အခန်း ၁၃-၁၅
Vol. 1 Ch. 13-15
အခန်း (၁၃)
မြောက်ပိုင်းမြို့တော်တွင် စစ်တပ်အာဏာ ပြန်ယူခြင်း _၁
ရန်ခရိုင်။ ခရိုင်အုပ်ချုပ်ရေးရုံး။
လိယုရီ ပြန်လာသည်ကို တွေ့သောအခါ မြောက်ပိုင်းမြို့တော်မှ အရာရှိများက သူ့အနားဝိုင်းရံလိုက်ကြသည်။ အရာရှိတစ်ဦးက “လူကြီးမင်း၊ မင်းသားက နောက်ဆက်တွဲ ဘာတွေ ဆောင်ရွက်မယ်ဆိုတာ ညွှန်ကြားလိုက်ပါသလား။” ဟု မေးလိုက်သည်။
မြောက်ပိုင်းမြို့တော်ရှိ အရာရှိများအားလုံးသည် မြောက်ပိုင်းစားမင်းသားသည် မြောက်ပိုင်းဒေသသို့ ရောက်ရှိပြီးနောက် ဘာများကြီးကြီးမားမား အရွှေ့အပြောင်း လုပ်ဆောင်လာမလဲဟု စိတ်ပူနေကြခြင်းဖြစ်သည်။ အထူးသဖြင့် ထိုအရွှေ့အပြောင်းက သူတို့၏ ရာထူးနှင့် အကျိုးစီးပွားများကို ထိခိုက်လာမှာ စိုး၍ဖြစ်သည်။
လိယုရီက အနည်းငယ် သက်ပြင်းချက်ပြီး ပြုံးလိုက်ကာ လက်ကိုမြှောက်၍ သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“မင်းသားက အရေးမကြီးတဲ့ကိစ္စတွေနဲ့ သူ့ဆီလာရှုပ်ဖို့ပဲ ကျုပ်ကိုပြောလိုက်တယ်။ မြောက်ပိုင်းမြို့တော်မှာ ဘာမှပြောင်းလဲမှုမှ မရှိပါဘူး။”
ထိုစကားကို ကြားသောအခါ မြောက်ပိုင်းမြို့တော်မှ အရာရှိများ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ ထိုသို့ဆိုလျှင်တော့ သူတို့၏ အာဏာနှင့် အကျိုးစီးပွားများ ထိခိုက်မခံရတော့ပေ။
သူတို့၏ နုတ်မှထုတ်မပြောသော်လည်း စိတ်ထဲတွင်တော့
“ကံကောင်းတာပဲ။ နန်းတွင်းက ဘာမှအသုံးမဝင်တဲ့ မင်းသားတစ်ပါးကို မြောက်ပိုင်းမြို့တော်ကို စေလွှတ်လိုက်တာပဲ။” ဟုသာ တွေးတောနေကြသည်။
သို့သော် ထိုအခိုက်တွင်ပင် ခရိုင်အုပ်ချုပ်ရေးရုံးမှ စစ်သည်တစ်ဦး ထိတ်လန့်တကြား ပြေးဝင်လာသည်။ သူသည် လိယုရီထံသို့ ချဉ်းကပ်လာပြီး နားနားကပ်၍ တစ်စုံတစ်ခုကို တိုင်ပင်လိုက်သည်။
စစ်သည်၏ စကားကို နားထောင်ပြီးနောက် လိယုရီ၏ မျက်ခုံးများ ကျုံ့ဝင်သွားပြီး မျက်နှာလည်း တင်းမာသွားသည်။
လိယုရီ စိတ်အနှောင့်အယှက်ဖြစ် သွားသည်ကို တွေ့သောအခါ အရာရှိတစ်ဦးက ချက်ချင်းပင် “လူကြီးမင်း၊ ဘာဖြစ်ခဲ့တာလဲ” ဟု မေးလိုက်သည်။
ထိုအရာရှိ၏ စကားမဆုံးသေးမီမှာပင် လိိီဖန်း ခရိုင်အုပ်ချုပ်ရေးရုံးထဲသို့ ဝင်ရောက်လာသည်။
လိယုရီနှင့် အရာရှိအုပ်စုကို တွေ့သောအခါ လီဖန်းက ပြုံး၍ ပြောလိုက်သည်။ “လူကြီးမင်းရဲ့ အိမ် ဂေဟာမှာ မှာ ဒီနေ့ စည်ကားနေပါလား။”
လိယုရီ သတိပြန်လည်ဝင်လာပြီး ချက်ချင်းပင် “အဲ့ဒီ လောက် မဟုတ်ပါဘူး။”
“ဗိုလ်ချုပ်လိိီဖန်း ကျွန်တော့်နေအိမ်ကို ဘာအ ကြောင်းကိစ္စနဲ့ လာတာလဲ ခင်ဗျ။ ” ဟုဆက်မေးလိုက်သည်။
လီဖန်းက တိုက်ရိုက်ပင် မြောက်ပိုင်းစားမင်းသား၏ သင်္ကေတကို ထုတ်ပြလိုက်ပြီးနောက်
“မင်းသားက ဒီနေ့ကစပြီး မြောက်ပိုင်းမြို့တော်ရဲ့ စစ်တပ်ရေးရာကိစ္စအားလုံးကို ကျွန်တော့်လက်ထဲ လွှဲပေးဖို့ အမိန့်ပေးလိုက်ပါတယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အခန်းထဲတွင် ရှိနေသော အရာရှိများ ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့သည် မြောက်ပိုင်းစားမင်းသားကို အလေးမထားဘဲ ရဲတင်းနေကြခြင်း၏ အဓိကအကြောင်းရင်းမှာ မြောက်ပိုင်းမြို့တော်၏ စစ်တပ်သည် နယ်စား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။
မြောက်ပိုင်းစားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ ယခုမှ ရောက်ရှိလာပြီး ချက်ချင်းပင် စစ်တပ်ရေးရာကိစ္စများကို သူ့လက်ထဲသို့ လွှဲပေးခိုင်းလိုက်သည်။ သူ ဘာတွေ ကြံစည်နေတာလဲ။
စစ်တပ်ကိစ္စက ထိခိုက်လွယ်သောကိစ္စဖြစ်သည်။ မင်းသားက စစ်တပ်ကို ထိန်းချုပ်မည်ဆိုပါက သူ၏စိတ်ထဲတွင် စီမံကိန်းအချို့ရှိနေရမည် ဖြစ်သည်။မြောက်ပိုင်းစားမင်းသားသည် သူတို့ကို ဖယ်ရှားရန် စီစဉ်နေခြင်းများလား။
ထိုအခိုက်တွင် လိယုရီက
“ဗိုလ်ချုပ်လိီဖန်း၊ မင်းသားက မြောက်ပိုင်းမြို့တော်သို့ ယခုမှ ရောက်ရှိလာတာ ဖြစ်တဲ့အတွက် အခြေအနေများစွာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပါဘူး။ စစ်ရေးရာကိစ္စများကို ဗိုလ်ချုပ်လက်ထဲကို လွှဲပေးရတဲ့ အကြောင်းရင်းကို သိခွင့်ရှိမလား။” ဟုမေး လိုက်သည်။
လိယုရီက မြောက်ပိုင်းစားမင်းသားသည် မြောက်ပိုင်းမြို့တော်ရှိ အာဏာပိုင်များကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟု ယူဆသည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း ထိုသို့ လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် ယခုမှ ရောက်ရှိလာသူဖြစ်ပြီး ခိုင်မာသော အခြေခံတစ်ခုကို တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
ထို့အပြင် မြောက်ပိုင်းမြို့တော်ကို သူ စိုးမိုးအုပ်ချုပ်နိုင်ရန်အတွက် မြောက်ပိုင်းစားမင်းသားသည် မြောက်ပိုင်းမြို့တော်ရှိ အရာရှိများနှင့် အာဏာပိုင်များကို သူလိုအပ်၏။ သူသည် အခြေနေသတင်းအချက်အလက်များကို ကောင်းကောင် မသိရှိသော်လည်း သူ၏ အခြေခံအုတ်မြစ်ကို သူကိုယ်တိုင် ဖျက်ဆီးမည့် လုပ်ရပ်မျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။
လိီဖန်းက လိယုရီနှင့် အခြားသူများ၏ စိုးရိမ်ပူပန်မှုကို သိသောကြောင့် တိုက်ရိုက်ပင် ပြောလိုက်သည်။
“လူကြီးမင်း၊ မင်းသား ဒီကိုလာစဉ်က သွေးလဝန်းရဲတိုက်ရဲ့ လုပ်ကြံမှုကို ကြားသိထားမှာပါ။”
လိယုရီက “သိပါတယ်” ဟု ပြောလိုက်သည်။
လိီဖန်းက ဆက်၍
“ဒါ့ကြောင့် မင်းသားက စစ်တပ်အာဏာကို သူကိုယ်တိုင် ထိန်းချုပ်လိုတာ ဆိုတာကို လူကြီးမင်း နားလည်နိုင်မှာပါ။ မင်းသားက သူရဲ့ကိုယ်ပိုင်လုံခြုံရေးကို အခြားသူလက်ထဲမှာ မထားချင်ပါဘူး။” ဟု ပြောလိုက်သည်။
လိီဖန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လိယုရီနှင့် အခြားအရာရှိများလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။ အမှန်တကယ်ပင် မြောက်ပိုင်းစားမင်းသားသည် မြောက်ပိုင်းမြို့တော်ကို လာရောက်စဉ်က တိုက်ခိုက်ခံခဲ့ရ၏။ သူသည် ငယ်ရွယ်သေးသူတစ်ယေက် ဖြစ်သောကြောင့် ကြောက်လန့်သွားခဲ့ရသည်။
သူ့အသက် အန္တရယ်ကို ကြောက်ရွံ့သောကြောင့် ဖြစ်နိုင်သလို မြောက်ပိုင်းမြို့တော်၏ စစ်တပ်က သူ့ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် စစ်တပ်အာဏာကို သူကိုယ်တိုင် ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
လိဖန်းက ဆက်၍ ပြောသည်။
“လူကြီးမင်းက စစ်တပ်အာဏာကို လွှဲပေးဖို့ မလိုလားဘူးမှတ်တယ်။”
“မင်းသားက လူကြီးမင်းကို မြောက်ပိုင်းမြို့တော်ရဲ့ ကိစ္စရပ်အားလုံးကို လွှဲပေးထားပါပြီ။ စစ်တပ်အာဏာကလည်း လူကြီးမင်းရဲ့ လက်ထဲမှာပဲဆိုရင် တကယ့်မင်းသားက မြောက်ပိုင်းစားမင်းသားလား လူကြီးမင်းလား။”
လိိီဖန်း၏ စကားများကို ကြားသောအခါလိယုရီ၏ နဖူးတွင် ချွေးစေးများ ပြန်လာသည်။
အမှန်တကယ်တွင်လည်း မြောက်ပိုင်းမြို့တော်၏ အာဏာအားလုံး သူ့လက်ထဲတွင် ရှိနေပြီး သူ့ကို ကန့်သတ်မည့်သူ မရှိပါက နန်းတွင်းက သူ့ကို ဒုက္ခပေးရန် လူတစ်ယောက် ပို့လာမှာက မကြာေပ။
လိယုရီ စဉ်းစားကြည့်လိုက်သည်။ မြောက်ပိုင်းမြို့တော်တွင်လည်း စစ်သားအင်အားက များပြားလှသည် မဟုတ်သောကြောင့် ချက်ချင်း လွှဲပေးလိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပြီး ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ထိုသို့ စဉ်းစားပြီးနောက် လိယုရီက ချက်ချင်းပင် သူ၏ရင်ဘတ်မှ ကျားတံဆိပ်ကို ထုတ်ယူလိုက်သည်။
“ဗိုလ်ချုပ်လိီဖန်း။ ဒါက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်အားလုံးကို အုပ်ချုပ်တဲ့ ကျားတံဆိပ်ဖြစ်ပါတယ်။”
ထို့နောက် လိယုရီက ဘေးတွင် ရပ်နေသော သံချပ်ကာဝတ်စစ်သားတစ်ဦးကို ညွှန်ကြားလိုက်သည်။ “ဗိုလ်ဝမ်း၊ ဗိုလ်ချုပ်လိီဖန်းကို စစ်စခန်း ခေါ်ဆောင်သွားပါ။”
“ဟုတ်ကဲ့ပါ လူကြီးမင်း။”
ထို့နောက် လိီဖန်းသည် စစ်သား၏နောက်သို့လိုက်သွားပြီး ရန်ခရိုင် စစ်စခန်းသို့ ထွက်ခွာသွား၏။ လိီဖန်းထွက်သွားပြီးနောက် လိယုရီ၏ အနောက်တွင် ရှိနေသော အရာရှိများက သူ့နားကို ဝိုင်းရံလိုက်ကြပြန်သည်။
“လူကြီးမင်း။ ဘာလို့သူ့ကို ကျားတံဆိပ် လွှဲပေးလိုက်ရတာလဲ။”
“ဟုတ်တယ် လုပ်ကြီးမင်း၊ မင်းသားက စစ်တပ်အာဏာကို အလွဲသုံးစား လုပ်မယ်ဆိုရင် မခက်ပေဘူးလား။”
“လူကြီးမင်း၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
…
အရာရှိများ ဆွေးနွေးနေကြတာကို ကြားတော့ လိယုရီက
“စိတ်မပူပါနဲ့၊ စစ်တပ်က မင်းသားလက်ထဲမှာပဲ ရှိသင့်တာပဲ။ မင်းသားက ပြန်ယူတာ သဘာဝကျတယ်” ဟုပြန် ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားတို့အားလုံး လိီဖန်းပြောတာ ကြားခဲ့ကြတယ် မဟုတ်လား။ မင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ အမှုကိစ္စအကုန်လုံး ကျုပ်ကို ပေးထားတာ။ ကျုပ်က စစ်တပ်ကိုပါ ကိုင်ထားရင် မင်းသားက ကျုပ်ကို လက်ခံမှာမဟုတ်သလို နန်းတွင်းကလည်း လက်မခံနိုင်ဘူး။” ဟုရှည်လျားစွာ ရှင်းပြလိုက်တော့သည်။
လိယုရီ၏ ရှင်းပြချက်ကို ကြားသောအခါ လကအရာရှိအချို့ကတော့ လိယုရီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြ၏။ ရှားမင်းဆက်တွင် မင်းသားစံအိမ်ရှိ အရာရှိတစ်ဦးက အာဏာကို တစ်ကိုယ်တည်း သိမ်းပိုက်ကာ အပိုင်စား မင်းသားကို ထောင်ချခဲ့သည့် ဖြစ်ရပ် တစ်ခု ရှိခဲ့ဖူးသည်။
သို့သော်လည်း သူတို့အနည်းငယ် စိုးရိမ်နေကြဆဲ ဖြစ်သည်။
မြောက်ပိုင်းစားမင်းသား စစ်တပ်အာဏာကို သူ့လက်ထဲ ရရှိပြီးနောက် သူ့တွင် လက်နက်တစ်ခု ရှိသွားပြီဖြစ်သည်။ ထိုအချက်က သူတို့ကို ကိုင်တွယ်ရန် လွယ်ကူစေလိမ့်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ ရဲတင်းစွာ လုပ်ဆောင်ရဲခြင်း မရှိတော့ပေ။
လိယုရီက ဆက်၍ ပြောလိုက်သည်။
“အခု ခင်ဗျားတို့အားလုံး သက်ဆိုင်ရာ နယ်မြေကိုပြန်ကြပါ။”
“မြောက်ပိုင်းစားမင်းသား အမိန့်တစ်ခုခု ထပ်ထုတ်ပြန်ရင် ကျုပ်ခင်ဗျားတို့ကို အရင်ဆုံးသတင်းပို့ပါမယ်။”
လိယုရီ၏ စကားများကို ကြားသောအခါ အရာရှိများလည်း အခြားရွေးချယ်စရာမရှိ တော့သဖြင့် တစ်ယောက်ပြီးတစ်ယောက် ခရိုင်အုပ်ချုပ်ရေးရုံးမှ ထွက်ခွာသွားကြတော့သည်။
......
ရက်အနည်းငယ်ကြာပြီးနောက်။
မြောက်ပိုင်းစားမင်းသား စံအိမ်။
သူ့အဆောင်ဝင်းထဲတွင် လုချန်းက အစေခံများသူ၏နည်းအတိုင်း ဆပ်ပြာပြုလုပ်နေသည်ကို ကြည့်ရင်း ညစ်ပတ်နေသော အဝတ်စ တစ်ခုပေါ်တွင် ဆပ်ပြာကို ပွတ်သပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီပင် ညစ်ပတ်နေသော အဝတ်ပေါ်ရှိ ချေးညှော်များ ဆေးကြောခံရပြီး သန့်ရှင်းသွားတော့သည်။ ထိုအချင်းအရာကို တွေ့မြင်သောအခါ အဆောင်ထဲရှိ လူအားလုံး အံ့ဩသွားကြသည်။ ချူးယုချင်က စိတ်ဝင်တစား မေးလိုက်၏။
“ချန်းလေး။ ဒါကို လုပ်တဲ့ နည်းလမ်းကို မင်း ဘယ်က ရှာတွေ့တာလဲ။ ဆပ်ပြာက ကောင်းလိုက်တာ။”
သူ့လက်ကို ဆေးကြောနေသော လုချန်းက ပြုံးလိုက်ပြီး
“ဒေါ်လေးချူး၊ ကျွန်တော့်ဘာသာ တွေးမိတယ်လို့ ပြောရင် ယုံမှာလား” ဟု ပြန်ပြောလိုက်သည်။
ချူးယုချင်က သူမ၏ လှပသော မျက်လုံးများဖြင့် မော့ကြည့်ကာ ရွဲ့သလိုလေသံဖြင့်
“ချန်းလေးက လူကြီးဖြစ်လာပြီပဲ။ လျှို့ဝှက်ချက်တွေ များလာပြီး ဒေါ်လေးကို ဘာမှ မပြောပြဘူး။”
အခြေအနေ နည်းငယ် တင်းမာသွားသည်ကို တွေ့သောအခါ မုကျိရွှမ်းက အလျင်အမြန်ပင် ပြေလျော့သွားစေရန် ကြိုးစားလိုက်သည်။
“ေဒါ်ေလးချူး။ ဒါက မင်းသားကိုယ်တိုင် တွေးမိတဲ နည်းလမ်းပါ။” ဟု ဝင်ဖြေဖြန်လိုက်သည်။
တကယ်တော့ ချူးယုချင်က စနောက်နေရုံသာ ဖြစ်ပြီး အမှန်တကယ်စိတ်ဆိုးခြင်း မဟုတ်ပေ။ လုချန်း၏ လျှို့ဝှက်ချက်များကို ထောက်လှမ်းလိုစိတ်လည်း သူမတွင် မရှိတော့ပါ။
သို့သော်လည်း ချူးယုချင်သည် နှလုံးသားထဲတွင် အနည်းငယ် မကြည်မသာ ခံစားရသည်။ အရင်တုန်းကဆိုရင် လုချန်းက သူမအား အရာရာကို ပြောပြခဲ့သည်။ ယခုအခါ သူလက်ထပ်ပြီးနောက် လျှို့ဝှက်တတ်လာသည်။
ထိုအခိုက်တွင် ကျောင်းရှောင်ရှောင်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“မင်းသား၊ ဒီဆပ်ပြာကို ဘယ်လို ရောင်းမှာလဲ။”
လုချန်းသည် ဆပ်ပြာပြုလုပ်ပြီး ရောင်းချရန် ရည်ရွယ်ချက်ရှိကြောင်း ကြိုပြောထားပြီး ဖြစ်သောကြောင့် ကျောင်းရှောင်ရှောင်က မင်းသားက ဤအရည်အသွေးကောင်းသည့် ပစ္စည်းကို မည်သို့ ဈေးသို့သတ်မှတ်မည်မှန်း စိတ်ဝင်စားနေသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် လုချန်းက
“တစ်ခုကို ငွေသုံးပြား ကနေ ဆယ်ပြားအထိပဲ ရောင်းကြပါစို့” ဟု ပြောလိုက်သည်။
ကျောင်းရှောင်ရှောင်က
“ေစျးနှုန်း သက်သာလိုက်တာ။”
လုချန်းက
“အမြတ်နည်းနည်းနဲ့ အရေအတွက်များများ ရောင်းရမယ်။ ဒါက ရေချိုးတဲ့ ပဲခြောက်ကိုပဲ အစားထိုးရမှာ။ ဈေးမကြီးသင့်ဘူး။ မဟုတ်ရင် ဘယ်သူမှ ဝယ်ကြမှာ မဟုတ်ဘူး။”
လုချန်းက မုကျိရွှမ်းကို ကြည့်ပြီး
“မိဖုရားလက်ထဲ ဆပ်ပြာ စီးပွားရေးကို လွှဲပေးမယ်။”
မုကျိရွှမ်း စိတ်လှုပ်ရှားသွားပြီး
“စိတ်ချပါ မင်းသား၊ ဆပ်ပြာ လုပ်ငန်းကို ကောင်းကောင်း စီမံခန့်ခွဲပြီး စံအိမ်အတွက် ဝင်ငွေရှာဖွေပါ့မယ်။”
မုကျိရွှမ်း ပြောပြီးချင်းချင်းပင် သူမ၏မျက်နှာပြာသွားပြီး အော့အန်ချင်လာသည်။
ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က အလျင်အမြန်ပင် သူမအားသွားဖေးမလိုက်၏။ “အစ်မ၊ ဘာဖြစ်တာလဲ”
“အမြန် .... သမားတော်ခေါ်ကြ။”
.........
အခန်း (၁၄)
မုဆိုးများသည် သားကောင်ဟန်ဆောင်ပြီး ထွက်ပေါ်လာတတ်သည်_၁
မုကျိရွှမ်း ပျို့နေသည်ကို တွေ့တော့ လုချန်း သူမ၏ အခြေအနေကို ခန့်မှန်းမိ၏။
ရက်အနည်းငယ်ကမှ စနစ်၏ အသိပေးချက်
ရရှိခဲ့ပြီးဖြစ်သည်။ မုကျိရွှမ်း ကိုယ်ဝန်ရှိနေခြင်းကြောင့် ဆပ်ပြုလုပ်နည်းကို သိရှိခဲ့ရခြင်းလည်းဖြစ်သည်။ သို့သော် သူမ ကိုယ်ဝန်ရှိနေသည်ကို သိရှိသော်လည်း သမားတော်နှင့် စစ်ဆေးစေရန် လိုအပ်ပါသည်။
သူ၏ ပြန်လည်သန်စွမ်းစေသောစွမ်းအား ကျင့်စဉ် မစတင်ရသေးသောကြောင့် မုကျိရွှမ်း၏ အခြေအနေကို သူကူညီစစ်ဆေးနိုင်ခြင်း မရှိသေးပါ။ ထို့ကြောင့် သမားတော်ကို ခေါ်၍ စစ်ဆေးရမည်ဖြစ်သည်။
ထို့နောက် မုကျိရွှမ်းကို သူမ၏ အခန်းသို့ ပြန်လည်ပို့ဆောင်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းနေစေ၏။ ထိုစဉ် ဘေးတွင်ရှိသည့် လုချန်းကို မုကျိရွှမ်းက ငေးကြည့်ကာ “မင်းသား နှမတော် အခြေအနေ ကောင်းပါတယ်။”
လုချန်းက မုကျိရွှမ်း၏ ပါးကို ပွတ်သပ်လိုက်ရင်း ပြုံး၍
“နှမတော် အနားယူနေသင့်တယ်။ သမားတော်ပြကြည့်ပြီးတဲ့ အထိစောင့်ကြတာပေါ့။ ” ဟု ပြောလိုက်သည်။
မကြာမီပင် သမားတော် ရောက်လာသည်။ သမားတော်က နှလုံးခုန်သံကို ခဏမျှ စစ်ဆေးပြီးနောက် ထရပ်လိုက်ကာ ဦးညွှတ်လိုက်ပြီး
“ဂုဏ်ယူပါတယ် မင်းသား။ မိဖုရားမှာ ကိုယ်ဝန်ရှိနေပါပြီ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသော် ခန်းထဲတွင်ရှိသူအားလုံးလည်း စိတ်လှုပ်ရှား သွားကြသည်။
ထိုစဉ် နံဘေးရှိ ကျောင်းရှောင်ရှောင်က ပြောလိုက်သည်။
“သိပ်ကောင်းတာပဲ အစ်မမှာ ကိုယ်ဝန်ရှိနေပြီ။ မင်းသားမှာ မျိုးဆက်သစ် ရှိလာပြီ။”
“ရှောင်ရိုး သမားတော်ကို ငွေနှစ်တာလီပေးလိုက်။”
လုချန်းကလည်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားရသော် သမားတော်က “ကျေးဇူးတင်ပါတယ် မင်းသား” ဟု ချက်ချင်းပြန်ပြောလိုက်သည်။
ငွေနှစ်တာလီ ဆိုသည်မှာ ထိုခေတ်ကာလက နည်းပါးသော ငွေကြေး ပမာဏမဟုတ်ပေ။ သမားတော် တစ်ဦးအနေဖြင့် ထိုမျှလောက် ငွေရရှိရန် လူနာမည်မျှ ကြည့်ရမည်ကို မသိနိုင်ပါ။
သမားတော် ထွက်သွားပြီးနောက် လုချန်းက မုကျိရွှမ်း၏ ဗိုက်ကို ပွတ်သပ်လိုက်ရင်း
“နှမတော်ရေ ဒီရက်ပိုင်းတွေအတွင်း ကိုယ်တို့ ကြိုးစားခဲ့ကြတာတွေ အကျိုးရှိခဲ့ပြီပဲ” ဟု ပြောလိုက်သည်။
မုကျိရွှမ်း၏ မျက်နှာသည် နီရဲသွားသည်။ လူ တွေအများကြီးရှေ့မှာ လုချန်း တိုက်ရိုက်ပြောဆိုနေခြင်းဖြစ်သည်။
ထိုအခိုက် မုကျိရွှမ်းက “မင်းသား၊ နှမတော်တာဝန်မထမ်းဆောင်နိုင်တော့ပါဘူး” ဟု ပြောလိုက်သည်။
လုချန်းက “မပူပါနဲ့၊ နှမတော်ရဲ့တာဝန်က လောလောဆယ် နားနေပြီး ကလေးကို ဂရုစိုက်ဖို့ပါ” ဟု ပြန်လည်ပြောလိုက်သည်။
ထို့နောက် မုကျိရွှမ်းက
“မင်းသား၊ ဘယ်တော့လောက်မှ ရှောင်ရှောင်
နှင့် ယိုယိုကို ကျွန်မတို့ အိမ်တော်ထဲ တရားဝင် ခေါ်ယူမှာလဲ။” ဟု မေးလိုက်သည်။
ကျောင်းရှောင်ရှောင်နှင့် ယိုယိုတို့သည် လုချန်း၏ အမျိုးသမီးများ ဖြစ်နေပြီဖြစ်သော်လည်း မင်္ဂလာဆောင်ကိုတော့ ကျင်းပရခြင်း မရှိသေးပေ။ မင်းသားသည် မောင်းမများအဖြစ် တရားဝင် ယူမည်ဖြစ်သောကြောင့် မင်္ဂလာပွဲကို ကျင်းပရန် အမှန်တကယ် လိုအပ်သည်။ ခဏမျှ စဉ်းစားပြီးနောက် လုချန်းက “နှစ်ရက်သုံးရက်အတွင်း ကျင်းပပါမယ်” ဟု အကြောင်းပြန်လိုက်သည်။
မုကျိရွှမ်း ပြုံးရွှင်စွာဖြင့်
“မောင်းမတော်တွေက ဒီကိစ္စကို စီစဉ်နိုင်ပါ့မလား” ဟု မေးလိုက်သည်။
လုချန်းက “နှမတော် ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စကို နှမတော်ပဲ တာဝန်ယူပေးပါ” ဟု ပြောလိုက်သည်။
လုချန်းနှင့် မုကျိရွှမ်းတို့၏ ချစ်ကြည်ရင်းနှီးမှုကို တွေ့မြင်ရသောအခါ ချူးယုချင်စိတ်ထဲ မသက်သာချင်ဖြစ်မိသည်။ ထို့နောက် သူမလည်း တိတ်ဆိတ်စွာဖြင့် အခန်းထဲမှ ထွက်သွားလိုက်သည်။
ယခင်က လုချန်း၏ ဘေးတွင် သူမရှိခဲ့သည်။ ယခုအခါ မိဖုရား ရှိလာပြီးနောက် သူမအား ထပ်မံမလိုအပ်တော့သလို ထင်မြင်ရသဖြင့် စိတ်ဓာတ်ကျသွားခြင်းလည်းဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် မင်းသားကမောင်းမများကို လက်ထပ်ယူမည့် သတင်းများက မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှတဆင့် ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကို ကြားသောအခါ မြောက်ပိုင်းမြို့တော်မှ အာဏာပိုင်များသည်လည်း လက်ဆောင်ပစ္စည်းများ ပြင်ဆင်လာကြသည်။
ပန်းတစ်ရာ ဂေဟာတွင်ဖြစ်သည် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်နားတွင် ထိုင်နေပြီး ဆူညံနေသော လူအုပ်စုကို အဝေးမှ ငေးကြည့်နေသည်။
အနီရောင်ဝတ်စုံက လျော့ရဲနေသဖြင့် သူမ၏ ဖြူနုသော လည်ပင်းနှင့် လင်းလက်တောက်ပနေသော အသားအရေတို့ကို တစ်စိတ်တစ်ပိုင်းကို ပေါ်လွင်နေစေသည်။ မြင်ရုံနှင့် သတိထားမိကာ စွဲလန်းတက်မက်သွားစေမည့် မြင်ကွင်းမျိုးဖြစ်သည်။
သူမ၏ အလွန်လှပသော မျက်နှာက တစ်စုံတစ်ရာ အပြစ်အနာအဆာ မရှိပါ။ သူမ၏ ပါးနှစ်ဖက်က ရဲနေပြီး ငယ်ရွယ်နုပျိုမှု၏ အရောင်အသွေးများ ထုတ်လွှတ်နေသည်။
အမျိုးသမီးက သူမ၏ နှုတ်ခမ်းကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး သူမ၏ မက်မုံပွင့်ရောင် မျက်လုံးများက ဆွဲဆောင်မှုတစ်မျိုးကို ကိုယ်စားပြုစွာဖြင့် သူမ၏ ညှို့ဓာတ်စွမ်းအားကို တိုးမြှင့်ပေးနေသည်။
သူမ၏ ဆံပင်ကို ထိပ်တွင် မြင့်မြင့် ထုံးထားပြီး ဖီးနစ်ဆံထိုးဖြင့် ချည်နှောင်ထားကာ ဘေးဘက်မှ ရှည်လျားနက်မှောင်သော ဆံကေသာ များက ပခုံးပေါ်သို့ ရေတံခွန်တစ်ခုလို ကျဆင်းနေပြီး သူမ၏ ကော့ကော့ညွှတ်ညွှတ် ခန္ဓာကိုယ်သည် သူမ၏ ဆွဲဆောင်မှုကို ပိုမိုစေသည်။
ထိုအခိုက်တွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာပြီး ကန့်လန့်ကာ နောက်မှ “သူတော်စင်မ ဆရာက တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး မြောက်ပိုင်းမြို့တော်က မြန်နိုင်သမျှ မြန်မြန် ထွက်ခွာစေချင်ပါတယ်။ ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသော် အနီရောင်ဝတ် အမျိုးသမီးက အေးစက်စက် ရယ်မောလိုက်၏။ သူမ၏ အသံသည် တောငှက်၏ တေးသီချင်းကဲ့သို့ ကြည်လင်ပြီး နားဝင်ချိုလှသည်။
“မြောက်ပိုင်းစားမင်းသားက သူ့စံအိမ်ထဲမှာပဲ ပုန်းနေတာ။ ပြီးတော့ ထိပ်သီးပညာရှင်က သူ၏ သူ့နားက ထွက်သွားပြီလားဆိုတာ အတည်မပြုနိုင်သေးဘူး။ ဒီတာဝန် ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် ကိစ္စက မလွယ်ကူပါဘူး။” ဟု ပြန်ပြောလိုက်သည်။
“မင်းသားရဲ့ အမိန့်လို့ ကျောင်းအုပ်ဆရာက ပြောပါတယ်။ သူလည်း ဘာမှ မတတ်နိုင်ပါဘူး။ အကူအညီလိုလျှင် တောင်းဆိုပါ။” ဟု ကန့်လန့်ကာ အပြင်မှ မိန်းမက ပြောလိုက်၏။
ထိုအခါ ဝမ်ချင်းစီက
“မေ့လိုက်ပါ။ သူ့ကို ပြောလိုက်ပါ ကျွန်မမြောက်ပိုင်းစားမင်းသားနဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးကို အမြန်ဆုံး ရှာပါမယ်လို့။ သူကျွန်မကို လောဖို့မလိုပါဘူး။”
ယခုအချိန်တွင် ဝမ်ချင်းစီ စိတ်တိုနေမိသည်။ မြောက်ပိုင်းစားမင်းသားကို ချဉ်းကပ်ရန် ရည်ရွယ်ချက်ဖြင့် ရန်ခရိုင်သို့ လွန်ခဲ့သည့် နှစ်အကြာက ရောက်လာခဲ့သည်။ သူမကိုယ်တိုင်လည်း အထက်တန်းစား အပျော်မယ်ဟန် ဆောင် ထားခဲ့သည်။ သို့သော် မြောက်ပိုင်းစားမင်းသားသည် ရန်ခရိုင်သို့ ရောက်ရှိလာပြီးနောက် ပန်းတစ်ရာ ဂေဟာသို့ တစ်ကြိမ်တစ်ခါမှ ရောက်လာခြင်း မရှိသေးပေ။
လူတွေက မြောက်ပိုင်းစားမင်းသားသည် ပညာမဲ့ပြီး စည်းစိမ်ခံရခြင်းကို နှစ်သက်သူဖြစ်ကြောင်း၊ အပျော်မယ် ဂေဟာများကို လျှို့ဝှက်စွာ သွားလေ့ရှိကြောင်း ပြောဆိုကြသည်။
သို့သော် သူသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် အခြားလူတစ်ယောက်လိုမျိုး ပြောင်းလဲသွားသလို ဖြစ်နေသည်။ စံအိမ်ထဲတွင်သာ ရှိနေပြီး အခြားဘယ်ကိုမှ သွားခြင်းမရှိပေ။
ဝမ်ချင်းစီသည်လည်း သူမ၏လူများကို မင်းသား၏ စံအိမ်သို့ ထောက်လှမ်းရန် စေလွှတ်ခဲ့သော်လည်း စောင့်ကြပ်သူများ များပြားလွန်းပြီး ချူးယုချင်က ကိုယ်တိုင် တာဝန်ယူထားသောကြောင့် သူမ၏လူများ ထိုးဖောက်ဝင်နိုင်ရောက်ရန်မှာ အလွန်ခက်ခဲသည်။
အခုဆိုလျှင် သူတို့အုပ်စု မင်းသား၏ စံအိမ်အတွင်းမှာ မည်သည့်အခြေအနေ ရှိနေသည်ကိုပင် မသိရှိနိုင်တော့ပေ။
ထိုအခိုက်တွင် ပြတင်းပေါက်ပြင်ပမှ အပြာရောင်ငှက်ကလေးတစ်ကောင် ပျံဝင်လာပြီး ဝမ်ချင်းစီ၏ အရှေ့တွင် နားလိုက်သည်။ ဝမ်ချင်းစီက ငှက်ကိုချက်ချင်း ဖမ်းလိုက်ပြီး ငှက်၏ခြေထောက်မှ စာရွက်ကို ဖြုတ်ယူလိုက်သည်။
စာကို ဖတ်ပြီးနောက် ဝမ်ချင်းစီက ကျက်သရေရှိစွာ ပြုံးလိုက်၏။ ကြည့်ရတာ သူတို့၏ ထောက်လှမ်းမှု မမှားပါ။ မြောက်ပိုင်းစားမင်းသား၏ အားနည်းချက်မှာ မိန်းမလှများဖြစ်သည်။ သူသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း မောင်းမများ ယူနေပြီဖြစ်သည်။
သူမအတွက်တော့ ဒီကိစ္စက သတင်းကောင်းတစ်ရပ်ဖြစ်သည်။ သူမ မင်းသား၏ စံအိမ်သို့ သွားရောက်ရန် နည်းလမ်းတစ်ခုကို ရှာဖွေရမည်ဖြစ်ပြီး မြောက်ပိုင်းစားမင်းသား၏ အာရုံကို သူမဖမ်းစားနိုင်ပါက အကြံအောင်မည်ဖြစ်သည်။
အလှအပ ထောင်ခြောက်သည် သူမ၏ အကောင်းဆုံးလက်နက်ဖြစ်သည်။ ပိုမိုတိကျစွာပြောရလျှင် လုပ်ကြံသတ်ဖြတ်မှုနှင့် ဆိုင်သောကိစ္စများတွင် ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ဖြစ်၏။ ယနေ့သည် လုချန်းက မောင်းမနှစ်ယောက်ကို ယူမည့်နေ့ဖြစ်သည်။ အိမ်တော်ကို မီးပုံးများဖြင့် တောက်ပစွာ တန်ဆာဆင်ထားပြီး လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသော ဧည့်သည်များလည်း အဆက်မပြတ် ရောက်ရှိလာနေသည်။
ယခု မောင်းမများကို လက်ထပ်ယူသည့်အခမ်းအနားအတွက် စီစဉ်မှုအားလုံးကို မုကျိရွှမ်းက တာဝန်ယူခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းမြို့တော်ရှိ အာဏာပိုင်များ အကြီးအကဲများအားလုံးသည် မင်းသား၏ စံအိမ်မှ ဖိတ်ကြားမှုကို ခံခဲ့ကြရသည်။
မုကျိရွှမ်းက ထိုအခွင့်အရေးကို အသုံးချကာ ဆပ်ပြာများကို အရောင်းမြှင့်တင်လိုသဖြင့် မြောက်ပိုင်းမြို့တော်ရှိ အာဏာပိုင်များအားလုံးကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
လက်ဆောင်များကို လက်ခံရရှိနေစဉ် လုချန်းသည် သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်နေပြီး အာဏာပိုင်များ၏ လက်ဆောင်ပေးပို့သော တင်ပြချက်များကို နားထောင်နေသည်။ ထို့အပြင် မင်္ဂလာဆောင်ပွဲသို့ တက်ရောက်လာသော အမျိုးသမီးများကိုလည်း ကြည့်ရှုနေရသည်။
ရှားမင်းဆက်တွင် မထိမ်းမြှားရသေးသော အမျိုးသမီးများသည် အခြားသူများ၏ မင်္ဂလာဆောင်ပွဲသို့ သွားရောက်ခြင်း ထုံးစံ မရှိပါ။ သို့သော် ယနေ့တွင်တော့ အများစုက မထိမ်းမြှားရသေးသော သူတို့၏ သမီးများကို ခေါ်ဆောင်လာကြသည်။ မင်းသား၏ စိတ်ဝင်စားမှုကို ရယူရန် မျှော်လင့်ချက်ဖြင့် ခေါ်ဆောင်လာကြခြင်း ဖြစ်သည်။
သို့သော် လူအုပ်ကို ကြည့်ရှုပြီးနောက် ရမှတ် ကိုးဆယ်ကျော်သော အမျိုးသမီးကို တစ်ဦးတစ်ယောက်မှ လုချန်း မတွေ့ရှိခဲ့ရပေ။
လုချန်းသည် တွေးမိလိုက်သည်။
“ရန်ခရိုင်သည် တကယ်ကို သေးလွန်းပြီး ဆင်းရဲလွန်းတယ်။ ရမှတ် ကိုးဆယ်ကျော်တဲ့ အမျိုးသမီးတောင် ဒီလောက်ရှားတယ်။”
လုချန်း လက်လျှော့လုနီးပါး ဖြစ်လာချိန်တွင်ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ့၏ အကြည့်များကို ဖမ်းစားလိုက်သည်။
[အမည် - ဝမ်ချင်းစီ]
[အဆင့် - သိုင်းပညာအဆင့် ကိုး၊ တောင်ပိုင်းဝမ်မိသားစု၏ မွေးစားသမီး၊ မြူကျောင်းတော်၏ သူတော်စင်မ၊ ပန်းတစ်ရာ ဂေဟာ၏ ယာယီအုပ်ချုပ်သူ။ မြောက်ပိုင်းစားမင်းသားကို လုပ်ကြံရန် ရည်ရွယ်ချက်ဖြင့် မြောက်ပိုင်းစားမင်းသား၏ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခြင်းဖြစ်သည်။ သူမသည် သူမ၏ အလှတရားကို အသုံးပြု၍ မင်းသား၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် စီစဉ်ထားသည်။]
[ရမှတ် - ၉၅]
[နှစ်သက်မှု - ၀]
ထိုအချက်အလက်များကို မြင်လိုက်သောအခါ လုချန်းသည် ခဏတာမျှ အံ့အားသင့်သွားသည်။ သိုင်းပညာရှင်အဆင့် ကိုးရှိသော လုပ်ကြံသူတစ်ဦး ဤပွဲသို့ ထိုးဖောက်ဝင်ရောက်လာမည်ဟု လုချန်း မျှော်လင့်မထားပေ။
ဟုတ်ပါသည်။ မမှန်ပါ။ သူမက ထိုးဖောက်ဝင်ရောက်ခြင်း မဟုတ်ဘဲ သူမက ပေါ်ပေါ်ထင်ထင် လမ်းလျှောက်ဝင်လာခြင်းဖြစ်သည်။ ဝမ်ချင်းစီ၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန်၊ ချောမွေ့ပြည့်ဝသော ပခုံးသားများနှင့် ဖြူနုသော အသားအရေကို မြင်လိုက်သောအခါ လုချန်းတစ်ယောက် အနည်းငယ် မူးဝေလာသလိုပင် ခံစားရသည်။
ရမှတ် ကိုးဆယ်ငါးရှိသော အမျိုးသမီးကို တွေ့ရှိရခြင်းက ရှားပါးသောကိစ္စဖြစ်သည်။ သို့သော်သူမက လုပ်ကြံသူတစ်ဦး ဖြစ်နေသည်။ ဘယ်လိုကံဆိုးမျိုးပါလိမ့်။
ရမှတ် ကိုးဆယ်ငါးရှိသော အမျိုးသမီးကို ရှာဖွေရခြင်းက လွယ်ကူသောကိစ္စမဟုတ်ပေ။ ဤဆွဲဆောင်မှုရှိသော ပန်းကလေးကိုမည်သို့မည်ပုံ ရရှိနိုင်ပြီး သူမအား သားသမီးများ မွေးဖွားစေနိုင်မည်နည်း။
ထိုသို့ တွေးတောမိပြီး လုချန်းသည် စိတ်ကူးထဲ နစ်မြုပ်သွား၏။
နဂါးဖီးနစ်ပင်သည် ပေါက်ရောက်နေပြီးဖြစ်သည်။ နောက်ပိုင်းတွင် နဂါးဖီးနစ်ပင်၏ အရွက်များဖြင့် ကျိုထားသော လက်ဖက်ရည်၏ သက်ရောက်မှုကို စမ်းသပ်ရမည်ဖြစ်သည်။ နဂါးဇာမဏိ လက်ဖက်ရည်က အကျိုးသက်ရောက်မှုရှိပါက ဝမ်ချင်းစီ၏ ကိုယ်ပိုင်လက္ခဏာများ ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုသို့ တွေးတောမိသောအခါ လုချန်း၏ နှုတ်ခမ်းကွေးညွှတ်ပြီး ပြုံးသွား၏။ တစ်ခါတစ်ရံတွင် မုဆိုးသည် သားကောင်၏ ပုံစံဖြင့် ပေါ်လာတတ်သည်။
........
အခန်း ၁၅
ချူးယုချင်အား လှည့်ဖြားခြင်း _၁
ထိုအချိန်တွင် ဝမ်ချင်းစီကလည်း လုချန်းကို သတိထားမိသွားသည်။ သူမသည် သူ့အတွက် သီးသန့် ရောက်ရှိလာခြင်းသာ ဖြစ်သည်။
မြောက်ပိုင်းစားမင်းသားက သူမကို ပြုံး၍ကြည့်နေသည်ကို တွေ့မြင်ရသောအခါ ဝမ်ချင်းစီသည် အလွန် ဝမ်းမြောက်သွားခဲ့သည်။ ကြည့်ရတာ သူမ၏ အကြံအစည် တစ်ဝက် အောင်မြင်သွားပြီဖြစ်သည်။ သူမသည် မြောက်ပိုင်းစားမင်းသားကို ဖမ်းစားနိုင်ခဲ့ပြီဖြစ်သည်။
အခု သူမလုပ်ရန် လိုအပ်သည်မှာ တိတ်တိတ်လေး စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ မကြာမီပင် မြောက်ပိုင်းစားမင်းသားက သူမကိုလာရှာလိမ့်မည်ဟု သူမယုံကြည်သည်။ သူမ၏ အလှတရားကို သူမယုံကြည်မှုရှိသည်။
ခဏကြာတော့ ဝမ်ချင်းစီကလည်း လုချန်းအား ပြန်လည်ပြုံးပြလိုက်သည်။ မင်္ဂလာဆောင် စားသောက်ပွဲ ပြီးဆုံးသွားသောအခါ လုချန်းက ချက်ချင်းထွက်သွားပြီး မုကျိရွှမ်းကတော့ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်လာသော အမျိုးသမီးများနှင့် စကားစမြည် ပြောဆိုရန် ကျန်ရစ်ခဲ့သည်။
လုချန်းသည် ကျောင်းရှောင်ရှောင်နှင့် ဆက်သွယ်ပြီးခံစားချက်များ ဖလှယ်ခဲ့ဖူးပြီးတာ ကြာလှပြီ ဖြစ်သောကြောင့် မင်္ဂလာအခန်းဆီသို့ သွားရန် အလျင်မလိုပါ။ အခု သူက နဂါးဖီးနစ်ပင် စိုက်ထားသော ခြံမြေဆီသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။
နဂါးဖီးနစ်ပင်ကို စိုက်ပျိုးခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသော်လည်း အပင်က လုချန်း၏ ခါးအထိ ပေါက်ရောက် ကြီးထွားနေပြီဖြစ်သည်။ သို့သော် နဂါးဖီးနစ်ပင်သည် အခြားသာမန်သစ်ပင်များနှင့် ကွဲပြားခြားနားမှု မရှိပေ။
လုချန်းသည် နဂါးဖီးနစ်ပင်မှ အရွက်အနည်းငယ်ကို ခူးယူပြီး မင်္ဂလာဆောင်ခန်းမ၌ရှိသော ကျောင်းညီအမအတွက် လက်ဖက်ရည်ကျိုချက်ရန် စဉ်းစားထားခြင်းဖြစ်သည်။
ထိုအချိန်တွင် ချူးယုချင် ခြံထဲသို့ ရောက်လာခဲ့သည်။
လုချန်းသည် ဧည့်သည်များကို လက်ခံစကား ပြောနေခြင်း မရှိသလို ကျောင်းညီအစ်မအား ရှာဖွေနေခြင်းလည်း မရှိပဲ ဤခြံဝင်းထဲကို ပြေးလွှားလာပြီး သစ်ပင်ကို ကြည့်ရှုနေသည်ကို တွေ့မြင်ရသောအခါ ချူးယုချင်က
“ချန်းလေး၊ ဘာတွေလုပ်နေတာလဲ။ ကျောင်းရှောင်ရှောင်တို့ကို ဘာလို့ မရှာတော့တာလဲ။” ဟု အံ့ဩဟန်ဖြင့် မေးလိုက်သည်။
ချူးယုချင်၏ အသံကို ကြားသောအခါ လုချန်းသည် လန့်သွား၏။ ထို့နောက် သူသည် ခေါင်းကို လှည့်၍ သူမကို ကြည့်လိုက်သည်။ ထိုစဉ် သူ၏ စိတ်ထဲတွင် အကြံဥာဏ်တစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လုချန်းက စိတ်ထဲမှ စနစ်ကို မေးမြန်းလိုက်သည်။
“စနစ်၊ နဂါးဖီးနစ်လက်ဖက်ရည်ကို အမျိုးသမီးတစ်ဦးက သောက်ပြီးရင် သူမက ငါ့အပေါ် မှီခိုလာပြီး ငါ့ကို စွန့်ခွာမသွားနိုင်တော့ဘူးဆိုတာ ဟုတ်မဟုတ် ပြောပါ။”
[ဟုတ်ပါတယ်။]
[ထို့အပြင် နဂါးဇာမဏိီလက်ဖက်ရည်ကို သောက်ပြီးနောက် ထိုအမျိုးသမီးသည် သခင့်အား အန္တရယ် ပြုနိုင်တော့မည် မဟုတ်ပါ။ ထို့ပြင် သခင်က သူတို့ရဲ့ ကိုယ်ခန္ဓာကို ထိမိပါက သူတို့ရဲ့အားအင် ဆုံးရှုံးသွားပါလိမ့်မည်။]
[သို့သော် နဂါးဇာမဏိီလက်ဖက်ရည်ကို သောက်သုံးသော အမျိုးသမီးသည် သခင့်အပေါ် နှစ်သက်မှုရှိပါက သူမ၏ စွမ်းအားများ အတိုင်းအတာတစ်ခုအထိ တိုးတက်လာနိုင်ပါသည်။]
စနစ်၏ ပြန်လည်ပြောကြားမှုကို ကြားသောအခါ လုချန်းသည် အံ့အားသင့်သွားသည်။ နဂါးဇာမဏိီလက်ဖက်ရည်သည် အမျိုးသမီးများကို သူ့အပေါ် တွယ်ကပ်စေနိုင်မည်ဟုသာ ထင်မြင်ခဲ့သည်။ သူတို့၏ စွမ်းအားကိုလည်း တိုးတက်စေနိုင်သည်ဟု မထင်မြင်ခဲ့ပေ။
ချူးယုချင်သည် သူ့အပေါ် နှစ်သက်မှုများစွာ ရှိသောကြောင့် နဂါးဇာမဏိီလက်ဖက်ရည်ကို ပိုမိုသောက်သုံးပါက သူမ၏ စွမ်းအား အများကြီး တိုးတက်လာမည်ဖြစ်သည်။
ထိုသို့ တွေးတောမိပြီးနောက် လုချန်းက ပြုံးလိုက်ပြီး
“မလိုပါဘူး။ အခုက နေ့ခင်းပဲ ရှိသေးတယ်။ ဘာလို့ သူတို့ကို ရှာရမှာလဲ။ ဒေါ်လေးချူးက ကျွန်တော့်ကို ဘာလို့သူတို့ကို ရှာခိုင်းနေတာလဲ။ဧကန္တ ဒေါ်လေးက ကျွန်တော့်ကို ... ဟိုဟာ... လုပ်စခိုင်းမလို့လား” ဟု ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် လုချန်းကို နားမလည်သလို ကြည့်လိုက်ပြီး
“ဘာတွေ တွေးနေတာလဲ။ ဒေါ်လေးက မင်းနဲ့ ညီမနှစ်ယောက် စကားပြောဖို့ လို့ပဲ ပြောတာ။ အခုမင်းတို့က လက်ထပ်ထားကြပြီလေ။”
ထိုအခိုက်တွင် လုချန်း၏ လက်ထဲတွင် ကိုင်ထားသော နဂါးဖီးနစ်ပင် အရွက်တွေကို တွေတော့ ချူးယုချင်က စူးစမ်းလိုက်သည်။
“ချန်းလေး။ သစ်ပင်က အရွက်တွေနဲ့ ဘာလုပ်မလို့လဲ။”
လုချန်းသည် ချူးယုချင်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပတ်ဝန်းကျင်ကို သေချာအကဲခတ် ကြည့်ရှုလိုက်ပြီး သတိထားသော လေသံဖြင့်
“ဒေါ်လေးချူး။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။” ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ချူးယုချင်၏ မျက်လုံးများ လင်းလက်သွားသည်။ သူမ ချက်ချင်း စိတ်ဝင်စားသွား၏။ အခုနောက်ပိုင်း လုချန်းဆိီမှာ လျှို့ဝှက်ချက် တွေ ရှိနေတာ သူမ သိရှိခဲ့ရသည်။ သူမက ထိုအကြောင်းများကို မေးမြန်းသည့် အခါတိုင်း လုချန်းသည် သူလူကြီးဖြစ်လာပြီ ဖြစ်သောကြောင့် ပြောပြလိုခြင်း မရှိကြောင်း ဆင်ခြေပေးသည်။ ထို့ကြောင့် လုချန်းသည် သူမကို ဒေါ်လေးအဖြစ် မသတ်မှတ်တော့ဘူးလာဟုပင် သူမ သံသယဖြစ်မိသည်။
ယနေ့တွင် လုချန်းက သူမနှင့် လျှို့ဝှက်ချက်တစ်ခုကို မျှဝေလိုသောကြောင့် သူမ ထိုလျှို့ဝှက်ချက်ကို နားထောင်လိုသည်။ လုချန်းသည် ဘယ်လို လျှို့ဝှက်ချက်ကို ဖွင့်ဟလာမလဲဆိုတာကို သူမ စိတ်ဝင်စားနေသည်။ ထိုအချိန်တွင် လုချန်းသည် သူ၏ အိပ်ခန်းသို့ ဦးတည်သွားနေပြီး ချူးယုချင်ကလည်း ချက်ချင်း လိုက်သွားသည်။
သူ၏အခန်းထဲသို့ ရောက်ရှိသောအခါ လုချန်းသည် သူကိုင်ထားသော အရွက်များကို စားပွဲပေါ်ရှိ လက်ဖက်ခွက်ထဲသို့ ထည့်လိုက်သည်။ လုချန်း၏ လုပ်ရပ်ကို တွေ့မြင်ရသောအခါ ချူးယုချင်လည်း ပို၍ပင် စိတ်ဝင်စားလာတော့သည်။ လုချန်းသည် ဘာကိုလုပ်နေသည်ကို သူမ သိချင်လာသည်။
ခဏအကြာတွင် လုချန်းက သူကျိုချက်ထားသော နဂါးဖီးနစ်လက်ဖက်ရည်ကို ခရမ်းရောင် ကြွေခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
“ဒေါ်လေးချူး၊ ဒီလက်ဖက်ရည်ရဲ့ အရသာကို စမ်းကြည့်ပါလား” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင် ခဏခန့် ငြိမ်သက်သွားပြီး မယုံကြည်နိုင်သလိုမျိုး မေးလိုက်သည်။
“ချန်းလေး။ မင်းကဒါကို လျှို့ဝှက်ချက်လို့ ပြောတာလား။”
လုချန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
“ဒေါ်လေးချူး သောက်ကြည့်လိုက်ရင် ကျွန်တော်ပြောချင်တဲ့ လျှို့ဝှက်ချက်ကို နားလည်လိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် လုချန်းသည် စားပွဲပေါ်ရှိ ခရမ်းရောင်ရှိ ကြွေခွက်ကို ကိုင်လိုက်ပြီး နဂါးဖီးနစ်လက်ဖက်ရည်ကို ချက်ချင်း သောက်ချလိုက်သည်။
လုချန်း သောက်သုံးသည်ကို တွေ့မြင်ရသောအခါ ချူးယုချင် ခဏတာမျှ တွန့်ဆုတ်သွားသော်လည်း သူမ၏ ရှေ့ရှိ ခရမ်းရောင် ကြွေခွက်ကို ကိုင်လိုက်ပြီး နဂါးဖီးနစ်လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း ငုံသောက်လိုက်သည်။
အနည်းငယ်မျှ သောက်ပြီးနောက် သူမ၏ ရင်ထဲတွင် အေးမြသော ခံစားချက်များ ချက်ချင်း စီးဝင်လာသည်။ ထို့နောက် ချူးယုချင်သည် သူမ၏ ကိုယ်ထဲတွင်ရှိသော စွမ်းအားများ တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ရှိလိုက်သည်။
သူမ၏ သိုင်းအဆင့်သည် အဆင့်ကိုးတွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆင့်ထပ်မံတိုးတက်လာရန် ခက်ခဲမည်ဟု သူမ ထင်မြင်ခဲ့သည်။ သို့သော် အံ့ဩစရာကောင်းသည်က ထို လက်ဖက်ရည် အနည်းငယ် သောက်လိုက်ရုံနှင့် ကိုသူမ၏ ကျင့်စဉ်အဆင့်ကို ကန့်သတ်ထားသည့် အတားအဆီးများ ဖြေလျှော့လာသည်။
ထို့နောက် ချူးယုချင်သည် ခွက်ထဲရှိ နဂါးဖီးနစ် လက်ဖက်ရည်ကို ချက်ချင်း သောက်ချလိုက်ပြီး လုချန်းကို စိုက်ကြည့်လိုက်သည်။
“ချန်းလေး။ ဒေါ်လေးထင်တာ မမှားဘူးဆိုရင် ဒီအရွက်တွေက ခြံဝန်းအလယ်မှာ စိုက်ထားတဲ့ သစ်ပင်က မဟုတ်လား။”
ချူးယုချင်သည် လုချန်း ခြံဝင်းအလယ်ရှိ သစ်ပင်ကို အလွန်စိတ်ဝင်စားနေသည်ကို သတိထားမိခဲ့တာ ကြာပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် လုချန်းက နေ့တိုင်း ထိုသစ်ပင်ကို ကိုယ်တိုင် ရေလောင်းနေကြောင့် သူမသည် အမြဲတမ်း စိတ်ဝင်စားနေခဲ့ခြင်းသည်။
ထိုသစ်ပင်မှ အရွက်များသည် တကယ်ပင် စွမ်းအားများ တိုးတက်စေနိုင်သည်ဟု သိရှိရသောအခါ ချူးယုချင် အံ့ဩမှင်သက်သွားရ တော့သည်။
အမှန်တကယ်ကို မယုံကြည်နိုင်စရာဖြစ်သည်။
လုချန်းက ချူးယုချင်၏ မေးခွန်းကို တိုက်ရိုက် မဖြေပဲ ပြန်မေးလိုက်သည်။
“ဒေါ်လေးချူး၊ အခု ဘယ်လိုခံစားရလဲ။”
ချူးယုချင်က သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်လိုက်၏။ ထို့နောက် သူမ၏ ကိုယ်ထဲတွင် စွမ်းအင်များ ပြန့်နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ချူးယုချင် မျက်လုံးများကို ဖွင့်လိုက်သောအခါ သူမကိုယ်သူမပင် မယုံကြည်နိုင်။ သူမသည် တကယ်ပင် ထိပ်သီးပညာရှင်အဆင့်သို့ တစ်ဝက်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိပ်သီးအဆင့်သို့ ရောက်ရှိရန်ကတော့ လိုပါသေးသည်။ သို့သော် ဤအရာက အနည်းဆုံးတော့ သူမကို မျှော်လင့်ချက်တစ်ခု ပေးခဲ့သည်။ ထိုအခါမှ လုချန်းက ရှင်းပြလိုက်သည်။
“ဒေါ်လေးချူး၊ ခြံဝင်းအလယ်က အပင်ကို နဂါးဖီးနစ်ပင်လို့ ခေါ်တယ်။ အဲ့ဒီအပင်ရဲ့ အရွက်နဲ့ လက်ဖက်ရည်ကျိုသောက်ရင် သိုင်းပညာရှင် တွေအတွက် စွမ်းအားတက်လာနိုင်တယ်။” ဟု ပြောလိုက်သည်။
လုချန်းက အပင်၏အကြောင်း တစ်စိတ်တစ်ပိုင်းကိုသာ ပြောပြလိုက်ခြင်းဖြစ်သည်။ နဂါးဖီးနစ် လက်ဖက်ရည်၏ အခြားသော အသုံးဝင်မှုများနှင့် ပတ်သက်၍တော့ လုချန်းသည် ချူးယုချင်ကို ပြောပြရန် မကြံစည်ထားပါ။ ချူးယုချင်၏ ပင်ကိုယ်စရိုက်က နူးညံ့သိမ်မွေ့၏။ ထို့ကြောင့် အစပိုင်းတွင် ဒီလောက်သာ ပြောပြသင့်သည်ဟု လုချန်းယူဆသည်။
လုချန်း၏ ရှင်းပြချက်ကို ကြားသောအခါ ချူးယုချင် အလွန်အံ့ဩသွားသည်။ သူမကိုယ်တိုင် နဂါးဖီးနစ် လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုကို ခံစားခဲ့ရပြီးဖြစ်သော်လည်း လုချန်း၏ ရှင်းပြချက်ကို ကြားသောအခါ ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားတော့သည်။
လုချန်းသည် သိုင်းပညာရှင်အဆင့် ကိုးရှိသူများကို ချက်ချင်းသေစေနိုင်သော လက်နက်တစ်ခု ထုတ်လုပ်နိုင်ခဲ့သည်။ ထို့အပြင် သူသည် ယခုအခါ စွမ်းအား တိုးတက်စေနိုင်သော သစ်ပင်ကို ရှာဖွေတွေ့ရှိပြန်သည်။
ထိုသတင်းများ အပြင်သို့ ပျံ့နှံ့သွားပါက သိုင်းလောကတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။ ထိုအခါတွင် မည်သည့်အဆင့်ရှိ ပညာရှင်များသစ်ပင်လုယူရန် မင်းသား၏ စံအိမ်ကို ရောက်ရှိလာမည်ကို မသိနိုင်ပါ။ ထိပ်သီးအဆင့်ရှိသူများပင် ထိုအပင်ကို စိတ်ဝင်စားလာနိုင်သည်။
ချူးယုချင်က ထိုအပင်ကို လုချန်းမည်သည့်နေရာမှ ရရှိသည်ကို မေးမြန်းရန် မစဉ်းစားပေ။ သူမ မေးမြန်းပါကလည်း အဖြေမရနိုင်သောကြောင့် ဖြစ်သည်။ ထိုစဉ် ချူးယုချင် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ချန်းလေး ဒီအပင်ရဲ့ အသုံးဝင်မှုကို သိတဲ့သူရှိသေးလား” ဟု မေးလိုက်သည်။
လုချန်းက ခေါင်းကို ခါလိုက်ပြီး “ဒေါ်လေးချူး တစ်ယောက်ပဲ သိပါတယ်။ အခြားဘယ်သူမှ မသိပါဘူး” ဟု ပြောလိုက်၏။
ချူးယုချင်က သတိပေးလိုက်သည်။
“ဒီအပင်ရဲ့ အကြောင်းကို အခြားဘယ်သူ့ကိုမပြောနဲ့။ မဟုတ်ရင် မြောက်ပိုင်းစားမင်းသား၏စံအိမ်မှာ ပြဿနာများကြီးကြီး ကြုံသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဒေါ်လေးလည်း မြောက်ပိုင်းစားမင်းသားစံအိမ်ကို ကာကွယ်နိုင်တော့မှာ မဟုတ်ဘူ” ဟု ပြောလိုက်သည်။
လုချန်းက “မပူပါနဲ့ ဒေါ်လေးချူး။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ကျွန်တော် သိပါတယ်။” ဟု ပြောလိုက်သည်။
ချူးယုချင်က “အင်းပါ၊ အခု ကျောင်းညီအစ်မနှစ်ယောက်ကို သွားတွေ့လိုက်ဦး။” ဟု ပြောလိုက်သည်။
လုချန်းက “အင်း” ဟု တိုးတိုးပြောလိုက်ပြီးနောက်
“ဒါဆိုလျှင် အခု ကျွန်တော် သွားတော့မယ်။”
သူ၏ အသံပျောက်ကွယ်သွားပြီးနောက် လုချန်းလှည့်ထွက်သွားလိုက်သည်။
မည်သည့်အကြောင်းကြောင့်မှန်းမသိ
လုချန်း၏ လမ်းလျှောက်ထွက်သွားသော အရပ်မြင့်မြင့် ပုံပန်းကို ကြည့်ရှုရင်း ချူးယုချင်၏စိတ်ထဲ စိတ်တည်ငြိမ်သလို ခံစားလိုက်ရသည်။
.........