အခန်း ၁၉-၂၁
Vol. 2 Ch. 19-21
အခန်း (၁၉)
ဝမ်ချင်းစီကို အနိုင်ယူရန် အချိန်ကျပြီ_၁
မုကျိရွှမ်းသည် လုချန်းမောင်းမယူသည့် ကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း သဘောထားကြီးတတ်ပြီး ဝန်တိုမှုလည်း မရှိတတ်ပါ။
သို့သော် လုချန်းကိုယ်တိုင်ကလည်း မောင်းမရွေးချယ်ခြင်းကိစ္စမှာ စံနှုန်းမြင့်မား၏။ မုကျိရွှမ်းအား ရှာဖွေရွေးချယ်စရာ မရှိတော့ပါ။
မုကျိရွှမ်း၏ စကားကို ကြားသောအခါ ကျောင်းရှောင်ရှောင်က မုကျိရွှမ်း၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“အစ်မ။ မင်းသားစံအိမ်မှာ မင်းသားရဲ့ စံချိန်နှင့် ကိုက်ညီတဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ခဏစဉ်းစားပြီး ချက်ချင်းပင် ကျောင်းရှောင်ရှောင် ဆိုလိုချင်သည့် အမျိုးသမီးကို သိလိုက်သည်။
မုကျိရွှမ်းက ခပ်တည်တည်နှင့်
“ရှောင်ရှောင်၊ ဒေါ်လေးချူး၏ ကိစ္စက ငါတို့ ဝင်ရောက်စွက်ဖက်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ဒီကိစ္စက မင်းသားနှင့် ဒေါ်လေးချူးတို့ရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်။” ဟု ဆိုလိုက်သည်။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ချူးယုချင်နှင့် လုချန်းတို့သည် ရှုပ်ထွေးသော ဆက်ဆံရေးရှိကြောင်း အားလုံးက သိရှိကြသည်။
လုချန်းသည် ချူးယုချင်ကို ကြည့်သည့်ပုံကိုကြည့်၍ လုချန်းက ချူးယုချင်ကို မက်မောကြောင်း လူတိုင်းပြောနိုင်သည်။
သို့သော် ချူးယုချင်၏ အဆင့်နှင့် အနေအထားက အလွန်ထူးခြားပြီး လုချန်းအတွက် သူမနှင့်အတူ နေထိုင်ရန် မလွယ်ကူပေ။
ချူးယုချင်သည် တစ်ကြိမ် လက်ထပ်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ခင်ပွန်းသည် သူတို့ လင်မယားအဖြစ် နေထိုင်ခြင်း မရှိသေးမီပင် သေဆုံးသွားသော်လည်း သူမသည် ထိုမိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး ယခု မုဆိုးမဖြစ်နေပြီဖြစ်သည်။
ချူးယုချင်သာ သာမန်မိသားစုတစ်စုမှ လူတစ်ယောက်နှင့် လက်ထပ်ခဲ့ပါက ကွဲပြားခြားနားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။ မြောက်ပိုင်းစားမင်းသားဖြစ်သည့် လုချန်းသည် ရာထူးအာဏာကို အသုံးပြု၍ ထိုမိသားစုအား သူမနှင့် အဆက်အနွယ် ဖျက်တောက်ရန် သို့မဟုတ် လက်ထပ်ထားမှုကို ပယ်ဖျက်ရန် ဖိအားပေးနိုင်သည်။
သို့သော် ချူးယုချင်သည် ဝမ်မိသားစုဝင်နှင့် လက်ထပ်ခဲ့သည်။ ဝမ်မိသားစုက တောင်ပိုင်းအာဏာပိုင်များထဲတွင် ချူးမိသားစုအောက်ရှိ အနည်းငယ်သာနိမ့်သော မိသားစုဖြစ်၏။ ထို့ပြင် ဝမ်မိသားစုသည် မင်းသားလုရှုယွမ်၏ မိခင်မျိုးရိုးဖြစ်သည်။ လုချန်းအနေဖြင့် မြောက်ပိုင်းစားမင်းသား၏ အာဏာကို အသုံးပြု၍ ဝမ်မိသားစုအား ချူးယုချင်နှင့် ကွဲပြားစေရန်က မဖြစ်နိုင်ပေ။
သို့သော် အကြီးမားဆုံး အဟန့်အတားမှာ ချူးယုချင်ကိုယ်တိုင်ဖြစ်သည်။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင်ရှိသူများက ချူးယုချင်သည် မြောက်ပိုင်းစားမင်းသားကို ကလေးတစ်ဦးအဖြစ်၊ သူမ၏ မောင်ငယ်တစ်ဦးအဖြစ်သာ မြင်နေကြောင်း သိရှိကြသည်။
ထို့ပြင် သူမ၏ သဘာဝသည် နူးညံ့သိမ်မွေ့သောကြောင့် လုချန်း၏ ချစ်သူရည်းစား ခံစားချက်များကို လက်ခံရန် မဖြစ်နိုင်ပေ။
မုကျိရွှမ်း၏ စကားကို ကြားသောအခါ ကျောင်းရှောင်ရှောင်က နှုတ်ခမ်းစူလိုက်ကာ ထပ်မံပြောဆိုခြင်း မရှိတော့ပေ။
ထိုအချိန်တွင် မုကျိရွှမ်းသည် ပန်းတစ်ရာဂေဟာမှ ဝမ်ချင်းစီအား သတိရသွားသည်။ လုချန်းသည် ဝမ်ချင်းစီကို အမြန်ဆုံး အနိုင်ယူခဲ့ပါက ကျောင်းယိုယို မခက်ခဲတော့ပေ။
သို့သော် ထိုကိစ္စသည်လည်း သူမ ဝင်ရောက်စွက်ဖက်နိုင်သော အရာမဟုတ်ပေ။
ထိုသို့ တွေးတောမိသောအခါ မုကျိရွှမ်း သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။
ခဏအကြာတွင် အဆောင်ငယ်ဘက်မှ အသံများ နည်းပါးသွားသောအခါ မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့ အဆောင်ဝင်းထဲသို့ ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ကျောင်းယိုယိုသည် ကပိုကရိုနှင့် အားနည်းဟန်ရှိနေပြီး လုချန်း၏ လက်မောင်းပေါ်တွင် ချိနဲ့စွာ လဲလျောင်းနေသည်။
သူမသည် လုချန်းအား ပထမဆုံးမြင်သည့်အချိန်မှစ၍ ချစ်မိခဲ့သည်။ ထို့ကြောင့် သူနှင့် ဆက်ဆံရေး တည်ဆောက်ရန် အလွန်ပျော်ရွှင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သူမ၏ညီမနှင့် မိဖုရားတို့က ထိုလုပ်ငန်းများကို မျှဝေပေးရန် မတတ်နိုင်ကြတော့။ ထို့ကြောင့် လုချန်း၏ ရှင်းပြရန်ခက်ခဲသော ကြမ်းတမ်းမှုကြောင့် ကျောင်းယိုယိုလည်း ခက်ခဲနေရသည်။
မုကျိရွှမ်းနှင့် တခြားသူများသည် အဆောင်ဝင်းထဲသို့ ဝင်လာသည်ကို တွေ့မြင်သောအခါ အစောပိုင်းက အသံများကို သူတို့ ကြားသွားပြီဖြစ်ကြောင်း လုချန်း ခန့်မှန်းမိသွားသည်။ သို့သော် သူသည် ဂရုမစိုက်ပါ။
မင်းသားစံအိမ်ကို အတွင်းအဆောင်ဝင်းနှင့် အပြင်အဆောင်ဝင်းဟု ခွဲခြားထားပြီး လက်ရှိတွင် အတွင်းအဆောင်ဝင်း၏ ကိုယ်ပိုင်အဆောင်များကို အမျိုးသမီးအစောင့်များကသာ တာဝန်ယူထား၏။ မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့ကလည်း သူ၏မယားများသာ ဖြစ်သောကြောင့် သူတို့ကြားသွားလျှင်လည်း ပြဿနာမရှိပေ။
ထိုအချိန်တွင် မုကျိရွှမ်းက ဦးဆောင်ပြီး စပြောလိုက်သည်
“မင်းသား ပေးခဲ့တဲ့ နည်းလမ်းအတိုင်း ရေမွှေးကို ပြုလုပ်ပြီးပါပြီ။”
မုကျိရွှမ်း၏ စကားကျသွားသောအခါ သူမ၏ ဘေးတွင်ရှိသော အမှုထမ်းတစ်ဦးက သစ်သားသေတ္တာငယ်တစ်ခုကို ကိုင်ဆောင်ကာ အဆောင်ငယ်ထဲသို့ ဝင်လာကာ ထိုနေရာရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းက ကျောင်းယိုယိုကို သူ၏ လက်မောင်းမှ မလိုက်ပြီး အဆောင်ငယ်ထဲရှိ သစ်သားခုံပေါ်တွင် ထိုင်စေလိုက်သည်။
ထိုအခိုက်အတွင်း ကျောင်းယိုယို၏ အစေခံမက သူမအား ဖေးမရန် ပြေးသွား၏။
လုချန်းက ကျောက်စားပွဲဆီသို့ ချဉ်းကပ်လာပြီး သစ်သားသေတ္တာထဲမှ ကြွေပုလင်းလေး တစ်လုံးကို ထုတ်ယူပြီး ပိတ်ဆို့ထားသော ဖုံးကိုဖွင့်ကာ ရှူကြည့်လိုက်သည်။
ထုတ်လုပ်မှုနည်းလမ်းကြောင့် ရေမွှေး၏ ရနံ့က သဘာဝကျပြီး ကြွယ်ဝသော်လည်း ပြင်းထန်မှုမရှိပေ။
လုချန်းက ကျေနပ်စွာဖြင့်
“ငါ့မယား ရှောင်ရှောင်က ကြိုးစားခဲ့တာပဲ။” ဟု ဆိုလိုက်သည်။
ထို့နောက် ကျောင်းရှောင်ရှောင်က
“မင်းသား၊ ဒီရေမွှေးကို ဘယ်လို ရောင်းချမယ် တွေးထားပါသလဲ” ဟု မေးလိုက်သည်။
မင်းသား၏ စံအိမ်မှ ရေမွှေးသည် ပုံမှန်အိတ်ဆောင်ရေမွှေးများထက် အသုံးပြရတာပိုမိုလက်တွေ့ကျပြီး ပိုမိုကြာရှည်ခံသည်။ လိုအပ်သည့်အခါ ပုလင်းကို ထုတ်ယူပြီး အစက်ချ စွတ်လိုက်ရုံသာ လိုအပ်သည်။
လုချန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ရေမွှေးက ဆပ်ပြာလိုမျိုး မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းမျိုး မဟုတ်ဘူး။ ဒါကြောင့် ဈေးအနည်းငယ် ပိုပြီး ရောင်းရမယ်။ တစ်ပုလင်းကို ငွေစနှစ်စလောက်ပေါ့။” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့သည် အံ့ဩသွားကြသည်။
သို့သော် လုချန်း၏ ဈေးနှုန်းသည် ယှဉ်ကြည့်လိုက်လျှင် မြင့်မားသော်လည်း ရေမွှေးကို မိတ်ဆက်ပြီးနောက် မိန်းမပျိုများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း မိန်းမများပီပီ ကောင်းစွာသိရှိကြသည်။
ထိုအချိန်တွင် မုကျိရွှမ်းက စိတ်ဝင်စားစွာ မေးလိုက်သည်။
“မင်းသား။ ဒီရေမွှေး ပြုလုပ်တဲ့နည်းကို ဘယ်မှာသင်ယူခဲ့တာလဲ။” ဟု မေးလိုက်သည်။
လုချန်း ပေးခဲ့သော ရေမွှေးပြုလုပ်နည်းသည် အလွန်ရှင်းလင်းပြီး တစ်ဆင့်ချင်းစီကို ပုံဖော်ထားနိုင်ကာ တစ်ချက်ကြည့်ရုံနှင့် သင်ယူတတ် မြောက်နိုင်သည်။
သူတို့သည် ရေမွှေးကို ပြုလုပ်နေစဉ်တွင် အစေခံများကိုပင် လုပ်ဆောင်စေခြင်းမရှိပေ။ မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့က သူတို့ ကိုယ်တိုင်ပင် ရေမွှေးကို ပြုလုပ်ခဲ့ကြသည်။
မုကျိရွှမ်း၏ မေးခွန်းကို ကြားသောအခါ လုချန်းသည် နုတ်ခမ်းကွေး၍ ပြုံးလိုက်ပြီး အရှက်မဲ့စွာ ပြန်လည်ပြောလိုက်၏။
“ မောင်တော် လုပ်စရာထူထူးခြားခြားမရှိပဲ အားနေတုန်းက လေ့လာခဲ့တာ။” ဟု ဆိုလိုက်သည်။
လုချန်း၏ ပြန်လည် ဖြေကြားတာကို ကြားသောအခါ အမျိုးသမီးများလည်း အလွန်အံ့ဩမိကြသည်။ အပြင်ဘက်ရှိ လူအားလုံးက မြောက်ပိုင်းစားမင်းသားသည် ပျော်ပါးရုံသာသိပြီ ဘာမှသင်ယူခြင်းမရှိဟု ဆိုကြသည်။ သို့သော် သူသည် ဤလက်တွေ့ကျသော ပစ္စည်းနှစ်မျိုးကို ဖန်တီးနိုင်ခဲ့သည်။
ထိုအချိန်တွင် မုကျိရွှမ်းသည် တစ်စုံတစ်ခုကို သတိရသွားမိပြီး ဆက်ပြောလိုက်သည်။
“မင်းသား၊ ပန်းတစ်ရာဂေဟာက ဝမ်အမျိုးသမီးကို ဖိတ်ကြားပြီး ဂေဟာက မိန်းကလေးတွေကို ရေမွှေးကို စမ်းသပ်စေဖို့ စဉ်းစားမိပါတယ်။ မင်းသား ဘယ်လိုထင်ပါသလဲ” ဟု ပြောလိုက်သည်။
မုကျိရွှမ်းက လုချန်း ကျောင်းယိုယိုကိုပဲ အမြဲ အာရုံစိုက်နေမှာကို မကောင်းဟု ထင်မြင်သည်။ လုချန်းသည် အစကတည်းက ဝမ်ချင်းစီအား စိတ်ဝင်စားနေပြီးဖြစ်သောကြောင့် ဝမ်ချင်းစီအား လုချန်းနှင့် ထိတွေ့ရန် အခွင့်အရေးများ ဖန်တီးပေးသင့်သည်ဟု မုကျိရွှမ်းထင်မြင်သည်။
ထို့ပြင် ပန်းတစ်ရာဂေဟာမှ အမျိုးသမီးများက ရေမွှေးကို စမ်းသပ်ပါက ရေမွှေး၏ ဂုဏ်သတင်းကို အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်သည်။
ပန်းတစ်ရာဂေဟာသို့ သွားရောက်သော အမျိုးသားများသည် ရေမွှေး၏ အာနိသင်ကြောင့် အမွှေနံ့များ စွဲထင်လျက် အိမ်သို့ ပြန်သွားကြမည်ဖြစ်သည်။ ထိုရနံ့က ကြာရှည်စွာ စွဲကျန်နေမည်ဖြစ်သည်။ အချိန်တန်သောအခါ ထိုအမျိုးသားများ၏ အိမ်ထောင်စုများရှိ အမျိုးသမီးများသည် သူတို့၏ ကိုယ်ခန္ဓာပေါ်ရှိ ရနံ့ ဘယ်ကလာသည်ကို စုံစမ်းလေ့လာကြမည်ဖြစ်သည်။
မုကျိရွှမ်းက ဝမ်ချင်းစီ အကြောင်း ပြောဆိုလာသောအခါ သူမ၏ ဆွဲဆောင်မှုရှိသော ပုံရိပ်သည် လုချန်း၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။ ခဏအကြာတွင် လုချန်းသည် သူ၏ သွေးများခန္ဓာကိုယ်အတွင်း ဆူပွက်နေသလို ခံစားရသည်။
ကျားနဂါးဆေးလုံးကို သောက်သုံးပြီးနောက် သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ သူသည် နေ့စဉ် ကျောင်းယိုယိုနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းမပြုပါက ညအိပ်ရတာပင် ခက်ခဲလာသည်။
လုချန်းသည် စကားမပြောနိုင်တော့ပေ။ ထိုသို့ဖြစ်နေခြင်းသည် မကောင်းပါ။ အခု မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့သည် ကိုယ်ဝန်ရလာကြပြီဖြစ်သည်။ သူ၏ လက်ရှိစွမ်းရည်နှင့်ဆိုလျှင် ကျောင်းယိုယိုသည်လည်း မကြာမီ ကိုယ်ဝန်ရလာနိုင်သည်။
သူတို့အားလုံး ကိုယ်ဝန်ရလာပါက သူဘာလုပ်ရမလဲ။ သူကြိုသိခဲ့ပါက ကျားနဂါးဆေးလုံးကို သောက်သုံးခဲ့မည် မဟုတ်ပါ။ ထိုဆေးသည် အပြစ်ဒဏ်တစ်ခုလို ဖြစ်နေသည်။ ထိုအချိန်တွင် စနစ်၏ အသံသည် ထွက်ပေါ်လာသည်။
[စိတ်မပူပါနှင့်။ သခင်သည် ယခုအခါ ကျားနဂါးဆေးလုံး၏ သက်ရောက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါ။ အကြောင်းမှာ သခင့်၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားသေးသောကြောင့်ဖြစ်သည်။ ကိုးဆင့်မြောက် သိုင်းပညာရှင်အဆင့်သို့ တိုးတက်သွားပါက သခင့်၏ စိတ်ဆန္ဒကို လွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်]
လုချန်း၏ နှုတ်ခမ်းထောင့်သည် တွန့်သွားသည်။
အဆင့်ကိုးဆင့်မြောက်။
သူ၏ ကျင့်စဉ်ကျင့်ထုံးမှာ သူ၏ ဇနီးမယားများနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ သို့သော် သူသည် ကျောင်းယိုယိုသည် ကိုယ်ဝန်ဆောင်မီ ကိုးဆင့်မြောက်သို့ မရောက်ရှိနိုင်မည်ကို စိုးရိမ်နေသည်။
ဒီရန်ခရိုင်တွင်လည်း ၉၀ မှတ်ရရှိသော အမျိုးသမီးများ အလွန်နည်းပါးသည်။ သူမည်သည့်အချိန်တွင် ကိုးဆင့်မြောက်သို့ ရောက်ရှိမည်နည်း။ာဝမ်ချင်းစီကို အနိုင်ယူရန် အချိန်ကျပြီဟု ထင်ရှားသည်။ ဝမ်ချင်းစီကိုယ်တိုင်သည် အဆင့်ကိုးသိုင်းပညာရှင်ဖြစ်ပြီး သာမန် အားနည်းသော အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ခန္ဓာကိုယ်အားကြီးမှု မတူညီပေ။
သူမကို အနိုင်ယူပြီးလျှင် သူ၏ အတွင်းအားမန္တာန်ကျင့်စဉ်သည် ဒုတိယအဆင့်သို့ အမြန်ဆုံး တိုးတက်သွားနိုင်မည်ဖြစ်သည်။
.............
အခန်း (၂၀)
မင်းနဲ့ သီးသန့်စကားပြောချင်တယ်
ကလေးရရှိလိုခြင်းနှင့် သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်လိုခြင်းနှင့် ပတ်သက်သောကိစ္စများတွင် လုချန်းသည် အနည်းငယ် အကူအညီမဲ့နေသည်။
သူ၏ ကျင့်စဉ်နည်းမှာ သူ၏ ဇနီးမယားများနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ သို့သော် စနစ်က သားသမီးများရှိမှသာ ပိုမိုများပြားသော ဆုလာဘ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
သို့သော် သူ၏ ဇနီးမယားများအားလုံး ကိုယ်ဝန်ဆောင်လာပါက သူသည် မည်သူနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်မည်နည်း။
အမှတ် ၉၀ရသည့် အမျိုးသမီးတစ်ဦးကို တွေ့နိုင်ရန် မလွယ်ကူပေ။ သူအလိုရှိတိုင်း တွေ့နိုင်သည့် အရာမဟုတ်ပေ။
ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် လူမရှိပါက သူ၏ ကျင့်စဉ်အဆင့်ကို မည်သို့ မြှင့်တင်နိုင်မည်နည်း။
ထိုသို့ တွေးတောမိသောအခါ လုချန်းသည် ဝမ်ချင်းစီကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာခဲ့သည်။
သိုင်းပညာရှင်၏ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ အမျိုးသမီးများသည် သားသမီးရရှိနိုင်ခြေ နည်းပါးလာ၏။ သူသည် နောင်တွင် သူမကို သူ၏ ကျင့်စဉ်အတွက် အသုံးပြုရမည်ဖြစ်သည်။
ထို့နောက် လုချန်းက မုကျိရွှမ်းကို
“နှမတော်။ ဝမ်အမျိုးသမီးကို မဖိတ်ကြားခင် မောင်တော်နှင့် ဒေါ်လေးချူးကို သေချာ အသိပေးပါ။” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်ပြီး သတိကြီးစွာ ဆောင်ရန် လိုအပ်သည်။
မုကျိရွှမ်းက
“နားလည်ပါတယ် မင်းသား” ဟု ပြန်လည်ပြောလိုက်သည်။
ထိုအချိန်တွင် လုချန်းသည် အဆောင်ငယ်ခုံပေါ်တွင် နားနေဆဲဖြစ်သော ကျောင်းယိုယိုကို ကြည့်လိုက်ပြီး ပြုံးလျက် “ယိုယို၊ နားနေပါ။ ကိုယ်ယနေ့ည ပြန်လာခဲ့မယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောင်းယိုယို အံ့ဩသွားသည်။
သူကညကျရင် ပြန်လာဦးမယ်လား။
ဝူး ဝူး ဝူး၊ ကလေးရယ် ကယ်ပါတော့။
…
ရက်အနည်းငယ်ကြာသောအခါ။
ပန်းတစ်ရာဂေဟာ။
ဝမ်ချင်းစီသည် အလှမယ်ကုတင်ပေါ်တွင် နေရာယူနေပြီး သူမ၏ မိုးသားရောင် ဝတ်စုံက ကပိုကရိုဖြင့် လျော့ရဲနေသည်။
ထိုအချိန်တွင် သူမသည် ကိုယ့်ဘာသာကိုယ်ကို တွေးတောနေသည်။
“ဒီလောက်ချောတဲ့ ယောက်ျားလေးတစ်ယောက်ကို သတ်ရမှာက နှမြောစရာ ကောင်းပါတယ်။”
မင်းသား၏ စံအိမ်မှ ပြန်လာသောကတည်းက ဝမ်ချင်းစီသည် သူမ၏ စိတ်ထဲတွင် မရည်ရွယ်ပဲ လုချန်း၏ ပုံရိပ်များ ပေါ်ပေါက်လာနေသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
နဂါးဇာမဏီရည်၏ သက်ရောက်မှုကို ခံစားခဲ့ရကြောင်း သူမ မသိပေ။ ထို့ပြင် လုချန်းသည် အမှန်တကယ်လည်း ချောမောလှပသောကြောင့်ဖြစ်သည်။
သူမ၏ လက်ထဲရှိ စာကို ကြည့်ရှုနေရင်း ဝမ်ချင်းစီသည် အနည်းငယ် နောင်တရ နေသည်။
မကြာမီ သွေးလဝန်းရဲတိုက်၏ ဒုတိယတိုက်မှုးသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအချိန်တွင် မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ထိပ်သီးပညာရှင် ရှိနေသေးသလား မရှိတော့ဘူးလား သိရှိရန် မလိုအပ်တော့ပေ။ မြူကျောင်းတော်သည် မြောက်ပိုင်းစားမင်းသားကို လုပ်ကြံရန် လုပ်ဆောင်ရတော့မည် ဖြစ်သည်။
ထိုအမျိုးသား၏ ချောမောလှပသော ပုံရိပ်ကို တွေးမိသောအခါတိုင်း ဝမ်ချင်းစီသည် အနည်းငယ် တွန့်ဆုတ်မိသည်။
ထိုအချိန်တွင် ဝမ်ချင်းစီ၏ နှုတ်ခမ်းထောင့်သည် နည်းနည်း ပြုံးလိုက်ပြီး တွေးတောလိုက်သည်။
“ငယ်ရွယ်တဲ့ မင်းသားရေ ကျွန်မကိုရက်စက်ပြီး လူမဆန်ဘူးလို့ အပြစ်မတင်ပါနဲ့။ နန်းတော်မှာ မွေးဖွားလာတဲ့ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ပါ။” စိတ်ထဲ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အစေခံတစ်ဦးက အခန်းထဲသို့
ဝင်လာပြီး ကန့်လန့်ကာနောက်မှ ပြောလိုက်သည်။ “ ဂေဟာသခင်မ၊ မြောက်ပိုင်းစားမင်းသားစံအိမ်မှ လူတစ်ဦးက သခင်မကိုအရေးကြီးသော ကိစ္စကို ဆွေးနွေးရန် အတွက် ဖိတ်ကြားလာပါတယ်။”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက “မြောက်ပိုင်းစားမင်းသားက ငါ့ကို ရှာနေတာပါလား” ဟု မေးလိုက်သည်။
အစေခံက “မင်းသားက ရှာနေတာလို့ မထင်ပါ။ မိဖုရားက ရှာနေတာလို့ ထင်ပါသည်” ဟု ဆိုလိုက်သည်။
ဝမ်ချင်းစီက မုကျိရွှမ်း သူမနှင့် ဘာကိစ္စ ဆွေးနွေးလိုသည်ကို စဉ်းစားလိုက်သည်။ ဆပ်ပြာကိစ္စကြောင့်လား။
သို့သော် သူမအား ရှာဖွေနေသူက မုကျိရွှမ်းဖြစ်စေ မြောက်ပိုင်းစားမင်းသားဖြစ်စေ သူမသွားရမည်ဖြစ်သည်။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်သို့ ဝင်ရောက်ရန် သူမအတွက် တရားဝင်သော အကြောင်းပြချက် ရရှိသွားပြီ မဟုတ်ပါလား။
ထိုအခွင့်အရေးကို အသုံးပြု၍ လျှို့ဝှက် ထိပ်သီးအဆင့်ပညာရှင် ရှိသေးလားဆိုတာကို စုံစမ်းနိုင်သည်။ ထို့ပြင် အခွင့်အရေးရလျှင် မြောက်ပိုင်းစားမင်းသားကို မြူစွယ်နိုင်သည်။
မြောက်ပိုင်းစားမင်းသား၏ ချောမောလှပသော မျက်နှာကို တွေးတောမိသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲ တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရသည်။
ထို့နောက် ဝမ်ချင်းစီသည် အလှမယ်ကုတင်မှ ထလိုက်ပြီး သူမ၏ လျော့ရဲနေသော မိုးသားရောင် ဝတ်စုံကို သပ်ရပ်အောင် လုပ်လိုက်ရင်း
“ငါအခု ချက်ချင်းသွားမည်” ဟု ဆိုလိုက်သည်။
ထို့နောက် ဝမ်ချင်းစီသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်ဘက်သို့ ဦးတည် ထွက်ခွာသွားလေသည်။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်ရှိ အစေခံများက ဝမ်ချင်းစီကို နောက်ဖေးအဆောင်ဝင်းသို့ ခေါ်ဆောင်သွားစဉ် ကင်းလှည့်နေသော ချူးယုချင်က သူမကို တွေ့မြင်သွားသည်။
ချက်ချင်းပင် သူမ၏ မျက်ခုံးများ ကျုံ့သွားပြီး “ခဏနေဦး” ဟု ပြောလိုက်သည်။
ချူးယုချင်၏ အသံကို ကြားသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲ တင်းကျပ်သွားသည်။ အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော ချူးယုချင်သည် သူမသည်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း လွယ်ကူစွာ သိရှိနိုင်သည်။ သူမ၏ သိုင်းပညာ အဆင့်အတန်းကို သိရှိသွားပါက ချူးယုချင်၏ သံသယကို နှိုးဆွပေးနိုင်သည်။
ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန် ဝမ်ချင်းစီသည် သူမခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။
ချူးယုချင်သည် ဝမ်ချင်းစီအနားသို့ ချဉ်းကပ်လာပြီး
“မိန်းကလေးက ဘယ်သူလဲ။ အရင်က မမြင်ဖူးပါဘူး” ဟု မေးလိုက်သည်။
ဝမ်ချင်းစီသည် ဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။
“အမချူး၊ ကျွန်မက ပန်းတစ်ရာဂေဟာက အလှမယ် တစ်ဦးဖြစ်ပါတယ်။ မိဖုရားရဲ့ ဖိတ်ကြားချက်အရ မင်းသား စံအိမ်သို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်” ဟု ဆိုလိုက်သည်။
ချူးယုချင်က ဝမ်ချင်းစီကို အကဲခတ်ကြည့်ရှုလိုက်၏။ ထိုမိန်းကလေးသည် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်ဟူသော အချက်ကို ချူးယုချင် လစ်လျှူမရှုနိုင်ပေ။ ကျိရွှမ်းက ဒီမိန်းကလေးကို ချန်းလေးအတွက် စီစဉ်ပေးထားတာလား။
ချူးယုချင်သည် မင်းသားစံအိမ်တွင်း၌ နောက်ပိုင်းတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်များကို သိရှိသည်။ ကျောင်းယိုယိုသည် နောက်ပိုင်းရက်များအတွင်း လမ်းလျှောက်ရန်ပင် ခက်ခဲနေသည်။ လုချန်း နောက်ထပ် မောင်းမတစ်ယောက် မယူနိုင်ပါက ကျောင်းယိုယိုသည် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော်လည်း …
ချူးယုချင်သည် ဝမ်ချင်းစီကို သံသယဖြင့် ကြည့်ရှုနေသည်။ ဤအမျိုးသမီးတွင် ထူးခြားသော အရာတစ်ခုခု ရှိနေသည်ဟု ခံစားရသည်။ ယခု လေးတင် သူမ၏ ခန္ဓာကိုယ်မှ အတွင်းအားထုတ်လွှတ်နေ သည်ကို ချူးယုချင် ခံစားနေရသည်။
သို့သော် အခုတော့ ဤအမျိုးသမီးသည် သာမန်လူများနှင့် မခြားတော့ပေ။
စဉ်းစားကြည့်ပြီးနောက် ချူးယုချင်က နောက်ဆုံးတွင်
“ကောင်းပါပြီ၊ သွားနိုင်ပါပြီ မိန်းကလေး” ဟု ပြောလိုက်သည်။
ထို့နောက် မြောက်ပိုင်းစားမင်းသား၏ စံအိမ်ရှိ အစေခံများသည် ဝမ်ချင်းစီကို မြောက်ပိုင်းအဆောင်ဝင်းဘက်သို့ ဆက်လက်ခေါ်ဆောင်သွားကြသည်။ မြောက်ပိုင်းအဆောင်ဝင်းထဲသို့ ဝင်ရောက်သောအခါ ဝမ်ချင်းစီ၏ မျက်လုံးအကြည့်များသည် အဆောင်ငယ်ထဲတွင် ထိုင်နေသော လုချန်းဆီသို့ ကျရောက်သွားသည်။
ဘာ့ကြောင့်မှန်းတော့မသိ သူမသည် ယခုအခါ လုချန်းအား မကြည့်ပဲ မနေနိုင် ဖြစ်နေသည်။
ဝမ်ချင်းစီသည် အဆောင်ငယ်ထဲသို့ ဝင်လာပြီး ချက်ချင်း ဒူးတစ်ဝက်ညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ မင်းသားကို ဂါရဝပြုပါတယ်” ဟု ဆိုလိုက်သည်။
လုချန်းသည် ပြုံးပြီး “ထပါ”
“ကျေးဇူးတင်ပါတယ်၊ မင်းသား။”
ထို့နောက် ဝမ်ချင်းစီက လုချန်းကို ကြည့်ပြီး မေးလိုက်သည်။
“မင်းသားသည် ကျွန်မကို စံအိမ်သို့ ဖိတ်ကြားရတဲ့ အကြောင်းကို သိခွင့်ရှိပါသလား” ဟု မေးလိုက်သည်။
လုချန်းက ပြန်လည်ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို တွေ့ဖို့မဟုတ်ပါဘူး။ မိဖုရားက တွေ့ချင်တာသာ ဖြစ်ပါတယ်” ဟုပြန်ပြောလိုက်သည်။
“ခင်ဗျားနှစ်ယောက် ဆက်လက်ဆွေးနွေးပါ။ ကျုပ်က ဒီနေရာမှာပဲ ထိုင်နေပြီး ခင်ဗျားတို့ကို နှောင့်ယှက်မှာ မဟုတ်ပါဘူး” ဟု လုချန်းက ဆိုလိုက်သည်။
မုကျိရွှမ်းသည် ချက်ချင်းပင် ကျောက်စားပွဲပေါ်ရှိ သစ်သားသေတ္တာထဲမှ ပုလင်းလေးများကို ထုတ်ယူလိုက်ပြီး
“ဝမ်မိန်းကလေး။ ဒီကိုလာပါ” ဟု ဆိုလိုက်သည်။
ကျောက်စားပွဲပေါ်ရှိ ပုလင်းလေးများကို တွေ့မြင်သောအခါ ဝမ်ချင်းစီသည် စိတ်ဝင်စားစွာဖြင့် ချဉ်းကပ်လာသည်။
ထိုအချိန်တွင် မုကျိရွှမ်းက ပုလင်းလေး တစ်လုံးကို ဖွင့်လိုက်တော့ ပန်းပေါင်းစုံ ရနံ့တစ်ခုက ချက်ချင်းပင် ဝမ်ချင်းစီ၏ နူးညံ့သောနှာခေါင်းထဲသို့ ပျံ့လွင့်လာသည်။
ထို့နောက် မုကျိရွှမ်းက “ဝမ်အမျိုးသမီး။ ဒါက မင်းသား၏ စံအိမ်မှာ ပြုလုပ်ထားတဲ့ ရေမွှေးဖြစ်ပါတယ်။ ရနံ့က ကြာရှည်ခံပါတယ်။ ပန်းတစ်ရာဂေဟာက မိန်းကလေးတွေကို စမ်းသုံးကြည့်စေချင်ပါတယ် ” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက အမှန်တကယ်ပင် ဆွေးနွေးစရာ လုပ်ငန်းကိစ္စတစ်ခု ရှိနေကြောင်း သိရှိလိုက်သည်။ သူမက မြောက်ပိုင်းစားမင်းသား သူမနှင့် တွေ့ဆုံချင်၍ ဖိတ်ကြားခြင်းဟု ထင်မြင်ခဲ့သည်။
ထို့နောက် ဝမ်ချင်းစီသည် မုကျိရွှမ်း၏ လက်ထဲမှ ပုလင်းလေးတစ်ခုကို ယူလိုက်ပြီး ရှူကြည့်လိုက်သည်။ ရနံ့သည် ပြင်းထန်မှုမရှိပေ။ သဘာဝဆန်သော ရနံ့ဖြစ်သည်။
ထို့နောက် ဝမ်ချင်းစီက “မိဖုရား၊ ဒီရေမွှေးရဲ့ အနံ့က ဘယ်လောက်ကြာရှည် ခံပါသလဲ။” ဟု မေးလိုက်သည်။
မုကျိရွှမ်းက ပြန်ဖြေလိုက်သည်။
“ ရေမွှေးတစ်စက်ရဲ့ အနံ့က သုံးနာရီခန့် ခံမှာဖြစ်ပါတယ်။”
“နောက်ပြီးတော့ ဒီရေမွှေးက ပုံမှန်အိတ်ဆောင်ရေမွှေးတွေနဲ့ မတူပါဘူး။ လိုအပ်တဲ့အချိန် ပုလင်းထုတ်ပြီး ကိုယ်ပေါ်မှာ အစက်ချလိုက်ရုံသာ လိုအပ်ပါတယ်။ တစ်နေ့လုံး ခန္ဓာကိုယ်မှာ ရနံ့စွဲကျန်နေစေမှာပါ။ ပုလင်းတစ်ပုလင်းက အကြာကြီး အသုံးခံမှာ ဖြစ်ပါတယ်။” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ မျက်လုံးများ ဝင်းလက်လာသည်။ သူမသည် မြောက်ပိုင်းစားမင်းသားအတွက် သွားခဲ့ခြင်းဖြစ်သော်လည်း ရေမွှေးက သူမကို ပိုမိုဆွဲဆောင်နေသည်။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ဤကဲ့သို့သော အံ့သြဖွယ်ရာ ပစ္စည်းများ ရှိမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ထို့နောက် ဝမ်ချင်းစီသည် သစ်သားသေတ္တာထဲရှိ ကျန်ရှိသော ပုလင်းလေးများကို ကြည့်ရှုပြီး “မိဖုရား၊ ဒီကျန်တဲ့ ပုလင်းတွေက အနံ့ကိုရော နံ့ရှူကြည့်လို့ရပါသလား” ဟု မေးလိုက်သည်။
ထိုအခါ မုကျိရွှမ်းက
“ရတာပေါ့ ဒီသစ်သားသေတ္တာထဲရက ရေမွှေးအားလုံးကို ပန်းတစ်ရာဂေဟာမှာ စမ်းသပ်ဖို့ပေးလိုက်မှာပါ” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် မိဖုရား။” ဟု ပြောလိုက်သည်။
ထို့နောက် ဝမ်ချင်းစီသည် သစ်သားသေတ္တာထဲရှိ ကျန်ရှိသော ပုလင်းများကို ဖွင့်လိုက်ပြီး တစ်လုံးချင်းစီ၏ အနံ့ကို နံ့ရှူလိုက်သည်။ ရေမွှေးတစ်ခုစီသည် ထူးခြားသော်လည်း သဘာဝဆန်ပြီး ဆက်လက်ပြီးရှူ ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် လုချန်းသည် စနစ်ကို အသုံးပြု၍ ဝမ်ချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[အမည် - ဝမ်ချင်းစီ]
[အဆင့်အတန်း - အဆင်ကိုး သိုင်းပညာရှင်၊ တောင်ပိုင်းရှိ ဝမ်မိသားစုမှ မွေးစားသမီး၊ မြူ ကျောင်းတော်၏ သူတော်စင်မ၊ ပန်းတစ်ရာဂေဟာ၏ ယာယီသခင်မ။ သူမသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်က သူမကို ရှာဖွေနေသည်ဟု ကြားသောအခါ ချက်ချင်း ရောက်ရှိလာသည်။ နောက်ပိုင်းတွင် သူမသည် သူမ၏ စိတ်ထဲတွင် မကြာခဏ ပေါ်လာတတ်သော လုချန်း၏ ပုံရိပ်များကို မထိန်းချုပ်နိုင်ခဲ့ပေ။ သွေးလဝန်းရဲတိုက်၏ ဒုရဲမှုးတိုက်သည် မကြာမီ မြောက်ပိုင်းစားမင်းသားကို လုပ်ကြံရန် ရောက်ရှိလာမည့်အကြောင် တွေးတောမိလျှင် သူမသည် အလွန်နောင်တရသည်။]
[အဆင့် - ၉၅]
[နှစ်သက်မှု - ၆၀ (နဂါးဇာမဏီရည်၏ ဆက်တိုက်သက်ရောက်မှုအောက်တွင်)]
လုချန်းသည် ရပ်တန့်လိုက်သည်။ သွေးလဝန်းရဲတိုက်က သူ့ကို ဆက်လက်၍ စိတ်ဒုက္ခ ပေးလာရဲလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သို့သော် ယခုအချိန်က ထိုကိစ္စကို စဉ်းစားရန် အချိန်မဟုတ်ပါ။ ဝမ်ချင်းစီ၏ နှစ်သက်မှု ခြောက်ဆယ်ရှိသည်ကို တွေ့မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များ ကွေးသွားပြီး အနည်းငယ် ပြုံးလိုက်သည်။ ဆုလာဘ်ကို ရယူရန် အချိန်ကျပြီဖြစ်သည်။
ထိုသို့ တွေးတောမိသောအခါ လုချန်းက ရေမွှေးကို စမ်းသပ်နေသော ဝမ်ချင်းစီကို ပြောလိုက်သည်။ “ဝမ်မိန်းကလေး။ ပန်းတစ်ရာဂေဟာက မြောက်ပိုင်းမြို့တော်မှာ အသက်ဝင်ဆုံး နေရာလို့ ကြားတယ်” ဟု ဆိုလိုက်သည်။
ဝမ်ချင်းစီက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“မင်းသား၊ ပန်းတစ်ရာဂေဟာက မြောက်ပိုင်းမြို့တော်မှာ အသက်ဝင်ဆုံး နေရာမဟုတ်ရင်တောင် ရန်ခရိုင်မှာတော့ အသက်ဝင်ဆုံး နေရာဖြစ်သည်မှာ သေချာပါတယ်” ဟု ဆိုလိုက်သည်။
လုချန်းက ဆက်လက်၍
“ပန်းတစ်ရာဂေဟာသည် အလွန်စည်ကားတဲ့ အတွက်ကြောင့် ဝမ်မိန်းကလေးက တခြားသူ တွေ မသိနိုင်တဲ့ အရာတွေကို ကောင်းကောင်းသိမှာပေါ့။ နောက်ပိုင်းမှာ ဝမ်မိန်းကလေးနဲ့ သီးသန့် စကားပြောလိုပါတယ်။ မြောက်ပိုင်းမြို့တော်နှင့် ပတ်သက်တဲ့ ကိစ္စအချို့ကို မေးမြန်းချင်ပါတယ်။ ဝမ်မိန်းကလေး ဆန္ဒရှိပါသလား” ဟု ဆိုလိုက်သည်။
.................
အခန်း (၂၁)
ဝမ်းချင်းစီ ကြောက်လန့်သွားခြင်း _၁
လုချန်း၏စကားကို ကြားသောအခါ ဝမ်ချင်းစီသည် အံ့အားသင့်သွားပြီး ရေမွှေးပုလင်းကိုကိုင်လျက် ရပ်တန့်သွားသည်။ မြောက်ပိုင်းစားမင်းသားနှင့် နီးစပ်ရန် သူမသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်သို့ လာခဲ့ခြင်း မဟုတ်ပါလား။ မြောက်ပိုင်းစားမင်းသားက ကိုယ်တိုင်က သီးသန့် တွေ့ဆုံဆွေးနွေးရန် စကားကို ပြောလာမည်ဟု သူမ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပေ။
ဤသည်က အမှန်တကယ်ကို ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ မြောက်ပိုင်းစားမင်းသား၏ နှလုံးသားကို သူမ သိမ်းပိုက်နိုင်ပါက မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ရှိနေသော လျှို့ဝှက်ထိပ်သီးပညာရှင်၏ နေရာကို စုံစမ်းနိုင်မည် မဟုတ်ပါလား။ ထို့ပြင် မြောက်ပိုင်းစားမင်းသား၏ နှလုံးသားကို သူမ သိမ်းပိုက်နိုင်ပါက သွေးလဝန်းရဲတိုက်မှ လူများ ရောက်ရှိလာသောအခါ မြောက်ပိုင်းစားမင်းသားကို လိမ်လည်၍ ခေါ်ဆောင်သွားနိုင်ပြီး သူတို့၏ လုပ်ငန်းကို ပိုမိုလွယ်ကူစွာ ပြီးမြောက်စေ နိုင်မည်ဖြစ်သည်။
ထို့ပြင် သူတို့သည် သွေးလဝန်းရဲတိုက်မှ လူများ ရောက်ရှိလာမှုကို စောင့်ဆိုင်းစရာ မလိုတော့တာလည်း ဖြစ်နိုင်သည်။ ထိုသို့တွေးမိသောအခါ ဝမ်ချင်းစီက ချက်ချင်းပင် လုချန်းအား
“ရတာပေါ့။ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါ” ဟု ပြောလိုက်သည်။
လုချန်းက ရယ်မောလျက် “စကားပြောဖို့ အခြားတစ်နေရာကို ပြောင်းကြရအောင်” ဟု ပြောလိုက်သည်။
ထိုအခိုက် လုချန်းသည် မုကျိရွှမ်းဘက်သို့ လှည့်၍
“မိဖုရား။ မောင်တော်နှင့် မိန်းကလေးဝမ်တို့ နှစ်ဦးတည်း စကားပြောမယ်လို့ စီစဉ်ထားပါတယ်။ ဒီရေမွှေးပုလင်းတွေကို ပန်းတစ်ရာဂေဟာကို တိုက်ရိုက် ပို့ဆောင် ပေးလိုက်ပါ။” ဟု ပြောလိုက်သည်။
မုကျိရွှမ်းက လုချန်း ဝမ်ချင်းစီကို သိမ်းပိုက်ရန် စီစဉ်နေသည်ကို သိသောကြောင့် ချက်ချင်းပင် “ကောင်းပါပြီ မင်းသား။ ဒီရေမွှေးတွေကို ပန်းတစ်ရာဂေဟာကို တစ်ယောက်လွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်။” ဟု ပြောလိုက်သည်။
ထိုအခိုက် လုချန်းသည် အဆောင်ငယ်ရှိ ခုန်တန်းပေါ်မှ ထရပ်ကာ အဆောင်ဝင်းပြင်သို့ လမ်းလျှောက်ထွက်သွားလေသည်။
“မိန်းကလေးဝမ်။ ကျွန်တော့်နောက် လိုက်ပါခဲ့ပါ။ တိတ်တိတ်ငြိမ်သက်တဲ့ နေရာတစ်ခုကို ကျွန်တော် ခေါ်သွားပါမယ်” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲ ပြုံးလိုက်မိသည်။
“တကယ့်ကို တဏှာရူးပါလား” ဟု သူမ စိတ်ထဲတွင် တွေးမိသည်။ နှစ်ဦးတည်းသော ရှိနေမည် ဖြစ်သော်လည်း ဝမ်ချင်းစီက လုချန်း သူမကို တစ်ခုခုလုပ်မှာ စိတ်မပူပါ။ သူမ၏ မျက်လုံးထဲတွင် လုချန်းသည် အသုံးမကျသော မင်းသားတစ်ပါးသာ ဖြစ်သည်။
သူ၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန်မှလွဲ၍ သူ့တွင် တကယ်တမ်း အစွမ်းမရှိပေ။ အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော သူမသည် အသုံးမကျသော မင်းသားတစ်ပါးကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ နောက်ပိုင်းတွင် လုချန်းက သူမကိုကြိုးစားပါဆင်ခြေအမျိုးမျိုးပေး၍ သူမရှောင်ရှားနိုင်သည်။ အရင်က သူမ လုပ်ကြံရန် တာဝန်ပေးခံရသော အမျိုးသားများကို လုပ်ခဲ့ဖူးသကဲ့သို့ပင်ဖြစ်သည်။
လုချန်းက အင်အားသုံးပြုမူလာပါက သူမသည် သူ့အား ညို့ဓာတ်စွမ်းအားဖြင့် လှည့်ဖြား၍ ချိုမြိန်သော အိပ်မက်တစ်ခု မက်သွား အောင် လုပ်နိုင်သည်။ သာမန်လူတစ်ဦးကို ဆက်ဆံကိုင်တွယ်ဖို့ ဝမ်ချင်းစီတွင် နည်းလမ်းတစ်ရာရှိသည်။ ထိုသို့ရှိရခြင်းမှာလည်း သူမ၏ ကိုယ်ပိုင်စွမ်းရည်ကို သူမ ယုံကြည်သောကြောင့် ဖြစ်သည်။
ဝမ်ချင်းစီသည် လုချန်းကို မည်သို့ ကိုင်တွယ်ရမည်ကို ခဏခန့် စဉ်းစားနေရင်း အဓိကအဆောင်ဝင်းထဲသို့ လိုက်သွားလေသည်။ လုချန်းနှင့် ဝမ်ချင်းစီတို့ အခန်းထဲသို့ ဝင်သွားသည်နှင့် မုကျိရွှမ်းက ချူးယုချင်ကို ခေါ်လိုက်သည်။ ချူးယုချင် အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ မုကျိရွှမ်းက သူမအား ဘာကိစ္စနှင့် ခေါ်တာလဲ။
လုချန်း ပြောထားတာကို ယုံကြည်သော်လည်း လုချန်းနှင့် ဝမ်ချင်းစီတို့ နှစ်ဦးတည်း အတူရှိနေသောကြောင့်နှင့် ဝမ်ချင်းစီသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သောကြောင့် တစ်ခုခု မှားယွင်းသွားမှာကို မုကျိရွှမ်း စိုးရိမ်မိနေဆဲဖြစ်သည်။
အဓိကအဆောင်ဝင်း၏ ဝင်ပေါက်တွင် မုကျိရွှမ်း ရပ်နေသည်ကို တွေ့သောအခါ ချူးယုချင်က အနားကပ်သွားပြီး
“ကျိရွှမ်း၊ ဒေါ်လေးဆီက လိုအပ်တာရှိလို့လား” ဟု မေးလိုက်သည်။
အချိန်အနည်းငယ် နေထိုင်ကြပြီးနောက် ချူးယုချင်နှင့် မုကျိရွှမ်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးသွားကြပြီး ချူးယုချင်က သူမအား “မိဖုရား” ဟု မခေါ်တော့ပဲ သူမ၏ နာမည်ဖြင့်သာ ခေါ်ခဲ့သည်။
ထိုအခိုက် မုကျိရွှမ်းက
“ဒေါ်လေးချူး၊ မင်းသားက ဝမ်မိန်းကလေးကို အခန်းထဲခေါ်သွားပါပြီ။ အဲ့ဒါနဲ့ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ စောင့်ကြည့်ရအောင် ခေါ်လိုက်တာပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချူးယုချင်က မုကျိရွှမ်းကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ကျိရွှမ်း၊ မင်းပြောတဲ့ ဝမ်မိန်းကလေးက မင်းသား စံအိမ်ကို ဖိတ်ခေါ်ခဲ့တဲ့ ဝမ်မိန်းက လေးလား။”
မုကျိရွှမ်းက “ဟုတ်ပါတယ်” ဟု ပြန်လည်ဖြေကြားလိုက်သည်။
ချူးယုချင် အနည်းငယ် ရှုပ်ထွေးသွားသည်။ မုကျိရွှမ်းက ပန်းတစ်ရာဂေဟာမှ မယ်တစ်ဦးကို ခေါ်၍ လုချန်းအား ဝန်ဆောင်မှုပေးစေရန် စီစဉ်ထားသည်ဟု အစက သူမထင်မှတ်ခဲ့သည်။ သို့သော် အခု မုကျိရွှမ်းက သူမအား ဒီကိုလာပြီးစောင့်ကြည့်ဖို့ ပြောနေပြန်သည်။
ဘာအဓိပ္ပာယ်လဲ။။ မုကျိရွှမ်းက မနာလို ဖြစ်နေပြီး သူမကို သိစေချင်နေတာလား။
ထို့နောက် ချူးယုချင်သည် ဆက်၍
“ချန်းလေးက မကောင်းတဲ့ မိန်းမတွေနဲ့ ဆက်ဆံမှု မလုပ်အောင် ဒေါ်လေးကို သတိပေးစေချင်လို့လား။” ဟု ဆက်၍ မေးလိုက်သည်။
ချူးယုချင်၏ စကားကို ကြားသောအခါ မုကျိရွှမ်းလည်း ချက်ချင်းပင် နားလည်မှု လွဲနေတာကို သတိပြုမိပြီး
“ဒေါ်လေးချူး။ အဲ့လို သဘောမျိုး မဟုတ်ပါဘူး။ ကျွန်မရဲ့ သဘောက မင်းသားအခြား တစ်ယောက်နဲ့ နှစ်ဦးတည်း အတူရှိနေတော့ အန္တရာယ်ရှိနိုင်လို့ပါ။ သူတစ်ခုခုဖြစ်ရင် ဒေါ်လေးက ချက်ချင်းဝင်ကူနိုင်အောင်ပါ။”
ထိုအခါ ချူးယုချင်လည်း မုကျိရွှမ်းက ပန်းတစ်ရာဂေဟာမှ မိန်းကလေး လုချန်းကို အန္တရာယ်ပြုမှာ စိုးရိမ်နေသည်ကို နားလည်သွားသည်။ သို့သော် စဉ်းစားကြည့်လျှင် မုကျိရွှမ်း၏ သတိထားမှုက မပိုပါ။
ပန်းတစ်ရာဂေဟာမှ မိန်းကလေးသည် တစ်ခုခုမူမမှန်တာကို သူမဝင်လာကတည်းက ချူးယုချင် ခံစားမိခဲ့သောကြောင့်လည်းဖြစ်သည်။ သူမ၏ဘလမ်းလျှောက်ပုံက ပေါ့ပါးလှပြီး အဆင့်မြင့် သိုင်းသမားတစ်ဦးနှင့် တူနေသည်။
သိုင်းပညာရှင်တစ်ဦးဖြစ်နိုင်သည်ဟု ယူဆရသူနှင့် လုချန်း သီးသန့်တွေ့ဆုံခြင်းက တကယ်တမ်းတော့ အန္တရာယ်ရှိသည်။
ချူးယုချင်က
“အင်း။နားလည်ပြီ။ အခန်းထဲမှာ တစ်ခုခု မူမမှန်တာနဲ့ ဒေါ်လေးချက်ချင်း ဝင်သွားပါမယ်။” ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုအချိန်တွင်။
အခန်းထဲတွင်။
လုချန်းသည် စားပွဲမှ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီးနဂါးဖီးနစ်ရည်လက်ဖက်ရည်ကို နှပ်လိုက်ပြီး နောက် ပြုံးလျက် ဝမ်ချင်းစီအား
“မိန်းကလေးဝမ် ကျေးဇူးပြုပြီး ထိုင်ပါ” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသား။”
ထို့နောက် ဝမ်ချင်းစီက ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ သူမ၏ တင်ပါးသည် ခွေးခြေခုံ ပေါ်သို့ အနည်းငယ် နစ်ဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်က အလွန်နူးညံ့သည်ကို ပြသနေသည်။
ထိုအခိုက်တွင် ဝမ်ချင်းစီက မြူစွယ်သော အသံဖြင့်
“မင်းသား၊ မြောက်ပိုင်းမြို့တော်အကြောင်း ဘာများ သိချင်ပါသလဲ။ ကျွန်မ ဘာကိုမှ မဖုံးကွယ်ဘဲ ပြောပြပါမယ်။” ဟု မေးလိုက်သည်။
လုချန်းက သူမကို မထိသေးပါ။ ချက်ချင်းပင် သူက အရေးကြီးသော ပုံစံဖြင့် မေးလိုက်သည်။
“ဝမ်မိန်းကလေးက မြောက်ပိုင်းမြို့တော်က လှပတဲ့ မိန်းကလေးတွေကို သိလား။ ထူထူးခြားခြား လှပတဲ့ မိန်းကလေးမျိုးတွေပေါ့။ မြို့တွေနိုင်ငံ တွေကို ပြောင်းပြန်လှန်နိုင်ပြီး လရောင်ကို တောင်ပုန်းကွယ်သွားစေမယ့် ပန်းကလေးတွေကိုတောင် ရှက်သွားစေနိုင်တဲ့ အလှမယ်မျိုးပေါ့။” ဟု မေးလိုက်သည်။
လုချန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲတွင် ရွံရှာသွားမိသည်။ သူသည် တကယ်ကို တဏှာရာဂကြီးသော လူတစ်ယောက်ဖြစ်သည်ဟု ထင်မှတ်လိုက်သည်။
မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း သူက ဒီနေရာက လှပသော မိန်းကလေးများကို စုံစမ်းနေပြီဖြစ်သည်။
မကြာသေးမီကပင် မောင်းမနှစ်ယောက် သူယူခဲ့ပြီးဖြစ်သည်။ အခု နောက်ထပ် ယူရန် စဉ်းစားနေပြီဖြစ်သည်။
ထို့နောက် ဝမ်ချင်းစီက
“မင်းသား၊ မြောက်ပိုင်းမြို့တော်က နေပြည်တော်နှင့် မတူပါဘူး။ နိုင်ငံများနှင့် မြို့များကို မှောက်ခုံလှန်နိုင်အောင်သော လှပတဲ့ မိန်းမတစ်ယောက်ကို ရှာဖွေဖို့က မလွယ်ကူပါဘူး” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“ဒါပေမဲ့ စားကျက်မြက်ခင်း ဒေသက အလွန်လှပတဲ့ မိန်းမတစ်ယောက်အကြောင်းတော့ ကြားသိခဲ့ဖူးပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
“အိုး၊ မိန်းကလေးဝမ် ပြောတာက စားကျက်မြက်ခင်း ဒေသက လုရိုင်းမျိုးနွယ်စုတွေက မိန်းကလေးတွေ အကြောင်းလား” ဟု မေးလိုက်သည်။
“လူရိုင်းမျိုးနွယ်တွေမှာ ဘယ်လိုလုပ်ပြီး မိန်းမလှ ရှိနိုင်မှာလဲ။”
ဝမ်ချင်းစီက “မင်းသား၊ စားကျက်မြေခင်း ဒေသက မိန်းကလေးအများစုက တောင့်တင်းသန်မာပြီး ရှနိုင်ငံက အမျိုးသားများရဲ့ အလှအပ စံနှုန်းများနှင့် ကိုက်ညီမှု မရှိပေမဲ့ လူရိုင်းမျိုးနွယ် ဘုရင်မင်းမြတ်ရဲ့ နန်းတော်မှာတော့ တော်တော်လှတဲ့ အလှမယ်တွေ အတော်များများ ရှိပါတယ်။ ကျွန်မ ပြောတဲ့ မိန်းမလှဆိုတာ သူတို့ တွေထဲက တစ်ယောက် ဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။
လုချန်းသည် စဉ်းစားလိုက်သည်။ လူရိုင်း ဘုရင်မင်းမြတ်၏ နန်းတော်က ယခု သူလက်လှမ်းမှီနိုင်သော နေရာမဟုတ်ပေ။ ပိုမိုလက်တွေ့ကျသော အရာတစ်ခုကို သူစဉ်းစားသင့်သည်။
“မိန်းကလေးဝမ်၊ လောလောဆယ်ကျွန်တော် တွေ့ဆုံနိုင်တဲ မိန်းမလှ တွေအကြောင်းကိုပဲကပြောကြရအောင်။ လူရိုင်း ဘုရင်မင်းမြတ်ရဲ့နန်းတော်က အခု ကျွန်တော် လက်လှမ်းမှီနိုင်တဲ့ နေရာမဟုတ်ပါဘူး။” ဟု ပြောလိုက်သည်။
ဝမ်ချင်စီက ညို့ငင်စွာ ပြုံးလျက်
“မင်းသား တွေ့ဆုံနိုင်တဲ့ မိန်းမလှမျိုးက အခု မင်းသားရဲ့ အရှေ့မှောက်မှာ ရှိနေတာ မဟုတ်ဘူလား” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ ဝမ်ချင်းစီက မထိန်းသိမ်းနိုင်တော့ပဲ သူ့အား မြူဆွယ်ရန် စတင်တော့မည်ဖြစ်သည်။ ဒီလိုမျိုး ဆိုလျှင်တော့ သူလည်း ထပ်ပြိီးယဉ်ကျေးနေစရာ မလိုတော့ပေ။
ဒီနေ့ ယိုယိုတစ်ရက် အနားရပြီဖြစ်သည်။ ထို့နောက် လုချန်းသည် ဝမ်ချင်းစီ၏ ဖြူ ဖွေးသော ခြေသလုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး ရယ်မောလျက်
“မိန်းကလေးဝမ် ပြောတာမှန်ပါတယ်။ ကျွန်တော့်မျက်စိရှေ့က အလှမယ်ကို မစဉ်းစားပဲ အခြားနေရာက အလှမယ်တွေ ရှာဖွေဖို့ စဉ်းစားခဲ့တာ ကျွန်တော့်အမှားပါ။” ဟု ပြောလိုက်သည်။
ထိုအခိုက် ဝမ်ချင်းစီ၏ ခန္ဓာကိုယ်မှ ထွက်သော ရနံ့သည် လုချန်း၏ နှာခေါင်းထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာပြီး သူလည်း ချက်ချင်းသွေးဆူလာတော့သည်။ သူ၏ လက်ရှိသိုင်းပညာ အဆင့်အရ သူ၏ စိတ်ဆန္ဒများကို ထိန်းချုပ်ရန်က မလွယ်ကူပါ။
သေချာပါသည်။ ယနေ့တွင် လုချန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် စီစဉ်မထားပေ။ လုချန်းက သူ၏ လှုပ်ရှားမှုများကို စတင်သောအခါ အခြေအနေက ပြည့်စုံပြီဖြစ်ကြောင်း ဝမ်ချင်းစီသိလိုက်ပြီး အခုအချိန်တွင် သူမသည် သူမ၏ ညို့ဓာတ်စွမ်းအားဖြင့် လုချန်းကို ကိုင်တွယ်နိုင်ပြီဖြစ်သည်။
သူမ၏ ညို့ငင်မှု ခံရသူကို သူမ လိုသလို လွှမ်းမိုးစေခိုင်းနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် မင်းသားစံအိမ်မှ လျှို့ဝှက်ထိပ်သီးပညာရှင်ရှိသည့် နေရာကိုလည်း စုံစမ်းနိုင်မည်ဖြစ်သည်။ ထို့နောက် ဝမ်ချင်းစီသည် လုချန်း၏ မျက်လုံးကို ကြည့်လိုက်၏။သူမ၏ အကြည့်တွင် ညို့ငင်မှုများ ပြည့်ဝစွာ ပါဝင်နေ၏
ထို့နောက် သူမက “မင်းသားက ဆိုးတယ်နော်။ တွေ့တွေ့ချင်း အသားချင်း ထိတာကတော့ မသင့်တော်ပါဘူး။” ဟု ပြောလိုက်သည်။
ထို့နောက် ဝမ်ချင်းစီသည် လုချန်း၏ မျက်လုံးထဲကိုသာ စိုက်ကြည့်နေလိုက်ပြီး သူမ၏ ညို့ငင်စွမ်းအားကို အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်အကြာတွင် ဝမ်ချင်းစီ အံ့အားသင့်သွားသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် အရိပ်အယောင်ပင် မရှိတော့ပဲ ပျောက်ကွယ်သွားပြီး ယခုအခါတွင် သူမသည် သာမန်မိန်းမတစ်ဦးနှင့် မခြားနားတော့ပေ။ာဝမ်ချင်းစီသည် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ။
သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို လုံးဝ ဆုံးရှုံးစေရန် စွမ်းအားပျက်စေသော ဆေးတစ်မျိုး လိုအပ်သည်။ သို့သော် မင်းသား၏ စံအိမ်သို့ ဝင်ရောက်ပြီးကတည်းက သူမသည် ဘာမျှ မစားခဲ့ပေ။ အခန်းထဲတွင် အခုမှ မြောက်ပိုင်းစားမင်းသား နှပ်ပေးထားသော လက်ဖက်ရည်ကိုပင် သောက်သုံးခြင်း မရှိပေ။
ဝမ်ချင်းစီ၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားသည်ကို တွေ့သောအခါ ဝမ်ချင်းစီတစ်ယောက် သူမ၏ အခြေအနေ ဆိုးရွားနေမှုကို သိလိုက်ရပြီဖြစ်ကြောင်း လုချန်း နားလည်လိုက်သည်။
သို့သော် ကံမကောင်းစွာပင် သူမနောက်ကျသွားပြီဖြစ်သည်။
ထို့နောက် လုချန်းသည် ဝမ်ချင်းစီ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ကို သိုင်းဖက်လိုက်ပြီး
“ဝမ်မိန်းကလေးက တကယ်ကို လှပပါတယ်။ မင်းကို ကိုယ့်ရဲမိန်းမဖြစ်လာ စေချင်တယ်။” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဝမ်ချင်းစီ ချက်ချင်း ထိတ်လန့်သွားပြီး
“မင်းသား၊ ကျွန်မတို့က အခုမှ တွေ့ဆုံခဲ့တာပါ။ မမြန်လွန်းဘူလား။ တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်ရန် အချိန်ပေးသင့်တယ် မဟုတ်ပါလား” ဟု အမြန်ပြန် ပြောလိုက်သည်။
ဝမ်ချင်းစီသည် သူမ၏ စွမ်းအားအားလုံး ဆုံးရှုံးသွားသည်သာမက လုချန်းကို တွန်းထုတ်ရန် လုံးဝအားမရှိတော့ကြောင်း သိလိုက်သည်။ သူမ တကယ်ပင် ဆေးခတ်ခံရ သကဲ့သို့ ဖြစ်နေသည်။ သိုင်းပညာရှင်တစ်ဦးဖြစ်သော ဝမ်ချင်းစီသည် သူမ၏ လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်သည်။ ယခုချိန် လုချန်းက သူမကို တစ်ခုခု လုပ်လာပါက သူမတွင် ခုခံနိုင်စွမ်း မရှိတော့ပေ။
ဝမ်ချင်းစီ ပြာယာခတ်နေသည်ကို တွေ့သောအခါ လုချန်းသည် သူ၏ လက်ဖြင့် သူမ၏ မေးဖျားကို ပင့်လိုက်ကာ သူမ၏ လှပသော မျက်လုံးထဲသို့ ကြည့်လိုက်ပြီး
“ဝမ်မိန်းကလေး။ တစ်ကြိမ်က ကံကြမ္မာဖြစ်ပြီးနှစ်ကြိမ်ကျရင် ရင်းနှီးမှုဖြစ်သွားတယ်။” ဟု ပြောလိုက်သည်။
“တစ်ယောက်နှင့်တစ်ယောက် နားလည်ဖို့ လိုတယ်ဆိုတော့ ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက် အလုံးစုံနားလည်အောင် လုပ်သင့်တာပေါ့။” ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းသည် ဝမ်ချင်းစီ၏ အနီရောင်နှုတ်ခမ်းကို နမ်းလိုက်သည်။ ဝမ်ချင်းစီ တွန်းထုတ်ရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။ ဗလုံးဗထွေး အသံများသာ ထွက်လာသည်။
ခဏကြာသောအခါ လုချန်းသည် ဆွဲဆောင်မှုရှိလှသော အလှမယ်ကို ချက်ချင်းပင် သူ၏ ကုတင်ပေါ်သို့ သယ်ဆောင်သွားပြီး သူတို့၏ ဆက်ဆံရေးကို စတင်ဖွံ့ဖြိုးစေရန် စတင်လိုက်သည်။
...................