တာအိုဓမ္မရုပ်ထု
Vol. 10 Ch. 143
“မဟုတ်သေးဘူး! ရန်နိုင်ငံကနေ ဒီသားရဲကြီးကို ငါဘာလို့အရင်က မကြားခဲ့ရတာလဲ”
“ဒီလိပ်ကြီး ဘယ်လိုများ ဒီလောက်တောင် အစွမ်းထက်ရတာလဲ?! မင်းတို့သိပါတယ်၊ ကိုမိုဒိုနဂါးနဲ့ ပုရွက်ဆိတ်ဘုရင် နှစ်ကောင်စလုံးက ငါတို့စမ်းသပ်မှုတွေကနေ အားကောင်းလာတဲ့ သားရဲတွေဖြစ်ပေမယ့် နှစ်ကောင်စလုံး ရှုံးနိမ့်သွားကြတယ်!”
“ဒီလောက် အစွမ်းထက်တဲ့ သားရဲက နံပါတ် ၃ လာရင်တောင် ငါကြောက်တယ်.. သူက ဒီလိပ်ကြီးရဲ့ ပြိုင်ဘက်မဖြစ်နိုင်သေးဘူး...”
အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြသော လွတ်လပ်အင်ပါယာ၏ လူများက သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီး သူတို့မျက်နှာများက အလွန်မှိုင်းညို့လာကာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ အခြားနိုင်ငံများသည် တည်ငြိမ်မှုကို မည်သို့ထိန်းသိမ်းရမည်နှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများ သောင်းကျန်းနေသည့် ဤကမ္ဘာတွင် လူသားများ ဆက်လက်ရှင်သန်နေထိုင်နိုင်စေရန်အတွက် အခြားနိုင်ငံများက စဉ်းစားနေကြသည်။
သို့သော် လွတ်လပ်အင်ပါယာရှိ ဤလူများက ကွဲပြားသည်။ သူတို့က ဤအခွင့်အရေးကို ရယူကာ ကမ္ဘာကြီးကို အုပ်စိုးချင်ကြပြီး ညစ်ပတ်သောအရာများကို လျှို့ဝှက်စွာ လုပ်ဆောင်နေခြင်းဖြစ်သည်။
“အစီအစဥ်က မှားသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး၊ ပိုအစွမ်းထက်တဲ့ သားရဲဘုရင်ကို ရှာကြည့်လို့ ရတယ်၊ ဗိုလ်ချုပ် ပီအို,က ဒီအကြံအစည်ကို ဘယ်လို အကောင်အထည်ဖော်မလဲလို့ တွေးမိတယ်”
လွတ်လပ်အင်ပါယာအတွင်းတွင်၊ အစီအစဉ်များမအောင်မြင်သော လွတ်လပ်အင်ပါယာမှလူများသည် သူတို့၏နောက်ထပ်အစီအစဉ်ကို ဆွေးနွေးရန် အတူတကွစုရုံးခဲ့ကြသည်။
သူတို့ပြောနေကြသော ဗိုလ်ချုပ်ကြီး ပီအိုသည် ယခုအခါ သမုဒ္ဒရာ၏ နက်နဲရာသို့ ရောက်နေပြီဖြစ်သည်။
ပင်လယ်ဝါးမျို ဝေလငါးဘုရင်သည် မူလက ပင်လယ်ထဲတွင် သာမန်ဝေလငါးသာဖြစ်သည်။ ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာပြီးနောက်၊ သူသည် သူ့၏စွမ်းအားကြီးမားသောသဘာဝ အားသာချက်များနှင့်အတူ သမုဒ္ဒရာ၏အုပ်စိုးရှင်ဖြစ်လာပြီး သူ၏ခွန်အားများက လျင်မြန်စွာတိုးတက်လာခဲ့သည်။
ဤဝေလငါးဘုရင်သည် ကောင်းကင်နှင့်မြေကြီး၏ဓမ္မရုပ်ထုကိုပြသပြီးနောက်၊ ရွှမ်ဝူ,နှင့် နှိုင်းယှဉ်နိုင်သည့် အစွမ်းထက်သောကိုယ်ခန္ဓာရှိပြီး သူ့၏စွမ်းအားက နားမလည်နိုင်လောက်အောင်ပင် ဖြစ်သည်။
လွတ်လပ်အင်ပါယာ၏အမြင်တွင်၊ ရွှမ်ဝူ က အလွန်အစွမ်းထက်သည်။
ပင်လယ်သမုဒ္ဒရာမှ အစွမ်းထက်ဆုံး သားရဲများကို ဤနေရာသို့ လာရန် ဖိတ်ခေါ်နိုင်မှသာလျှင် ရန်နိုင်ငံ၏ လိပ်နက်ကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
…………..
ချီလင် တောင်တန်း၊
လုချန်း,သည် လူသားများ၏ အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာများ မရှိသော်လည်း သူ့တွင် စိတ်ဝိညာဉ် စာချုပ် ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် အရာများကို လျင်မြန်စွာ သိရှိနိုင်သေးသည်။
“သခင်၊ တိမ်တိုက်ဒေသမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပြီ!”
“သခင့် လမ်းတစ်လျှောက်လုံး လိုက်ဖမ်းခဲ့တဲ့ လိပ်နက်ကြီးကို မှတ်မိလား? သူက တိမ်တိုက်ဒေသဆီ ပြေးသွားပြီး ကျူးကျော်လာတဲ့ ပြင်ပ ပုရွက်ဆိတ်ဘုရင်ကို တွန်းလှန်ပစ်ခဲ့တယ်!”
“ဒါတင်မကသေးဘူး၊ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေနဲ့တောင်တွေကိုပေါက်ကွဲစေခဲ့တဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဓမ္မရုပ်ထုကို အသုံးပြုပြီး လီဇာ့(ဒ်) နိုင်ငံရဲ့ ကိုမိုဒို နဂါးကို သုတ်သင်ပစ်လိုက်တယ်”
ကျန်းဟောင်,သည် လုချန်း,ကို တိမ်တိုက်ဒေသတွင် ဖြစ်ပျက်ခဲ့သော ကြီးမားသည့်လှုပ်ခတ်မှုကို သတင်းပေးပို့ခဲ့သည်။
“ဓမ္မရုပ်ထု? ကောင်းကင်နဲ့မြေကြီး?”
“မီတာတစ်ထောင်ရှိတဲ့ လိပ်နက်ကြီးတစ်ကောင်လား“
ကျန်းဟောင်,၏ အစီရင်ခံစာကို နားထောင်ပြီးနောက် လုချန်း,လည်း အနည်းငယ် အံ့သြသွားသည်။
“ဒါ ငါသိတဲ့ လိပ်နက်ပဲလား”
လုချန်း,သည် ဧရာမလိပ်နက်ကြီးကို လိုက်ဖမ်းနေချိန်တွင်၊ တစ်ဖက်က တောက်လျှောက်ထွက်ပြေးခဲ့ပြီး သူ့ကို ရိုက်နှက်ခဲ့သော်လည်း သူ့လက်ထဲတွင် ဤကဲ့သို့ဝှက်ဖဲရှိမည်ဟု မမျှော်လင့်ထားပေ။
နှစ်ဖက်တိုက်ခိုက်နေချိန် ရွှမ်ဝူ,က သူ့အပေါ် ဤဝှက်ဖဲကို အသုံးချခဲ့မည်ဆိုရင် လုချန်း,က အနိုင်ယူနိုင်စွမ်းမရှိမည်ကို စိုးရိမ်သွားသည်။
ထိုကဲ့သို့ သန်မာသော ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမှန်တကယ်ပင် ထူးခြားသည်။ တစ်ချက်သာလှုပ်ရှားရုံဖြင့်၊ ၎င်းသည် ရွှမ်ဝူ မည်မျှ အစွမ်းထက်ကြောင်း သက်သေနေပြပြီး ဧရာမနဂါးကို ချက်ချင်းသတ်ပစ်ခဲ့သည်။
ထို့နောက် လုချန်း,သည် တိမ်တိုက်ဒေသ တွင်ဖြစ်ပျက်ခဲ့သမျှကို ယိုချင်းယန်,အား ပြောပြသည်။
လုချန်း ပြောသည်ကိုကြားပြီးနောက် ယိုချင်းယန်,၏ မျက်လုံးများ ချက်ချင်းပင်ပြူးကျယ်သွားပြီး သူမရဲ့မျက်လုံးများထဲတွင် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်သွားသည်။
ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် ယိုချင်းယန်,သည် သူမ၏မှတ်ဉာဏ်ကို အလွန်ယုံကြည်မှုရှိနေဆဲဖြစ်သည်။
သူမ၏ယခင်ဘဝတွင်၊ ဤလိပ်နက်ကြီးသည် အာဏာရှင်,၏ သတ်ဖြတ်ခြင်းကိုခံရသည်အထိ ကြောက်မက်ဖွယ်ကောင်းသော ဤလှုပ်ရှားမှုကို တစ်ခါမျှ အသုံးမပြုခဲ့ပေ။
“ဒီ ရွှမ်ဝူ,က ရုတ်တရက် အစွမ်းထက်လာတယ်၊ ဒါက ယုံကြည်ခြင်းရဲ့ စွမ်းအားဖြစ်နိုင်မလား?”
ယိုချင်းယန်,၏ အာမေဋိတ်သံကိုကြားပြီး ဘေးက လုချန်း လည်း ထိတ်လန့်သွားသည်။
“ယုံကြည်ခြင်းရဲ့ စွမ်းအား၊ ဒီလောကမှာ ဒီလိုမျိုး ထူးခြားတဲ့ အရာတစ်ခု ရှိနိုင်ပါ့မလား”
ယိုချင်းယန်,က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ဒါပေမယ့် ဒီကမ္ဘာမှာ ဒီစွမ်းအားကို ကျွမ်းကျင်ပြီး အသုံးချနိုင်တဲ့သူက အနည်းငယ်ပဲရှိတယ်”
ဤတစ်ကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရွှမ်ဝူ,သည် နိုင်ငံတစ်ဝှမ်းရှိ မရေမတွက်နိုင်သောလူများထံမှ စုစည်းလာသော ယုံကြည်ခြင်း၏စွမ်းအားကို ရရှိနိုင်ခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ယုံကြည်ခြင်း၏စွမ်းအားကို မှီခိုအားထားမှသာလျှင် တာအိုဓမ္မဘုံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ သူ၏အရွယ်အစားက လျင်မြန်စွာကြီးထွားလာပြီး ဤမျှထိတ်လန့်စရာကောင်းသော စွမ်းအားကိုရှိရခြင်းအကြောင်းရင်းမှာ ဤယုံကြည်ခြင်း၏စွမ်းအား အကူအညီဖြင့် ရွှမ်ဝူသည် သူ့ဘိုးဘေးများ၏စွမ်းအားကို ချေးငှားနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ သွေးမျိုးဆက်သည် လူသားတို့ စူးစမ်းရှာဖွေနေသည့် စွမ်းရည်နှင့်တူသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းလေလေ၊ သူ့၏ ခွန်အားက ပိုမိုအားကောင်းလေလေဖြစ်သည်။
“တစ်နည်းအားဖြင့်ပြောရရင်၊ ပြင်းထန်တဲ့ သွေးသွေးမျိုးဆက်ရှိတဲ့ သားရဲက တာအိုဓမ္မဘုံရဲ့ မှော်အစွမ်းကို ကျွမ်းကျင်ပိုင်နိုင်ရင် ချည်နှောင်ခြင်းအထွတ်အထိပ်အဆင့်ကိုရောက်ဖို့ ၁၀% အခွင့်အလမ်းရှိတယ်”
“ချည်နှောင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ သတ္တဝါတစ်ယောက်တောင်မှ ဒီကြောက်စရာကောင်းတဲ့ စွမ်းအားကို ၁၀၀% မထုတ်သုံးနိုင်ဘူး”
ယိုချင်းယန် ပြောတာကို ကြားပြီးနောက်၊ လုချန်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
ဤတာအိုဓမ္မရုပ်ထုသည် သာမန်လှုပ်ရှားမှုမဟုတ်ကြောင်း ယိုချင်းယန် ထံမှ နားလည်ထားပြီးဖြစ်သည်။
ယခု ရွှမ်ဝူ,သည် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးမျိုးဆက်၏ စွမ်းအားကို အသက်သွင်းလိုက်သောကြောင့်၊ ယခုအချိန်တွင် သူသည် အောင်မြင်သည်ဟု ဆိုနိုင်သည်။
အမှန်တကယ်တွင် လုချန်း,သည် ချည်နှောင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိသော သားရဲတစ်ကောင် ပေါ်လာသည်ကို တစ်ခါမှ မကြားဖူးပေ။
လူချန်း,သည် ခေါင်းကို လှည့်ကာ တိမ်တိုက်ဒေသဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အမြွက်များထွက်ပေါ်လာသည်။
“ဒီလိပ်ကြီးက ဒေါသထွက်ပြီး ငါတို့ကို လက်စားချေဖို့ ပြန်လာရင် ကိုင်တွယ်ရ ခက်လိမ့်မယ်...”
လုချန်း အနည်းငယ်စိုးရိမ်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူ,ကို သူတို့ လိုက်ဖမ်းခဲ့ပြီး ချင်းဟူ ရေကန် အထိ ထွက်ပြေးရန် တွန်းအားပေးခဲ့သောကြောင့်ဖြစ်သည်။
အကယ်၍ ဤရွှမ်ဝူ,သည် ဓမ္မရုပ်ထုကိုအသုံးပြုမည်ဆိုပါက၊ သူ့၏လက်ရှိအင်အားဖြင့် တစ်ဖက်ကို အနိုင်ယူနိုင်မည်မဟုတ်သည်ကို သူစိုးရိမ်သွားမိသည်။
လုချန်း,သည် သူ၏ လက်ရှိအင်အားကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီး သူ၏ ဆက်တိုက်အောင်ပွဲများကြောင့် ယုံကြည်မှုလွန်ကဲသွားခြင်းမရှိပေ။
သို့သော် ဤရွှမ်ဝူ,သည် ကိုမိုဒိုနဂါးကိုပင် ချက်ချင်းသတ်ပစ်နိုင်သည်။ အမှန်တကယ် သူတို့ကို လက်စားချေရန် ရောက်လာမည်ဆိုပါက ဒုက္ခရောက်မည်မှာ သေချာသည်။
မူလက ဤလိပ်ကြီးကိုသတ်ပြီး စွတ်ပြုတ်လုပ်သောက်ချင်ခဲ့ခြင်းဖြစ်သည်။
လုချန်း,၏ လေးနက်သော မျက်နှာကို မြင်လိုက်ရသော ယိုချင်းယန်,က သူ့ကို နှစ်သိမ့်ရန် စကားမပြောဘဲ မနေနိုင်တော့ပေ။
“အစ်ကို ဒီအတွက် သိပ်စိတ်မပူပါနဲ့”
“ဒီ ရွှမ်ဝူ,က အတော်လေး သိမ်မွေ့တဲ့ သဘောထားရှိတယ်၊ တခြားသားရဲတွေနဲ့ မတူတာက သူက ရန်မလိုတတ်ဘူး၊ မဟုတ်ရင် သူ ဒီရေအောက်မှာ တချိန်လုံး နေနေမှာ မဟုတ်ဘူး”
“ဒါ့အပြင် ဒီလိပ်နက်က ညီမတို့ကို လက်စားချေဖို့ တကယ်ပြန်လာခဲ့ရင်တောင် ညီမတို့က အနိုင်မယူနိုင်ရင်တောင်...”
“ညီမတို့ ထွက်ပြေးလို့ရသေးတယ်၊ အနည်းဆုံးတော့ ညီမတို့နှစ်ယောက်က သူ့ထက် ပိုမြန်တယ်”
ယိုချင်းယန်,၏ နှစ်သိမ့်မှုကို ကြားပြီး လုချန်း,၏ ပါးစပ်ထောင့် လှုပ်ယမ်းသွားသည်။
ဤနှစ်သိမ့်မှုသည် အနည်းငယ်ဖျော့တော့ပြီး စိတ်သက်သာနိုင်စွမ်းမရှိပေ။
“မေ့လိုက်တော့၊ စိတ်မပူနဲ့၊ ရန်သူလာရင် ငါက သူ့ကို တိုက်မယ်၊ ရေလာရင် မြေနဲ့ ပိတ်မယ်!”
“လိပ်ကြီးက အခု တိမ်တိုက်ဒေသထဲမှာ ရှိနေတယ်၊ ခွန်လွန်တောင်ရဲ့ နက်ရှိုင်းတဲ့နေရာကို ပြေးသွားတဲ့ ပင်းတီယန်နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်တာ ပိုကောင်းတယ်၊ အဲဒီနွားကြီးက လိပ်နက်ထက် အများကြီး ပိုခေါင်းမာတယ်”
မကြာခင်မှာပဲ၊ လုချန်း တည်ငြိမ်သွားပြီး ခွန်လွန် တောင်တန်း၏ နက်နဲရာဆီ ပြန်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
အကယ်၍ ရွှမ်ဝူ,၏ စွမ်းအားသည် သိသိသာသာ တိုးလာပါက၊ ပင်းတီယန်နတ်ဆိုးဘုရင်သည် ထူးထူးခြားခြား တစ်ခုခု ထပ်လုပ်ပါက မကောင်းပေ။ အန္တရာယ်တစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားလိုက်သည်က ပိုကောင်းသည်။