တစ်ခွက်မော့ပြီး ခွေးအရင်ရိုက်
Vol. 7 Ch. 102
ဒါကြောင့် ဒီစိတ်သဘောကောင်းတဲ့ကောင်မလေးက ဒီလောက်ကြီးတဲ့သီးနှံစုံဟင်းကြီးလုပ်တာက၊ အားလုံးအတွက် ညစာပြင်ဆင်ပေးနေတာပဲ။
လျိုရှင်းရဲ့ရောက်ရှိလာမှုက သရဲနတ်တည်းခိုခန်းတစ်ခုလုံးကို နည်းနည်းအသက်ဝင်စေတယ်၊ အထူးသဖြင့် သူရောက်လာပြီးနောက်မှာ ဒီသရဲနတ်တည်းခိုခန်းက ပိုပြီးနွေးထွေးလာတော့ အားလုံးရဲ့စိတ်ထဲမှာ တော်တော်လေး သက်သောင့်သက်သာရှိစေတယ်။
အခု လျိုရှင်း ထွက်သွားတော့မယ်ဆိုတာ တွေးမိတော့ တစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ သိပ်မကောင်းဘူး။
သရဲဖြူ သရဲနက်က ယွီဟွေးဖေးကို ကြည့်နေတော့ မနေနိုင်တော့ဘဲ စားပွဲကိုတစ်ချက်ရိုက်ပြီး အော်ပါလေရော။
"ဘာကြည့်နေတာလဲ။ ထမင်းစား"
ယွီဟွေးဖေးလည်း စိတ်မကောင်းပါဘူး၊ သူလည်း လျိုရှင်းကို နေစေချင်တာပေါ့၊ ဒါပေမဲ့ သူဘာတတ်နိုင်မှာလဲ။ စည်းကမ်းက သေနေတာ၊ ကယ်ပေါက်လည်းမရှိဘူး။ ယွီဟွေးဖေး အရမ်းစိတ်ညစ်နေတုန်း သူ့အိတ်ကပ်ထဲကနေ ပူလောင်မှုတစ်ခု ခံစားလိုက်ရတယ်။
ယွီဟွေးဖေးက ချက်ချင်းဒေါသထွက်သွားပြီး စိတ်ထဲမှာ ‘မင်းဘိုအေလား... ဒီအချိန်မှာ ဘယ်ကောင်က လာရပြန်တာလဲ။ ငါ့စိတ်က မကြည်ဘူး၊ အရမ်းမကြည်ဘူး’ ။ ဒါနဲ့ ဟိုအဆောင်ပြားကို လုံးဝမကြည့်ဘူး။
နေ့လည်စာကို အားလုံးက သိပ်မစားကြဘူး၊ လျိုရှင်း ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း အလကားပဲ။
ညနေရောက်တော့ ယွီဟွေးဖေးက လျိုရှင်းကို သရဲနတ်တည်းခိုခန်းအပြင်ဘက်ကို လိုက်ပို့ပေးတယ်။ တံခါးဝမှာရပ်ပြီး လျိုရှင်းကိုကြည့်ကာ ယွီဟွေးဖေးက အကြိမ်ကြိမ် စကားပြောချင်ပေမယ့် မပြောဖြစ်ဘူး။
လျိုရှင်းကတော့ ပြုံးပြီး "တကယ်တော့ ရှင့်မောင်းမထုတ်ရင်တောင် ကျွန်မသွားသင့်နေပါပြီ။ ကျွန်မကျောင်းထွက်တဲ့ကိစ္စကို အမေသိသွားပြီ၊ ကျွန်မကို ပြန်လာပြီး အပြစ်ခံခိုင်းနေတယ်။ ကျွန်မပြန်ပြီး အဆူခံရဦးမှာ... အချိန်ရမှ အားလုံးကို လာတွေ့မယ်နော်"
ဒီနေရာမှာပြောရင်း လျိုရှင်းက အနားကပ်လာပြီး "ရှင့် ကျွန်မကို စိတ်ရှုပ်တယ်လို့တော့ မထင်လောက်ပါဘူးနော်"
ယွီဟွေးဖေးက ချက်ချင်းလက်ထောင်ပြီး "နောက်တစ်ခါ... နင်နောက်တစ်ခါလာရင် ငါနင့်ကို ရက်ကြာကြာနေနိုင်အောင် နည်းလမ်းရှာပေးမယ်။ ဒီစည်းကမ်းက ပြောင်းလို့မရတာမဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေတွေအများကြီး... အတိအကျဘယ်လိုလဲဆိုတာ ငါရှင်းမပြတတ်ဘူး"
လျိုရှင်းက ရယ်ပြီး "သိပါတယ်... ဘယ်အိမ်မှာမဆို ထူးဆန်းတဲ့စည်းကမ်းတွေ အများကြီးရှိတာပဲ။ ငါတို့အိမ်မှာလည်းရှိတယ်။ ကဲပါ... ငါသွားပြီ၊ နောက်မှတွေ့မယ်။ နေ့လည်က ရှင်တို့ သိပ်မစားကြဘူး၊ ညဘက်များများစားကြ။ အဲ့ဒါက ကျွန်မရဲ့ အကောင်းဆုံးဟင်းတွေထဲက တစ်ခုပဲ"
ပြောပြီးတာနဲ့ လျိုရှင်းက သေတ္တာဆွဲပြီး ထွက်သွားတော့တယ်။
"နောက်ကမလိုက်တော့ဘူးလား။ သူငါတို့ဆီမှာမတည်းရင် အပြင်မှာတည်းလို့ရတာပဲ။ အများဆုံးတော့ တည်းခိုခ ငါတို့ပြန်ပေးလိုက်မယ်၊ သူငါတို့အတွက် ဟင်းလာချက်ပေးဖို့ မှတ်မိနေရင်ပြီးတာပဲ" ရှောင်ထျန်းချန်က အနားကပ်လာရင်း အကြံပေးလေရဲ့။
ယွီဟွေးဖေးက ဒီစကားကြားတော့ မျက်နှာမည်းသွားရော။ ဒီသေနာခွေးက စားဖို့ပဲတွေးနေတာလား။ သူက ရှောင်ထျန်းချန်ကို တစ်ချက်ကန်ပြီး ပြောတော့တော့တာပဲ။
"သွား"
"ဘာသွားလုပ်မလို့လဲ"
"ထမင်းစား၊ အရက်သောက်ဖို့"
"ဒီလောက်မြန်မြန် ဆက်စားတော့မှာလား။ ဒါတော့ ငါကြိုက်တယ်၊ ဟားဟား..." သူ့စကားကြားတော့ ရှောင်ထျန်းချန်က အပူအပင်မရှိဘဲ နောက်ကလိုက်သွားတယ်။ ယွီဟွေးဖေးက ဒီကောင်ရဲ့ပုံစံကိုကြည့်ပြီး စိတ်ထဲမှာ ဒေါသထွက်လာရော။
ဒါနဲ့ အရက်ဖြူပုလင်းတချို့ရှာထုတ်ပြီး "ကိုခွေးကြီး... ခင်ဗျားဒီကိုရောက်လာတာကြာပြီ၊ ကျူပ်တို့ဆီက အရက်ကောင်းကောင်း မသောက်ဖူးသေးဘူးမလား"
တကယ်ပဲ၊ ဟိုအရက်သမားတွေ ရန်ဖြစ်ပြီးနောက်ပိုင်း ယွီဟွေးဖေးက သူတို့ရဲ့အရက်သောက်နှုန်းကို ထိန်းချုပ်ထားလိုက်ပြီ။ လုံးဝမူးအောင် မသောက်ခိုင်းတော့ဘူး... ဒီခွေးရောက်လာပြီးနောက်မှာ အားလုံးအရက်သောက်တာကိုတောင် မမြင်ဖူးဘူး။
အရင်က ချင်မိသားစုမောင်နှမရှိတုန်းက နည်းနည်းသောက်ဖူးပေမယ့် သူက ခွေးတစ်ကောင်အနေနဲ့ လိုက်သောက်လို့မရဘူးလေ။ အခုအရက်သောက်ရမယ်ကြားတော့ ဒီကောင်ရဲ့မျက်လုံးတွေက တောက်ပြောင်လာတယ်။
ယွီဟွေးဖေးက ဟဲဟဲရယ်ပြီး "အတူတူသောက်ကြမယ်။ တစ်ခွက်မော့ပြီး အပူဖြေမယ်"
ရှောင်ထျန်းချန်က ခွေးခေါင်းကြီးညိတ်ပြီး အကြိမ်ကြိမ် ဟုတ်တယ်၊ သင့်တော်တယ်လို့ပြောနေလေရဲ့။ နောက်ဖေးခြံကိုသွားပြီး ယွီဟွေးဖေးက နွားခေါင်း၊ မြင်းခေါင်းတို့ကို တန်းခေါ်ထုတ်ကော။
ဒယ်အိုးတည်ပြီး အရက်ဖြူပုလင်းတချို့ချပြီး "မမူးမချင်း မနားဘူး"
နွားခေါင်း၊ မြင်းခေါင်းတို့လည်း ယွီဟွေးဖေးက စိတ်မကောင်းဖြစ်နေတာကို သူတို့ သိတယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်ကလည်း သိပ်မကောင်းဘူး၊ ဒါနဲ့ တစ်ယောက်ချင်းစီက ခေါင်းညိတ်ကြတာပေါ့။
"ကောင်းပြီ... မမူးမချင်မနားဘူး"
လူတချို့က အသားကို အားရပါးရစား၊ အရက်ကို အားရပါးရသောက်ကြတော့တယ်...
ဒါပေမဲ့ ဒီတစ်ခါတော့ ယွီဟွေးဖေးက တစ်ဝက်လောက်သောက်ပြီး အခြေအနေမကောင်းတာမြင်တော့ ဆီးသွားချင်ယောင်ဆောင်ပြီး ထွက်သွားတယ်။ မကြာခင်မှာပဲ သူနောက်ဖေးခြံကနေ ကြားလိုက်ပါလေကော။
"မိုင်ရှစ်ရာအမြန်ချော၊ ဖယ်ကြစမ်း"
အူဝူး... ခွေးတစ်ကောင်က အော်ဟစ်ငိုယိုနေတဲ့အသံလည်းပါသေး။
"မင်းပြောမလား၊ မပြောဘူးလား..."
"ဘာပြောရမှာလဲ။ ငါဘာပြောရမှာလဲဟ" ရှောင်ထျန်းချန်က ဒေါသတကြီးအော်ဟစ်နေလေရဲ့။
...
ယွီဟွေးဖေးက ပြုံးလိုက်ပြီး ခေါင်းခါကာ ရှို့လင်လမ်းမပေါ် ထွက်လာခဲ့တော့တာပဲ။ ညဘက်ရှို့လင်လမ်းမရဲ့ မီးရောင်တွေက မြို့ကြီးတွေလောက်မသာပေမယ့် ယေဘုယျအားဖြင့်တော့ သူ့အရသာနဲ့သူရှိတယ်။ နည်းနည်းတိတ်ဆိတ်နေရုံပဲ...။
လမ်းမပေါ်မှာလျှောက်ရင်း လေအေးတိုက်တာကိုခံပြီး ယွီဟွေးဖေးက ကိုယ့်ရဲ့အခွင့်အာဏာကို ဘယ်လိုတိုးမြှင့်မလဲဆိုတာ စဉ်းစားနေလေရဲ့။ အရင်က အခွင့်အာဏာတိုးမြှင့်တာက ဘယ်လောက်အရေးကြီးလဲဆိုတာ မခံစားမိဘူး၊ ဒါပေမဲ့ ဒီတစ်ခါ လျိုရှင်းရဲ့ကိစ္စက သူ့ကို လုံးဝအရေးတကြီးဖြစ်သွားစေတယ်လေ။
"သူဌေးယွီ" အသံတစ်ခုက ရုတ်တရက် ယွီဟွေးဖေးကို ခေါ်လိုက်လေရဲ့။
ယွီဟွေးဖေးက နောက်လှည့်ကြည့်လိုက်တော့ ရှို့လင်လမ်းမဘေးက စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ လူသုံးယောက်ထိုင်ပြီး ဘီယာသောက်နေကြတာကို တွေ့လိုက်ရတယ်။
သေသေချာချာကြည့်လိုက်တော့ ဖိန်ကော၊ ကိုခွေးကောနဲ့ စုန့်အာတို့ပဲ။
ဖိန်ကောက လက်ဝှေ့ယမ်းပြပြီး "သူဌေးယွီ၊ လာသောက်ပါဦး"
ပုံမှန်ဆိုရင် ယွီဟွေးဖေးက မသွားဘူး။ ဒါပေမဲ့ ဒီနေ့သူက တကယ်စိတ်မကောင်းဖြစ်နေတာ၊ အဲ့တော့ ခေါင်းတစ်ချက်ညိတ်ပြီး အနားကပ်သွားတယ်။
ဖိန်ကောက ယွီဟွေးဖေးရဲ့ပခုံးကိုဖက်ပြီး "ကိုခွေး၊ ခင်ဗျားနဲ့သူဌေးယွီကလည်း ရန်ဖြစ်ရင်း မိတ်ဖြစ်သွားတာပဲ။ သူက ကျွန်တော့်အသက်ကိုကယ်ဖူးတယ်၊ အရင်ကအကြွေးကို ကျွန်တော်ဖျက်လိုက်ပြီ..."
ကိုခွေးက "မပြောနဲ့တော့၊ သောက်ကျိုးနည်း... မင်းဖျက်တယ်၊ မင်းဖျက်တယ်ဆိုရင် ငါ့ကိုလာမပြောနဲ့လေ။ ငါ့ကို မင်းအစ်မက အသကုန် ကုတ်တာဟ"
ကိုခွေးကောက ဒီနေရာမှာပြောရင်း ဘီယာပုလင်းကိုမြှောက်ပြီး ယွီဟွေးဖေးကို "သူဌေးယွီ၊ ခင်ဗျားက ငါ့ညီအစ်ကိုရဲ့အသက်ကို ကယ်ခဲ့တာ ကျေးဇူးကြီးလှပါတယ်။ ဟိုပိုက်ဆံက ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါလည်း မိန်းမရိုက်တာခံပြီးပြီ၊ ခင်ဗျားပြန်ပေးရင်လည်း ပြန်ရိုက်လို့မရတော့ဘူး။ ဒီလိုလုပ်... နောက်ပိုင်းညီအစ်ကိုကို အကူအညီလိုရင် ငါ့ကိုပြော။ ဒါနဲ့ အရင်မော့လိုက်ဦးမယ်"
ပြောပြီးတာနဲ့ ခွေးကောက ခေါင်းမော့ပြီး ဘီယာတစ်ပုလင်းကို ဒီအတိုင်းမော့ချလိုက်တယ်။ ယွီဟွေးဖေးက ခေါင်းတစ်ချက်ညိတ်ပြီး ဘီယာပုလင်းကိုင်ကာ "အများကြီးမပြောတော့ဘူး၊ ငါလည်း မော့လိုက်မယ်"
ပြီးတော့ ယွီဟွေးဖေးက ခေါင်းမော့တယ်၊ အစပိုင်းက အဆင်ပြေပေမယ့် နောက်ပိုင်းကာဗွန်ဒိုင်အောက်ဆိုဒ်တွေ တက်လာတော့ ယွီဟွေးဖေးက မခံနိုင်တော့ဘဲ တစ်ပတ်လှည့်ပြီး ဝေါ့ခနဲအန်ချလိုက်ရော။ ဒါပေမဲ့ ဒီတစ်ခါအန်ပြီးတော့ ယွီဟွေးဖေးရဲ့စိတ်အခြေအနေလည်း ကောင်းသွားတယ်။
လူတစ်စုက အဲ့ဒီမှာထိုင်ပြီး အသားကင်စား၊ ဘီယာသောက်၊ ကြွားဝါကြ။ တစ်ညလုံးလျှောက်ပြောပြီးတော့ ယွီဟွေးဖေးက ကိုခွေး ကော်ပုထုံဆိုတဲ့လူကို လုံးဝနားလည်သွားတယ်။ ဒီကောင်က လုံးဝလူမိုက်ဂိုဏ်းက မဟုတ်ဘူး။
သူက အရင်မြို့ထဲမှာ တစ်ကိုယ်တော်ချေးငွေကုမ္ပဏီဖွင့်ပြီး ပိုက်ဆံရှာနေတာကိုမြင်တော့ ပြန်လာပြီး လုပ်ကြည့်တာ။ ဒါပေမဲ့ သူက တစ်ပိုင်းတစ်စပဲသိတာ၊ ဘာမှနားမလည်ဘူး၊ အပြင်ကလူတွေ ပိုက်ဆံတောင်းတဲ့နည်းလမ်းတွေမသိတော့ လူမိုက်ကားတွေထဲက မြင်ဖူးတဲ့နည်းလမ်းတွေနဲ့ ချေးငွေကုမ္ပဏီလုပ်ငန်းကို စလုပ်တော့တာပဲ။
သူ့စကားအရဆိုရင် အကြွေးတောင်းမှတော့ ကြမ်းရမယ်၊ နာမည်ရှိရမယ်၊ ညီငယ်တွေရှိရမယ်တဲ့။
ဒါနဲ့ သူက တက်တူးသွားထိုးတယ်၊ ပိုက်ဆံနဲ့ ညီငယ်ဆိုတဲ့ကောင်တွေကို စုစည်းပြီး ကိုယ့်ရဲ့အရှိန်အဝါကို တည်ဆောက်တော့တာပဲ။
အစပိုင်းမှာတော့ အဆင်ပြေပြေနဲ့ နည်းနည်းမြတ်တယ်... ဒါပေမဲ့ ညီငယ်တွေက အကုန်စားကုန်ရော။ နောက်ပိုင်းမှာ ယွီဟွေးဖေးရဲ့အဘိုးနဲ့တွေ့တယ်။ တစ်ခါတည်းအကြီးအကျယ်မြတ်ပြီး လောကကနေ အနားယူတော့မယ်လို့ ထင်ထားတာ။ ရလဒ်ကတော့... ယွီအဘိုးကြီးက အသက်ပျောက်သွားပြီး ယွီဟွေးဖေးနဲ့ ရင်ဆိုင်ရတော့တာပဲ။
ယွီဟွေးဖေးက ဒီနေရာမှာကြားတော့ သူ့ပခုံးကိုပုတ်ပြီး "ကိုခွေး... ထားလိုက်တော့။ ခင်ဗျားရဲ့ဒီပိုက်ဆံကို အရင်မှတ်ထားလိုက်မယ်။ စိတ်ချ... ညီအစ်ကိုပိုက်ဆံရှိရင် အရင်းကိုသေချာပေါက်ပြန်ပေးမယ်။ အတိုးကို ဘဏ်အတိုင်းတွက်မယ်၊ ရလား"
ကိုခွေးက အမျိုးမျိုးငြင်းတယ်။ ယွီဟွေးဖေးကလည်း အများကြီးမပြောဘူး၊ သူသိတယ် ဘာပြောပြော လက်တွေ့လုပ်ပြတာလောက်မကောင်းဘူး။
တော်တော်လေးသောက်ပြီးတော့ ယွီဟွေးဖေးက ယိမ်းထိုးပြီး ပြန်လျှောက်လာခဲ့တယ်။
ရလဒ်ကတော့ ယိမ်းထိုးရင်း လမ်းမှားသွားပြီး လမ်းသွယ်လေးတစ်ခုထဲ ဝင်သွားရော။ ရှို့လင်ရွာက လမ်းမကြီးကလွဲရင် တခြားလမ်းတွေမှာ လမ်းမီးမရှိဘူး။ အခုကလည်း သန်းခေါင်ကျော်နေပြီ၊ အိမ်တိုင်းက တံခါးပိတ်မီးမှိတ်ပြီး မှောင်မည်းနေကော။ ဆောင်းဦးသန်းခေါင်ကျော်က လေကလည်း အရမ်းအေးတော့ ယွီဟွေးဖေးကို တုန်သွားစေတယ်။
ဒီအချိန်မှာ...
ထူးဆန်းတဲ့ငိုသံတစ်ခု ထွက်ပေါ်လာတယ်...