

ထိတ်လန့်မှုကြောင့် ကျန်းရွှယ်က သူ့ဘဝကိုပင် သံသရဝင်သွားသည် ။

' ငါ စာမေးပွဲသုံးခုပေါင်း ၃၀၀.... လင်းမို့က နှစ်ခုထဲနဲ့ ၃၀၀... '

သူမ လျိုကျုံးဟောင်အား ဆယ့်သုံးမှတ် အသာရပြီးနောက် ဟိုင်းချန်မြို့၏ နံပါတ် ၁ ဖြစ်ပြီဟု မှတ်ထင်ထားခဲ့သည် ။ သူမ လင်းမို့အား ထည့်တွက် မထားခဲ့ ။ လင်းမို့က လက်သီးပြင်းအား အမှတ်ပြည့်ရသော်လည်း တိုက်ခိုက်ရေးစွမ်းရည် မဖြေထားသဖြင့် အမှတ် ၁၅၀ လျော့နေလေသည် ။ ဤသည်ကိုပင် ဟိုင်းချန်မြို့၏ နံပါတ် ၁ ဖြစ်တော့မည်လော ။

' စာမေးပွဲ နှစ်ခုထဲနဲ့တောင် ငါ့ကို မီနေပြီလား...'

ကျန်းရွှယ် မျက်ရည်များ ဝဲတက်လာသည် ။

' ဒီကောင်က အနိုင်ကျင့်တဲ့ကောင် ...'

ကျန်းရွှယ်ပင် ငိုတော့မည်ဖြစ်ရာ လျိုကျုံးဟောင်၏ အခြေအနေက ပိုဆိုးပေသည် ။

သူလွန်ခဲ့သော လဝက်ခန့်က အမောက်တထောင်ထောင်ဖြင့် တက်ကြွသော ကြက်ဖကြီးဖြစ်နေခဲ့သည် ။ သူ သိုင်းပညာရှင် ဖြစ်ပြီးနောက် ကျန်းနန်စီရင်စု၏ နံပါတ်၁ နေရာကိုပင် ယူမည်ဟု ကြုံးဝါးခဲ့၏ ။ သို့သော်လည်း Balck Earth ၏ တစ်ချက်ထိုးဖြင့် အရှက်ကွဲခဲ့ရလေသည် ။ သူ ပြန်လည် ထူထောင်နိုင်ရန် မနည်းကြိုးစားခဲ့ရသည် ။ သူ ကျန်းနန်စီရင်စု ၏ ပထမနေရာကိုပဲ ယူတော့မည်ဟု ဆုံးဖြတ်ထားသော်လည်း ကျန်းရွှယ်က ကျော်တက်သွားပြန်သည် ။

သူ၏ ဒုတိယနေရာကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ချိန်တွင် ယခု နောက်တစ်ယောက်ပေါ်လာ၏ ။

' ပါရမီရှင် သိုင်းပညာရှင်တစ်ယောက် အနေနဲ့ ငါ့မျက်နှာကို ဘယ်နား သွားထားရတော့မလဲ...'

လင်းမို့က သူ့ပါးကို ဘယ်ပြန်ညာပြန် ရိုက်သွားသည်ဟုပင် ခံစားမိလိုက်သည် ။ သူအရင်က ရှုံးနိမ့်ခဲ့သော Black Earth ကို ပင် ပြန်သတိရမိသွားသည် ။

ထိတ်လန့်စွာ ကြည့်နေကြစဥ် လင်းမို့က စမ်းသပ်မှုပြီးသွားပြီဖြစ်၍ အေးအေးဆေးဆေးထွက်လာ၏ ။

" လွယ်လိုက်တာ..."

လင်းမို့က ကြွက်သားများကို အနည်းငယ် ဆန့်ထုတ်ကာ...

" အမှတ်ပြည့်ရဖို့ က ဒီလောက်လေးပဲ ခက်တာလား... လွယ်လွန်းမနေဘူးလား..."

သူအများဆုံး အမှတ် ၁၄၀ ဟုသာ ထင်ထားခဲ့သည် ။ သူနေ့တိုင်း ငါးမျှားလိုက် အိပ်လိုက်ဖြင့် အချိန်ဖြုန်းခဲ့ရာ အခြေခံခိုင်မည်ဟု ထင်မထားခဲ့ ။ ယခုတော့ ဘာမှ မဘာရသေးခင် အမှတ်ပြည့်ရသွားလေသည် ။

လင်းမို့၏ စကားက စာဖြေသူများ၏ နားထဲတွင် အမြှောက်ဖြင့် ထုခံလိုက်ရသလိုပင် ။

' လွယ်သလား...'

' အမှတ်ပြည့်ရဖို့ လွယ်လွန်းနေသလား...'

' ဒါ လူတစ်ယောက်က ပြောရမယ့် စကားလား...'

' မင်းလူမှ ဟုတ်သေးရဲ့လား...'

စာဖြေသူအများစုမှာ အမှတ် ၇၀ ၈၀ ရမည့်သူများသာဖြစ်သည် ။ လင်းမို့၏ စကားကြောင့် သူတို့ သွေးအန်မတက်ဖြစ်သွားလေသည် ။ လင်းမို့၏ စကားက သူတို့အား လှောင်ပြောင်နေသည်ဟု ခံစားရသော်လည်း အမှားရှာမရ ။

လင်းမို့၏ စကားကြောင့် သူတို့ အတွင်းဒဏ်ရာ ရသွားခဲ့လေပြီ ။

ဒါရိုက်တာ ကျိက ပြေးလာနေ၏ ။

" ရှုခိုင်ကျဲ... မင်းလုပ်ရဲလား... "

ဒါရိုက်တာ ကျိက ဒေါသတကြီး အော်လိုက်သည် ။

" မင်း စာစစ်သူတစ်ယောက် လုပ်နေပြီးတော့ လင်းမို့ရဲ့ ဆဲလ်ခွန်အားကို ခိုးပြောင်းရဲတယ်လား..."

Chapter 119

~

All Chapters