← Chapters

အနက်ရောင်အဆင့်ဆုလာဒ်

Vol. 3 Ch. 33

အနက်ရောင်အဆင့်ဆုလာဒ်

Vol. 3 Ch. 33

“ဒင်!...ခရမ်းရောင်အဆင့်နိမ့်လက်ဆောင်ထုပ်အားဖွင့်ဖောက်နေပါသည်...”

“ဒင်!....ဂုဏ်ယူပါတယ်..ပိုင်ရှင်သည်ရွှေဒြပ်စင်၏တိုက်ခိုက်မှုစွမ်းရည် - ရွှေနဂါးလက်သည်း ကိုရရှိပါသည်”

“အိုး..သွေးမျိုးဆက်တိုက်ခိုက်မှုစွမ်းရည်လား ဒီစွမ်းရည်နဲ့ဆိုရင်ငါ့ရဲ့ရွှေဒြပ်စင်မှာစွမ်းရည်သုံးခုရှိသွားပြီပေါ့”

“စနစ်ငါ့ရဲ့ကိုယ်ရေးအကျဉ်းကိုပြပါ”

“ဒင်!..ကောင်းပါပြီပိုင်ရှင်”

“ဒင်!~~~~~”

‘အမည် = ရှလင်

မျိုးနွယ် = နဂါးမျိုးနွယ်

အသက် = နှစ်လ

သားရဲကျင့်ကြံမှုသက်တမ်း = ၂၀၀၀၀၀နှစ်

သိုင်းဝိဉာဉ်များ

[သိုင်းဝိဉာဉ်အမည် = ပွင့်ချပ်ကိုးခုကြာပန်း

တပ်ဆင်ထားသောဝိဉာဉ်ကွင်း = သုံးကွင်း

ပထမဝိဉာဉ်ကွင်း = နှစ်တစ်သိန်းဆူးတစ်ရာနဂါး

ဝိဉာဉ်ကွင်းစွမ်းရည်များ = ကြာပန်းပစ်လွှတ်ခြင်း

ကြာပန်းပေါက်ကွဲခြင်း

(ချိပ်ပိတ်ထား)

ဒုတိယဝိဉာဉ်ကွင်း = နှစ်တစ်သိန်းမီးအဆိပ်ပန်းပင်

ဝိဉာဉ်ကွင်းစွမ်းရည်များ = မီးအဆိပ်ဆူးပစ်လွှတ်ခြင်း

တတိယဝိဉာဉ်ကွင်း = နှစ်နှစ်သိန်းစင်္ကြာမြီးသားရဲ

ဝိဉာဉ်ကွင်းစွမ်းရည်များ = ဖျက်စီးရေးစင်္ကြာများ]

[သိုင်းဝိဉာဉ် = ပြောင်းလဲမှုကိုးခုမျက်လုံး

ဝိဉာဥ်ကွင်း = နှစ်တစ်သန်းကွင်းတစ်ကွင်း(ချိပ်ပိတ်ထား)

နိုးထပြီးသောမျက်လုံး = အိပ်မက်မျက်လုံး

(သင်၏သိုင်းဝိဉာဉ်တွင်မျက်လုံးနေရာလွတ်ကိုးခုရှိပါသည်။မျက်လုံးတစ်ခုစီတွင်ဝိဉာဉ်ကွင်းတစ်ခုကိုတပ်ဆင်နိုင်ပြီးတပ်ဆင်ထားသောဝိဉာဉ်ကွင်း၏ဂုဏ်သတ္တိအရမျက်လုံးတစ်ခုနိုးထနိုင်ပါသည်။)

နှစ်တစ်သန်းဝိဉာဉ်ကွင်းမှပေးသောအိပ်မက်မျက်လုံးစွမ်းရည်များ

အိပ်မက်မျက်လုံးပထမစွမ်းရည် = နတ်ဘုရားမျက်လုံးကူးယူခြင်း

(သင်၏မျက်လုံးဖြင့်မြင်ဖူးသောသိုင်းဝိဉာဉ်များကိုကူးယူ၍မိမိအတွက်အသုံးပြုနိုင်ပါသည်။သိုင်းဝိဉာဉ်တစ်ခုလျှင်သုံးရက်ကြာမှတ်သားထားနိုင်ပြီးသိုင်းဝိဉာဉ်ပိုင်ရှင်၏ဝိဉာဉ်ကွင်းစွမ်းရည်တစ်ခုကို၈၀%အထိအသုံးပြုနိုင်ပါသည်။ထို့အပြင်သင်သည်သိုင်းဝိဉာဉ်တစ်ခုကိုရာသက်ပန်မှတ်သားထားနိုင်ပါသည်။သင်၏အဆင့်တိုးလာသည်နှင့်မှတ်သားနိုင်သောနေရာများတိုးလာနိုင်ပါသည်။)

အိပ်မက်မျက်လုံးဒုတိယစွမ်းရည် = ပုံရိပ်ယောင်တုပခြင်း

(သင်သည်သက်ရှိသက်မဲ့အရာအားလုံးကိုတုပနိုင်သောပြိုင်ဘက်ကင်းတုပနိုင်စွမ်းကိုရရှိပါသည်။သင်၏စိတ်စွမ်းအားအရအဆင့်မြင့်ဖုန်းဟောက်တုံ့လော်အဆင့်ထိသင်၏ပုံရိပ်ယောင်များကိုဖြတ်မမြင်နိုင်ပေ။)

အိပ်မက်မျက်လုံးတတိယစွမ်းရည် = ချိပ်ပိတ်ထား

အိပ်မက်မျက်လုံးတတိယစွမ်းရည် = ချပ်ပိတ်ထား ]

ဝိဉာဉ်ရိုး = လေဟာနယ်နဂါးတောင်ပံ၊မီးလက်မောင်းရိုး

စိတ်ဝိဉာဉ်စွမ်းအား = ၁၀၀(နတ်အဆင့်)

သွေးမျိုးဆက် = ဖရိုဖရဲနဂါးသွေးမျိုးဆက်(၁၀%နိုးထပြီး)

ဒြပ်စင်ဝိဉာဉ် = ရွှေဒြပ်စင်(နိုးထပြီး)

[ဒြပ်စင်အမည် = ရွှေဒြပ်စင်

ရွှေဒြပ်စင်မှရရှိသောစွမ်းရည်များ

ရွှေခန္ဓာကိုယ်

(သင်သည်သင်၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖြစ်စေခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုဖြစ်စေမည်သည့်အရာမျှမထိုးဖောက်နိုင်သော‌ေရွှသတ္ထုကိုယ်ထည်အဖြစ်ပြောင်းလဲနိုင်ပါသည်။ကြာချိန်မှာစက္ကန့်တစ်ရာဖြစ်ပါသည်။သင်၏ဝိဉာဉ်စွမ်းအားအပေါ်မူတည်၍အကြိမ်ရေအကန့်အသန့်မရှိသုံးနိုင်ပါသည်)

ရွှေသတ္ထုနယ်မြေ

(သင်သည်ထိုစွမ်းရည်ဖြင့်သင်၏ပတ်လည်တွင်မီတာ၁၀၀အချင်းဝက်ရှိသောနယ်မြေတစ်ခုကိုရရှိကာထိုနယ်မြေထဲရှိသတ္ထုများအားထိန်းချုပ်စေနိုင်ပါသည်။သင်၏ဝိဉာဉ်စွမ်းအားအပေါ်မူတည်၍အဆက်မပြတ်ထုတ်လွှတ်နိုင်ပါသည်။စက်ဝန်းအကျယ်အားသင်၏သားရဲကျင့်ကြံမှုနှင့်အတူမြှင့်တင်နိုင်ပါသည်။)

ရွှေနဂါးလက်သည်း

(သွေးမျိုးဆက်တိုက်ခိုက်ရေးကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးအဆုံးမဲ့ဖိအားများဖြင့်ရန်သူ၏အကာအကွယ်အားထိုးဖောက်ကာပြင်းထန်သောထိခိုက်မှုကိုဖြစ်စေပါသည်)]

ရေဒြပ်စင်(နိုးထပြီး)

[ဒြပ်စင်အမည် = ရေဒြပ်စင်

ရေဒြပ်စင်မှရရှိသောစွမ်းရည်များ

ရေထိန်းချုပ်ခြင်း

(သင်သည် အနီးအနားရှိရေများအားထိန်းချုပ်ကာ ကြီးမားသောရေလွှမ်းမှုကြီးကိုဖြစ်ပေါ်စေကာ ရန်သူများအားထိုခိုက်စေနိုင်ပါသည်)

ရေနဂါးဟိန်းသံ

(သင်၏ဟိန်းသံဖြင့် သင့်ထက်အဆင့်နိမ့်သောရေနေသားရဲများကိုဆင့်ခေါ်နိုင်ကာ သင့်အတွက်တိုက်ခိုက်စေနိုင်သည်)]

သစ်သားဒြပ်စင် = နိုးထမှု (၀%)

စနစ်သို့လှောင်ခန်း = အနက်ရောင်လက်ဆောင်ထုပ်တစ်ခု၊မြှင့်တင်မှု‌ကျောက်တုံးတစ်ခု၊အဆင့်မြင့်ဟင်းခတ်အမွှေးအကြိုင်များ×××၊ကုသခြင်းဆေးရည်×××××’

သူ၏များပြားလှသောစွမ်းရည်များအားကြည့်ကာရှလင်ခေါင်းမူးသွားသလိုပင်ခံစားလိုက်ရသည်။

“ငါနောက်ဆိုရင်ငါ့စွမ်းရည်တွေကိုဖတ်နိုင်တော့မယ်တောင်မထင်ဘူး”

“စွမ်းရည်တွေများတာကလည်း ဒုက္ခတစ်ခုပါဘဲလားကွာ”

အကယ်၍ရှလင်ပြောနေသည်အား တုံ့လော်ကုန်းမြေရှိဝိဉာဉ်ဆရာများကြားပါက သူ့အားမသေမချင်းအသက်စွန့်ကာဝိုင်းတိုက်ကြပေလိမ့်မည်။

သူ၏ဒြပ်စင်ဝိဉာဉ်များတွင် ရွှေဒြပ်စင်နှင့်ရေဒြပ်စင်တို့နိုးထပြီးပြီဖြစ်ကာသစ်သားဒြပ်စင်သည်နိုးထဆဲအခြေအနေတွင်ရှိနေသည်။

ရှလင်ရေဒြပ်စင်၏စွမ်းရည်များအားဖတ်ကာမဆိုးဘူးဟုတွေးမိသဖြင့်ခေါင်းငြိမ့်လိုက်သည်။ဤစွမ်းရည်များသည်ကုန်းတွင်းဒေသတွင်အကန့်အသန့်ဖြင့်သာအသုံးဝင်နိုင်သော်လည်း ပင်လယ်ပြင်သို့ခရီးထွက်ရာတွင်သူ့အားပင်လယ်ဘုရင်အဖြစ်သို့ရောက်ရှိစေနိုင်သည်။

“ငါ့မှာစွမ်းရည်တွေချို့တဲ့နေလို့လား..မဖြစ်နိုင်တာ”

“ပင်လယ်မှာဘဲအသုံးဝင်တယ်ဆိုတော့လည်း ကောင်းတာပေါ့”

ရှလင်ဘဝင်ခေါင်ခိုက်စွာတွေးလိုက်သည်။ထိုစွမ်းရည်များကိုယခုမသုံးရ၍လည်းသူ၏စွမ်းအားများလျော့နည်းသွားခြင်းမဖြစ်နိုင်ပေ။

“အခုနောက်ထပ် လက်ဆောင်တွေကိုကြည့်ရအောင်”

“ငါ့မှာ အနက်ရောင်လက်ဆောင်ထုပ်နဲ့မြှင့်တင်မှုကျောက်တုံးတွေရှိသေးတယ်မလား အဲ့တာဘာတွေရမလဲကြည့်ရမယ်”

အဆင့်မြှင့်တင်မှုကျောက်တုံးသည် သူ၏နာမည်အတိုင်းပင်အဆင့်များကိုမြှင့်တင်နိုင်ပေသည်။မည်သည့်အဆင့်များကိုမြှင့်တင်ရန်ထိုကျောက်တုံးအားအသုံးပြုမည်နည်း။

ထိုကျောက်တုံးသည် နှစ်တစ်သိန်းအောက်မည်သည့်အဆင့်တွင်ရှိနေစေကာမူ ထိုဝိဉာဉ်ကွင်းအားနှစ်တစ်သိန်းဝိဉာဉ်ကွင်းအဖြစ်သို့မြှင့်တင်နိုင်ပြီး နှစ်တစ်သိန်းအထက်ဝိဉာဉ်ကွင်းဆိုလျှင်တော့ ၂၅%အထိမြှင့်တင်ပေးနိုင်သည့် အလွန်ရှားပါးသည့်ကျောက်တုံးတစ်ခုဖြစ်ပေသည်။

သို့သော်ဝမ်းနည်းစရာကောင်းသည်လားကြွားပြောရမည်ဟုဆိုရမလားပင်။ရှလင်တွင်နှစ်တစ်သိန်းအောက်ဝိဉာဉ်ကွင်းမရှိခြင်းဖြစ်သည်။အခြားဝိဉာဉ်ဆရာများသည်သာဤကျောက်တုံးအားရမည်ဆိုပါက သူတို့၏ဝိဉာဉ်ကွင်းများထဲမှမည်သည့်ဝိဉာဉ်ကွင်းအားမြှင့်တင်ရမည်နည်းဟုစိုးရိမ်နေရသည့်အချိန်တွင် ရှလင်မှာတော့မြှင့်တင်ရန်ဝိဉာဉ်ကွင်းမရှိခြင်းကို ထိုဝိဉာဉ်ဆရာများသိပါက သွေးတက်သွားနိုင်သည်။

“အဆင့်မြှင့်တင်မှုကျောက်တုံးကငါ့အတွက်အခုချိန်မှာအသုံးမဝင်သေးတာနှမြောစရာဘဲ”

“နှစ်တစ်သိန်းပြည့်ပြီးတဲ့ဝိဉာဉ်ကွင်းတွေကိုသုံးမယ်ဆိုရင်လည်း ဖြုန်းတီးရာကျနေမယ် ..အဲ့တော့အရင်သိမ်းထားလိုက်မယ်”

ရှလင်ထိုသို့တွေးကာကျောက်တုံးအား စနစ်သိုလှောင်ခန်းအတွင်းသို့ပြန်ထည့်လိုက်သည်။ဤကဲ့သို့တန်ဖိုးကြီးပစ္စည်းအားရှလင်သိုလှောင်လက်စွပ်အတွင်း၌သိမ်းမထားရဲပေ။စနစ်၏သိုလှောင်ခန်းသည်သာအလုံခြုံးဆုံးပင်။

ထို့နောက်ရှလင်သူ၏လက်ဖဝါးနှစ်ဖက်ကိုပွတ်ကာစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“စနစ် အနက်ရောင်အဆင့်မြင့်လက်ဆောင်ထုပ်ကိုဖောက်လိုက်ပါ”

“ဒင်!...ကောင်းပါပြီပိုင်ရှင်..”

“ဒင်!....အနက်ရောင်အဆင့်မြင့်လက်ဆောင်ထုပ်အားဖွင့်ဖောက်နေပါပြီ..”

“ဂုဏ်ယူပါတယ်..ပိုင်ရှင်သည်မူလသုံးခုနည်းစနစ်အား ရရှိပါသည်”

All Chapters