ကူညီပေးရန်ရောက်လာသော ယိုချင်း
Vol. 10 Ch. 150
“မြေခွေးလေး၊ အစ်ကို မင်းကို နောက်မှလာရှာမယ်၊ မင်းအရင်သွားလိုက်!”
“သူ့ရဲ့စွမ်းရည်က ငါ့ထက်သာလွန်ပြီး မင်းကိုကာကွယ်ပေးနိုင်ဖို့က မသေချာဘူး၊ မင်း...အဲဒီကိုရောက်ရင် ငါမင်းကိုလာရှာဖို့ စောင့်နေ...”
ချူးယန်,က သူ့ဘေးနားရှိ မြေခွေးနတ်ဆိုးကို တိုးတိုးလေးပြောသည်။
လုချန်း,က မြေခွေးနတ်ဆိုး၏ ကုချင်းတီးမှုတ်မှုကြောင့် ထိခိုက်မှုမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် သူ၏တိုက်ခိုက်မှုများနှင့် လှုပ်ရှားမှုတိုင်းက ပို၍ပြင်းထန်လာသည်။
ချူးယန်သည် သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ယခင်က သူနှင့် ပင်းတီယန်တီယန်နတ်ဆိုးဘုရင်၊ အခြားသော ရက်စက်ကြမ်းကြုတ်သော သားရဲများစွာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး လုချန်း,ကို ရင်ဆိုင်နိုင်ခဲ့သည်။ လုချန်း,သည် ဇနီးဖြစ်သူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကြောင့် သူတို့နှင့်တိုက်ခိုက်ရာတွင် အာရုံမစိုက်နိုင်တော့၍ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။
သို့ပေမယ့် ချူးယန်သည် သူ့ကိုယ်ပိုင်အစွမ်းဖြင့် သူ့ရှေ့ရှိ အစွမ်းထက်သော နှင်းဝံပုလွေနှင့် မယှဉ်နိုင်သည်ကို သူ့စိတ်ထဲတွင် သိနေခဲ့သည်။
ယခု အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် နှင်းဝံပုလွေဘုရင်သည် စိတ်ဝိညာဉ်၌ သူ၏ချို့ယွင်းချက်များကို ပြင်ဆင်လာခဲ့သည်။
ယနေ့တိုက်ပွဲက ဆိုးရွားလိမ့်မည်ကို ချူးယန် စိတ်ထဲတွင် သိနေသည်။
ဤအခိုက်အတန့်တွင်၊ ချူးယန်က မြေခွေးနတ်ဆိုး၏ ဘေးကင်းရေးအတွက် သေချာစဉ်းစားခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်သော်လည်း လင်နှင့်မယားကြားဆက်ဆံရေးကို ဂရုစိုက်နေဆဲဖြစ်သည်။
“မဟုတ်ဘူး၊ ယောက်ျား၊ ငါ နင့်ကို ဒီမှာ မထားခဲ့နိုင်ဘူး၊ နင်နဲ့ အတူ တိုက်ပွဲဝင်ချင်တယ်”
မြေခွေးနတ်ဆိုးက ချူးယန် ဘာကိုဆိုလိုသည်ကို သိပြီး ချက်ချင်းပင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“မစိတ်မပူနဲ့၊ ငါ့မှာ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုရှိလို့ မင်းစိတ်ပူစရာမလိုဘူး”
ချူးယန် ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး အလွန်ကြမ်းတမ်းသောလေသံဖြင့် ဒေါသတကြီးအော်လိုက်သည်။
“မင်းဒီမှာဆက်နေရင် ငါ့အတွက် အနှောင့်အယှက်ဖြစ်တယ်!”
“မင်းမရှိရင် ငါဒီအခြေအနေကနေ ရုန်းထွက်ဖို့ ပြဿနာမရှိဘူး”
ချူးယန် ပြောသည်ကိုကြားပြီးနောက် မြေခွေးနတ်ဆိုးက တွန့်ဆုတ်သွားသော်လည်း ညှိုးငယ်သောမျက်နှာဖြင့် ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။
“ကောင်းပြီ၊ ယောက်ျား၊ နင်သတိထားရမယ်၊ နင်လာမှာကို ငါစောင့်နေမယ်”
မြေခွေးနတ်ဆိုးသည် နောက်ဆုံးတွင် ထွက်သွားရန် သဘောတူလိုက်သည်ကို တွေ့လိုက်ရပြီး ချူးယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိတ်လန့်နေပြီဖြစ်သော ပင်းတီယန်နတ်ဆိုးဘုရင်သည် တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်လိုပြီး အမြန်ပြောလိုက်သည်။
“အစ်ကို ချူးယန်၊ ဒီနှင်းဝံပုလွေက လိုက်လာမလားတော့ မသိဘူး၊ ငါ့ခယ်မတစ်ယောက်တည်း ထွက်သွားဖို့ မလုံခြုံဘူး၊ ငါ သူ့ကို ခေါ်သွားလိုက်မယ်”
ထိုအသံကိုကြားသောအခါ၊ ချူးယန် သည် ပင်းတီယန်နတ်ဆိုးဘုရင်ကို အေးစက်စွာ ကြည့်လိုက်သည်။
ပင်းတီယန်နတ်ဆိုးဘုရင်သည် သေခြင်းကိုကြောက်ရွံ့ပြီး လွတ်မြောက်ရန် အကြောင်းပြချက်ရှာလိုသည်ကို သူသိသည်။
ချူးယန် အနည်းငယ် အထင်အမြင်သေးသွားပြီး စိတ်အနှောက်အယှက်ဖြစ်မိသော်လည်း လက်ရှိအခြေအနေတွင် သူသည် စကားများများမပြောလိုသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
“သွား!”
“ယောင်္ကျား၊ နင်သတိထားရမယ်၊ နင်ငါ့ဆီလာဖို့ ငါစောင့်နေတယ်!”
မြေခွေးနတ်ဆိုးက ထွက်ခွာရန် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင်မတတ်နိုင်တော့ဘဲ ပင်းတီယန်နတ်ဆိုးဘုရင်နှင့်အတူ အဝေးသို့ ထွက်ပြေးသွားသည်။
“ကျွတ်..ကျွတ်..ကျွတ်၊ မင်းရဲ့ဈာပနကို အစောကြီးကတည်းက စီစဉ်နေပြီလား၊ မင်းမိန်းမက တခြားတစ်ကောင်နဲ့ ခိုးပြေးသွားမှာကို မင်းမကြောက်ဘူးလား”
မြေခွေးနတ်ဆိုးနှင့် ပင်းတီယန်နတ်ဆိုးဘုရင် ထွက်ပြေးသွားသည်ကိုမြင်ပြီး လုချန်း,က ရွဲ့စောင်းကာပြောလိုက်သည်။
“ဟမ့်! နှင်းဝံပုလွေဘုရင်၊ အရမ်းမောက်မာမနေနဲ့၊ မင်းနဲ့ငါကြားက အောင်နိုင်သူဘယ်သူလဲဆိုတာ မဆုံးဖြတ်ရသေးဘူး!”
လုချန်း,က မြေခွေးနောက်သို့ လိုက်မည်ကို စိုးရိမ်သဖြင့် ချူးယန်သည် အလျင်အမြန်ပင် လုချန်း ရှေ့တွင် ရပ်လိုက်သည်။
“ဟာဟား၊ မင်းရဲ့ အစွမ်းအစတွေကို လွန်ကဲစွာ တွက်ဆပြီး နွားနက်ကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့တယ်”
“ဒီနွားနက်ကိုပဲ ငါက စာရင်းရှင်းချင်ပေမယ့် မင်းအတွက် ဘာကောင်းလဲဆိုတာ မင်းမသိဘူး၊ ငါ့ကို သတ်ချင်ခဲ့တယ်“
“ဂါးးး!”
ထိုစကားကိုကြားသောအခါ၊ ချူးယန်သည် ဒေါသတကြီးဟိန်းဟောက်ပြီး ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်အနှံ့ လင်းလက်သွားသည်။
အထူးသဖြင့် ဦးခေါင်းပေါ်ရှိ ဦးချိုတစ်စုံ၊ စွမ်းအင်များ တဟုန်ထိုးစုစည်းလာပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအင်အလင်းတန်းကြီးဖြင့် လုချန်း ဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
“ဘုန်း!”
လုချန်း,၏ အတွေးများ လှုပ်ရှားသွားပြီး ငွေလျှပ်စီးနဂါးများ ချက်ချင်း ထွက်ပေါ်လာကာ အလင်းတန်းနှင့် တိုက်ရိုက် တိုက်မိသွားသည်။
“မင်း သေလမ်းရှာနေတာပဲ၊ ဒီလိုဆိုမှတော့ မင်းရဲ့မင်္ဂလာဆောင်နဲ့ အသုဘကို တစ်နေ့တည်းကျင်းပဖို့ ငါကူညီပေးမယ်”
“မိုးကြိုးဒိုမိန်း!”
လုချန်း,သည် မိုးကြိုးဒိုမိန်းကို တိုက်ရိုက်အသက်သွင်းလိုက်ပြီး ကီလိုမီတာအနည်းငယ်အတွင်း ဧရိယာက ချက်ချင်းပင် တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားကာ ငွေဖြူလျှပ်စီးကြောင်းများ အဆက်မပြတ် လင်းလက်လာသည်။ လုချန်း,၏ ထိန်းချုပ်မှုအောက်တွင် အလွန်ကြောက်စရာကောင်းသော လျှပ်စီးကြောင်းများက နွားနဂါးဆီသို့ ဆက်လက်ကျဆင်းသွားသည်။
လုချန်း,သည် နတ်ဆိုးအသွင်ပြောင်းခြင်းကို အသက်သွင်းပြီးနောက်၊ သူ၏ စွမ်းအားက ချူးယန် ထက် သာလွန်ခဲ့သည်။
ဤချူးယန်,၏ ခန္ဓာကိုယ်ရှိ အကြေးခွံထဲတွင် အထူးသွေးမျိုးဆက်ကြောင့် ပြင်းထန်သောခုခံအားများရှိသော်လည်း၊ ၎င်းတို့က ယခု လျှပ်စီးကြောင်းများကြောင့် မီးလောင်ကျွမ်းသွားခဲ့သည်။
ချူးယန်သည် အံကိုကြိတ်ကာ တိုက်ခိုက်မှုများကြောင့် ဆက်တိုက်ဆုတ်ခွာနေရသော်လည်း သူဆုတ်ခွာသည့်လမ်းကြောင်းမှာ မြေခွေးနတ်ဆိုးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
လုချန်း,သည် ချူးယန်က မြေခွေးနတ်ဆိုးအတွက် အချိန်ဆွဲပေးရုံသာဖြစ်ကြောင်း သူမြင်နိုင်သည်။
နှစ်ဘက်စလုံး မိနစ်အနည်းငယ်ကြာ တိုက်ပွဲဝင်ခဲ့ကြပြီး ချူးယန်တွင် ဒဏ်ရာများ ပိုမိုရရှိလာခဲ့သည်။ အသက်ပြင်းပြင်းရှူပြီးနောက် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
“မြေခွေးမလေးက အဝေးကို ရောက်နေလောက်ပြီ၊ နှင်းဝံပုလွေက သူမကို လိုက်မဖမ်းမိသင့်တော့ဘူး”
နောက်တစက္ကန့်တွင်၊ ချူးယန်သည် လုချန်း ၏ရှေ့ရှိ တောင်ပေါ်သို့ ဦးစွာလွင့်ထွက်သွားခဲ့သည်။
ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကြီးက ချက်ချင်းပင် ပျောက်ကွယ်သွားကာ လုချန်း,သည်တော့ အံ့ဩတကြီးဖြင့် နေရာတွင်ရပ်နေသည်။
လုချန်း,သည် ချူးယန်,က သေသည်အထိ တိုက်ခိုက်မည်ဟု မျှော်လင့်ထားသော်လည်း ဤနည်းဖြင့် လွတ်မြောက်သွားသည်။
အမှတ်အသားကို အာရုံခံလိုက်ပြီးနောက် နွားနဂါးသည် မိုင်ရှစ်ရာအကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားပြီး အာရုံခံနိုင်သည့်အကွာအဝေးနီးပါးဝေးကွာသွားသည်ကို လုချန်း တွေ့ရှိခဲ့သည်။
“ရှောင်ပိုင်,က မြေခွေးနတ်ဆိုးနဲ့ နွားကြီးကို တိုက်ခိုက်နေလောက်ပြီ၊ ငါ အဲဒီနေရာကိုသွားပြီး အရင်ကြည့်ရမယ်”
လုချန်း,သည် ယိုချင်းယန် ရှိရာဆီသို့ ပြေးသွားပြီး ယိုချင်းယန်,က မြေခွေးနတ်ဆိုးတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားသည်။
ထွက်ပြေးလာသော မြေခွေးနတ်ဆိုးသည် သူ့ရှေ့တွင် ငွေဖြူနှင်းဝံပုလွေကို မြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။
လုချန်း,က အလွန်လျင်မြန်ပြီး သူမကို လျင်မြန်စွာ လိုက်မီနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့သည်။
သို့ပေမယ့် သူမ သေချာကြည့်လိုက်ပြီး သူ့ရှေ့ရှိ နှင်းဝံပုလွေက ယခင် နှင်းဝံပုလွေဘုရင်နှင့် အနည်းငယ် ကွာခြားနေသည်ကို တွေ့လိုက်ရသည်။ သူတို့က တစ်ကောင်တည်းမဟုတ်သည်မှာ ထင်ရှားပြီး သူ့၏ သန်မာမှုမှာ အလွန်အားနည်းနေသေးသည်။
“ခယ်မ၊ ဒါက နှင်းဝံပုလွေဘုရင်ရဲ့ညီမ!”
ပင်းတီယန်နတ်ဆိုးဘုရင်သည် ယခင်က ချီလင် တောင်တန်းသို့ သွားရောက်ခဲ့ပြီး လုချန်း,တို့မောင်နှမနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထို့ကြောင့် ယခု သူက မြေခွေးနတ်ဆိုးကို သတိပေးလိုက်သည်။
ထို့နောက် ပင်းတီယန်နတ်ဆိုးဘုရင်သည် စကားတစ်ခွန်းမှ မပြောဘဲ ယိုချင်းယန် ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူသည် လုချန်း နှင့် မယှဉ်နိုင်မှန်း သိသော်လည်း သူ့ရှေ့ရှိ နှင်းဝံပုလွေငယ်လေးကိုတော့ တိုက်ခိုက်ရန် ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်သည်။
“ဘုန်း!” “ဘုန်း!”
သို့သော်လည်း နှစ်ဘက်တိုက်မိပြီးနောက်တွင် ပင်းတီယန်နတ်ဆိုးဘုရင်သည် သူ၏ခံယူချက်များမှားယွင်းကြောင်း သဘောပေါက်သွားခဲ့သည်။
သူ့ရှေ့ရှိ နှင်းဝံပုလွေသည် ချည်နှောင်ခြင်းအဆင့်(၁)သာ ရှိသော်လည်း သူ့၏ ခွန်အားမှာ မပျော့ညံ့ပေ။
ထိုအချိန်တွင် ယိုချင်းယန်၏ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေပြီး ဗျကရား၏ လုပ်ဆောင်ချက်အောက်တွင် သူမ၏ ခန္ဓာကိုယ် ကြံခိုင်မှုက အလွန်အားကောင်းသည်။
သူမ၏ ပြောင်မြောက်သော တိုက်ခိုက်ရေးအတွေ့အကြုံနှင့် လျှို့ဝှက်နည်းစနစ်များကို အားကိုး၍ ယိုချင်းယန်သည် ပင်းတီယန်နတ်ဆိုးဘုရင်နှင့် ရှေ့မတိုးနောက်မဆုတ် ယှဉ်တိုက်ခိုက်နေခဲ့သည်။
ပင်းတီယန်နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယိုချင်းယန်ကို ရှုံးနိမ့်ရန် မဖြစ်နိုင်သော်လည်း အချိန်တိုလေးအတွင်းတွင် သူ့ကို ဖိနှိပ်ရန် လုံးဝမဖြစ်နိုင်ပေ။
မြေခွေးနတ်ဆိုးသည်လည်း ကုချင်းကို တီးခတ်နေသည်။
သို့သော် ယခင်ဘဝက ဧကရီအဖြစ် ယိုချင်းယန်,သည် သူမ၏စိတ်ဝိညာဉ်ကို ကာကွယ်ရန် လျှို့ဝှက်နည်းလမ်းများက မည်သို့မရှိဘဲနေမည်နည်း။ မြေခွေးနတ်ဆိုး၏ ဝိညာဉ်တိုက်ခိုက်မှုက များစွာအကျိုးသက်ရောက်ပုံမပေါ်ပေ။
၎င်းကိုမြင်လိုက်သည်နှင့် ပင်းတီယန်နတ်ဆိုးဘုရင်က တိုက်ပွင်ဝင်ချင်စိတ်ကို ဆုံးရှုံးသွားပြန်သည်။
ချူးယန်သည် လုချန်း နှင့် မယှဉ်နိုင်ကြောင်း သူ ကောင်းကောင်းသိထားသည်။ လုချန်း,က ချူးယန်ကို အနိုင်ယူပြီးနောက် သူတို့နောက်ကို လိုက်လာခဲ့မည်ဆိုလျှင် သူသေလိမ့်မည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်းတီယန်နတ်ဆိုးဘုရင်,က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ယိုချင်းယန်,အနားမှ ခွဲခွာပြီးနောက် အခြေအနေကို အခွင့်ကောင်းယူပြီး လှည့်၍ထွက်ပြေးကာ မြေခွေးနတ်ဆိုးကို ချန်ထားခဲ့သည်။
“နင်!”
“နင့်လို သားရဲတစ်ကောင်ကို ငါ့ယောက်ျားက ဘယ်လိုများကူညီပေးခဲ့တာလဲ?”
မြေခွေးနတ်ဆိုးက အလွန်ဒေါသထွက်နေတော့သည်။
ပင်းတီယန်နတ်ဆိုးဘုရင် အတွက်သာမဟုတ်လျှင် သူတို့လင်မယားက လုချန်း နှင့် ဘယ်တော့အခါမှ ရန်သူဖြစ်လာမည်မဟုတ်ပေ။ ရလဒ်အနေနှင့် သူကတော့ သူတို့ကို အမှန်တကယ်စွန့်ပစ်ပြီး ထွက်ပြေးသွားသည့်အတွက် မြေခွေးနတ်ဆိုးက အလွန်နောင်တရသွားခဲ့သည်။
နောက်ဆုံးအကြိမ် ရုန်းကန်လိုဆဲဖြစ်သော အလွန်အားနည်းသည့် မြေခွေးနတ်ဆိုးသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။
သို့သော်လည်း ယိုချင်းယန်က သူမ၏ ဝံပုလွေခြေသည်းများကို ရိုးရှင်းစွာ ဝှေ့ယမ်းကာ မြေခွေးနတ်ဆိုးအား အလွယ်တကူ နှိမ်နင်းခဲ့သည်။