သွေးမျိုးဆက်ချိပ်စည်း
Vol. 3 Ch. 27
စနစ်၏အလျက်ပေးမှုကြောင့်ရှလင်သူ့ရှေ့ရှိ အစီအရင်ပုံစံကွက်များမှာ သွေးမျိုးဆက်ချိပ်တံဆိပ်များဖြစ်ကြောင်းသိလိုက်ရသည်။
“ဒီအစီအရင်ပုံစံကွက်တွေက သွေးမျိုးဆက်ချိပ်စည်းတွေပေါ့”
“ဒါပေမယ့်ဒီချိပ်စည်းတွေက ဘာလို့ငါ့သွေးမျိုးဆက်ကိုဆွဲဆောင်နေရတာလဲ”
ရှလင်စဉ်းစားနေရင်းရုတ်တရက် soul land မှဇာတ်ကြောင်းတစ်ခုကိုမှတ်မိသွားသည်။မီးရေခဲကန်ဖြစ်ပေါ်လာငည့်ဇာတ်ကြောင်းပင်။နတ်ဘုရားဘုံမှသေဆုံးကာတုံ့လော်ကုန်းမြေသို့ကျဆင်းလာသော ပထမအဆင့်နတ်ဘုရားများဖြစ်ကြသည့်မီးနဂါးနှင့်ရေနဂါးတို့၏ရုပ်အလောင်းများမှဤရေကန်ကိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
“ဒါဆိုဒီအစီအရင်က နတ်နဂါးနှစ်ကောင်နဲ့ဘယ်လိုပတ်သတ်နေတာလဲ”
“ငါနဲ့ရောပတ်သတ်နေတာလား”
ရှလင်သိချင်စိတ်ဖြင့်သူ၏လက်ညိုးထိပ်ကားကိုက်ဖောက်ကာသွေးတစ်စက်အား ကျောက်နံရံရှိချိပ်စည်းများပေါ်သို့ ဝိဉာဉ်စွမ်းအားဖြင့်ပစ်လွှတ်လိုက်သည်။
ဖရိုဖရဲအရောင်များရောနှောတောက်ပနေသောသွေးစက်သည်နံရံရှိချိပ်သည်းများအားထိလိုက်သည်နှင့် ချိပ်စည်းများသည်သွေးနီရောင်အလင်းများအားထုတ်လွှတ်ကာ တောက်ပလာပြီး ထိုကျောက်နံရံကြီးရှေ့တွင် လေဟာနယ်စုပ်ဝဲကြီးတစ်ခုဖြစ်ပေါ်လာကာ ရှလင်အားအတွင်းငို့စုပ်ယုလိုက်တော့သည်။
လေဟာနယ်စုပ်ဝဲအတွက်းသို့ရှလင်စုပ်ယူခံလိုက်ရသည့်အချိန်တွင် ကမ္ဘာလောကများစွာ၏အထက်တွင်တည်ရှိသော နတ်ဘုရားနယ်မြေမှကြီးကျယ်ခမ်းနားလှသောနန်းတော်ကြီးတစ်ခုအတွင်းတွင် တန်ခိုးကြီးမားလှသောတည်ရှိမှုတစ်ခုသည် ရုတ်တရက်မျက်လုံးများကိုဖွင့်ကာ တစ်ခုခုကိုရေရွတ်လိုက်သည်။
“ကမ္ဘာငယ်တစ်ခုမှာရှိတဲ့ သွေးမျိုးဆက်အစီအရင်ကို ဘယ်သူချိုးဖျက်လိုက်တာလဲ”
“ငွေနဂါးဘုရင်မလား?,မဟုတ်ဘူး..မဖြစ်နိုင်ဘူး..ငါ့စောင့်ကြည့်မှုအောက်မှာသူမလုပ်ရဲမှာမဟုတ်ဘူး”
“သူမမှဟုတ်ရင် အခြားဘယ်သူရှိမှာလဲ”
“သူမကလွဲပြီး နတ်ဘုရားစွမ်းအားပါတဲ့နရါးတစ်ကောင်ထပ်ရှိသေးတာလား”
“ဒါလည်းမဖြစ်နိုင်ဘူး..ငွေနဂါးဘုရင်သေတာကလွဲပြီး ဒီလောကမှာ နောက်ထပ်နတ်ဘုရားသွေးမျိုးဆက်နဲ့နဂါးထပ်မရှိနိုင်ဘူး”
ထိုတည်ရှိမှုသည် မျက်မှောင်ကြုံ့ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့်တွက်ချက်ကြည့်လိုက်သည်။ခဏအကြာတွင် သူ့မျက်လုံးများကိုပြန်ဖွင့်ကာထိုဖြစ်တည်မှုသည် စိတ်ရှုပ်နေသည့်ပုံဖြင့်ရေရရွတ်လိုက်ပြန်သည်။
“သူ့ကိုဘာလို့တွက်ချက်လို့မရတာလဲ
“သွေးမျိုးဆက်ချိပ်စည်းသာမဖွင့်ရင် ဒီလူရဲ့တည်ရှိမှုကိုငါတောင်သိနိုင်မှာမဟုတ်ဘူး”
“ထူးဆန်းလိုက်တာ”
ထိုတည်ရှိမှုသည် ရှလင်အားကြည့်ရှုရန်နတ်ဘုရားမျက်လုံးအားအသုံးပြုလိုက်သော်လည်း နတ်ဘုရားအာရုံများအားတာဆီးထားသော သီးခြားနေရာသို့ရောက်ရှိသွားပြီဖြစ်သည့်အတွက် ကြည့်ရှူရန်မဖြစ်နိုင်တော့သည်မှာဝမ်းနည်းစရာပင်။
ထို့ကြောင့်ရှလင်တည်ရှိနေသည့် တုံ့လော်ကုန်းမြေကြီးတွင်နတ်ဘုရားအဖွဲ့အစည်းများရှိကြသည့် ပင်လယ်နတ်ဘုရားနှင့်အလင်းနတ်သမီးတို့အားရှလင်အားရှာဖွေရန် တာဝန်ပေးရတော့သည်။
လေဟာနယ်စုက်ဝဲကြီး၏စုပ်ယူမှုကြောင့် မိုက်ခနဲတစ်ချက်ဖြစ်ကာဂူကြီးတစ်ခုအတွင်းသို့ရောက်ရှိသွားေသာရှလင်သည်ထောင်ပေါင်းများစွာရှိသောအငြိုးအတေးဝိဉာဉ်များကြောင့်အတော်ပင်စိတ်ရှုပ်နေရသည်။
ထိုအငြိုးအတေးဝိဉာဉ်များသည် ရှလင်ဂူအတွင်းသို့ခြေချလိုက်သည်နှင့် ကျူးကျော်သူအားတွေ့လိုက်သကဲ့သို့ အုပ်စုလိုက်ကြီးရှလက်အားတိုက်ခိုက်ကြသည်။အစပိုင်းတွင် ရှလင်ထိုစဝိဉာဉ်များအားလက်သီးဖြင့်အားပါးတရထိုးသေးသော်လည်း ထိုဝိဉာဉ်များသည် ရုပ်ခန္ဓာတိုက်ခိုက်မှုများအား မမှုကြချေ။
“ဒီကောင်တွေကိုငါဘယ်လိုသတ်ရမှာလဲဟ”
ရှလင်ငိုချင်နေပြီလေ။ထိုအကောင်များသည်သူ၏ဝိဉာဉ်အကာအရံအားမကျော်ဖြတ်နိုက်သဖြင့်သူ့အားထိခိုက်ရန်မတတ်နိုင်သော်လည်း ရှလင်၏အကြားအာရုံကိုတော့ကောင်းကောင်းကြီးဒုက္ခပေးနိုင်လေသည်။အလွန်ဆူညံလှသည့်အော်ဟစ်သံမိားကြောင့်ရှလင် သူ၏အကြားအာရဲပင်ချို့ယွင်းတော့မလိုခံစားနေရသည်။
ရှလင်ထိုအငြိုးအတေးဝိဉာဉ်များအားထိုးသတ်ချင်သော်လည်း လေကိုသာထိုးနေရသကဲ့သို့ခံစားရသည့်အတွက် ဒေါသများအထွဋ်အထိပ်သို့ရောက်ရှိနေလေပြီ။
“တောက်!...ငါသာမင်းတို့နဲ့မျိုးနွယ်တူရင် မင်းတို့ရဲ့ယင်ကောင်လိုတဝီဝီအော်နေတဲ့ပါးစပ်တွေကို ဆွဲဖြဲပစ်လိုက်မှာ”
ထိုစကားပြောပြီးသည်နှင့် ရှလင်တစ်စုံတစ်ခုအားသတိရသွားဟန်ဖြင့် ထိုအငြိုးအနေးဝိဉာဉ်များအားကြည့်ကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ပြုံးလိုက်သည်။
“ငါကအငြိုးအတေးဝိဉာဉ်တစ်ကောင်မဖြစ်နိုင်ဘူးလား”
“ဖြစ်နိုင်တာပေါ့..ဟင်းဟင်းဟင်း”
ရှလင်နတ်ဆိုးတစ်ကောင်ကဲ့သို့ပြုံးလိုက်ပြီး သူ၏ဒုတိယငသိုင်းဝိဉာဉ်ဖြစ်သော ပြောင်းလဲမှုကိုးခုမျက်လုံးသိိုင်းဝိဉာဉ်အားဆင့်ခေါ်လိုက်တော့သည်။
ရှလင်ဆက့်ခေါ်လိုက်သည်နှင့် အရောင်မဲ့စွမ်းအားများနှင့်အတူ မျက်လုံးအသေး၉ခု ဝန်းရံထားသောအရောင်မဲ့မျက်ဝန်းကြီးတစ်ခုသည်ရှလက်၏နောက်တွင်ပေါ်လာကာ သူ၏နဖူးအယ်တွက်လည်းအရောင်မဲ့မျက်ဝန်းပုံစံတစ်ခုပေါ်ပေါက်လာသည်။
“အိပ်မက်မျက်လုံးဒုတိယစွမ်းရည် - ပုံရိပ်ယောင်တုပခြင်း”
သိုင်းဝိဉာဉ်အားဆင့်ခေါ်ပြီးသည်နှင့်ရှလင်သူ၏ဝိဉာဉ်ကွင်းစွမ်းရည်ကိုအသုံးပြုလိုက်သည်။
ရှလင်၏စကားဆုံးသည်နှင့်ရှလင်နောက်ရှိမျက်ဝန်းကြီးဘေးမှတစ်ခုထဲသောအရောင်ရှိသည့်မျက်လုံးဖြစ်သည့်အပြာရောင်မျက်လုံးလေးသည် မျက်ဝန်းကြီးအလယ်သို့ရွေ့လျားလာပြီးနောက်မျက်ဝန်ကြီး၏အလယ်တွင်တပ်ဆင်လိုက်သကဲ့သို့ အရောင်မဲ့မျက်ဝန်းကြီးအားအပြာရောင်မျက်ဝန်းကြီးအဖုစ်သို့အသွင်ပြောင်းသွားစေသည်။
ထို့နောက်ထိုအပြာရောင်မျက်ဝန်းကြီးမှ ရေပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ရှလင်ရှေ့ရှိအငြိုးအတေးဝိဉာဉ်တစ်ခုအပေါ်သို့ ကျရောက်သွားပြီးထိုဝိဉာဉ်၏ဖွဲ့စည်းပုံများအားကူးယူကာ ရှလင်၏ခန္ဓာကိုယ်အားအသွင်ပြောင်းစေတော့သည်။