← Chapters

ဒဏ္ဍာရီလာရေကန်

Vol. 3 Ch. 25

ဒဏ္ဍာရီလာရေကန်

Vol. 3 Ch. 25

ရှလင် သဘာဝဂူကြီး၏ အတွင်းသို့ဝင်ရောက်လိုက်သည် နှင့် သူ၏အနံ့ခံအာရုံကြောများကို လှုံ့ဆော်လိုက်သည်မှာ အလွန်ပြင်းထန်သော သက်တမ်းရင့် ဆေးပင်၏ရနံ့များပင် ဖြစ်သည်။

ထို့ကြောင် သူဆေးနံ့များထွက်ပေါ်လာသည့် လမ်းကြောင်းအတိုင်းဂူကြီးအတွင်းသို့လျှောက်ဝင်သွားရာ အချိန်အတော်ကြာပြီးနောက် ဂူကြီး၏အဆုံးသို့ရောက်ရှိလာခဲ့သည်။

ရှလင် သဘာဝဂူကြီး၏အဆုံးသို့ ရောက်သည်နှင့်မြင်လိုက်ရသည်အရာကြောင့်အံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဂူကြီး၏အဆုံးတွင် ထွက်ပေါက်တစ်ခုကိုတွေ့လိုက်ရခြင်းကြောင့်ပင်။

ထို့ကြောင့် ရှလင် ထိုဂူအဆုံးရှိထွက်ပေါက်မှအပြင်သို့ထွက်လိုက်သည်။ရှလင်ဂူ၏အပြင်သို့ထွက်လိုက်သည်နှင့် တွေ့လိုက်ရသည်မှာ တောင်တန်းများအထပ်ထပ်ဖြင့်ကာရံထားခြင်းခံရသော အလွန်ကြီးမားသည့်ချိုင့်ဝှမ်းကြီးတစ်ခုပင်ဖြစ်သည်။

ရောင်နီပေါ်ကာစ မနက်ခင်း၏ အလင်ရောင်သည် ထိုချိုင့်ဝှမ်းကြီးအပေါ်သို့ကျရောက်နေသဖြင့် မြူမျညးအနည်းငယ်ရှင်းလင်းသွားသဖြင့် ထိုချိုင့်ဝမ်းအတွင်းရှိအရာများကိုဝိုးတဝါးလှမ်းမြင်နေရသည်။

သက်တမ်းရင့်ဆေးပင်များ၏ ရနံ့သည် ထိုချိုင့်ဝှမ်းအောက်ခြေမှထွက်ပေါ်နေခြင်းပင်။

ရှလင် ရပ်နေသည့်နေရာသည် ချိုင့်ဝှမ်းကြီးအား ကာရံထားသောတောင်တန်းတစ်ခု၏ တောင်အလယ်ခန့်ရှိ ကမ်းပါးတစ်ခုပေါ်တွင်ရပ်နေခြင်းပင်။ထို့ပြင် ရှလင်မြင်ရသလောက် မိုးပေါ်မှမပျံသန်းနိုင်သ၍ ဤချိုင့်ဝှမ်းကြီးသို့ လာရောက်နိုင်သည့် နေရာသည်ဤဂူပေါက်တစ်ခုသာရှိလေသည်။

ရှလင်သိချင်စိတ်ဖြင့် သူ၏နဂါးတောင်ပံများကိုဖွင့်ကာ ထိုချိုင့်ဝှမ်းကြီးအတွင်းသို့ ခုန်ဆင်းလိုက်သည်။ချိုင့်ဝှမ်းအောက်ခြေသို့ တဖြည်းဖြည်းရောက်ရှိလာသည်နှင့်အမျှ ရှလင် ချိုင့်ဝှမ်းအောက်ခြေရှိ အရာများကိုရှင်းလင်းစွာဖြင့်မြင်လာရသည်။

ချိုင့်ဝှမ်းကြီး၏အောက်ခြေတွင် အလွန်ကြီးမားသည့် အစွန်းရောက်ရေခဲနှင့်မီးများ ရောနှောနေသော မီးရေခဲအမွှာရေကန်ကြီးတစ်ခုအားတွေ့လိုက်ရလေသည်။

ရှလင် အလွန်အံ့အားသင့်သွားရသည်။ဤရေကန်ကြီးသည် ကျောက်စိမ်းအဆိပ်မြွေတုံ့လော် ဒူကူပေါ် မှစတင်တွေ့ရှိခဲ့ပြီး ထန်စန်း၏သမိုင်းဝင်အဖြစ်အပျက်များဖြစ်သည့် သူ့အမေ ငွေပြာရောင်ဘုရင်မ အားရင် , သူ့ချစ်သူ အရိုးပျော့ရုန် ရှောင်းဝူတို့အားပြန်လည်အသက်သွင်းခဲ့သည့်နေရာ ၊ ထန်စန်းတို့ ရှီလိုင်ခဲ့မွန်စတားခုနှစ်ဖော် စတင်မြင့်တက်ရန်အတွက် ဆေးပင်များရရှိခဲ့သောနေရာ စသည့်သမိုင်းဝင်ဇာတ်ကြောင်းများဖြင့် ပြည့်နေခဲ့သည့် သမိုင်းဝင်နေရာကြီးတစ်ခုဖြစ်သည်မဟုတ်လော။

ရှလင် ချိုင့်ဝှမ်းကြီး၏ အောက်ခြေသို့စတင်ခြေချလိုက်သည်နှင့် အလွန်ထူထပ်သော ဝိဉာဉ်စွမ်းအင်များနှင့် သက်တမ်းရင့်ဆေးပင်များ၏ရနံ့ကိုခံစားလိုက်ရသည်။

အစွန်းရောက်ရေခဲနှင့်မီး အမွှာရေကန်၏သက်ရောက်မှုကြောင့် ၎င်း၏ဘေးပတ်ဝန်ကျင်သည် သားရဲများနှင့်အပင်များကျင့်ကြံအားထုတ်ရန် အလွန်သင့်လျော်သည့် နိဗ္ဗာန်ဘုံတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

ယင်နှင့်ယန်၏ မျှချေဖြစ်တည်နေမှုကြောင့် ဝိဉာဉ်သားရဲများအနေဖြင့် ဤနေရာတွင်ကျင့်ကြံခြင်းသည် ပြင်ပနေရာများထက်အဆတစ်ရာခန့်ပိုမိုမြန်ဆန်စွာကျင့်ကြံနိုင်ပေလိမ့်မည်။

ပါရမီကောင်းသောသားရဲများဆိုလျှင် အဆတစ်ထောင်ခန့်ပိုမိုမြန်ဆန်စွာကျင့်ကြံနိုင်လောက်မည်။

ရှလင်၏ပါရမီဖြင့်ကျင့်ကြံမည်ဆိုလျှင်တော့ အဆပေါင်းတစ်သောင်းခန့် ပိုမြန်နိုင်သည်ဟုရှလင်ခံစားရသည်။ ထို့အပြင် ရေကန်အနီးတွင်နေထိုင်မည်ဆိုပါက သားရဲများ၏ပြင်းထန်သောဒဏ်ရာများကိုပင် အလျင်အမြန်ပြန်ကောင်းစေနိုင်ကြောင်း ရှလင်မှတ်မိသွားသည်။

ထို့ကြောင့် ရှလင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဝိဉာဉ်ခန်းမကြောင့် ဒဏ်ရာအပြင်းအထန်ရနေသော မြွေဖြူထုတ်လိုက်သည်။

သို့သော်အပြင်သို့ထွက်လာသည်မှာ အလွန်ကြီးမားသည့် မြွေဖြူကြီးအဖြစ်မဟုတ်တော့ဘဲ လုံးပတ်၁စင်တီမီတာအချင်းနှင့် အရှည်သုံးဆယ်စင်တီမီတာသာ ရှိတော့သည့် အဖြူရောင်မြွေလေးအဖြစ်သာ တွေ့လိုက်ရသည်။

မြွေဖြူလေးသည် ရှလင်၏သိုလှောင်လက်စွပ်အတွင်းမှ ထွက်လာပြီးနောက် ယခုအချိန်ထိဆန့်ထားဆဲဖြစ်သော ရှလင်၏လက်ဖမိုးအပေါ်၌ ခွေလိုက်ပြီး ပါးပျဉ်းသေးသေးလေးထောင်ကာ ရှလင်အားမျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။

လေထုထဲတွင် ရှလင်၏အကြည့်နှင့် မြွေသေးသေးလေးတို့၏ အကြည့်တို့ဆုံစည်းသွားပြီး လေထုသည်ခဏတာအေးခဲသွားသကဲ့သို့ တိတ်ဆိတ်သွားသည်။

ခဏအကြာတွင်မှ ရှလင် သတိပြန်ဝင်လာကာ မြွေဖြူကြီးအဖြစ်မှ မြွေဖြူလေးအဖြစ်သို့ အဘယ်ကြောင့်ပြောင်းလဲသွားသည်ကိုအဖြေရှာရန် သူ၏စိတ်စွမ်းအင်ဖြင့် မြွေဖြူလေး၏ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။

ထိုစစ်ဆေးမှုမှ မြွေဖြူလေးသေးငယ်သွားရသည့်အကြောင်းကို ရှလင်သိလိုက်ရသည်။မြွေဖြူလေး၏ နှစ်တစ်သိန်းသားရဲအဖြစ် ဆင့်ကဲမှုတွင် တိုက်ခိုက်ခံလိုက်ရသဖြင့် အခြေခံထိခိုက်သွားခြင်းပင်။

အကယ်၍ မြွေဖြူလေးသာရှလင်နှင့်မတွေ့ခဲ့လျှင် သူ၏အခြေခံကိုပြန်တည်ဆောက်ရန်မျှော်လင့်ချက်မရှိသည့်အပြင် အခြားသူ၏ဝိဉာဉ်ကွင်းအဖြစ်သို့ရောက်သွားနိုင်သည်။

ရှလင်နှင့်တွေ့ရှိမှုသည် မြွေဖြူလေးအတွက်အလွန်ကုသိုလ်ကံထူးသည်ဟုပြောရမလိုပင်။အကယ်၍မြွေဖြူလေးက ဝိဉာဉ်ခန်းမလက်အတွင်းမှလွတ်မြောက်ခဲ့လျှင်တောင် သူ၏သားရဲအခြေခံကိုပြန်လည်တည်ဆောက်ရန် အချိန်နှစ်ပေါင်းများစွာလိုအပ်ပေမည်။

သို့သော် ယခုသူတို့ရောက်ရှိနေသည့် မီးရေခဲကန်အနီးတွင် နေထိုင်ကာကုသမည်ဆိုပါက အခြေခံတည်ဆောက်ရန်ကြာချိန်အား ၁၀ဆလျော့ချပေးနိုင်ပေလိမ့်မည်။

ရှလင် သူ့လက်ပေါ်ရှိမြွေဖြူလေး၏ ခေါင်းအားညင်သာစွာပွတ်ပေးလိုက်ပြီး

“မင်းကိုအခုကစပြီး ရှောင်ပိုင်လို့ခေါ်မယ် “

“အခြေခံပြန်တည်ဆောက်နေတဲ့အချိန်တွင်းမှာ ငါနဲ့အတူနေပေါ့ “

“မင်းပြန်သက်သာလာရင်တော့ ငါနဲ့အတူနေမလား ထွက်သွားမလားမင်းဆုံးဖြတ်နိုင်တယ်”

ထိုသို့ပြောကာ ရှလင်မြွေဖြူလေးအား ကုသဆေးရည် တစ်ပုလင်းပေးကာပြောလိုက်သည်။

“ဒီကုသဆေးရည်က မင်းကိုမြန်မြန်နလန်ထုလာစေလိမ့်မယ်”

“ပြီးတော့ ဒီနေရာကမင်းဒဏ်ရာတွေကို ကုသဖို့နေရာကောင်းတစ်ခုဘဲ တစ်နေရာရာမှာလေ့ကျင့်လိုက်ဦး”

ရှလင် စကားဆုံးသည်နှင့် မြွေဖြူလေးကရှလင်အားခေါင်းငြိမ့်ပြလိုက်ပြီး ကုသဆေးရည်အားသောက်ကာ အနီးရှိကျောက်တုံးကြီးတစ်ခုပေါ်တွင်ကျင့်ကြံရန် ရှလင်လက်ပေါ်မှဆင်းသွားလေသည်။

All Chapters