← Chapters

သားရဲတို့၏ ခမ်းနားသော မင်္ဂလာပွဲကြီး

Vol. 10 Ch. 145

သားရဲတို့၏ ခမ်းနားသော မင်္ဂလာပွဲကြီး

Vol. 10 Ch. 145

လုချန်း,သည် လမ်းတစ်လျှောက်လုံး ပြေးလွှားခဲ့ပြီး ယခုအခါ ဝမ်ယော်နိုင်ငံနှင့် မိုင်ငါးရာအဝေးကိုရောက်နေပြီဖြစ်သည်။

ခွန်လွန် တောင်တန်းသည် အလွန်ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ရှိပြီး ၎င်းကို တောင်ပေါင်းတစ်သိန်းဟု ခေါ်ဆိုခြင်းက ချဲ့ကားခြင်းမဟုတ်ပေ။

နေရာတိုင်းတွင် မြင့်မားသော တောင်တန်းများရှိပြီး တောင်ထိပ်များက တိမ်များထဲသို့ မြင့်တက်နေကာ တောင်ထိပ်များသည် တစ်နှစ်ပတ်လုံး ရေခဲများနှင့် နှင်းများဖြင့် ဖုံးလွှမ်းထားသည်။

လုချန်း,သည် သူ့ရှေ့ရှိ အဆုံးမဲ့တောင်တန်းများကို ကြည့်ပြီး မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။

သူသည် ယခင်က ဤပင်းတီယန်နတ်ဆိုးဘုရင်ကို အမှတ်အသားပြုခဲ့ပြီး ယခုအခါတွင် အဆင့်မြင့် စွမ်းရည်တစ်ခုအဖြစ် အဆင့်မြှင့်တင်ထားသော သူ၏ အာရုံခံစွမ်းအားက အချင်းဝက် မိုင် ၅၀၀ ဧရိယာကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။

သို့သော်လည်း လုချန်း,သည် ခွန်လွန် တောင်တန်းတွင် အချိန်အတော်ကြာ ရှိခဲ့ပြီး အမှတ်အသားကို အာရုံခံခဲ့သော်လည်း ပင်းတီယန်နတ်ဆိုးဘုရင်၏ တည်နေရာကို သူ သတိမပြုမိသေးပေ။

“မဟုတ်ဘူး၊ ငါဒီအတိုင်းဆက်သွားလို့ မရဘူး”

“ခွန်လွန် တောင်တန်းက အရမ်းကျယ်ပြန့်တယ်၊ ပင်းတီယန်နတ်ဆိုးဘုရင်,က တောင်တန်းတစ်ခုခုမှာ ပုန်းနေရင် ငါ သူ့ကို ရှာတွေ့ဖို့ အခွင့်အလမ်း မရှိတော့ဘူး”

“ငါအဆင့်တက်လာလေလေ၊ ဆင့်ကဲအမှတ်တွေ ပိုစားသုံးလာလေလေပဲ၊ အခု ချည်နှောင်ခြင်းအဆင့်(၃)ကို မြှင့်တင်ချင်တယ်ဆိုရင် ဆင့်ကဲအမှတ်ပေါင်း သုံးသန်းလောက် လိုတယ်၊ လောလောဆယ် ငါ့မှာ လုံလောက်တဲ့အမှတ်တွေ မရှိသေးဘူး”

လုချန်း,သည် သူ၏ လက်ရှိ အချက်အလက်ကို ကြည့်လိုက်သည်။

ဤအချိန်ကာလအတွင်း ဝိညာအသီးအနှံများစွာကို ဝါးမြိုကာ သားရဲများ၏ အသွေးအသားများကို စားသုံးပြီးနောက်၊ သူသည် ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပေါင်း ၉၆၀,၀၀၀ ရရှိခဲ့သည်။

မှော်စွမ်းအားနှင့် ပတ်သက်၍၊ လက်ရှိတွင် မိုးကြိုးစွမ်းရည်ကို အဆင့်မြှင့်တင်ပြီးနောက် မိုးကြိုးဒိုမိန်းအဖြစ်ပြောင်းလဲခဲ့သည်။

“နောက်တစ်ဆင့်ရောက်ဖို့ လုံလောက်တဲ့ ဆင့်ကဲအမှတ်တွေရရှိဖို့ ဘယ်လောက်ကြာကြာစောင့်ရဦးမလဲဆိုတာ ငါမသိဘူး၊ အခုလောလောဆယ်မှာ ငါ့ရဲ့စွမ်းရည်တွေကို အဆင့်မြှင့်ရမယ့်ပုံပဲ”

ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပေါင်း နှစ်သန်းကျော်ကို စုဆောင်းခြင်းက သိပ်မလွယ်ကူပေ၊ လုချန်း,သည် သူ၏ အလုံးစုံ ကြံ့ခိုင်မှုကို ဦးစွာ မြှင့်တင်ရန် အရေးကြီးဆုံးဟု ခံစားမိသည်။

လုချန်း,သည် ထူးဆန်းသော စွမ်းအားကို ပထမဆုံး စိတ်ကူးယဉ်ခဲ့သည်။ ယခု ဤအထွတ်အထိပ် စွမ်းရည်၊ ရူးသွပ်ခြင်း စွမ်းရည်သည် သူ၏ ခွန်အားကို တိုက်ရိုက် နှစ်ဆတိုးစေနိုင်သည်။

ကိုယ့်အစွမ်းအစကို တိုက်ရိုက် မြှင့်တင်နိုင်ပြီး အစွမ်းထက်လှသော ဤစွမ်းရည်က လက်ရှိတွင် လုချန်း,၏ အကြီးမားဆုံးသော တိုက်ခိုက်ရေးစွမ်းအားဖြစ်သည်။ မိုးကြိုးဒိုမိန်း ကဲ့သို့သော မှော်စွမ်းအားပင်လျှင် ရူးသွပ်ခြင်းစွမ်းရည်၏ အနေအထားကို မယှဉ်နိုင်ပေ။

“ဒီ ရူးသွပ်ခြင်းစွမ်းရည်ကို ထပ်ပြီး အဆင့်မြှင့်တင်ရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ?”

လုချန်း,သည် ၎င်းကို တွေးတောပြီး သူ၏ ရူးသွပ်ခြင်းစွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၃၀၀,၀၀၀ ကို တိုက်ရိုက်သုံးစွဲခဲ့သည်။

[ဒင်၊ အထွတ်အထိပ်အဆင့် ရူးသွပ်ခြင်းစွမ်းရည်ကိုအဆင့်မြှင့်တင်ခဲ့သည်၊ မှော်စွမ်းအား- နတ်ဆိုးအသွင်ပြောင်းခြင်း]

[နတ်ဆိုးအသွင်ပြောင်းခြင်း- ကဏ္ဍပေါင်းစုံတွင် ခွန်အားသုံးဆတိုးမြင့်နိုင်သည်]

“ငါမျှော်လင့်ထားသလိုပဲ၊ ဒီ ရူးသွပ်ခြင်းစွမ်းရည်က အရင်လို ရိုးရှင်းပြီး ကြမ်းတမ်းနေဆဲပဲ၊ ထပ်ပြီး သုံးဆတိုးလာခဲ့တယ်!”

မှော်စွမ်းအားအသစ်၏ အချက်အလက်ကိုကြည့်ရင်း လုချန်း,က ချက်ချင်းဝမ်းသာသွားသည်။

ဤနတ်ဆိုးအသွင်ပြောင်းခြင်းတွင် မည်သည့် လိုအပ်ချက်မျှ မရှိဘဲ လက်ရှိ ခွန်အားကို သုံးဆ တိုးမြင့်စေနိုင်သည်။

နောက်ဆုံးတွင်၊ သူ့၏ကိုယ်ပိုင်ခွန်အားက ပိုမိုအားကောင်းလာလေလေ၊ နတ်ဆိုးအသွင်ပြောင်းခြင်းမှ ယူဆောင်လာသော အကျိုးသက်ရောက်မှုက ပို၍ကြောက်စရာကောင်းလေလေဖြစ်သည်။

ထို့နောက် လုချန်း,သည် သူနိုးထလာခဲ့သော ပထမဆုံး စွမ်းရည်ဖြစ်သည့် ရေခဲစွမ်းရည်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သည်။

၎င်းသည် မိုးကြိုးစွမ်းရည်အပြင် အခြားသော အဓိက တိုက်ခိုက်ရေးစွမ်းရည်လည်း ဖြစ်သည်။

[ဒင်၊ အထွတ်အထိပ်အဆင့် ရေခဲစွမ်းရည်ကို အဆင့်မြှင့်တင်ခဲ့သည်၊ မှော်စွမ်းအား- ရေခဲဒိုမိန်း]

[ရေခဲဒိုမိန်း- အတိုင်းအတာတစ်ခုအတွင်း လွန်ကဲအအေးဓာတ်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်သည်]

လုချန်း,သည် ဤရေခဲဒိုမိန်းက မိုးကြိုးဒိုမိန်းနှင့် တူညီကြောင်းတွေ့ရှိခဲ့သည်။

ဤရေခဲဒိုမိန်း ဧရိယာတွင် သူသည် ရေခဲနတ်ဘုရားတစ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ဤအစွမ်းထက်သော ပင်ကိုယ်စွမ်းရည်နှစ်ခုကို အဆင့်မြှင့်တက်ပြီးနောက်၊ လုချန်း,တွင် နောက်ဆုံးအခွင့်အရေးတစ်ခုသာ ကျန်ရှိတော့ပြီး၊ ဤဆင့်ကဲပြောင်းလဲခြင်းအမှတ်အားလုံးကို အာရုံခံစွမ်းရည်အပေါ် မြှုပ်နှံလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ သတ္တဝါများစွာ၏ ခွန်အားများ တိုးလာကြသည်။

သားရဲများ၏ သဘာဝတိုက်ပွဲဝင်နည်းလမ်းများက တဖြည်းဖြည်း ပြောင်းလဲလာမည်ဟု လုချန်း,က ပိုမိုခံစားလာရပြီး ဤအာရုံခံစွမ်းရည်က သူ့ကို တိုက်ပွဲတွင် ပိုမိုလုပ်ဆောင်နိုင်စေမည်မှာ သေချာသည်။

[ဒင်၊ အထွတ်အထိပ်အဆင့် အာရုံခံစွမ်းရည်ကို အဆင့်မြှင့်တင်ခဲ့သည်၊ မှော်စွမ်းအား- နတ်အာရုံ]

စနစ်အချက်ပေးသံကိုကြားသောအခါ လုချန်း ၏မျက်ခုံးများ လှုပ်သွားသည်။ နတ်အာရုံဟုသည့် အမည်ကို သူကြားရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

လုချန်း,သည် သူ၏ယခင်ဘဝတွင်၊ ဤစွမ်းရည်ကို များပြားလှပြီး မရေတွက်နိုင်သော အွန်လိုင်းဝတ္ထုများတွင် ဖတ်ရှုခဲ့ဖူးသည်။

လုချန်း,သည် ဤနတ်အာရုံသည် သုံးဖက်မြင်ပုံရိပ်နှင့်တူကြောင်း၊ ရိုးရိုးသာမန်အာရုံခံခြင်းမဟုတ်တော့ကြောင်း တွေ့ရှိခဲ့သည်။ ယင်းအစား၊ ၎င်းသည် အာရုံခံအကွာအဝေးအတွင်းရှိ အရာအားလုံးကို အမှန်တကယ်မြင်နိုင်ကြားနိုင်သည့်အပြင် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကိုလည်း ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။

စင်စစ်၊ ဤနတ်အာရုံ၏ မြင်နိုင်ကြားနိုင်သောအကွာအဝေးက မိုင်တစ်ရာခန့်သာဖြစ်ပြီး၊ လွှမ်းခြုံမှုအကွာအဝေးက မိုင်တစ်ထောင်အကွာအဝေးသို့ ရောက်ရှိသွားသည်။

ဤမှော်စွမ်းအားအသစ်ကိုရရှိပြီးနောက် လုချန်း,သည် မိုင်တစ်ထောင် အစွန်းအနီး၌ ပင်းတီယန်နတ်ဆိုးဘုရင်၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။

သို့ပေမယ့် မကြာခင်တွင် အမှတ်အသားက သူ့အာရုံခံအကွာအဝေးမှ လွတ်မြောက်သွားသည်။

သို့ပေမယ့် ကိစ္စမရှိပေ။ လုချန်း,သည် တိကျသော ဦးတည်ချက်ကို သိနေပြီဖြစ်သည်။ ထို့နောက် သူသည် ထိုလမ်းကြောင်းဆီသို့ ပျံသန်းပြီး သူ၏ ကိုယ်ပျောက်စွမ်းရည်ကို ချက်ချင်းအသုံးပြုခဲ့သည်။

ဤတစ်ကြိမ်တွင် လုချန်း,သည် ပင်းတီယန်နတ်ဆိုးဘုရင်ကို လုံးလုံးသတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ယခင်အမှတ်အသားပေါ်လာသည့်နေရာသို့ ပျံသန်းသွားပြီးနောက် လုချန်း,သည် ပင်းတီယန်နတ်ဆိုးဘုရင်၏ အငွေ့အသက်ကို ထပ်မံခံစားမိလိုက်သည်။

သူ နီးကပ်လာသည်နှင့်အမျှ လုချန်း,သည် ပင်းတီယန်နတ်ဆိုးဘုရင်က အခြေခံအားဖြင့် နောက်ထပ်မထွက်ခွာတော့ဘဲ ဧရိယာတစ်ခုတည်းတွင် ရှိနေကြောင်း တွေ့ရှိခဲ့သည်။

မကြာခင်မှာပင် လုချန်း,က ပင်းတီယန်နတ်ဆိုးဘုရင်နှင့် မိုင်တစ်ရာဝေးသော အရပ်ကို ရောက်ရှိလာခဲ့ပြီး သူအခုလေးတင်ရရှိထားသော နတ်အာရုံက ယခု အသုံးဝင်လာခဲ့သည်။

လုချန်း,၏ သုံးဖက်မြင်,မြင်ကွင်းတွင်၊ ကြီးမားသော တောင်အောက်ရှိ လှိုဏ်ဂူတစ်ခုကို သူတွေ့လိုက်ရသည်။

ဂူအပြင်ဘက်တွင် ယခုမြင်နေရသည်မှာ၊ ကြီးမားသော ကျောက်စားပွဲများစွာရှိနေခြင်းဖြစ်သည်။

သို့ပေမယ့် ၎င်းကို ကျောက်စားပွဲဟု ခေါ်ခြင်းထက် ကြီးမားသောကျောက်ပြားများဟု ပြောလျှင် ပိုမှန်လိမ့်မည်ဖြစ်သည်။

ဤကျောက်စားပွဲများသည် ယခုအခါ အသားမျိုးစုံဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်အသီးအနှံများနှင့် ဝိညာဉ်စပျစ်ဝိုင်များပင် ရှိသေးသည်။

ဤကျောက်စားပွဲများဘေးတွင် အစွမ်းထက်သော သားရဲအများအပြားထိုင်နေကာ အစာကို နှစ်သက်စွာစားသောက်နေကြသည်။

စားပွဲဝိုင်းများကြားတွင် အရွေ့အပြောင်းလုပ်နေသော အားနည်းသော သားရဲအချို့က ပြုံးလျှက်ရှိနေသည်။

သူတို့သည် လက်ထဲတွင် ဝိုင်ကောင်းနှင့် အရသာမျိုးစုံကို ကိုင်ဆောင်ထားကြပြီး စားပွဲထိုးများအဖြစ် လုပ်ဆောင်နေပုံရသည်။

လုချန်း,သည် ဂူဝင်ပေါက်တွင် ဖားနှင့်တူသော သားရဲအချို့ ရပ်နေသည်ကိုပင် တွေ့လိုက်ရပြီး အသီးသီးက တေးဂီတတီးခတ်နေသကဲ့သို့ ကောင်းကင်ဆီသို့ ဟိန်းဟောက်နေကြသည်။

ဤရက်စက်ကြမ်းကြုတ်သော သားရဲများက ပွဲလမ်းသဘင်ကို ဖန်တီးလိုပုံရသည်။ သို့သော် လူသားများကဲ့သို့ အနီရောင်ပိုးချည်မျှင်ကို အသုံးပြုမည့်အစား ရက်စက်ကြမ်းကြုတ်သော သားရဲများ၏သွေးကို တိုက်ရိုက်အသုံးပြုခဲ့ကြသည်။

ဂူအပြင်ဘက် မြေပြင်နှင့် သစ်ပင်များစွာတို့က သွေးများဖြင့် နီရဲနေခဲ့သည်။ အဝေးက ကြည့်ရသည်မှာ လမ်းပေါ်တွင် ကော်ဇောနီခင်းထားသကဲ့သို့ပင်။

သို့သော် ပြင်းထန်သော သွေးနံ့သည် “ပွဲလမ်းသဘင်” ဟူသော စကားလုံးနှင့် လုံးဝ မသက်ဆိုင်ပေ။

ယခု ဤကျောက်ပြားများ ပတ်လည်တွင် ရာနှင့်ချီသော ရက်စက်ကြမ်းကြုတ်သော သားရဲများ ရှိနေသည်။

ထို့အပြင်၊ သူတို့တစ်ကောင်ချင်းစီသည် အလွန်အစွမ်းထက်ကြပြီး အများစုမှာ နိုးထခြင်းအဆင့်(၆)ခန့်ရှိသည်။

ချည်နှောင်ခြင်းအဆင့်ကို ရောက်ရှိနေသော အင်အားကြီး နတ်ဆိုးဘုရင် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ရှိပြီး လုချန်း လိုက်ဖမ်းခဲ့သည့် ပင်းတီယန်နတ်ဆိုးဘုရင်သည်လည်း အပါအဝင်ဖြစ်သည်။

“ဘာလုပ်နေကြတာလဲ? ဒါက မင်္ဂလာပွဲတစ်ခုလား”

လုချန်းသည် သူ့ရှေ့မှမြင်ကွင်းကို အလွန်ရင်းနှီးနေသလိုခံစားလိုက်ရသည်။ ၎င်းက မင်္ဂလာပွဲ အခမ်းအနားတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။

သို့သော်၊ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲဗားရှင်းဖြင့်သော မင်္ဂလာပွဲဖြစ်သည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သားရဲများအပြင် လက်ထပ်ပွဲတစ်ခုတွင် အချစ်ဇာတ်လမ်းဖန်တီးရန် မည်သူမျှ သွေးအများအပြားသုံးစွဲမည်မဟုတ်ပေ။

လုချန်း,သည် သူ့ပတ်ဝန်းကျင်ရှိ အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် အဆိုပါ ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများကြားတွင် အလွန်သေးငယ်သော ရုပ်သွင်နှစ်ခုရှိနေကြောင်း သတိပြုမိသည်။

ရုပ်သွင်နှစ်ခုသည် လူသားများနှင့် အရွယ်အစားတူညီပြီး ဤကြမ်းတမ်းသောပုံသဏ္ဍာန်ရှိသည့် သားရဲများကို လှမ်းကြည့်နေကြသည်။

သို့သော် လုချန်း,သည် ထိုရုပ်သွင်နှစ်ခုကို မြင်သောအခါ သူ့မျက်ခွံများ လှုပ်ယမ်းသွားသည်။

အဘယ်ကြောင့်ဆိုသော် လုချန်း,သည် ဤရုပ်သွင်နှစ်ခုထဲမှတစ်ခုက ချည်နှောင်ခြင်းအဆင့်(၃)သို့ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိသောကြောင့်ဖြစ်သည်။

လုချန်း,သည် အဆင့်တက်မြန်နှုန်းတွင် သူ့ထက်သာလွန်သော သားရဲတစ်ကောင်ကို ပထမဆုံးတွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ဤရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းနည်းပညာကို အမှန်တကယ် သိရှိနေခြင်းဖြစ်သည်။

All Chapters