မင်္ဂလာပွဲမှအစပြု၍ ပြင်းထန်သောတိုက်ပွဲ!
Vol. 10 Ch. 148
နွားနဂါးမှ ထွက်လာသော အားကောင်းသည့် စွမ်းအားကို ခံစားလိုက်ရသဖြင့် လုချန်း မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်မိသည်။
“သန်မာတဲ့ကောင်ပဲ၊ ရှောင်ပိုင် ပြောခဲ့သလိုပဲ၊ သူ့ရဲ့ သွေးမျိုးဆက်နဲ့ စွမ်းအားတွေက တကယ်ကို လွန်ကဲလွန်းတယ်’
“အထူးအသွေးမျိုးဆက်ပါတဲ့ သားရဲတွေက သာမန်ထက်မြက်တဲ့ သားရဲတွေနဲ့ လုံးဝယှဉ်လို့မရဘူး”
လုချန်း,သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းရန် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီး သူ့ရှေ့ရှိ နွားနဂါးကို ကြည့်လိုက်သည်။
ပြိုင်ဘက်သည် ချည်နှောင်ခြင်းအဆင့်(၃)တွင် အားကောင်းသောသားရဲဘုရင်ဖြစ်နေသော်လည်း၊ စနစ်ပါရှိသည့် သူ့ထက်အဆင့်မြင့်သော်လည်း လုချန်း သည် တိုက်ပွဲကိုကြောက်ရွံ့နေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ပြိုင်ဘက်၏ အလွန်အစွမ်းထက်သော ရောင်ဝါကို အာရုံခံမိလိုက်ရာ လုချန်း,က တုန်လှုပ်ချောက်ချားသွားပြီး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများက အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။
လုချန်း,သည် ဤမျှ ပြင်းထန်သော ဖိနှိပ်မှုကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
သူသည် သူ့၏ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး ယခုနောက်ဆုံးတွင် သူ့ထက်ပင် ပိုမိုအားကောင်းသည့် တည်ရှိမှုကို သူကြုံတွေ့ခဲ့ရသည်။ လုချန်း,၏ ပါးစပ်ထောင့်များက ဖြည်းညှင်းစွာ အပေါ်သို့ကွေးတက်သွားသည်။
ကလေးဘဝတုန်းက ကျားကိုတောင် တိုက်ရဲတဲ့ နှင်းဝံပုလွေတစ်ကောင်အနေနှင့် လုချန်း,ဟာ ဘယ်တုန်းကမှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
“နတ်ဆိုးအသွင်ပြောင်းခြင်း!”
သူ့ရှေ့ရှိ နွားနဂါးက ထူးခြား သောကြောင့် လုချန်း,က မနှောင့်နှေးတော့ဘဲ သူ့၏ မှော်စွမ်းအားဖြစ်သည့် နတ်ဆိုးအသွင်ပြောင်းခြင်းကို တိုက်ရိုက်အသုံးပြုလိုက်သည်။
တခဏအတွင်းမှာပင် ကြီးမားသော ခန္ဓာကိုယ်ကြီးက တစ်ဖန် ကြီးမားလာပြီး ကြောက်မက်ဖွယ် စွမ်းအားများက ခန္ဓာကိုယ်အတွင်း ဆက်လက်စီးဆင်းနေသည်။
“ဘုန်း!” “ဘုန်း!” “ဘုန်း!”
ခဏအကြာတွင် လုချန်း,၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ဝိညာဉ်စွမ်းအားများက မြစ်တစ်စင်းသကဲ့သို့ စီးဆင်းသံများထွက်လာသည်။
ဝိညာဉ်စွမ်းအား စီးဆင်းလာသည်နှင့်အမျှ လုချန်း,၏ ကြွက်သားများ ဖောင်းပွလာပြီး ငွေဖြူရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော အေးစက်သောလေများက လုချန်း ပတ်ပတ်လည်တွင် စုရုံးလာပြီး သူ့ခြေထောက်အောက်ရှိ မြေပြင်သည် ချက်ချင်းပင် ရေခဲပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကြောက်စရာကောင်းသော လျှပ်စီးကြောင်းများသည် ငွေနဂါးများကဲ့သို့ ပေါက်ကွဲသံများဖြင့် လုချန်း ကို ဝန်းရံထားသည်။
လေထုထဲတွင် ရပ်တန့်နေသော လုချန်း,သည် သားရဲအုပ်စုကို ခြိမ်းခြောက်နေသော ရှေးဒဏ္ဍာရီလာ နတ်သားရဲတစ်ကောင်ကဲ့သို့ ထိုအခိုက်အတန့်တွင် ငွေရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည်။
ခွန်အားသုံးဆတိုးလာကာ ရုတ်တရက် အရှိန်အဝါများထိုးတက်လာပြီး လုချန်း,က သူ့ကိုယ်သူပင် ခဏတာ ထိတ်လန့်သွားသည်။
လုချန်း,သည် ဤမှော်စွမ်းအားကို အဘယ်ကြောင့် နတ်ဆိုးအသွင်ပြောင်းခြင်း ဟုခေါ်သည်ကို ယခု နားလည်သွားလေပြီ။ ၎င်းကို အသုံးပြုပြီးနောက် ဒဏ္ဍာရီများထဲမှ နတ်သားရဲကဲ့သို့ အလွန်အစွမ်းထက်လာသည်။
လုချန်း,တွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကြောင့် ရှိနေသော သားရဲများအားလုံး တုန်လှုပ်သွားကြသည်။
နွားနဂါး၏ ဖိနှိပ်ခြင်းကိုခံလိုက်ရသော နှင်းဝံပုလွေသည် ရုတ်တရက် အရွယ်အစားကြီးလာပြီး နွားနဂါးထက်ပင် သုံးဆပိုကြီးလာသည်။
အထူးသဖြင့် တောင်များနှင့် ပင်လယ်များကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်က လုချန်း,ထံမှ ထွက်ပေါ်လာသောအခါ။
ယခုပင် အလွန်မောက်မာခဲ့သော ပင်းတီယန်နတ်ဆိုးဘုရင်သည် လုချန်း,၏ စွမ်းအားရုတ်တရက် တိုးလာသည်ကို မြင်သောအခါ ပို၍ပင် တုန်လှုပ်သွားလေသည်။ စကားတစ်ခွန်းမျှ မပြောနိုင်လောက်အောင်ပင် ထိတ်လန့်သွားသည်။
ပင်းတီယန်နတ်ဆိုးဘုရင်၏ မူလနက်မှောင်သော မျက်နှာက သိသိသာသာ အရောင်ဖျော့လာကာ မသိစိတ်မှ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။
လုချန်း,၏အသွင်အပြင်ကိုမြင်သောအခါတွင် ယခင်ကယုံကြည်မှုရှိသော ချူးယန် သည် အလွန်လေးနက်လာခဲ့ပြီး သူ့ကိုနည်းနည်းလေးမှလျှော့မတွက်ဝံ့တော့ပေ။
“ယောင်္ကျား!”
မြေခွေးနတ်ဆိုးက ချူးယန်ကို စိုးရိမ်နေသော သူ့မျက်များဖြင့် လှမ်းကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ မြေခွေးလေး၊ ငါအဆင်ပြေပါတယ်”
နှစ်ဘက်စလုံး၏ မျက်နှာဖုံးများက ကွာကျကုန်ပြီမို့ သူ့သဘောအတိုင်း ပြန်ဆုတ်ရန် မရွေးချယ်နိုင်တော့ပေ။ လုချန်း အလွန်အစွမ်းထက်သော်လည်း အဆုံးထိ တိုက်ပွဲဝင်ရမည်ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများစွာဖြင့် သူစွန့်ခွာပါက အနာဂတ်တွင် ခွန်လွန် တောင်တန်းတွင် မည်သို့ရှင်သန်နိုင်တော့မည်နည်း။
ငွေဖြူနှင်းဝံပုလွေ လုချန်း နှင့်မတူဘဲ ချူးယန်,၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက ရွှေရောင်အလွှာတစ်ခုဖြင့် အဆက်မပြတ် လင်းလက်နေပြီး ယိုချင်းယန်,၏ ဗျကရားစွမ်းရည်နှင့် ဆင်တူသော ရုပ်ပိုင်းစိုင်ရာကြံခိုင်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။
ယခုအချိန်တွင် ချူးယန်,၏ ခွန်အားက လွန်ကဲစွာရောက်ရှိသွားခဲ့သည်။ နွား သို့မဟုတ် နဂါးကဲ့သို့ သော သူ၏ဦးခေါင်းကိုမော့၍ ပြင်းစွာဟိန်းဟောက်လိုက်သည်။။ ရှေးဟောင်း သားရဲကဲ့သို့ ပြင်းထန်သော ဖိအားတစ်ရပ်က အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
သို့သော်၊ ချူးယန် ၏သွေးမျိုးဆက်သည် သာမန်တန်ခိုးကြီး သားရဲများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပြီး၊ သူသည် သူ့ထက်အဆများစွာကြီးမားသော နှင်းဝံပုလွေဘုရင်ထက် များစွာသာလွန်နေသေးသည်။
“လာ၊ တိုက်ပွဲစမယ်!”
လုချန်း,၏ ရေခဲပြာမျက်လုံးများက ယခုအခိုက်အတန့်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ချက်ချင်းပင်၊ သူသည် ငွေဖြူရောင်လျှပ်စီးလက်သွားသကဲ့သို့ ချူးယန်,ဆီ ပြေးဝင်သွားခဲ့သည်။ ပြင်းထန်သော အရှိန်အဟုန်ကြောင့် မာနကြီးသော ချူးယန်,ကို အလွန်ထိတ်လန့်သွားစေသည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် သူ၏ ဝိညာဉ်စွမ်းအားများကိုသာ လှည့်ပတ်ကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ရှေ့သို့ အလျင်အမြန်ကာလိုက်သည်။
“ဘုန်း!”
ဧရာမသားရဲကြီးနှစ်ကောင် တိုက်မိပြီး ကျယ်လောင်သောပေါက်ကွဲသံက တောင်တန်းကြားတွင် ပဲ့တင်ထပ်သွားသည်။ အသံက ပြင်းထန်လွန်းပြီး မိုးခြိမ်းသံကဲ့သို့ပင်။ နွားနဂါး ၏ကြီးမားသောရွှေကိုယ်ထည်သည် လုချန်း,နှင့် တိုက်မိပြီးနောက် ပေရာနှင့်ချီအကွာသို့ တိုက်ရိုက်လွင့်ထွက်သွားခဲ့သည်။
သူ့နောက်မှ တောင်နံရံကို ပြင်းပြင်းထန်ထန် ဝင်တိုက်မိလိုက်သည်။ သက်ရောက်မှုက ကြီးမားလွန်းသဖြင့် တောင်တစ်ခုလုံး လှုပ်ယမ်းသွားသည်။ တောင်ကြီးတစ်ခုလုံး ကွဲအက်သွားပြီး ကြီးမားသောကျောက်တုံးကြီးများက အဘက်ဘက်သို့ လွင့်စင်သွားခဲ့သည်။
နတ်ဆိုးအသွင်ပြောင်းခြင်းကို အသက်သွင်းပြီးနောက် လုချန်း,၏ ခွန်အားသည် ချည်နှောင်ခြင်းအဆင့်(၄)နှင့် နှိုင်းယှဉ်နိုင်ပြီး ချည်နှောက်ခြင်းအဆင့်(၅)သို့ပင် ချဉ်းကပ်နေပြီဖြစ်သည်။
ချူးယန်တွင် ထူးခြားသော သွေးမျိုးဆက်ရှိသော်လည်း လုချန်း နှင့် မယှဉ်နိုင်ပေ။ သို့သော် ချည်နှောင်ခြင်းအင့်(၃)ရှိ သာမန်သားရဲနှင့်မတူဘဲ သူ၏သွေးမျိုးဆက်ကြောင့် ဤတိုက်ခိုက်မှုဖြင့် သေဆုံးခြင်း သို့မဟုတ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရသွားခြင်းမရှိဟုပင် ဆိုနိုင်သည်။
ဤအခိုက်အတန့်တွင် လုချန်း မှပြသခဲ့သော ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်သည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို အလွန်ကြောက်လန့်စေခဲ့သည်။ ချည်နှောင်ခြင်းအဆင့်(၃)၏နွားနဂါးသည်ပင် လုချန်း နှင့်မယှဉ်နိုင်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
“ယောက်င်္ကျား!”
ချူးယန် ရှုံးနိမ့်ခဲသည်ကို မြင်လိုက်ရသဖြင့် မြေခွေးနတ်ဆိုး၏ လေသံမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
“စိတ်မပူနဲ့ မြေခွေးလေး၊ ငါအဆင်ပြေတယ်”
ချူးယန်သည် သူ့ခန္ဓာကိုယ်ကို ခါယမ်းကာ အပျက်အစီးများကြားမှ ပြန်ထရပ်လိုက်သည်။
သူ့တွင် ထူးကဲသော သွေးမျိုးဆက်နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည်။ သူသည် ကြီးမားသော အင်အားဖြင့် လွင့်ထွက်သွားခဲ့ရသော်လည်း ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့ပေ။
“ညီအစ်ကိုတို့၊ နှင်းဝံပုလွေဘုရင်ကြောင့် ဒီနေရာ မထိခိုက်စေရဘူး၊ အတူတူ တိုက်ခိုက်ကြရအောင်”
ချူးယန်သည် လုချန်း နှင့် မယှဉ်နိုင်သည်ကို မြင်လိုက်ရသဖြင့် ပင်းတီယန်နတ်ဆိုးဘုရင်လည်း ထိတ်လန့်သွားခဲ့သည်။
ယခု သူနှင့် ချူးယန်သည် လှေတစ်စီးတည်းတွင် ရှိနေသည်ဟုဆိုနိုင်သည်။ ချူးယန် တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုလျှင် သူသည်လည်း ရှင်သန်ရန် လမ်းမရှိတော့ပေ။
သို့သော်လည်း၊ ပင်းတီယန်နတ်ဆိုးဘုရင် ပြောသည်ကို အနီးနားရှိ နတ်ဆိုးဘုရင်များကြားသောအခါ၊ သူတို့သည် နှုတ်ဖြင့်သဘောတူသော်လည်း မည်သူမျှ အမှန်တကယ် မကူညီချင်ကြပေ။
နောက်ဆုံးတွင်၊ ၎င်းက လုချန်း နှင့် ပင်းတီယန်နတ်ဆိုးဘုရင် တို့၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး သူတို့နဲ့ဘာမှမဆိုင်ပေ။ ထို့အပြင်၊ လုချန်း,၏ လက်ရှိ အားကောင်းသည့် စွမ်းအားကြောင့် မည်သူမျှ ရှေ့မထွက်ရဲကြပေ။
ပင်းတီယန်နတ်ဆိုးဘုရင်က သူတို့ကို နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်ခဲ့သော်လည်း နတ်ဆိုးဘုရင်သုံးကောင်သာ မတ်တပ်ထရပ်ပြီး တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။
လုချန်း,၏ ပြင်းထန်သော ဖိအားအောက်တွင် ကျန်ရှိသော သားရဲများသည် ဤနေရာမှ ထွက်ခွာသွားကြပြီး တိုက်ပွဲကို အဝေးမှ ကြည့်နေကြသည်။
“ဟမ့်၊ လေပေါတဲ့ကောင်တွေ ဘယ်လောက်တောင် များလိုက်သလဲ!”
ပင်းတီယန်နတ်ဆိုးဘုရင်က ဒေါသတကြီးဖြင့် ကျိန်ဆဲပြီးနောင် သူ နှင့် နတ်ဆိုးဘုရင်သုံးကောင်၊ ချူးယန် တို့က လုချန်း,ကို တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။
တခဏအကြာပြီးနောက် လုချန်း,သည် ချည်နှောင်ခြင်းအဆင့်ရှိ သားရဲလေးကောင်နှင့်ရင်ဆိုင်ခဲ့ရုံသာမက တစ်ချိန်တည်းမှာပင် မြေခွေးနတ်ဆိုးနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
မြေခွေးနတ်ဆိုး၏ အဆင့်သည် ချူးယန် ထက် အားနည်းသော်လည်း ၎င်းက ချည်နှောင်ခြင်းအဆင့်(၂) စွမ်းအားရှိနေဆဲဖြစ်သည်။
သို့သော်လည်း ဤမြေခွေးနတ်ဆိုး၏ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းသည် အမြီးကိုးချောင်းမြေခွေး နှင့် ဝံပုလွေအိုကြီး တို့နှင့် ဆင်တူကြောင်း လုချန်း,က သိရှိခဲ့သည်။
ချည်နှောင်ခြင်းအဆင့်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲလေးကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ရင်ဆိုင်ရသောအခါတွင်ပင် နတ်ဆိုးအသွင်ပြောင်းခြင်းကို အသက်သွင်းထားခဲ့သော လုချန်း,က လုံးဝမကြောက်ပေ။
ချူးယန်,သည် သန်မာပြီး အစွမ်းထက်ရုံသာမက အလွန်လျင်မြန်စွာ ရှောင်တိမ်းနိုင်သေးသည်။
ဤသားရဲများ ပေါင်းစည်းမိသောအခါ၊ ချူးယန်သည် လုချန်း,၏ တိုက်ခိုက်မှုများကို မကြာခဏ ရှောင်တိမ်းနိုင်သော်လည်း ပင်းတီယန်နတ်ဆိုးဘုရင်နှင့် အခြားသော သားရဲသုံးကောင်သည်တော့ ကံမကောင်းလှပေ။
အသက်ရှူချိန်အနည်းငယ်မျှကြာသောအခါ၊ ချည်နှောင်ခြင်းအဆင့်ရှိ အခြားသော သားရဲသုံးကောင်က ဒဏ်ရာရနေပြီဖြစ်သည်။
ချည်နှောင်ခြင်းအဆင့်(၂)ရှိ အဝါရောင် ခြင်္သေ့တစ်ကောင်သည် လုချန်း ၏ခြေထောက်ဖြင့် ကျောရိုးကျိုးသွားပြီး ဝံပုလွေ၏ခြေသည်းများနှင့်အတူ ခါးနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာကြီးကြီးမားမား ရသွားကာ လေထဲတွင် သွေးများစီးကျလာခဲ့သည်။ ထိုအချိန်တွင် သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှုသံများတိုးညှင်းနေလေပြီ။
ဤသားရဲများသည် သွေးများဖြင့် အနည်းနှင့်အများ ဖုံးလွှမ်းနေသော်လည်း အကျယ်လောင်ဆုံး ဟိန်းဟောက်ခဲ့သော ပင်းတီယန်နတ်ဆိုးဘုရင်သည် တိုက်ပွဲအတွင်း နောက်ဖက်တွင်သာ ပုန်းအောင်းနေပြီး လုချန်း,၏ လျှပ်စီးကြောင်းများကြောင့် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
“စိပ်မပူကြလေနှင့်၊ မင်းတို့ကို ငါပို့ဆောင်ပေးမယ်!”
တိုတောင်းသောတိုက်ပွဲအပြီးတွင်၊ လုချန်း,သည် နတ်ဆိုးအသွင်ပြောင်းခြင်းကို မြှင့်တင်ခဲ့သည့်အတွက် အလွန်ကျေနပ်သွားသည်။
သူ့ရှေ့ရှိ သွေးများဖြင့် ဖုံးလွှမ်းနေသော သားရဲများကို ကြည့်လိုက်ပြီး လုချန်း,က မိုးကြိုးဒိုမိန်းကို ချက်ချင်း အသုံးပြုလိုက်သည်။
ရုတ်တရက် တိမ်မည်းများက ပေထောင်ပေါင်းများစွာသော ဧရိယာကို ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ငွေလျှပ်စီးကြောင်းများက လေထုထဲတွင် လင်းလက်သွားခဲ့သည်။
ဤကမ္ဘာမြေပျက်သုန်းသကဲ့သို့မြင်ကွင်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲသုံးကောင်ကို ချက်ချင်းပင် ထိတ်လန့်သွားစေကာ အထိန်းအကွပ်မရှိ တုန်လှုပ်သွားခဲ့ကြသည်။ အင်အားကြီး ချူးယန် ပင်လျှင် မိုးတိမ်များကြားတွင် အန္တရာယ်ကို ခံစားလိုက်ရသည်။
“ချိန်းး~”
လုချန်း လှုပ်ရှားတော့မည့်အချိန်တွင် ထူးဆန်းသည့်အသံတစ်သံက သူ့နားထဲကို ဝင်လာရောက်ခဲ့သည်။
ဤအသံသည် အလွန်ထူးဆန်းသော စွမ်းအားရှိပုံရပြီး လုချန်း,၏ ဝိညာဉ်က ရုတ်တရက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။