← Chapters

တောင်ပေါ်မှာ နှစ်တွေမရှိပေမယ့် မြေပေါ်မှာ အနှစ်တစ်ထောင်ကျော်သွားခဲ့လေပြီ။

Vol. 10 Ch. 138

တောင်ပေါ်မှာ နှစ်တွေမရှိပေမယ့် မြေပေါ်မှာ အနှစ်တစ်ထောင်ကျော်သွားခဲ့လေပြီ။

Vol. 10 Ch. 138

ဤအပူပိုင်းတိုက်ကြီးတွင် ပုရွက်ဆိတ်များ၏ ကြီးမားသော ကိုလိုနီနယ်မြေတစ်ခုရှိသည်။

ဤပုရွက်ဆိတ်များသည် အုပ်စုကြီးများဖြင့် နေထိုင်ကြပြီး ဤနေရာတွင် ရာသီဥတုက အလွန်သင့်လျော်သည်။

အနီးနားတွင် အားကောင်းသော သဘာဝရန်သူမရှိသောကြောင့် ပုရွက်ဆိတ်တပ်များသည် ယခုအခါတွင် အလွန်လျင်မြန်စွာ ကြီးထွားလာကြသည်။

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ပုရွက်ဆိတ်တပ်များ၏ တစ်ဦးချင်း ခွန်အားသည် အလွန်တိုးတက်လာခဲ့ပြီး သူတို့က ပို၍ပင် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့သည်။

ယနေ့ခေတ်တွင် ပုရွက်ဆိတ်များ၏ ဘုရင်သည် ချည်နှောင်ခြင်းအဆင့်သို့ အောင်မြင်စွာရောက်ရှိခဲ့ပြီး အလွန်အစွမ်းထက်လှသည်။

သူ၏ကြီးမားသောပုရွက်ဆိတ်ကိုလိုနီမှတစ်ဆင့်၊ ပုရွက်ဆိတ်ဘုရင်သည် အပူပိုင်းတိုက်ကြီးရှိ ဧရိယာအကျယ်အဝန်းကို ထိန်းချုပ်ထားပြီး ကြီးမားပြီး မြင့်မားသောမြို့တစ်မြို့ကို တည်ဆောက်ခဲ့သည်။

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာချိန်မတိုင်မီ၊ အလွန်သေးငယ်သော ဤပုရွက်ဆိတ်များက ယခုအခါ အလွန် အစွမ်းထက်လာကြသည်။

သို့ပေမဲ့ ပုရွက်ဆိတ်များပိုင်သည့် ဤဧရာမမြို့ကြီးက ယနေ့တွင် ဧည့်သည်အသစ်များကို ကြိုဆိုခဲ့သည်။

“ရပ်လိုက်၊ ရှေ့ထပ်တိုးရင် မင်းတို့ကို ကရုဏာမရှိ သတ်ပစ်မယ်”

ပုရွက်ဆိတ်တပ်များသည် သူတို့၏ နယ်မြေအတွင်း လူသားများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ချီတက်လာနေသော ပုရွက်ဆိတ်စစ်တပ်နှင့် သူတို့ခန္ဓာကိုယ်၏ အားကောင်းသော ရောင်ဝါကို ခံစားလိုက်ရသဖြင့် ထိုနိုင်ငံခြားသားများ၏ မျက်နှာများက ပြောင်းလဲသွားသည်။

အင်္ကျီဖြူဝတ်ထားသည့် လူတစ်ဦးသည် ကြောက်စရာကောင်းသော ဤပုရွက်ဆိတ်ကြီးများကို မြင်သောအခါတွင် သူ့မျက်နှာပေါ်တွင် အပြုံးရှိနေသေးသည်။

“သိပ်စိတ်မပူပါနဲ့၊ ငါတို့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး“

“သမုဒ္ဒရာကိုဖြတ်ပြီး မင်းတို့ပိုင်နက်ထဲကို ရောက်လာရတဲ့ အကြောင်းရင်းက မင်းတို့နဲ့ စာချုပ်ချုပ်ဖို့ပဲ”

“စိတ်မပူပါနဲ့၊ ဒီသဘောတူညီချက်က မင်းတို့ကို သေချာပေါက်ကျေနပ်စေမှာပါ”

ထိုအချိန်တွင် အလွန်ကြီးမားသော အနီရောင်တပ်ပုရွက်ဆိတ်တစ်ကောင် တက်လာပြီး မစ္စတာ စဗင်းနှင့် အခြားလူများကို လှမ်းကြည့်လိုက်သည်။

ဤပုရွက်ဆိတ်သည် သူ့၏ရွယ်တူများထက် များစွာကြီးမားပြီး သူ့၏ ရောင်ဝါက အလွန်ပြင်းထန်သည်။

“လူသားတစ်စုက ငါတို့နဲ့ ကုန်သွယ်မှုလုပ်ဖို့ ဒီအပူပိုင်းတိုက်ကြီးဆီကို ရောက်လာခဲ့တာလား”

“စိတ်မပူပါနဲ့၊ ငါတို့က မင်းနဲ့ ကုန်သွယ်မှုလုပ်ဖို့ ဒီကိုရောက်လာတာပါ”

“ဒီအပေးအယူက မင်းတို့ကို ကျေနပ်စေလိမ့်မယ်လို့ ငါယုံကြည်တယ်”

စဗင်း,က စိတ်ချလက်ချပြောနေသည်ကိုမြင်ပြီး ဗိုလ်ချုပ်ပုရွက်ဆိတ်နီက လူတိုင်းကို စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

…………

“အရှင်မင်းကြီး၊ အပြင်ကလူတွေက ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ချင်တယ်လို့ ပြောပါတယ်”

ဗိုလ်ချုပ်ပုရွက်ဆိတ်နီသည် ဧရာမမြို့ကြီးသို့ ရောက်ရှိလာပြီး ပုရွက်ဆိတ်ဘုရင်အား မစ္စတာစဗင်း,က ပြောခဲ့သည့်စကားများကို ပြန်လည်ပြောပြသည်။

ချည်နှောင်ခြင်းအဆင့်ရှိ ပုရွက်ဆိတ်ဘုရင်၏ ခန္ဓာကိုယ်သည် မီတာများစွာ ရှည်လျားသည်။ ပုရွက်ဆိတ်တစ်ကောင်၏ ပုံပန်းသဏ္ဍာန်နှင့် အလွန်ဆင်တူခြင်းမရှိပါက ၎င်းတို့ရှေ့တွင် တန်ခိုးကြီးသော သားရဲဘုရင်က အမှန်တကယ် ပုရွက်ဆိတ်တစ်ကောင်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။

“အပေးအယူ၊ ဒီလူသားတွေက ငါတို့နဲ့ ဘယ်လို သဘောတူညီချက်တွေ လုပ်မလို့လဲ၊ သူတို့ တိုင်းပြည်ရဲ့ လူသားတွေကို ငါတို့ဆီ ပေးချင်တာလား”

“မေ့လိုက်တော့၊ ဒီကောင်တွေကို လာခိုင်းလိုက်၊ ငါ သူတို့ဘာလုပ်ချင်လဲဆိုတာ ကြည့်ချင်တယ်”

“မင်းတို့ ငါ့အချိန်တွေကို ဖြုန်းတီးရင် မင်းတို့အားလုံးကို ငါသတ်ပစ်မယ်!”

ထို့‌နောက် ဗိုလ်ချုပ်ပုရွက်ဆိတ်နီသည် မစ္စတာစဗင်းနှင့် သူ့အဖွဲ့ကို ရှည်လျားပြီး ကွေ့ကောက်သည့်လမ်းကို ဦးဆောင်ခဲ့သည်။

ဤပုရွက်ဆိတ်တပ်များသည် အင်အားကြီးမားလာသော်လည်း သူတို့တွင် ပုရွက်ဆိတ်များ၏ အလေ့အထရှိနေဆဲဖြစ်သည်။

ထို့ကြောင့် တည်ဆောက်ထားသော မြို့ကြီးသည် မြေပြင်ပေါ်တွင် ချထားသော ပုရွက်ဆိတ်အသိုက်နှင့် ပိုတူသည်။

လမ်းမပေါ်ရှိ အကွေ့အကောက်မျိုးစုံကြောင့် စဗင်း နှင့် အခြားသူများ မူးဝေလုနီးပါး ဖြစ်ခဲ့ရသည်။

သို့ပေမယ့် ပုရွက်ဆိတ်များအတွက်တော့ ဤကွေ့ကောက်သောလမ်းက လုံခြုံမှုအတွက် အကြီးမားဆုံးသောအာမခံချက်တစ်ခုဖြစ်သည်။

နောက်ဆုံးတွင်၊ လမ်းလျှောက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ကြည်လင်လာသည်ကို လူတိုင်း ခံစားလိုက်ရသည်။

တံခါးဝမှ ဝင်လာပြီးနောက် လူအားလုံးက အလွန်ကြိးမားသော ခန်းမတစ်ခုဆီ ရောက်လာကြသည်။

သို့သော် ၎င်းက ခန်းမတစ်ခုထက် ဂူကြီးတစ်ခုနှင့် ပိုတူသည်။

လှိုဏ်ဂူသည် အလွန်ကျယ်ဝန်းပြီး ဖမ်းစားနိုင်ဆုံးအရာမှာ အလွန်ကြီးမားသော အရွယ်အစားရှိသည့် ဧရာမပုရွက်ဆိတ်ကြီးဖြစ်သည်။

ဂူ၏အနက်ရှိုင်းဆုံးနေရာရှိ ဗဟိုမဏ္ဍိုင်တွင်ရှိသော ဧရာမပုရွက်ဆိတ်သည် ဗိုလ်ချုပ်ပုရွက်ဆိတ်နီထက် အဆများစွာပိုကြီးပြီး ၎င်းမှထုတ်လွှတ်သော ရောင်ဝါက အဆများစွာ ပိုပြင်းထန်သည်။

မစ္စတာ စဗင်း နှင့် အခြားသူများ ကောင်းစွာပြင်ဆင်ထားကြသော်လည်း၊ ချည်နှောင်ခြင်းအဆင့်ရှိ ပုရွက်ဆိတ်ဘုရင်ကို ဤမျှအကွာအဝေးတွင် ရင်ဆိုင်ခြင်းက သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

“မင်းငါ့နဲ့ စာချုပ်ချုပ်ချင်တယ်လို့ ငါကြားတယ် အဲ့ဒါကိုပြော!”

ပုရွက်ဆိတ်ဘုရင်၏စကားကိုကြားပြီးနောက် စဗင်း,သည် သူ၏လည်ချောင်းကိုရှင်းလင်းပြီး ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“အရှင်၊ မင်းရဲ့ အဆင့်ကို အချိန်တိုလေးအတွင်း တိုက်ရိုက်တိုးတက်အောင် လုပ်ဖို့ နည်းလမ်းရှိတယ်”

ပုရွက်ဆိတ်ဘုရင်သည် စဗင်း ၏စကားကိုကြားသောအခါ သူ အံ့အားသင့်သွားသည်။

“ငါဘယ်လောက်အဆင့်မြင့်လဲဆိုတာ မင်းသိလား? မင်းငါ့ကို ပိုမြင့်တဲ့အဆင့်ကို ရောက်အောင်လုပ်ပေးနိုင်တယ်တဲ့လား? မင်းအိပ်မက်မက်နေတာလား!”

“ဘုန်း!”

ပုရွက်ဆိတ်ဘုရင် ပြောပြီးသည်နှင့် တပြိုင်နက် ပြင်းထန်သော အရှိန်အဝါက နေရာအနှံ့ ပျံ့နှံ့သွားသည်။

ယခုပင် ယုံကြည်မှုအပြည့်ရှိသော စဗင်း က ရုတ်တရက် သူ့အမူအရာများ ပြောင်းလဲသွားသည်။

“စိတ်မပူပါနဲ့ အရှင်မင်းကြီး၊ ငါတို့က ဒီကို ရွက်လွှင့်ဝံ့တဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ထားရပါမယ်”

“အိုး၊ မင်း မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”

“စိတ်မပူပါနဲ့ အရှင်မင်းကြီး၊ ပြသနာလုံးဝမရှိဘူးလို့ အာမခံနိုင်ပါတယ်”

“တကယ် မယုံရင် ကိုယ်တိုင်စမ်းကြည့်ပြီးမှ သိလိမ့်မယ်၊ ပြီးသွားရင် တစ်ခုခု လုပ်ဖို့ အရှင့်ရဲ့ အကူအညီကို လိုပါတယ်”

“ဟမ့်၊ မင်းငါ့ကို လှည့်စားနေတယ် ဆိုတာကို ငါသိရင် မင်းဆက်ပြီး အသက်ရှင်နေဖို့ မလိုတော့ဘူး!”

ထို့နောက် စဗင်း,သည် သူ့နောက်ကလူများ လမ်းတလျှောက်လုံးသယ်လာခဲ့သော ငွေသေတ္တာမှ ကောင်းစွာထိန်းသိမ်းထားသော မျိုးရိုးဗီဇဆေးဝါးများစွာကို ထုတ်ယူခဲ့သည်။

မစ္စတာ စဗင်း,သည် စမ်းသပ်ပြွန်အတွင်းမှ ဆေးကို ပုရွက်ဆိတ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထိုးသွင်းပေးခဲ့သည်။

ခဏအကြာတွင် ပုရွက်ဆိတ်ဘုရင်၏ ခန္ဓာကိုယ်ကြီးက တုန်လှုပ်လာသည်။

ထိုအခါ လူတိုင်းသည် ပုရွက်ဆိတ်ဘုရင်ထံမှ အလွန်ပြင်းထန်သော ရောင်ဝါကို ခံစားလိုက်ရသည်။ အလွန်အစွမ်းထက်နေပြီဖြစ်သော ပုရွက်ဆိတ်ဘုရင်သည် အမှန်တကယ်ပင် နောက်ထပ်အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။

“ဟာဟားဟား၊ မင်းက တကယ်ကို အရည်အချင်းရှိတဲ့ လူသားတစ်ယောက်လို့ ငါ မမျှော်လင့်ထားဘူး”

“မင်းရဲ့ဆေးရည်က တကယ်အသုံးဝင်တာမို့ ငါ့ကိုပြောပါ မင်းအတွက် ငါဘာလုပ်ပေးရမလဲ”

………………

ထိုအချိန်တွင် ရန်းနိုင်ငံက မတည်မငြိမ် ဖြစ်နေသည်။

ခွန်လွန် တောင်တွင် နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံနှင့် တိုက်ပွဲကြီးပြီးနောက်၊ ရန်နိုင်ငံ၏ ကာကွယ်သူများက လုံးဝ ရှုံးနိမ့်သွားခဲ့သည်။

ရန်နိုက်ငံ၏ ကာကွယ်သူများကို အနိုင်ယူပြီးနောက်၊ ဝမ်ယော်နိုင်ငံသည် လျင်မြန်စွာ တိုးတက်လာကာ အနောက်ဘက်ဒေသတွင် ၎င်း၏နယ်မြေကို မိုင်ထောင်ပေါင်းများစွာ တိုးချဲ့ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ အနောက်တိဗက်နှင့် အနောက်မြောက်ဒေသရှိ လူသားများ၏ အရေအတွက်မှာ မကြီးမားပေ။

ထို့အပြင် ရန်နိုင်ငံတွင် နယ်မြေအများအပြားရှိနေဆဲဖြစ်ပြီး အများစုမှာ လူနေထိုင်ခြင်းမရှိသော နယ်မြေများဖြစ်သောကြောင့် ယခုအချိန်တွင် ဝမ်ယော် နိုင်ငံကို လွှဲပြောင်းပေးရမည်ဆိုပါက ကြီးကြီးမားမားဖြစ်မည်မဟုတ်ပေ။

ရန်နိုင်ငံက ရှုံးနိမ့်ခဲ့သော်လည်း ၎င်း၏ ပိုင်နက်ကျယ်ဝန်းသောကြောင့် ဆုတ်ခွာရန် မြို့တော်များရှိနေသေးသည်။

နယ်မြေအမြောက်အမြား ချဲ့ထွင်ခဲ့သော ဝမ်ယော်နိုင်ငံသည် ယနေ့တွင် လှုပ်ရှားမှုအသစ်များ ပြုလုပ်ခဲ့သည်။

ဝမ်ယော်နိုင်ငံသည် တပ်များကိုပြန်လည်စုစည်းလာပြီဖြစ်ကြောင်း ဂြိုလ်တုမှတစ်ဆင့် လူသားများရှာဖွေတွေ့ရှိခဲ့ပြီး သားရဲအများအပြားသည် တောင်တန်းကြားတွင် စုရုံးနေကြသည်။

၎င်းကို လူသားများက စိုးရိမ်နေချိန်တွင် ဤသားရဲများက လူသားများဆီ ဦးတည်လာခြင်းမဟုတ်ကြောင်းကို သိလိုက်ရသည်။

ဝမ်ယော်နိုင်ငံကို အနီးကပ်စောင့်ကြည့်ရန် တာဝန်ရှိသော ရန်နိုင်ငံမှ လျှို့ဝှက်စောင့်ကြည့်သူများသည် ဝမ်ယော်နိုင်ငံမှ သားရဲများက ချီလင်တောင်တန်းဆီသို့ ဦးတည်နေကြောင်း တွေ့ရှိခဲ့သည်။

အားလုံးသိကြသည့်အတိုင်း၊ ချီလင် တောင်တန်းသည် ယခုအခါတွင် နှင်းဝံပုလွေဘုရင်၏ နယ်မြေဖြစ်နေပြီ ဖြစ်သည်။

နှင်းဝံပုလွေဘုရင်သည် သူ၏မျိုးနွယ်များကို ချီလင် တောင်တန်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ယခု အင်အားကြီးနှစ်ဖွဲ့ ထိပ်တိုက်တွေ့တော့မည်ဆိုပါက...လူသားများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။

နှစ်ဖက်စလုံးသည် တန်ခိုးကြီးသော အုပ်စိုးရှင်အဆင့်ရှိ သားရဲများဖြစ်ကြပြီး ယခုတွေ့ဆုံကြသည့် အခြေအနေက ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်သည်။

လူသားများအတွက် ကောင်းသည့်အချက်သည် တစ်ဖက်က မလွဲမသွေ ဆုံးရှုံးမည်ဆိုသည်ကို လူတိုင်း ကြိုမြင်ထားပြီးသား ဖြစ်သည်။

သို့သော် သတင်းဆိုးအသစ်ရောက်လာသည်နှင့်အမျှ ရန်နိုင်ငံမှလူများက အကြာကြီးမပျော်ရွှင်ခဲ့ရပေ။

ရန်နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ရှိ တိမ်တိုက်ဒေသတွင် ပြည်ပမှ ရက်စက်သော သားရဲများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ကြီးမားသောခန္ဓာကိုယ်နှင့် သွေးနီရောင်ကိုယ်ထည်ရှိသော ဧရာမပုရွက်ဆိတ်ကြီးတစ်ကောင်သည် တိမ်တိုက်ဒေသမြို့များ၌ ပြေးလွှားသောင်းကျန်းနေသည်။

ထိုလူသားအထူးစွမ်းရည်တပ်များနှင့် သာမာန်အမြောက်ပစ်ခတ်မှုများက ပုရွက်ဆိတ်ဘုရင်ကို မထိခိုက်စေခဲ့ပေ။

တစ်ချိန်တည်းမှာပင် တောင်ပင်လယ်ရှိ ရန်နိုင်ငံ၏ ပင်လယ်သားရဲများက ကုန်းမြေဘက်သို့ ရွေ့လျားလာကြသည်။

တစ်ချိန်က တည်ငြိမ်ပြီး အင်အားကြီးမားသော ရန်နိုင်ငံသည် ယခုတွင် စစ်ပွဲထဲသို့ ရုတ်တရက် ထိုးကျသွားသည်။

…………

ထိုအချိန်တွင်၊ ရေအပြာရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး တာအိုခရစ်ယာန်ဘုန်းကြီးကဲ့သို့ ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ယခင်က ရွှမ်ဝူ ပုန်းအောင်းခဲ့သော ချင်းဟူရေကန်ဆီသို့ ရောက်လာသည်။

“ဒီအကောင်ကြီးရဲ့ အသွင်အပြင်က ငါ့မိသားစုစာအုပ်တွေမှာ ဖော်ပြထားတဲ့ အတိုင်းပဲ”

“ကံကြမ္မာက တကယ်ကို အံ့ဖွယ်ကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါက ငါ့အဘိုး လွှတ်ပေးလိုက်တဲ့ လိပ်ငယ်လေးပဲ”

ထိုလူသည် ရေကန်ဆီသို့ လှမ်းကြည့်ကာ တိုးတိုးလေး ညည်းညူလိုက်သည်။

ရေကန်သို့ တစ်စုံတစ်ယောက် ရောက်လာသည်ကို အာရုံခံမိလိုက်ရာ ရွှမ်ဝူ,က ချက်ချင်းပင် ပေါ်လာသည်။

ရေအပြာရောင် ၀တ်စုံဝတ်ထားသော သူ့ရှေ့က ရုပ်သွင်ကို ကြည့်လိုက်ပြီး ရွှမ်ဝူ,၏ မျက်နှာဟာ ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး သူ့၏ နဂိုက ငြိမ်သက်နေသော မျက်လုံးများက လှိုင်းထန်လာခဲ့သည်။

အနီးပတ်ဝန်းကျင်ရှိ ရေမျက်နှာပြင်များပင် တုန်ခါလာသည်။

“မင်းလား?”

“မတွေ့တာ နှစ်အတော်ကြာပြီ၊ မင်း အဆင်ပြေရဲ့လား“

ရွှမ်ဝူ,က သူ့ကို လူ့ဘာသာစကားဖြင့်ပြောနေသည်ကို ကြားလိုက်ရပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်လာသည်။

တာအို ၀တ်စုံဝတ်ဆင်ထားသော အမျိုးသားသည် ကူကယ်ရာမဲ့ဖြင့် ခေါင်းခါယမ်းလိုက်သည်။

“အကြီးအကဲ...လူမှားနေပြီ...”

“အရင်တစ်ချိန်က အကြီးအကဲ တွေ့ခဲ့တဲ့လူက ကျွန်တော့်အဘိုးပါ၊ ကျွန်တော်က သူ့မြေး လီချန်ဖျင်,ပါ...”

၎င်းကိုကြားပြီး ရွှမ်ဝူ,၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသည်။

လွန်ခဲ့သောနှစ်တစ်ရာက သူသည် လူ့လောကတွင် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် မြစ်ထဲသို့ ပြန်လွှတ်ပေးခံခဲ့ရသည်။

သူ၏ သက်တမ်းရှည်လျားမှုကြောင့် ရွှမ်ဝူသည် အချိန်မည်မျှကြာသွားသည်ကို မသိနိုင်ခဲ့ပေ။

တောင်ပေါ်မှာ နှစ်တွေမရှိပေမယ့် မြေပေါ်မှာ အနှစ်တစ်ထောင်ကျော်သွားခဲ့လေပြီ။

ရွှမ်ဝူ ခဏမျှ ဝမ်းနည်းသွားသည်။ အနှစ်တစ်ထောင် ကုန်လွန်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အခြားတစ်ဖက်တွင်၊ သူငယ်ချင်းဟောင်းတစ်ဦး၏ မျိုးဆက်မှဆင်းသက်လာကြောင်းကို ယခုသိလိုက်ရသဖြင့် ရွှမ်ဝူသည် လီချန်ဖျင်,အား ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့သည်။

“အကြီးအကဲ၊ နိုင်ငံသားတိုင်းက နိုင်ငံရဲ့ ကံကြမ္မာကို ထမ်းဆောင်ဖို့အတွက် တာဝန်ရှိတယ်”

“ကျွန်တော် လီချန်ဖျင်,လဲ ကိုယ့်တိုင်းပြည်ကို တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒရှိတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ ခွန်အားမရှိဘူး”

“အခု ရန်နိုင်ငံက ပရမ်းပတာစစ်ပွဲတွေဖြစ်နေပြီး သားရဲတွေက နေရာတိုင်းမှာ အဖျက်အဆီးတွေကို ဖြစ်စေတယ်”

“အထူးသဖြင့် ရန်နိုင်ငံတောင်ပိုင်းမှာ၊ ကျွန်တော်တို့နိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ ပြင်ပက ရက်စက်တဲ့ သားရဲတွေရှိတယ်”

“ကျွန်တော့်ဘိုးဘေးတွေအတွက် တောင်ပေါ်ကနေ ဆင်းလာဖို့နဲ့ ပြင်ပက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို တားဆီးဖို့အတွက် ဒီကိုလာခဲ့တာပါ”

လီချန်ဖျင်,က စကားပြောနေစဉ်တွင် ရွှမ်ဝူ,ကို ရိုသေစွာ ဦးညွှတ်သည်။

ရွှမ်ဝူ,သည် ဤမငြိမ်မသက်မှုများတွင် ပါဝင်ရန် ဆန္ဒမရှိသော်လည်း၊ သူ့သူငယ်ချင်းဟောင်း၏သားမြေးက သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျရောက်လာသောအခါတွင် မငြင်းရက်နိုင်တော့ပေ။

သူသည် လီချန်းဖျင်,နောက်ကိုလိုက်ကာ များမကြာမီ တိမ်တိုက်ဒေသသို့ ရောက်လာခဲ့ပြီးနောက် သောင်းကျန်းနေသော ပုရွက်ဆိတ်ဘုရင်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင်၊ ဝမ်ယော်နိုင်ငံ၏စစ်တပ်သည် ချီလင်တောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။

All Chapters