← Chapters

ခက်ခဲစွာသတ်ဖြတ်မှု

Vol. 15 Ch. 219

ခက်ခဲစွာသတ်ဖြတ်မှု

Vol. 15 Ch. 219

ဗြုန်း!

ချန်ကျင်းထင်က ယန်ကျွင်းဇဲကို နောက်ဆုံးမှာ မှတ်မိသွားတဲ့အခါ သူ့ရဲ့နဖူးကို တူနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရသည်။

ချန်ကျင်းထင်ရဲ့ခေါင်းက မူးနောက်သွားပြီး မျက်လုံးတွေထဲမှာ ကြယ်တွေမြင်လိုက်ရသည်။ ဒါပေမဲ့ သူ့ရဲ့လက်တွေကို ရှန်ဝမ်ချူက ကိုင်ထားတာကြောင့် သူကိုယ်သူ မကာကွယ်နိုင်ခဲ့ပေ။

ယန်ကျွင်းဇဲက တူနဲ့ ထုရိုက်နေသည်။ တစ်ချက်ပြီးတစ်ချက် ထုရိုက်နေရင်းနဲ့ “ငါ့ကို မှတ်မိသွားပြီလား။ ကောင်းတယ်မဟုတ်လား။ ကျေနပ်လား။ မင်းကို ငါဘာလုပ်မိလို့ ငါ့ကို အရူးလိုမျိုးဖြစ်အောင် လုပ်ပြီး အင်တာနက်ပေါ်မှာ ထပ်ခါထပ်ခါ ပျံ့အောင် လုပ်နေတာလဲ။ မင်းရူးနေတာလား” လို့ ပြောနေသည်။

ခဏအကြာမှာ ချန်ကျင်းထင်ရဲ့ခေါင်းက ဖူးယောင်လာပြီး ပွန်းပဲ့ဒဏ်ရာတွေ အများကြီး ဖြစ်နေသည်။

သို့သော် ယန်ကျွင်းဇဲက ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။ အဲဒါက လူတစ်ယောက်ကို တူနဲ့ရိုက်တာက ထူးဆန်းတဲ့အကောင်တွေကို ရိုက်တာနဲ့ အကျိုးသက်ရောက်မှုမတူတာပဲ ဖြစ်သည်။

လူတစ်ယောက်ကို ရိုက်တာက တူရဲ့မာကျောမှုအပေါ် မူတည်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပဲ ပေးနိုင်သည်။

ဒါပေမဲ့ ထူးဆန်းတဲ့အကောင်တွေကို ရိုက်တဲ့အခါ သူတို့ရဲ့သံလိုက်စက်ကွင်းကို ပျံ့နှံ့သွားစေပြီး သူတို့ရဲ့စွမ်းအင်ကို ကုန်ခမ်းသွားစေနိုင်တာကြောင့် တိုက်ခိုက်မှုတိုင်းက ပိုပြီးထိရောက်သည်။

ယန်ကျွင်းဇဲက ချန်ကျင်းထင်ကို ဆက်ပြီးရိုက်ဖို့ အမြန်လက်လျှော့လိုက်သည်။

ဟုတ်တယ်၊ ‘ရိုက်နှက်’ တယ်ဆိုတဲ့ စကားလုံးကို သုံးတာက ပိုပြီးသင့်လျော်သည်။

ဒီအချိန်မှာ ချန်ကျင်းထင်က သာမန်လူတစ်ယောက်နဲ့ မတူဘူးဆိုတာ သိသာနေသည်။ သူ့ရဲ့ခေါင်းက သူ့ရဲ့အ‌ မေတောင် မမှတ်မိနိုင်တဲ့အထိ ရိုက်ခံထားရပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့ပြီး သူ့ရဲ့ခေါင်းက ဝက်ခေါင်းလို ဖူးယောင်နေရင်တောင် သူ့ရဲ့အသက်ကို အန္တရာယ်ဖြစ်စေမည်မဟုတ်ပေ။

ဒါကြောင့် ယန်ကျွင်းဇဲက သူ့ရဲ့အာရုံကို ကလေးငယ်ဆီကို တစ်ဖန်ပြန်ပြောင်းလိုက်သည်။ ရှန်ဝမ်ချူရဲ့လက်တွေက ချန်ကျင်းထင်ကို ကိုင်တွယ်ဖို့ လွတ်သွားစေရန် ထူးဆန်းတဲ့ကလေးငယ်ကို ဖယ်ရှားပစ်တာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သူဆုံးဖြတ်လိုက်လေသည်။

ထူးဆန်းတဲ့ကလေးငယ်က ရှန်ဝမ်ချူရဲ့ခေါင်းပေါ်ကို ထပ်ပြီးတက်သွားပေမဲ့ ယန်ကျွင်းဇဲက သူ့ရဲ့တူကို ဘေးတိုက်အမြန်ဝှေ့လိုက်သည်။ သူရဲ့ဦးရေပြားကို ထိသွားပြီး ကလေးငယ်ကို ပြင်းပြင်းထန်ထန် ထိမှန်လိုက်တာကြောင့် ဘေ့စ်ဘောလိုမျိုး လွင့်သွားစေသည်။

“ပလွတ်” ဆိုတဲ့ အသံနဲ့အတူ ရွှံ့စိုင်လိုမျိုး နံရံမှာ ကပ်သွားသည်။

ဒါပေမဲ့ ဒီအသားတုံးက ငြိမ်မနေဘဲ ဆက်ပြီး လှုပ်ရှားနေသည်။ အချိန်ပေးလိုက်ရင် ကလေးငယ်က ပြန်ပုံဖော်ပြီး ထပ်တိုက်ခိုက်လာမယ်ဆိုတာ ဖြစ်နိုင်သည်။

ကလေးငယ်က အာရုံစိုက်မှုကို မဆွဲဆောင်တော့တာကြောင့် ရှန်ဝမ်ချူက သူမရဲ့ရှည်လျားနေတဲ့ အစွယ်တွေကို ချန်ကျင်းထင်ရဲ့ ဖူးယောင်နေတဲ့ “ဝက်ခေါင်း” ဘက်ကို တစ်ဖန်ထုတ်လိုက်ပြီး ကိုက်ချဖို့ အသင့်ဖြစ်နေသည်။

အရေးကြီးတဲ့အချိန်မှာ ချန်ကျင်းထင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ရဲ့ခြေထောက်အောက်ကနေ မြူတွေအများကြီး ထွက်လာသည်။ အဲဒါက မီးခိုးတွေလိုမျိုး ဖြစ်နေပေမဲ့ ယန်ကျွင်းဇဲက ဒီမြင်ကွင်းကို အရင်က မြင်ဖူးသည်။

အငြိုးကြီးအဖွားအိုနဲ့ နောက်ကျောလှည့်မျက်နှာအမျိုးသမီးတို့ရဲ့

တိုက်ပွဲအတွင်းမှာလည်း ဒီမြင်ကွင်းကို မြင်ခဲ့ရသည်။ နတ်ဆိုးနှိမ်နှင်ရေးပညာရှင် ဟွမ်ချန်ရဲ့အဆိုအရ ဒါက အဆင့်မြင့်ထူးဆန်းတဲ့အကောင်တွေရဲ့ တိုက်ပွဲတွေအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဝိညာဉ်နယ်‌မြေရဲ့ ထင်ရှားတဲ့ပုံစံ ဖြစ်သည်။

ဒါပေမဲ့ သူတို့ရှေ့က ချန်ကျင်းထင်က ထူးဆန်းတဲ့အကောင် မဟုတ်ဘဲ အသွေးအသားနဲ့ လူသားတစ်ယောက် ဖြစ်သည်။

ယန်ကျွင်းဇဲက မြူတွေအများကြီး ထုတ်လွှတ်နေတဲ့ ချန်ကျင်းထင်ကို အံ့သြစွာ စိုက်ကြည့်လိုက်ပြီး ရှန်ဝမ်ချူကို ကြည့်လိုက်သည်။

ရှန်ဝမ်ချူရဲ့ ခြေထောက်အောက်မှာလည်း မြူတွေ စတင်ပျံ့နှံ့လာသည်။

ဒီအမျိုးသမီးက သူမရဲ့မူလအခြေအနေထက် ကျော်လွန်ပြီး ပြောင်းလဲနေတာကို နားလည်နိုင်ပေမဲ့ ချန်ကျင်းထင်က ဘာတွေဖြစ်နေတာလဲ။

တကယ်တော့ အခြေအနေက ရှုပ်ထွေးနေသည်။ ဝိညာဉ်တွေကို မွေးမြူနိုင်တဲ့ ချန်ကျင်းထင်က ယန်ကျွင်းဇဲ ပထမဆုံးမျှော်လင့်ထားခဲ့သလို ရိုးရှင်းခြင်း မရှိခဲ့ပေ။

ဒီအချိန်မှာ ချန်ကျင်းထင်ရဲ့အရေပြားက အရောင်မတောက်ဘဲ မှိုင်းနေတဲ့မီးခိုးရောင် ပြောင်းသွားပြီး အလောင်းရဲ့အရေပြားလိုမျိုး ဖြစ်နေသည်။ ဘာအရောင်မှမရှိဘဲ လျော့ရဲပြီးတွဲကျနေကာ သူ့ရဲ့ဆံပင်တွေက နွမ်းခြောက်ပြီး ခြေအလက်င်္ဂါတွေက လျော့ရဲနေသည်။

သူ့ရဲ့ခန္ဓာကိုယ်က သိသိသာသာ ယိုယွင်းနေပုံပေါ်နေပေမဲ့ ရှန်ဝမ်ချူက အခုအနည်းငယ် တုန်ယင်လာသည်။ သူမရဲ့ခွန်အားက အကန့်အသတ်ကို ရောက်သွားသလို ဖြစ်နေသည်။ သူမရဲ့ခြေထောက်အောက်က မြူတွေက ပါးလာပြီး ချန်ကျင်းထင်ရဲ့မြူတွေက ပြန်လည်ဝန်းရံသွားသည်။

ချန်ကျင်းထင်ရဲ့ဘက်ကနေ ယန်ကျွင်းဇဲက ထူးဆန်းတဲ့သံလိုက်စက်ကွင်းက လျင်မြန်စွာ ပိုပြင်းထန်လာပြီး ရှန်ဝမ်ချူကို တဖြည်းဖြည်း လွှမ်းမိုးသွားတာကို ခံစားမိနိုင်သည်။

တစ်ချိန်တည်းမှာပဲ ချန်ကျင်းထင်ရဲ့အားနည်းနေပုံရတဲ့ ခြေလက်အင်္ဂါတွေက ရှန်ဝမ်ချူကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။ သူ့ရဲ့လက်ချောင်းတွေက သူမရဲ့လက်မောင်းတွေထဲကို စိုက်ဝင်သွားပြီး အရိုးတွေကို “အက်” “အက်” ဆိုတဲ့အသံတွေနဲ့ ဝန်းရံသွားသည်။

ရှန်ဝမ်ချူရဲ့ခန္ဓာကိုယ်က ပိုပြီးပြင်းထန်စွာ တုန်ယင်သွား လေသည်။

အဲဒီအချိန်မှာ နံရံပေါ်က အသားတုံးက ထူးဆန်းတဲ့ကလေးငယ်အဖြစ် ပြန်လည်စုစည်းပြီး သွားတွေကိုဖြဲကာ သူတို့ဆီကို နံရံထောင့်ကနေ တွားဆင်းလာသည်။

“ဒါက တကယ်ကို ပြဿနာပဲ!”

ဒီအခြေအနေကို မြင်လိုက်တဲ့အခါ ယန်ကျွင်းဇဲက သူ့ရဲ့ဝိညာဉ်တစ်ပိုင်းအခြေအနေကို အသက်သွင်းပြီး ချက်ချင်းပဲ တွားသွားမ ကောင်းဆိုးရွားကို လွှတ်လိုက်သည်။

“အဲဒီကလေးငယ်ကို သတ်လိုက်”

သူက တွားသွားတဲ့မကောင်းဆိုးရွားကို အမိန့်ပေးလိုက်ပြီး သူ့ရဲ့ကိုယ်ပေါ်က အမွေးတွေက အမြန်ပေါက်လာသည်။

သူ့ရဲ့လက်မောင်းတွေကို ရှေ့ကို ဆန့်ထုတ်လိုက်တဲ့အခါ အမွေးအစုအဝေးကြီးက ဆန့်ထွက်လာပြီး ချန်ကျင်းထင်ရဲ့လည်ပင်းနဲ့ ပခုံးတွေကို အမြန်ပတ်လိုက်သည်။

ဒီအချိန်မှာ ချန်ကျင်းထင်က လူသေတစ်ယောက်လိုမျိုး ဖြစ်လာလာသည်။ အမွေးတွေက သူ့ကိုပတ်ပြီး အရေပြားကို ထိုးဖောက်ကာ သူ့ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်နေပေမဲ့ သူက ဘာတုံ့ပြန်မှုမှ မပြခဲ့ဘဲ ရှန်ဝမ်ချူကို ဖက်ထားရင်း ကိုက်နေသည်။

ယန်ကျွင်းဇဲရဲ့အမွေးတွေက ချန်ကျင်းထင်ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတဲ့အခါ အရှိန်မြှင့်လာသည်။ သို့သော် ချန်ကျင်းထင်က ပြောင်းလဲသွားတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အားနည်းနေပုံရပေမဲ့ အမွေးတွေ သူ့ကိုထိုးဖောက်ဖို့က တကယ်တော့ ခက်ခဲသည်။

တခြားထူးဆန်းတဲ့အကောင်တွေလို သာမန်သတ္တဝါတွေဆိုရင် အခုအချိန်မှာ အမွေးတွေနဲ့ ထိုးဖောက်ခံရပြီးဖြစ်နိုင်သည်။

ဗြုန်း!

အဲဒီအချိန်မှာ တွားသွားတဲ့မ ကောင်းဆိုးရွားက မမျှော်လင့်ဘဲ ထူးဆန်းတဲ့ကလေးငယ်ကသူပခုံးကို အကိုက်ခံလိုက်ရပြီး ကွန်ပြူတာစားပွဲနောက်ကို ပြုတ်ကျသွားသည်။

အားနည်းချက်တွေ အရမ်းများနေတာကြောင့် တွားသွားမ‌ကောင်းဆိုးရွားက ကလေးငယ်ကို မယှဉ်နိုင်သေးပေ။

သူ့ရဲ့လျှာက ထူးဆန်းတဲ့ကလေးငယ်ကို ပတ်ထားတုန်းမှာပဲ ဆူပွက်နေတဲ့ရေလိုမျိုး အဖြူရောင်အငွေ့တွေ အလျှံအပယ် စတင်ထွက်လာသည်။

အဲဒီအချိန်မှာ လျှာက ပါးစပ်အပြင်ဘက်မှာ တွဲလောင်းကျနေပြီး အပူတွေ ထွက်နေတုန်းပဲ ရှိသည်။ ပြန်သိမ်းဖို့လည်း ရှက်နေပုံရပြီး အလွန်အမင်း မသက်မသာ ဖြစ်နေသည်။

ယန်ကျွင်းဇဲက သူ့ရဲ့စိတ်ကို တင်းပြီး ထူးဆန်းတဲ့ကလေးဆိုးနှစ်ဦးကို တစ်ဖန်ပြန်လွှတ်လိုက်သည်။

အန်တီမေဆီကနေ ရခဲ့တဲ့ ထူးဆန်းတဲ့ကလေးငယ်နှစ်ဦးကို သူ့ကိုကူညီဖို့ ပထမဆုံးအကြိမ် ဆင့်ခေါ်လိုက်တာ ဖြစ် ပေသည်။

ထူးဆန်းတဲ့ကလေးငယ်တွေက အလင်းရောင်တောက်ပတဲ့နေရာတွေကို ကြောက်တာကြောင့် သူတို့ကို လွှတ်ပေးတဲ့အခါ ယန်ကျွင်းဇဲက သူ့ရဲ့အမွေးအချို့ကို ဆန့်ထုတ်ပြီး အခန်းထဲမှာ ပွင့်နေတဲ့ပြတင်းပေါက်တစ်ခုတည်းကို ပိတ်ပြီး ကုလားကာတွေကို ပိတ်လိုက်သည်။

နောက်စတစ်က္ကန့်မှာ အခန်းက အရမ်းကိုမှောင်သွားပြီး ထူးဆန်းတဲ့ကလေးငယ်နှစ်ဦး ပေါ်လာတာနဲ့ ယန်ကျွင်းဇဲက ချက်ချင်းပဲ “တွားသွားမ‌ ကောင်းဆိုးရွားကို ကူညီပြီး အဲဒီထူးဆန်းတဲ့ကလေးငယ်ကို သတ်လိုက်” လို့ ပြောလိုက်သည်။

ထူးဆန်းတဲ့ကလေးငယ်နှစ်ဦးက ခဏတာတွေဝေသွားပြီး အိပ်ရာဘက်ကို ကြည့်လိုက်သည်။ ဒီအချိန်မှာ အိပ်ရာပေါ်က ကလေးငယ်က တွားသွားမကောင်းဆိုးရွားကို အမှောက်သိပ်လိုက်ပြီးပြီ။

သူ့ရဲ့နက်ပြောင်နေတဲ့ မျက်လုံးအိမ်တွေက လှည့်လိုက်ပြီး ထူးဆန်းတဲ့အမြွှာကလေးငယ်တွေကိုစိုက်

ကြည့်နေပုံရသည်။

ဗြုန်း! ဗြုန်း!

ထူးဆန်းတဲ့ကလေးငယ်နှစ်ဦးက စကားတစ်ခွန်းမှမပြောဘဲ ရုတ်တရက် ခုန်အုပ်လိုက်ပြီး သူတို့ရဲ့မျက်လုံးတွေက ရှင်းပြလို့မရတဲ့ စိတ်လှုပ်ရှားမှုနဲ့ လင်းလက်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့က အိပ်ရာပေါ်ကို ခုန်တက်ပြီး ထူးဆန်းတဲ့ကလေးငယ်ကို ရက်ရက်စက်စက် လုံးထွေးပြီး ကိုက်နေကြသည်။

“ဖျက်ဆီးပစ်!”

ဝိညာဉ်တစ်ပိုင်းအခြေအနေကို အသက်သွင်းလိုက်တာကြောင့် ယန်ကျွင်းဇဲက သူ့ရဲ့ခေါင်းကို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လုံးဝလိမ်ထားသည်။ အပြင်ဘက်ကို ဆန့်ထုတ်ထားတဲ့အမွေးတွေက အခုအများဆုံးတိုက်ခိုက်နိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး အများအပြားက ချန်ကျင်းထင်ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်နေသည်။

သံချောင်းတွေလိုမျိုး အမွေးတွေက ချန်ကျင်းထင်ကို သူ့ရဲ့စွမ်းအင်အများစုကို အမွေးတွေနဲ့ တိုက်ခိုက်ဖို့ ပြန်လည်အာရုံစိုက်စေပြီး ရှန်ဝမ်ချူကို ဖိထားတဲ့သူ့ရဲ့ခွန်အားက ချက်ချင်းအားနည်းသွားစေသည်။

ရှန်ဝမ်ချူရဲ့ခေါင်းက နောက်ဘက်ကို စောင်းသွားပြီး သူမက ချန်ကျင်းထင်ရဲ့လည်ပင်းကိုပြင်းထန်စွာကိုက်လိုက်သည်။ မြင်သာတဲ့အရာက အစိမ်းရောင်အဆိပ်က သူ့ရဲ့လည်ပင်းအရေပြားတစ်လျှောက် ပျံ့နှံ့လာတာ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ချန်ကျင်းထင်ရဲ့ခန္ဓာကိုယ်ထဲက အမွေးတွေက တုန်ခါနေတဲ့နှလုံးဆီကို ဆန့်ထွက်နေရင်း အတုံးလိုက် အတစ်လိုက် ခြောက်သွေ့သွားသည်။ ဒါပေမဲ့ မကြာခင်မှာပဲ အသစ်သောအမွေးတွေက အစားထိုးဝင်လာပြီး ပြင်းထန်စွာခုန်နေတဲ့ နှလုံးဆီကို ဦးတည်သွားသည်။

ယန်ကျွင်းဇဲက သူ့ရှေ့က လူရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်က အရမ်းကို သန်မာလွန်းတာကို သိနိုင်ခဲ့သည်။ သူ့ကို အမွေးတွေနဲ့ ထိုးဖောက်ဖို့က မဖြစ်နိုင်တာကြောင့် သူက ပိုပြီးတိုက်ရိုက်နည်းလမ်းအဖြစ် သူ့ရဲ့နှလုံးကို ထိုးဖောက်ဖို့ရည်ရွယ်ပြီး နောက်အကောင်းဆုံးအရာကို အသုံးပြုလိုက်သည်။

နောက်ဆုံးမှာတော့ အခြေအနေက တစ်ဖက်ကို လုံးဝတိမ်းစောင်းသွားသည်။ ထူးဆန်းတဲ့ကလေးငယ်က တွားသွားတဲ့မိစ္ဆာနဲ့ ထူးဆန်းတဲ့ကလေးငယ်နှစ်ဦးကို တစ်ချိန်တည်းမှာ ကာကွယ်နိုင်ခြင်း မရှိတော့ပေ။ သူ့ရဲ့အသားအများစုက ကိုက်ဖြတ်ခံလိုက်ရသည်။

အပြင်ဘက်မှာ ရှန်ဝမ်ချူက နောက်ဆုံးမှာ အသာစီးရလာပြီး သူ့ရဲ့သွားတွေကနေ အလောင်းအဆိပ်နဲ့ ချန်ကျင်းထင်ရဲ့အရေပြားကို ကူးစက်နေသည်။ တစ်ချိန်တည်းမှာပဲ ယန်ကျွင်းဇဲက သူ့ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်ထားတဲ့အမွေးတွေကလည်း နှလုံးဆီကို ရောက်လုနီးပါး ဖြစ်နေသည်။ ရှုထောင့်တိုင်းမှာ ချန်ကျင်းထင်က သေလုနီးပါးအထိ ဖိနှိပ်ခံနေရသည်။

အဲဒီအချိန်မှာ ချန်ကျင်းထင်ရဲ့မျက်လုံးတွေက ခဏတာ ရှင်းလင်းလာသည်။

သူ့ရဲ့နှုတ်ခမ်းတွေက အနည်းငယ်လှုပ်ရှားသွားပြီး သွေးတွေက သူ့ရဲ့ပါးစပ်ထောင့်ကနေ ကျလာသည်။ သူက မောဟိုက်နေရင်း “ဝိညာဉ်အစောင့်အရှောက်၊ ဝိညာဉ်အစောင့်အရှောက်၊ ဝိညာဉ်ထဲသို့ ဦးဆောင်၊ ဝိညာဉ်က အစကိုပြန်သွား၊ ငါ့ကို သတ်တဲ့သူ သေရမည်” လို့ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ အသိပေးချက်နှစ်ခုက ယန်ကျွင်းဇဲရဲ့စိတ်ထဲမှာ ပေါ်လာသည်။

[ပြင်းထန်တဲ့ လိပ်ပြာအကျိုးသက်ရောက်မှု အတက်အကျကို ရှာတွေ့သည်။]

[ယခင်က လိပ်ပြာအကျိုးသက်ရောက်မှု ဖြစ်ရပ် ၃ ခုကို တွေ့ရှိခဲ့သည်။ ၎င်းတို့ကို ဖြေရှင်းရန် ခန့်မှန်းခြေစွမ်းအင်ကုန်ကျစရိတ်မှာ ၁၀၀၀ မှတ် ဖြစ်သည်။ စတုတ္ထမြောက် အစွမ်းထက်တဲ့ လိပ်ပြာအကျိုးသက်ရောက်မှု အတက်အကျကို တွေ့ရှိခဲ့သည်။ ၎င်းကို ကိုင်တွယ်ရန် ခန့်မှန်းခြေစွမ်းအင်ကုန်ကျစရိတ်မှာ ၂၀၀၀ မှတ် ဖြစ်သည်။ အားလုံးကို ရှင်းလင်းမယ်ဆိုရင် လက်ရှိစွမ်းအင်က မလုံလောက်ဘူး...]

“ဘာလဲ” ဒီမက်ဆေ့ချ်နှစ်ခုကို မြင်လိုက်တဲ့အခါ ယန်ကျွင်းဇဲက ထိတ်လန့်စွာ ကြောင်အသွားမိသည်။

“အကြီးစားပြန်ရစ်ခြင်း” ကို စတင်ပြီးနောက် သူ့မှာ ဒိုင်မေးရှင်းစွမ်းအင် ၂၃၀၀ မှတ် ကျန်ခဲ့သည်။ သူက ဒီအခန်းထဲမှာ နောက်ပြန်ရစ်ခြင်းကို နှစ်ကြိမ်သုံးခဲ့ပေမဲ့ အချိန်က တိုတာကြောင့် သုံးတဲ့စွမ်းအင်က နည်းပါးသည်။

ဒါပေမဲ့ အခု သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ လိပ်ပြာအကျိုးသက်ရောက်မှုက ဖြေရှင်းဖို့အတွက် စုစုပေါင်း စွမ်းအင် ၃၀၀၀ မှတ် လိုအပ်ပေသည်။ သူ ဘာလုပ်ရမလဲ။

All Chapters