နဂါးမီးမှုတ်ခြင်းအတတ်
Vol. 3 Ch. 32
ရှလင်၏မူလအစီအစဉ်သည် သူ၏ကျင့်ကြံမှုအားမြှင့်တင်ရန် ဝိဉာဉ်သားရဲများပေါများသော မြောက်ဝင်ရိုးစွန်းသို့သွားကာ ဝိဉာဉ်သားရဲများအားအမဲလိုက်ရန်ဖြစ်သည်။
သို့သော်ယခုတော့မလိုအပ်တော့ချေ။သူသာဤသွေးရေကန်တစ်ခုလုံးအားစုပ်ယူကာကျင့်ကြံလိုက်မည်ဆိုပါက သူ၏သားရဲကျင့်ကြံမှုသည် အနည်းဆုံးနှစ်၆သိန်းထိရောက်ရှိနိုင်မည်ဟုရှလင်ခန့်မှန်းထားသည်။
ဤအရာသည် အနိမ့်ဆုံးခန့်မှန်ခြေသာဖြစ်သည်။ထိုထက်လည်းပိုနိုင်သည်ဖြစ်ရာ ရှလင်အတွက်အချိန်တိုအတွင်း သူ၏သားရဲကျင့်ကြံမှုအတွက်စိုးရိမ်စရာမလိုအပ်တော့ချေ။
ဟုတ်ပါသည် ရှလင်အတွက်ထိုသွေးအဆီအနှစ်များအားအချိန်ယူကာစုပ်ယူဖို့တော့လိုအပ်ပါသည်။အဘယ်ကြောင့်ဆိုသော်ဤသွေးအဆီအနှစ်များသည် ရှလင်စုပ်ယူနေကြသာမာန်ဝိဉာဉ်သားရဲများ၏ကျင့်ကြံမှုများနှင့်မတူချေ။
ဤအရာများသည်နတ်အဆင့်နဂါးများ၏သွေးအဆီအနှစ်များဖြစ်သောကြောင့် ရှလင်သည်အကန့်အသန့်ဖြင့်သာစုပ်ယူသန့်စင်နိုင်သေးသည်။ထိုသို့မဟုတ်ဘဲလောဘကြီးစွာအလွန်အကျွံစုပ်ယူကျင့်ကြံပါက သူ၏ခန္ဓာကိုယ်သည်ဖရဲသီးတစ်လုံးကဲ့သို့ပေါက်ကွဲသွားမည်သာ။
“ကျန်တာတွေနောက်ထားပြီးကျင့်ကြံလိုက်ရအောင်”
“ဟီးဟီးဟီး..”
ရှလင်ထိုသို့ပြောကာ ရေကန်အလယ်ရှိသွေးကျောက်ပုလ္လင်အနီးသို့ လေဟာနယ်ရွှေ့ပြောင်းလိုက်ကာ သွေးကျောက်ပုလ္လင်အားအသေအချာစပ်စုလိုက်သည်။
သွေးကျောက်ပုလ္လင်အား အနီးကပ်သေချာစူးစမ်းလိုက်သည့်အခါ ရှလင်ရင်းနှီးသော အငွေ့အသက်တစ်ခုအားခံစားလိုက်ရသည်။နတ်ဆိုး၏အငွေအသက်ပင်။
“မထူးဆန်းတော့ဘူးဘဲ..အစကတော့ငါကနတ်ဆိုးရဲ့ကျင့်ကြံမှုအရမ်းမြင့်နေလို့ သံသယဖြစ်နေတာ ဒင်းကဒီလိုနေရာမှကျင့်ကြံခဲ့တာကို”
“အခုတော့ဒီပုလ္လင်ကငါ့အပိုင်ဖြစ်သွားပြီကွ”
ထို့နောက်ရှလင်သည် သွေးကျောက်ပုလ္လင်ပေါတွင်ထိုင်ကာ သူ၏သားရဲကျင့်ကြံမှုကိုမြှင့်တင်ရန်အတွက် သွေးကန်မှသွေးအဆီအနှစ်များကိုစတင်စုပ်ယူကာကျင့်ကြံလိုက်တော့သည်။
ရှလင်စတင်ကျင့်ကြံလိုက်သည်နှင့်သွေးကန်မှသွေးစီးကြောင်းလေးများဖြစ်ပေါ်လာကာ ရှလင်အားတဖြည်းဖြည်းရစ်ပတ်လာကာ သွေးဥကြီးတစ်လုံးအဖြစ်သို့ပြောင်းလဲလာခဲ့သည်။
“ဒင်!...ပိုင်ရှင်၏သားရဲကျင့်ကြံမှု..နှစ်၅၀တိုးလာပါသည်”
“ဒင်!..ပိုင်ရှင်၏ကျင့်ကြံမှု..နှစ်၃၀တိုးလာပါသည်”
“ဒင်!...ပိုင်ရှင်၏ကျင့်ကြံမှု..နှစ်၄၏တိုးလာပါသည်”
“ဒင်!....ပိုင်ရှင်၏ကျင့်ကြံမှု..........”
“ဒင်!..............”
စနစ်၏အချက်ပေးသံများသည် အဆက်မပြတ်ထွက်ပေါ်လာနေကာ ရှလင်၏သားရဲကျင့်ကြံမှုအလျင်အမြန်တိုးတက်လာသည်အားဖော်ပြနေသည်။သို့သော်ရှလင်မှာတော့ သူ၏ကျင့်ကြံမှုအပေါ်ဈာန်ဝင်နေသည်ဖြစ်ရာ စနစ်၏အသံများအားမကြားနိုင်တော့ချေ။
ဤအချိန်တွင် ရှလင်သိသည်မှာကျင့်ကြံခြင်းတစ်ခုထည်းသာဖြစ်သည်။ကျင့်ကြံမယ်..ကျင့်ကြံမယ် ထိုအရာသည်သာရှလင်သတိရတော့သည်အထိကျင့်ကြံနေမိသည်။
အချိန်မည်မျှကြာခဲ့သည်ကိုလည်းရှလင်မသိတော့ချေ။သူကျင့်ကြံနေသည်မှာအတော်ကြာနေပြီဟုရှလင်ခံစားနေရသည်။သွေးကန်၏အလယ်ရှိ သွေးကျောက်ပုလ္လင်ပေါ်တွင် တည်ရှိနေသော သွေးဥကြီးမှပြင်းထန်သောဖိအားတစ်ခုထွက်ပေါ်လာကာ ဂူကြီးတစ်ခုလုံးအားပျံ့နှံ့သွားလေသည်။
ရှလင်၏သတ်ဖြတ်မှုမှလွတ်မြောက်သွားကြသည့် အလျို့သောအငြိုးအတေးဝိဉာဉ်များသည် သူတို့၏ပုန်းခိုရာနေရာများမှထွက်လာကာ ရှလင်ရှိနေသည့်သွေးဥကြီးအားကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်နေကြသည်။
ထိုအချိန်ရှလင်ဘက်တွင် အလေးအနက်ကျင့်ကြံနေသောရှလင်သည် စနစ်၏ကျယ်လောင်လှသောအချက်ပေးသံကြီးကြောင့်ကျင့်ကြံမှုမှနိုးထလာခဲ့လေသည်။
“ဒင်!....ဂုဏ်ယူပါတယ်ပိုင်ရှင်...ပိုင်ရှင်၏သားရဲကျင့်ကြံမှုသည်နှစ်နှစ်သိန်းသက်တမ်းသို့ရောက်ရှိသွားပါသည်”
“ပိုင်ရှင်သည် စနစ်မှပေးသောအရံမစ်ရှင်-နှစ်နှစ်သိန်းသားရဲအဖြစ်သို့ရောက်ရှိပါအား အောင်မြင်သွားသည့်အတွက် စန်မှဆုလာဒ် - အဆင့်နိမ့်ခရမ်းရောင်လက်ဆောင်ထုပ်အားချီးမြှင့်ပါသည်”
“ဒင်!....ဂုဏ်ယူပါတယ်ပိုင်ရှင်..စနစ်မှပိုင်ရှင်၏သားရဲကျင့်ကြံမှုနှစ်နှစ်သိန်းရောက်သည့်အထိန်းအမှတ်အနေဖြင့် အဆင့်မြှင့်တင်မှုကျောက်တုံးတစ်ခုအားချီးမြှင့်လိုက်ပါသည်”
ထိုအသံများနှင့်အတူ ရက်အတော်ကြာငြိမ်သက်နေသည့်သွေးဥကြီးသည်ရုတ်တရက်အက်ကြောင်းများပေါ်လာကာထိုဥအတွင်းမှထွက်ပေါ်လာသည့် ဖရိုဖရဲအလင်းများကြောင့် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားရကာ သွေးကျောက်ပုလ္လင်တစ်ခုလုံးအား သွေးမြူများဖြင့်ဖုံးလွှမ်းသွားစေသည်။
ထိုမှတဆင့်ထိုသွေးမြူများသည် လေဝဲတစ်ခုအဖြစ်အသွင်ပြောင်းကာ ပုလ္လင်အပေါ်တွင်မျက်လုံးမှိတ်ကာထိုင်နေသည့်အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး၏နဖူးအလယ်သို့တိုးဝင်လာကြကာ ထိုလူငယ်လေး၏နဖူးတွင်သွေးရောင်နဂါးအမှတ်အသားတစ်ခုဖြစ်ပေါ်စေခဲ့သည်။
ထိုအမှတ်အသားဖြစ်ပေါ်လာသည်နှင့် အလွန်များပြားလှသောသွေးမျိုးဆက်မှတ်ဉာဏ်များသည် ရှလင်၏ဦးနှောက်အတွင်းသို့အတင်းတိုးဝင်လာကြသဖြင့် ပုလ္လင်အပေါ်တွင်ထိုင်နေသောရှလင်၏မျက်ခုံးအစုံအားကြုံ့သွားစေသည်။
နဂါးမျိုးနွယ်ဖြစ်တည်လာသည်မှစကာ တဖြည်းဖြည်းတိုးတက်လာကြပုံများ၊အလွန်များပြားလှသည့်နဂါးမျိုးနွယ်များအကြောင်းစသည်တို့အပြင် သွေးမျိုးဆက်တိုက်ခိုက်မှုဖြစ်သည့် နဂါးမီးမှုတ်ခြင်း အားတတ်မြောက်ခဲ့သေးသည်။
နဂါးမီးမှုတ်ခြင်းပညာသည် နဂါးမီးလျှံအားစုစည်းကာ ပစ်မှတ်အားမီးဖြင့်မှုတ်လိုက်ခြင်းဖြစ်သည်။ဤတိုက်ခိုက်မှုသည်ရိုးရှင်းသည်ဟုထင်ရဖွယ်ရှိသော်လည်း နဂါးမီးလျှံ၏တိုက်ခိုက်မှုသည် လောကတစ်ခွင်ရှိအမာဆုံးသောသတ္ထုကိုပင် အရည်ဖျော်နိုင်စွမ်းရှိပေသည်။
သို့သော်ရှလင်၏ယခုသားရဲကျင့်ကြံမှုဖြင့် တစ်နေ့လျှင်နဂါးမီးလျှံအားနှစ်ကြိမ်သာစုစည်းနိုင်ခြင်းသည် ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုပင်။
သို့သော်ရှလင်စိတ်ဓာတ်မကျသွားပေ။ဤသွေးကန်ကြီးတစ်ခုလုံးအားစုပ်ယူပြီးသွားလျှင် သူ၏ကျင့်ကြံမှုသည်အများအပြားတိုးတက်လာမည်ဖြစ်ကာ ထိုအချိန်တွင်နဂါးမီးလျှံစုစည်းခြင်းသည် ရှလင်အတွက်အသေးအမွှားသာဖြစ်သွားတော့မည်မဟုတ်လော။
ပုလ္လင်အပေါ်ရှိမျက်လုံးမှိတ်ကာကျင့်ကြံနေသည့်ရှလင် သူ၏မျက်လုံးကိုဖွင့်ကာ ပြောင်းလဲသွားသောသူ၏ခန္ဓာကိုယ်အားကြည့်ကာ ကျေနပ်သွားဟန်ခေါင်းငြိမ့်လိုက်သည်။ထို့နောက်လက်သီးတစ်ခုအားလေထဲသို့ပစ်ခွင်းလိုက်ရာ ရှလင်၏တိုးတက်လာသောအင်အားကြောင့် ထိုလက်သီးမှထွက်ပေါ်လာသောလှိုင်းများသည် ဂူ၏နံရံသို့ထိကာ ဂူနံရံများအားပွင့်ထွက်သွားစေသည်။
“မဆိုးဘူး..ငါ့ရဲ့အင်အားတွေအရမ်းတိုးတက်လာတယ်”
ရှလင်သူ့လက်သီးအင်အားကြောင့် ကျေနပ်သွားပြီဖြစ်ရာ အရေးကြီးသည့်အလုပ်တစ်ခုအားလုပ်ရန်စနစ်အားဆင့်ခေါ်လိုက်သည်။
“ကဲ..အခုတော့ကျင့်ကြံမှုခဏနားပြီး ငါ့ရဲ့လက်ဆောင်ထုပ်လေးတွေဖောက်ရမဲ့အချိန်ရောက်ပြီ”
“လာစမ်းစနစ်ရေ...ငါ့ရဲ့ခရမ်းရောင်လက်ဆောင်ထုပ်လေးအရင်ဖောက်ပါဦး”
“ဒင်!.....အဆင့်နိမ့်ခရမ်းရောင်လက်ဆောင်ထုပ်အားဖွင့်ဖောက်နေပါသည်”
“ဒင်!...ဂုဏ်ယူပါတယ်ပိုင်ရှင်သည်..........”