← Chapters

ချီလင်တောင်တန်းနှင့် ခွန်လွန်တောင်တန်းတို့၏ တိုက်ပွဲ

Vol. 10 Ch. 139

ချီလင်တောင်တန်းနှင့် ခွန်လွန်တောင်တန်းတို့၏ တိုက်ပွဲ

Vol. 10 Ch. 139

ရန်နိုင်ငံနယ်စပ်တွင် တိမ်တောင်များစွာ ရှိသည်။

အခြားနေရာများနှင့် နှိုင်းယှဉ်ပါက တိမ်တိုက်ဒေသမှ တမ်တောင်များက အတော်လေးမြင့်မားသည်။

ဤတိမ်တိုက် ဒေသသည် ရန်နိုင်ငံအတွက် အလွန်အရေးကြီးသော ဗျူဟာမြောက် အရေးပါမှုလည်းရှိသည်။

မကြာသေးမီက ဓာတ်ခွဲခန်းမှ ထွက်လာသော အစွမ်းထက် ငှက်တစ်ကောင်မျှသာ ဖြစ်သည်။

နိုးထရာခြင်းအဆင့်(၉)၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို အားကိုး၍ သူသည် တိမ်တိုက်ဒေသအတွင်း အခြေအနေကို လှုံ့ဆော်ပေးပြီး လူများစွာကို သတ်ဖြတ်ခဲ့သည်။

မီးလျှံမိုးရွာခြင်းသည် ကမ္ဘာကြီး၏အဆုံးနှင့်တူပြီး တိမ်တိုက်ဒေသအတွင်းရှိလူများကို စိတ်ပျက်အားငယ်စေခဲ့သည်။

အထူးစွမ်းရည်တပ်များနှင့် ရန်နိုင်ငံစစ်တပ်ကို စေလွှတ်လိုက်လျှင်ပင် သူတို့က ဖါမင်ဂိုနှင့် မယှဉ်နိုင်ခဲ့ပေ။

နောက်ဆုံးတွင်၊ သောင်းကျန်းနေသော သားရဲသည် အဆုံးစွန်သော လက်နက်ကို အသုံးပြုခြင်းဖြင့်သာ လုံးလုံးလျားလျား ဖယ်ရှားပစ်နိုင်ခဲ့သည်။

လက်ရှိတိမ်တိုက်ဒေသသည် ပျက်စီးခြင်းမှ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်လျက်ရှိသည်။

သို့ပေမယ့် ထို့နောက်မှာတော့ ဖါမင်ဂိုထက်ပင် ပိုအစွမ်းထက်သော ပုရွက်ဆိတ်ဘုရင် ရောက်လာပြန်သည်။

အနီရောင် ပုရွက်ဆိတ်ဘုရင်ကြောင့် ဖြစ်ပေါ်လာသော အဖျက်စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

ရွှမ်ဝူ သည်လည်း လီချန်ဖျင်,၏ ဖိတ်ကြားချက်ကို လက်ခံပြီး ပြင်ပမှ ရက်စက်ကြမ်းကြုတ်သော သားရဲများကို ကိုင်တွယ်ရန် ဤတိမ်တိုက်ဒေသသို့ ရောက်လာခဲ့သည်။

ရွှန်ဝူ ၏ကြီးမားသောအနက်ရောင်ကိုယ်ထည်သည် တိမ်တိုက်ဒေသတွင်ပေါ်လာသောအခါ၊ သူသည် လူသားများ၏အာရုံကိုချက်ချင်းစွဲဆောင်ခဲ့သည်။

ယခု ဤပုရွက်ဆိတ်ဘုရင်သည်ပင် လူသားမျိုးနွယ်အတွက် များစွာ ခေါင်းကိုက်စေခဲ့သည်။

ဤတွင် တိမ်တိုက်ဒေသရှိ လူများစွာကို ခါးခါးသီးသီး ညည်းညူစေသည့် ပုရွက်ဆိတ်ဘုရင်ထက် ပို၍ကြီးမားသော ခန္ဓာကိုယ်နှင့် ရောင်ဝါရှိသော အခြားလိပ်ကြီးတစ်ကောင် ရောက်လာပြန်သည်။

သို့ပေမယ့် မကြာခင်မှာပဲ ဤလိပ်ကြီးက နှင်းဝံပုလွေဘုရင် လိုက်ဖမ်းခဲ့သော လိပ်ကြီးဖြစ်ကြောင်းကို တစ်စုံတစ်ယောက်က အမှတ်ရခဲ့သည်။

များမကြာမီ လီချန်ဖျင်,က ရန် နိုင်ငံမှဖြစ်ပြီး အားကောင်းလှသော ဤလိပ်နက်ကြီးကို ပြင်ပသားရဲကြီးနှင့် ရင်ဆိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်းကို သိလိုက်ရသည်။

ဂျီကျဲန်ရှန်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

ဧရာမလိပ်ကြီးနှင့် ဧရာမပုရွက်ဆိတ်တို့ကြားတွင် ဤတိုက်ပွဲက လူသားအများအပြား၏ အာရုံကို စွဲဆောင်လာခဲ့သည်။

“ဒီလူသားတွေကို သတ်ဖို့အတွက် ငါဒီကိုရောက်လာတာ၊ မင်းနဲ့ဘာမှမဆိုင်ဘူး၊ ဒီကနေထွက်သွားပြီး ငါဘာမှမမြင်ခဲ့ဖူးဘူးလို့ ဟန်ဆောင်လိုက်မယ်”

သူ့ရှေ့မှ ဧရာမလိပ်ကြီးက ချည်နှောင်ခြင်းအဆင့်တွင် ရှိနေမှန်း သိလိုက်ရပြီး ပုရွက်ဆိတ်ဘုရင်က ဆုတ်ခွာရန် ရွှမ်ဝူ ကို လှမ်းအော်လိုက်သည်။

သို့သော် ရွှမ်ဝူ,သည် သူ၏စကားများကို အာရုံမလာပေ။

“ပုရွက်ဆိတ်တစ်ကောင်က ဘယ်လောက်တောင် မောက်မာနေရတာလဲ”

“မင်းက အခုပြန်ဆုတ်သင့်တဲ့သူပဲ၊ မင်းဘာလို့ ရန်နိုင်ငံကို တိုက်ခိုက်နေတာလဲ”

ရွှမ်ဝူ,သည် တိမ်တိုက်ဒေသတွင် ပုရွက်ဆိတ်ဘုရင်ကြောင့် ဖြစ်ပေါ်လာသော ဤအဖြစ်ဆိုးကို မြင်သောအခါတွင် သူ အနည်းငယ် ဒေါသထွက်သွားသည်။

သူသည် တောင်များနှင့် သစ်တောများတွင် အမြဲနေထိုင်ခဲ့ပြီး လောကီရေးရာများကို လုံးဝဂရုမစိုက်သော်လည်း ရွှမ်ဝူ သည် အတော်လေး ရိုးသားပြီး တည်ငြိမ်အေးချမ်းသော ကိုယ်ရည်ကိုယ်သွေးရှိသည်။

ယခုမူ၊ ဤတိမ်တိုက်ဒေသတွင် ကျယ်လောင်စွာအော်ဟစ်သံများစွာကို ကြားလိုက်ရသောကြောင့် ကြင်နာတတ်သော ရွှမ်ဝူ,သည် သည်းမခံနိုင်ဘဲ ပုရွက်ဆိတ်ဘုရင်ကို ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

“ဟမ့်! ငါမင်းကိုသတိပေးထားပြီးသား၊ မင်းမထွက်သွားချင်မှတော့ ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့!”

ပုရွက်ဆိတ်ဘုရင်သည် ရွှမ်ဝူ,ကို လုံးဝအလေးအနက်မထားဘဲ သူ့ဆီ တိုက်ရိုက်ပြေးဝင်လာသည်။

ဧရာမသားရဲကြီးနှစ်ကောင်သည် ကွင်းပြင်အလယ်၌ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။

ပုရွက်ဆိတ်ဘုရင်သည် ကြံ့ခိုင်သန်စွမ်းပြီး ၎င်းတို့၏ခန္ဓာကိုယ်ရှိ သွေးရောင်အခွံက အလွန်မာကျောသော ချပ်ဝတ်တန်ဆာကဲ့သို့ဖြစ်ပြီး ထူးထူးခြားခြား ခုခံနိုင်စွမ်းရှိသည်။

သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပုံမှန်အားဖြင့် အလွန်အားကောင်းသော်လည်း ရွှမ်ဝူ ရှေ့တွင်တော့ မလုံလောက်သေးပေ။

“ဘုန်း! ဘုန်း!”

ကျယ်လောင်သောအသံများသည် မိုးခြိမ်းသံကဲ့သို့ထွက်ပေါ်လာသော်လည်း ရွှမ်ဝူ,သည် အစမှအဆုံးထိ တည်ငြိမ်နေခဲ့သည်။

ပုရွက်ဆိတ်ဘုရင်၏ ပါးစပ်နှစ်ဖက်မှ အစွယ်သည် ဖျက်ဆီး၍မရနိုင်သော သွေးနီရောင်တံစဉ်းကြီးများကဲ့သို့ အလွန်ကြောက်စရာကောင်းသည်။

သို့ပေမယ့် ရွှမ်ဝူ,၏ လိပ်ခွံကို ကိုက်မိလိုက်သောအခါ သူ့ဦးခေါင်းသည်ပင် ထုံကျင်သွားရသည်။

ပုရွက်ဆိတ်ဘုရင်သည် ချည်နှောင်းခြင်းအဆင့်(၂)တွင်ရှိနေသော်လည်း ရွှမ်ဝူ ၏ခံစစ်ကို လုံးလုံးလျားလျားမဖြတ်ကျော်နိုင်ပေ။

“မင်းက အရမ်းမောက်မာနေတော့ အရမ်းအစွမ်းထက်တယ်ထင်ထားပေမယ့် မင်းရဲ့တိုက်ခိုက်မှုက နှင်းဝံပုလွေဘုရင်မောင်နှမတွေထက် အဆပေါင်းများစွာ အားနည်းတယ်၊ ပုရွှက်ဆိတ်!”

ပုရွက်ဆိတ်ဘုရင်၏ ပျော့ညံလှသော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော ရွှမ်ဝူ သည် မလှောင်ပြောင်ဘဲ မနေနိုင်တော့ပေ။

……………….

ချီလင် တောင်တန်း၏အစွန်းတွင်။

ဝမ်ယော်နိုင်ငံမှ ရက်စက်သော သားရဲတပ်များက ချီလင် တောင်တန်း၏အပြင်ဘက်ကို ရောက်ရှိလာကြသည်။

သားရဲအုပ်၏ခေါင်းဆောင်မှာ ဧရာမနွားနက်ကြီးဖြစ်သည်။ သူသည် ယခင်က လူသားမျိုးနွယ်၏ ကာကွယ်ရေးကို ဖြတ်ကျော်ခဲ့သော ပင်းတီယန်နတ်ဆိုးဘုရင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် လေထုအလယ်တွင် ရပ်တန့်နေပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်က ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားသည်။

“နှင်းဝံပုလွေဘုရင်၊ မင်းအရမ်းသတ္တိရှိနေတယ်ပေါ့လေ!!”

“မင်းကို တိုက်ခိုက်ဖို့ မလွယ်ဘူးထင်လို့ မင်းကို အကြင်နာတရားနဲ့ စုဆောင်းခဲ့တယ်၊ ဒါပေမယ့် မင်းဒါကို တန်ဖိုးမထားရုံသာမက ငါ့ငယ်သားကို သတ်ပစ်မယ်လို့ မမျှော်လင့်ထားဘူး၊ မင်းတကယ်ကို သေလမ်းရှာနေတာပဲ!”

သူ့ရှေ့ရှိ လုချန်း,ကို ကြည့်လိုက်ပြီး ပင်းတီယန်နတ်ဆိုးဘုရင်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

နှင်းကျားသစ်က သူ့လောက်မသန်မာသော်လည်း သူ့တွင် ချည်နှောင်ခြင်းအဆင့်၏ ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းအားရှိသည်။

လက်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများထဲတွင် သူသည် အစွမ်းအထက်ဆုံး သားရဲများထဲမှ တစ်ကောင်ဖြစ်သည်မှာ သေချာသော်လည်း ချီလင် တောင်တန်းတွင် သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

“အဓိပ္ပါယ်မရှိတဲ့စားတွေကို ရပ်လိုက်၊ မင်းရဲ့ နှင်းကျားသစ်ကို ငါကင်စားလိုက်ပြီ၊ တိုက်ကြတာပေါ့!”

လုချန်း,သည် ဤပင်းတီယန်နတ်ဆိုးဘုရင်၏ အဓိပ္ပာယ်မရှိ‌သောစကားများကို နားထောင်ရန် အလွန်ပျင်းရိလှသည်။ အခြားအဖွဲ့၏လက်အောက်ကို သူ၀င်ရောက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ချက်ချင်းပင် နှစ်ဖက်လုံးမှ သားရဲနှစ်ကောင်သည် ရှေ့သို့ ပြေးသွားကာ မြေငလျင်လှုပ်သကဲ့သို့ တခဏချင်းပင် တိုက်မိသွားကြသည်။

မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ယခုအခိုက်အတန့်တွင် အဖျားခတ်လှိုင်းများကြောင့် သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။

ဝမ်ယော်နိုင်ငံ၏ သားရဲများသည် အလွန်အစွမ်းထက်သော်လည်း လုချန်း,တွင်လည်း သူ၏ကွပ်ကဲမှုအောက်တွင် သန်မာသော သားရဲများစွာရှိသည်။

ယိုချင်းယန်,သည် ချည်နှောင်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ ပြောင်မြောက်သော တိုက်ခိုက်ရေး အတွေ့အကြုံနှင့် စွမ်းအားများဖြင့်၊ တူညီသော အဆင့်ရှိ သာမန် ချည်နှောင်ခြင်းအဆင့် သားရဲများက သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။

တမ်,နှင့် အခြားသော သားရဲများအတွက်၊ သူတို့အားလုံးသည် မကြာသေးမီကာလများတွင် သူတို့၏ အဆင့်တွင် အောင်မြင်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်။

“အိုး!”

“မင်း ငါ့နယ်မြေကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲလွန်းလို့ မင်းက သန်မာမယ်လို့ ငါထင်ထားတာ!”

လုချန်း,သည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက သူသည် အခြားသူများကို အမဲလိုက်ခြင်းသာဖြစ်ပြီး မည်သည့်အခါမှ သူအမဲလိုက်ခြင်းမခံခဲ့ရပေ။

ဤပင်းတီယန်နတ်ဆိုးဘုရင်သည် မောက်မာလွန်းသဖြင့် စစ်ပွဲစတင်ရန် ခွန်လွန် တောင်တန်းမှ ချီလင် တောင်တန်းအထိ သူ့၏သားရဲအစုအဝေးကို ဦးဆောင်လာခဲ့သည်။

လုချန်း အလွန်ဒေါသအရမ်းထွက်သွားပြီး ရူးသွပ်ခြင်းစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ကာ သူ၏စွမ်းအားကို နှစ်ဆတိုးစေသည်။

ပင်းတီယန်နတ်ဆိုးဘုရင်၏အဆင့်သည် လုချန်း ထက်ပိုမိုမြင့်မားပြီး ချည်နှောင်ခြင်းအဆင့်(၃)တွင်ရှိသည်။

သို့သော် လုချန်း,က သူ့အဆင့်မှ ကန့်သတ်ခံထားရသူမဟုတ်ပေ။ အမျိုးမျိုးသော စနစ်ပံ့ပိုးမှုများဖြင့် လုချန်း,၏ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

လုချန်း,၏ ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်။ ရုတ်တရက် ကောင်းကင်ကြီးကို တိမ်မည်းတွေ ဖုံးလွှမ်းသွားသည်။ ထို့နောက် ငွေရောင်လျှပ်စီးနဂါးများသည် ကောင်းကင်မှကျဆင်းလာပြီး ဧရိယာကို မိုးကြိုးများဖြင့် ပြောင်းလဲစေသည်။

ပင်းတီယန်နတ်ဆိုးဘုရင်တွင် ကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားရှိသော်လည်း၊ လုချန်း,၏ ကြောက်မက်ဖွယ် ငွေလျှပ်စီးနဂါးများက ကောင်းကင်မှ ကျဆင်းလာကာ ပင်းတီယန်နတ်ဆိုးဘုရင်သည် သူ့တစ်ကိုယ်လုံး ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

အရေးကြီးဆုံးအချက်မှာ နှင်းဝံပုလွေဘုရင်နှင့် ပင်းတီယန်နတ်ဆိုးဘုရင်တို့ အချင်းချင်း တိုက်မိသောအခါတွင်၊ ပင်းတီယန်နတ်ဆိုးဘုရင်သည် ချည်နှောင်ခြင်းအဆင့်(၃)ရှိ သူ၏ စွမ်းအားက လုချန်း လောက် မကောင်းမွန်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

‘မဖြစ်ဘူး၊ ဒီ နှင်းဝံပုလွေဘုရင်က ငါထင်ထားတာထက်တောင် ပိုသန်မာတယ်’

လုချန်း,၏ အဆက်မပြတ် ဖိနှိပ်မှုအောက်တွင် ပင်းတီယန်နတ်ဆိုးဘုရင်သည် ထိတ်လန့်စပြုလာသည်။

ဤအခိုက်အတန့်တွင် သူ အလွန်နောင်တရနေသည်။ နှင်းဝံပုလွေဘုရင်က ကိုင်တွယ်ရန် အလွန်ခက်ခဲကြောင်း သူသိခဲ့ပါက၊ ခွန်လွန် တောင်တန်းမှ အုပ်စိုးရှင်အဆင့် သားရဲများကို စည်းဝေးလာရန် ဖိတ်ခေါ်မည်ဖြစ်သည်။

ယခုဆိုလျှင် လုချန်း,၏ ဖိနှိပ်မှုအောက်တွင်၊ ပင်းတီယန်နတ်ဆိုးဘုရင်သည် သူ့ပြိုင်ဘက်ကို မယှဉ်နိုင်မှန်းသိ၍ လက်လျော့လိုက်ပြီးဖြစ်သည်။

တိုက်ခိုက်ပြီးနောက် ပင်းတီယန်နတ်ဆိုးဘုရင်သည် နောက်ပြန်အရှိန်အဟုန်ကို အခွင့်ကောင်းယူကာ လှည့်ထွက်ပြေးသွားခဲ့သည်။

လုချန်း,သည် ရေနစ်နေသော ခွေးတစ်ကောင်ကို ရိုက်နှက်ရန် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ခွန်လွန်တောင်တန်းသို့ ရောက်သည့်တိုင်အောင် သူ့နောက်ကို မရပ်မနားလိုက်ဖမ်းနေခဲ့သည်။

“ခွန်လွန် တောင်ရဲ့ ပင်းတီယန်နတ်ဆိုးဘုရင် ရှုံးသွားပြီ၊ သူ အခု နှင်းဝံပုလွေဘုရင်ရဲ့ အမဲလိုက်ခြင်းကို ခံနေရပြီ!”

သားရဲအုပ်စုကြီးနှစ်စု တိုက်ခိုက်သောအခါတွင် လူသားများသည် ဤမျှကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကို လက်လွတ်ဆုံးရှုံးရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ဂျီကျဲန်ရှန်း,သည် သူ့လူများထံမှ သတင်းရသောအခါ အလွန်ထိတ်လန့်သွားသည်။

ယခုအခါတွင် လူသားဆိုရှယ်မီဒီယာများတွင် ကျော်ကြားပြီး နိုင်ငံအတွင်း အသန်မာဆုံးသားရဲအဖြစ် လူသိများသော ပင်းတီယန်နတ်ဆိုးဘုရင်သည် အမှန်တကယ် နှင်းဝံပုလွေဘုရင်၏ အမဲလိုက်ခြင်းကိုခံနေရပြီဖြစ်သည်။

“မိုးကြိုးဒိုမိန်း!”

သူ့ကို လွင်ပြင်တစ်ခုနားအထိ လိုက်ဖမ်းပြီးနောက် လုချန်း,သည် သူ့၏ မိုးကြိုးဒိုမိန်းကို ထပ်မံအသုံးပြုခဲ့ပြီး အဆုံးမရှိသော ငွေလျှပ်စီးနဂါးများဖြင့် ဝန်းရံလာသော သားရဲအများအပြားကို သတ်ပစ်ခဲ့သည်။

လုချန်း,သည် ပင်းတီယန်နတ်ဆိုးဘုရင်ကို တလမ်းလုံးလိုက်ဖမ်းနေပြီး သူတို့က ခွန်လွန် တောင်တန်းသို့ ရောက်လာကြသည်။

လုချန်း,သည် ခွန်လွန် တောင်တန်းတွင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသော မြို့ကြီးတစ်မြို့ရှိနေကြောင်း တွေ့ရှိခဲ့သည်။

လူမနေသော ဤတောင်တန်းတွင်၊ ဤသို့ ဆောက်လုပ်ထားသော မြို့တစ်မြို့ ပေါ်လာသဖြင့် ဤသည်မှာ နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံဖြစ်ကြောင်း သံသယမရှိပေ။

သို့သော်လည်း သူ့နယ်မြေကို ပြန်ရောက်ပြီးသည့်တိုင် ပင်းတီယန်နတ်ဆိုးဘုရင်သည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိသေးပေ။

သူသည် အရှိန်မလျှော့ဘဲ ဆက်လက် ထွက်ပြေးနေဆဲဖြစ်သည်။

All Chapters