← Chapters

ပုံသွင်းခြင်း

Vol. 3 Ch. 35

ပုံသွင်းခြင်း

Vol. 3 Ch. 35

ရှလင် သူ့ရှေ့ရှိသွေးလုံးသုံးခုကိုကြည့်ကာ မူလသုံးခုနည်းစနစ်၏ တတိယအဆင့်ကိုပြုလုပ်ရန်စတင်နေပြီးဖြစ်သည်။ထိုအရာမှာတော့ပုံသွင်းခြင်းဖြစ်သည်။

ရှလင်၏ဝိဉာဉ်သည်ခန္ဓာပြင်ပတွင်နေလာသည်မှကြာလာသည်နှင့်အမျှမသက်မသာဖြစ်မှုကိုခံစားလာရသဖြင့် ကိုယ်ခွဲပြုလုပ်ခြင်းအား အရှိန်မြှင့်လိုက်တော့သည်။

ရှလင်ပထမဆုံးပြုလုပ်သည့်ကိုယ်ခွဲမှာဖရိုဖရဲနဂါးကိုယ်ခွဲဖြစ်သည်။သူ့ပတ်ဝန်းကျင်မှလေဟာနယ်ထဲတွင် လွင့်မြောနေသော ဖရိုဖရဲနဂါးသွေးမျိုးဆက်အားဝိဉာဉ်စွမ်းအားဖြင့်လှမ်းဆွဲလိုက်ကာ အလွန်သေးငယ်သည့်ဖရိုဖရဲသွေးတစ်စက်အားထုပ်ယူလိုက်ပြီးကျန်သည့်သွေးမျိုးဆက်အားလုံးကို သွေးလုံးငယ်သုံးခုမှပထမဆုံး သွေးလုံးအတွင်းသို့ပစ်ထည့်လိုက်သည်။

ဖရိုဖရဲနဂါးသွေးမျိုးဆက်သည်ပထမသွေးလုံးအတွင်းသို့ဝင်ရောက်သွားသည်နှင့် ထိုသွေးမျိုးဆက်သည်သွေးလုံးတစ်ခုလုံးအား ပျံ့နှံ့သွားကာဖရိုဖရဲအရောင်များရောနှောနေသောသွေးလုံးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ထိုအခါမှရှလင်သူ၏ဝိဉာဉ်ဖိအားဖြင့်ထိုသွေးလုံးအားသွေးလူသားတစ်ယောက်အဖြစ်ပုံသွင်းလိုက်ကာနည်းစနစ်၏တတိယအဆင့်အားပြီးမြောက်စေသည်။

ပထမဆုံးကိုယ်ခွဲ၏ပုံရိပ်သည်စတင်ပုံပေါ်လာပြီဖြစ်သည့်အတွက်ရှလင်ကျန်နေသေးသည့်ကိုယ်ခွဲများအား ပိုမိုလျင်မြန်စွာလုပ်ဆောင်တော့သည်။သူထုတ်ယူထားသောဝိဉာဉ်ရိုးများကိုဒုတိယသွေးလုံးအတွင်းသို့ထည့်လိုက်ပြီးသိုင်းဝိဉာဉ်များမှလည်းရွှေရောင်တောက်ပနေသည့် ချည်မျှင်လေးနှစ်ခုကိုထုတ်ယူလိုက်ကာ ကျန်သည့်သိုင်းဝိဉာဉ်များကိုဒုတိယသွေးလုံးထဲသို့ထပ်မံထည့်သွင်းလိုက်ပြန်သည်။

ရှလင်၏ဝိဉာဉ်ဖိအားအောက်တွင်ဒုတိယသွေးလုံးသည်သွေးလူသားအဖြစ်သို့ရောက်ရှိသွားသည်နှင့်ရှလင်၏အာရုံအာတတိယသွေးလုံးဘက်သို့လှည့်လိုက်သည်။

ဤကိုယ်ခွဲသည်ရှလင်အတွက်ပြုလုပ်ရန်အလွန်ဖိအားများသောကိုယ်ခွဲဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော်ဤဝိဉာဉ်ကုန်းမြေကြီးတွင်မရှိဘူးသော အရာတစ်ခုကိုရှလင်ဖန်တီးချင်သည့်အတွက်ဖြစ်သောကြောင့်ပင်။ထိုအရာမှာတောါကျင့်ကြံသူတစ်ဦးဖြစ်သည်။

ရှလင်၏သွေးမျိုးဆက်မှတ်ဉာဏ်များတွင် သူလာခဲ့သောနေရာတွင် ဝိဉာဉ်ဆရာများမဟုတ်သည့် တာအိုကျင့်ကြံသူများရှိသည်။ထို့ကြောင့်ရှလင်အရဲစွန့်ကာသူ၏တတိယမြောက်ကိုယ်ခွဲအားကျင့်ကြံသူတစ်ယောက်အဖြစ်ပုံဖော်ရန်စီစဉ်နေခြင်းပင်။

ပထမဦးစွာရှလင် သူခွဲထုတ်ထားခဲ့သည့်ဖရိုဖရဲနဂါးသွေးမျိုးဆက်တစ်စက်အားလူ၏လက်ဝါးအတွင်းသို့ဆွဲယူလိုက်သည်။ဖရိုဖရဲအရောင်များရောနှောနေသောသွေးစက်သည်ပြင်းထန်သောဖိအားတစ်ခုကိုပေးစွမ်းနေသည်။

ထိုသွေးစက်အားရှလင်၏လက်ဝါးအတွင်းသို့ယူဆောင်ပြီးသည်နှင့် သူထုတ်ယူထားသောသိုင်းဝိဉာဉ်နှစ်ခုမှရွှေရောင်ချည်မျှင်နှစ်ခုအားထိုသွေးစက်အတွင်းသို့ပို့လွှတ်လိုက်သည်။

ချည်မျှင်နှစ်ခုနှင့်သွေးစက်တို့ထိမိလိုက်သည်နှင့်အလွန်ပြင်းထန်သောတွန်းကန်အားတစ်ခုဖြစ်ပေါ်လာကာ ရှလင်၏ဝိဉာဉ်ဖိအားအောက်မှပင်လွတ်ထွက်သွားတော့မလိုဖြစ်လာသည်။ထို့ကြောင့်ရှလင်သူ၏ဝိဉာဉ်ဖိအားကိုအဆုံးစွန်ထုတ်သုံးကာ ချဉ်မျှင်နှစ်ခုအားသွေးစက်အတွင်းသို့အတင့်ဖိနှိပ်ကာပေါင်းစည်းလိုက်သည်။

ရှလင်၏နတ်ဘုရားအဆင့်ဝိဉာဉ်ဖိအားအောက်တွင်မူလကတွန်းကန်နေသောသွေးစက်နှင့်ချည်မျှင်နှစ်ခုတို့သည်တဖြည်းဖြည်းပေါင်းစပ်သွားကာ ဖရိုဖရဲကြာပန်းတစ်ပွင့်နှင့်အတူ ယင်ယန်အမွှာမျက်လုံးတစ်စုံဖြစ်ပေါ်လာတော့သည်။

ထိုအရာဝတ္ထြနှစ်ခုဖြစ်ပေါ်လာမှသာရှလင်သက်မချမိသည်။နောက်ဆုံးတော့သူလုပ်နိုင်ခဲ့ပြီမဟုတ်လား။ထို့နောက်ရှလင်ထိုကြာပန်းနှင့်မျက်လုံးနှစ်ခုအားနောက်ဆုံးသွေးလုံးဆီသို့ထည့်သွင်းလိုက်ကာတတိယမြောက်သွေးကိုယ်ပွားအားပုံစံပေါ်လာစေခဲ့သည်။

ထိုကိစ္စများပြီးမြောက်သွားချိန်တွင် ရှလင်၏ဝိဉာဉ်ကိုယ်ထည်သည်အလွန်ပင်ပန်းနေသည့်အလားမှိန်ဖျော့နေပြီဖြစ်သည်။ထို့ကြောင့်ရှလင်အချိန်မဆွဲတော့ဘဲ မူလသုံးခုနည်းစနစ်၏ နောက်ဆူံးအဆင့်အားစတင်လိုက်တော့သည်။

ဝိဉာဉ်ထည့်သွင်းခြင်းပင်။

နောက်ဆုံးအဆင့်အားစလိုက်သည်နှင့်ရှလင်၏ဝိဉာဉ်ကိုယ်ထည်သည်အလင်းမှုန်များအဖြစ်သို့စတင်ပြိုကွဲလာကာ တောက်ပသောအလင်းတန်းသုံးခုအဖြစ်သို့ပြောင်းလဲသွားပြီးသွေးကိုယ်ခွဲများဆီသို့ အရှန်ဖြင့်ပြေးဝင်သွားတော့သည်။

ရှလင်၏ဝိဉာဉ်များဝင်ရောက်သွားသည်နှင့်သွေးကိုယ်ခွဲများအားထူထဲသောဝိဉာဉ်စွမ်းအားများသည်ဖုံးလွှမ်းလာကာကိုယ်ခွဲသုံးခုအားဥကြီးသုံးလုံးအဖြစ်သို့ပြောင်းလဲသွားစေကာ သွေးကန်၏မျက်နှာပြင်ပေါ်သို့ငြင်သာစွာကျရောက်စေသည်။ထို့နောက်တွင်ထိုဥကြီးသုံးလုံးသည်ရေမြှုပ်များအလား သွေးကန်ရှိသွေးအဆီအနှစ်များကိုအရူးအမူးစုပ်ယူကြတော့သည်။

ရှလင်အရဲစွန့်ကာဤကဲ့သို့ကိုယ်ခွဲများပြုလုပ်ရဲခြင်းသည် ဤသွေးကန်ကြီးကြောင့်လည်းပါပေသည်။ရှလင်၏ကိုယ်ခွဲများလျင်မြန်စွာဖွံ့ဖြိုးစေရန် သွေးကန်ကြီး၏သွေးအဆီအနှစ်များအားအသုံးပြုရန်ကြံရွယ်ခဲ့ခြင်းပင်။

ဂူကြီးတစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်နေကာ အလွန်အေးချမ်းနေသည်။ဂူကြီး၏အဆုံးတွင်သွေးကန်ကြီးတစ်ခုရှိကာထိုသွေားကန်ကြီးပေါ်တွင်သွေးနီရောင်အဖြစ်သို့ပြောင်းလဲနေပြီဖြစ်သောဥကြီးသုံးလုံးသည်သွေးကန်၏သွေးအဆီအနှစ်များကိုအားပါးတရစုပ်ယူနေကြသည်မှအချိန်မည်မျှကြာခဲ့ပြီဆိုသည်ကို မသိနိုင်ပေ။

“ဂျွတ်!..ဂျွတ်!..”

ယနေ့တွင်တော့ထိုငြိမ်သက်ကာသွေးများစုပ်ယူနေသည့်ဥကြီးသုံးလုံးမှတစ်လုံးတွင်အက်ရာများပေါ်ပေါက်လာကာထိုအက်ရာအတွင်းမှဖရိုဖရဲအလင်းများတောက်ပလာပြီး ဂူကြီးတစ်ခုလုံးသို့ပျံ့နှံ့သွားစေသည်။

အလင်းရောင်များပျောက်ဆုံးသွားသည့်အခါတွင်ထိုအက်ကြောင်းများထနေသောဥကြီးသည်အစအနရှာမရတော့ဘဲထိုနေရာတွင်နတ်ဘုရားတစ်ပါးကဲ့သို့ချောမောသည့် ရွှေရောင်ဝတ်စုံဖြင့်လူငယ်တစ်ဦးကိုသာတွေ့ရ‌သည်။

ထိုလူငယ်၏နဖူးတွင်ရှိသောဦးချိုငယ်လေးနှစ်ခုသည်ထိုလူငယ်အားလူသားတစ်ယောက်မဟုတ်ဘူးဆိုသည်ကိုသက်သေခံနေလျက်ရှိသည်။

ထိုလူငယ်မှာတော့ကျတော်တို့၏ဇာတ်လိုက်ကျော်ကြီးရှလင်၏ကိုယ်ခွဲသုံးခုမှတစ်ခုဖြစ်သောဖရိုဖရဲနဂါးပင်ဖြစ်ချေသည်။

All Chapters