ရိတ်သိမ်းခြင်း
Vol. 3 Ch. 28
“အိပ်မက်မျက်လုံးဒုတိယစွမ်းရည်- တုပခြင်းအစွမ်း”ဖြင့် ရှလင်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖောက်ထွင်းမြင်လာရကာ အငြိုးအတေးစိတ်ဝိဉာဉ် တစ်ကောင်အဖြစ်ပြောင်းလဲသွားလေသည်။
ရှလင်၏ပုံသဏ္ဍာန်သည် အငြိုးအတေးဝိဉာဉ်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်နှင့် ရှလင်အားတိုက်ခိုက်နေသော အငြိုးအတေးဝိဉာဉ်များသည် ပစ်မှတ်ပျောက်သွားသကဲ့သို့ ရုတ်တရက်တိတ်ဆိတ်သွားပြီး ရှလင်အားမမြင်တော့သလို ဦးတည်ရာအသီးသီးသို့ ခွဲထွက်သွားကြလေသည်။
ထိုအခါမှ ရှလင် သူ့အားနှိပ်စက်နေသော အသံဆိုးကြီးများမှလွတ်မြောက်လာရသည်။ထို့ပြင်သူ၏ သိုင်းဝိဉာဉ်စွမ်းရည်ကိုလည်းအထင်ကြီးမိသွားသည်။
“နှစ်တစ်သန်းကွင်းကရတဲ့ ဝိဉာဉ်စွမ်းရည်လို့မပြောရဘူး အရမ်းအစွမ်းထက်တာဘဲ”
“အူး!!...ဂါးးး”
ရှလင်သူ့အတွေးများဖြင့်ကျေနပ်နေစဉ် ရုတ်တရက် သူ့ဘေးမှမာန်ဖီသည့်အသံတစ်ခုကိုကြားလိုက်ရပြီး ချွန်ထက်သောလက်သည်းများရှိသည် လက်တစ်ဖက်သည့် သူ့အားလှမ်းကုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ရုတ်တရက်တိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း ရှလင်၏နတ်ဘုရားအာရုံတွင် အလွန်နှေးကွေးသည့်တိုက်ခိုက်မှုတစ်ခုဖြစ်သောကြောင့် သူ့အားတိုက်ခိုက်လာသည့်လက်အားဖမ်းကာ ရှလင်လိမ်ချိုးလိုက်သည်။(A/N:ရှလင်ရဲ့ဝိဉာဉ်စွမ်းအားက နတ်ဘုရားအဆင့်မှာဖြစ်တဲ့အတွက် စိတ်စွမ်းအင်အစား နတ်ဘုရားအာရုံလို့ပြောင်းသုံးပါမယ်)
သူ့အားတိုက်ခိုက်လာသည့် အငြိုးအတေးဝိဉာဉ်အားရှလင်သေချာကြည့်လိုက်သည့်အခါ နဖူးတွင်အဝါရောင်ဝိဉာဉ်တက်တူးတစ်ခုရှိသော အငြိုးအတေးဝိဉာဉ်တစ်ကောင်ဖြစ်လေသည်။
ထိုအခါမှ သူအငြိုးအတေးဝိဉာဉ်များ၏စွမ်းအားအဆင့်ကိုမသိကြောင်းရှလင်သတိရလိုက်သည်။သူဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါ အသိဉာဉ်မရှိသကဲသို့ဦးတည်ရာမဲ့လျှောက်သွားနေသော အဖြူရောင်တတ်တူးပါရှိသည့် အငြိုးအတေးဝိဉာဉ်များအား အဝါရောင်တတ်တူးဖြင့်အငြိုးအတေးဝိဉာဉ်များသည် လိုက်လံဖမ်းယူကာစားသောက်နေကြသည်။
ရှလင် အဖြူရောင်တတ်တူးဖြင့်အငြိုးအတေးဝိဉာဉ်အား အရှင်လတ်လတ်ဝါးစားလိုက်သည့်အဝါရောင်တတ်တူးနှင့်အငြိုးအတေးဝိဉာဉ်သည် ပိုမိုအစွမ်းထက်လာကာ နဖူးရှိအဝါရောင်တတ်တူးသည်လည်းအရောင်ပိုရင့်လာကြောင်းတွေ့လိုက်ရသည်။
“ဆိုတော့ မင်းကငါ့ကိုစားမလို့ တိုက်ခိုက်တာပေါ့လေ”
ရှလင် သူ့လက်ထဲရှိအငြိုးအတေးဝိဉာဉ်အားနတ်ဆိုးအပြုံးတစ်ခုပြုံးပြလိုက်ပြီး ထိုအငြိုအတေးဝိဉာဉ်၏ဦးခေါင်းကိုကိုင်ကာ တစ်ချက်ထည်းညစ်ချလိုက်ပြီး သတ်ပစ်လိုက်သည်။
ထိုဝိဉာဉ်သေသွားသည်နှင့်အဝါရောင်ဝိဉာဉ်ကွင်းတစ်ခုရှလင်ရှေ့တွင်ပေါ်လာသဖြင့် သူအံ့ဩသွားရသည်။
“ဒီဝိဉာဉ်တွေမှာလည်း ဝိဉာဉ်ကွင်းရှိတာလားဟ”
“ဆိုတော့..မင်းတို့ရဲ့နဖူးကတံဆိပ်အရောင်ကမင်းတို့ကျင့်ကြံထားတဲ့နှစ်ပေါ့”
ရှလင် သူ့ရှေ့ရှိအဝါရောငိဝိဉာဉ်ကွင်းအားကြည့်ကာ အကြံတစ်ခုရသွားပြီးဝိဉာဉ်သန့်စင်ခြင်းပုလဲကိုထုတ်ယူလိုက်သည်။
ထို့နောက်ပုလဲအတွင်းသို့ဝိဉာဉ်စွမ်းအားဖြည့်သွင်းကာ သူ့ရှေ့ရှိနှစ်ရာပိုင်းဝိဉာဉ်ကွင်းကို ပုလဲအတွင်းသို့ဆွဲယူကာသိမ်းဆည်းလိုက်သည်။
ဝိဉာဉ်ကွင်းအားသိမ်းဆည်းပြီးနောက် ရှလင့်သူ့ပတ်ဝန်းကျင်တွင်ပြေးလွှားနေသော အငြိုအတေးဝိဉာဉ်များကိုကြည့်ကာ မျက်လုံးများသည်ကြယ်ပွင့်များကဲ့သို့တောက်ပလာခဲ့သည်။
‘ဒင်းတို့ကို ဒီအတိုင်းထားခဲ့ရမှာနှမြောစရာကြီး ဘာလို့ငါနဲ့အတူယူမသွားရမှာလဲ.. ဟဲဟဲ’
ထိုသို့တွေးပြီးနောက် သူ့အနီးရှိအငြိုးအတေးဝိဉာဉ်တစ်ကောင်ဆီသို့ ရှလင်ဖြတ်ကနဲရောက်ရောက်သွားကာ ထိုဝိဉာဉ်၏ဦးခေါင်းအားလက်သီးတစ်ချက်ဖြင့်ထိုသတ်လိုက်လေသည်။
ထို့နောက် ထို့နောက် ရှလင်၏အရိပ်များသည် အငြိုးအတေးဝိဉာဉ်များ၏ဘေးများမှဖြတ်သွားကာ သူသွားရာလမ်းတစ်လျှောက်ရှိအငြိုးအတေးဝိဉာဉ်များသည် ပုံစံမျိုးစုံဖြင့်သေဆုံးကြကာ ဝိဉာဉ်ကွင်းများအဖြစ်သို့ရောက်ရှိသွားလေသည်။
ရှလင်၏အလွန်အမင်းသတ်ဖြတ်မှုသည် အငြိုးအတေးဝိဉာဉ်အုပ်စုကြီးအား ထိတ်လန့်ကာဖရိုဖရဲအခြေအနေဖြင့် ပြေးလွှားစေသည်အထိပင်။
သို့သော် ရှလင်သည်သု့ရှေ့ရှိရတနာများအားလက်လွှတ်ပေးရန်မဖြစ်သည့်အလား အရူးအမူးလိုက်လံတိုက်ခိုက်လေသည်။ဤဝိဉာဉ်ကွင်းများသည် သူ၏ရွှေသိုက်ကြီးတာ်ဆောက်ရန်အတွက်မျှော်လင့်ချက်ကြီးတစ်ခုဖြစ်သောကြောင့်ပင်။
ရှလင်ဧ။်အရူးအမူးသတ်ဖြတ်မှုသည် ဂူကြီးအတွင်း၌ရောင်စုံဝိဉာဉ်ကွင်းများ၏ရောင်ဝါများဖြင့် ထွန်းလင်းစေသည်အထိပင်ဖြစ်သည်။
အဖြူရောင်ဝိဉာဉ်တံဆိပ်ဖြင့်အငြိုးအတေးဝိဉာဉ်သည် နှစ်ဆယ်ပိုင်းဝိဉာဉ်ကွင်းကိုပေးပြီး တံဆိပ်အဝါသည် နှစ်ရာပိုင်းဝိဉာဉ်ကွင်း၊ ခရမ်းတံဆိပ်သည် နှစ်ထောင်ပိုင်းဝိဉာဉ်ကွင်း၊ အမဲရောင်တံဆိပ်သည် နှစ်သောင်းပိုင်းဝိဉာဉ်ကွင်းစသည်ဖြင့် ဝိဉာဉ်ကွင်းမျိုးစုံသည် ဂူအတွင်း၌ပြည့်လျှံနေလေသည်။
အငြိုးအတေးဝိဉာဉ်များသည် ဂူအတွင်းပိုင်းသို့ဝင်ပြေးကြသဖြင့် ရှလင်လိုက်လံသတ်ဖြတ်ရင်းတစ်ခုခုကိုသူသတိထားမိလိုက်သည်။
ထိုအရာမှာ ဂူအတွင်းပိုင်းသို့ရောက်လေ ခရမ်းတံဆိပ်နှင့်အမဲရောင်တံဆိပ်ပိုင်ရှင်အငြိုးအတေးဝိဉာဉ်များပိုများလေဖြစ်ပြီး ထိုအငြိုအတေးဝိဉာဉ်များသည် တံဆိပ်၏အရောင်အနုအရင်ပေါ်မူတည်၍ သူတို့၏ရုပ်ခန္ဓာများသည် ဖောက်ထွင်းမြင်နေရခြင်းမရှိတော့ဘဲ တဖြည်းဖြည်းရုပ်လုံးပေါ်နေကြခြင်းပင်။
ထိုဝိဉာဉ်များသည် ကျင့်ကြံမှုသက်တမ်းရင့်လေ အသိဉာဏ်ပိုရှိကာ သူတို့၏ရုပ်အသွင်များပိုမိုထင်ရှားလေဖြစ်သည်။
အဖြူရောင်နှင့်အဝါရောင်တံဆိပ်ဝိဉာဉ်တို့သည် လေလွင့်ဝိဉာဉ်များဟုဆိုရမည်ဆိုလျှင် ဤခရမ်းနှင့်အနက်တံဆိပ်ဝိဉာဉ်များသည် အဆင့်နမ့်နတ်ဆိုးများဟုခေါ်ရမည်ဖြစ်သည်။
‘ဒါဆို အနီရောင်အဆင့်ကရော အဆင့်မြင့်နတ်ဆိုးလား’
ရှလင်၏အတွေးမဆုံးသေးခင်ပင် သူ၏နောက်မှ သွေးမြူများပေါ်ထွက်လာကာ ထိုမြူများအတွင်းမှခပ်ဩဩရယ်သံကြီးကိုကြားလိုက်ရသည်။