နှစ်၈၀၀၀၀၀+ဝိဉာဉ်ကွင်း
Vol. 3 Ch. 30
ရှလင်အတွက်ထိုနတ်ဆိုးအားနှိမ်နင်းနိုင်ရန် အရာတစ်ခုထည်းကိုသာအားကိုးနိုင်သည်။သူ၏နတ်ဘုရားအဆင့်ရှိသောဝိဉာဉ်ပင်။
ထို့ကြောင့်နတ်ဆိုးရှေ့တွင်အားနည်းကားမရင့်ကျက်သေသောကလေးတစ်ယောက်အဖြစ်ဟန်ဆောင်ကာ သူ့ခန္ဓားအားလုယူမည့်နတ်ဆိုး၏အကြံအစည်အားခိုင်မာစေကာ နတ်ဆိုးအားသတိလက်လွတ်ဖြင့်သူ့ဝိဉာဉ်ပင်လယ်အတွင်းသို့ဝင်ရောက်စေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်ရှလင်ဝိဉာဉ်ပင်လယ်အတွင်းတွင်
အဆင့်မြင့်နတ်ဆိုးတစ်ကောင်သည်တော့ သူ့ပတ်ပတ်လည်ရှိအဆုံးအစမဲ့ကျယ်ဝန်းသောဝိဉာဉ်ပင်လယ်ကြီးနှင့်အတူဝိဉာဉ်ပင်လယ်အထက်တွင်လွင့်မျောနေသော မျက်ဝန်းကြီးကိုးခုအားကြည့်ကာကြောင်အနေမိသည်။
မည်သူ၏ဝိဉာဉ်ပင်လယ်သည်ဤကဲ့သို့အဆုံးအစမဲ့ကျယ်ဝန်းသနည်း။သေချာပေါက်နတ်ဘုရားအဆင့်များ၏ဝိဉာဉ်ပင်လယ်ပင်လျှင် ဤကဲ့သို့အဆုံးအစမဲ့ကျယ်ဝန်းရန်မဖြစ်နိုင်လောက်ပေ။
ယခုအချိန်မှနတ်ဆိုးတစ်ယောက်စဉ်းစားမိသည်မှာ သူတော့ထောင်ချောက်မိပြီဟုပင်။ထို့ကြောင့် နတ်ဆိုးဝိဉာဉ်ပင်လယ်ပြင်ပသို့ပြန်ထွက်ရန်ကြံလိုက်သည့်အချိန်တွင် အမှန်တရားတစ်ခုသည်နတ်ဆိုးအား ကြောက်ရွံ့သွားစေခဲ့သည်။
သူဤဝိဉာဉ်ပင်လယ်အတွင်းမှပြန်မထွက်နိုင်တော့ချေ။နတ်ဆိုးတစ်ယောက်အလွန်အမင်းကြောက်လန့်နေပြီဖြစ်သည့်အချိန်တွင် သူ့နောက်မှရှလင်၏အသံရုတ်တရက်ထွက်ပေါ်လာလေသည်။
“အိုး..ကျုပ်တို့ရဲ့အလွန်ကြီးကျယ်တဲ့နတ်ဆိုးကြီးက ကလေးတစ်ယောက်ရဲ့ဝိဉာဉ်ပင်လယ်ထဲကပြန်မထွက်နိုင်တော့ဘူးတဲ့လား”
“ကျွတ်..ကျွတ် သနားစရာကောင်းလိုက်တာ”
ရှလင်၏လှောင်ပြောင်သံကိုကြားလိုက်သည့်အချိန်တွင် ယခင်ကကြောက်ရွံ့နေသောနတ်ဆိုးသည် ယုတ်မာသောအပြုံးတစ်ထုကိုပြုံးကာ ရှလင်အားရုတ်တရက်တိုက်ခိုက်လိုက်သည်။
“ကောင်လေး..မင်းကငါ့ရှေ့မှာပေါ်လာရဲတယ်ဆိုတော့ မင်းရဲ့စိတ်ဝိဉာဉ်ကိုဖျက်စီးပြီး ငါမထွက်သွားနိုင်ဘူးလို့ထင်လိုက်တယ်ပေါ့လေ”
“ဟားဟားဟားဟား..ငတုံးကောင်လေးသေလိုက်စမ်း”
နတ်ဆိုးသည်သူ၏သွေးနီရောင် လက်သည်းချွန်လျွန်ကြီးများဖြင့်ရှလင်၏အသိစိတ်အားဖျက်စီးရန် သူ့နောက်တွင်ရပ်နေသောရှလင်အားခန္ဓာကိုယ်ကိုလှည့်ကာရုတ်တရက်တိုက်လိုက်လိုက်သည်။
“မောက်မာနေတဲ့ကောင်လေး သေလိုက်တော့ ဟီးဟီးဟီးဟီး”
သို့သော်နတ်ဆိုး၏အပြုံးသည်တစ်ခဏသာခံလိုက်ပေသည်။သူတိုက်ခိုက်လိုက်သောရှလင်၏သိစိတ်သည်ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်နေသောကြောင့်ပင်။
“သွားပြီ..”
ထိုတစ်ခွန်းသာပြောလိုက်နိုင်သည်။ရှလင်၏ဝိဉာဉ်ပင်လယ်အတွင်းတွင် ချိန်းကြိုးများပေါ်လာပြီးနတ်ဆိုးအားရစ်ပတ်လိုက်သော့ကြောင့်ပင်။
နတ်ဘုရားအဆင့်ဝိဉာဉ်ဖြင့်ပြုလုပ်ထားသည့်ချိန်းကြိုးကြီးများသည် နတ်ဆိုးအားချည်နှောင်အားတဖြည်းဖြည်းကြိတ်ချေကာသတ်ဖြတ်ရန်ကြိုးစားလိုက်သဖြင့် နတ်ဆိုးခဗျားအသံပင်မထွက်နိုင်တော့ချေ။
သူ့ရှေ့တွင်မည့်သည့်အချိန်ကမှန်းမသ်ပြုံးပြုံးလေးရပ်နေသောရှလင်အားကြည့်ကာနတ်ဆိုးအနေဖြင့်နောက်ဆုံးပြောသွားနိုင်သည်မှာ
“အ..သက်....ချမ်း.....သာ..ပေးးး....အားး!!!!!”
စကားမဆုံးခင်ပင်ချိန်းကြိုးကြီးများ၏ကျိတ်ချေမှုကြောင့်နတ်ဆိုး၏ဝိဉာဉ်သည်မှန်အပိုင်းအစများကဲ့သို့ကြေမွသွားလေပြီ။
ထိုအစိတ်စိတ်အမွှာမွှာကွဲသွားသောနတ်ဆိုး၏ဝိဉာဉ်အပိုင်းအစများအားရှလင်၏ဝိဉာဉ်ပင်လယ်မှစုပ်ယူလိုက်သဖြင့်ရှလင်၏ဦးနှောက်အတွင်းသို့ နတ်ဆိုး၏မှတ်ဉာဏ်များရုတ်တရက်စီးဝင်လာသဖြင့် ရှလင်ခေါင်းမူးသွားရသည်။
များပြားလှသောမှတ်ဉာဏ်များကြောင့်ရှလင်၁၅မိနစ်ခန့် မှတ်ဉာဏ်ကမ္ဘာကြီးထဲတွင်ကူးခတ်လိုက်သဖြင့် သူသတိပြန်လည်လာချိန်တွင် နဖူးမှချွေးများစီးကျနေကာ အလွန်အားနည်းသွားသည်ဟာခံစားလိုက်ရသည်။
သို့သော်ရှလင်သတိပြန်လည်လာချိန်တွင်ဆီးကြိုနေသည့်အရာကြောင့်ရှလင်၏နှုတ်ခမ်းထက်တွင်အပြုံးခပ်ကြီးကြီးတစ်ခုဖြစ်တည်လာလေသည်။
ထိုအရာမှာပေါ်တော်မူစနစ်၏အသံများကိုကြားလိုက်ရသောကြောင့်ဖြစ်ပေသည်။
“ဒင်!..ပိုင်ရှင်သည်လျှို့ဝှက်မစ်ရှင်-(သွေးမျိုးဆက်ချိပ်တံဆိပ်အားဖွင့်ကာလျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရောက်ပါ) ကိုအောင်မြင်ခဲ့ပါသည်”
“ဆုလာဒ် - အနက်ရောင်အဆင့်လက်ဆောင်ထုပ်တစ်ခု”
“ဒင်!...စနစ်သည် နှစ်ပေါင်း ၈၀၀၀၀၀+သင်တမ်းရှိသော
နတ်ဆိုးအဆင့်အငြိုးအတေးဝိဉာဉ်၏ ဝိဉာဉ်ကွင်းကိုထောက်လှမ်းမိပါသည်....ပိုင်ရှင်စုပ်ယူပါမည်လား”
“ဒင်!....စနစ်သည်နှစ်ပေါင်း၈၀၀၀၀၀+သင်တမ်းရှိသော
နတ်ဆိုးအဆင့်အငြိုးအတေးဝိဉာဉ်၏ ဦီးခေါင်းခွံဝိဉာဉ်ရိုး - တစ္ဆေဘုရင်ဦးခေါင်းရိုးအားထောက်လှမ်းမိပါသည်...ပိုင်ရှင်စုပ်ယူပါမည်လား”
ရှလင် သူ့ရှေ့ရှိစနစ်ဘုတ်ပြားအားကြည့်ကာသူဒီတစ်ခါတော့ပွပေါက်အကြီးကြီးတိုးမိသည်ဟုခံစားလိုက်ရသည်။
တစ်ခါမှမဖောက်ဖူးသေးသည့်အနက်ရောက်အဆင့်လက်ဆောင်ထုပ်အားအသားထားလိုက်ချေဦး။
နှစ်ပေါင်းရှစ်သိန်းကျော်သက်တမ်းရှိသည့် ဝိဉာဉ်ကွင်းတစ်ခုနှင့်ဝိဉာဉ်ရိုးတစ်ခုကိုရရှိခြင်းဆိုသည်မှာအဘယ်နည်း။ထိုအရာသည်သိန်းထီပေါက်ခြင်းပင် အွန်လိုင်းကာစီနိုများမှကျွဲများအုပ်လိုက်ဖြတ်ပြေးခြင်းအားတွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်မဟုတ်လော။
သို့သော် သူ့အတွက်ဝမ်းနည်းဖွယ်ရာမှာ ရှလင်၏ခန္ဓာကိုယ်သည်နှစ်ရှစ်သိန်းသက်တမ်းရှိသည့် ဝိဉာဉ်ကွင်းနှင့်ဝိဉာဉ်ရိုးများကိုလက်မခံနိုင်သေးသည့်အချက်ဖြစ်သည်။
မြင်သာမြင်ရပြီးမကြင်ရသည့်အဖြစ်ဟုရှလင်ခံစားလိုက်ရပြီးသူ၏တက်ကြွနေသည့်စိတ်လေးမှာ ရေနွေးပူပူကြီးဖြင့်အလောင်းခံလိုက်ရသည့်သနားစရာပန်းပင်လေးတစ်ပင်ကဲ့သို့အလျင်အမြန်ညိုးနွမ်းသွားရသည်။
ရှလင်စိတ်ဓာတ်ကျသွားသော်လည်းသူတတ်နိုင်သည့်အရာမရှိသဖြင့် သူ့ရှေ့ရှိ ဆောင်ကြာမြိုင်မှာမိန်းမလှလေးကဲ့သို့ လာပါလာပါ ကျမကိုသိမ်းယူလှည့်ပါဟုပြောနေဟန်ရှိသောဝိဉာဉ်ကွင်းနှင့်ဝိဉာဉ်ရိုးအားရင်နာနာဖြင့်ပင် ဝိဉာဉ်ကွင်းအားဝိဉာဉ်သန့်စင်ပုလဲအတွင်းသို့သိမ်းယူပြီးထိုပုလဲနှင့်ဝိဉာဉ်ရိုးနှစ်ခုစလုံးအား သူ၏သိုလှောင်လက်စွမ်းအတွင်းသို့ထည့်သိမ်းလိုက်ရတော့သည်။
ထို့အပြင်ရှလင်တွင်ဖြေရှင်းစရာပဟေဋိတစ်ပုဒ်ကျန်ရှိနေသေးသည်။ထိုအရာမှာတော့သူ၏ခန္ဓာကိုယ်အတွင်းမှသွေးမျိုးဆက်အားဆွဲငင်နေသည့် ဂူ၏အနက်ရှိုင်းဆုံးအပိုင်းမှ သူ၏နတ်ဘုရားအားရုံဖြင့်ပင်မမြင်နိုင်သောအရာပင်။
‘ထိုအရာကဘာလဲ’