← Chapters

အဆင့်မြင့်နတ်ဆိုး

Vol. 3 Ch. 29

အဆင့်မြင့်နတ်ဆိုး

Vol. 3 Ch. 29

ဂူအတွင်း၌ရှလင်၏သတ်ဖြတ်မှုကြောင့်ဖြစ်ပေါ်လာသောဝိဉာဉ်ကွင်းများသည် ရာနှင့်ချီကာရှိနေပြီဖြစ်သည်။ထို့ကြောင့်ရှလင် အငြိုးအတေးဝိဉာဉ်များအားသတ်ဖြတ်နေခြင်းကိုရပ်တန့်လိုက်ကာ ဝိဉာဉ်ကွင်းများအား ဝိဉာဉ်သန့်စင်ခြင်းပုလဲအတွင်းသို့စတင်သိမ်းဆည်းလိုက်သည်။

ဝိဉာဉ်ကွင်းများ သူ့လက်ထဲရှိပုလဲအတွင်းသို့ဝင်ရောက်နေခြင်းအားကြည့်ကာရှလင်၏ မျက်လုံးများစတင်တောက်ပလာခဲ့သည်။ဤအရာများဖြင့်ဆိုလျှင် သူရွှေအသိုက်ကြီးတစ်ခုကိုတည်ဆောက်နိုင်လောက်ပေမည်။

နဂါးတစ်ကောင်အဖြစ်နေလာသည်မှာကြာလာသည်နှင့်အမျှရှလင်၏ဗီဇတို့သည်နဂါးတစ်ကောင်အဖြစ်သို့အစစ်အမှန်ပြောင်းလဲသွားသည်ဟုပြောရမလိုပင်။သူသည်အလွန်လှပသောအရာဝတ္ထုများကိုကြိုက်နှစ်သက်လာပြီးထိုအရာများဖြင့်အသိုက်တစ်ခုဆောက်လုပ်ရန်ပင်စီစဉ်နေခဲ့ပြီဖြစ်သည်။

ရှလင်ဝိဉာဉ်ကွင်းများအားလုံးကိုသိမ်းဆည်းနေသည့်အချိန်တွင် ရုတ်တရက်ရှလင်နောက်ကျောဘက်တွင် သွေးမြူငွေ့များပေါ်ထွက်လာကာ ထိုမြူများအတွင်းမှဝိဉာဉ်ချိန်းကြိုးများထွက်ပေါ်လာကာ သတိလက်လွတ်ဖြစ်နေသောရှလင်အားထိုးဖောက်ကာရစ်ပတ်ပြီးချုပ်နှောင်ထားလိုက်ကြသည်။

“ဟားဟားဟားဟား...နတ်ဘုရားသွေးမျိုးဆက်ပါတဲ့နဂါးတစ်ကောင်ကိုနောက်ဆုံးတော့ဖမ်းမိခဲ့ပြီ”

“ငါသခင်ကြီးဒီအချုပ်အနှောင်ကနေလွတ်မြောက်နိုင်ပြီကွ..ဟားဟားဟားဟား”

ရှလင်အားဝိဉာဉ်ချိန်းကြိုးများဖြင့်ချုပ်နှောင်ပြီးသည်နှင့် သွေးမြူများအတွင်းမှ ခပ်ဩဩရယ်သံကြီးနှင့်အတူနတ်ဆိုးတစ်ကောင်ထွက်ပေါ်လာခဲ့သည်။နီရဲနေသည့်ဝိဉာဉ်တံဆိပ်တစ်ခုသည်ထိုနတ်ဆိုး၏နဖူးအလယ်တည့်တည့်တွင်ရှိကာထိုနတ်ဆိုး၏အဆင့်အတန်းကိုဖော်ပြပေးနေသလိုပင်။

သွေးဆားသောအပြုံးတစ်ခုဖြင့်အဆင့်အမြင့်နတ်ဆိုးတစ်ကောင်ပင်ဖြစ်သည်။ထိုနတ်ဆိုးသည် ရှလင်၏အနီးသို့တဖြည်းဖြည်းချင်းလျှောက်လာကာ ဝိဉာဉ်ချိန်းကြိုးများဖြင့်အချုပ်ခံထားရသည့်ရှလင့်ရှေ့တွင်ရပ်လိုက်သည်။

ထို့နောက်ရှလင်၏ငယ်ရွယ်နုနယ်သောမျက်နှာလေးအားသူ၏လက်သည်းရှည်ကြီးများရှိကာကြီးမားသည့်လက်ကြီးဖြင့်သူ့မျက်နှာတည့်တည့်သို့ဆွဲယူလိုက်သည်။ထို့နောက်ရှလင်မျက်နှာလေးအားကြည့်ကာ

“အိုးဟိုးဟိုး..အရမ်းငယ်ရွယ်လတ်ဆက်တဲ့နဂါးပေါက်လေးတစ်ကောင်ပါလား”

“ခင်..ခင်ဗျားကြီးကဘယ်သူလဲ ..ကျုပ် ကျုပ်ကိုဘာလို့ဖမ်းထားတာလဲ”

“ကျုပ်နဂါးဆိုတာရောခင်ဗျားဘယ်လိုသိတာလဲ..”

“လွှတ်နော်..ကျုပ်ကိုအခုလွှတ်ပေး ကျုပ်အကိုကြီးကဘယ်သူလဲသိလား...သားရဲဧကရာဇ်တိထျန်းနော်”

“ခင်ဗျားကိုလာရိုက်လိမ့်မယ်..ကျုပ်ကိုအခုလွှတ်ပေး”

ရှလင်၏ကြောက်လန့်ကာရုန်းကန်နေသောအသံထွက်ပေါ်လာသည်။သို့သော်ဝိဉာဉ်ချိန်းကြိုးများဖြင့်ချုပ်နှောင်ခံထားရသောကြောင့်သူ၏ဦးခေါင်းတစ်ခုမှလွဲ၍အခြားမည်သည့်အစိတ်အပိုင်းကိုမျှမလှုပ်ရှားနိုင်ချေ။

“ဟားဟားဟားဟားဟား...”

ရှလင်၏စကားသံကိုကြားသည်နှင့် သူ့ရှေ့ရှိအဆင့်မြင့်နတ်ဆိုးသည် အတော်ရယ်ရသည့်ဟာသတစ်ခုအားကြားလိုက်ရသကဲ့သို့ အကျယ်ကြီးအော်ရယ်လိုက်ကာ သူ့အားမျက်လုံးများပေါက်ထွက်မတတ်ကြည့်နေသောရှလင်အား နတ်ဆိုးအပြုံးတစ်ခုဖြင့်ပြန်ပြောလိုက်သည်။

“ဒီလျှို့ဝှက်နယ်မြေကိုဝင်ဖို့ဆိုတာ နတ်ဘုရားသွေးမျိုးဆက်ရှိတဲ့ နဂါးတွေဘဲဝင်နိုင်တာ”

“အခုမင်းပုံစံက အငြိုးအတေးဝိဉာဉ်တစ်ကောင်လိုဖြစ်နေပေမယ့် ငါကမသိနိုင်ဘူးထင်လို့လား ဟီးဟီး”

“ပြီးတော့မင်းရဲ့အကိုကြီးတိထျန်းဆိုတာ နတ်ဘုရားသွေးမျိုးဆက်ကိုဆုံးရှုံးလိုက်ရတဲ့ အမှိုက်သာသာနဂါးတစ်ကောင်မဟုတ်လား”

“အရင်တုန်းကဆိုရင်တော့ မင်းအကိုကြီးတိထျန်းကိုငါမနိုင်လောက်ပေမယ့် အခုလိုအချိန်မှာတော့ မင်းအကိုကြီးတိထျန်းကငါ့အတွက်အသေးအမွှားလေးဖြစ်သွားပြီး ကောင်လေးရဲ့”

“ဟီးဟီးဟီးဟားဟား..”

ထိုအဆင့်မြင့်နတ်ဆိုးသည်ပြောနေရင်းနှင့်ပင် အားပါးတရရယ်မောနေပြီးရှလင်းအားလှောင်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။

“မယုံဘူး ကျုပ်မယုံဘူး..ခင်ဗျားလိမ်နေတာ”

“ဒီမှာကောင်လေး..လိမ်တာတွေမလိမ်တာတွေနောက်ထားလိုက်တော့..အခုတော့မင်းရဲ့ခန္ဓာကိုယ်ကိုငါ့ကိုပေးလိုက်စမ်း”

အဆင့်မြင့်နတ်ဆိုးကထိုသို့ပြောလိုက်ပြီးနောက်သူ၏နတ်ဆိုးကိုယ်အတွင်းမှအနက်ရောင်ဝိဉာဉ်တစ်ခုထွက်ပေါ်လာကာ ရှလင်၏မျက်ခုံးအလယ်သို့ဝင်ရောက်သွားလေသည်။သို့သော်ထိုအဆင့်မြင့်နတ်ဆိုးမမြင်တွေ့ခဲ့ရသည်မှာတော့ ပြင်ပကမ္ဘာရှိရှလင်၏မျက်နှာပေါ်ရှိအပြုံးတစ်ခုကိုပင်။

တကယ်တော့ရှလင်ဤဂူအတွင်းသို့စရောက်စဉ်ကပင်ထိုနတ်ဆိုး၏တည်ရှိမှုကို သူ၏နတ်ဘုရားအာရုံဖြင့်တွေရှိပြီးသားပင်ဖြစ်သည်။သို့သော်ထိုနတ်ဆိုး၏ကျင့်ကြံခြင်းသည့်သြူထက်အပြတ်အသတ်သာလွန်နေသဖြင့် သူ့စိတ်ထဲ၌အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ရသည်။

သူ့အနေဖြင့်ထိုနတ်ဆိုးအားထိပ်တိုက်ရင်ဆိုင်ရန်မဖြစ်နိုင်လုနီးပါးအခြေအနေဖြစ်သည်မဟုတ်လား။ထို့အပြင်အခြားတစ်ခုကိုတွေးကြည့်ရမည်ဆိုလျှင် ရှလင်ဖတ်ဖူးခဲ့သမျှsoul land၏နိုဗယ်များထဲတွင် ဤလျှို့ဝှက်ဂူအကြောင်းမပါရှိခဲ့သလို ဤမျှကျင့်ကြံမှုမြင့်သောနတ်ဆိုးသည်လည်းပေါ်ထွက်လာသည်ဟူ၍မရှိခဲ့ပေ။

ထို့ကြောင့်ဖြစ်နိုင်သည်မှာတစ်ခုထည်းသာရှိသည်။soul land၏ယခင်ဇာတ်ကြောင်းအရဆိုလျှင်ဤလျှို့ဝှက်နေရာအားဖွင့်မည့်သူမရှိသည့်အတွက်ဤဂူအကြောင်းမပါရှိသည့်အပြင်နတ်ဆိုးသည်လည်းဤဂူအတွင်းမှထွက်သွားနိုင်ခြင်းမရှိဟူသောအဖြေသာဖြစ်သည်။

အစပိုင်းတွင်ရှလင် သွေးမျိုးဆက်ချိပ်စည်းအတွက်ရှုပ်ထွေးနေခဲ့သေးသော်လည်းနတ်ဆိုး၏နတ်ဘုရားသွေးမျိုးဆက်ရှိသည့်နဂါးများသာဖွင့်နိုင်သည်ဆိုသောအချက်ကြောင့်တိထျန်း၏ဂူအားရှာမတွေ့ခြင်းကြောင်းရှလင်သိလိုက်သည်။

မူလဇာတ်ကြောင်းတွင် တုံ့လော်ကုန်းမြေသာမက ဤလောကကြီးတစ်ခုလုံးတွင် နတ်ဘုရားအဆင့်သွေးမျိုးဆက်ရှိသည့်နဂါးတစ်ကောင်သာရှိတော့သည်။ထိုနဂါးမှာကြယ်တာရာတော၏အနက်ရှိုင်းဆုံးနေရာတွင် အိပ်ပျော်နေသေးသည့်ငွေရောင်နဂါးဘုရင်မ ဂူရွှဲနာပင်ဖြစ်သည်။

နောက်ပိုင်း ဂူရွှဲနာနိုးလာသောအခါတွင်လည်း ဤဂူအားမတွေ့ခဲ့ခြင်းမှာလည်းထန်စန်း၏လက်ချက်ဖြစ်နိုင်သည်။

ထိုအချက်များအားကြည့်ကာထိုနတ်ဆိုးအတွက်ပြင်ပကမ္ဘာအားထွက်နိုင်သည့်နည်းလမ်းတစ်ခုသာရှလင်စဉ်းစားနိုင်တော့သည်။

‘ခန္ဓာကိုယ်လုယူခြင်း ‘

All Chapters