နတ်နဂါးသွေးကန်
Vol. 3 Ch. 31
ဂူ၏အနက်ရှိုင်းဆုံးအပိုင်းမှ သူ၏သွေးမျိုးဆက်အားဆွဲဆောင်နေသည့်အရာမှာမည်သည့်အရာဖြစ်သနည်း။ရှလင်ပဟေဋိဖြစ်စွာ ဂူ၏အနက်ရှိုင်းဆုံးအပိုင်းသို့လျှောက်ဝင်လာခဲ့သည်။
ဂူအဆုံးသို့နီးကပ်လာသည်နှင့်အမျှ သွေးမြုအငွေ့အသက်များထူထပ်လာကာ ထိုသွေးမြူများကြောင့်ရှလင်၏သားရဲကျင့်ကြံမှုသည်ပိုမိုမြန်ဆန်လာသည်ကိုရှလင်ခံစားလိုက်ရသည်။ထို့အပြင်ထိုသွေးမြူများအား ရှလင်၏သွေးမျိုးဆက်သည်အချိုကြိုက်သောကလေးသကြားလုံးစားရသကဲ့သို့အရူးအမူးစုပ်ယူနေကာ သူ၏ကျင့်ကြံခြင်းအားတရိပ်ရိပ်တိုးတတ်လာစေသည်။
ဤအခြေအနေကြောင့် အလွန်နှေးကွေးစွာတိုးတ်နေသောရှလင်၏သားရဲကျင့်ကြံမှုသည် နိုက်ထရိုဂျင်သုံးလိုက်သည့်ပြိုင်ကားတစ်စီးအလားလျင်မြန်စွာတိုးတက်လာတော့သည်။
“ဒင်!...နတ်ဘုရားအဆင့်နဂါး၏ သွေးအဆီအနှစ်ငွေ့များအားပိုင်ရှင်မှစုပ်ယူလိုက်သဖြင့် ပိုင်ရှင်၏သားရဲကျင့်ကြံမှုတစ်နှစ်တိုးသွားပါသည်”
“ဒင်!...နတ်ဘုရားအဆင့်နဂါး၏ သွေးအဆီအနှစ်ငွေ့များအားပိုင်ရှင်မှစုပ်ယူလိုက်သဖြင့် ပိုင်ရှင်၏သားရဲကျင့်ကြံမှုတစ်နှစ်တိုးသွားပါသည်”
“ဒင်!...နတ်ဘုရားအဆင့်နဂါး၏.............”
“ဒင်!....နတ်ဘုရားအဆင့်နဂါး...........”
ထိုသွေးမြုများအားစုပ်ယူလိုက်သည်နှင့်အမျှစနစ်၏အချက်ပေးသံများကိုရှလင်ဆက်တိုက်ကြားလိုက်ရသည်။
“အိုး..နတ်ဘုရားအဆင့်နဂါးရဲ့သွေးအဆီအနှစ်တဲ့လား”
ရှလင်အတော်စိတ်ဝင်စားသွားရသည်။လေထဲမှသွေးမြူလေးများကိုစုပ်ယူခြင်းဖြင့်ပင် သူ၏သားရဲကျင့်ကြံမှုကိုအရှိန်အဟုန်ပြင်းပြင်းတိုးတက်စေသည်ဖြစ်ရာ ထိုသွေးမြူများ၏အရင်းအမြစ်ဆိုလျှင် သူ၏ကျင့်ကြံမှုအားမည်မျှတိုးတက်စေမည်နည်း။
ရှလင် သိချင်စိတ်များပြင်းပြလာကာရှေ့သို့အမြန်ချီတတ်လာခဲ့သည်။ဂူ၏အဆုံးသို့ရောက်လေ သွေးမြူများထူထပ်လာကာ ရှလင်၏နတ်ဘုရားအာရုံအားကန့်သန့်လေဖြစ်ရာ သူ၏နတ်ဘုရားအာရုံသည် ဆယ်မီတာပတ်လည်အထိသာမြင်ရတော့ကြောင်းရှလင်သိလိုက်ရသည်။
ရှလင်၏နတ်ဘုရားအာရုံကိုပင်ဤကဲ့သို့ကန့်သန့်နိုင်သည်ဖြစ်ရာ ထိုသွေးအဆီမနှစ်ပိုင်ရှင်သည် အဆင့်အတော်မြင့်သော နတ်ဘုရားအဆင့်နဂါးတစ်ကောင်ဖြစ်ပုံပင်။
သွေးမြူများ၏ပိတ်ဆို့မှုအောက်တွင်ပင် ရှလင်တဖြည်းဖြည်း ဂူ၏အဆုံးသို့ရောက်ရှိလာပြီးနောက် သွေးမြူများ၏အရင်းအမြစ်ကိုမြင်တွေ့လိုက်ချိန်တွင်ရှလင်အလွန်အံ့ဩသွားရသည်။
၎င်းမှာရေကန်ငယ်တစ်ခုစာမျှရှိသောအလွန်းအမင်းသန့်စင်ကာရဲရဲနီနေသည့်သွေးအဆီအနှစ်ကန်တစ်ခုဖြစ်သောကြောင့်ပင်။
နတ်ဘုရားအဆင့်နဂါး၏သွေးအဆီအနှစ်များသည် ကန်ငယ်တစ်ခုအဖြစ်သို့ရောက်ရှိနေပြီး ထိုကန်ငယ်ပတ်လည်တွင်လည်း သွေးနီရောင်အပင်များစွာပေါက်ရောက်နေကာ သွေးရေကန်နှင့်ပနံသင့်ကာလှပနေသည်ဟုဆိုရမလိုပင်။
ထို့ပြင်သွေးရေကန်၏အလယ်ဗဟိုတွင် သွေးနီရောင်ကျောက်တုံးကြီးတစ်ခုဖြင့်ပြုလုပ်ထားသောပုလ္လင်ကြီးတစ်ခုလည်းတည်ရှိနေသည်။
ရှလင် သူ့ရှေ့ရှိအရာများကြောင့်အံ့ဩကာတုန်လှုပ်နေမိသည်။အဘယ်ကြောင့်ဆိုသော် ရှလင်ပထမအကြိမ်နှစ်တစ်သိန်းသားရဲအဖြစ်ဆင့်ကဲပြောင်းလဲခြင်းမှရရှိထားသောမှတ်ဉာဏ်များအရ ဤသွေးရေကန်တစ်ခုလုံးရှိသွေးများသည် နတ်နဂါးတို့၏သွေးအဆီအနှစ်များဖြစ်သည်။
ရေကန်ပတ်လည်၌ပေါက်နေကြသောထိုသွေးနီရောင်အပင်များမှာ သားရဲတို့အတွက်သာမကနဂါးမျိုးနွယ်မှာပါ သွေးတိုက်ပွဲများဖြစ်ပွားနိုင်သည့်အထိ ရှာပါးလှသော နဂါးသွေးမြက်များဖြစ်သောကြောင့်ပင်။
နဂါးသွေးမြက်များသည် သားရဲတို့၏သွေးမျိုးဆက်အားမြှင့်တင်ပေးနိုင်သည့် အလွန်ရှားပါးသောမြက်တစ်မျိုးဖြစ်သည်။သွေးမျိုးဆက်အားကလေးထားသော သားရဲမျိုးနွယ်များအတွက် နဂါးသွေးမြက်များသည် တန်ဖိုးအကြီးဆုံးရတနာပင်ဖြစ်သည်။
နဂါးသွေးမြက်များရှားပါးရခြင်းသည် ထိုနဂါးသွေးမြက်များသည် နတ်ဘုရားအဆင့်နဂါး၏သွေးအဆီအနှစ်ဖြင့်သာရှင်သန်ပေါက်ဖွားနိုင်ပြီး နဂါးတစ်ကောင်တွင်လည်းသွေးအဆီအနှစ်သည်အကန့်အသန့်နှင့်သာရှိရာ ဤကဲ့သို့နဂါးသွေးမြက်များ၊ နဂါးသွေးအဆီအနှစ်ကန်တစ်ခုဖြစ်ပေါ်လာရန် နတ်ဘုရားအဆင့်နဂါးတို့ဤနေရာတွင် မည်မျှသေဆုံးခဲ့သနည်းဟု ရှလင်တွေးမိ၍တုန်လှုပ်သွားခြင်းပင်။
ထို့အပြင် သွေးကန်အလယ်တွင်ရှိနေသော သွေးကျောက်ဖြင့်ပြုလုပ်ထားသည့်ပုလ္လင်သည် ပို၍ရှလင်အားရှော့ရစေသည်။ထိုသွေးကျောက်များသည် သာမာန်ကျောက်များမဟုတ်ချေ။နတ်နဂါးတို့၏ရိုးတွင်းခြင်ဆီများမှဖြစ်တည်လာသော ခြင်ဆီကျောက်များဖြစ်ပေသည်။
ဤနေရာ ဤရေကန် ဤကျောက်တုံးပုလ္လင်တို့ဖြစ်ပေါ်လာစေရန် နဂါးမျိုးနွယ်စုတစ်ခုလုံးစတေးခဲ့ရခြင်းပေလော။ရှလင် ဘယ်လိုမှအဖြေမရှာနိုင်တော့ချေ။သူသိသည်မှာ ဤနေရာဖြစ်လာရန် နတ်နဂါးပေါင်းများစွာစတေးခဲ့ရပေခြင်းပင်။
“ဖြစ်နိုင်တာ...ငါနဂါးသင်္ချိုင်းထဲရောက်နေတာများလား”
“ဟုတ်တယ်..အဲ့တာအဖြစ်နိုင်ဆုံးဘဲ”
ရှလင် အဆုံးစွန်တွေးနိုင်သမျှသည် နတ်ဘုရားဘုံတိုက်ပွဲကြောင့်သေဆုံးကုန်သော နဂါးများသည်နဂါးမျိုးနွယ်ပြန်လည်ထူထောင်နိုင်ရန် သူတို့၏သွေးအဆီအနှစ်များကို သူတို့မသေခင်ဤနေရာသို့လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့်ပို့ဆောင်ခဲ့ကြပုံပင်။
သို့သော် သူတို့၏နောက်ဆုံးမျှော်လင့်ချက်လေးသည် လူမသိသူမသိနဂါးမသိ မပြီးတိုင်ဖုံးကွယ်ခံထားခဲ့ရသည်။ငွေနဂါးဘုရင်မ ဂူရွှဲနာတောင်ရှာမတွေ့နိုင်သည်အထိဖုံးကွယ်ခံထားရခြင်းပင်။
“နတ်ဘုရားဘုံက နတ်တွေကိုလေးစားသွားပြီ”
“သူတို့က နဂါးမျိုးနွယ်နလန်ပြန်ထလာမှာကိုအရမ်းကြောက်ကြတယ်နဲ့တူတယ်”
“ဘာဘဲဖြစ်ဖြစ်အခုတော့ဒီနေရာကငါ့အပိုင်ဖြစ်လာပြီကွ”
“ဟီးဟီးဟီးဟားဟား..”
ပထမအံဩနေသောရှလင်၏မျက်နှာမှ အပြုံးကြီးတစ်ခုဖြစ်ပေါ်လာကာ အကြီးအကျယ်အော်ရယ်လိုက်မိတော့သည်။ဤအရာမှာရေငတ်နေစဉ်ရေတွင်းတစ်ခုအတွင်းသို့ပြုတ်ကျခြင်းပင်မဟုတ်လော။
ရှလင်အားအစဉ်မပြတ်စိတ်ဒုက္ခပေးနေသည့်အရာမှာ သူ၏သားရဲကျင့်ကြံခြင်းဖြစ်သည်။နှစ်တစ်သိန်းသားရဲဖြစ်ပြီးကတည်းက ရှလင်၏သားရဲကျင့်ကြံမှုသည် တိုးတက်မှုအလွန်နှေးကွေးသွားရသဖြင့် ရှလင်အလွန်စိတ်ညစ်နေရသည်။
ကြယ်တာရာတောအတွင်းမှ စိတ်ဝိဉာဉ်သားရဲများအားသတ်ကာ ကျင့်ကြံမှုစုပ်ယူမှုကလည်း ဆင့်ခံတွင်းနှမ်းပတ်သလို အရာမထင်တော့ချေ။နှစ်တစ်သောင်းသားရဲ၏ကျင့်ကြံမှုအား စုပ်ယူပါကသူပုန်ရရှိသောကျင့်ကြံမှုသည် နှစ်တစ်ထောင်မျှသာရှိတော့သည်။
ထို့ကြောင့်သူ့အနေဖြင့် နှစ်နှစ်သိန်းကျင့်ကြံမှုသို့ရောက်ရန်သားရဲများမည်မျှသတ်ဖြတ်ရမည်နည်း။ထိုသို့သာသတ်ဖြတ်နေပါက သူ၏ကျင့်ကြံမှုနှစ်နှစ်သိန်းမပြည့်ခင်ပင် ကြယ်တာရာတောရှိ ဝိဉာဉ်သားရဲများသည်သူ့အားဝိုင်းဝန်းသတ်ဖြတ်ကြပေလိမ့်မည်။