← Chapters

အခန်း ၄-၆

Vol. 1 Ch. 4-6

အခန်း ၄-၆

Vol. 1 Ch. 4-6

အခန်း (၄)

ဒီလိုဇနီးမျိုးကို လင်ယောက်ျားက ဘာများတောင်းဆိုနိုင်ဦးမှာလဲ

မုချန်တိန်က သူ့အနေနှင့် လုချန်းအား ကူညီပါမည်ဟု တိုက်ရိုက် မပြောခဲ့ပေ။ နိုင်ငံရေးတွင် တချို့သောအရာများကို ပေါ်ပေါ်တင်တင်ပြောဆို၍ မရပါ။သို့သော် သူသည် လုချန်းအား မြောက်ပိုင်းမြို့‌တောသို့ ခရီးသွားရာလမ်းတွင် အဆင်‌ပြေချောမွေ့‌စေမည်ဟု ယုံကြည်စေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အ‌နေနှင့် မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ရန် လူများ စေလွှတ်ရမည်ဖြစ်ပြီး စစ်တပ်နှင့်လည်း ဆက်သွယ်ရမည်ဖြစ်သည်။

နိုင်ငံရေး နားလည်သူတစ်‌ယောက်မဟုတ်သော်လည်း မုချန်တိန်၏ ဆိုလိုရင်းကိုတော့ လုချန်း နားလည်နိုင်၏။

ထို့နောက် လုချန်းက

“အဲ့ဒီလိုဆိုရင်တော့ ယောက္ခမတော်ကို ကျေးဇူးတင်ပါတယ်။ ”

ထိုအခိုက်တွင် မုချန်တိန်က ခန်းမထဲရှိ အစေခံများကို တစ်ချက် ကြည့်လိုက်ပြီး

“မင်းတို့အားလုံး ထွက်သွားကြပါ၊ ငါမြောက်ပိုင်းနယ်စားမင်းသားနဲ့ ဆွေးနွေးစရာရှိတယ်။"

“ဟုတ်ကဲ့”

ထို့နောက် အစေခံများ ခန်းမမှ ထွက်ခွာသွားကြသည်။

အစေခံများထွက်သွားပြီးနောက် စိတ်ဝင်စားသွားသော လုချန်းက

“ယောက္ခမတော် ကျွန်တော်နှင့် နှစ်ဦးတည်း ဆွေးနွေးလိုတာ ဘာအရေးကိစ္စများလဲ သိခွင့်ရမလား” ဟု မေးလိုက်သည်။

ခန်းမထဲမှ အ‌စေခံများကို ထွက်သွားစေခြင်းက မုချန်တိန်ထံ၌ အလွန်အရေးကြီးသော အရာတစ်ခု ဆွေးနွေးရန်ရှိ‌ကြောင်း ပေါ်လွင်နေသည်။

ထို့နောက် မုချန်တိန်က

“မင်းသား မြောက်မြို့တော်ကို အန္တရာယ်ကင်းကင်း ရောက်ရှိသွားနိုင်ပေမဲ့ အချိန်တိုင်းတော့ မင်းသားအတွက် လုံခြုံမှု ရှိနေနိုင်မှာ မဟုတ်ဘူးလို့ သတိပေးပါရစေ။"

လုချန်းက “ဘာလို့များလဲ ခင်ဗျ” ဟု မေးလိုက်သည်။

လုချန်းသည် နိုင်ငံရေးအကြောင်း နားလည်သူမဟုတ်မှန်း သဘောပေါက်ထားသောကြောင့် မုချန်တိန်က သေသေချာချာ ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

“မင်းသားရဲ့ မိခင်က ချူးမိသားစုရဲ့သမီးအကြီးဆုံး ဖြစ်တဲ့အတွက် သူတို့က မင်းသားနဲ့ အလိုလျောက် ဆက်စပ်မှုရှိနေမှာပါ။"

“မင်းသားက မြို့တော်က ထွက်ခွာသွားပြီ ဆိုပေမဲ့ တစ်ချို့မင်းသားများ‌တွေရဲ့အမြင်အရ‌တော့ မင်းသားက အန္တရာယ်ရှိနိုင်တဲ့ သူတစ်‌ယောက်ဖြစ်နေတုန်းပဲ။"

" နောက်ပြီးတော့ ချူးမိသားစုကလည်း မင်းသားအပေါ် မျှော်လင့်ချက်ရှိနေနိုင်သေးတယ်။ အခြားမင်းသားတွေကလည်း အဲ့ဒီလိုမျိုး ယူဆကြမှာပဲ။"

“မင်းသားသာ ဒီမှာနေနေသေးရင်တော့ ချူးမိသားစုက ဆက်ပြီးထောက်ခံနေနိုင်သေးတယ်။ ဒါပေမဲ့ မင်းသားက…”

မုချန်တိန်က ကျန်သောစကားများကို ဆက်လက်မပြောဆိုခြင်း မပြုတော့ပေ။ ကျန်ရှိသော စကားများကို ဆက်လိုက်ပါက လေးစားမှုမရှိသလို ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။ လုချန်းလည်း သူ၏ ဆိုလိုရင်းကို နားလည်ပြီးပြီဖြစ်ကြောင်း သူယုံကြည်သည်။ မုချန်တိန်၏ သတိပေးချက်ကို ကြားပြီး‌နောက်လုချန်းလည်း သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။ ဒီနေ့ မနက်ကလည်း ချူးယုချင်က သူ့အား အလားတူ သတိပေးခဲ့ပြီးပြီဖြစ်သည်။

လုချန်း ကိုယ့်ကိုယ်ကို ကြားနိုင်အောင်သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ၏ အခြေအနေသည် တကယ်တော့ အန္တရာယ်ကြီးနေသော အခြေအနေဖြစ်သည်။

သူသည် အသက်ရှင်နေသေးပါက ချူးမိသားစုသည် သူ့အား ဆက်၍မျှော်လင့်နေနိုင်၏။ တောင်ပိုင်းတွင် အရေးပါသော မိသားစုတစ်စု ဖြစ်သည့် ချူးမိသာစု၏ ထောက်ခံမှုသည် မည်သည့်မင်းသားအတွက်မဆို အလွန်အရေးကြီးသည်။

သူသေဆုံးသွားပါက ချူးမိသားစုအတွက် အဓိကထောက်ခံရမည့် ကိုယ်စားလှယ်ကို ဆုံးရှုံးသွားပြီး အခြားမင်းသားတစ်ဦးကို ပြောင်းလဲ၍ထောက်ခံရမည်သာဖြစ်သည်။

ထို့ကြောင့် ချူးမိသားစုနှင့် မဟာမိတ်ဖွဲ့လိုသော မည်သည့်မင်းသားအတွက်မဆို အစပထမဆုံး ခြေလှမ်းမှာ လုချန်းကို ဖယ်ရှားပစ်ရန် ဖြစ်ပြီး ချူးမိသားစု၏ နဂိုရည်ရွယ်ချက်များကို လုံးဝဖြတ်တောက်ပစ်ရန် ဖြစ်သည်။

ခေါင်းကိုက်စရာကိစ္စပင်။

ဤ ခောတ်ကမ္ဘာသို့ သူရောက်ရှိလာသည့်အချိန်မှစ၍ ထီနန်းအတွက် ယှဉ်ပြိုင်မှုမပြုပဲ အေးချမ်းစွာ နေထိုင်ရန်သာ ကြံစည်ထားခဲ့သည်။

သူ မျှော်လင့်မထားခဲ့သည်က သူ၏ မွေးရာပါ အခွင့်အရေးက ပြဿနာများစွာ ဖြစ်ပေါ်နေစေခြင်းဖြစ်သည်။ သို့သော် သူဘာမျှ လုပ်၍ မရပါ။ လူတစ်ဦး၏ မွေးဖွားလာမှုကို ကံကြမ္မာက ဆုံးဖြတ်သည်။ ပြောင်းလဲ၍ မရနိုင်ပေ။

ယခု သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ချူးမိသားစုနှင့် လုံးဝ ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း အားလုံးက ယုံကြည်လာစေရန်အတွက် နည်းလမ်းတစ်ခုကို ရှာဖွေရန် ဖြစ်သည်။ နောက်တစ်ခုမှာ သူ့ကို ဖယ်ရှားလိုသူများအားလုံးကို ဖယ်ရှားပြီး လုံခြုံမှုရယူရန်ဖြစ်သည်။

ဒုတိယရွေးချယ်မှုကို ရွေးချယ်ပါက သူသည် ဧကရာဇ်မင်းဘဝကို‌ လျှောက်လှမ်းရသော လမ်းကြောင်းပေါ်သို့ ရောက်သွားမည်ဖြစ်သည်။

လုချန်း အတွက်တော့ ချူးမိသားစုကို လုံးဝကျောခိုင်း စွန့်လွှတ်ရမည်မှာ မဖြစ်နိုင်ပေ။ ပထမဆုံးအနေနှင့် သူ၏ မိခင်ဘက်မှ အဖိုးဖြစ်သူက သူ့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၏။ ထို့ပြင် ချူးမိသားစုက သူ့အား အမြဲတမ်း ကာကွယ်ပေးခဲ့သည်။

ဒီခောတ်လောကတွင် သူ၏ ပထမဆုံးချစ်သူ ဖြစ်သော ချူးယုချင်သည် ချူမိသားစုမှ ဖြစ်သည်။

သူချူးမိသားစုနှင့် ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် လုချန်း ချူးမိသားစုနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်လျှင်တောင် ကျန်မင်းသားများက သူ့ကို အလွတ်ပေးလိမ့်မည်မဟုတ်ပါ။ ထိုသို့သော လုပ်ရပ်က သူနှင့်ချူးမိသားစုကြား စီစဉ်ထားသော ပရိယာယ်တစ်ခု မဟုတ်ပါဟု မည်သူမှ ယုံကြည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အတွက်တော့ လုချန်းကို ဖယ်ရှားခြင်းကသာ အမှားအနည်းနိုင်ဆုံး နည်းလမ်း ဖြစ်နေဆဲပင်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ထိုမင်းသားများက သူ့အားတိုက်ခိုက်ရန် စတင်အကွက်ရွှေ့ကြိုးစားလာမည်ဖြစ်သည်။

ထို့ကြောင့် သူ့တွင် ရွေးချယ်စရာတစ်ခုသာ ကျန်ရှိသည်။

ဧကရာဇ်ဖြစ်ရန်လမ်းကြောင်းပေါ်သို့ စတင်ချီတက် လျှောက်လှမ်းရန်သာ ဖြစ်သည်။ခဏမျှ စဉ်းစားပြီးနောက် လုချန်းတစ်ခု သတိရသွား၏။ အရင်တုန်းကတော့ သူထို နေရာအတွက် အခြားမင်းသားများနှင့် ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်ဟု တွေးခဲ့ဖူးသည်။ သို့သော် အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် “သားများစွာ ၊ ဘုန်းကံများစွာစနစ်” ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

မြောက်ပိုင်းမြို့‌တော်သို့ ရောက်ရှိပြီးနောက် မောင်းမမိဖုရားများစွာ ယူပြီး သားသမီးများစွာ မွေးဖွားပါက သူသည် သူ၏ အာဏာပါဝါကို အမြန်ဆုံး တိုးမြှင့်နိုင်လိမ့်မည်။တကယ်တော့ ထိုနေရာက သူမရရှိနိုင်သည့် နေရာတော့ မဟုတ်ပေ။

ထိုသို့ စဉ်းစားပြီးနောက် လုချန်းက မုချန်တိန်အား

“သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် ယောက္ခထီးတော် ကျွန်တော် နားလည်ပါတယ်” ဟု ပြောလိုက်သည်။

…

မုနေအိမ်မှ ထွက်ခွာပြီးနောက် မြင်းလှည်းအတွင်းမှ စောင့်နေသော မုကျိရွှမ်းက သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“မင်းသား၊ ဖခင်က မင်းသားကို ဘာ‌တွေပြောခဲ့လဲ။”

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး မုကျိရွှမ်းအား သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

“သူက မင်းကို ကောင်းကောင်း ဂရုစိုက်ဖို့ တိုက်တွန်းလိုက်တယ်။”

ထိုစဉ် မုကျိရွမ်းအနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ကျောင်းညီအမ အကြာင်းကို လုချန်းအား ပြောသင့်မပြောသင့် သူမ ဝေခွဲမရဖြစ်နေသည်။ ထိုကိစ္စက အလွန်ထိခိုက်နိုင်သည့် ကိစ္စဖြစ်သည်။ထို့နောက် လုချန်းက သူမ၏ ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ပြီး

“မိဖုရား၊ မြောက်ပိုင်းမြို့တော် ရောက်ပြီးတဲ့အခါ ကိုယ့်အတွက် သားသမီးတွေအများကြီး မွေးဖွားပေးရမယ်‌နော်။” ဟု ဆက်လက်ပြောလိုက်သည်။

ထိုကဲ့သို့ တိုက်ရိုက်ကြီး ပြောဆိုလာမှုကို ကြားလိုက်သောအခါ မုကျိရွှမ်း၏ မျက်နှာ‌ လေးလည်း ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမက လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ထိုကဲ့သို့သော ကိစ္စများစတင်ခဲ့သည်မှာက မကြာသေးပေ။ မုကျိရွှမ်း၏ ရှက်ရွံ့နေသော မျက်နှာကို တွေ့လိုက်ရတော့ လုချန်းစိတ်ထဲ သူမကို ကျီစယ်ချင်လိုစိတ်များချက်ချင်း ပေါ်ပေါက်လာတော့သည်။ သို့သော် ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်လိုက်သည်။

ထိုအချိန်တွင်။

နန်းတော်ထဲရှိ။

နန်းတော်ဥယျာဉ်အတွင်း။

စပါးအုံးနဂါးဝါဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ဦးသည် ပဒုမ္မာကြာကန်အနီးရှိ အဆောင်ထဲရပ်နေပြီး သူ၏လက်ကို နောက်ပစ်ထားကာ ငါးများ ရေကူးနေသည်ကို ကြည့်နေ၏။ာထိုအနက်ရောင် သံချပ်ကာဝတ် အမျိုးသားတစ်ဦး သူ၏အနောက်ကို ရုတ်တရက် ရောက်လာ၏။

“မင်းကြီး၊ မြောက်ပိုင်းနယ်စားမင်းသားက မုအိမ်တော်ကို သွားရောက်ခဲ့ပါတယ်။ ‌မုအမတ်က မင်းသားနှင့် စကားပြောရန်အတွက် အစေခံများကို ထွက်ခွာသွားစေခဲ့ပါတယ်။ ထို့နောက် တံခါးပိတ်ပြီး မင်းသားနှင့် နှစ်ဦးတည်းအကြောင်းအရာအချို့‌ ဆွေး‌နွေးခဲ့တယ်လို့ သိရပါတယ်။"

ထိုစကားကို ကြားသောအခါ ဆမ်ဧကရာဇ်က ရေရွတ်လိုက်၏။

" ကြည့်ရတာ မုချန်တိန်က ချန်းကို အလေးထားပုံရတယ်။"

ထိုစဉ် ဆွမ်ဧကရာဇ်က သူ့၏ဘေးတွင် ရပ်နေသော အနီရောင်ဝတ် မိန်းမစိုးကို လှည့်ကြည့်လိုက်သည်။

“လျိုမိန်းမစိုး၊ ခင်ဗျားကော ဘယ်လိုထင်သလဲ။ ချန်းက မြို့တော်မှ ထွက်သွားပြီးနောက် ပိုင်း ချူးမိသားစုကသူ့ကိုလက်လွှတ်လိုက်မှာလား။”

ထိုမေးခွန်းကို အနီရောင်ဝတ် မိန်းမစိုးက ချက်ချင်းပင် ပြန်ဖြေကြားလိုက်သည်။

“မင်းကြီး၊ ကျွန်တော်မျိုးကို လွတ်လပ်စွာ ခန့်မှန်းထင်မြင်ခွင့်‌ပေးပါ။”

ဆွမ်ဧကရာဇ်က စိတ်မကျေနပ်မသလို အမူအယာနှင့်

“ခင်ဗျားစိတ်ထဲရှိတာ ပြောပါ။”

အနီရောင်ဝတ် မိန်းမစိုးက ချက်ချင်းပင်

“ကျွန်တော်မျိုး၏ အမြင်အရတော့ ချူးမိသားစုက မြောက်ပိုင်းနယ်စား မင်းသားကို စွန့်လွှတ်ပြီး အခြားမင်းသားတစ်ဦးကို ထောက်ခံရန် အလားအလာ များစွာရှိပါတယ်" ဟု လျှောက်တင်လိုက်သည်။

ဆွမ်ဧကရာဇ်က စိတ်ဝင်စားစွာဖြင့် ထပ်မေးလိုက်သည်။

“ဟုတ်လား။ အဲ့ဒါဆို ချူးမိသားစုက ဘယ်မင်းသားကို ထောက်ခံနိုင်ချေ အများဆုံးဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။"

လျိုမိန်မစိုးလည်း ကြောက်ရွံ့‌ နေသဖြင့်တုန်နေသည်။ဆွမ်ဧကရာဇ်၏ ဘေးတွင် အမြဲတမ်း ရှိနေရခြင်းကြောင့် သူသည် အခြားသူများ မသိသော အရာများကို သိရှိရသည်။ ဆွမ်ဧကရာဇ်သည် ချူးမိသားစုကို အရိုးထဲအထိအောင် မနှစ်မြို့နေသူဖြစ်ပြီး ထိုမိသားစုကို ဖယ်ရှားရန်လည်း စိတ်ကူးရှိသည်။

ထို့ကြောင့်သူက ချူမိသားစုက နောက်ထပ်ထောက်ခံမည့်သူကို ထင်မြင်ချက်ပေးလိုက်ပါက ထိုမင်းသား၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်မည်ဖြစ်သည်။

ဆွမ်ဧကရာဇ်က ဆက်လက်မေးလိုက်သည်။ “ခင်ဗျားစိတ်ထဲရှိတာပြောပါ၊ အပြစ်ပေးမခံရစေဘူး။"

လျိုးမိန်မစိုးက ချက်ချင်းဒူးထောက်လိုက်ပြီး

“မင်းကြီးခင်ဗျား၊ ကျွန်တော်မျိုးရဲ့အမြင်အရ ချူးမိသားစုက မြောက်ပိုင်းနယ်စားမင်းသားကို စွန့်လွှတ်ပြီး လုရှုယွမ်မင်းသားကို ထောက်ခံရန် အလားအလာ များစွာ ရှိပါတယ်” ဟု ပြောလိုက်သည်။

လူရှုယွမ်မင်းသား၏ မိခင်သည်လည်း တောင်ပိုင်းမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ချူးမိသားစုသည် အခြားမဟာမိတ်တစ်ဦးကို ရွေးချယ်ရမည်ဆိုပါက လုရှုယွမ်မင်းသားကို အဓိကထား စဉ်းစားလိမ့်မည်မှာ သေချာ၏။

လျိုးမိန်းမစိုး၏ ဖြေကြားချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်က အနည်းငယ်ပြုံးလိုက်ပြီး

“ရှုယွမ်ကို ထောက်ခံမယ်တဲ့လား၊ ဟုတ်လား။ အဲ့ဒါဆိုရင်တော့ ချန်းရဲ့ မြောက်ပိုင်းခရီးက အေးချမ်းမှာ မဟုတ်ဘူး။” ဟု တီးတိုးပြောလိုက်သည်။

ထိုအခိုက်တွင် ဆွမ်ဧကရာဇ်၏ အနောက်တွင် ရှိနေသော အနက်ရောင် သံချပ်ကာဝတ် စစ်သည်က

“မင်းကြီး မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုပါသလား” ဟု မေးလိုက်သည်။

ဆွမ်ဧကရာဇ်က အေးအေးဆေးဆေး ပြန်ပြောလိုက်၏။

“မလိုပါဘူး၊ တစ်ယောက်ယောက်က သူ့ကိုကာကွယ်လိမ့်မယ်။ သူတကယ်တမ်း ဒုက္ခရောက်ခဲ့မယ်ဆိုရင်လည်း သူရဲ့ကံကြမ္မာက စီမံတာလို့ပဲ မှတ်ရမှာပေါ့။"

…

ညနေခင်းတွင်ဖြစ်သည်။လုချန်းက အခန်းထဲတွင် သူ၏ မိဖုရားနှင့် သေချာဆွေးနွေးစကား‌ ပြောလိုသော်လည်း မနေ့ညနေနှင့် ယနေ့နံနက်တွင်အထိသာ သူတို့ နီးနီးကပ်ကပ် ရှိခဲ့ဖူး‌သေးတာဖြစ်ကြောင်း သတိရသွားသောကြောင့် မပြောဖြစ်တော့ပေ။ညသူ၏ခင်ပွန်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်ကို တွေ့သောအခါ မုကျိရွမ်းက သတ္တိမွေး၍ မေးလိုက်၏။

“မင်းသား၊ ယိုယိုနှင့် ကျောင်းကျောင်းကို ယူလိုက်ပါလား” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ လုချန်း၏ မျက်လုံးများ ဝင်းလက်လာသည်။ သူ၏ မိဖုရားသည် ထိုသို့ စိတ်သဘောထား ကြီးလိမ့်မည်ဟု မျှော်လင့်မထားပေ။သို့သော် သူက “ညီမက ကိုယ့်ကို အခြားသူတစ်ပါးရဲ့ ရင်ခွင်ထဲကို ဘာလို့တွန်းပို့ချင်ရတာလဲ” ဟုမေးမြန်းလိုက်သည်။

မုကျိရွှမ်း၏ မျက်နှာနီမြန်းသွားပြီး

“မင်းသားက သူတို့ကို တစ်မနက်လုံး ကြည့်နေတာ‌လေ” ဟု ပြန်လည် ဖြေကြားလိုက်သည်။

သူမ လုချန်း၏ အတွေးများကို ဘယ်တော့မှခန့်မှန်း၍ မရနိုင်ပါ။

မုကျိရွှမ်းက ဆက်လက်ပြောလိုက်သည်။

“နောက်ပြီး သူတို့နှစ်ယောက်က ညီမရဲ့ ရံရွေတော်များဖြစ်ပါတယ်။ မောင်တော့်အလိုကိုဆောင်ရွက်‌ပေးဖို့ သူတို့မှာတာဝန်ရှိပါတယ်။”

မုကျိရွှမ်းကို ဖက်ထားသော လုချန်းက

“နှမ‌တော်လို မိဖုရားမျိုးရထားတာ ကိုယ် ဘာများပိုပြီးတောင်းဆိုလို့ရနိုင်တော့မလဲ” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် မုကျိရွှမ်းက “ယိုယို၊ ကျောင်းကျောင်း၊ ဒီကိုလာခဲ့” ဟု ခေါ်လိုက်သည်။

ထို့နောက် အခန်းထဲတွင် ဖယောင်းတိုင်မီး လင်းလာသည်။

…

အခန်း (၅)

ငါနေပြည်တော်ကို ပြန်လာတဲ့နေ့က ငါအရာအားလုံးကို ချုပ်ကိုင်တဲ့နေ့ပဲ

လုချန်းတစ်ယောက် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေတုန်း စနစ်ရဲ့အသံကြားလိုက်ရတော့ အံ့သြသွား၏။

[ဒင်း....။ ဇနီးမယားတွေ တစ်ယောက်ထပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုကတော့

အတွင်းအားမန္တာန်ကျင့်စဉ်ပါ]

[ဒင်း....။ ဇနီးမယားတွေ တစ်ယောက်ထပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုကတော့

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားပါ]

[ဒင်း.....။သခင်၊သခင်မနဲ့ မောင်းမတွေဟာ စိတ်နှလုံးချင်း ဆက်စပ်သွားပါပြီး။ ဘာရက် သေနတ်တစ်လက်နဲ့ ဘာရက်ကျည် ၂၀ ကို ရရှိပါတယ်။]

ဒီလိုရက်ရက်ရောရော ဆုကြီးတွေ ရလိမ့်မယ်လို့ လုချန်းထင်မထားခဲ့ပါ။ သားသမီးတွေ မရှိသေးခင်မှာတောင် ဒီလိုမျိုး ဆုတွေ ရနေပုံထောက်လျှင် သားသမီးရပြီးလျှင် ဆုတွေက ပိုပြီးတောင် ကြီးမားလာမည် မဟုတ်ပါလား။

လုချန်းထိုသို့ စဉ်းစားနေတုန်းပင် စနစ်၏အသံကို ထပ်ကြားလိုက်ရ၏။

[ ဒင်း....သခင်ရဲ့ ဇနီးမယားတွေနဲ့ ပထမဆုံး ဆက်သွယ်မှုနဲ့ ဆက်ဆံမှု အတွက် ဆုတွေက ပိုကြီးမားလာပါမယ်]

လုချန်းအခုတော့သဘောပေါက်သွားပြီဖြစ်သည်။ သူကိုယ်တိုင်လည်း ဆက်သွယ်မှုနှင့် ဆက်ဆံမှုတိုင်းအတွက် ဆုကြီးများ ရရှိမည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူရရှိခဲ့သော ဆုအသစ်များကို လုချန်း စစ်ဆေးကြည့်လိုက်သည်။

[ အတွင်းအားမန္တာန်ကျင့်စဉ် - အသက်ရှည်စေသည့်ဒဏ္ဍာရီလာ ကျင့်ကြံနည်းဖြစ်သည်။

ဇနီးမယားများနှင့် ဆက်သွယ်မှုများထူ‌ထောင်၍ ကျင့်ကြံနိုင်သည်]

[ပြန်လည်သန်စွမ်းစေသော စွမ်းအား- စိတ်တန်ခိုးစွမ်းအားဖြင့် ဒဏ်ရာတစ်ချို့ကို ကုသနိုင်သည်။ ပြီးပြည့်စုံအောင် ကျင့်ကြံပြီးပါက သေခါနီးလူများကိုပင် ကယ်တင်နိုင်သည်။ ဇနီးမယားများနှင့် ဆက်သွယ်မှုများထူ‌ထောင်၍ ကျင့်ကြံနိုင်သည်။ ]

ထိုဆုနှစ်ခုကို မြင်သောအခါ လုချန်း တုန်လှုပ်အံ့သြသွားရသည်။

ဤ ခောတ်ကမ္ဘာကြီးက သိုင်းလောက မဟုတ်ပါလား။

ဤကမ္ဘာကြီးတွင် ထာဝရနတ်ဘုံလောကတွင်သာ ရှိသော အတွင်းအားမန္တာန်ကျင့်စဉ်နှင့် ပြန်လည်သန်စွမ်းစေသော စွမ်းအားကဲ့သို့သော ကျင့်ကြံနည်းများ တကယ်တမ်း ရှိနိုင်ပါမည်လား။ သို့သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် သူ ထာဝရနတ်ဘဝ ဖြစ်လာပါက ရှားနိုင်ငံ‌တော်ဧကရာဇ်ရာထူးက သူ့လက်ထဲသို့ လွယ်ကူစွာ ရောက်ရှိလာမည် မဟုတ်ပါလား။

ထိုသို့ စဉ်းစားလိုက်ပြီး လုချန်းလည်း ပျော်ရွှင်စွာဖြင့် ကျောင်းယိုယို၊ ကျောင်းရှောင်ရှောင်နှင့် မုကျိရွှမ်းတို့ကို ဖက်လိုက်တော့သည်။

“မင်းတို့သုံး‌ယောက်က ကျုပ်ရဲ့ အဖိုးတန်ရတနာလေးတွေပါ။”

ထိုစကားကို ကြားသောအခါ ကျောင်းညီအစ်မနှစ်ဦးလည်း ပျော်ရွှင်သွားကြ တော့သည်။ နောက်ဆုံးတော့ သူတို့လည်း မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးမယားများ ဖြစ်သွားပြီ ဖြစ်သောကြောင့် မြောက်ပိုင်းမြို့တော်သို့ ရောက်သွားပါက ပုံးကွယ်၍ နေစရာ မလိုတော့ပါ။သို့သော် ထိုအချိန်တွင် လုချန်းက ရုတ်တရက်ပြောလိုက်သည်။ ။

“စကားမစပ်၊ မိဖုရားက ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားသလို ခံစားရတယ်။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း နှလုံး ခုန်မြန်သွားတော့သည်။

လုချန်း၏ အလိုလိုသိမှုအာရုံက ဒီလောက်ကြီး တိကျမှန်ကန်မည်လိမ့်ဟု သူမမထင်မှတ်ခဲ့ပေ။

လုချန်းသည် ဆက်၍ ပြောလိုက်သည်။

“နှမ‌တော်က ကိုယ့်ရဲ့ဇနီးနေပြီ။ ကိုယ့်ဇနီးက ကိုယ့်ကိုဖုန်းကွယ်စရာတွေရှိနေတာကိုတော့ မလိုလားဘူး။"

မုကျိရွှမ်းက တစ်ခုခုပြန်ပြောရန် ပြင်နေတုန်း ရှိနေစဉ်ပင် လုချန်းက ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့၏ ခါးကို ခပ်ဖွဖွပုတ်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။

“ကိုယ်မှန်းတာမမှားရင်တော့ သူတို့နှစ်ယောက်က ကျောင်းဝမ်းတိန်ရဲ့ သမီးတွေပဲ။ ဟုတ်တယ်မဟုတ်လား။”

ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးသုံးဦး အလွန်တုန်လှုပ်သွားကြသည်။ လုချန်း ထိုကိစ္စကို သိနေပြီးဖြစ်မည်ဟု သူတို့လုံးဝ မထင်မှတ်ခဲ့ကြပေ။ထိုစဉ်ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့တို့က လုချန်း၏ ပွေ့ဖက်မှုမှ လျင်မြန်စွာ ရုန်းထလာကြပြီး ကုတင်ပေါ်တွင် ဒူးထောက်လိုက်ကာ ဦးညွှတ်လျက် ပြောလိုက်ကြသည်။

“မင်းသား၊ ကျွန်ုတော်မျိုးမတို့ကို ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးမတို့က မင်းသားကို လိမ်ညာဖို့ရည်ရွယ်ခြင်း မဟုတ်ပါ။”

“ဒါ‌တွေအားလုံးက ကျွန်မတို့ရဲ့ အမှားသာဖြစ်ပါတယ်။ မိဖုရားမှာ အပြစ်မရှိပါဘူး။”

မုကျိရွှမ်းက တစ်ခုခုကို ပြောရန် ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်ထားလိုက်သည်။ တကယ်တော့ သူမ၏အမှားသာ ဖြစ်သည်။

ကျောင်းဝမ်တိန်နှင့် သူမ၏ ဖခင်ဖြစ်သူ မုချန်တိန်တို့သည် ရှားမင်းဆက်၏ ကောင်းကင်ဘုရင်နှစ်ပါးဟု တင်စားခံရပြီး သူတို့၏ မိသားစုများ၏ ဆက်ဆံရေးကလည်း ကောင်းမွန်ခဲ့ကြသည်။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ကလည်း ညီအစ်မအရင်းသဖွယ် ရင်းနှီးကျွမ်းဝင်ကြသည်။ ပြစ်မှုရေးရာဌာနတွင် သူတို့နှစ်ယောက် ထောင်ကျခံ၍ အခြားသူများ ပြုသမျှနုကာ ပြစ်ဒဏ်ခံရမည့်အဖြစ်ကို မုကျိရွှမ်း ကြည့်မနေနိုင်ခဲ့ပါ။ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့ ဒီလောက်စိုးရိမ်နေတာကို မြင်‌တော့ လုချန်း၏ နှုတ်ခမ်းကွေးသွား၏။ ထို့နောက် လုချန်းကရယ်မောလျက် ပြောလိုက်သည်။

“တကယ်တော့ မင်းတို့သုံး‌ယောက်လုံး မှားယွင်းခဲ့ကြတယ်။”

“ဒီလောက် အရေးကြီးတဲ့ အကြောင်းကို ကျုပ်မသိအောင် ဖုံးကွယ်ထားခဲ့ကြတယ်။”

“ဒါပေမဲ့ မင်းတို့သုံးယောက်ရဲ့ အပြစ်တွေကျေနိုင်‌စေမယ့် အခွင့်အရေးတစ်ခု ကျုပ်ပေးမယ်။”

လုချန်း၏ ထိုစကားကို ကြားလိုက်သောအခါ မုကျိရွှမ်း၏ မျက်ခုံးများ ချက်ချင်း ပြေလျော့သွားကြပြီး မဆိုင်းမတွ ပြန်မေးလိုက်၏။ “မင်းသား ကျွန်မတို့ရဲ့ အပြစ်တွေ ဘာလုပ်ပေးရင် ကျေနိုင်မှာပါလဲ။”

လုချန်းက ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်ကို တစ်ချက်ကြည့်လိုက်၏။

“ရိုးရိုး လေးပါပဲ။ ကိုယ့်အတွက် သားသမီးတွေမွေးဖွားပေးဖို့ပါ။”

အမျိုးသမီးသုံးဦးသည် ချက်ချင်း နားလည်သွားကြသည်။

ထို့နောက် ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့က အလျင်အမြန်ပင် ကျေးဇူးတင်စကားများ ပြောလိုက်ကြသည်။

“ကျွန်တော်မျိုးမတို့ကို ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်ပါတယ် မင်းသား။ ကျွန်တော်မျိုးမတို့ နောင်အနာဂတ်မှာ မင်းသားအတွက် မျိုးဆက်သစ်တွေ မွေးဖွားပေးမှာပါ။"

လုချန်းက ဆက်ပြောလိုက်သည်။

"ကောင်းပြီမင်းတို့ညီအစ်မ အရင်သွားနားနှင့်။ မြောက်ပိုင်းမြို့တော်ကိုရောက်တာနဲ့ မင်းတို့ကိုမောင်းမအဖြစ် တင်မြှောက်မယ်။"

ညီအစ်မနှစ်ယောက်က တပြိုင်နက်တည်းပြန်ဖြေလိုက်၏။

" ဟုတ်ကဲ့ပါမင်းသား။"

ထို့‌နောက် သူတို့နှစ်ယောက်လည်း အခန်းထဲမှ နောက်ဆုတ်ထွက်ခွာသွားပြီးနောက် အနီးနားက အခန်းထဲသို့ ဝင်သွားကြသည်။

သူတို့ထွက်သွားပြီးနောက် မုကျိရွှမ်းက သတိကြီးစွာဖြင့် မေးလိုက်သည်။

" မင်းသားသူတို့နှစ်ယောက်ကို တကယ်ယူဖို့ ရည်ရွယ်နေတာလား။"

လုချန်းသည် သူမထက် သုံးနှစ်ငယ်သော်လည်း သူသည် မင်းသားဖြစ်သည်။ မုကျိရွှမ်းသည် သူ၏ စိတ်ထားကို သေချာမသိပေ။

လုချန်းသည် မုကျိရွှမ်း၏ နူးညံ့သော ကိုယ်လုံးကို သူ့ဆီသို့ ဆွဲယူပြီး သူ၏ လက်များဖြင့် သိုင်းဖက်ကာ သူမ၏ နားနားသို့ တိုးတိုးလေးကပ်၍ ပြောသည်။

“သူတို့ကို ခေါ်သွားဖို့ အစီအစဉ်မရှိဘူးဆိုရင် မောင်တောင် ခုနက သူတို့ကို ထိလိမ့်မယ်လို့ ညီမ ထင်လို့လား။”

ထိုစကား ကြားသောအခါ မုကျိရွှမ်း သဘောပေါက်လိုက်သည်။

တကယ်တော့ လုချန်းသည် ကျောင်းညီအစ်မနှစ်ဦး အကြောင်းကို အစကတည်းက သိရှိနေပြီဖြစ်သော်လည်း ထိုကိစ္စကို ဂရုစ်ုက်ပုံမရပါ။

လုချန်းက ဆက်၍ ပြောလိုက်သည်။

“မိဖုရား။ ဒီလိုကိစ္စမျိုးက ပထမဆုံးနှင့် နောက်ဆုံးအကြိမ်သာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ဆိုလိုချင်တာ နားလည်လား။”

မုကျိရွှမ်းက ချက်ချင်း ပြန်လည် ဖြေကြားလိုက်၏

“ဟုတ်ကဲ့ပါ မင်းသား။ နောက်‌နောင် ဘယ်ကိစ္စမှ မင်းသားကို မကွယ်ဝှက်ထားစေရပါဘူး။"

လုချန်း မုကျိရွှမ်းကို နမ်းရှုံ့လိုက်ပြီး သူမ၏ ကိုယ်လုံးကို ပွတ်သပ်ပေးလိုက်ကာ

“ကိုယ်ကြားချင်တာ ဒါမျိုးပဲ။”

“နောက်ပြီး ကိုယ်ကလည်း သဘောထားသေးတဲ့သူမျိုး မဟုတ်ဘူး။ အဲ့ဒီလောက် ကြောက်စရာ မလိုအပ်ဘူ။ ပြီးတော့ ညီမက ဒီအိမ်ထောင်ရဲ့ အိမ်ရှင်မပါ။"

မုကျိရွှမ်းက သူ့ထက် သုံးနှစ်ကြီးသော်လည်း ယခုရက်ပိုင်အတွင်းတော့ သူမကိုယ်သူမ ငယ်ရွယ်သော မိန်းကလေးတစ်ယောက်လို ပြုမှုနေထိုင်နေခဲ့၏။ ပြောသောစကားနှင့် လုပ်ရပ်အားလုံးကို သတိထားလျက်ရှိသည်။ သူမအား အပြင်လူတစ်ဦးလိုသာ ထင်မှတ်ရစေသည်။

မုကျိရွှမ်း ရှက်သွေးဖြာသွားပြီး

" ကျွန်မရဲ့ ပုံစံကို အမြန်ဆုံး ပြင်ဆင်ပါ့မယ် မင်းသား။"

လုချန်းက ဆက်၍ ပြောလိုက်သည်။ “နောက်ပြီး ကိုယ့်ကို မင်းသားလို့ မခေါ်ပါနဲ့။ မောင်တော်လို့ခေါ်ပါ။”

မုကျိရွှမ်းသည် တိုးတိုးလေး ပြန်တုန့်ပြန်လိုက်သည်။

“ဟုတ်ကဲ့ပါ မောင်တော်။”

“ကောင်းပါပြီ၊ အခုတော့ သွားအိပ်ကြပါစို့။

မနက်ဖြန် မြောက်ပိုင်းမြို့တော်ကို စထွက်ခွာရတော့မယ်။”

“ဟုတ်ကဲ့”

ထို့နောက် လုချန်းလည်း မုကျိရွှမ်း၏ နွေးထွေးပျော့ပျောင်းသော ခန္ဓာကိုယ်ကို ကိုင်ထားပြီး နောက် အိပ်မက်နယ်ပယ်သို့ ရောက်ရှိသွားခဲ့‌ တော့သည်။

…

နောက်နေ့ နံနက်စောစော၊

မိုးသောက်ခါနီးမှာပင် မြောက်ပိုင်းနယ်စားမင်းသား၏ နန်းတော်တွင် လူတိုင်း ပြင်ဆင်မှုများ စတင်ခဲ့ကြသည်။ လုချန်းသည် နံနက်စောစော ထတတ်သူ မဟုတ်သော်လည်း ယနေ့တော့ သူနေပြည်တော်မှ ထွက်ခွာရတော့မည်ဖြစ်သောကြောင့် သူသည်လည်း သူ၏ နွေးထွေးသော အိပ်ရာမှ စောစောထရမည်ဖြစ်သည်။မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ဝင်ပေါက်မှာ ရပ်ရင်း လုချန်းတစ်ယာက် သူ၏ အိမ်ကို ငေးကြည့်ကာ စိတ်မကောင်းဖြစ်နေတော့သည်။

ဤစံအိမ်သည် သူ၏ ငယ်စဉ်ကလေးဘဝကတည်းမှ အမှတ်တရများ အားလုံးကို သိမ်းဆည်းထားသောနေရာသည်။ အခု ထိုအခိုက်အတန့်များက ရုပ်ရှင်ကားတစ်ကားကဲ့သို့ သူ၏စိတ်ထဲ ပြန်လည်ဖွင့်လှစ်ပြနေသည်။ အခုတစ်ကြိမ် ထွက်ခွာသွားပြီးနောက် မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို သူမသိနိုင်ပေ။ ဘုရင်မင်းမြတ်၏ အမိန့်မရှိပါက သူသည် နေပြည်တော်သို့ ပြန်လာ၍မရပါ။

သူအမြန်ဆုံး အင်အားကြီး ခိုင်မာလာစေ လုချန်းတိတ်တဆိတ် သစ္စာပြုလိုက်သည်။ သူနေပြည်တော်သို့ ပြန်လာနိုင်သောနေ့က သူလောကကြီးကို စိုးမိုးနိုင်သောနေ့ ဖြစ်ပေလိမ့်မည်။ ထိုအခိုက်တွင် ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့် မြင်းစီးစစ်သည်ရဲမက်တစ်စု စံအိမ်အပေါက်ဝသို့ ရောက်ရှိလာကြသည်။ဦးဆောင်လာသည့် တပ်မှူး လီဖန်းက လုချန်းကို မြင်သောအခါ ခြေတစ်ဖက်ဒူးထောက်လျက် ပန်ကြားလိုက်၏။

“ဗိုလ်ချုပ်လီဖန်း မင်းသားရဲ့ အမှုတော်ကို ထမ်းရွက်ရန် ရောက်ရှိပါတယ်။”

“မြောက်ပိုင်းမြို့တော်သို့ မင်းသားသွားရောက်အုပ်ချုပ်ရာတွင် ခရီးလမ်းတစ်လျှောက် မင်းသားနှင့် အိမ်သူအိမ်သားများ ဘေးကင်းစေရန် အစွမ်းကုန် ဆောင်ရွက်ပါမည်။" ထို့နောက် လုချန်း၏ မျက်လုံးများမှ အခြားသူများ မမြင်နိုင်သော ခပ်မှိန်မှိန် အလင်းရောင်များ ထွက်ပေါ်လာပြီး သူ့၏ ရှေ့တွင် အချက်အလက်စာတန်းတစ်ခု ပေါ်လာခဲ့သည်။

[အမည် - လီဖန်း]

[မှတ်ပုံတင် - ရှားမင်းဆက် ဟူဘင်းတပ်တော်ရှိ ဗိုလ်ချုပ်များထဲမှ တစ်ဦးဖြစ်ပြီး ယခုအခါ

ရှားမင်းဆက် မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ် စောင့်ရှောက်ရေးအဖွဲ့၏ ယာယီဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။]

[စွမ်းရည် - သတ္တမအဆင့်]

[သစ္စာရှိမှု - ၅၀]

ထိုအချက်အလက်စာတန်းကို မြင်သောအခါ လုချန်း ခဏတာမျှ အံ့သြသွား၏။ သားများစွာ ဘုန်းတန်ခိုးများစွာ စနစ်သည် ယောက်ျားများ၏ အချက်အလက်များကိုလည်း ပြသနိုင်သည်။

ဤသည်မှာ သူ့အတွက် အလွန်အသုံးဝင်သည်။

……..

အခန်း( ၆)

ခွဲခွာနှုတ်ဆက်ပါတယ် ငါ့ရဲ့ညီအစ်ကိုကောင်း (၁)

မုချန်တိန်၏ စီစဉ်မှုများကို လုချန်း အလွန်ကျေနပ်မိ၏။ လီဖန်းသည် အဆင့်ခုနှစ် သိုင်းပညာရှင်သာဖြစ်သော်လည်း ဤလောကတွင်အဆင့်ခုနှစ် သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းက သာမန်လူတစ်ရာနှင့်ညီမျှသော အစွမ်းသတ္တိရှိသည်ဟု ယူဆနိုင်သည်။ ထို့အပြင် လီဖန်း ခေါ်ဆောင်လာသော သူရဲကောင်းများသည် အများအားဖြင့် ဒုတိယနှင့်တတိယအဆင့်များသာဖြစ်ပြီး သာမန်စစ်သည်တော်များ မပါဝင်ပေ။

တနည်းအားဖြင့်ဆိုရသော် သူတို့အားလုံးက အထူးတပ်ဖွဲ့ဝင်များဖြစ်ကြသည်။ သာမန်စစ်သည်များ မဟုတ်ကြ။

လုချန်းက အမိန့်ပေးလိုက်၏။

" ထပါဗိုလ်ချုပ်လီ၊ ကျုပ်နှင့်ကျုပ်ရဲ့မိသားစုကို ခင်ဗျား ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ကျုပ်ယုံပါတယ်။"

" ကျေးဇူးတင်ပါတယ် မင်းသား။" လုချန်းက ပြောပြီးပြီးချင်း ထရပ်လိုက်သည်။

ထို့နောက် လီဖန်းက လုချန်း၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ “မင်းသား၊ မုအမတ်က သတင်းပါးလိုက်ပါတယ်။ မင်းသား လုရှုယွမ်က သူ့လူတွေကိုမြောက်ပိုင်းမြို့တော်ဆီ စေလွှတ်ပြီးဖြစ်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း မျက်မှောင်ကုတ်သွားပြီး ခဏမျှ စဉ်းစားနေလိုက်သည်။

မင်းသား လုရှုယွမ်တဲ့လား။

သူက မြောက်ပိုင်းမြို့တော်ကို သူ့လူတွေ ဘာလို့စေလွှတ်ထားတာလဲ။

ငါ့ကို သတ်ဖို့လား။

လုရှုယွမ်၏ မိခင်သည်လည်း တောင်ပိုင်းရှိ ကြီးကျယ်သော မိသားတစ်ခုမှ ဆင်းသက်လာသူဖြစ်သောကြောင့် လုရှုယွမ်အနေနှင့် တရားဝင် နန်းလျာအဖြစ် ဆက်ခံလိုပါက ချူးမိသားစု၏ ထောက်ခံမှုကို များစွာလိုအပ်မည် ဖြစ်ကြောင်း လုချန်းသဘောပေါက်လိုက်သည်။

သူသေဆုံးသွားပါက ချူးမိသားစုသည် တောင်ပိုင်းရှိ မျိုးရိုးကြီးများထံမှ ဆင်းသက်လာသူတစ်ဦးကိုသာ ရွေးချယ်မည်ဖြစ်သည်။

မုချန်တိန် ဒီလို သတင်းအချက်အလက်မျိုးကိုရရှိနိုင်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။ မုချန်တိန်သည် တာဝန်မှ ဖယ်ရှားခံရသော်လည်း စစ်တပ်ကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်ဟု ယူဆရသည်။ သူ၏ဖခင်ဖြစ်သူ ဆွမ်ဧကရာဇ်က မုချန်တိန်ကို အလွန်သတိထားသည်မှာ ထူးတော့မထူးဆန်းပါ။

လုချန်းက “ကောင်းပြီ၊ ကျုပ်သဘောပေါက်ပါတယ်။”

ထို့နောက် လုချန်းသည် သူ၏မြင်းပေါ်သို့ တက်လိုက်ပြီး

“အားလုံး စုံညီရောက်ရှိပြီ ဖြစ်တာကြောင့် ယခုပင် ထွက်ခွာကြပါစို့။ မြောက်ပိုင်းမြို့တော်ကို အမြန်သွားကြမယ်။” ဟု ကြေညာလိုက်သည်။

လုချန်းသည် ယခုအခါတွင် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိရန်နှင့် သူ၏ စွမ်းအားကျင့်ကြံမှုကို စတင်နိုင်ရန် တစ်ခုတည်းကိုသော အာရုံစိုက်နေပြီဖြစ်သည်။

အတွင်းအားမန္တာန်ကျင့်စဉ်နှင့် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကျင့်စဉ် နှစ်ခုလုံးအတွက် ဇနီးမယားများနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် လိုအပ်၏။ အမျိုးသားနှင့် အမျိုးသမီးအကြား ကဆက်ဆံရေးကို ဆိုလိုခြင်းသည်။ သို့သော် လမ်းခရီးတွင်တော့ ထိုသို့ပြုလုပ်ရန်က မလွယ်ကူပါ။ တည်ငြိမ်သောနေရာတစ်ခု လိုအပ်သည်။

လမ်းခရီးတွင် ကြုံတွေ့ရနိုင်မည့် အန္တရာယ်များနှင့် ပတ်သက်၍‌တော့ လုချန်း စိတ်မပူပါ။ မဟာဂုရု၏အောက်တွင်တော့ လူသားအားလုံး သေမျိုးသာဖြစ်သည်။ လူသားများသည် ကျည်ဆံများကို တားဆီးနိုင်မည်မဟုတ်ပေ။ သူ၏လက်ထဲတွင်ရှိသော သဲကန္တာရသိမ်းငှက်နှင့် ဘာရက်သေနတ်များသည် အလှပြသရန်တော့ မဟုတ်ပါ။

ထို့နောက် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ လူများသည် တန်းစီ၍ ထွက်ခွာလာကြပြီး နေပြည်တော်မှ စုရုံးထွက်ခွာသွားကြသည်။

လုချန်း၏ မင်္ဂလာ အခမ်းအနားကဲ့သို့ မဟုတ်ပဲ ယနေ့တွင်တော့ ဝန်ကြီးတစ်ဦးတစ်ယောက်မှ လာရောက်ပို့ဆောင်ခြင်း မရှိပေ။ သူ၏ ယောက္ခထီးပင် မလာပါ။

လမ်းဘေးတွင် တန်းစီ၍ ရပ်ကြည့်နေကြသူများသာ ရှိသည်။

လုချန်းက‌တော့ ထိုကိစ္စများကို ဂရုမစိုက်ပါ။ တစ်ဦးတစ်ယောက်မှ လိုက်ပို့သည်ဖြစ်စေ မပို့သည်ဖြစ်စေ သူ့အတွက် ကွာခြားမှု မရှိပါ။

သူတို့လူစု တည်းခိုခန်းတစ်ခုအနီး ဖြတ်သွားသောအခါ အပြာရောင် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦးက တည်းခိုခန်း၏ ဒုတိယထပ်မှနေ၍ အ‌‌ဝေးသို့ ဖြည်းဖြည်းခြင်း ပျောက်ကွယ်သွားသော လုချန်းတို့အုပ်စုကို ငေးကြည့်နေသည်။

ထိုအခိုက်တွင် ထိုသူက

“အစစအရာရာ ပြင်ဆင်ထားပြီးပြီလား”

ဟု မေးလိုက်သည်။

“စိတ်ချပါ အရှင်၊ ကျွန်‌တော်တို့ အစစအရာရာသေချာစီစဉ်ပြီးဖြစ်ပါတယ်။ သွေးလဝန်းရဲတိုက်က ဒီတစ်ခေါက် အဆင့်ရှစ်သိုင်းပညာရှင်တစ်ယောက်နှင့် အဆင့်ကိုး သိုင်းပညာရှင် နှစ်ယောက်တို့ကို စေလွှတ်ထားပါသည်” ဟု နောက်တစ်ဦးက ပြန်လည်ပြောသည်။

“သူတို့ နေပြည်တော်က လွှမ်းမိုးနယ်မြေကို ကျော်တာနှင့် တပြိုင်နက် သွေးလဝန်းရဲတိုက်က လူတွေက လုပ်စရာရှိတာကို ချက်ချင်း လုပ်ဆောင်သွားမှာပါ။”

သူ၏လက်အောက်ငယ်သား စကားကို ကြားသောအခါ လုရှုယွမ်က မြင်းပေါ်တွင်ရှိသော လုချန်းကို ငေးကြည့်ပြီး သူ့ဘာသာတွေးတောနေမိသည်။

“ချူးယုချင်က သာမြောက်ပိုင်းမြို့တော်ကို မင်းနှင့်အတူ မလိုက်ရင် ငါလည်း ဒီနည်းလမ်းကို မရွေးချယ်ခဲ့ပါဘူး။ ငါ့ညီအစ်ကိုရဲ့ခရီး ပျော်ရွှင်ပါစေ။”

အစက လုချန်း မြို့တော်မှ ထွက်ခွာသွားပြီးနောက် ချူးမိသားစုကသူ့ကို လုံးဝစွန့်လွှတ်မည်ဟု လုရှုယွမ် ထင်ခဲ့သည်။ အထူးသဖြင့် ဆွမ် ဧကရာဇ်ကတောင် သူ့ကို ကြမ်းတမ်းအေးစိမ့်သော မြောက်ပိုင်းမြို့တော်သို့ နေရာပြောင်းရွှေ့ခဲ့သောကြောင့် ဖြစ်သည်။ လုရှုယွမ် မမျှော်လင့်ထားသည်က အဆင့်ကိုး သိုင်းပညာရှင် ချူးယုချင်လည်း လုချန်းနှင့်အတူ မြောက်ပိုင်းမြို့တော်သို့ လိုက်ပါသွားခြင်းဖြစ်သည်။

ဒါက ဘာသဘောလဲ။ ချူးမိသားစုက လုချန်းကို ယတိပြတ် မစွန့်လွှတ်သေးပါ။ မဟုတ်ပါက ချူးမိသားစုက ချူးယုချင်ကို သူနှင့်အတူ သွားခွင့်ပြုမည် မဟုတ်ပါ။ ချူးမိသားစု၏ မျှော်လင့်ချက်က မပျောက်သေးသဖြင့် လုရှုယွမ်လည်း ချူးမိသားစုအား ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ကူညီပေးရတော့မည်ဖြစ်သည်။

မကြာမီပင် လုချန်းနှင့် သူ၏လူများသည် မြို့တော်မှ ထွက်ခွာသွားကြသည်။ မြို့တော်မှ ထွက်ခွာလာပြီးနောက် မြင်းစီးနေသော လုချန်းကို မြင်သောအခါ ချူးယုချင်သည် သူမ၏ မိုးမခနွယ်ပင်ကဲ့သို့သော မျက်ခုံးများကို အနည်းငယ် ကွေးညွှတ်လိုက်သည်။ မြို့တွင်းမှာ ရှိနေတုန်းကတော့ အန္တရာယ်ပေးမည်သူများ လှုပ်ရှားရဲမည် မဟုတ်ပါ။ သို့သော် မြို့ပြင်တွင်တော့ အခြေအနေက ကွဲပြားခြားနားပါသည်။

မြင်းစီး‌နေခြင်းက လုချန်းအား ထင်ရှား‌သော ပစ်မှတ်တစ်ခု ဖြစ်စေသည်။ တစ်ဦးဦးက မြှားတံများ ပစ်လွှတ်လိုက်ပါက ကာကွယ်ရန် ခက်ခဲမည်ဖြစ်သည်။

ချူးယုချင်က ချက်ချင်းပင် လုချန်း၏ဘေးသို့ မြင်းစီးသွားကာ “ချန်းလေး၊ မင်းသည် ရထားပေါ်မှာပဲ ပြန်‌နေသင့်တယ်။”

လုချန်းက သူ၏ဦးခေါင်းကို ချူးယုချင်ဘက်သို့ လှည့်ပြီး ကြည့်လိုက်ကာ

“ဒေါ်လေးချူးကလဲ။ စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်က ကျွန်တော့်ကိုတိုက်ခိုက်ချင်ရင် မြို့တော်အနီးနားမှာ‌တော့ လုပ်ရဲကြမှာ မဟုတ်ပါဘူး။"ဟု ပြောလိုက်သည်။

ချူးယုချင်က

“သတိကြီးကြီးနဲ့တော့ နေသင့်တယ်လေ။ ကိုယ့်အဒေါ်ရဲ့ စကားကို နားထောင်ပြီး ရထားပေါ် အမြန်ပြန်သွားသင့်တယ်” ဟု ပြောလိုက်သည်။

ချူးယုချင်၏ အသံက အနည်းငယ် တင်းမာနေသည်။ ထို့ပြင် လုချန်း၏ လုံခြုံရေးနှင့် ပက်သက်နေသော ကိစ္စဖြစ်သဖြင့် ပေါ့ပေါ့ဆဆ သဘောထား၍ မရပါ။

ထိုစဉ် လီဖန်းကလည်း ခပ်ဝေး‌ဝေးမှ ရောက်လာပြီး

“မင်းသား၊ ကျွန်‌တော်တို့ နေပြည်တော်ရဲ့ လွှမ်းမိုးနယ်မြေက ကျော်သွားတော့မှာ ဖြစ်ပါတယ်။ မင်းသား ရထားပေါ်ကို ပြန်သွားသင့်ပါတယ်။" ဟု သတိပေးလိုက်၏။

“မုအမတ် စီစဉ်ပေးလိုက်တဲ့ ရထားက အထူးရထားဖြစ်ပါတယ်။ မြားအများစုကို ခံနိုင်ရည်ရှိပါတယ်။ ”

ချူးယုချင်နှင့် လီဖန်းနှစ်ဦးစလုံးက ထိုသို့ပြောသောကြောင့် လုချန်းလည်း ခေါင်းမာ မနေနိုင်တော့ပေ။

သိုင်းပညာ အဆင့်တစ်သာရှိသော လူတစ်ယောက်အနေနှင့် လုချန်းသည် သာမန်လူထက် အနည်းငယ်သာ သာလွန်၏။ တစ်ဦးဦးက သူ့ကို တိုက်ခိုက်လျှင် အချိန်မီ တုံ့ပြန်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

လုချန်းက “ကောင်းပါပြီ၊ ကျုပ်ဝန်းကျင် လုံခြုံရေးကို ခင်ဗျားတို့နှစ်ဦး တာဝန်ယူပေးပါ။ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာရင်တော့ချက်ချင်း သတိပေးပါ” ဟု ပြန်ပြောလိုက်သည်။

ထို့နောက် လုချန်းလည်း မုချန်တိန်က ပြင်ဆင်ပေးထားသော အထူးရထားပေါ်သို့ ပြန်လာခဲ့သည်။ အခု လုချန်းနှင့် သူ၏ဇနီးဖြစ်သူ မုကျိရွှမ်းတို့ နေရာခွဲ နေကြခြင်းဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုခု ပြုလုပ်ခံရပါက လုချန်းကိုသာ ပစ်မှတ်ထားမည်ဖြစ်ပြီး မုကျိရွှမ်းနှင့် အခြားသူများက‌ တော့ အသက်ရှင်နိုင်ရန် အခွင့်အရေးပိုရှိမည်ဖြစ်သည်။

ရထားတန်းသည် အဓိကလမ်းမကြီးပေါ်တွင် ဖြည်းဖြည်းချင်း ဆက်လက်သွားနေပြီးနောက် မကြာမီမှာပင် မြို့တော်၏ စိုးမိုးနယ်မြေမှ လွန်လာခဲ့သည်။ ထို့နောက်လမ်း၏ အရှေ့တည့်တည့်တွင် သစ်တောထူထပ်သော တောအုပ်တစ်ခု ပေါ်လာသည်။

လီဖန်းက ချက်ချင်းပင် စစ်သည်တော်များကို တပ်လှန့်လိုက်၏။

“သတိထားကြ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်။”

ချူးယုချင်ကလည်း မင်းသား၏ စံအိမ်မှ ကိုယ်ရံတော်များကို

“အခုအချိန်ကစပြီး ရထားဘေးက တစ်လှမ်းမမှမခွာရ” ဟု အမိန့်ထုတ်လိုက်သည်။

သူတို့လူစု သစ်တောထဲသို့ ဝင်သွားပြီးနောက် အလင်းရောင်ကလည်း သိသိသာသာ လျော့သွားသည်။ ပြတင်းပေါက်မှတစ်ဆင့် လုချန်းအပြင်ဘက်ကို ကြည့်လိုက်၏။ မှောင်မည်း‌ နေသော ပတ်ဝန်းကျင် ‌အ‌ခြေအနေကို တွေ့လိုက်သောအခါ အန္တရာယ်ကလည်း နီးကပ်လာပြီဟု သူသဘောပေါက်လိုက်သည်။

ချက်ချင်းပင် လုချန်းက စနစ်ထံမှ သဲကန္တာရသိမ်းငှက်သေနတ်ကို ထုတ်ယူလိုက်ပြီး ကျည်ဆံများဖြင့် ဖြည့်လိုက်သည်။ သဲကန္တာရသိမ်းငှက်သေနတ်တွင် ကျည်ဆံ ငါးရာပါ၏။ လုံလောက်သော အရေအတွက်ဖြစ်သည်။ ထို့အပြင် သူအ‌နေနှင့် အရေးမကြီးသူများနှင့် ရင်ဆိုင်ရန် မလိုအပ်ပေ။ လီဖန်းနှင့် အခြားသူများက တာဝန်ယူလိမ့်မည်ဖြစ်သည်။ သူသည် သူ့ကို တိုက်ရိုက် တိုက်ခိုက်လာမည့် အဆင့်မြင့် လုပ်ကြံသူများအတွက်သာ ပြင်ဆင်ရန် လိုအပ်သည်။

သူတို့လူအုပ်သည် သစ်တော၏ အနက်ဆုံးအပိုင်းသို့တစ်ခုသို့ ရောက်ရှိသောအခါ “ဝှီး” ဟူသော အသံများကို ဝေးလံသောနေရာများမှ ကြားလိုက်ရပြီး ချက်ချင်းပင်ကောင်းကင်မှ မြားတံများ ကျဆင်းလာသည်။

လီဖန်းက ချက်ချင်းပင် “ရန်သူတိုက်ခိုက်ပြီ။မင်းသားကို ကာကွယ်ပါ!” ဟု အော်ဟစ်လိုက်သည်။

ထိုအခိုက်အး ချူးယုချင်ကလည်း သူမ၏ခါးမှ ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။

အပြင်ဘက်မှ ကြားရသော အသံအမျိုးမျိုး ကြောင့် လုချန်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ရန်သူများ တကယ်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထိုအခိုက်တွင် သူသည် ရထားပေါ်ကိုလည်း မြားများကျရောက်လာသဖြင့် အသံများထွက်ပေါ်တုန်ခါလာသည်။ မုအမတ်စီစဉ်ပေးလိုက်သော ရထားက အမှန် တကယ် အံ့သြဖွယ်ကောင်း၏။ ပစ်ခတ်လိုက်သော မြားများအားလုံးကို ကာကွယ်ပေးထားနိုင်သည်။

ရထားအပြင်သို့ မထွက်သရွေ့ မြားများကသူ့ကို ထိခိုက်နိုင်မည်မဟုတ်ပေ။ ပထမတစ်ကြိမ် မြားမိုးရွာပြီးနောက် မျက်နှာဖုံးစွပ်ထားပြီး ဓားကြီးများကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ် လူအုပ်စုတစ်စုက သူတို့လူစုကို တိုက်ရိုက် တိုက်ခိုက်လာသည်။ ထိုတိုက်ခိုက်သူများအများစုသည် အဆင့်သုံး သိုင်းသမားများဖြစ်ပြီး အဆင့်ရှစ်သိုင်းပညာရှင်တစ်ဦးက သူတို့ကို ဦးဆောင်‌နေသည်။ ထိုစဉ် လီဖန်းကလည်း ချက်ချင်းပင် သူ၏စစ်သည်များနှင်အတူ လုပ်ကြံသူများကို ဝင်ရောက်တိုက်ခိုက်တော့သည်။

ယခုအချိန်ထိ လုချန်း၏ ကိုယ်ရံတော်များက ရထားဘေးမှ ထွက်ခွာခြင်း မရှိသေးပေ။ သူတို့၏ အဓိကတာဝန်မှာ လုချန်းနှင့် သူ၏မိသားစုကို ကာကွယ်ခြင်းဖြစ်ပြီး ရန်သူများက အာရုံပြောင်းပြီး တိုက်ပွဲတွင်းသို့ ခေါ်ယူခြင်းမှ ကာကွယ်ရန်လည်းဖြစ်သည်။ ချူးယုချင်က‌တော့ လီဖန်းကို ကူညီတိုက်ခိုက် ခြင်း မရှိပေ။ သူမက လုချန်း၏ ရထားမှ မဝေးလှသောနေရာတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေသည်။

ရန်သူများက ရှစ်အဆင့် သိုင်းပညာရှင်တစ်ဦးကိုသာ စေလွှတ်မည်ဟု ချူးယုချင် မယုံကြည်ပါ။ သုံးနှင့်လေးအဆင့် သိုင်းသမားများကို တစ်စုတစ်ဝေးတည်း ဤမျှလောက်များများ ခေါ်ယူနိုင်ခြင်းက လုပ်ကြံသူများ၏ နောက်ကွယ်ရှိ အင်အားသည် သာမန်မဟုတ်ကြောင်း သေချာပေါက် ဖော်ပြလျက်ရှိသည်။ အဆင့်ကိုးသိုင်းပညာရှင်တစ်ဦး ပါကိုပါရမည်ဖြစ်သည်။

ချူးယုချင်သတိထားနေစဉ်မှာပင် သစ်တောထဲမှ လေညှင်းတစ်ခု တိုက်ခတ်လာပြီး သစ်ရွက်များလည်း လေထဲတွင် နှစ်ပိုင်းပြတ်၍ ကျဆင်းလာသည်။

ချူးယုချင်၏ မျက်ဝန်းများ လင်းလက်သွားသည်။

" တကယ့်ရန်သူက ရောက်လာပြီ။"

…….

All Chapters