ရေကန်အောက်ခြေမှထူးဆန်းမှု
Vol. 3 Ch. 26
ရှလင် ရှောင်ပိုင်းအားလွှတ်ပေးပြီသည်နှင့် ရေကန်၏အနီးအနားပတ်ဝန်းကျင်ကိုပတ်ကြည့်လိုက်သည်။မီးရေခဲကန်၏ဂုဏ်သတင်းနှင့်ညီမျှစွာပင် ရေကန်အနီးတွင်အလွန်ရှားပါသောဆေးပင်များစွာကိုရှလင်တွေ့နေရသည်။သို့သော်ဝမ်းနည်းစရာကောင်းသည်မှာထိုဆေးပင်များသည်ရှလင်အတွက်အသုံးမဝင်ချေ။
ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီးနောက်ရေကန်၏ကမ်းစပ်မှရေကန်ပေါ်သို့ထိုးထွက်နေသည့်အမြင့်ဆုံးကျောက်တုံးကြီးပေါ်သို့တက်ကာရှလင် နာမည်ကျော်ရေကန်ကြီးအားအသေအလျာကြည့်လိုက်သည်။
ထိုက်ကျိယင်ယန်ကဲ့သို့ တစ်ခုကိုတစ်ခုဖြည့်စွက်နေကြသော အစွန်းရောက်ရေခဲနှင့်မီးရေကန်ကြီးသည် အလွန်လှပလျက်ရှိသည်။ထိုအချိန်တွင်ရေကန်၏အလှအပကိုကြည့်ကာရစ်မူးနေသောရှလင်တစ်ယောက် ရုတ်တရက်မျက်မှောင်ကြုံ့သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏နဂါးသွေးမျိုးဆက်အားရေကန်အောက်ခြေမှတစ်စုံတစ်ခုသည် ဆွဲဆောင်နေသောကြောင့်ပင်။ရှလင်ရေကန်အားသေချာကြည့်လေ ရေကန်အောက်ခြေမှအရာသည် သူ့အတွက်အလွန်အရေးကြီးသည်ဟုခံစားဪလေးပင်။
ထို့ကြောင့်ရှလင်ရေကန်အောက်ခြေသို့ဆင်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
“ရှောင်ပိုင်..ငါကန်အောက်ကိုဆင်းလိုက်ဦးမယ် ..လိမ်လိမ်မာမာကျင့်ကြံနေခဲ့နော်”
“ဝုန်းးးးးး...”
ထို့ငို့အမှာစကားခြွေပြီးနောက်ရှလင်ရေကန်ထဲသို့ခုန်ချလိုက်လေသည်။ရှောင်ပိုင်မှာတော့ ရှလင်ရေကန်အတွင်းသို့ခုန်ချသွားသည်အားတွေ့သည်နှင့်သူကျင့်ကြံနေသည့်ကျောက်တုံးပေါ်မှဆင်းလာကာ ရှလင်နောက်သို့လိုက်ရန်ကမ်းစပ်သို့ဆင်းလာခဲ့သည်။
သို့သော်ကမ်းစပ်အနီးသို့ရောက်သည်နှင့်ကမ်းစပ်အနီးရှိအစွန်းရောက်ရေခဲငွေ့များကြောင့် သူ၏လှုပ်ရှားမှုများနှေးကွေးလာကာ ခန္ဓာကိုယ်အပေါ်တွင် ရေခဲမှုန်လေးများစတင်ဖြစ်ပေါ်လာပြီးတဖြည်းဖြည်းအေးခဲလာသောကြောင့် ရှောင်ပိုင်အလျင်အမြန်နောက်သို့ပြန်ဆုတ်လိုက်ရသည်။
ရှောင်ပိုင်စိတ်ဓာတ်ကျသွားသည့်ပုံစံဖြင့်သူ၏ခေါင်းသေးသေးလေးကိုငုံ့ကာ သူကျင့်ကြံနေခဲ့သည့်ကျောက်တုံးအပေါ်သို့ပြန်လာပြီးခွေနေလိုက်သည်။
ရှလင်ရေကန်အတွင်းသို့ခုန်ချလိုက်သည်နှင့်အစွန်းရောက်ရေခဲနှင့်မီးစွမ်းအင်တို့သည် ရှလင်၏ခန္ဓာကိုယ်အတွင်းသို့အလုအယက်တိုးဝင်လာကာ ခန္ဓာကိုယ်အားဖျက်စီးရန်ကြိုးစားကြသည်။
ထို့ကြောင့်ရှလင်သူ၏ဝိဉာဉ်စွမ်းအားဖြင့်အကာအရံတစ်ခုလပ်လိုက်ရသည်။ရှလင်၏သန်မာလှသောဝိဉာဉ်စွမ်းအားအကာအရံကြောင့်အစွန်းရောက်ရေခဲနှင့်မီးစွမ်းအင်များသည်အကအရံအားမကျော်ဖြတ်နိုင်တော့ချေ။
ရှလင်ရေခဲနှင့်မီးစွမ်းအင်တို့၏နှောင့်ယှက်မှုအားမခံရတော့သည်နှင့်သူ၏သွေးမျိုးဆက်အားဆွဲဆောင်နေသောရေကန်၏အောက်ခြေသို့ကြည့်လိုက်သည်။သို့သော်သူမြင်လိုက်ရသည်မှာရေကန်အောက်ခြေရှိ အလွန်နက်ရှိုင်းလှသော အမှောင်ထုသာဖြစ်သည်။
ထိုအမှောင်ထုအတွင်းမှ ဆင့်ခေါ်နေသည့်အသံကို သူ၏သွေးမျိုးဆက်အတွင်းမခံစားနေရသည့်အတွက်ရှလင်ရေကန်အောက်ခြေသို့တဖြည်းဖြည်းကူးသွားလိုက်သည်။
ရေကန်အောက်ခြေသို့ရောက်လာသည်နှင့်အမျှ မီူနှင့်ရေခဲတို့၏အပူအအေးစွမ်းအင်များသည် တဖြည်းဖြည်းထူထပ်လာပြီးရှလင်၏ ဝိဉာဉ်စွမ်းအင်အကာအရံသည်ထိုစွမ်းအင်များ၏ဒဏ်ကိုမခံနိုင်တော့ဟန်ဖြင့် စတင်တုန်ခါလာတော့သည်။
ရှလင်အံ့ဩသွားရသည်မှာသူ၏ဝိဉာဉ်စွမ်းအင်များသည်နတ်ဘုရားအဆင့်သို့ရောက်ရှိနေသည့်ဝိဉာဉ်စွမ်းအားများဖြစ်သည်။သို့သော်သူ၏အကာအကွယ်အား ထိုအပူအအေးစွမ်းအက်များသည်ထိခိုက်စေသဖြင့် ရှလင်မယုံနိုင်အောင်ဖြစ်နေမ်ိသည်။
တဖြည်းဖြည်းစတင်အက်ကွဲလာပြီဖြစ်သောဝိဉာဉ်စွမ်းအင်အကာအရံကြောင့် ရှလင်သူ၏ဝိဉာဉ်စွမ်းအားများကိုအစွမ်းကုန်ထပ်မံထည့်သွင်းလိုက်ရသည်။
ရှလင်၏ဝိဉာဉ်စွမ်းအင်များ အများအပြားဝင်ရောက်လာသည်နှင့်အက်ကွဲစပြုနေပြီဖြစ်သော အကာအရံသည်ပြန်လည်ကောင်းမွန်လာကာ ယခင်ထက်ပင်ပိုမိုခိုင်ခံ့သွားသည်။
အကာအရံအားပြန်လညပြုပြင်ပြီးသည်နှင့် ရှလင်ရေကန်အောက်ခြေသို့ ပုန်လည်ကူးခတ်တော့သည်။ရေကန်၏ကြမ်းပြင်နှင့်နီးကပ်လာသည်နှင့်အမျှ ရှလင်၏ခန္ဓာကိုယ်အတွင်းမှနဂါးသွေးမျိုးဆက်သည် သူ၏ကိုယ်အတွင်းမှပြေးထွက်ချင်နေသကဲ့သို့ရုန်းကန်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ ဖရိုဖရဲနဂါးသွေးမျိုးဆက်ကိုပင်ဆွဲဆောင်နိုင်သောအရာမှာ သူ့အတွက်အလွန်အကျိုးရှိနိုင်သောရတနာတစ်ခုခုဖြစ်နိုင်သဖြင့် ရှလင်ရေကန်၏ကြမ်းပြင်သို့ အလျင်အမြန်ကူးခတ်လာခဲ့သည်။
ရှလင် သွေးမျိုးဆက်၏ခေါ်ဆောင်ရာသို့လိုက်ပါလာရင်းရေကန်အောက်ခြေရှိကျောက်နံရံကြီးတစ်ခုရှေ့သို့ရောက်ရှိလာခဲ့သည်။ထိုနံရံကြီးအရှေ့တွင်ရပ်လိုက်သည်နှင့်ရှလင်၏ကိုယ်ထဲမှသွေးမျိုးဆက်သည်လည်းပိုမိုပြင်းထန်စွာရုန်းကန်လာခဲ့သည်။
“ဒီကျောက်နံရံကြီးကငါ့သွေးမျိုးဆက်ကိုဆွဲဆောင်နေတာလားဟ”
ထိုသို့ဖြင့်ရှင်လင်ကျောက်နံရံကြီးအနီးသို့တဖြည်းဖြည်းချဉ်းကပ်သွားပြီး ထိုကျောက်နံရံကြီးအားအသေအချာစူးစမ်းကြည့်လိုက်သည့်အခါ ထြိကျောက်နံရံကြီးပေါ်တွင် များပြားလှသည့်အစီအရင်ပုံစံကွက်များကိုထွင်းထုထားကြောင်းတွေ့လိုက်ရသည်။
ရှလင် သိချင်စိတ်ဖြင့်ထိုပုံစံကွက်များကိုထိကြည့်ရန်လက်လှမ်းလိုက်သည့်အချိန်တွင် ရုတ်တရက်စနစ်၏အသံကိုကြားလိုက်ရသည်။
“ဒင်!..လျှို့ဝှက်မစ်ရှင်ပွင့်ပါပြီ”
“လျှို့ဝှက်မစ်ရှင် - သွေးမျိုးဆက်ချိပ်စည်းအားဖွင့်ကာ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပါ”
“ဆုလာဒ် - အနက်ရောင်အဆင့်မြင့် လက်ဆောင်ထုပ်”