← Chapters

သရဲမလား

Vol. 7 Ch. 103

သရဲမလား

Vol. 7 Ch. 103

"ဟင့်... ဟင့်... ငါ့ဘဝက ဆိုးလိုက်တာ... ဟင့်... ငါဘယ်လိုလုပ် ဒီလောက်ဆိုးရတာလဲ... ဟင့်..."

အဲ့ဒီအသံက တိုးတိုးလေးနဲ့ အားမရှိသလိုပဲ၊ တစ်ခါတစ်ခါကြားရပြီး တစ်ခါတစ်ခါ ပျောက်သွားတယ်။ ယွီဟွေးဖေး ဒီအသံကြားလိုက်တာနဲ့ ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတဲ့အထိပဲ။ တစ်ကိုယ်လုံးအေးစက်သွားတဲ့အပြင် ကြက်သီးမွေးညင်းတွေ တန်းထပြီး ဦးနှောက်အရေပြားတွေတောင် ထုံသွားရော။

‘သောက်ကျိုးနည်း... သရဲမနဲ့တွေ့နေတာလားဟ။ လှမလားမသိဘူး...’

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးရဲ့ခေါင်းထဲမှာ အတွေးတွေအမြန်လည်ပတ်နေတယ်၊ ခဏနေရင် သရဲမနဲ့တွေ့ရင် ဘာပြောရမလဲဆိုတာပေါ့။

ကိုယ့်အကြောင်း ဖော်ကောင်လုပ်ရမလား။ ဒါမှမဟုတ် နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့က ကိုယ့်ညီအစ်ကိုတွေ၊ မြေအောက်လောက တရားသူကြီးချွေ့ကျွယ်တို့က ကိုယ့်အိမ်မှာ အရက်သောက်နေတယ်လို့ ပြောရမလား။

တကယ်လို့ တစ်ဖက်က ကိုယ့်ကိုလွှတ်ပေးရင် ကိုယ့်ညီအစ်ကိုတွေကို သူ့ကိုဘဝကောင်းကောင်းကူးနိုင်အောင် ကူညီခိုင်းလို့ရတယ်လေ။

ယွီဟွေးဖေး လျှောက်တွေးနေတုန်း ဟိုငိုသံက ရုတ်တရက်ကျယ်လာရော။

ဝူးဝူးအသံကနေ ဝါးဝါးအော်ငိုသံဖြစ်လာပြီ။

အသံက နားနားကပ်ပြီး ပေါက်ကွဲထွက်လာသလိုပဲ၊ ယွီဟွေးဖေးက လန့်ပြီး နောက်ကိုတစ်ချက်ခုန်ဆုတ်ကာ "ဘယ်သရဲက ဒီမှာ မင်းအဘိုးကို လာခြောက်နေတာလဲ" လို့အော်လိုက်တော့ ဟိုငိုသံက ချက်ချင်းရပ်တန့်သွားပြီး ပျောက်ကွယ်သွားရော။

"သောက်ကျိုးနည်း... ဒီကောင်က ငါ့ရဲ့သမာဓိတရားကြောင့် လန့်ပြေးသွားတာလား"

ရလဒ်ကတော့ မိန်းမတစ်ယောက်ရဲ့အသံထွက်လာတာပဲ။

"ရှင်ရူးနေလား။ ဘယ်သူက သရဲလဲ။ ရှင်မှသရဲ"

တစ်ချိန်တည်းမှာပဲ ဓာတ်မီးလင်းလာတော့ ယွီဟွေးဖေး အခုမှသေသေချာချာမြင်လိုက်ရတယ်။ စကားပြောတာက ကောင်မလေးတစ်ယောက်။ သူမက အနက်ရောင်အားကစားဝတ်စုံဝတ်ပြီး ထိုင်နေတာ။ ဆံပင်နက်နက်တွေက ခေါင်းငုံ့ထားတော့ ဖားလျားကျနေရော။ ဒီမှောင်မည်းနေတဲ့ညနဲ့ ပေါင်းစပ်လိုက်တော့ ယွီဟွေးဖေးမပြောနဲ့၊ သရဲနက်ဖြူတောင် ဒီကောင်မလေးကို မြင်နိုင်မှာမဟုတ်ဘူး။

"အစ်မကြီး... ခင်ဗျားဒီလိုဝတ်စုံနဲ့ဆိုရင် ဓာတ်မီးဖွင့်ထားတာက ပိုကောင်းမယ်။ ဒီဟင့်ဟင့်အသံနဲ့ ကျုပ်ကို လန့်သေအောင်လုပ်နေတာလား"

ကောင်မလေးက ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး "ရှင့်အလုပ်လား" ပြောပြီးတော့ သူက ဒေါသတကြီးနဲ့ ထထွက်သွားကော။ ကြည့်ရတာ ရွာအပြင်ဘက်ကို ထွက်သွားမယ့်ပုံပဲ။

သန်းခေါင်သန်းလွဲကြီး ရွာအပြင်ထွက်တယ်လား။ ဒီကောင်မလေးက စိတ်ဘယ်လောက်ကြီးနေတာလဲ။ နောက်တောင်က ဝံပုလွေတွေ မထွက်လာရင်တောင် ရွာထဲက ကာမဘီလူးတွေ ထွက်လာနိုင်တာပဲ။ ယွီဟွေးဖေးက စိတ်မချတော့ နောက်ကလိုက်သွားရင်း တစ်ချိန်တည်းမှာပဲ သတိပေးနေရတာပေါ့။

"ညီမလေး... နင်ဆက်သွားရင် ရွာအပြင်ရောက်တော့မယ်။ အပြင်မှာ ဝံပုလွေတွေရှိနိုင်တယ်နော်"

ကောင်မလေးက နောက်လှည့်ပြီး ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးကာ "ရှင့်အလုပ်လား။ ဝံပုလွေရှိမှကောင်းတာ၊ ကျွန်မကိုစားသွားရင် အေးရော။ ရှင်သန်နေရတာ ပင်ပန်းတယ်"

စကားပြောရင်း ကောင်မလေးက ပိုမြန်မြန်လျှောက်သွားတော့ ယွီဟွေးဖေးက အကြိမ်ကြိမ်တားပေမယ့် ဒီကောင်မလေးက လုံးဝပြန်မလာဘူး။ ယွီဟွေးဖေးကလည်း မတတ်နိုင်တော့ဘဲ နောက်ကလိုက်နေရပေမဲ့ ဟိုကောင်မလေးက ပိုမြန်မြန်လျှောက်သွားတယ်။

"နင်ဆက်မသွားနဲ့တော့"

"သွားမှာပဲ... သွားမှာပဲ။ နင်ငါ့ကို ထိန်းချုပ်နိုင်လို့လား" ကောင်မလေးက ပြန်အော်တယ်။

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "နင်သွားတာကို ငါမထိန်းချုပ်နိုင်ဘူး၊ ငါက လူမရှိတဲ့နေရာရောက်ရင် ငါ့ကိုယ်ငါမထိန်းချုပ်နိုင်မှာစိုးလို့၊ ဒီနေ့နည်းနည်းများသွားတယ်... အေ့..."

ဒီစကားထွက်လာတာနဲ့ ဟိုကောင်မလေးက မန္တာန်အမှုတ်ခံလိုက်ရသလို နေရာမှာတင် တောင့်တောင့်ကြီးဖြစ်သွားရော။

ယွီဟွေးဖေးက "ဒါမှမဟုတ်... နင်မရပ်နဲ့၊ ဆက်သွားလေ"

ဟိုကောင်မလေးက နောက်လှည့်ပြီး ယွီဟွေးဖေးကိုတစ်ချက်ကြည့်ကာ "ငါ... အိမ်ပြန်မယ်" ပြောပြီးတော့ ကောင်မလေးက နောက်လှည့်ပြီး အိမ်ပြန်လျှောက်သွားတယ်။

"ဟေး... မ... မလုပ်နဲ့လေ။ ငါက အခုမှပြင်ဆင်ပြီးတာ။"

"သွားစမ်း... လူယုတ်မာတဲ့" ကောင်မလေးက ဆဲဆိုပြီး အိမ်ကိုအမြန်ပြေးသွားရော။

ယွီဟွေးဖေးက လက်ဝှေ့ယမ်းပြပြီး "ဟမ့်... သတ္တိကောင်းတယ်ထင်နေတာ၊ ငကြောက်လေးဖြစ်နေတာကိုး..."

အရက်နံ့တထောင်းထောင်းနဲ့ ယွီဟွေးဖေးက ယိမ်းထိုးပြီး အိမ်ပြန်သွားတယ်။ ရလဒ်ကတော့ အိမ်ရှေ့ရောက်တော့ တံခါးမကြီးက ပွင့်နေတာကို တွေ့လိုက်ရတာပဲ။ ယွီဟွေးဖေးက ကောင်းကောင်းသိတယ်၊ ခြံထဲကကောင်တွေက ထွက်ရင်လည်း နောက်တံခါးကထွက်မှာလေ။ ရှေ့တံခါးကထွက်ရင်တောင် သေသေချာချာပိတ်မှာ၊ ဘာပဲဖြစ်ဖြစ် အိမ်ထဲမှာ လူမမြင်နိုင်တဲ့ကောင်တွေ အများကြီးရှိတာကိုး။ တကယ်လို့ပွင့်နေရင်တော့ အပြင်လူရောက်လာတာပဲ။

ယွီဟွေးဖေးက ထူးဆန်းနေသလိုခံစားရသား။ ဒီသန်းခေါင်သန်းလွဲကြီး ဘယ်သူက သူတို့ဆီကို လာမှာလဲ။ ခြံထဲဝင်တော့ ချွေ့ကျွယ်က ခြံထဲမှာထိုင်နေတယ်။ ယွီဟွေးဖေးပြန်လာတာမြင်တော့ ဟဲဟဲရယ်ပြီး ပြောတော့တာပဲ။

"ငါ့ညီလေးယွီ... မင်းပြန်လာတာ အတော်ပဲ။ ဒါဒီနေ့ရဲ့အခန်းခ"

ယွီဟွေးဖေးက ကြောင်သွားပြီး "လျိုရှင်း ထွက်သွားပြီမဟုတ်လား"

ချွေ့ကျွယ်က "ခုနက ကောင်မလေးတစ်ယောက်ရောက်လာတယ်။ ငိုထားတာ မိတ်ကပ်တွေပျက်ပြီး သရဲလိုဖြစ်နေတာ ငါ့ကိုတောင် လန့်သွားစေတယ်။ သူက တည်းခိုခန်းတည်းချင်တယ်ဆိုလို့ ငါသူ့ကိုအခန်းတစ်ခု ဖွင့်ပေးလိုက်တယ်လေ..."

ယွီဟွေးဖေးက နှုတ်ခမ်းထော်ပြီး "ဒီခေတ်မှာ ရုပ်ဆိုးတဲ့မိန်းကလေးတွေက ဒီလောက်ချမ်းသာကြတာလား"

တံခါးမကြီးပိတ်ပြီး ယွီဟွေးဖေးက သိပ်ဂရုမစိုက်ဘဲ ချွေ့ကျွယ်ကိုနှုတ်ဆက်ပြီး အိမ်ထဲဝင်အိပ်တော့တယ်။

နောက်တစ်နေ့၊ မိုးလင်းကာစပဲရှိသေးတယ် ယွီဟွေးဖေးက ထလာပြီ။ မနက် စောစောထတာ အကျင့်ပါနေပြီ၊ စောစောမထရင်တောင် နေမထိထိုင်မသာဖြစ်နေတယ်လေ။

ခြံထဲကရေတွင်းဘေးမှာ မျက်နှာတစ်ခါသစ်ပြီး ယွီဟွေးဖေးက ရှေ့ခြံတံခါးဖွင့်ပြီး အိမ်သာတက်တယ်၊ ပြီးတော့ တံမြက်လှည်းကိုင်ကာ သင်္ချိုင်းကုန်းကို သန့်ရှင်းရေးသွားလုပ်တယ်။ သင်္ချိုင်းကုန်း သန့်ရှင်းရေးလုပ်ပြီး ထွက်လာတော့ မနက်ဆယ်နာရီကျော်နေပြီ...။

ယွီဟွေးဖေးရဲ့ခန္ဓာကိုယ်က ပိုအားကောင်းလာတာနဲ့အမျှ သစ်ရွက်လှည်းတာလည်း ပိုကျွမ်းကျင်လာတယ်၊ ပြီးတော့ မေပယ်ပင်ကလည်း ပြောင်တော့မှာဆိုတော့ သူအခုသင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်တဲ့အချိန်က အများကြီးလျော့သွားပြီ။

ပြန်ထွက်လာတော့ ယွီဟွေးဖေးက ကောင်မလေးတစ်ယောက်က သူ့ရဲ့ကုလားထိုင်ကြီးပေါ်မှာလှဲပြီး ယိမ်းထိုးကာ နေပူစာလှုံရင်း ဖုန်းကစားနေတာကို တွေ့လိုက်ရတယ်။ သေသေချာချာကြည့်လိုက်တော့ ယွီဟွေးဖေးက တစ်ဖက်လူကို နည်းနည်းရင်းနှီးသလိုခံစားရပေမယ့် ဘယ်တုန်းကတွေ့ဖူးလဲဆိုတာ မမှတ်မိဘူး။

ဒီကောင်မလေးက ယွီဟွေးဖေးကိုတစ်ချက်ကြည့်ပြီး မျက်မှောင်နည်းနည်းကြုတ်တယ်၊ သူလည်း ယွီဟွေးဖေးက ဘာလုပ်တဲ့သူလဲဆိုတာ မမှတ်မိတဲ့ပုံပဲ။

ပြီးတော့ ကောင်မလေးက ယွီဟွေးဖေးကို "ဦးလေး မင်္ဂလာပါ"

ယွီဟွေးဖေးရဲ့နဖူးမှာ ချက်ချင်းသွေးတွေဆောင့်တက်လာတယ်။ ဦးလေးတဲ့လား။ သူက ၂၁ နှစ်ပဲရှိသေးတာ၊ ဘယ်နေရာက ဦးလေးနဲ့တူလို့လဲ။

တံမြက်ချပြီး လျှောက်သွားကာ "ခေါ်ပုံပြောင်း၊ အစ်ကိုလို့ခေါ်"

ဒါပေမယ့် ကောင်မလေးက ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး ဖုန်းဆက်ကစားနေတယ်။

ယွီဟွေးဖေးက မနက်ကမုတ်ဆိတ်မရိတ်မိလို့များလားလို့ စဉ်းစားနေရင်း ထွက်သွားမလို့လုပ်တုန်း ကောင်မလေးရဲ့ဖုန်းမြည်လာရော။

"ငါဖုန်းမကိုင်ဘူး၊ နင်တို့ငါ့ကို ဘာလုပ်နိုင်မလဲကြည့်ကြသေးတာပေါ့" ပြောပြီးတော့ ကောင်မလေးက ဖုန်းချလိုက်တယ်။

ယွီဟွေးဖေးက ထွက်သွားမလို့လုပ်တုန်း ကောင်မလေးရဲ့ဖုန်းက ထပ်မြည်လာပြန်ရော။ ကောင်မလေးက ဒီတစ်ခါကိုင်ပြီး ပါးစပ်ဖွင့်တာနဲ့ စကားလုံးတွေက ဆက်တိုက်ထွက်ကျလာတော့တာပဲ။

"အစ်မယွင်... ဘာဖြစ်လို့လဲ။ နာမည်ခေါ်တာလား၊ နင်ငါ့ကို အတန်းတက်နေတယ်လို့ပြောလိုက်ရင် ပြီးတာပဲလေ"

"မသွားတော့ဘူး... ငါကိစ္စရှိတယ်"

"ဟယ်... ငါ့အိမ်မှာတကယ်ကိစ္စရှိလို့၊ ဘာကိစ္စရှိနိုင်မှာလဲ"

"မပြောနဲ့တော့၊ ထပ်ပြောရင် ငါငိုတော့မှာ"

"ပြီးပြီ... ဟိုဘက်မှာဘာကိစ္စရှိရှိ နင်ငါ့ကိုကူညီလိုက်"

"အင်း... ငါလုံခြုံရေးကို ဂရုစိုက်ပါ့မယ်"

"ဒါနဲ့ ငါနင့်ကိုပြောမယ်၊ ငါမနေ့ညက ကာမဘီလူးလေးတစ်ကောင်နဲ့တွေ့တယ်"

"ဟုတ်တယ်... ကာမဘူးလူးလေး၊ အသက်ငယ်တာမဟုတ်ဘူး၊ သတ္တိငယ်တာ။ အဲ့ဒီကောင်က ငါ့နောက်လိုက်ပြီး ရွာအပြင်ထွက်တယ်၊ ငါ့ကိုမတော်မတရားကြံစည်ချင်နေတာ၊ ဒါပေမဲ့ အဲ့ဒီကောင်က အရမ်းရယ်ရတယ်၊ နောက်လိုက်ရဲပေမယ့် လက်မလှုပ်ရဲဘူး... "

"ပြီးပြီ ပြီးပြီ... မပြောတော့ဘူး။ စိတ်ချပါ၊ ငါလုံခြုံပါတယ် ဘိုင့်ဘိုင်..."

ပြောပြီးတော့ ကောင်မလေးက ဖုန်းချလိုက်ချိန် ယွီဟွေးဖေးက မျက်လုံးပြူးကြီးနဲ့ သူ့ကိုကြည့်နေတာကို တွေ့လိုက်ရတယ်။ ကောင်မလေးက မျက်မှောင်ကြုတ်ပြီး ယွီဟွေးဖေးကိုကြည့် မေးတော့တာပဲ။

"ရှင်... ရှင်ဘာကြည့်နေတာလဲ"

ယွီဟွေးဖေးက ဘာမှပြန်ဖြေမနေဘဲ ပွစိပွစိရွတ်ရင်ဂနောက်လှည့်ထွက်သွားရော။

"သောက်ကျိုးနည်း... လက်လှုပ်လိုက်ရမှာကို"

နောက်ဖေးခြံကိုသွားတော့ ယွီဟွေးဖေးက နွားခေါင်းနဲ့မြင်းခေါင်း ရေတွင်းဘေးမှာ မျက်နှာသစ်နေတာကို တွေ့လိုက်ရရော။ ဒီနှစ်ကောင်က မျက်နှာအမွှေးတွေ ရေစိုပြီးတော့ နှစ်ကောင်သားက မျက်နှာသုတ်ပဝါမသုံးဘဲ ဟိုခွေးနက်ကြီးလို ခေါင်းခါနေကြတယ်။

All Chapters