← Chapters

အခန်း ၁-၃

Vol. 1 Ch. 1-3

အခန်း ၁-၃

Vol. 1 Ch. 1-3

အခန်း( ၁)

စနစ်စတင်အသက်ဝင်ခြင်း

အချိန်ခရီးသွားခဲ့ပြီးနောက် သူသည် ကြီးမြတ်သော ရှားမင်းဆက်၏ နဝမမြောက် မင်းသားဖြစ်ခဲ့၏။ သို့သော် ထိုဘဝက လုချန်းဆီသို့ ဒုက္ခတစ်ချို့သယ်ဆောင်လာခဲ့တော့သည်။ လုချန်းက သူ၏လက်ထဲမှ တော်ဝင်အမိန့်ပြန်တမ်းကို ကြည့်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်၏။

ထိုအချိန်တွင် ကျသရေရှိလှသော အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်က လုချန်းရှိရာ ခန်းမထဲသို့ဝင်လာသည်။ လုချန်း၏ စိတ်မသက်မသာဖြစ်နေပုံကိုတွေ့တော့ အမျိုးသမီးက လုချန်းအားနှစ်သိမ့်ပေးလိုက်သည်။ " ချန်းလေး မြောက်ပိုင်းနှင့်ပက်သက်ပြီး ဘာအန္တရာယ်မှ မရှိပါဘူး။ နောက်ပြီးတော့ နေပြည်တော်နဲ့ ဝေးတဲ့နေရာက တကယ်တော့ မင်းအတွက်ကောင်းနိုင်ပါတယ်။"

အမျိုးသမီး၏အသံက ရင်ထဲအထိရောက်စေနိုင်သော နွေဦးလေညင်းတစ်ခုကဲ့သို့ နူးညံ့ညင်သာနေ၏။

လုချန်းက သူ၏အရှေ့မှ အမျိုးသမီးကိုကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်မှ စိုးရိမ်သောကများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ထိုအမျိုးသမီး၏ အမည်က ချူးယုချင်ဖြစ်သည်။ သူမက လုချန်းမိခင်ဖြစ်သူ၏ ရံရွေတာ်ဖြစ်ခဲ့သည်။ သို့သော် သူ၏မိခင်က သူမအား ညီအစ်မတစ်ယောက်လိုသာ ဆက်ဆံခဲ့သည်။ ထို့ကြောင့် လုချန်းကလည်း သူမအားအဒေါ်လေးချူးဟုသာခေါ်သည်။

လုချန်းဆယ်နှစ်သားအရွယ်တွင် သူ၏မိခင်ကွယ်လွန်ခဲ့သည်။ ထိုအချိန်မှစ၍ ချူးယုချင်က သူ့အားအမြဲပြုစု စောင့်ရှောက်ခဲ့သည်။ ဤခောတ် ကမ္ဘာလောက‌သို့ သူရောက်လာပြီး‌နောက် သူ၏အရင်‌ခောတ်ကမ္ဘာမှ မှတ်ဉာဏ်များပြန်လည်ရရှိသည်မှာ မကြာသေးပေ။ သို့သော် ထိုမှတ်ဉာဏ်များက သူ့အားများစွာအကူအညီ မဖြစ်စေခဲ့ပါ။

တကယ်တော့ ဝတ္တုစာအုပ်များထဲမှ ဘာမဆိုလုပ်နိုင်နေသော ဇာတ်လိုက်များကဲ့သို့ မဟုတ်ပါ။ အပေါ်ယံ ဗဟုသုတတစ်ချို့မှလွဲ၍ သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်များကို သူကောင်းကောင်းမကျွမ်းကျင်ပါ။ ထို့ပြင် မည်သည့်ရှေးဟောင်းကဗျာကိုမှလည်း သူကောင်းကောင်းမမှတ်မိပါ။ တကယ်လို့ အထက်တန်းကျောင်းတုန်းက ထိုကဗျာများကို သူ နေ့စဉ်ကျက်မှတ်၍ အလွတ်ရခဲ့ဖူးသည်ဆိုလျှင်တောင် အခုတော့ သူအားလုံးကို မေ့‌သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရှေးခောတ်က လူသားတစ်ယောက်ထက် ဘာမှပိုထူခြားခြင်းမရှိပါ။

နိုင်ငံရေးကိစ္စများနင့်ပက်သက်လာလျှင် ပိုဆိုး၏။ လုချန်းဘာမှနားမလည်ပါ။ သို့သော် သူသေသေ‌ချာချာသိထားတာ တစ်ခုတော့ရှိ၏။ နန်းလုပွဲတွင် ဘယ်တော့မှ ဝင်မပါရန်ဖြစ်သည်။ မဟုတ်ပါက ဘယ်လိုမျိုး သေသွားနိုင်မလဲ သူမသိနိုင်ပါ။

သူ၏မိခင်က တောင်ပိုင်းမှ မင်းမျိုးမင်းနွယ်ဝင် မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် နန်းလုပွဲတွင် သူပါဝင်ချင်ပါက သူ့တွင် အထောက်အပံ့ လုံးဝမရှိတာမျိုးတော့ မဟုတ်ပါ။ ထို့ပြင် ထိုနေရာအတွက် သူ့အားယှဉ်ပြိုင်စေချင်သော လူများလည်း အမြဲရှိပါသည်။ သို့သော် ကံကောင်းသည်က သူကသူ၏လုပ်နိုင်စွမ်းကို သေချာနားလည်နေခြင်းဖြစ်သည်။

အရာအားလုံးကို ခြုံငုံကြည့်လျှင် သူနေနေရသော ဘဝက တကယ်တော့ မဆိုးလှဟု ပြော၍ရသည်။ သူမည်သည့် စွန့်စားမှုမှ လုပ်ရန်မလိုအပ်ပါ။

အေးစိမ့်ကြမ်းတမ်းသော မြောက်ပိုင်းဒေသသို့ သူ မကြာခင် သွားရတော့မည့် အခြေအနေကတော့ သိပ်အဆင်မ‌ပြေသော ကိစ္စတစ်ခုဖြစ်သည်။

ဒါကလည်း သူ့ပုံစံက ‌စည်းစိမ်ခံ ပျော်ပါးရုံကလွဲ၍ မည်သည့် အရည်အချင်းမှ မရှိသည့်ပုံ ပေါက်နေသောကြောင့်လည်း ဖြစ်၏။ သူ၏ခမည်းတော်ဖြစ်သူ ရှားနိုင်ငံ‌တော်ဧကရာဇ်က သူ၏အရွယ်ရောက်လာမှုကို အသုံးချ၍ မုကျိရွှမ်းနှင့် ထိမ်းမြှားပေးရန်စိီစဉ်ပြီး မြောက်ပိုင်းမြို့တော်ကို အုပ်ချုပ်စေရန် ညွှန်ကြားထားသည်။

အတိတ်တစ်ခုတုန်းက အခြေအနေမျိုးသာဆိုလျှင်တော့ မုကျိရွှမ်းနှင့် လက်ဆက်လိုသူ ဘယ်နှစ်ယောက်လောက် ရှိနေမှန်းတောင် သိနိုင်မည်မဟုတ်ပေ။ မုကျိရွှမ်းက မြို့တော်မှ ပထမဆုံး ပါရမီရှင် အမျိုးသမီးတစ်ယောက်ဖြစ်သည်။

သို့သော် အခြေအနေများက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မုကျိရွှမ်း၏ မိသားစုက သူပုန်မျိုးနွယ်စုများနှင့် အဆက်အသွယ်ရှိခဲ့သည်။ မုမိသားစုက ကာကွယ်နိုင်ခွင့် အမိန့်ပြားကို အသုံးချနိုင်၍ အသက်မသေခဲ့ကြသော်လည်း သူမ မိသားစု၏ အဆင့်အတန်းကတော့ လုံးဝ ယုတ်လျှော့သွားခဲ့သည်။

နိုင်ငံရေးအကြောင်း အနည်းငယ်လောက်ပင် နားလည်သူ မည်သူမဆို မုကျိရွှမ်းနှင့်လက်ထပ်ခြင်းက အိမ်ရှေ့စံဖြစ်နိုင်သည့် အခွင့်အရေးလုံးဝဆုံးရှုံးသွားစေကြောင်း သိနိုင်သည်။

လုချန်းကတော့ အိမ်ရှေ့စံနေရာကို စိတ်မဝင်စားပါ။ သူစိတ်ပူသည်က မုမိသားစု၏ သူပုန်မျိုးနွယ်စုနှင့် ဆက်နွယ်နေမှုက မုကျိရွှမ်းနှင့်လက်ထပ်ပြီးနောက်ပိုင်း တစ်နေ့နေ့တွင် သူ၏သာယာနေသောဘဝလေးကို ထိခိုက်လာမည်ကိုပင်။

သူစိတ်ပူနေသော်လည်း ထိုထိန်းမြှားမှုက သူ၏ခမည်းတော်ဖြစ်သူ ဧကရာဇ်ဘုရင်၏ ဆန္ဒဖြစ်သဖြင့် ငြင်းပယ်ရန် မဖြစ်နိုင်ပါ။ သူလက်ခံရန်သာ ရှိတော့သည်။

ထိုအချိန်တွင် လုချန်း၏ နှုတ်ခမ်းထောင့်များ ‌အနည်းငယ်ကွေးညွှတ်သွားပြီး ပြုံးလိုက်ကာ

" ဒေါ်လေးချူး ကျွန်တော်မြောက်ပိုင်းမြို့တော်ကိုသွားရင် ဒေါ်လေး နေပြည်တော်မှာ တစ်ယောက်တည်း အထီးကျန်မနေဘူးလား။"

ချူးယုချင်က လုချန်းမိခင်၏ ရံရွေတော် ဖြစ်ရုံမျှမက သူမတွင် အခြားအထူးကိုယ်စားပြုမှုတစ်ခု ရှိသေး၏။ သူမက ချူးမိသားဝင်တစ်ယောက်ဖြစ်သည်။ လုချန်းအတွက်တော့ သူမက ချူးမိသားစုတစ်ခုလုံးကို ကိုယ်စားပြု‌နေသည်။

သို့သော်လည်း လုချန်း မုကျိရွှမ်းကိုလက်ထပ်ပြီး မြောက်ပိုင်းမြို့တော်သွားပြီးလျှင်တော့ သူ၏အိမ်ရှေ့စံဖြစ်နိုင်ချေ လုံးဝဆုံးရှုံးသွားပြီဟု အဓိပ္ပာယ်သက်ရောက်၏။ ချူးမိသားစုကလည်း သူ့အပေါ်မျှော်လင့်ချက်ထားတော့မည် မဟုတ်ပေ။ ချူးယုချင်လည်း သူ့အားစွန့်ခွာသွားလောက်သည်။

ချုယုချင်က အဆင့်ကိုးအထိမြင့်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ရှားမင်းဆက်တစ်ခုလုံးတွင် အဆင့်ကိုးအထိရောက်သော ပညာရှင်များစွာမရှိပါ။ ထို့ကြောင့် ချူးမိသားစုကလည်း အဆင့်ကိုးတစ်ယောက်အား အသုံးမဝင်သော မင်းသားနောက်‌လိုက်နေသည်ကို ခွင့်ပြုမည် မဟုတ်ပါ။

ချူးယုချင်က ပြုံး၍ပြန်ဖြေလိုက်သည်။

" မင်းမြောက်ပိုင်းမြို့တော်သွားရင်

ဒေါ်လေးလည်း လိုက်မှာပေါ့။"

ထိုစကား‌ကြားတော့ လုချန်းခဏမျှ အံ့အားသင့်သွား၏။

လုချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဒေါ်လေး သေချာလို့လား။ ကျွန်တော်နဲ့မြောက်ပိုင်းမြို့တော်ကို လိုက်ချင်တာ။"

ချူးယုချင်က ပြုံး၍ပြန်ဖြေလိုက်သည်။

" သေချာတာပေါ့။ မင်းကိုတစ်သက်လုံး စောင့်ရှောက်ဖို့ သးမင်းအမေကို ကတိပေးခဲ့တာပဲ။"

" မင်းကဒီမေးခွန်းမေးနေပုံထောက်တော့ မိန်းမရတာနှင့် ကိုယ့်အဒေါ်ကို မလိုအပ်လို့လား။"

လုချန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။

" ဘယ်ကဟုတ်ရမှာလဲ။ ဒေါ်လေးချူးကို ကျွန်တော်နဲ့ မြောက်ပိုင်းမြို့တော်ကို လိုက်စေချင်‌တာပေါ့။ ဒေါ်လေးမရှိရင် ကျွန်တော်အိပ်လို့တောင် ရမှာမဟုတ်ဘူး။"

ထိုသို့ပြောရင်း လုချန်းက ချူးယုချင်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီနှစ်ဆိုလျှင် ချူးယုချင်း၏ အသက်က နှစ်ဆယ့်ရှစ်ထဲဝင်နေပြီဖြစ်သော်လည်း ပြိုင်ဘက်ကင်းလောက်အောင် ကျက်သရေရှိနေသေးသည်။

မိုးသားအပြာရောင်ဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းကဲ့သို့ဖြူနုသော သွေးရောင်ဖျော့ဖျော့လွှမ်းနေသည့် သူမမျက်နှာနှင့် လိုက်ဖက်စွာ အပြစ်အနာအဆာကင်းသော သူမ၏အလှက ပြိုင်ဘက်ကင်းလျက်ရှိသည်။ သူမက လှပပြီး နူးညံ့သည်။ သူမ၏ မျက်လုံးများကလည်း စမ်းရေပေါက်လေးများကဲ့သို့ ကြည်လင်တောက်ပသည်။ နူးညံ့စွာ နှုတ်ခမ်းများကွေးညွှတ်ပြီး ပေါ်ပေါက်လာသောသူမ၏ အပြုံးက ရေကြည်ကဲ့ ရေးချမ်း၏။

သူမ၏ အနက်ရောင် ဆံကေသာတို့အား တော်ဝင်ဟန်ဖြင့် အနောက်ဘက်တွင် ထုံးထားပြီး ပုခုံး‌ပေါ်ကျနေသော ဆံစတစ်ချို့က မိုးမခပင်နွယ်များအား လေညှင်းနှင့် ယိမ်းနေသကဲ့သို့ တစ်ချက်တစ်ချက် လှုပ်ခါနေသည်။ သူမ၏ ကျောက်စိမ်းဆံထိုးပေါ်မှ အနက်ရောင် ပုလဲလုံးက ဆံနွယ်များနှင့်အပြိုင် တောက်ပနေသည်။ ထို့ပြင် သူမ၏ မိုးသားဖျော့ရောင် ဝတ်စုံကလည်း ထိုဆွဲ‌ဆောင်မှုရှိလှ‌သော သူမ၏သဏ္ဍန်ကို ပို၍ထင်ဟပ်နေစေသည်။

.

လုချန်း၏ ချူးယုချင်အပေါ်ရှိသော ခံစားချက်များက အနည်းငယ်ရှုပ်ထွေး၏။ သို့သော် သူ သေချာသိတာတစ်ခုတော့ရှိသည်။ သူ သူမကို မက်မောသည်။

ချူးယုချင်သာ သူ့အားစွန့်ခွာမည်ဆိုပါက သူလုံးဝသဘောကျမည်မဟုတ်ပါ။

ထိုအချိန်တွင် ချူးယုချင်က ကြင်နာမှုအပြည့်နှင့် ပြောလိုက်သည်။

" တော်ပြီ မကျီစားကြတော့ဘူး။ မင်းရဲ့မင်္ဂလာဆောင်အတွက် ပြင်ဆင်ကြရအောင်။"

…

ရက်အနည်းငယ်ကြာပြီးနောက် မြောက်မင်းသားအိမ်တော် အတွင်းအပြင်အရပ်ရပ်တို့မှာ စိတ်လှုပ်ရှားမှုများစွာဖြင့် ပြည့်နှက်နေ၏။ မီးပန်းဆက်များနှင့် အနီရောင်မီးအိမ်များကိုလာည်း နေရာအနှံ့တွင် ချိတ်ဆွဲထားသည်။

ယနေ့သည် လုချန်း၏ အရေးကြီးသောနေ့ဖြစ်ပြီး လုချန်နှင့် နီးစပ်သူ မနီးစပ်သူ အရာရှိအားလုံး ရောက်ရှိနေကြသည်။

မင်္ဂလာဆောင် စားသောက်ပွဲ ပြီးဆုံးသွားသည်နှင့် သတို့သမီးအခန်းသို့ အမြန်ဆုံးရောက်ရှိလိုစိတ်များ လုချန်းထံ၌ ပြင်းပြလာသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း လူချန်သည် စိတ်ပိုင်းဖြတ်မှုတစ်ခု လုပ်ခဲ့သည်။ မုကျိရွှမ်း၏ မိသားစုက မည်သည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဖြစ်စေ သူမသည် ယခု သူနှင့် လက်ထပ်ပြီးပြီဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စများကို ထပ်မံစဉ်းစားစရာ မလိုအပ်တော့ပေ။

ယခု မုကျိရွှမ်းသည် သူ၏ မိဖုရားဖြစ်လာပြီဖြစ်သည်။ မုကျိရွှမ်းသည် ထင်ရှားသော အလှမယ်တစ်ဦးဖြစ်သည်ဟု ပြောဆိုနေကြသော သတင်းများကို တွေးမိသည်နှင့် သူ၏စိတ်လှုပ်ရှားများမှာ အလွန်ပင် ပြင်းထန်လာသည်။

လုချန်းသည် ချူးယုချင်ကို တောင့်တခဲ့သည်။ သို့သော် ချူးယုချင်က အထူးအဆင့်ရှိသူတစ်ယောက်ဖြစ်နေသည် ။ မုကျိရွှမ်းမှာမူ သူနှင့် တကယ်တမ်း ပေါင်းသင်းရမည့် ဇနီးဖြစ်လာပြီဖြစ်သည်။

သတို့သမီးအခန်းထဲသို့ ဝင်သည်နှင့် လုချန်း၏ မျက်လုံးများက ချက်ချင်းပင် မင်္ဂလာအိပ်ရာပေါ် ရောက်သွား၏။

အိပ်ရာပေါ်တွင် အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံဝတ်ဆင်ထားပြီး မျက်နှာကို ပဝါဖြင့် ဖုံးလွှမ်းထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ မျက်နှာကို မမြင်ရသော်လည်း သူမ၏ ကျက်သရေရှိသော ပုံပန်းသဏ္ဌာန်က လုချန်း၏ နှလုံးသားကို ဆွဲဆောင်နေနှင့်ပြီး ဖြစ်သည်။

အမျိုးသမီး၏ ဘေးနှစ်တွင် လှပသော ရံရွေတော်မလေးနှစ်ဦးလည်း ရပ်နေကြသည်။ လုချန်း၏ အရင်ဘဝတွင် ထိုရံ‌ရွေတော်မလေး များ‌လောက်လှသော မိန်းကလေးများနှင့်ပင် လက်ထပ်ခွ့င်ရရန် အလွန်ခက်ခဲလိမ့်မည်။

စိတ်လှုပ်ရှားမှုများ ပြည့်နှက်စွာဖြင့် လုချန်းသည် မုကျိရွှမ်နားသို့ ချဉ်းကပ်သွားပြီး ရံရွေတော်မလေးတစ်ဦး၏ လက်ထဲမှ ကျောက်စိမ်းတုတ်တံကို ယူလိုက်ကာ ပဝါကို ညင်သာစွာ လှန်လိုက်၏။

ထို့နောက် အလွန်လှပသော မျက်နှာ‌‌လေးတစ်ခု သူ၏မြင်ကွင်းတွင် ပေါ်ထွက်လာခဲ့တော့သည်။

မုကျိရွှမ်းသည် လူ့ပြည်သို့ ဆင်းသက်လာသော ထာဝရနတ်သမီးတစ်ပါး သို့မဟုတ် ဘုံကိုးဆင့်မှ ဆင်းသက်လာသော လူဝင်စားလာသော ထူးခြားဆန်းကြယ်သည့် အမျိုးသမီးတစ်ယောက်နှင့် တူနေသဖြင့် လုချန်းလည်း လုံးဝမင်တက်မိသွားတော့သည်။

မျက်နှာနီမြန်းလာသော မုကျိရွှမ်းက "မောင်တော်။ မင်္ဂလာအရက် သောက်ရမည့်အချိန်ရောက်ပါပြီ..." ဟု ရှက်ရွှံ့စွာ ပြောလိုက်သည်။

မုကျိရွှမ်း၏ ရှက်ရွှံ့‌နေ‌သော အပြုအမူကို မြင်သွားသော လုချန်းလည်း စိတ်မထိန်းနိုင်တော့ပဲ သူမအပေါ်သို့ အုပ်မိုးချလိုက်‌ တော့သည်။

ရံရွေတော်နှစ်ဦးက လုချန်းအား မင်္ဂလာအရက် သောက်ရန် သတိပေးဖို့ပြင်‌ဆင်နေခြင်းဖြစ်သော်လည်း လုချန်းကမူ အကြင်လင်မယားအရာမြောက်အောင် စတင်နေပြီဖြစ်သည်ကို တွေ့မြင်သောအခါ တိတ်တဆိတ်ဖြင့်ပင် ခစားနေကြတော့သည်။

မည်မျှကြာသွားသည်ကို မသိပေ။

လုချန်းလည်း မင်္ဂလာအိပ်ရာ ပေါ်တွင် မုကျိရွှမ်းအာ ပွေ့ဖက်ထားလျက် လုံးဝ‌ပြေလျှော့သွားတော့သည်။

ဤသည်ကား သူတမ်းတနေခဲ့သည့် ဘဝပင်လျှင်ဖြစ်နိုင်သည်။

သို့သော် ထိုအခိုက်တွင် မရင်းနှီး‌သော အမျိုးသမီး၏ အသံတစ်ခု ထွက်ပေါ်လာသည်။

[ သခင့်ရဲ့ ပထမဦးဆုံး ဇနီးကို ရရှိခဲ့ပြီး သားများစွာနှင့် ဘုန်းကံများစွာစနစ်ကို စတင်နိုင်ခြင်းအတွက် ဂုဏ်ယူပါတယ် သခင်။]

[လက်ထပ်မင်္ဂလာလက်ဆောင်ထုပ်ကို ပြင်ဆင်ပြီးပါသဖြင့် လက်ခံလိုပါသလား။]

………

အခန်း (၂)

အသစ်ရောက်လာသူအတွက်လက်ဆောင်

မျက်စိရှေ့တွင် ပေါ်လာသော အပြာရောင် စာမျက်နှာပြင်ကို မြင်သောအခါ လုချန်းသည် မုကျိရွှမ်း၏ လှပသောမျက်နှာကို ပထမဆုံးမြင်ခဲ့ရသည့် အခါကကဲ့သို့ပင် အံ့အားသင့်သွား၏။

အင်အားအလွန်အကျွံသုံးလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်နွမ်းနယ်သွားပြီး ထင်ယောင်ထင်မှားဖြစ်နေခြင်းလားဟုပင်

လုချန်း သံသယဝင်သွားသေးသည်။

ထို့နောက် သူသည် အပြာရောင်စာမျက်နှာပြင်ကို စူးစိုက်ကြည့်ပြီး လက်ကိုမြှောက်ကာ လက်ခံလိုက်သည်။

" အင်း။"

ထို့နောက် အမျိုးသမီး၏ အသံ ထပ်မံထွက်ပေါ်လာသည်။

“[အသစ် ရောက်လာသူက လက်ဆောင်ထုပ်ကို လက်ခံရရှိပါသည်]”

ထိုအကြောင်းကြားသံ ပြီးဆုံးသွားသည်နှင့် ပစ္စည်းများစွာ လုချန်းရှေ့တွင် ပေါ်လာသည်။

“[ကျားနဂါး ဆေးလုံး၊ လောကဖြတ်ကျော်ဆေး လုံး၊ သဲကန္တာရ သိမ်းငှက်နှင့်ကျည်ဆံငါးရာ၊ လက်ပစ်ဗုံး ငါးဆယ်၊ နဂါးဖီးနစ် အမြုတေ တို့ကိုလက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါသည် သခင်။ ]

ဤပစ္စည်းများ ဘာအတွက်သုံးကြောင်း

လုချန်း မသိပေ။ သူ့ဘေးတွင် အိပ်ပျော်နေပြီဖြစ်သော မုကျီရွှမ်းကို အရင်တစ်ချက် သတိထား ကြည့်လိုက်ပြီးနောက် သူ၏လက်ကို ပြန်လည်မြှောက်ကာ အပြာရောင်စာမျက်နှာပြင်ပေါ်မှ "ကျားနဂါး" ဟူသော စာသားများကို နှိပ်လိုက်သည်။

“[ကျားနဂါးကိုသုံးစွဲလျှင် သခင့်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးနိုင်ပြီး မျိုးဆက်ပွားရန် အခွင့်အလမ်းပိုမိုမြင့်မားစေနိုင်ပါတယ်။]”

ထို့နောက်တွင် အလွန်လှပလက်ရာမြောက်စွာဖြင့် ပြုလုပ်ထားသော ပုလင်းငယ်တစ်လုံးသည် လုချန်း၏ လက်ထဲတွင် ပေါ်လာသည်။

လုချန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ တကယ်ဖြစ်ပျက်‌နေခြင်းဖြစ်သည်။

ထို့နောက်ချက်ချင်းပင် တစ်ချက် တွေးလိုက်ပြီးလက်ကိုလှုပ်ရှားသည်နှင့် ပုလင်းငယ်သည် အပြာရောင် စာမျက်နှာပြင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့နောက် လုချန်းသည် ကျန်သော ‌လက်ဆောင် ဆုလာဘ်များကို နှိပ်လိုက်သည်။

“[လောကဖြတ်ကျော်‌ဆေးလုံးကို သုံးစွဲပြီးနောက် သခင်သည် ပထမတန်းစား သိုင်းပညာရှင် ဖြစ်လာလိမ့်မည်။]”

“[သဲကန္တာရ သိမ်းငှက်သေနတ်သည် အလွန်အားကောင်းပြီး သခင့်ကို ဤလောကတွင် ပိုမိုလုံခြုံစွာ နေထိုင်နိုင်ရန် ကာကွယ်ပေးနိုင်သည်။]”

“[နဂါးဖီးနစ်အမြု‌တေကိုသခင့် သွေးဖြင့် မွေးဖွားစိုက်ပျိုးနိုင်သည်။ နဂါးဖီးနစ်အမြုတေပင်မှ အရွက်ဖြင့် လက်ဖက်ရည်ကျို သောက်‌သော အမျိုးသမီးသည် သခင့်အပေါ် ခံစားချက်များ ပွားများလာမည်ဖြစ်ပြီး သားသမီးများ၏ အရည်အသွေးကို မြင့်မားစေရန် အကူအညီပေးနိုင်သည်။]”

ထိုပစ္စည်းများကို ညွှန်ကြားပြသချက်များနှင့်တကွ တွေ့မြင်လိုက်ရပြီးနောက် လုချန်း စိတ်လှုပ်ရှားသွားသည်။ မင်းသားတစ်ပါးအဖြစ်သာ ပုံမှန်ဘဝကို နေထိုင်ရန် ရည်ရွယ်ထားပြီးနောက်တွင် “[မျိုးဆက်ပြန့်ပွားရေး]” စနစ်က ရုတ်တရက် ပေါ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုချန်းလည်း ချက်ချင်းပင် စိတ်ထဲမှ မေးမြန်းလိုက်သည်

"စနစ်၊ အမျိုးသမီးတစ်ဦး ကျွန်တော့်အတွက် မွေးဖွားပေးသော သားသမီးတစ်ယောက်စီအတွက် ဆုလာဘ်များ ရရှိနိုင်ပါသလား" ဟု မေးမြန်းလိုက်သည်။

သူ့ထံတွင် ထိုစနစ်ရှိ နေပြီကို သိရှိသော်လည်း လုချန်းသည် ထိုစနစ်ထံမှ ပြန်လည်တောင်းဆိုလာမည့် လိုအပ်ချက်များ မပါဝင်ဟု မယုံကြည်ပေ။ သူ၏သားသမီးကို မွေးဖွားပေးသည့် အမျိုးသမီးတိုင်းက သူ့အား ဆုလာဘ်များ ပေးပါက သူသည် လျင်မြန်စွာပင် ပြိုင်ဘက်ကင်းတစ်‌ယောက်ဖြစ်လာမည်ဖြစ်သည်။ ထို့နောက် သူလုပ်ရန် လိုအပ်သည်မှာ နေ့စဉ်နေ့တိုင်း အိမ်ထဲတွင် "မျိုးစေ့ချရေးအလုပ်" လုပ်ရုံသာဖြစ်သည်။

“[အမျိုးသမီး၏ အဆင့်သတ်မှတ်ချက်သည် ကိုးဆယ် ရှိရပါမည်။]”

စနစ်၏ အသံကို ကြားသောအခါ လုချန်းသည် ပြန်လှည့်၍ မုကျိရွှမ်းကို ထပ်မံကြည့်လိုက်သည်။

ထိုအခိုက်တွင် စာမျက်နှာပြင် ပေါ်လာပြန်၏။

“[အမည်။ ။မုကျိရွှမ်း]”

“[မှတ်ပုံတင်။။ ။ မုချန်တိန်၏ သမီး၊ ရှားနိုင်ငံသား၊ မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရား]”

“[အဆင့်သတ်မှတ်ချက်: ၉၃]”

“[နှစ်သက်မှု။။ ၆၀ (သခင်သည် ယနေ့ သူမကို လွန်စွာ ကျေနပ်ပျော်ရွှင်စေခဲ့သည်)]”

မုကျိရွှမ်၏ အဆင့်သတ်မှတ်ချက်သည် ၉၃ ဖြစ်သည်ကို တွေ့မြင်သောအခါ လုချန်း ပြုံးလိုက်သည်။ ထိုကဲ့သို့သော အလှမယ်တစ်ဦးက ကိုးဆယ်ထက်နည်းသော အဆင့်ရမှတ်ရရှိမည်ဆိုလျှင်တော့ မမျှတပေ။

ထို့နောက် လူချန်သည် အခန်းထဲရှိ ရံရွေတော် နှစ်ဦးကို ကြည့်လိုက်သည်။ သူတို့သည်လည်း အလွန်လှပပြီး ကိုးဆယ်နှင့်အထက် ရမှတ်ရရှိနိုင်သည်။

“[အမည်။ ။ကျောင်းရှောင်ရှောင်]”

“[မှတ်ပုံတင်။ ။ ကျောင်းဝမ်တိန်၏ သမီး။ ကျောင်းဝမ်တိန်၏ မိသားစု ဖမ်းဆီးခံရပြီးနောက် ပြစ်မှုရေးရာသို့ အပို့ခံခဲ့ရသည်။ ထို့နောက် မုမိသားစုက သူမကို ဝယ်ယူခဲ့ပြီး အခုအခါတွင် မုမိသားစု၏ သမီးငယ် မုကျိရွှမ်းနှင့်အတူ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ရောက်ခဲ့သည်။]”

“[အဆင့်သတ်မှတ်ချက်: ၉၀]”

“[နှစ်သက်မှု: ၅၀]”

ထိုရံရွေတော်၏ မှတ်တမ်းကို မြင်သောအခါ

လုချန်းလည်း ခဏမျှ အံ့အားသင့်သွားခဲ့ရသည်။

ကျောင်းရှောင်ရှောင်သည် ကိုးဆယ်ရမှတ်ရရှိခဲ့သည်ကို သူအံ့အားသင့်နေခြင်း‌တော့ မဟုတ်ပါ။ သူမသည် အမှန်တကယ်ပင် အလွန်လှပသူတစ်ဦးဖြစ်သည်။

သူအံ့အားသင့်သွားသည်က ဤအမျိုးသမီးက ကျောင်းဝမ်တိန်၏ သမီးဖြစ်နေသောကြောင့်သာဖြစ်သည်။

ကျောင်းဝမ်တိန်သည် မုမိသားစုကို ပုန်ကန်မှုဖြင့် စွပ်စွဲခဲ့သူဖြစ်သည်။ ပုန်ကန်မှုကတော အမှန်တကယ် ဖြစ်ခဲ့သလား မဖြစ်ခဲ့သလား

လုချန်း မသေချာပေ။ သို့သော် ပုန်ကန်မှုအဖြစ်‌ တော့ တရားဝင် သတ်မှတ်ခံခဲ့ရသည်။ သူတို့ပြစ်မှု‌ရေးရာသို့ ပို့ဆောင်ခံခဲ့ရပြီးတာတောင် သူမကို မုမိသားစုက ကယ်ဆယ်ခဲ့ခြင်းက ရဲတင်းထူးဆန်းသော အပြုအမူဖြစ်နေသည်။

ထို့ပြင် သူမကို မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ စေလွှတ်ခြင်းခဲ့သေးသည်။ ထိုအချက်က သူ့အား ထောင်ချောက်ဆင်နေသလိုပင်ဖြစ်သည်။

နောက်ကွယ်မှ အကြံအစည်ရှိသူ တစ်စုံတစ်ဦးသိရှိသွားပါက သူလည်း ပြသနာထဲ ကောင်းကောင်း ပါဝင်သွားနိုင်သည်။

ထို့နောက် လုချန်းလည်း အပြိုင်အဆိုင် လှပနေသည့် နောက်ထပ် ရံရွေတော်တစ်ယောက်ကို ကြည့်လိုက်သည်။

[မှတ်ပုံတင်။။ ကျောင်းယိုယိုသည် ကျောင်းဝမ်တိန်၏ သမီးဖြစ်ပြီး ကျောင်းရှောင်ရှောင် ၏ညီမဖြစ်သည်။ သူမတို့၏အိမ်‌တော် ဖျက်ဆီးခံရပြီးနောက် ပြစ်မှုရေးရာသို့ ပို့ဆောင်ခံခဲ့ပြီးနောက် မု မိသားစုက ငွေဖြင့် ဝယ်ယူခဲ့သည်။ ယနေ့တွင် သူမသည် မုမိသားစု၏ သမီးအကြီး မုကျိရွှမ်းနှင့်အတူ မြောက််ပိုင်စားမင်းသား၏ စံအိမ်‌သို့ လိုက်ပါသွားသည်။

[အဆင့်သတ်မှတ်ချက် - ၉၁]

[နှစ်သက်မှု - ၈၀ (သူမသည် သခင့်ကို ပထမဆုံးမြင်မြင်ချင်းပင် ချစ်မိသွားခဲ့သည်)]

ကျောင်းယိုယို ၏ အချက်အလက်များကို တွေ့သောအခါ လုချန်းမျက်မှောင်ကြုတ်လိုက်သည်။ သူ၏ သံသယအတိုင်း အတိအကျ‌ဖြစ်သည်။

သူသတို့သမီးအခန်းထဲသို့ ဝင်ခဲ့စဉ်တုန်းက မုကျိရွှမ်း နှင့်အတူလိုက်ပါလာသော ရံရွေတော် များက အလွန်လှပနေသဖြင့် စိတ်ဝင်စားနေမိခဲ့သည်။ တကယ်တော့ သူတို့က သာမန် ရံရွေတော်များ မဟုတ်ကြပေ။ မိန်းမပျိုလေးနှစ်ဦးသာဖြစ်သည်။

သို့သော် နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့နှစ်ဦးစလုံး၏ အဆင့်သတ်မှတ်ချက်မှာ ကိုးဆယ်ရှိ နေတာကို သတိရသွားသည်။ ထို့ကြောင့် သူတို့နှင့် သားသမီးများ ရရှိပါက စနစ်၏ အခြေအနေများနှင့် ကိုက်ညီမည်ဖြစ်သည်။

တစ်ခုဈေးနှင့် နှစ်ခုရလိုက်သလိုပင်ဖြစ်သည်။ သို့သော် သူထိုအမျိုးသမီးနှစ်ဦး၏ အဆင့်အတန်းကို မည်သို့ကိုင်တွယ်ရမည်နည်း။ ထိုအရာမျိုးကအလွန်ပင် ထိခိုက်လွယ်သောကိစ္စဖြစ်သည်။

မုမိသားစုက ငွေဖြင့် ဝယ်ယူခဲ့ပြီး တရားဝင်ရယူထားခြင်း ဖြစ်နိုင်သော်လည်း သူတို့က ရာဇဝတ်သား၏ သမီးများသာဖြစ်သည်။ ကျွန်များသာ ဖြစ်နိုင်ရန်ကိုက်ညီသည်။

ထိုအချိန်တွင် ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က သတို့သမီးအခန်းဘေးတွင် တုန်ယင်စွာ ရပ်နေကြ၏။ ခုနက အလုပ်များနေခဲ့သော လုချန်းက အခု သူတို့ကို တည့်တည့်

စိုက်ကြည့်နေတာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

သူတို့သည် ခုနက‌လေးတင် လုချန်း၏ အကြမ်းဖက်တတ်မှုကို တွေ့မြင်ခဲ့ကြရ၏။ သူတို့သည် သတို့သမီးခန်းကို ရံရွေတော်များအဖြစ် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ မုကျိရွှမ်း၏ လက်ထပ်ထိမ်းမြားမှု ပြီးမြောက်ပြီးတာ‌ တောင် သူတို့က လုချန်းနှင့် မုကျိရွှမ်းတို့၏ ဝေယျာဝစ္စများ ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ဥပမာ ချွေးသုတ်ပေးခြင်းကဲ့သို့သော ကိစ္စမျိုးဖြစ်သည်။ မုကျိရွှမ်းက လုချန်းကို မပြုစုနိုင်သောအခါမျိုးတွင် သူတို့က လုချန်းကို ပြုစုပေးရမည် ဖြစ်သည်။

သူတို့က သူတို့၏ဘဝကံကြမ္မာကို လက်ခံထားပြီးသားဖြစ်သည်။ ရာဇဝတ်သား၏ သမီးနှစ်ဦး ‌အနေနှင့် လုချန်း၏ နှစ်သက်မှုကို ရရှိခြင်းက အမှန်စင်စစ်အားဖြင့် ကံကောင်းခြင်းတစ်ခု ဟု ယူဆနိုင်သည်။ မုမိသားစုက သူတို့ကို ရံရွေတော်များအဖြစ် ရွေးချယ်ခဲ့ခြင်းကလည်း ထိုအကြံနှင့်ဖြစ်သည်။ မြောက်ပိုင်းစာမင်းသားစံအိမ်၏ ကာကွယ်ပေးမှုကို သူတို့ရနိုင်စေရန်ဖြစ်သည်။

လုချန်းက ချောင်းတစ်ချက်ဟန့်ပြီးနောက် “မင်းတို့သွားအိပ်လို့ရပြီ ” ဟု ပြောလိုက်၏။

သူတို့ကလည် တညီတညွတ်တည်းပင်

" ဟုတ်ကဲ့ပါမင်းသား" ဟုပြန်တုန့်ပြန်လိုက်ကြသည်။

ထို့နောက် သူတို့လည်း တစ်ဖက်လှည့်၍ သတို့သမီးခန်းဘေးရှိ အခန်းသို့များသို့ ကိုယ်စီပင် လမ်းလျှောက်ထွက်ခွာသွားကြ‌တော့သည်။

ညီအစ်မနှစ်ဦး၏ ကျက်သရေရှိသော ပုံရိပ် ကောက်ကြောင်းများကို ကြည့်ရင်း ရှေးခေတ်လူ့အဖွဲ့အစည်းသည် အမှန်တကယ်တော့ အပြစ်ကင်းလှသည်မဟုတ်ဟု လုချန်းမတွေးပဲ မနေနိုင်တော့ပေ။

သို့သော် လုချန်းကတော့ ကျင့်သားရသွားပြီဖြစ်သည်။ ခုနက ညီအစ်မနှစ်ယောက် ဘေးကကြည့်နေတာတောင် သူ‌မနေတတ်တာမျိုး မဖြစ်တော့ပေ။ သူတို့နှစ်‌ယောက် သတို့သမီးအခန်းမှ ထွက်သွားကြပြီးနောက် လုချန်းလည်း လောကဖြတ်ကျော် ဆေးပြားကို ထုတ်ယူကာ တန်း၍မျိုချလိုက်သည်။ နွေးထွေးသော စိမ့်ဝင်စီးဆင်းမှုတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ဝင်ရောက်လာပြီး လုချန်းသည် ခန္ဓာကိုယ်တစ်ခုလုံး အလွန် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူ့ရှေ့တွင် အပြာရောင်စာမျက်နှာပေါ်လာသည်။

ပိုင်ရှင် - လုချန်း

ဘုံအဆင့် - ပထမအဆင့်

စွမ်းအားကျင့်စဉ် - မရှိ

တန်ခိုးစွမ်းအား - မရှိ

လက်နက် - သဲကန္တာရသိမ်းငှက်

သားသမီး - မရှိ

လုချန်းလည်း တစ်ချက်ကြည့်ရှုပြီး စနစ်စာမျက်နှာပြင်ကို ပြန်ပိတ်လိုက်သည်။

လောလောဆယ်‌တော့လုချန်း အနားမရသလို ခံစားနေရသည်။ ဒီခောတ်လောကထဲ ရောက်ရှိလာပြီးကတည်းက ကိုယ်လက်လေ့ကျင့်ခန်းများ မကြာမကြာ ပြုလုပ်ခဲ့ဖူးသော်လည်း အခုအချိန်အထိ သိုင်းပညာကို အနည်းငယ်မျှ လေ့ကျင့်ခဲ့ဖူးခြင်းမရှိသလို သိုင်းသမားတစ်ဦး၏ စွမ်းအင်များကိုလည်း ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိခဲ့ပါ။

သိုင်းသမားတစ်ဦး၏ အစွမ်းကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်လိုက်ရသောအခါ လုချန်းလည်း ထိုအစွမ်းကို စမ်းသပ်ကြည့်လိုစိတ်များ ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာခဲ့သည်။

သို့သော် သူအနားတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေသော မိန်းမလှလေးကို တစ်ချက်ကြည့်ပြီးနောက်တွင် လုချန်းလည်း သူ၏သိုင်းပညာစမ်းသပ်ကြည့်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။

မနက်ဖြန် မနက်ကျမှသာ ဘာမဆို စတင်နိုင်‌ သေးသည်မဟုတ်ပါလား။

နောက်တစ်နေ့ မနက်တွင်ဖြစ်သည်။

ချူးယုချင် တစ်ယောက် လုချန်းနေထိုင်ရာ အဆောင်ဘက်ဆီသို့ ရောက်ရှိလာခဲ့သည်။ လုချန်းနှင့် မုကျိရွှမ်းတို့၏ သတို့သမီးအခန်းသည် ပိတ်ထားသေးသည်ကို တွေ့လိုက်ရသောအခါ တံခါးဝ၌ ရှိနေသော မင်းသားစံအိမ်စောင့် စစ်သားများကို သူမ မေးလိုက်၏။

“ချန်းလေး မထသေးဘူးလား။”

စစ်သားက ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်လည်ပြောလည်ဖြေကြား၏။

“ဟို… မင်းသားက ထပြီးပါပြီ ခင်ဗျ။ ဒါပေမယ့် အခုအလုပ်များနေပါတယ်။ ဒေါ်လေး ချူးယုချင် ကျေးဇူးပြုပြီး ပြန်ကြွသွားပေးပါ။”

စစ်သားကထိုသို့ပြောပြီး မကြာခင်မှာပင် အခန်းတွင်းဆီမှ ဆူညံသံတစ်ချို့ ချူးယုချင် မပီမသ ကြားလိုက်ရ၏။

…….

အခန်း (3)

ဒေါ်လေးချူး၏ သတိ‌ပေးမှု (၁)

နဝမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်နှင့်အမျှ ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် အလွန်အဆင့်မြင့်သူတစ်‌ယောက်ဖြစ်သည်။ စံအိမ်စောင့်တပ်သားအားလုံးကို ကွပ်ကဲရသူလည်းဖြစ်သည်။ သို့သော် ချူးယုချင် အနေနှင့် မင်းသားကို နှိုးရန် သင့်လျော်မည်မဟုတ်ဟု တံခါးစောင့်တပ်သားများ ခံစားရသည်။

အရင်တုန်းကတော့ မင်းသားကို ချူးယုချင် နှိုးခြင်းကိစ္စက ပြဿနာမရှိခဲ့ပေ။ သို့သော် အခုအခါတွင်တော့ မင်းသားက လက်ထပ်ပြီးဖြစ် ‌နေပြီဖြစ်သည်။ လုချန်းနှင့် သူ၏မိဖုရားတို့ အချင်းချင်းချစ်ကြည်စွာ ကျီစယ်ဆော့ကစားနေကြသည်ကို ချူးယုချင် တွေ့ရပါက ရှက်စရာကောင်းလိမ့်ပေမည်။

ဥပမာ အခုလိုအချိန်မျိုးဖြစ်သည်။

ဝင်းခြံတံခါး‌ပေါက်က သတို့သမီးအခန်းနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော်လည်း အတွင်းမှ အသံများကို မပီမသ ကြားနိုင်သေးသည်။

ချူးယုချင် မျက်မှောင်တစ်ချက် ကျုံ့လိုက်၏။ သူမက အပျိုစစ်စစ် ဖြစ်နေသေးသော်လည်း အရွယ်ရောက်ပြီးသော အမျိုးသမီးတစ်ယောက်အနေဖြင့် ထိုအသံများ၏ အကြောင်းကို သိရှိပါသည်။

ချူးယုချင်က သူမဘာသာကြားအောင် ရေရွတ်လိုက်သည်။

“ဒီကောင်စုတ်လေး နံနက်စောစောကတည်းက ပြဿနာရှာနေပြီ။”

ထိုအခိုက်တွင် ချူးယုချင်က နံဘေးမှ စစ်သားကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

“နင်သွား‌တော့။ အခုချိန်ကစပြီး ခြံတံခါးစောင့်စစ်သားတွေကိုအမျိုးသမီးစစ်သား‌တွေနဲ့ အစားထိုးမယ်။”

စစ်သားက ချက်ချင်းပင်

“ဟုတ်ကဲ့ပါ ဒေါ်လေးချူး”

ထိုသို့ ပြောဆိုပြီးနောက် စစ်သားလည်း သူ့အပေါ်ကျရောက်လာနိုင်သော ဒုက္ခကိုရှောင်င်နိုင်ရန်အလို့ငှာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွား‌ တော့သည်။

ပျော်ရွှင်စွာ ကျီစယ်ဆော့ကစားကြပြီးနောက် လုချန်းက မုကျိရွှမ်းကို သူ၏ရင်ခွင်ထဲတွင်ထည့်၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

မုကျိရွှမ်း၏ မျက်နှာက နီမြန်းနေလျက်ရှိပြီး လုချန်း၏ မျက်လုံးကို တိုက်ရိုက်ကြည့်ရန် မဝံ့ရဲပါ။

လူချန်းက မုကျိရွှမ်း၏ ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ပြီး “မင်းပျော်ပိုက်ကျေနပ်ရဲ့လား” ဟု ပြုံးရင်း မေးလိုက်၏။

မုကျိရွှမ်းက “ဟုတ်ကဲ့” ဟုသာ ခပ်တိုးတိုးလေး ပြန်လည် ဖြေကြားလိုက်သည်။

မင်းသားနှင့် လက်ထပ်မီက မင်းသားက ကလေးဆန်သူ တစ်ယောက် ဖြစ်မည်ကို စိုးရိမ်ခဲ့သော်လည်း လုချန်းနှင့် တွေ့ဆုံပြီးနောက်တွင်တော့ သူမ၏ စိုးရိမ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

တစ်ညတာ အတူတူနေထိုင်ပြီးနောက် သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထူးထူးခြားခြား ကြံ့ခိုင်သည်တော့ မဟုတ်သော်လည်း အလွန် အချိုးအစားကျ၏။

ထို့အပြင် မင်းသားက ရုပ်ရည်ချောမောသူတစ်ယောက်ဖြစ်ပြီး သူမ၏ စိတ်ကူးထဲမှ စံပြခင်ပွန်း၏ ပုံရိပ်နှင့် တစ်ထပ်တည်း ကိုက်ညီ နေသည်။

မုမိသားစုသည် သစ္စာဖောက်သွားသော မိသားစုတစ်စုကြောင့် ထိခိုက်ခဲ့ပြီး တော်‌တော်နှင့်တော့ နာမည်ပြန်လည် ကောင်းမွန်လာနိုင်မည် မဟုတ်ပါ။ မင်းသားနှင့် လက်ထပ်ခြင်းက သူမအတွက်လည်း ကံကောင်းခြင်းဟုလည်း ယူဆရမည်သာဖြစ်သည်။

အစကတော့ သူမ၏ ဖခင်သည် သူမအား အိမ်ရှေ့စံမိဖုရား ဖြစ်လာစေရန် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သော်လည်း သူမကိုယ်တိုင်ကတော့ ဆန္ဒမရှိခဲ့ပေ။ သူမ၏ အမြင်အရ‌တော့ အေးအေးချမ်းချမ်း နေထိုင်သော မင်းသားတစ်ဦးနှင့် လက်ထပ်ခြင်းက အိမ်‌ရှေ့စံမိဖုရား ဖြစ်ရခြင်းထက် ပိုမိုကောင်းမွန်၏။ မြောက်ပိုင်းနယ်စား မင်းသားက လုံလုံလောက်‌လောက် စိတ်ရင့်ကျက်မှု မရှိနိုင်သေးပါ။ ထို့ကြောင့် သူမသည်သာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လုပ်ပိုင်ခွင့်အာဏာများစွာ ရရှိမည်ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စား မင်းသား၏ စိုးမိုးပိုင်နက်နယ်‌မြေသည် နေပြည်တော်မှ ဝေးကွာ၏။ သူတို့ထွက်ခွာသွားပြီးပါက နေပြည်တော်သို့ ဘယ်တော့မှ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ပေ။ နိုင်ငံရေးအချက်အချာကျသော နေရာမှ ဝေးကွာနေပြီဟူ‌သော အတွေးကပင် မုကျိရွှမ်းအား အလွန်ပျော်ရွှင် ဝမ်းမြောက်စေခဲ့သည်။

ထိုအချိန်တွင် လုချန်းက “ကိုယ်တို့ မနက်ဖြန်ကျရင် မြောက်ပိုင်းမြို့တော်ကို ထွက်မယ်။ ကိုယ်တို့အိပ်ရာထပြီးရင် ညီမ ရဲ့ဖခင်ဆီကို အတူတူသွားတွေ့ကြမယ်။" ဟုပြောလိုက်သည်။

မုကျိရွှမ်းက “ဟုတ်ကဲ့” ဟုသာ ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် လှပသော ရံရွေတော်နှစ်ယောက်၏ ကူညီမှုဖြင့် လုချန်း ရေမြန်ချိုးလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုစဉ် ခြံဝင်းပေါက်တွင် ရပ်နေသော ချူးယုချင်ကို တွေ့သောအခါ လုချန်း၏ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်းပင် စနစ်ကို အသုံးပြုကာ သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးလိုက်သည်။

[အမည်။။ ချူးယုချင်]

[မှတ်ပုံတင်။ ။ ချူးရွဲ၏ အစေအပါး။ ကျင်းလန်၏ သွေးသောက်ညီအစ်မ။ ချုးမိသားစုကို ကိုယ်စားပြုသူ။ ဝမ်ဟန်၏ ဇနီး။ လက်ရှိတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစောင့်များကို ကြီးကြပ်နေ။ မြောက်ပိုင်းနယ်စားမင်းသား၏ အချစ်ဦး]

[အဆင့်သတ်မှတ်ချက်။။ ၉၇]

[နှစ်သက်မှု။ ။ ၉၈]

ချူးယုချင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တွေ့သောအခါ လုချန်းအနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ဝမ်ဟန်သည် ချူးယုချင်နှင့် လက်ထပ်သည့်နေ့တွင်ပင် သေဆုံးခဲ့သည်။ သူတို့သည် အကြင်လင်မယား ဖြစ်ခြင်းအရာကိုပင် မပြီးမြောက်ခဲ့ပေ။ ထို့ကြောင့် သူမအား ဝမ်ဟန်၏ ဇနီးဟု သတ်မှတ်နိုင်မည်လော။ ထို့ပြင် “မြောက်ပိုင်စားမင်းသား၏ ပထမဆုံးချစ်သူ” ဆိုသည်ကကော ဘာသဘောလဲ။ သို့သော် လုချန်းသူမအား အတော်လေး စွဲမက်မိသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။

ဤကိုယ်ရေးကိုယ်တာ အချက်အလက်များက ယုံကြည်ရတာ နည်းနည်း ခက်ခဲလာသည်…

သို့သော် တစ်ဖက်တွင်မူ ချူးယုချင်၏ အဆင့်သည် တကယ်တမ်း ၉၇ ရှိပြီး သူမ၏ သူ့အပေါ် နှစ်သက်မှုသည် ၉၈ အထိ ရောက်ရှိနေသည်။ထိုအချက်များက လုချန်း၏ ဆိုးသွမ်းသောစိတ်ရိုင်းများအား ပို၍လှုံ့ဆော်ပေးလိုက်၏။

ထိုအခိုက်တွင် လုချန်းက ရယ်မောလိုက်ရင်း

“‌ ဒေါ်လေးချူး၊ မနက်စောစောစီးစီးကြီး ဘာလို့‌လာချောင်းနားထောင်နေတာလဲ။”

ထိုစကားကို ကြားသောအခါ ချူးယုချင်က ရွံရှာသလို တံတွေးထွေးလိုက်ပြီး လုချန်းကို ဆူလိုက်သည်။

“ဒီကောင်ငယ်လေး၊ နံနက်စောစောကတည်းကဆိုးချင်နေပြီ။ မျိုးဆက်ပြန့်ပွားဖို့က အရေးကြီးပေမဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်။” ဟု ဆုံးမလိုက်သည်။

လုချန်းကမူ ရယ်မောလိုက်ရင်း “‌ မစိုးရိမ်ပါနဲ့ ဒေါ်လေးချူးရဲ့ ကျွန်တော်က ကျန်းမာသန်စွမ်းပါတယ်၊ ဘာမှမဖြစ်ပါဘူး။ ” ဟု ပြန်လည် ဖြေကြားလိုက်သည်။ချူးယုချင်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“နံနက်စာစားပြီးရင် မုအမတ်ဆီကို သွားပါ။ သူက အရင်တုန်းက ပြဿနာရှိခဲ့ဖူးပေမဲ့ စစ်တပ်ထဲမှာတော့ သူ့သြဇာအာဏာက အတော်အသင့် ရှိနေတုန်းပဲ။ မင်းရဲ့မြောက်ပိုင်းနယ်‌မြေကို အေးအေးချမ်းချမ်းထွက်ခွာနိုင်ဖို့ သူ့အကူအညီ လိုအပ်လိမ့်မယ်။"

လုချန်းက ရှုပ်ထွေးသွားပြီး မေးလိုက်၏။ “မြောက်ပိုင်းနယ်မြေကို ထွက်သွားမယ်ကိစ္စမှာ သူ့ရဲ့အကူအညီက ဘာလို့လိုရမှာလဲ။”

ချူးယုချင်က ရယ်မောရင်း ပြန်ဖြေကြားလိုက်သည်။

“ချန်း‌လေး၊ မြောက်ပိုင်းကို ခရီးသွားမယ့်ကိစ္စက ပြဿနာမရှိဘဲ ချော မွေ့နေမယ်လို့ ထင်‌ နေတာလား။”

လုချန်းက ခဏတုံ့ဆိုင်းသွားပြီး

“ ဒေါ်လေးချူးက ဘာကို ဆိုလိုတာလဲ။ ကျွန်တော့်ကို ကြောက်အောင် မလုပ်ပါနဲ့” ဟု ပြောလိုက်သည်။

ချူးယုချင်က “မင်းက အိမ်ရှေ့စံနေရာကို ယှဉ်ပြိုင်မှု မပြုနိုင်တော့တာမှန်တယ်။ ဒါပေမဲ့ တချို့လူတွေက သေပြီးတဲ့လူတွေကသာ အန္တရာယ်မရှိဘူးလို့ ယူဆတတ်ကြတယ်။” ဟု ပြောလိုက်သည်။

ဒါက…

လုချန်း ချူးယူချင်၏ ဆိုလိုရင်းကို သဘာဝကျစွာ နားလည်သည်။ သို့သော် လုချန်း၏ အမြင်အရတော့ သူသည် အသုံးမကျသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ပြုမူနေ ထိုင်နေသူတစ်ဦးဖြစ်ခဲ့ပြီး အရေးပါသော အရာရှိများနှင့်လည်း မည်သည့် ဆက်ဆံရေးမျိုးမှ ပြုလုပ်ခဲ့ခြင်း မရှိသောကြောင့် မည်သူမဆို သူ့ကို အန္တရာယ်အဖြစ် မမြင်နိုင်ကြောင်း ထင်မြင်မိသည်။

ချူးယုချင်က ဆက်လက် ရှင်းပြလိုက်သည်။ “ချန်းလေး တွေးနေတာကို ဒေါ်လေး သိပါတယ်။ မင်းက အိမ်ရှေ့ရာထူးအတွက် စိတ်ဝင်စားမှုလည်း မပြခဲ့ဘူး။ နန်းတွင်းအရာရှိတွေနဲ့လည်း ခင်မင်မှုမပြုခဲ့ဘူး။ ဒါကြောင့် ဘယ်သူကမှ မင်းကို အန္တရာယ်လို့ မြင်မှာမဟုတ်ဘူးလို့ ယုံကြည်နေမှာ သေချာတယ်။”

“ဒါပေမဲ့ ချန်းလေး တစ်ခုမေ့နေတယ်။ မင်းရဲ့မျိုးရိုးပဲ။ ”

“မင်းဘာမှမလုပ်လည်း မင်းရဲ့မျိုးရိုးကြောင့်တချို့သူတွေက မင်းကို အန္တရာယ်တစ်ခုလို့ပဲ မလွဲမသွေမြင်ကြလိမ့်မယ်။"

လုချန်း ချက်ချင်း သဘောပေါက်သွားသည်။

နန်းတော်အသိုင်းအဝိုင်းမှာ အသုံးမကျတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ပြုမူနေပြီး ဘယ်ကိစ္စအ‌ရေးအခင်းမှာမှ ပါဝင်ခဲ့ခြင်းမရှိပါက ဘေးကင်းနေလိမ့်မည်ဟု သူ ထင်မြင်ခဲ့သည်။ သို့သော် လုချန်းမေ့နေသည်က သူ၏ မိခင်၏ ခိုင်မာသော နိုင်ငံရေး အဆင့်အတန်းကို ဖြစ်သည်။

သူ၏ မိခင်သည် ချူးမိသားစုမှ ဆင်းသက်လာပြီး ချူးမိသားစု၏ အကျိုးစီးပွားကို ကိုယ်စားပြုသူဖြစ်သည်။

သူမွေးစကတည်းက သူ့ကိုချူးမိသားစု၏ စခန်းတွင် ထားရှိခဲ့သည်။ ထို့ကြောင့် သူဘာမှမလုပ်သော်လည်း အခြားသူများက‌တော့ သူ့မှာချူးမိသားစုနှင့် အထူးဆက်ဆံရေးရှိလိမ့်မည်ဟု ယူဆကြမည်သာဖြစ်သည်။

တချို့သူများ၏ အမြင်အရ သူတို့အနေနှင့် ချူးမိသားစုနှင့် ပူးပေါင်းဆောင်ရွက်လိုပါက လုချန်းက အဟန့်အတားတစ်ခုဖြစ်နေပေလိမ့်မည်။ ချူးမိသားစုက သူ့ကိုစွန့်လွှတ်နိုင်မဟုတ် သောကြောင့် အဟန့်အတားဖြစ်နေသော သူ့ကို ကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်သည်။

သူသေဆုံးမှသာလျှင် ချူးမိသားစုက သူ့ကို လုံးဝစွန့်လွှတ်ပြီး အခြားမင်းသားတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထိုသို့ စဉ်းစားလိုက်သောအခါ လုချန်းထံတွင်သည် ပူပန်မှုများစွာ မရှိတော့ပေ။ ယနေ့မတိုင်မီအထိတော့ သူသည် သူ၏ ဘေးအန္တရယ်အတွက် စိုးရိမ်ခဲ့သော်လည်း စနစ်ကို ရရှိပြီးနောက် သူမှာယုံကြည်အားကိုးစရာ အချို့ရှိသွားပြီဖြစ်သည်။ ထို့နောက် သူက “ ဒေါ်လေးချူး ဆိုလိုချင်တာကို ကျွန်တော် နားလည်ပါတယ်” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် ချူးယုချင်၏ မျက်လုံးများက အခန်းထဲမှ ထွက်လာနေသော မုကျိရွှမ်းဆီသို့ ကျရောက်သွားသည်။ သူမက ကျောင်းမိသားစုမှ ညီအစ်မနှစ်ယောက်၏ အကူညီနှင့် ထော့နင်းထော့နင်း ထွက်လာခြင်း ဖြစ်သည်။

ချူးယုချင်ကို တွေ့သောအခါ မုကျိရွှမ်းက ချက်ချင်းပင် “အရီး‌တော်ချူးကို နှုတ်ဆက်ပါတယ်” ဟု ပြောလိုက်သည်။

မိဖုရား၏ အဆင့်အတန်းသည် ချူးယုချင်ထက် ပိုမိုမြင့်မားသောကြောင့် ချူးယုချင်ကသာ မုကျိရွှမ်းအားစတင် နှုတ်ဆက်သင့်သော်လည်း မုကျိရွှမ်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင်ရှိ‌သော ချူးယုချင်၏ အခွင့်အာဏာကို သိရှိနေ၏။

ချူးယုချင်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်ကာ ပြောလိုက်သည်။

" ကျိရွှမ်း အခုချိန်ကစပြီး ချန်းလေးကိုမင်းပဲဂရုစိုက်ရတော့မှာ။"

မုကျိရွှမ်းက ပြန်ဖြေလိုက်သည်။

" စိတ်ချပါ ဒေါ်လေးချူး။ မင်းသားကို ကျွန်မကောင်းကောင်း‌ဂရုစိုက်ပါ့မယ်။"

ချူးယုချင်က ဘာမှဆက်မပြောတော့ပဲ တစ်ဖက်သို့လှည့်ကာ ဝင်းခြံထဲမှ ထွက်ခွာသွားတော့သည်။

…

နံနက်စာစားပြီးနောက် လုချန်းနှင့် မုကျိရွှမ်းတို့တို့သည် မုအမတ်၏နေအိမ်သို့ သွားခဲ့ကြသည်။ မုအမတ်၏ အရှိန်အဝါ ဟိတ်ဟန်ကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးလိုပုံစံဟန်ပန်က ထင်ရှားနေသည်။ လုချန်းကို တွေ့သောအခါ မုချန်တိန်က ချက်ချင်းပင် “မြောက်ပိုင်းနယ်စား မင်းသားကိုနှုတ်ဆက်ပါတယ်” ဟု ပြောလိုက်သည်။

လုချန်က ချက်ချင်းပင်

" ဒီလိုထုံးစံတွေ မလိုအပ်ပါဘူး ယောက္ခထီးတော်။"

မုချန်တိန်က လုချန်းကို အကဲခတ်သလိုကြည့်လိုက်ပြီး

" ကျေးဇူးပါ။ မြောက်ပိုင်းနယ်စားမင်းသား။"

မုချန်တိန်၏ ဦးဆောင်မှာဖြင့် လုချန်းပင်မခန်းမဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုအခိုက်တွင် မူချန်တိန်က “မြောက်ပိုင်းကို ရာထူး‌ပြောင်းခန့်အပ်ခြင်းခံရတာနဲ့ ပက်သက်ပြီး မြောက်ပိုင်းနယ်စားမင်းသားမှာ ဘယ်လိုအစီအစဉ်တွေများ ရှိပါသလဲ။" ဟု မေးလိုက်သည်။ တကယ်တော့ မုချန်တိန်မှာ လုချန်းနှင့် နိုင်ငံရေးဆွေးနွေးလိုစိတ် မရှိပေ။ လုချန်းသည် ငယ်ရွယ်သူတစ်ဦးသာဖြစ်ပြီး စာ‌ပေဖတ်ရှု‌ လေ့လာမှုလည်း မရှိသောသူတစ်ယောက်ဖြစ်သည်။

သို့သော် သူလုချန်းကို အထင်မသေးရဲပါ။ ဘာပဲဖြစ်ဖြစ် သူကမင်းသားတစ်ယောက်ဖြစ်သည်။

လုချန်က မုချန်တိန်၏ မေးခွန်းကိုကြားပြီး ခဏစဉ်းစားပြီးလိုက်ကာ

“မြောက်ပိုင်းမြို့‌တော်ကို ကောင်းစွာ အုပ်ချုပ်ပြီး ကျိရွှမ်းနှင့်အတူ ငြိမ်းချမ်းတဲ့ ဘဖြတ်သန်းရန်သာ ဆန္ဒရှိပါတယ်” ဟု ပြန်လည် ဖြေကြားလိုက်သည်။

လုချန်း၏ ဖြေကြားချက်ကို ကြားသောအခါ မုချန်တိန်လည်း သူ့ကို ထိုမေးခွန်းမေးမိသည့်အတွက် ချက်ချင်းပင် နောင်တရသွားသည်။ လုချန်းသည် နိုင်ငံရေး အကြောင်းဘာမှသိသူ မဟုတ်ပေ။ မေးခွန်း၏ အဓိပ္ပာယ်ကိုပင် ကောင်းစွာနားလည်မှု မရှိသေးပေ။ မုချန်တိန်သည် သက်ပြင်းချလိုက်ပြီး သူ၏ သမီးကို မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်စေခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကော ဖြစ်ရဲ့လားဟု သံသယဝင်လာမိသည်။

ထိုအခိုက်တွင် လူချန်က စကားစပြောလိုက်သည်။ “‌ ယောက္ခထီးတော်က စစ်တပ်ထဲမှာ သြဇာအာဏာကြီးမားကြောင်း ကြားသိရပါတယ်။ ကျွန်တော်မြောက်ပိုင်းကို တာဝန်ထမ်းဆောင်ဖို့ သွားတဲ့အခါ ယောက္ခထီးတော်ရဲ့ ကူညီမှုကို လိုအပ်ပါလိမ့်မယ်။”

ထိုစကား ကြားသောအခါ မုချန်တိန်က မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်တော့ ဘာမှ မသိသေးပဲ ကလေးဆန်နေသေးသူဟုသာ တွေးမိလိုက်သည်။မုချန်တိန်က စစ်တပ်မှာ သြဇာအာဏာကြီးမားသည်ဆိုသည်မှာ မှန်‌သော်လည်း ထိုကဲ့သို့ ပေါ်ပေါ်တင်တင် ပြောဆိုရန်‌တော့ မသင့်တော်ပေ။ သို့သော် ဒါကလည်း ကောင်းပါသည်။ လုချန်းအရည်အချင်းနည်းလေလေ သူ၏သမီးဖြစ်သူ မင်းသားအိမ်တွင် ပိုပြီအရေးပါလာ လေလေ ဖြစ်မည်ဖြစ်သည်။ ထိုအချက်က သူမအတွက် ကောင်းသောအရာတစ်ခု ဖြစ်နိုင်သည်။

မုချန်တိန်က ပြုံး၍ပြောလိုက်သည်။

" စိတ်ချပါမင်းသား။ မင်းသားရဲ့ မြောက်ပိုင်းမြို့တော်ခရီးက အဆင်ပြေချောမွေ့မှာ သေချာပါတယ်။"

…….

All Chapters