← Chapters

နာမည်ဆင်တူ

Vol. 8 Ch. 119

နာမည်ဆင်တူ

Vol. 8 Ch. 119

~

ဒါရိုက်တာကျိ အလွန်ဒေါသထွက်သွား၏ ။ စာစစ်သူတစ်ယောက်က ဤမျှထိ လုပ်ရဲမည်ဟု သူထင်မထားခဲ့ ။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည် ရှားနိုင်ငံ၏ အရေးကြီးဆုံးများထဲမှ တစ်ခုဖြစ်သည် ။

သိုင်းလောကနှင့် သာမန်လောကကို ပိုင်းခြားပေးသော အဆုံးအဖြတ်စာမေးပွဲ ဖြစ်၏ ။ ဤကဲ့သို့ စာမေးပွဲတွင် လှည့်စားရန် ကြံစည်နေခြင်းက သေလမ်းရှာခြင်းပင် ။

' တော်သေးတယ် ငါလင်းမို့ရဲ့ အချက်အလက်ကို အချိန်မီ စစ်မိလို့... '

ဒါရိုက်တာကျိ ထိတ်လန့်စွာ တွေးလိုက်မိ၏ ။ ဘာသာရပ်လေးခုလုံး ပြီးမှ အချက်အလက်များကို စစ်ကြသော်လည်း လင်းမို့ကမတူပေ ။

အမှတ်ပြည့် ရထားသော ပါရမီရှင် ဖြစ်သဖြင့် အမှားမခံရဲ ။ လင်းမို့၏ အချက်အလက်ကို သူမကြာခဏ စစ်ကြည့်ပေသည် ။ တစ်ခုခု မှားယွင်းသွားပါက အထက်မှ လူများက ထုပေတော့မည် ။

သူ ခုနက စစ်ကြည့်လိုက်ရာ လင်းမို့၏ ဆဲလ်သန်မာမှုက ၃၀၁၆ ဖြစ်သော်လည်း ၄၀၁၆ ကီလို ထည့်သွင်းထားသည်ကို တွေ့လိုက်ရ၏ ။ စာစစ် ဆရာက အမှားလုပ်မည်မထင် ။ သာမန် ကျောင်းသားများဆိုလျှင် မှားယွင်းမှု တစ်ခုဖြစ်နိုင်သော်လည်း လင်းမို့ကဲ့သို့ အထူးပါရမီရှင်ကို မဖြစ်နိုင်ချေ ။

ထို့ကြောင့် ရှုခိုင်ကျဲ က လက်စားချေခြင်းသာ ဖြစ်ရမည် ။

' လင်းမို့ရဲ့ အခြေခံက အရမ်းဆိုးနေရင် ၁၀၀၀ ကီလို ထပ်ပေါင်းလိုက်တာက သူ့ရမှတ်ထက် ၂၀ ၃၀ လောက် နည်းသွားလိမ့်မယ်... '

ဒါရိုက်တာကျိက တွေးလိုက်၏ ။

' ကံကောင်းတာ ငါသာ မစစ်ဆေးပဲ အထက်ကို တင်ပြလိုက်မိရင် သွားပြီပဲ...'

သူအထက်ကို တင်ပြပြီးမှ ပြန်လည်စစ်ဆေးသည့် အချိန်တွင် ဤအမှားအယွင်းကို တွေ့ရှိပါက ထိပ်ဆုံးမှ ပါးရိုက်ခံရမည့်သူမှာ သူပင်ဖြစ်သည် ။

' ရှုခိုင်ကျဲ... သောက်ရူးကောင်... ဦးနှောက်ထဲ ချီးတွေများ ပြည့်နေလားမသိဘူး... '

ဒါရိုက်တာကျိက ပို၍ပင် ဒေါသထွက်လာသည် ။

' သူ လင်းမို့ကို ဒုက္ခပေးတာက... လင်းမို့က ရက်နည်းနည်းပဲ အလှောင်ခံရမှာ... ငါက အလုပ်ပြုတ်သွားမှာကွ... '

ဒါရိုက်တာကျိ က ရှုခိုင်ကျဲနှင့် စာရင်းရှင်းရန် ပြင်လိုက်၏ ။

" စာစစ်သူ တစ်ယောက်အနေနဲ့ သောက်ချီးလို လုပ်ရဲတာလား... လင်းမို့ ဆဲလ်ခွန်အားကို ဘာလို့ ပြင်လိုက်တာလဲ... "

ဒါရိုက်တာကျိ၏ အသံက ခန်းမတစ်ခုလုံး ဟိန်းထွက်သွားသည် ။

စာဖြေသူအားလုံး နားလည်သွား၏ ။

" လင်းမို့ရဲ့ ဆဲလ်ခွန်အားကို ပြောင်းထားတာလား... ငါ အခုနားလည်သွားပြီ ... ဆရာရှုခိုင်ကျဲက လင်းမို့ရဲ့ ဆဲလ်ခွန်အားကို နိမ့်ပြီးထည့်လိုက်တာပဲ... ၃၀၁၆ ကီလိုကို ၁၀၁၆ ကီလိုလောက်ထည့်လိုက်ရင် ကောင်းကင်ကို ဖီဆန်နိုင်တယ့် ပါရမီရှင်ဖြစ်သွားပြီလေ... "

ညဏ်ကောင်းသောသူများက ခုန်ထွက်လာကြပြီး...

" သူဘာလို့ လက်သီးပြင်းအား စမ်းသပ်မှုမှာ အမှတ်ပြည့်ရလဲ ငါသိပြီ... "

" ဟုတ်တယ်... သူ့အမေဗိုက်ထဲတည်းက ဆေးသောက်ရင်တောင် အမှတ်ပြည့်ရမှာ မဟုတ်ဘူး..."

" အဲ့တာဆို စစ်​ဆေးတာက အတုပေါ့... လင်းမို့က သူခိုးပဲ..."

" ငါထင်တော့ ထင်သားပဲ... အခြေခံစမ်းသပ်မှုက အမှတ်ပြည့် မရနိုင်ပါဘူးတွေးနေတာ... သူခိုးဖြစ်နေတာကိုး... "

အစောနက လင်းမို့အား ထိတ်လန့်တကြားဝိုင်းကြည့်နေသူများအားလုံးက အထင်သေးသည့်စကားများ ပြောကုန်ကြသည် ။

သူတို့၏ မသိစိတ်မှ မနာလိုမှုကြောင့် ယခုအချိန်တွင် ဤသို့စကားများ ထွက်လာကြခြင်းပင် ။

" သူခိုးလား... ဘာခိုးတာလဲ..."

ဒေါသထွက်နေသော ဒါရိုက်ကျိတစ်ယောက် အံ့သြသွား၏ ။ ဆဲလ်သန်မာမှုကို နိမ့်ထည့်ထားသည်ဆိုလျှင် ခိုးသည်ဟု ခေါ်ဆိုနိုင်သော်လည်း လင်းမို့က ကီလို ၁၀၀၀ အတိုးခံထားရသူဖြစ်သည် ။

" မင်းတို့ အထင်လွဲနေပြီ..."

ဒါရိုက်တာကျိက စာဖြေသူများ အထင်လွဲသွားမှန်းသိ၍ အမြန်ရှင်းပြလိုက်သည် ။

" လင်းမို့ရဲ့ ဆဲလ်ခွန်အားကို နိမ့်ထားတာမဟုတ်ဘူး... ထပ်တိုးထားတာ... ပြောရရင် လင်းမို့က ပိုခက်တဲ့ အနေအထားနဲ့ အမှတ်ပြည့်ရထားတာ..."

" ? "

" ? "

" ? "

စာဖြေသူအားလုံး ဆွံ့အသွားကြသည် ။

ကျင့်ဒူမြို့... ရှားနိုင်ငံ သိုင်းဌာနချုပ်...

ခေါင်းဆောင်ဝူ ၊ ဒါရိုက်တာ မာနှင့် အကြီးအကဲ ဇီကျင်းတို့ ခေါင်းချင်းဆိုင် ကြပြန်လေပြီ ။

" နောက်ထပ် အမှတ် ၁၅၀ "

စကားဝိုင်းကို ခေါင်းဆောင်ဝူက စတင်လိုက်သည် ။

" မဟုတ်ဘူး..."

အကြီးအကဲ ဇီကျင့်က ခေါင်းယမ်းလိုက်ပြီး...

" အမှတ် ၁၅၀ က အမှတ်ပြည့်မို့ ...အမှတ် ၁၅၀ ပဲရတာ... "

ခေါင်းဆောင်ဝူ နှင့် ဒါရိုက်တာမာတို့ နားလည်ကြသည် ။ အမှတ်ပြည့်က ၁၅၀ ဖြစ်၍ အမှတ် ၁၅၀ ရလိုက်ခြင်းဖြစ်သည် ။ လင်းမို့၏ ရမှတ်က အမှတ် ၁၅၀ ထက်များစွာ ပိုမြင့်လေသည် ။

" ခုအဲ့တာကို ပြောရမှာမဟုတ်ဘူး... ခုက..."

အကြီးအကဲဇီကျင်းက...

" လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီက အရမ်းကောင်းတယ်... အရမ်းအရမ်းကို ကောင်းတယ်... ရှေးခေတ် ဒဏ္ဍာရီ ထဲက အတိုင်းပဲ..."

" အိုး..."

ခေါင်းဆောင်ဝူ နှင့် ဒါရိုက်တာမာက သိချင်သွား၏ ။

အကြီးအကဲဇီကျင်းက သူမဖတ်ဖူးသည့် စာအုပ်ထဲမှ အကြောင်းကို ရှင်းပြလိုက်သည် ။

" ငါဖတ်ဖူးသလောက်တော့... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ဒဏ္ဍာရီ ခေတ်က ခန္ဓာကိုယ်ပါရမီ ထူးကဲတဲ့ သူတွေ ရှိဖူးတယ်တဲ့... သူတို့က မလေ့ကျင့်ရင်တောင် ကိုယ်ခန္ဓာသန်မာမှုက မပြတ်တိုးလာပြီးတော့... အ​​ခြေခံခိုင်မာမှုကလည်း အကောင်းဆုံးပဲ... "

ခေါင်းဆောင်ဝူက စကားတစ်ခုကို မှတ်မိသွားပြီး...

" သဘာဝခန္ဓာ... "

" ဟုတ်တယ်...အဲ့တာ မွေးရာပါ နတ်ဘုရားခန္ဓာ ပဲ..."

အကြီးအကဲဇီကျင်း က ခေါင်းညိတ်ထောက်ခံလိုက်ပြီး...

" ဒါပင်မဲ့ ဒဏ္ဍာရီ ခေတ်ပြီးတဲ့နောက် မွေးရာပါ နတ်ဘုရားခန္ဓာ ရှိတယ့်လူ က နည်းနည်းပဲ ကျန်တော့တာ... နောက်ဆုံးကျန်တဲ့ တစ်ယောက်က အနောက် ချူ က ရှန်းယွီပဲ... အဲ့နောက်တော့ တချို့လူတွေက သာမန်လူတွေထက် အဆအများကြီး သန်မာပင်မဲ့ နတ်ဘုရားခန္ဓာ ပိုင်ဆိုင်တဲ့သူ မရှိတော့ဘူး... "

" အဲ့တာဆို လင်းမို့က နတ်ဘုရားခန္ဓာ နဲ့မွေးလာတဲ့သူလား..."

ခေါင်းဆောင်ဝူက မေးလိုက်၏ ။

" မွေးရာပါ နတ်ဘုရားခန္ဓာအစစ်တော့ မဟုတ်ဘူး...

"

အကြီးအကဲ ဇီကျင်းက ခနစဥ်းစားပြီး...

" လင်းမို့က လေ့ကျင့်နေတုန်း သူ့ခန္ဓာကိုယ် ပါရမီကို နိုးဆွမိပြီး သာမန်လူတွေထက် အများကြီးသန်မာလာတာဖြစ်မယ်... "

အကြီးအကဲ ဇီကျင်းက ဆက်ပြော၏ ။

" လင်းမို့လည်း သူ့ပါရမီကို သူသိလောက်တယ် အဲ့တာကြောင့် တိုက်ခိုက်ရေးစွမ်းရည်ကို စွန့်လွှတ်လိုက်တာ ... ပြီးတော့ နှစ်ဘာသာ အမှတ်ပြည့်ရပြီး ထူခြားတဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ပေါ်ထွက်လာတာပေါ့...."

" အဲ့တာဟုတ်တယ်... "

ခေါင်းဆောင်ဝူနှင့် ဒါရိုက်တာမာက လက်ခံသွားသည် ။

" လင်းမို့က ဒီလိုမျိုး တွေးပြီး စာမေးပွဲဝင်ဖြေတာလို့ ငါထင်မထားမိဘူး..."

" နင် ကောင်းကောင်း ကစားပြချင်ရင် လုံလောက်တယ့် ခွန်အား ရှိရမယ်လေ... "

အကြီးအကဲ ဇီကျင်းက ပြုံးလိုက်သည် ။

" အကြီးအကဲဇီကျင်း..."

ဒါရိုက်တာမာက ရုတ်တရပ် မေးလိုက်၏ ။

" ပါရမီအရဆို လင်းမို့က ယဲ့ရီထက် သာတာပေါ့..."

" သေချာတာပေါ့..."

အကြီးအကဲ ဇီကျင်းက ချက်ချင်းပြန်ဖြေလိုက်ပြီး...

" ယဲ့ရီက နှစ်တိုင်းတွေ့နေကြ သာမန် ပါရမီရှင်တွေလိုပဲလေ... လင်းမို့က ကောင်းကင်ကို အံ့တုနိုင်တဲ့ ခန္ဓာကိုယ်ပါရမီနဲ့ပဲ ... ရှားနိုင်ငံမှာ ပေါ်မလာဖူးဘူး ..."

" အဲ့တာဆို... "

ဒါရိုက်တာမာက မေးပြန်သည် ။

" လင်းမို့နဲ့ Black Earth ဘယ်သူပါရမီပိုရှိလဲ... "

" လင်းမို့နဲ့ Black Earth လား..."

အကြီးအကဲဇီကျင်းက ခဏစဥ်းစားပြီး...

" သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်ပဲ... ငါ့အထင်တော့ Black Earth က ပိုသာမယ်ထင်တယ်... "

" ဘာလို့လဲ..."

ခေါင်းဆောင်ဝူနှင့် ဒါရိုက်တာမာတို့ နားမလည်ကြ ။

" Black Earth အုပ်ထိန်းသူကိုယ်တိုင် ပျိုးထောင်ပေးထားတာလေ... အုပ်ထိန်းသူရဲ့ အဆင့်နဲ့ဆို ဂြိုလ်ပြာတစ်ခုလုံးကို စစ်ကြည့်ဖို့ အကြည့်တစ်ချက်ပဲလိုတယ်... သူက Black Earth ကို ခေါ်ထားပြီး လင်းမို့ကို မခေါ်ဘူးဆိုတော့... Black Earth က သာတာပေါ့..."

Black Earth က စာမေးပွဲတွင် ပေါ်မလာသဖြင့် အုပ်ထိန်းသူ ခေါ်သွားသူမှာ Black Earth ဟု သူတို့က ယူဆလိုက်တော့သည် ။ Black Earth မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း ။

" ဟုတ်သားပဲ... ကျုပ်မေ့သွားတာ... "

ဒါရိုက်တာ မာက သူ့ခေါင်းသူ ရိုက်လိုက်၏ ။

" Black Earth ကို အုပ်ထိန်းသူက ခေါ်ထားတာဆိုတော့ Black Earth ပါရမီက ပိုကောင်းလို့ပေါ့..."

" ဒါပင်မဲ့ လင်းမို့လည်း အားမနည်းဘူး..."

အကြီးအကဲ ဇီကျင်းက...

" အုပ်ထိန်းသူက Black Earth ကိုလေ့ကျင့်ပေးတယ်ဆိုတော့... ငါတို့က လင်းမို့ကို လေ့ကျင့်ပေးမယ်... Black Earth က အုပ်ထိန်းသူရဲ့ အမွေကို မဆက်ခံနိုင်ရင် အရံ လင်းမို့ ရှိတာပေါ့... "

" တစ်ခု သတိထားမိလား... "

ဒါရိုက်တာမာက ရုတ်တရပ် ပြောလိုက်၏ ။

" လင်းမို့ နဲ့ Black Earth က နာမည်ဆင်မနေဘူးလား... Black Earth စာလုံးပေါင်းက မိုလေ... " ( Black Earth (黑土, Heitu) Mo (墨) ( အပေါ် (黑) + အောက် ( 土 ) )

ဒါရိုက်တာမာက ဟာသ ပြောလိုက်ခြင်းဖြစ်သည် ။

" သူတို့နှစ်ယောက် တကယ် တစ်ယောက်ထဲ ဖြစ်ရင် ကောင်းမှာပဲ... "

အကြီးအကဲ ဇီကျင်းက သက်ပြင်းချလိုက်၏ ။

" Black Earth ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပါရမီ နဲ့ လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီ နှစ်ခုပေါင်းလိုက်ရင် ဘယ်သူယှဥ်နိုင်တော့မှာလဲ... တော်ပါပြီးထားလိုက်ပါတော့ အတွေးတွေလွန်ကုန်တာ မကောင်းဘူး... "

" ဟုတ်တယ် ဟုတ်တယ်... အတွေးလွန်တာ မကောင်းဘူး... "

ခေါင်းဆောင်ဝူနှင့် ဒါရိုက်တာ မာက ထောက်ခံလိုက်၏ ။

" ကျုပ်တို့နိုင်ငံက ဒီလိုပါရမီရှင်မျိုး နှစ်ယောက်တောင် ထွက်လာတာကိုပဲ ဂုဏ်ယူရမှာ... "

အကြီးအကဲ ဇီကျင်း၏ မျက်လုံးထဲတွင် မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်လာပြီး...

" Black Earth နဲ့ လင်းမို့... သူတို့ နှစ်ယောက်လုံး ကြီးပြင်းလာရင် ဘယ်လိုနေမလဲ မသိဘူး... ငါ့ဆရာထက်တောင် ပိုသန်မာလောက်တယ်... "

Chapter 120

~

All Chapters