← Chapters

ကိုယ်ခွဲသုံးခု

Vol. 3 Ch. 36

ကိုယ်ခွဲသုံးခု

Vol. 3 Ch. 36

ဖရိုဖရဲနဂါးဥမှထွက်လာပြီးသည်နှင့်သူ့ဘေးရှိကျန်ရှိနေသေးသည့်ဥကြီးများမှလည်းအလင်းတန်းများထွက်ပေါ်လာကာဂူကြီးအားအလင်းတန်းများထပ်မံဖုံးလွှမ်းသွားပြန်ကာထိုအလင်းများပျောက်ကွယ်သွားသည့်အချိန်တွင် ပုံစံခွက်တစ်ခုထဲမှထုတ်ထားဟန်ရှိသေလူငယ်လေးသုံးယောက်သည် တြိဂံပုံစံ‌အနေအထားဖြင့်သွေးကန်၏မျက်နှာပြင်အထက်တွင်လွင့်မျောနေသည်ကိုတွေ့ရပေလိမ့်မည်။

ထိုလူငယ်လေးများသည် ရွှေရောင်ဝတ်ဆုံ၊အဖြူရောင်တာအိုဝတ်ရုံနှင့်မိုးပြာရောင်ဝတ်စုံတို့ကိုအသီးသီးဝတ်ဆင်ထားကာ အမွှာသုံးယောက်ကဲ့သို့တစ်ယာက်တစ်မျိုးချောမောကာကြည့်ကောင်းနေကြသည်။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ..”

ရုတ်တရက်မျက်လုံးပိတ်ကာထိုင်နေကြသောလူငယ်လေးသုံးယောက်လုံးမျက်လုံးများကိုဖွင့်ကာပြောလိုက်ကြသည်။

အသံများပြိုင်တူထွက်ပေါ်လာပြီးနောက် တစ်ယောက်ကိုယ်တစ်ယောက်အနည်းငယ်ထူးဆန်းနေသောမျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။

ရှလင်သုံးယောက်သည်တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေကြကာ သုံးဖက်မြင်ကိရိယာတစ်ခုကဲ့သို့ခံစားနေရလေသည်။မိမိနှစ်ယောက်သည်မိမိ၏ရှေ့တွင်ထိုင်နေပြီးမိမိအားထူးဆန်းစွာကြည့်နေခြင်းသည် မည်ကဲ့သို့ကြောင်တောင်တောင်နိုင်သည့်ဖြစ်ရပ်ဖြစ်သနည်း။

ရှလင်သုံးယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာအားပါတရရယ်လိုက်ကြသည်။ကျယ်လောင်လှသောသူတို့၏ရယ်သံသည်ဂူကြီးအတွင်း၌အချိန်အတော်ကြာပဲ့တင်သံထပ်နေခဲ့သည်။

ထို့နောက်မိုးပြာရောင်အင်္ကျီဖြင့်ကိုယ်ခွဲမှစတင်စကားပြောလိုက်သည်။

“အခုငါတို့အားလုံးကမူလကိုယ်ခန္ဓာတွေဘဲ အဲ့တော့သုံးယောက်လုံးကိုရှလင်လို့ခေါ်နေရင်ဘယ်သူ့ကိုခေါ်နေမှန်းသိမှာမဟုတ်တော့ဘူး”

“အဲ့တော့ငါကငါ့ကိုယ်ငါ ဝိဉာဉ်ဆရာလို့အမည်ပေးတယ်..မင်တို့ကိုတော့တာအိုဆရာနဲ့ နဂါးကြီးလို့ခေါ်မယ်လေရလား”

ဝိဉာဉ်ဆရာရှလင်၏စကားထွက်ပေါ်လာသည်နှင့်အဖြူရောင်ဝတ်စုံဖြင့်တာအိုဆရာသည်သူ့နာမည်အားလက်ခံသည့်သဘောဖြင့်ခေါင်းငြိမ့်ပြလိုက်သော်လည်း ရွှေရောင်ဝတ်စုံဖြင့်လူငယ်မှာတော့မကျေမနပ်နှုတ်ခမ်းဆူလိုက်သည်။

“ဘာလို့ငါ့နာမည်ကျမှနဂါးကြီးလို့ပေးရတာလည်း..ငါသဘောမတူဘူးငါ့ကိုနဂါးမင်းသားလေးလို့ခေါ်”

နဂါးကိုယ်ခွဲ၏ဘဝင်ခိုက်သောအကြည့်ဖြင့်မိမိကိုယ်ကိုနဂါးမင်းသားဟုခေါ်နေပုံအားကြည့်ကာကျန်ကိုယ်ခွဲနှစ်ခုမှာအနည်းငယ်ကြောင်သွားပြီးနောက်ဝါးလုံးကွဲရယ်လိုက်ကြတော့သည်။

သူ့အားရယ်စရာအဖြစ်မှတ်ယူနေသောကိုယ်ခွဲနှစ်ကောင်အားကြည့်ကာနဂါးကိုယ်ခွဲ၏နှုတ်ခမ်းသည်မကျေမနပ်ဖြင့်ပိုမိုထော်တော့သည်။တကယ်ဆိုလျှင်ကိုယ်ခွဲများထဲတွင်သူသည်ပထမဆုံးဥပေါက်သည့်အတွက် ကျန်ကိုယ်ခွဲများထက်အသက်ကြီးသည်မဟုတ်ပါလော။

‘အကြီးကိုလှောင်နေတဲ့ကောင်တွေ မြေမြိုမှာ..’

ထိုသို့ကျိန်ဆဲပြီးကာမှထိုနှစ်ယောက်သည်လည်းသူသာဖြစ်ပြီးသူတွေးသမျှအားသိနေသည်ကိုသတိရလိုက်သဖြင့် နဂါးကိုယ်ခွဲပါမထိန်းနိုင်တော့ဘဲရယ်မိလိုက်တေ့ာသည်။

အချိန်အတော်ကြာရယ်မောပြီးမှသူတို့သုံးယောက်လုံးအရေးကြီးသည့်ကိစ္စများကိုဆွေးနွေးရန်စတင်လိုက်ကြသည်။

“ကဲ..ရယ်မနေကြနဲ့တော့ အခုငါတို့တစ်ယောက်ချင်းစီရထားတဲ့စွမ်းရည်တွေမှာချို့ယွင်းချက်တွေရှိလားပြောကြပါဦး”

ဝိဉာဉ်ဆရာရှလင်ကပထမဆုံးစမေးလိုက်သည်။

“ငါ့ရဲ့နဂါးသွေးမျိုးဆက်ကတော့ အနည်းငယ်အားနည်းနေရုံကလွဲပြီးတော့ကျန်တာဘာပြသနာမှမရှိဘူး ကုသဆေးရည်တစ်ပုလင်းလောက်သောက်ပြီးကုသလိုက်လို့ရတယ်”

“ကောင်းတယ်..ငါ့သိုင်းဝိဉာဉ်တွေကတော့နည်းနည်းလေးထိခိုက်သွားတယ် ..ကုသဆေးရည်သုံးပြီးအချိန်တစ်လလောက်ကုသဖို့လိုတယ်”

“တော်တော်ဆိုးသွားတာဘဲ”

ဝိဉာဉ်ဆရာ၏အပြောကိုနဂါးကိုယ်ခွဲကဝင်ရောက်ပြောဆိုလိုက်သည်။

“ဟုတ်တယ်..အခြေခံကိုထုတ်ယူလိုက်ရတာကို..သုံးတဲ့အခါနည်းနည်းအားနည်းသွားတာကလွဲရင် ငါလည်းဘာပြဿနာမှမရှိဘူးလို့ပြောရမယ်”

“ဝိဉာဉ်ရိုးရောဝိဉာဉ်ကွင်းရောအကုန်အ‌ကောင်းအတိုင်းဘဲ..နဂါးသွေးမျိုးဆက်မရှိတော့လို့ခန္ဓာကိုယ်ကအားနည်းသွားတာကလွဲရင်ပေါ့”

“ဒါပေမယ့်လည်းသာမာန်လူတစ်ယောက်ထက်သန်မာနေပါသေးတယ်”

ဝိဉာဉ်ဆရာကထိုသို့ဖြေသိမ့်လိုက်ပြီးနောက်သူ၏စကားကိုနားထောင်နေသောတာအိုဆရာဘက်သို့လှည့်ကာ မျက်လုံးတောက်တောက်များဖြင့်မေးလိုက်တေ့သည်။

“တာအိုဆရာ..မင်းရတဲ့အကျိုးကျေးဇူးတွေကိုပြောပါဦးဟ..အရမ်းသိချင်နေပြီ”

“ဟုတ်တယ်ပြောပြဦး..ငါလည်းသိချင်တယ်”

ဝိဉာဉ်ဆရာ၏အမေးကိုနဂါးကိုယ်ခွဲကလည်းဝင်ရောက်ထောက်ခံလိုက်သည်။

“အေးပါပြောပြမယ်..အခုငါကဘာတွေရခဲ့လဲဆိုတော့ အင်မော်တယ်တာအိုခန္ဓာဆိုတဲ့အဆင့်မြင့်ကိုယ်ထည်တစ်ခုရယ် တာအိုမျက်လုံးဆိုတဲ့ထူးခြားခန္ဓာတစ်ခုရယ်ကိုရခဲ့တယ်”

“ဒီခန္ဓာနှစ်ခုနဲ့ဆိုရင်ငါ့ရဲ့အင်မော်တယ်ကျင့်ကြံခြင်းလမ်းကြောင်းက အရမ်းကိုမြန်မြန်ဆန်ဆန်တိုးတက်လာမှာကွ”

“ဒါပေမယ့် အခု‌လောလောဆယ်တော့ ချီကျောက်တုံးမရှိလို့ကျင့်ကြံလို့မရသေးဘူး”

“ကျင့်ကြံလို့မရသေးဘူးဆိုတော့ရောဘာဖြစ်လဲဟ....ငါတို့ရဲ့စွန့်စားမှုအောင်မြင်တာဘဲလေ...အခုမင်းကဝိဉာဉ်ကုန်းမြေကြီးရဲ့ပထမဆုံးကျင့်ကြံသူဖြစ်သွားပြီကွ ဟီးဟီး”

“ဟုတ်တယ်..ဟုတ်တယ်”

ဝိဉာဉ်ဆရာ၏အပြောကိုကိုထောက်ခံလေးနဂါးကိုယ်ခွဲကတော့သူ့တာဝန်အတိုင်းထောက်ခံနေလေသည်။

“အိုး..ငါတို့စနစ်ကိုခေါ်ကြည့်လိုက်ကြရအောင်လေ..ဘယ်လိုဖြစ်မလဲသိရအောင်လို့”

တာအိုဆရာကရုတ်တရက်သတိရသွားဟန်ဖြင့်ကျန်ကိုယ်ခွဲနှစ်ခုအားပြောလိုက်သည်။

“စနစ်ရေထွက်လာပါဦး..”

“စနစ်ရေထွက်လာပါဦး..”

“စနစ်ရေထွက်လာပါဦး..”

ပြိုင်တူခေါ်ဆိုလိုက်သောအသံသုံးခုထွက်ပေါ်လာပြီးစနစ်အားဆင့်ခေါ်လိုက်ကြသည်။

“ဒင်!....စနစ်ရောက်ရှိပါပြီပိုင်ရှင်”

စနစ်၏အသံကိုသူတို့သုံးယောက်လုံးတပြိုင်ထဲကြားလိုက်ရသဖြင့် သက်ပြင်းချလိုက်မိကြသည်။ကိုယ်ခွဲလိုက်သည့်အတွက်တစ်ယောက်ထည်းသာအသုံးပြုလို့ရတော့မည်ကိုသူတို့စိတ်ပူနေခဲ့ကြသည်မဟုတ်လား။

သို့သော်သူတိုစိတ်အပူလွန်သွားပုံရသည်။စနစ်သည်စနစ်သာဖြစ်သည်။သူတို့ကိုယ်ခွဲထားကြ‌သော်လည်းသုံးယောက်စလုံးနှင့်တပြိုင်ထဲဆက်သွယ်နိုင်သောစနစ်၏အစွမ်းကားချီးကြူးဖွယ်ဖြစ်သည်။

သို့သော်စနစ်၏လုပ်ဆောင်ချက်အားသုံးခုခွဲလိုက်သည်ဆိုသော်လည်းဆုလာဒ်များမှာတော့ယခင်အတိုင်းတစ်ခုစီသာရရှိနိုင်သည်။ထို့ကြောင့်စနစ်ဆီမှဂုန်းဆင်းရန်ပြင်ဆင်နေသေရှလင်သုံးယောက်မှာ အလွန်ဝမ်းနည်းသွားရသည်။

“စနစ်ကအကျင့်မကောင်းဘူး”×3

သူတို့သုံးယောက်လုံးပြိုင်တူပြောလိုက်ကြသည်။

All Chapters