← Chapters

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အခန်း (၁၆)

ဆုအတွက် ကျေးဇူးတင်ပါတယ် မင်းသား

သူ၏ ပင်မအဆောင်ဝင်းထဲမှ ထွက်ခွာပြီးနောက် လုချန်းသည် ကျောင်းရှောင်ရှောင်နှင့် သူမ၏ ညီမတို့၏ အဆောင်သို့သွားရန် စီစဉ်နေစဉ် မုကျိရွှမ်းသည် ဝမ်ချင်းစီကို ဦးဆောင်ကာ မင်းသား၏ စံအိမ်အနောက်ဖက်သို့ ဦးတည်သွားနေသည်ကို တွေ့မြင်လိုက်သည်။

လုချန်းလည်း စိတ်ဝင်စားသွားမိသည်။ မုကျိရွှမ်းသည် ထိုအမျိုးသမီးကို ဘာအကြောင်းကြောင့် ဒီနေရာကို ခေါ်ဆောင်လာရတာလဲ။ လုချန်း နဖူးတွန့်သွားသည်။ ဝမ်ချင်းစီသည် သူ့နှင့် နီးစပ်ရန် ရည်ရွယ်ချက်ဖြင့် မုကျိရွှမ်းကို လှည့်စားရန် ကြံစည်နေမည်ကို သူစိုးရိမ်သွားမိသည်။

ထိုသို့မဖြစ်သင့်ပါ။

ဤအမျိုးသမီးသည် သူ့အတွက် ရောက်ရှိလာခြင်းဖြစ်ပါက ပြဿနာလုံးဝ မရှိပါ။ သို့သော် ဝမ်ချင်းစီက မုကျိရွှမ်းကို ထိခိုက်စေပါက ပြဿနာရှိလာမည်ဖြစ်သည်။ မုကျိရွှမ်းတွင် ကိုယ်ဝန်ရှိနေသောကြောင့် ဖြစ်သည်။

ထိုသို့ တွေးတောမိပြီး လုချန်းသည်လည်း ချက်ချင်း လိုက်သွားလိုက်သည်။

လုချန်းသည် နောက်ဖက်ဥယျာဉ်ထဲသို့ ဝင်သွားသောအခါ အစေခံမလေး ရှောင်ရိုးက လက်ဖက်ရည်ကို ပြင်ဆင်နေခဲ့သည်။ လုချန်းက ချက်ချင်း သူမကို ရပ်တန့်စေပြီး

“ရှောင်ရိုး။နောက်ပိုင်း လက်ဖက်ရည်ကျိုချက်ရင် ဒီအရွက်တွေကို အသုံးပြုပါ။” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် လုချန်းက သူ၏လက်ထဲမှ အရွက်များကို ရှောင်ရိုးထံ ပေးလိုက်သည်။ ရှောင်ရိုးက‌တော့ ဘာမှသိပ်မတွေးပါ။ သူမသည် အစေခံတစ်ဦးသာ ဖြစ်သည်။

“ဟုတ်ကဲ့ပါ ၊ မင်းသား။”

နဂါးဇာမဏီအရွက်များကို ရှောင်ရိုးထံ ပေးအပ်ပြီးနောက် လုချန်း အနောက်ဖက် ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။ လုချန်းကို တွေ့မြင်ရသောအခါ ဝမ်ချင်းစီချက်ချင်းပင် ပီတိဖြာသွားသည်။ နောက်ဆုံးတွင်တော့ မြောက်ပိုင်းစားမင်းသားနှင့် နီးစပ်ရန် အခွင့်အရေးကို ရရှိခဲ့ပြီဖြစ်သည်။

သို့သော် သူမသည် အခုလောလောဆယ်တော့ မြောက်ပိုင်းစားမင်းသားကို တိုက်ခိုက်ရန် စိတ်ကူးမရှိပါ။

ဤတစ်ကြိမ်တွင် သူမသည် မြောက်ပိုင်းစားမင်းသားနှင့် နီးစပ်ရန် နှင့်သူမကို သတိထားမိစေရန် သာရည်ရွယ်သည်။ မင်းသား၏ စိတ်ထဲတွင် သူမ၏ ပုံရိပ်ကို ထင်ဟပ်စေရန် အရင်လုပ်ဆောင်ရမည်ဖြစ်သည်။

မြောက်ပိုင်းစားမင်းသား၏ ဘေးမှ ထိပ်သီးပညာရှင် ထွက်ခွာသွားပြီလား မသေချာသေးသောကြောင့် သူမ အလောတကြီး လှုပ်ရှားရန် စိတ်မကူးချေ။ မဟုတ်ပါက သူမ မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှ ထွက်ခွာ၍ မရနိုင်ဖြစ်သွားနိုင်သည်။

ထိုအခိုက် ဝမ်ချင်းစီက ချက်ချင်း ထရပ်လိုက်ပြီး ဦးညွှတ်လိုက်ကာ “သာမန်အရပ်သူက မင်းသားကို ဦးညွှတ်ပါသည်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက လုချန်း ရောက်လာသည်ကို တွေ့မြင်ရသောအခါ စူးစမ်းလိုက်သည်။

“မင်းသား၊ ကျောင်းညီအစ်မဆီကို ဘာလို့ မသွားတွေ့တာလဲ” ဟု မေးလိုက်သည်။

အမှန်တော့ လုချန်းသည် ကျောင်းရှောင်ရှောင်နှင့် ယိုယိုတို့ဆီသို့ သွားနေခြင်းဖြစ်သည်။ယနေ့သည် သူတို့၏ မင်္ဂလာဆောင်နေ့ဖြစ်သည်။ ထို့ကြောင့် သူသည် ထုံးတမ်းစဉ်လာများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် အခု သူက ဒီနေရာတွင် ရောက်နေသည်။

လုချန်းက ပြုံးလိုက်ပြီး

“အလျင်လိုစရာ မရှိပါဘူး။ ညနေကျမှ တွေ့ကြမှာပဲ။” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် လုချန်းသည် ဝမ်ချင်းစီကို ခေါင်းမှ ခြေထိ ကြည့်ရှုလိုက်သည်။ သူမ၏ ကိုယ်ပေါ်မှ ဆွဲဆောင်မှုရှိသော သင်းရနံ့များ ထွက်ပေါ်နေသည်။ သူမသည် တကယ်ပင် မြူစွယ်နိုင်သူတစ်ဦးဖြစ်သည်။

ထို့နောက် လုချန်းက “မင်းဘယ်သူလဲ” ဟု မေးလိုက်သည်။

ဝမ်ချင်းစီက ချက်ချင်းပင် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“မင်းသားကို ပြန်လည် ဖြေကြားပါတယ်။ ကျွန်တော်မျိုးမက ပန်းတစ်ရာဂေဟာမှ မယ်တစ်ဦးဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။

ထိုအခိုက် မုကျိရွှမ်းက “မင်းသား။ ဆပ်ပြာရဲ့ အရည်အသွေးကို သိရှိပြီး ဝမ်မိန်းက‌လေးက နှမတော်တို ဆပ်ပြာအစုံကို မှာယူလိုပါတယ်” ဟု ပြောလိုက်သည်။

လုချန်းက “ဪ။ သဘောပေါက်ပြီ” ဟု ပြောလိုက်သည်။

“ဆက်ပြောကြပါ၊ ကျုပ်ကို ဂရုမစိုက်ပါနဲ့” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် လုချန်းက တစ်ဖက်သို့လျှောက်သွားကာ အဆောင်၏ ဒေါင့်တစ်ရာတွင် ထိုင်လိုက်သည်။ ထိုစဉ် ရှောင်ရိုးက ကျိုချက်ပြီးသားနဂါးဖီးနစ် လက်ဖက်ရည်နှင့်အတူ ဥယျာဉ်ထဲသို့ ဝင်လာသည်။ ရှောင်ရိုးက သူတို့အားနဂါးဖီးနစ်လက်ဖက်ရည်ကို တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ထို့နောက် ဝမ်ချင်းစီက မုကျိရွှမ်းနှင့် ဆက်လက် ဆွေးနွေးလိုက်သည်။

“မိဖုရား။ ကျွန်မတို့ရဲ့ ပန်းတစ်ရာ ဂေဟာအတွက် ဆပ်ပြာအမြောက်အမြား မှာယူလိုပါတယ်။ မင်းသားစံအိမ်မှ ထုတ်လုပ်ပေးဖို့ အချိန်ဘယ်‌လောက်ကြာမလဲကို သိချင်ပါတယ်။” ဟု မေးလိုက်သည်။

ဝမ်ချင်းစီသည် ယခုအခါတွင် မုကျိရွှမ်းအား အာရုံမစိုက်တော့ပေ။ သို့သော် ပေါ်ပေါ်ထင်ထင်ကြီး ပြုမူခြင်းကလည်း မသင့်တော်သောကြောင့် စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးနေသကဲ့သို့ ဟန်ဆောင်လိုက်သည်။

“ဘယ်လောက်ပမာဏ လိုအပ်ပါသလဲ။” မုကျိရွှမ်းက မေးလိုက်သည်။

“အခုတစ်ထောင်လောက် လိုအပ်ပါတယ်” ဝမ်ချင်းစီက ပြန်ပြောလိုက်သည်။

မုကျိရွှမ်း အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့လုပ်ငန်းတွင် ထိုမျှလောက် များပြားသော ပမာဏကို ပထမဆုံးအကြိမ် အော်ဒါလက်ခံရရှိခြင်း ဖြစ်သည်။

“အဲ့ဒီလောက်တောင်လား။”

ဝမ်ချင်းစီသည် တစ်ချက်ပြုံးပြီးနောက် ရှင်းပြလိုက်သည်။

“ပန်းတစ်ရာ‌ေဂဟာက မယ်များအတွက် နေ့စဉ် ဆေးကြော လျှော်ဖွပ်ရမယ် အဝတ်အစားများ များစွာ ရှိပါတယ်။ အဲ့ဒီ အဝတ်အစားတွေကို လျှော်ဖွပ်ဖို့အတွက် ပန်းတစ်ရာဂေဟာက နေ့စဉ် မြို့ပြင်မှနေ ဆပ်ပြာသီးများကို အမြောက်အမြား ဝယ်ယူရပါတယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက စဉ်းစားလိုက်ပြီး သူမပြောတာ သဘာဝကျသည်ဟု ယူဆလိုက်လိုက်သည်။ ပျော်ပွဲစား ဂေဟာမှ အလှမယ်များ ညပိုင်း ဝတ်ဆင်ရသော အဝတ်အစားများသည် သန့်ရှင်းအောင် လျှော်ဖွပ်ရမည်ဖြစ်သောကြောင့် ဆပ်ပြာအမြောက်အမြား သုံးစွဲရမည်ဖြစ်သည်။

“နောင်တွင် ပန်းတစ်ရာ‌ ဂေဟာက မင်းသားစံအိမ်ရဲ့ အဓိကဖောက်သည်ပင် ဖြစ်လာနိုင်ပါလား” ဟု မုကျိရွှမ်း စဉ်းစားလိုက်သည်။

မုကျိရွှမ်းက ပထမဆုံးအကြိမ် ဆပ်ပြာအော်ဒါကြီးကြီးမားမား ရလိုက်ခြင်းအတွက် ပျော်ရွှင်နေစဉ် လုချန်း၏ မျက်ဝန်းများသည် အဆောင်နှင့် မဝေးလှသော နေရာတွင် ရှိနေသော ဝမ်ချင်းစီဆီကို ရောက်ရှိနေသည်ကို သတိထားမိလိုက်သည်။

မုကျိရွှမ်း ချက်ချင်း နားလည်လိုက်သည်။ လုချန်းသည် ဝမ်ချင်းစီအတွက် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် မုကျိရွှမ်းသည် ထိုအကြောင်းကို ထပ်၍မစဉ်းစားတော့ပေ။ လုချန်းသည် အလှတရားကို နှစ်သက်သူဖြစ်‌ကြောင်း သူမ သိရှိနေသည်။

ဝမ်ချင်းစီသည် ပန်းတစ်ရာ‌ ဂေဟာ၏ မယ်တစ်ဦးဖြစ်သည်။ သူမသည် ဆွဲဆောင်မှုရှိပြီး လှပသည်။ ထို့ကြောင့် လုချန်း စိတ်ဝင်စားမှုရှိသည်မှာ သဘာဝကျသည်။ ထိုအခိုက် ဝမ်ချင်းစီသည် စားပွဲပေါ်ရှိ လက်ဖက်ခွက်ကို ကိုင်လိုက်ပြီး အနည်းငယ် သောက်လိုက်သည်။

ထိုသို့ သောက်လိုက်သည်နှင့် ဝမ်ချင်းစီသည် သူမ၏ နှလုံးသားထဲသို့ အေးမြသော အရသာတစ်ခု ချက်ချင်း စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူမခဏခန့် အံ့အားသင့်သွားသည်။

“မိဖုရား၊ မင်းသားစံအိမ်တော်က လက်ဖက်ရည်ကို ဘယ်နေရာက ရရှိပါလဲ” ဝမ်ချင်းစီက မေးလိုက်၏။ထိုမေးခွန်းကို ကြားသောအခါ မုကျိရွှမ်းအနည်းငယ် အံ့အားသင့်သွားသည်။ ဝမ်ချင်းစီက ရုတ်တရက်ကြီး လက်ဖက်ရည်နှင့် ပတ်သက်သောစကား ပြောဆိုလာမည်ဟု သူမ မျှော်လင့်မထားပေ။

စိတ်ဝင်စားသွားပြီး မုကျိရွှမ်းလည်း စားပွဲပေါ်ရှိ လက်ဖက်ခွက်ကို ကိုင်လိုက်ပြီး နည်းနည်းသောက်လိုက်သည်။ ထို့နောက် သူမလည်း ဝမ်ချင်းစီက လက်ဖက်ရည်နှင့် ပတ်သက်၍ မေးမြန်းလာရသည့် အကြောင်းကို ချက်ချင်း နားလည်သွားတော့သည်။

မုကျိရွှမ်းသည် သူမ၏ဘေးတွင် ရှိနေသော ကျွန်မရှောင်ရိုးကို လှည့်ကြည့်လိုက်သည်။ “ရှောင်ရိုး၊ ဘယ်လက်ဖက်‌ကို ကျိုထားတာလဲ။ ငါအရင်က ဒီလက်ဖက်ရည်ကို တစ်ခါမှ မသောက်ဖူးပါဘူး” ဟု မေးလိုက်သည်။

ရှောင်ရိုး ပြန်မ‌ဖြေခင်မှာပင် မနီးမဝေးရှိ လုချန်းက

“မိဖုရား။ မောင်တော့်ခြံထဲက အပင်ကို မှတ်မိသေးလား” ဟု စတင်ပြောဆိုလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ လုချန်းက ဂရုတစိုက် စိုက်ပျိုးနေခဲ့သော အပင်ကို မုကျိရွှမ်း ချက်ချင်း သတိရသွားသည်။ ထိုအပင်ကို လုချန်းဘာ့ကြောင့် ထိုမျှ ဂရုစိုက်နေရသည်ကို သူမအမြဲတမ်း စိတ်ဝင်စားနေခဲ့သည်။ ထိုအပင်သည် ထူးခြားသော လက်ဖက်ရည်ပင်ဖြစ်ကြောင်း အခုမှ သူမသိရှိလိုက်ရသည်။

ထိုအခါ မုကျိရွှမ်းက “မင်းသား၊ ဒီထဲမှာ ထည့်ထားတဲ့ အရွက်တွေက အဲ့ဒီအပင်ကပါလား။” ဟု မေးလိုက်သည်။

လုချန်းက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပါတယ်။”

ထိုသို့ ပြောပြီးနောက် လုချန်း၏ အကြည့်များသည် ဝမ်ချင်းစီထံသို့ ကျရောက်သွားသည်။ လုချန်းက ပြုံးလိုက်ပြီး

“မိန်းကလေးဝမ်က‌ရော ဒီလက်ဖက်ရည်ကို ဘယ်လိုထင်လဲ။”

ဝမ်ချင်းစီက “ရနံ့သင်းပြီး ချိုမြိန်ပါတယ်။ လူကိုလန်းဆန်းစေပြီး အင်အားပြည့် စေပါတယ်။ ဒီလောက် အံ့သြဖို့‌ ကောင်းတဲ့ လက်ဖက်ရည်မျိုးကို အရင်က တစ်ခါမှ မသောက်ဖူးပါဘူး။” ဟု ပြန်လည်ပြောဆိုလိုက်သည်။

လုချန်းက “မိန်းကလေးဝမ် နှစ်သက်တယ်ဆိုရင် လတ်ဆတ်တဲ့ လက်ဖက်ရွက်တွေကို လက်ဆောင်ပေးလိုက်ပါမယ်” ဟု လုချန်းကပြောလိုက်သည်။

မြောက်ပိုင်းစားမင်းသားက သူမကို မျက်နှာလုပ်ဖို့ ဒီလက်ဖက်ရွက်တွေကို ပေးတာဟု ဝမ်ချင်းစီ တွက်ဆလိုက်သည်။ ဒီအတိုင်းဆိုရင် မကြာခင်မှာပဲ မြောက်ပိုင်းစားမင်းသား သူမရဲ့ အခန်းကို လာလည်တော့မည်ဖြစ်သည်။ ထိုအခါ သူမရဲ့ လုပ်ငန်းလည်း မကြာခင် ပြီးမြောက်အောင်မြင်သွားမည်ဖြစ်သည်။

ထိုသို့ တွေးတောမိသောအခါ ဝမ်ချင်းစီက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး

“မင်းသားရဲ့ လက်ဆောင်တော်ကို ဂုဏ်ယူစွာလက်ခံယူပါတယ်” ဟု ပြောလိုက်သည်။

“ရှောင်ရိုး၊ ငါ့ကို နေ့တိုင်း ရေလောင်းပေးနေတဲ့ အပင်ကနေ လတ်ဆတ်တဲ့ လက်ဖက်ရွက် နှစ်ခိုင်ကို ဝမ်မိန်းကလေးအတွက် သွားယူပေး။”လုချန်းက ရှောင်ရိုးအား ခိုင်းစေလိုက်သည်။

“ဟုတ်ကဲ့ ၊ မင်းသား။”

ရှောင်ရိုးသည် အနောက်ဖက်ခြံဝင်းဆီသို့ ထွက်ခွာသွားပြီး လက်ဖက်ရွက်များကို သွားခူးတော့သည်။ထို့နောက် ဝမ်ချင်းစီနှင့် မုကျိရွှမ်းတို့သည် ဆပ်ပြာ အရောင်းအဝယ်ကိစ္စကို ဆက်လက်ဆွေးနွေးကြသည်။

အော်ဒါ ပို့ဆောင်မည့်ရက်ကို သတ်မှတ်ပြီးနောက် ဝမ်ချင်းစီသည် ရှောင်ရိုးက ခူးယူလာသော လတ်ဆတ်သည့်နဂါးဖီးနစ်အရွက်များနှင့်အတူ မင်းသားစံအိမ်မှ ထွက်ခွာသွားသည်။

လုချန်း၏ မျက်လုံးများက ဝမ်ချင်းစီ ထွက်ခွာသွားသည့် ပုံပန်းသဏ္ဍန်ကို စိုက်ကြည့်နေသည်ကို တွေ့မြင်ရသောအခါ မုကျိရွှမ်းက လုချန်း၏ နံဘေးတွင် ထိုင်လိုက်ပြီး

“မင်းသား၊ မိန်းကလေးဝမ်ကို နှစ်သက်တယ်ဆိုရင် သူ့ကို ပန်းတစ်ရာ‌ေဂဟာက ဝယ်ယူဖို့အတွက် လူလွှတ်လိုက်ပါမယ်။ မိန်းကလေးဝမ်က လက်မထပ်ထားရသေးတဲ့ မိန်းမပျိုတစ်‌ ယောက် ဖြစ်နိုင်ပါသည်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းသည် အမျိုးသမီးများနှင့် ပတ်သက်သော ကိစ္စရပ်များကို သဘောထားကြီးနိုင်သူဖြစ်သည်။ သူမတွင် မနာလိုဝန်တိုစိတ်များ မရှိပါ။

ထိုစကားကို ကြားသောအခါ လုချန်းသည် သတိပြန်လည်လာသည်။ သူက သူ၏ ကြီးမားသော လက်များဖြင့် မုကျိရွှမ်း၏ ခါးကို ဖက်လိုက်ပြီး အားဖြင့်ဆွဲယူလိုက်ကာ သူ၏ ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ထို့နောက် လုချန်းသည် မုကျိရွှမ်း၏ နားနားသို့ ကပ်၍ နူးညံ့စွာပြောလိုက်သည်။

“နှမတော်။ သူကို့ သာမန် မယ်တစ်ဦးသာဖြစ်မယ်လို့ မထင်မိဘူး မဟုတ်လား။” ဟု ပြောလိုက်သည်။

လုချန်းသည် ဝမ်ချင်းစီ၏ သူရုပ်မှန်ကို သူမအား ဖွင့်ဟရန် စီစဉ်ထားသည်။ ဝမ်ချင်းစိီမှာ နောက်ကွယ်မှ အကြံအစည်များ ရှိနေသည် မဟုတ်ပါလား။ သူမ မုကျိရွှမ်းနှင့် အလွန်အမင်း ဆက်ဆံပါက မုကျိရွှမ်းအတွက် အန္တရာယ် ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဝမ်ချင်းစီ၏ သရုပ်မှန်ကို ပြောပြထားပြီး မုကျိရွှမ်းအား သတိထားစေတာက ပိုကောင်းသည်။

............

အခန်း (၁၇)

ထိပ်သီးပညာရှင်အဆင့်က သိပ်မခက်ပါ

လုချန်း၏စကားကို ကြားသောအခါ မုကျိရွှမ်းသည် ခဏမျှ ကြောင်သွားသည်။ သူမအမြင်တွင် ဝမ်ချင်းစီသည် သာမန်လူတစ်ယောက်သာဖြစ်သည်။ လုချန်းက ဆက်ပြောလိုက်သည်။

“သူက အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်။ မြူကျောင်းတော်ရဲ့ သူတော်စင်မ။”

မြူ‌ကျောင်းတော်က မည်သည့်အင်အားစုကို ကိုယ်စားပြုသည်ကို မုကျိရွှမ်း မသိပါ။ သို့သော် အဆင့်ကိုးသိုင်းပညာရှင်တစ်ဦးအနေဖြင့် ပန်းတစ်ရာဂေဟာကဲ့သို့သော နေရာတွင် ရောက်ရှိနေခြင်းက သာမန်အဖြစ်ရိုးဖြစ်စဉ်တစ်ခု‌တော့ မဟုတ်ပေ။ ထိုသို့သော နေရာတွင် ရောက်ရှိနေခြင်းသည် တစ်စုံတရာ ကြံစည်မှုတစ်ခုခု ပါဝင်နေသည်ဟု မုကျိရွှမ်း သဘောပေါက်လိုက်သည်။

ဝမ်းချင်းစီက သူမကိုချဉ်းကပ်လာသည့်ကိစ္စကို မုကျိရွှမ်း သံသယဖြစ်မိလိုက်သည်။ ဆပ်ပြာမှာယူမှုသည် အပေါ်ယံ အကြောင်းပြချက်သာဖြစ်ပြီး ရည်ရွယ်ချက် အစစ်အမှန်မှာ မင်းသားနှင့် နီးစပ်လိုခြင်းဖြစ်နိုင်သည်။

မုကျိရွှမ်းက အလျင်အမြန် ပြောလိုက်သည်။ “မင်းသား။ ကျွန်မ မသိနားမလည်စွာနှင့် ဝံပုလွေကို အိမ်ထဲသို့ ခေါ်လာမိပါတယ်။ ပြစ်ဒဏ်ခံယူရန် ဆန္ဒရှိပါတယ်။”

လုချန်းက လက်ကိုမြှောက်ကာ မုကျိရွှမ်း၏ နူးညံ့သောနှာခေါင်းကို ပွတ်သပ်လိုက်ရင်း

“မသိသူမှာ အပြစ်မရှိပါဘူး။” ဟု ပြောလိုက်သည်။

ထို့နောက် မုကျိရွှမ်းက

“မင်းသား သူနှင့် ပန်းတစ်ရာဂေဟာကို ဘယ်လိုကိုင်တွယ်ပါမလဲ” ဟု မေးလိုက်သည်။

လုချန်းက တိုက်ရိုက်မဖြေပဲ ကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကြည့်ကာ

“နှမတော်၊ ခုနကနဂါးဖီးနစ်လက်ဖက်ရည်ကို သောက်ပြီးနောက် ထူးခြားတဲ့ ခံစားချက်တစ်ခုခု ခံစားခဲ့ရသလား” ဟု ပြောလိုက်သည်။ မုကျိရွှမ်းက ခဏတာ စဉ်းစားလိုက်သည်။ ထူးခြားသောခံစားချက်ဟုတ်လား။

“နဂါးဇာမဏီလက်ဖက်ရည်ကို သောက်ပြီး လန်းဆန်းသွားသလို ခံစားရပါတယ်။”

လုချန်းက ဆက်လက်မေးလိုက်သည်။

“အခြားသော အရာတစ်ခုခု ရှိသေးသလား။ ဥပမာ ကိုယ်ထဲမှာ လှုပ်ရှားမှုတစ်ခုခု ခံစားရသလား” ဟုမေးလိုက်သည်။

သူကပြောနေရင်း မုကျိရွှမ်း၏ ဗိုက်ကို ပွတ်သပ်နေသဖြင့် သူမ၏ မျက်နှာ ချက်ချင်းနီရဲသွားပြီး လုချန်း မေးမြန်းနေသည်ကိုသဘောပေါက်သွားသည်။

“အခုလေးတင် နှမတော်တို့ရဲ့ မဂ်လာဦးညက ပုံရိပ်တွေ စိတ်ထဲတိုးဝင်လာပြီး ဆက်တိုက် ပေါ်လာနေပါတယ်။”

လုချန်းက

“အဲ့ဒါကနဂါးဖီးနစ်လက်ဖက်ရည်ရဲ့ အကျိုး သက်ရောက်မှုပဲ။” ဟု ပြောလိုက်သည်။

“မောင်တော့်ရဲ့ သွေးနှင့် ပြုစုပျိုးထောင်ထားတဲ့နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးတဲ့အမျိုးသမီးက မောင်တော်အ‌ပေါ် ချစ်ခင်နှစ်သက်မှု ဖြစ်စေတယ်။”

ယခုအခါ မုကျိရွှမ်း၏ သူ့အပေါ် နှစ်သက်မှုသည် ကိုးဆယ့်ငါးရာခိုင်အထိ ရောက်ရှိနေပြီဖြစ်သောကြောင့် လက်ဖက်ရည်၏ သက်ရောက်မှုကို သူမအား ဖုံးကွယ်စရာ မလိုတော့ပေ။ လုချန်း၏ စကားများကို ကြားသောအခါ မုကျိရွှမ်းသည် သူမ လုချန်းနှင့် နီးစပ်လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်လာရခြင်းမှာနဂါးဖီးနစ်လက်ဖက်ရည်၏ သက်ရောက်မှုကြောင့်ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ထိုအခိုက်တွင် မုကျိရွှမ်းသည် ဝမ်းချင်းစီ ထွက်ခွာခါနီးတွင်ပြီး လုချန်းက သူမအားနဂါးဖီးနစ်လက်ဖက်ရည် နှစ်ခိုင် ပေးခဲ့သည်ကို သတိရသွားသည်။

မုကျိရွှမ်းက

“မင်းသား ဝမ်းချင်စီကိုနဂါးဖီးနစ်လက်ဖက်ရည် ပေးလိုက်တာ သူ့စီက နှစ်သက်မှုကို ရရှိလိုလို့လား။” ဟု မေးလိုက်သည်။

“မြူကျောင်းတော်က ထူးချွန်တဲ့ အဆင့်ကိုး အလှမယ်တစ်ယောက်ကို မောင်တော့်ဆီ စေလွှတ်လာတာကို ဘာလို့များ ငြင်းပယ်ရမှာလဲ။” လုချန်းက ပြန်လည်ဖြေကြားလိုက်သည်။

မုကျိရွှမ်းက

“ အဆင့်ကိုး ပညာရှင်ကို မကြာမီ ရရှိတော့မည် ဖြစ်သောကြောင့် ဂုဏ်ပြုပါတယ် မင်းသား” ဟု ပြောလိုက်သည်။

လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး ဘာမှထပ် မပြောတော့ပေ။

…

မုကျိရွှမ်းနှင့်အတူ အဆောင်ငယ်ထဲတွင် နွေးထွေးသော အချိန်တစ်ချို့ကို ကုန်ဆုံးပြီးနောက် လုချန်း အနည်းငယ် ပင်ပန်းသွားပြီး မြောက်ပိုင်း အဆောင်ဘက်သို့ ဦးတည်သွားလိုက်သည်။ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က သူတို့၏ အခန်းထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့သည် လုချန်း၏ အမျိုးသမီးများ ဖြစ်နေပြီဖြစ်သော်လည်း လုချန်း၏ ရောက်လာမှာကို တမ်းတနေကြဆဲ ဖြစ်သည်။

အဓိကဇနီးမောင်နှံ လက်ထပ်ခြင်းနှင့်မတူဘဲ မောင်းမများယူခြင်းသည် လိုက်နာရမည့် ဓလေ့ထုံးစံ နည်းပါးသောကြောင့် ဧည့်ခံပွဲပြီးနောက် အဓိကကိစ္စကို ဆောင်ရွက်နိုင်သည်။ လုချန်းသည် အခန်းထဲသို့ ဝင်လာပြီးနောက် ညီအစ်မနှစ်ယောက် ကုတင်ပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ လုချန်းကနဂါးဖီးနစ်လက်ဖက်ရည်ကို ကျိုလိုက်ပြီး သူတို့အား “ရှောင်ရှောင်၊ ယိုယို၊ လာခဲ့ကြ၊ ကိုယ်ပြုတ်ထားတဲ့ လက်ဖက်ရည်ကို သောက်ကြည့်ကြ” ဟု ပြောလိုက်သည်။

ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် အခုလို အချိန်မျိုးတွင် လုချန်းက သူတို့အား ဘာကြောင့် လက်ဖက်ရည်သောက်စေချင်ကို မသိပေ။ သို့သော် လုချန်းသည် မင်းသားတစ်ပါးဖြစ်သောကြောင့် သူတို့ အနေနှင့် နာခံရုံသာ လိုအပ်သည်။

ထို့နောက် ညီအစ်မနှစ်ယောက် စားပွဲဆီသို့လာပြီး လက်ဖက်ရည်ခွက်များကို ယူလိုက်ကာနဂါးဖီးနစ်လက်ဖက်ရည်ကို တစ်ငုံစီ သောက်လိုက်ကြသည်။ လက်ဖက်ရည်ကို သောက်ပြီးနောက် ကျောင်းရှောင်ရှောင်က အံ့ဩစွာ မေးလိုက်သည်။ “မင်းသား။ ဒီလိုမျိုး ချိုမြိန် မွှေးကြိုင်တဲ့ လက်ဖက်ရည်က ဘာလက်ဖက်ရည်လဲ။ ဟုစူးစမ်းလိုက်သည်။

လုချန်းသည် ကျောင်းရှောင်ရှောင်၏ သေးသွယ်သောခါးကို ဖက်ထားလိုက်ပြီး

“ဒါကနဂါးဖီးနစ်လက်ဖက်ရည်လို့‌ ခေါ်တယ်။ ခဏနေရင် ကိုယ်တို့ကို အာရုံပိုစိုက်နိုင် အောင်ကူညီပေးလိမ့်မယ်။” ဟု ဖြေကြားလိုက်သည်။

ညီအစ်မနှစ်ဦး၏ မျက်နှာများလည်း ချက်ချင်း နီရဲသွားကြသည်။ သို့သော် လုချန်းက ဘာမှမလုပ်သေးပေ။ သူမသောက်ရသေးပဲ ကျန်ရှိနေသေးသော ဆေးလုံးတစ်လုံးကို သတိရမိသွားသောကြောင့်ဖြစ်သည်။

သူ၏ ကနဦးလက်ဆောင်ထုပ်ထဲတွင် ကျားနဂါးဆေးလုံးတစ်လုံး ပါဝင်ပြီး ဆေး၏ရည်ရွယ်ချက်မှာ သူ၏စွမ်းဆောင်ရည် အားကို တိုးမြှင့်ပေးခြင်းဖြစ်သည်။ ယခင်ကတော့ လိုအပ်မှု မရှိခဲ့သောကြောင့် ထိုဆေးကို လုချန်းမသောက်ရသေးပါ။ ပထမအဆင့် သိုင်းပညာရှင်ဖြစ်သည်နှင့်အမျှ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များသည် ပုံမှန်လူသားများထက် များစွာ သာလွန်ပြီး မုကျိရွှမ်းကဲ့သို့သော နူးညံ့သည့် အမျိုးသမီးများကို ကိုင်တွယ်ရာတွင် ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော် ဆေးလုံးက မသုံးစွဲရပဲ ကျန်ရှိနေမည်ဖြစ်သည်။ ဆေး၏ သက်ရောက်မှုကလည်း ယာယီမဟုတ်ပါ။ အမြဲတည်တံ့နိုင်သည်။ ယခုအချိန်တွင် သူသုံးစွဲသင့်သည်။ ထိုသို့ စဉ်းစားပြီးနောက် လုချန်းသည် စနစ်ဆီမှ ကျားနဂါးဆေးလုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်တော့သည်။ ကျားနဂါးဆေးလုံး၏ အရသာသည် ထူးခြားသော အရာတစ်ခုမဟုတ်ပေ။ သကြားခဲစားရသကဲ့သို့ပင်။

ကျားနဂါးဆေးလုံးကို မြိုချပြီးနောက် လုချန်းသည် ဘာကိုမှ မခံစားရပေ။ လုချန်းသည် အနည်းငယ် အံ့ဩသွားမိသည်။ ဆေးလုံးက သက်တမ်းကုန်သွားပြီလား။ ကနဦးလက်ဆောင်ထုပ်ထဲမှ ပါလာသောကြောင့် အချိန်က နှစ်လကြာ သွားပြီဖြစ်သည်။

လုချန်း ထိုသို့ စဉ်းစားနေစဉ် ကျောင်းရှောင်ရှောင်နှင့် သူမ၏ညီမ ယိုယိုတို့၏ ကိုယ်သင်းအနံ့သည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး နောက်ခဏတွင် လုချန်းသည် သူ၏ အတွင်းအားဓာတ်များ တိုးမြင့်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပူပြင်းလာသည်။

လုချန်းသည် မျက်ခုံးတွန့်သွားမိသည်။ ထိုဆေးကို သူလျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် လုချန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရုန်းကန်ထကြွနေမှုများကို သက်သာစေရန် ကျောင်းညီအစ်မနှစ်ဦး၏ အကူအညီကိုသာ အားကိုးရတော့သည်။

…

[သခင်သည် ဇနီးများနှင့် ချစ်ခင်မှု တစ်ကြိမ် ပျိုးထောင်ခဲ့သည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံရမှတ် ၁၀ တိုးမြင့်လာပြီး ပထမအဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့သည်။ သခင်၏ စွမ်းအားသည် စတုတ္ထအဆင့်သို့ ရောက်ရှိလာပါသည်။]

[သခင်သည် ဇနီးများနှင့် ချစ်ခင်မှု တစ်ကြိမ် ပျိုးထောင်ခဲ့သည်။ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား အတွေ့အကြုံရမှတ်များ ၁၀ တိုးမြင့်လာပြီး သခင်သည် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို ဖွင့်လှစ်နိုင်ခဲ့သည်။]

[ကျောင်းရှောင်ရှောင်ကို ကိုယ်ဝန်ရစေနိုင်ခဲ့သည့်အတွက် သခင့်အား ဂုဏ်ပြုပါတယ်။ အိမ်ရှင်သည် ရေမွှေးပြုလုပ်နည်းကို ရရှိခဲ့ပါတယ်။]

[ကိုယ်ဝန်ဆောင်ခြင်းဆုသည် အားပေးမှုဆုဖြစ်သည်။ ကလေး ဘေးရန်ကင်းလွတ်စွာ မွေးဖွားနိုင်ရန် သခင် ကြိုးစားပါ။ သားသမီးရရှိခြင်းဆုများသည် ပိုမိုများပြားပါလိမ့်မည်။]

စနစ်မှ အသိပေးချက်များစွာ ပေါ်လာသောကြောင့် တည်ငြိမ်သက်သာသွားတာ မကြာ‌သေးသော လုချန်းလည်း ပြန်လည်၍ စိတ်လှုပ်ရှား သွားတော့သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ပိုမိုပေါ့ပါးလာပြီး အင်အားများ တိုးလာသလို ခံစားရသည်။

ကျောင်းညီအစ်မနှစ်ဦးသာ အိပ်မပျော်သေးပါက သူတို့နှင့် ချစ်ခင်မှုကို ဆက်လက် ပြုစုပျိုးထောင်လို သေးသည်။ ထို့နောက် လုချန်းသည် သူ၏ စနစ်ကို ဖွင့်ကာ သူ၏ လက်ရှိအခြေအနေကို စစ်ဆေးလိုက်သည်။

စနစ်ရှင် - လုချန်း

စွမ်းအား- စတုတ္ထအဆင့်

ကျင့်စဉ်နည်း - အတွင်းအားမန္တာန်ကျင့်စဉ် [ပထမအဆင့်]၊ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား [ယခုမှ ဖွင့်လှစ်]

တန်ခိုးစွမ်းအား - မရှိ

လက်နက်များ - သဲကန္တာရသိမ်းငှက်သေနတ်၊ ဘာရတ်သေနတ်၊ လက်ပစ်ဗုံး

သားသမီး - မရှိ

အတွင်းအားမန္တာန်ကျင့်စဉ် နောက်တွင် “ပထမအဆင့်” ဟူသော စကားလုံးများကို တွေ့မြင်သောအခါ လုချန်းသည် အတွင်းအားမန္တာန်ကျင့်စဉ်၏ ပထမအဆင့်ကို ကျော်ဖြတ်ခြင်းဖြင့် သူ၏ သိုင်းစွမ်းအားသည် ပထမအဆင့်မှ စတုတ္ထအဆင့်သို့ တိုက်ရိုက် ခုန်ကျော်သွားခဲ့သည်။

အတွင်းအားမန္တာန်ကျင့်စဉ်၏ ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးပါကက ထိပ်သီးပညာရှင်ပင် ဖြစ်လာမလား မပြောတတ်ပါ။ အတွင်းအားမန္တာန်ကျင့်စဉ်၏ ဆယ်ခုမြောက်အဆင့်သို့ ရောက်ရှိသွားရင်ကော သူသည် ထာဝရတန်ခိုးရှင် ဖြစ်လာနိုင်မည်လား။

လုချန်းသည် နောင်တွင် ထာဝရတန်ခိုးရှင် ဖြစ်လာမည်ဟု စိတ်ကူးယဉ်နေစဉ် စနစ်မှ သတိပေးချက် ပေါ်လာလိုက်သည်။

[ကျေးဇူးပြုပြီး လက်တွေ့ကျပါသခင်။ အလွန်အမင်း စိတ်ကူးမယဉ်ပါနှင့်။ ဒီကမ္ဘာမှာ ထာဝရ တန်ခိုရှင် မွေးဖွားဖို့ မဖြစ်နိုင်ပါဘူး။]

စနစ်၏ သတိပေးချက်ကို ကြားသောအခါ လုချန်းသည် ခဏတာ အတွေးတန့်သွားသည်။ သို့သော် သူထိုကိစ္စကို သိပ်ဂရုမစိုက်ပါ။ ထာဝရတန်ခိုးရှင် ဖြစ်မလာနိုင်လည်း ပြဿနာမရှိပါ။] အတွင်းအားမန္တာန်ကျင့်စဉ်မှတစ်ဆင့် သူ၏သိုင်းပညာကို မြှင့်တင်ခြင်းက ပုံမှန် လေ့ကျင့်ခြင်းထက် ပိုမိုမြန်ဆန်သည်။

အတွင်းအားမန္တာန်ကျင့်စဉ်၏ ပထမအဆင့်ကို တစ်ခုတည်းကို မြှင့်တင်ပြီးတာတောင် သူသည် စတုတ္ထအဆင့်သို့ ရောက်ရှိလာခဲ့သည်။ အတွင်းအားမန္တာန်ကျင့်စဉ်၏ ဒုတိယအဆင့်သို့ ရောက်ရှိပါက သူသည် ထိပ်သီးပညာရှင်အဆင့်နှင့် နီးကပ်လာမည်ဖြစ်သည်။

သို့သော် ဤလောကတွင် ထိပ်သီးပညာရှင် ဖြစ်လာခြင်းသည်ပင်လျှင် သူ့အား သိုင်းပညာရှင်အများစုထက် ပိုမိုအစွမ်းထက်စေမည်ဖြစ်သည်။

လုချန်းသည် သူ၏ သဲကန္တာရသိမ်းငှက်သေနတ်ဖြင့် အဆင့်ကိုး သိုင်းပညာရှင်ကို တစ်ချက်တည်းနှင့် သေစေနိုင်ခဲ့သည်ကို သဘောပေါက်သောအခါ ထိပ်သီးပညာရှင် ဖြစ်လာရန်သည်လည်း သိပ်ကြီးမားသော အရေးကိစ္စ‌တော့ မဟုတ်ဟု ခံစားမိသည်။

နောက်ဆုံးတွင် သေနတ်၏ အရှေ့ရောက်ပါက အားလုံး တန်းတူညီမျှပင် ဖြစ်သည်။ သူ၏စွမ်းအားသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးသည့် အရာသာ ဖြစ်ပြီး အခြားဘာမှ မပိုပေ။

.................

အခန်း (၁၈) မောင်းမယူခြင်းနှင့်ပက်သက်သည့် လုချန်း၏ သဘောထား

မဟာရှနိုင်ငံတော် နေပြည်တော်ရှိ စားသောက်ဆိုင်တစ်ခု လက်ရှိအချိန်တွင် လုရှုယွမ်သည် မျက်နှာကို ပဝါဖြင့် ဖုံးထားသော အမျိုးသမီးတစ်ဦးနှင့် ကျောပေးထား၏။ လုရှုယွမ်က သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အဝေးရှိ အဆောင်ငယ်ကို ငေးကြည့်နေလေသည်။ အချိန်တစ်ခု ကြာသောအခါ လုရှုယွမ်က စကားစ ပြောလိုက်သည်။

“ဒီလောက်ကြာတာတောင် ခင်ဗျားတို့ မြူ ကျောင်းတော်က လှုပ်ရှားမှုမရှိသေးပါလား။ ခင်ဗျားတို့ကို ထောက်ပံ့တာ ကျုပ်အတွက် အကျိုးရှိရဲ့လား ဆိုတာတောင် သံသယဝင်လာတယ်” ဟု ဆိုလိုက်၏။

လုရှုယွမ်၏ အနောက်မှ အမျိုးသမီးက ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြောကြားလိုက်သည်။

“မင်းသား၊ သူ‌တော်စင်မက မြောက်ပိုင်းစားမင်းသားနှင့် ဆက်သွယ်ပြီးဖြစ်ပါတယ်။ ထိပ်သီးပညာရှင်က မြောက်ပိုင်းစားမင်းသားရဲ့ စံအိမ်မှ ထွက်သွားတာကို အတည်ပြုပြီးတာနဲ့ ချက်ချင်းလှုပ်ရှားသွားမှာ ဖြစ်ပါတယ်။ သူတော်စင်မ လုပ်ငန်းတာဝန်ကို အမြန်ဆုံးပြီးမြောက်နိုင်လိမ့်မည်ဟု ကျွန်တော်မျိုးမ ယုံကြည်ပါတယ်။”

“အမြန်ဆုံးတဲ့လား။ တိကျတဲ့ အချိန်သတ်မှတ်ချက်တစ်ခု ကျုပ်လိုချင်တယ်။”လုရှုယွမ်က ခပ်တည်တည်နှင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ အမျိုးသမီးလည်း တိတ်ဆိတ်သွားပြီး စကားမဆက်တော့ပေ။ ထိုအချိန်တွင် အမျိုးသားတစ်ဦးသည် အခန်းထဲသို့ ဝင်လာသည်။

“မင်းသား၊ သွေးလဝန်းရဲတိုက်က သဘောတူပါတယ်။ ဒါပေမဲ့ သူတို့က နဂိုတုန်းကထက် ငါးဆ ဈေးပို တောင်းဆိုလာပါတယ်။ ဒါပေမဲ့ သူတို့က ဒီတစ်ကြိမ်တော့ ဒုရဲတိုက်မှုးကိုပါ စေလွှတ်မယ်လို့ ဆိုပါတယ်။” ဟု ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လုရှုယွမ်၏ စိတ်ထဲမှ ဒေါသမီး အနည်းငယ် ငြိမ်းသွားလေသည်။

အစက သူသည် သွေးလဝန်းရဲတိုက်ကို ဆက်လက် အသုံးပြုရန် မစဉ်းစားခဲ့ပေ။ အကြောင်းမှာ သူတို့သည် ယခင်က လုပ်ကြံမှုကို ပျက်ကွက်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် သူထောက်ပံ့ထားသော မြူ‌ကျောင်းတော်တွင်လည်း မြောက်ပိုင်းမြို့တော်၌ လူများရှိသည်။ ထို့ကြောင့် သူသည် မြူကျောင်းတော်မှ လူများကိုသာ လုပ်ဆောင်စေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အခုတလောတွင် နောက်ပိုင်းတွင် နန်းတွင်း၌ အိမ်ရှေ့စံနေရာကို ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့သည်။ ထို့ကြောင့် လုရှုယွမ်လည်း အရေးကြီးလာမှုကို ခံစားလာရသည်။ သူသည် ချူးမိသားစု၏ ထောက်ခံမှုကို အမြန်ဆုံး ရရှိရန် လိုအပ်လာခဲ့သည်။

ချူးမိသားစု၏ ထောက်ခံမှုကို ရရှိခြင်းသည် တောင်ပိုင်းအာဏာရှိများ၏ ထောက်ပံ့မှုကို ရရှိပြီးသားဖြစ်သွားမည်ဖြစ်ပြီး သူ၏အိမ်ရှေ့စံ ဖြစ်နိုင်ချေ အလွန်မြင့်မားလာမည်ဖြစ်သည်။

လုရှုယွမ်က နောက်ပိုင်းတွင် ချူးမိသားစုနှင့် ဆက်ဆံရေးထူထောင်ရန် လူများကို စေလွှတ်ခဲ့ သေးသည်။ သို့သော် ချူးမိသားစုက သူ့အား စိတ်ဝင်စားမှု မရှိဟု ယူဆရ၏။ ထို့ကြောင့် ချူးမိသားစုသည် သူ၏အသုံးမကျ‌သော ညီတော် အပေါ်တွင် မျှော်လင့်ချက် မကုန်သေးဟု လုရှုယွမ် ယူဆသည်။

သူ့အမြင်အရ လုချန်း၏ ဘေးတွင်ရှိသော ထိပ်သီးပညာရှင်ကိုလည်း ချူးမိသားစုက စေလွှတ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် လုချန်းကို ကာကွယ်ရန် ထိပ်သီးပညာရှင်တစ်ဦးကိုပင် စေလွှတ်ခဲ့ပါက သူတို့အနေဖြင့် မည်သို့မျှ လုချန်းကို စွန့်လွှတ်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် လုချန်းကို ဖယ်ရှားရမည်ဖြစ်သည်။

ထိုအချိန်တွင် လုရှုယွမ်က “သွေးလဝန်းရဲတိုက် ဒုရဲတိုက်မှုးက ဘယ်လောက်စွမ်းလဲ။” ဟု မေးလိုက်သည်။

လုရှုယွမ်၏ လက်အောက်ငယ်သားက ချက်ချင်းပင် ပြန်လည်ပြောလိုက်သည်။ “မင်းသား၊ သူသည် ထိပ်သီးပညာရှင်အဆင့်သို့ တစ်ဝက်ခန့် ရောက်ရှိနေပြီဟု ဆိုပါတယ်။”

လုရှုယွမ် ခဏစဉ်းစားလိုက်သည်။ လုချန်း၏ ဘေးတွင် ထိပ်သီးပညာရှင်သည် ရှိနေသေးသော်လည်း သွေးလဝန်းဒုရဲတိုက်မှုးက ထိန်းထားနိုင်မည်ဖြစ်သည်။ ထို့နောက် သွေးလဝန်းရဲတိုက်မှ အခြားသူများက ထိုအ‌ခြေအနေကို အခွင့်ကောင်းယူ အသုံးချကာ လုချန်းကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

ထို့ပြင် မြူ‌ကျောင်းတော်ကလည်း မြောက်ပိုင်းမြို့တော်သို့ ကျွမ်းကျင်သူများစွာ စေလွှတ်ခဲ့ပြီးဖြစ်သည်။ အများဆုံး လုချန်း၏ ဘေးတွင် ထိပ်သီးပညာရှင်တစ်ဦးနှင့် ချူးယုချင်တို့သာ ရှိနေမည်ဖြစ်သည်။

လီဖန်းကတော့ သတ္တမအဆင့်သာဖြစ်ပြီး တစ်စုံတစ်ရာ ခြိမ်းခြောက်မှု မရှိနိုင်ပေ။

“သွေးလဝန်းရဲတိုက်ကို သွားပြောလိုက်ပါ။ သူတို့ တောင်းဆို‌တဲ့ ဈေးကို ပေးမယ်။ ဒါပေမဲ့မြောက်ပိုင်းစားမင်းသားရဲ့ ဦးခေါင်းကို ငါမြင်ရမှရမယ်။” လုရှုယွမ်က အခန်းထဲရှိ အမျိုးသားကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသား။”

ထိုအမျိုးသားက ပြောပြီးချက်ချင်းပင် အခန်းထဲမှ ထွက်သွား၏။ အခန်းထဲတွင် မျက်နှာကို ပဝါဖြင့် ဖုံးထားသော အမျိုးသမီးတစ်ဦးသာ ကျန်ရစ်ခဲ့သည်။

ထို့နောက် လုရှုယွမ်က အမျိုးသမီးကို

“ဝမ်ချင်းစီဆီကို စာတစ်စောင် အမြန်ရေးသားပြီး သွေးလဝန်းရဲတိုက်နဲ့ လုပ်ကြံမှုမှာ ပူးပေါင်းညှိနှိုင်းဖို့ ပြောလိုက်ပါ။ သွေးလဝန်းရဲတိုက်က မြောက်ပိုင်းစားမင်းသားစံအိမ်က ထိပ်သီးပညာရှင်ကို ထိန်းထားတဲ့အချိန်မှာ မြူ‌ကျောင်းတော်က ချက်ချင်းလှုပ်ရှားရမယ်” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသား။”

ထိုသို့ပြောပြီးနောက် အမျိုးသမီးသည်လည်း အခန်းထဲမှ ထွက်သွားတော့သည်။

လုရှုယွမ်က သူ၏လက်ကို ပြတင်းပေါက် ဘောင်ပေါ်တင်ကာ နန်းတော်ဘက်သို့ ကြည့်နေပြီး သူ၏လက်ချောင်းများဖြင့် ပြတင်းပေါက်‌ဘောင်ကို အဆက်မပြတ် ပုတ်နေသည်။ ထို့နောက် သူဘာသာသူ တွေးတောနေမိသည်။

“ငါ့ညီအစ်ကိုကောင်း။ မင်းနေရာက စွန့်လွှတ်ဖို့ အချိန်ကျပြီ။”

…

နေပြည်တော်၊ မင်းသားလုရိ၏ စံအိမ်။

သူ၏လက်ထဲရှိ အချက်အလက်များကို ကြည့်ရှုလိုက်ပြီ မင်းသားလုရိိ၏ ရယ်မောသံ တစ်စွန်းတစ်စ ပေါ်ပေါက်လာသည်။

“ရှုယွမ်က အရမ်းရက်စက်ပါတယ်။ အခု ချန်းက မြောက်ပိုင်းမြို့တော်ကို ထွက်သွားပြီးတာတောင် သူ့ကို လွှတ်ပေးမှာမဟုတ်ဘူး။” ဟု ပြောလိုက်သည်။

ထိုအချိန်တွင် မင်းသားလုရိ၏ ဘေးတွင် ရှိသော အပြာဝတ်စုံဝတ်ဆင်ထားသော အမှုထမ်းတစ်ဦးက

“မင်းသား။ အခု ဘာဆက်လုပ်မယ် ရည်ရွယ်ထားပါသလဲ။” ဟု မေးလိုက်သည်။

လုရိက ခဏစဉ်းစားပြီး ပြန်လည်ပြောလိုက်သည်။

“အစပိုင်းမှာ ကျုပ်ထင်တာက ထိပ်သီးပညာရှင်တစ်ဦးက ချန်းကို ကာကွယ်နေတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့သွားရင် ရှုယွမ်က အခက်အခဲကို သိပြီး နောက်ဆုတ်သွားမည်ဟု ထင်ခဲ့တာ။ အခုကြည်ရတာတော့ ဒီနည်းဗျူဟာက အသုံးမဝင်တော့ဘူး။”

“ချန်း သေလို့မဖြစ်ဘူး။ သူသေရင် ကျုပ်ဘယ်လိုလုပ် ချူးမိသားစုနှင့် မဟာမိတ်ဖွဲ့နိုင်မှာလဲ။” ဟု လုရိက ဆိုလိုက်သည်။

လုရိနှင့် လုရှုယွမ်တို့သည် မိခင်ဘက်မှ မျိုးရိုး ကွဲပြားသည်နှင့်မမျှ ရပ်တည်ချက်များ ကွဲပြားပြီး လုပ်ဆောင်ချက်များလည်း ကွာခြားသည်။

လုရှုယွမ်က လုချန်းကို ဖယ်ရှားလိုခြင်းမှာ ချူးမိသားစုအား ရွေးချယ်စရာမရှိစေရန်ဖြစ်သည်။ အကြောင်းမှာ သူ၏မိခင်သည်လည်း တောင်ပိုင်းမင်းသားများမှ ဆင်းသက်လာသူဖြစ်သည်။ လုချန်းမရှိပါက ထိုတောင်ပိုင်း အာဏာပိုင်များသည် သူ့ကိုသာ အပြည့်အဝ ထောက်ခံရမည်ဖြစ်သည်။

တစ်ဖက်တွင်မူ လုရိကတော့ လုချန်းသည် ချူးမိသားစု၏ ခေါင်းဆောင် ချူးရှုံ၏ မြေးဖြစ်ကြောင်း သတိထားသည်။ ချူးမိသားစုသည် လုချန်းကို တကယ် စွန့်လွှတ်ရင်‌တောင်ချူးရှုံတွင် လုချန်းအပေါ် ကိုယ်ရေးကိုယ်တာ ခံစားချက်များ ရှိနေဦးမည်ဖြစ်သည်။ လုချန်းကို ဖယ်ရှားခြင်းသည် ချူးရှုံကို ထိပါးခြင်းနှင့် အတူတူပင်သည်။

ချူးမိသားစုသည် တောင်ပိုင်းအာဏာပိုင်များ၏ အကျိုးစီးပွားကြောင့် လုရှုယွမ်အား ထောက်ပံ့ရန် ချုပ်နှောင်ခံထားရလျှင်တောင် လုချန်း၏ အဖြစ်က ချူးရှုံ၏ နှလုံးသားထဲ ဆူးတစ်ခု စိုက်ထားသလို ဖြစ်နေမည်ဖြစ်သည်။

လုရိ လုပ်ဆောင်ရမည့်အရာမှာ အလွန်ရိုးရှင်းသည်။ သူသည် ချူးမိသားစုအား သူ၏ကောင်းမွန်သောစေတနာကို ပြသရမည်ဖြစ်သည်။ ဤနည်းဖြင့် ချူးမိသားစုနှင့် တခြားသော တောင်ပိုင်းအာဏာပိုင်များအကြား ပိုမို သွေးကွဲ စေမည်ဖြစ်သည်။

ထို့ကြောင့် လုရိ၏ ရပ်တည်ချက်က လုချန်းကို ကာကွယ်ရန် ဖြစ်လာခဲ့သည်။

ထို့ပြင် သူ၏အမြင်အရ လုချန်းသည် ပညာမဲ့ပြီး အရည်အချင်းမရှိသော မင်းသားတစ်ပါးသာဖြစ်ပြီး ထိုကဲ့သို့သော မင်းသားသည် သူ့ကိုပြိုင်ဆိုင်၍ အိမ်ရှေ့ရာထူးနေရာကို ခြိမ်းခြောက်နိုင်မှု မရှိပေ။

နောင်တွင် သူသည် ထီးနန်းကို တက်လှမ်းပါက တောင်ပိုင်းအာဏာပိုင်များ၏ ပြောဆိုခွင့်ရကိုယ်စားလှယ်သစ်အဖြစ် လုချန်းကို ထားနိုင်သည်။ ပညာမဲ့ပြီး အရည်အချင်းနည်းသော မင်းသားတစ်ပါးသည် တောင်ပိုင်းအာဏာပိုင်များ ထက် ထိန်းချုပ်ရန် များစွာလွယ်ကူသည်။

ထိုအချိန်တွင် လုရိက ဘေးတွင်ရှိသော အမှုထမ်းတစ်ဦးကို

“မိုးတုံပင်။ ခဏနေရင် ခင်ဗျားက သွေးလဝန်းရဲတိုက် ဒုတိယတိုက်မှုး မြောက်ပိုင်းမြို့တော်ကို သွားပြီဆိုတဲ့ သတင်းကို ဖြန့်လိုက်။” ဟု ပြောလိုက်သည်။

သွေးလဝန်းရဲတိုက် ဒုတိယတိုက်မှုး မြောက်ပိုင်းမြို့တော်သို့ သွားရောက်သည်ဟူသော သတင်းက လုရိကိုပင် လုချန်းတစ်ယောက် တကယ့်အန္တရာယ်ကြီးနှင့် ကြုံတွေ့နိုင်သည်ဟု စိုးရိမ်သွားစေသည်။

လုရိသူ့သာသာသူ တွေးလိုက်သည်

“ချန်းညီအစ်ကို၊ ငါလည်း ဒီလောက်ပဲ ကူညီနိုင်သည်တယ်။ အခုကစပြီး မင်းရဲ ကံကောင်းခြင်းပေါ်တွင် မူတည်တော့တယ်။”

…

ထိုအချိန်တွင် လုချန်းသည် နေပြည်တော်၌ ဖြစ်ပျက်နေသော ဖြစ်ရပ်များကို မသိရှိသေးပေ။ နောက်ပိုင်းကာလများတွင် သူသည် မြောက်ပိုင်းစားမင်းသား စံအိမ်တွင်သာ ဆက်လက်နေထိုင်ပြီး ကျောင်းယိုယိုနှင့် နေ့စဉ် ဆက်ဆံရေး ပျိုးထောင်ခဲ့သည်။

မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့သည် ကိုယ်ဝန်ဆောင်နေကြပြီး လုချန်းအား အဖော်ပြုရန် ယိုယိုတစ်ဦးတည်းသာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် သူမအတွက် အနည်းငယ် ခံရခက်ခဲခဲ့သည်။

လုချန်းသည် စတုတ္ထအဆင့် သိုင်းပညာရှင်ဖြစ်‌ နေပြီဖြစ်ပြီး ကျားနဂါးဆေးလုံးကိုလည်း သောက်သုံးထားပြီးဖြစ်သည်။ ထို့ကြောင့် အားနည်းသော အမျိုးသမီးဖြစ်သည့် ယိုယိုသည် သူ၏ ယှဉ်ပြိုင်ဘက် မဟုတ်ပေ။

မြောက်ပိုင်းအဆောင်ဝင်း။

မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့သည် အဆောင်ဝင်းဘက်သို့ လမ်းလျှောက်လာစဉ် ထိုကိစ္စကို ဆွေးနွေးနေကြသည်။

လုချန်း၏ ပေးသည့်နည်းအတိုင် ရေမွှေးအချို့ကို သူတို့ပြုလုပ်ပြီးဖြစ်သည်။ မြောက်ပိုင်းအဆောင်ဝင်းတွင် ပန်းများစွာ စိုက်ပျိုးထားပြီး သူတို့သည် ထိုပန်းများကို အသုံးပြုကာ ရေမွှေးအသစ်များ ဖန်တီးရန် စီစဉ်ထားသည်။

သို့သော် အဆောင်ဝင်းထဲသို့ ဝင်ရန် အလုပ်တွင်အဝေးရှိ အဆောင်ငယ်မှ အမျိုးသမီးတစ်ဦး၏ အသံကိုသဲ့သဲ့ ကြားလိုက်ရသည်။ အသံကတစ်ခါတစ်ရံ နိမ့်ပြီး တစ်ခါတစ်ရံ စူးရှပြင်းထန်သည်။

ထို့နောက် ယိုယို၏ နေ့စဉ်ဝေယျာဝစ္စများအတွက် တာဝန်ရှိသော ရံရွေတော်နှစ်ဦးသည် မုကျိရွှမ်းတို့ထံ ချဉ်းကပ်လာပြီး သူတို့၏မျက်နှာများလည်း ရဲနေသည်။

“မိဖုရားကို နှုတ်ဆက်ပါတယ်” ဟု ဆိုလိုက်သည်။

ထိုရံ‌ ရွေတော်နှစ်ဦး၏ မျက်နှာများ အလွန်ရဲနေသည်ကို တွေ့မြင်သောအခါ သူတို့လည်း ဖြစ်ပျက်ခဲ့သည့်အရာကို ချက်ချင်း နားလည်လိုက်သည်။

ထိုအချိန်တွင် ကျောင်းရှောင်ရှောင်က

“အစ်မ ယခု ညီမလည်း ကိုယ်ဝန်ဆောင်နေရပြီ။ မင်းသားအတွက် ယိုယိုတစ်ယောက်ပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ မင်းသားက အဲ့ဒီကိစ္စမှာ ပိုမိုပျော်မွေ့နေတယ် ထင်ရတယ်။ ယိုယိုတစ်ဦးတည်း ခံနိုင်မှာ မဟုတ်ဘူး။

သူမောင်းမတစ်ယောက် ထပ်ယူဖို့ ဆန္ဒရှိလားလို့ အစ်မ သွားမေးကြည့်ပါလား” ဟု တိုက်တွန်းလိုက်သည်။

ကျောင်းရှောင်ရှောင်က သူမသည် လုချန်း၏ မောင်းမတစ်ဦးသာဖြစ်ကြောင်း ကောင်းစွာသိသည်။ ထို့ကြောင့် မောင်းမထပ်ယူရန် သူတိုက်တွန်းရန် မသင့်တော်ပေ။ မုကျိရွှမ်းတစ်ဦးတည်းသာ ထိုကိစ္စကို ဆွေးနွေးနိုင်သည်။

မုကျိရွှမ်းက သဘောတူပါမလား သူမမသိပေ။ မုကျိရွှမ်းသည် မိဖုရားကြီးဖြစ်ပြီး မြောက်ပိုင်းစားမင်းသား၏ စံအိမ်၏ အိမ်ရှင်မဖြစ်သည်။

ကျောင်းရှောင်ရှောင်၏ အကြံပြုချက်ကို ကြားသောအခါ မုကျိရွှမ်းသည် တွေးတောလိုက်ပြီး “ညီမ၊ မောင်းမထပ်ယူဖို့ကို အစ်မ မင်းသားကို အစောပိုင်းကတည်းက ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သူက ဒီကိစ္စနှင့် ပတ်သက်ပြီး အရည်အသွေးကို အရည်အတွက်ထက်ပိုပြီး ဦးစားပေးတတ်တယ်လို့ ပြောတယ်။ သူက သာမန်အမျိုးသမီးတွေကို စိတ်မဝင်စားဘူ” ဟု ပြန်‌ဖြေလိုက်၏။

.........

All Chapters