← Chapters

အခန်း ၂၂-၂၄

Vol. 2 Ch. 22-24

အခန်း ၂၂-၂၄

Vol. 2 Ch. 22-24

အခန်း (၂၂)

ဒေါ်လေးချူး တကယ်တော့ ကျွန်တော့်မှာ အခက်အခဲတွေ ရှိပါတယ်

[ အောင်မြင်ပါသည်။ သခင်သည် နောက်တစ်ကြိမ် မိန်းမတစ်ဦးကို ပိုင်ဆိုင်ခဲ့ပြီး သင်သည် အဆိပ်ဒဏ်ခံဆေးလုံးကို ရရှိခဲ့သည်။]

[သခင်နှင့် ဝမ်ချင်းစီတို့သည် ဆက်ဆံရေးကို ပြုစုပျိုးထောင်ခဲ့ သောကြောင့် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံအမှတ်၂၀ တိုးမြင့်လာပြီး ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား အတွေ့အကြုံအမှတ် ၁၀ တိုးမြင့်လာသည်။]

စနစ်၏ အကြောင်းကြားချက်က သူ၏ နားထဲတွင် ထွက်ပေါ်လာသော်လည်း လုချန်းသည် အခုအချိန်တွင် ထိုအရာများကို ဂရုစိုက်ရန် စိတ်မဝင်စားတော့ပေ။

သူလုံးဝ စိတ်လွတ်သွားခဲ့ပြီဖြစ်သည်။ ဝမ်ချင်းစီ ရမှတ် ၉၅ ရှိသည့်အကြောင်းရင်းကို သူသိလိုက်ရသည်။ သူတို့အားလုံး ကိုးဆယ်ကျော်သော်လည်း ဒီမိန်းမကတော့ အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ သူ့ကိုယ်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ထိုအခိုက်တွင် အဓိကအဆောင်ဝင်း၏ ဝင်ပေါက်တွင် မုကျိရွှမ်း စိတ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေသည်။ သို့သော် ထိုအခိုက်တွင် အခန်းထဲမှ မပီမသ အသံများကို သူတို့ကြားလိုက်ကြသည်။

ထိုအသံများ ကြားလိုက်သောအခါ မုကျိရွှမ်းသည် စိတ်သက်သာရာ ရသွား၏။ မင်းသားသည် အောင်မြင်သွားပြီဟု ထင်ရသည်။ ထို့နောက် မင်းသား၏ စံအိမ်တွင် အဆင့်ကိုး ပညာရှင် နောက်တစ်ဦး ပေါ်ပေါက်လာမည်ဖြစ်သည်။

ချူးယုချင်၏ မျက်နှာကတော့ အနည်းငယ် ရဲရဲနီသွားသည်။

မုကျိရွှမ်းက သူမအား နံရံဘေးတွင် နားစွင့်စေခြင်းသည် သူမ၏ စိတ်ထဲတွင် ထူးခြားသော ခံစားချက်ကို ဖြစ်ပေါ်စေ၏။ နောက်ပိုင်း ညဉ့်နက်အချိန်များတွင် သူမအမြဲတမ်း လုချန်း၏ ချောမောသော မျက်နှာကို မြင်မိနေသည်။ ထို့နောက် မကုန်ဆုံးနိုင်သော အထီးကျန်ခြင်းနှင့် လစ်လာနေခြင်းများကို ခံစားရသည်။

လုချန်းသည် သူ့အစ်မ၏ သားဖြစ်ကြောင်း သူမကိုယ်သူမ အမြဲသတိပေးနေရ၏။ ထိုကဲ့သို့သော ခံစားချက်မျိုး လုချန်းအပေါ် ထားရှိခြင်းသည် မမှန်ကန်ကြောင်း သူမကိုယ်သူမသတိပေးနေသော်လည်း နေ့ဘက်တွင် သူမကိုယ်ကို မထိန်းချုပ်နိုင်ပဲ လုချန်းကို မကြာခဏ ခိုးကြည့်မိနေသည်။

လုချန်း အခြားမိန်းမများနှင့် အတူရှိနေသော အသံများကို ကြားသောအခါတိုင်း သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာ၏။ ပိုဆိုးသည်မှာ လုချန်းသည် အတွင်းဆောင်ထဲတွင် အချုပ်အတည်းမရှိ ပြုမူနေတတ်သောကြောင့် ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားနေပါက သူမ အမှန်တကယ်ပင် မသင့်လျော်သောအရာတစ်ခုကို လုပ်ဆောင်မိလိမ့်မည်ကို ချူးယုချင် စိုးရိမ်မိသည်။ ထိုအခိုက် ချူးယုချင်သည် သူမ၏ စိတ်ကို တည်ငြိမ်စေရန် သူမ၏ စွမ်းအားကို အမြန်အသုံးပြုလိုက်ရ၏။

စွမ်းအားကို အသုံးပြုနေစဉ် သူမသည် စိတ်ထဲတွင် အမြဲတမ်း သတိပေးနေသည်။

“ချန်းလေးသည် ယွဲ့၏ သားဖြစ်သည်။ ငါသည် သူ့အပေါ် သင့်မတော်သော အတွေးများ ထားရှိခြင်း မရှိရ။”

ထိုအခိုက် သူမ၏ဘေးတွင် ရှိနေသော မုကျိရွှမ်းသည် ချူးယုချင်က သူမ၏ မျက်လုံးများကို မှိတ်ထားပြီး မျက်နှာကလည်း နီရဲနေသည်ကို တွေ့သောအခါ သူမ၏ မနေနိုင်တော့ပဲ့ မျက်နှာကို လက်ဝါးဖြင့်အုပ်၍ ရယ်မိတော့သည်။

သူမသည်လည်း မိန်းမတစ်ဦးသာဖြစ်၏။ ထို့ပြင် အမျိုးသား၏ ထိတွေ့မှုကို တစ်ခါမှ မသိခဲ့သော မိန်းမတစ်ဦးဖြစ်သည်။ ထိုသို့သော အသံများက သူမအား သက်ရောက်မှု မရှိပါက ထူးဆန်းနေလိမ့်မည်။

သို့သော် ဤအချက်ကလည်း ချူးယုချင်သည် မင်းသားအပေါ် ခံစားချက်များ ထားရှိနေသည်ကို ပြသနေသည်။ အခြေအနေကြောင့်သာ သူမသည် သူမ၏ခံစားချက်များကို နှိမ်နင်းနေခဲ့ရခြင်းဖြစ်သည်။

ထိုအခိုက် မုကျိရွှမ်း တစ်စုံတစ်ခုကို ချက်ချင်းသတိရသွားသည်။ နောက်ပိုင်းတွင် ချူးယုချင်သည်နဂါးဖီးနစ်ရည်ကို အမြဲတမ်း သောက်သုံးနေခဲ့သည်ကို သူမ သတိထားမိသည်။ အခြားသူများသည်နဂါးဖီးနစ်ရည်သောက်သုံးခြင်း၏ အကျိုးသက်ရောက်မှုကို မသိကြ‌ပေ။ လုချန်းက သူမအား ပြောပြခဲ့သောကြောင့် မုကျိရွှမ်း သိခဲ့ရခြင်းဖြစ်သည်။

ထိုသို့ စဉ်းစားကြည့်တော့ မင်းသားသည် ချူးယုချင်ကို သူ၏ မိန်းမဖြစ်လာအောင် စီစဉ်နေခြင်းများ ဖြစ်မည်လားဟု မုကျိရွှမ်း တွေးမိလိုက်သည်။

အခု သူသည်နဂါးဖီးနစ်ရည်၏ အကူအညီဖြင့် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော ဝမ်ချင်းစီကို အနိုင်ယူခဲ့ပြီးဖြစ်သည်။ ချူးယုချင်သည်လည်းနဂါးဖီးနစ်ရည်ကို သောက်သုံးနေသည်။ ထိုအချက်က နောက်ပိုင်းတွင် လုချန်းက ချူးယုချင်ကို သူ၏ မိန်းမဖြစ်အောင် တောင်းဆိုလာပါက သူမသည် ခုခံနိုင်စွမ်း မရှိနိုင်တော့ပေ။

ထိုသို့တွေးရင်း မုကျိရွှမ်းသည် ချူးယုချင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ ကြည့်ရတာ ချူးယုချင်သည် သူတို့၏ မင်းသား၏ အနှောင်အဖွဲ့မှ တစ်သက်လုံးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

နာကျင်ရသော အချိန်များသည် အလွန်ရှည်လျားပြီး ပျော်ရွှင်ရသော အချိန်များသည် အလွန်တိုတောင်းသည်။ သို့သော် အချိန်၏ ရှည်လျားမှုနှင့် တိုတောင်းမှုတို့သည် အားလုံးဆက်စပ်နေသည်။ ဥပမာအားဖြင့် လုချန်းသည် အချိန်ကို အလွန်တိုတောင်းသည်ဟု ခံစားရပြီး ဝမ်ချင်းစီအတွက်မူ ကြာရှည်လွန်းသည်ဟု ခံစားရသည်။

ဝမ်ချင်းစီသည် လွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် လုချန်း၏ လက်ထဲသို့ အမြဲတမ်း ပြန်လည်ဆွဲခေါ်ခံရသည်။

သူမ၏ အရှက်ခွဲခံမှုသည် တိုင်းတာ၍ပင် မရပေ။ အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော သူမသည် ယနေ့တွင် သာမန်လူတစ်‌ယောက်၏ လက်ထဲသို့ ကျရောက်ခဲ့ရ၏။ သူမဘာကြောင့် ထောင်ချောက်ထဲ ကျရောက်ခဲ့ရမှန်းပင် သူမ မသိပေ။

မသိနိုင်သော အချိန်နာရိီများစွာ ကြာသွားပြီးနောက် လုချန်းသည် ဝမ်ချင်စီ၏ ခါးကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ နားနားကပ်ကာ ရယ်မောလျက်

“ချင်းစီ၊ ပန်းတစ်ရာဂေဟာက မယ်တစ်ဦးဖြစ်တဲ့မင်းက အပျိုစင်တစ်ယောက် ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။” ဟု ပြောလိုက်သည်။

“တကယ်တမ်းတော့ ကိုယ် ကံကောင်းတာပါ။”

ထိုအခိုက် လုချန်း၏ စကားများသည် မကောင်းဆိုးဝါး၏ တီးတိုး‌ပြောသံကဲ့သို့ ဖြစ်နေသည်။ ဝမ်ချင်းစီက သူမ၏သွားများကို ကြိတ်လိုက်ပြီး ဆဲရေးတိုင်းထွာ ချင်နေတော့သည်။ သို့သော် နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းသိမ်းလိုက်သည်။

သူမအခု မင်းသား၏ စံအိမ်မှ ထွက်ပြေးရန် နည်းလမ်းကို ရှာဖွေရမည်။ ဤသို့သော အရှက်တရားများကို သူမအား ဖြစ်ပေါ်စေခဲ့သော နေရာမှ ထွက်ပြေးရမည်။ သူမ၏ စွမ်းအားများ ပြန်လည်ရရှိလာသောအခါ သူမ၏ အပျိုစင်ဘဝကို ယူဆောင်သွားသော လူကို အသက်နှုတ်ယူရန် ပြန်လာမည်။

ထို့နောက် ဝမ်ချင်းစီက ချိုမြိန်သော အသံဖြင့် “မင်းသား၊ ကျွန်မကို လွှတ်ပေးပါ၊ ကျွန်မ တကယ် ခံနိုင်ရည်မရှိတော့လို့ပါ” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီ၏ အသံကို ကြားသောအခါ လုချန်းပို၍ စိတ်ကြွလာသည်။

လုချန်းက “ချင်းစီ၊ အခုကစပြီး မင်းသား၏ စံအိမ်တွင် နေထိုင်လား။ ကိုယ့်ကို ဝန်ဆောင်မှုပေးဖို့ မင်းကိုငါ ၀ယ်ထားပေးပါမယ်။” ဟု ပြောလိုက်သည်။

ဤစကားများကြောင့် ဝမ်ချင်းစီ၏ မျက်နှာသည် လူသေကဲ့သို့ ဖြူဆုတ်သွားသည်။

“ကျွန်မရဲ့ မင်းသား၊ ပန်းတစ်ရာဂေဟာမှာ ကျွန်မပိုင် ပစ္စည်းများ များစွာ ရှိပါသေးတယ်။ မင်းသား ကျွန်မကို တကယ်တမ်း ဝယ်ချင်ရင် ပန်းတစ်ရာဂေဟာသို့ ပြန်သွားခွင့်ပြုပြီးမင်းသားရဲ့ စံအိမ်ကို ကျွန်မရဲ့ပစ္စည်းတွေယူဆောင်လာ ခွင့်ပြုပါ။” သူမက အမြန်ပင် ပြောလိုက်သည်။

လုချန်းသည် ဝမ်ချင်းစီ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ကျောပြင်ကို ပွတ်သပ်နေရင်း

“အဲ့ဒီ ပစ္စည်းတွေက မလိုအပ်ပါဘူး။ မင်းအတွက် ပစ္စည်းအသစ်တွေ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး မင်းသားစံအိမ်မှာ ငွေကြေးမရှားပါဘူး” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီသည် အမြန်ပင် အခြားအကြောင်းပြချက် အသစ်တစ်ခုကိုကို ရှာဖွေလိုက်သည်။

“ကျွန်မရဲ့ မင်းသား၊ ကျွန်မဟာ ပန်းတစ်ရာဂေဟာတွင် ကြီးပြင်းခဲ့ရတဲ့အတွက် ဂေဟာက ညီအစ်မများအပေါ် မှာ သံယောဇဉ်ရှိပါတယ် ကျွန်မ သူတို့နှင့် ခွဲခွာဖို့က ခက်ခဲပါတယ်။”

“မင်းသားက ကျွန်မအပေါ် ချစ်ခင်မှုရှိတယ်ဆိုရင် ကျွန်မကို သူတို့နှင့် နှုတ်ဆက်ရန် အချိန်အနည်းငယ် ပေးပါ။”

ယခုအခါ လုချန်းက သူမအား လွှတ်ပေးရန် စိတ်ခံစားမှုဆိုင်ရာ ဆင်ခြေကိုသာ အသုံးပြုနိုင်သည်။

လုချန်းက “ကောင်းပြီ၊ မင်းကိုတစ်လအချိန်ပေး ပေးမယ်။ ဘယ်လိုလဲ” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီက စိတ်ထဲတွင်

“တစ်လတဲ့လား ကောင်းလိုက်တာ။”

သွေးလဝန်းရဲတိုက်မှ လူများ မကြာမီ ရောက်ရှိလာမည်။ တစ်လအတွင်း ဤလူသည် သေဆုံးသွားရမည်ဖြစ်သည်။ သူမကိုယ်တိုင် သူ့ကို ရှင်းလင်းပြီး သူမ၏ စိတ်ထဲရှိ ဒေါသကို ဖြေဖျောက်လိုသည်။

ထိုသို့တွေးမိသော်လည်း ဝမ်ချင်စီး၏ အသံသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ “ကျေးဇူးတင်ပါတယ်မင်းသား။ နောက်ပိုင်းတွ ကျွန်မသည် မင်းသားကို ကောင်းကောင်း ဝန်ဆောင်မှုပေးပါမယ်။” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီ၏ ဖြူနုသော ခန္ဓာကိုယ်ကို ကြည့်ရင်း လုချန်းသည် ဆက်ဆံရေးကို နက်ရှိုင်းစေရန် နောက်တစ်ကြိမ် ပြုလုပ်မိတော့သည်။ အဆုံးမရှိ ကြာ‌ ညောင်းသွားသည်ဟု ခံစားရပြီးနောက် လုချန်းသည် နောက်ဆုံးတွင် ဝမ်ချင်းစီကို ထွက်ခွာခွင့်ပြုလိုက်သည်။

ဝမ်ချင်းစီသည် မင်းသား၏ စံအိမ်မှ ထွက်သွားသောအခါ သူမ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်သသလို တုန်ယင်နေဆဲဖြစ်သည်။ သူမအလွန်အားနည်းသွားပြီး စံအိမ်၏ အိမ်ဖော်မိန်းမများ၏ ကူညီမှုဖြင့်သာ လမ်းလျှောက်နိုင်သည်။

မင်းသား၏ စံအိမ်၏ကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်ပြီး ဝမ်ချင်စီ၏ မျက်နှာသည် ချက်ချင်းပင် တင်းမာသွားပြီး သူမ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာတော့သည်။

“မြောက်ပိုင်းစားမင်းသား ရှင်စောင့်နေပါ။ ရှင်အဆုံးသတ်မယ်နေ့က နီးကပ်လာပြီ။”

စိတ်ထဲတွင် ကျိန်ဆိုလိုက်ပြီးနောက် ဝမ်ချင်းစီသည် လှည့်ထွက်၍ ပန်းတစ်ရာဂေဟာသို့ ပြန်သွားလေသည်။ ဝမ်ချင်းစီ ထွက်သွားပြီးနောက် လုချန်းသည် အခန်းထဲမှ ထွက်လာတော့ ချူးယုချင်နှင့် မုကျိရွှမ်းတို့အား တွေ့သွားသည်။

ထိုအခိုက် မုကျိရွှမ်းက “ဂုဏ်ယူပါသည် မင်းသား၊ အလှမယ်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။” ဟု ပြောလိုက်သည်။

လုချန်းသည် မုကျိရွှမ်း၏ အနားသို့ကပ်သွားပြီး သူမအား သိုင်းဖက်လိုက်ကာ

“ဒါ‌တွေအားလုံးက နှမတော်ရဲ့ စီစဉ်မှုကြောင့်ပါ။” ဟု ပြောလိုက်သည်။

ထိုအခိုက် ချူးယုချင်က “ချန်းလေး၊ နောက်ပိုင်း မင်းပို သောင်းကျန်းလာတယ်။ စံအိမ်ကိုတောင် ဂေဟာမယ်တစ်ယောက် ခေါ်ဆောင်လာတယ်။ ဒီသတင်း ပျံ့သွားရင် မြောက်ပိုင်းမြို့တော်က လူတွေက ဘယ်လိုထင်ကြမလဲ။ မင်းက သူတို့ရဲ့ မင်းသား မဟုတ်လား။” ဟု ပြောလိုက်သည်။

ချူးယုချင်၏ ဆုံးမမှုကို ကြားသောအခါ လုချန်းက သက်ပြင်းတစ်ချက် ချလ်ိုက်ပြီး

“ဒေါ်လေးချူး၊ တကယ်တော့ ကျွန်တော့်မှာ အကြောင်းပြချက်ရှိပါတယ်။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင် အံ့အားသင့်သွားပြီး

“ဘာအကြောင်းပြချက်ကြောင့်လဲ။” ဟု မေးလိုက်သည်။

ချူးယုချင်က လုချန်းသည် သူ၏ တဏှာစိတ်အတွက် အကြောင်းပြချက်များ ပေးနေသည် ဟု ခံစားမိသော်လည်း သူမသည် အခြားသူများကဲ့သို့ မဟုတ်ပေ။ သူမသည် ပုံမှန်အားဖြင့် လုချန်း၏ ရှင်းပြချက်ကို နားထောင်လေ့ရှိသည်။

ထို့နောက် လုချန်းသည် မုကျိရွှမ်းအား

“နှမ‌တော်၊ မောင်တော်ရဲ့ အကြောင်းပြချက် တွေကို ဒေါ်လေးချူးကို ရှင်းပြပေးပါ” ဟု ပြောလိုက်သည်။

မုကျိရွှမ်းသည် အံ့အားသင့်သွားသည်။ သူမက လုချန်းရဲ့ အကြောင်းပြချက်တွေကို ဘယ်လိုသိနိုင်မှာလဲ။

သူမ၏ ခင်ပွန်းသည် လှပသော မိန်းမများကို နှစ်သက်တတ်သူ မဟုတ်လား။

သို့သော် မုကျိရွှမ်းသည် ချက်ချင်းပင် ချူးယုချင်အား

“ဒေါ်လေးချူး၊ ကျွန်မ နောက်ပိုင်းကျရင် မင်းသားရဲ့ ကိစ္စတွေကို ဒေါ်လေးနှင့် ဆွေးနွေးပါမယ်။ သူ့မှာ တကယ် အကြောင်းအရင်း ရှိပါတယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်က မုကျိရွှမ်းအား သံသယ အကြည့်ဖြင့် ကြည့်လိုက်သည်။ ယခုမှ လုချန်းနှင့် မုကျိရွှမ်းတို့သည် ပူးပေါင်း၍ လှည့်ဖြားနေခြင်း ဖြစ်မည်လားဟု သူမ ပို၍သံသယဖြစ်လာမိသည်။ ခင်ပွန်းနှင့် ဇနီးသည်များသည် မကြာခဏ ပူးပေါင်းလုပ်ဆောင်လေ့ရှိသည် မဟုတ်ပါလ။ သို့သော် သူမတွင် သက်သေမရှိပါ။

ထို့‌နောက် ချူးယုချင်က ဘာမှဆက်မပြောတော့ပဲ။

“ ဒေါ်လေး ကင်းလှည့်လိုက်ဦးမယ်။ မင်းတို့နှစ်ယောက် စကားပြောကြပါ။”

အခန်း (၂၃)

လုချန်း၏ မပြတ်သားမှု_၁

ချူးယုချင်၏ ပြန်ထွက်သွားသော ပုံကို ကြည့်ရင်း မုကျိရွှမ်းသည် သူမ၏ ပါးစပ်ကိုအုပ်၍ နောက်တစ်ကြိမ် ရယ်လိုက်မိသည်။

လုချန်းက အံ့အားသင့်သော မျက်လုံးဖြင့် “နှမ၊ ဘာတွေသဘောကျနေတာလဲ” ဟု မေးလိုက်သည်။

မုကျိရွှမ်းက “မင်းသား၊ ဒေါ်လေးချူးရဲ့ မျက်နှာကို မင်းသား မတွေ့ခဲ့လို့ပါ။ ခုနက အဆောင်ဝင်းတံခါးဝမှာတုန်းက သူ့မျက်နှာ ရဲရဲနီနေတာ။ တစ်ခုခု အလွန်စိတ်အနှောင့်အယှက် ဖြစ်နေသလို ထင်ရတယ်။” ဟု ပြန်လည်ဖြေကြားလိုက်သည်။

နဂါးဖီးနစ်လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုဖြစ်ရမည်ဟု လုချန်းတွေးမိသည်။

ထိုအခိုက် မုကျိရွှမ်းက

“မင်းသား၊ ဝမ်မိန်းကလေးက မင်းသားကို လုံးဝ နာခံသွားပြီလား။” ဟု မေးလိုက်သည်။

လုချန်း ခဏမျှ စဉ်းစားလိုက်သည်။ ခုနကက ဝမ်ချင်းစီ ထွက်ခွာသွားသောအခါ သူမ၏ နှစ်သက်မှုကို သူ ကြည့်ရှုခဲ့သည်။ သူက အရမ်းကြီး ပြုမူလိုက်သော်လည်း သူမ၏ နှစ်သက်မှုက ကျဆင်းသွားခြင်း မရှိပေ။ ထို့အပြင်နဂါးဖီးနစ်ရည်၏ သက်ရောက်မှုအောက်တွင် သူမ၏ နှစ်သက်မှုက ဆယ်မှတ်တိုးမြင့်လာပြီး အမှတ်၇၀ သို့ ရောက်ရှိသွားသည်။

သို့သော် သူမသည် လုံးဝ နာခံသွားပြီဟု ပြောရန်က စောနေသေးသည်။

“မနာခံသေးဘူး။ ဒါပေမဲ့ သူသည် စံအိမ်ကို နောက်ထပ် အကြိမ်နည်းနည်း ထပ်လာမယ် ဆိုရင်တော့ သိပ်မကြာခင် ပြန်လိုစိတ် မရှိတော့‌ လောက်ဘူးလို့ မောင်တော် ယုံကြည်တယ်။” လုချန်းက ပြောလိုက်သည်။

မုကျိရွှမ်းက “အဲ့လိုဆိုရင် ဝမ်မိိန်းကလေးကို မင်းသား အမြန်သိမ်းပိုက်နိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောလိုက်သည်။

လုချန်းက အနည်းငယ် ရယ်မောလိုက်ပြီး ထပ်မံ၍ ဘာမျှ မပြောတော့ပေ။ ပန်းတစ်ရာဂေဟာသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝမ်ချင်းစီသည် မင်းသား၏ စံအိမ်သို့ ဝင်ရောက်ပြီးနောက်ပိုင်း သူမ လုပ်ဆောင်ခဲ့သည့် အရာများကို အသေးစိတ် ပြန်လည်စဉ်းစားလိုက်သည်။

သူမသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော်လည်း သူမသည် သတိမပြုမိခင် ဆေးခတ်ခံခဲ့ရသည်။

ကံကောင်းသည်က မြောက်ပိုင်းစားမင်းသားက သူမ၏ ဇစ်မြစ်ကို မသိပေ။ သူမ၏ အလှအပကိုသာ နှစ်သက်သည်။ ဒီနေ့တွင် မြောက်ပိုင်းစားမင်းသားက သူမကို သတ်ဖြတ်လိုပါက သူမသည် အခု သေဆုံးနေပြီးဖြစ်မည်။

ထိုသို့သော ဖြစ်ရပ်မျိုး သူမ နောက်တစ်ကြိမ် ထပ်အဖြစ်ခံမည်‌တော့ မဟုတ်ပါ။ ခဏကြာ စဉ်းစားပြီးတာ‌တောင် ဝမ်ချင်းစီသည် သူမဆေးခတ်ခံရသည့်နေရာကို တွေးလို့မရနိုင် ဖြစ်နေသည်။ ထိုအခိုက် ဝမ်ချင်းစီ တစ်စုံတစ်ခုကို သတိရသွားမိသည်။ သူမသည် စားပွဲပေါ်ရှိ သစ်သားသေတ္တာထဲမှ ရေမွှေးပုလင်းကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။

သူမကို ဆေးခတ်တာက ရေမွှေးမှတဆင့် ဖြစ်နိုင်သည်။ ထို့နောက် ဝမ်ချင်းစီသည် ရေမွှေးပုလင်းကို ဖွင့်လိုက်ပြီး အနံ့ခံလိုက်သည်။ သို့သော် ရေမွှေးရနံ့က သူမ၏ စွမ်းအားကို ဆုံးရှုံးစေခြင်း မရှိပေ။ ထို့နောက် သူမ ရေမွှေးပုလင်းအားလုံးကို ဖွင့်ပြီး တစ်ခုချင်းစီ ရနံ့ခံလိုက်သည်။ သို့သော် သူမ၏ အတွင်းအားကို ထိခိုက်ခြင်း မရှိကြ။

မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှ ထွက်ခွာပြီးနောက် သူမ၏ စွမ်းအားများ ချက်ချင်းပင် ပြန်လည်ရရှိလာသည်ကို ဝမ်ချင်းစီ သတိရလိုက်မိသည်။ ပြဿနာသည် မြောက်ပိုင်းစားမင်းသားကိုယ်တိုင်နှင့်ပဲ ဆက်စပ်နေသည်လား။ သို့သော် မြောက်ပိုင်းစားမင်းသားသည် သာမန်လူတစ်ဦးဖြစ်သည်။ ဒီလိုမျိုး လျှို့ဝှက်နည်းလမ်းများတွေ သူ့မှာ ရှိနိုင်ပါ့မလား။

ဝမ်ချင်းစီသည် စဉ်းစားလေ ပိုရှုပ်ထွေးလေ ဖြစ်လာပြီး အလွန်စိတ်တိုလာသည်။ မူလက သူမ၏ အကြံအစည်က မြောက်ပိုင်းစားမင်းသားကို မြူစွယ်ပြီး သူမရဲ့ ညို့ငင်စွမ်းဖြင့် ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော် သူမ၏ မြူစွယ်မှုသည် ပျက်ကွက်သွားသည် သာမက သူမသည် သူနှင့် ပတ်သက်မှုရှိသွားခဲ့သည်။

ထိုလူက သူမကို အကြာကြီး ကစားပြီးနောက် သူမကိုယ်ဝန်ရသွားမည်ကိုပင် စိုးရိမ်မိသည်။

ထိုအတွေးသည် ဝမ်ချင်းစီကို အလွန်ဒေါသထွက်စေသည်။

“ဒီတဏှာရူး မြောက်ပိုင်းစားမင်းသား၊ တစ်နေ့ကျရင် ငါကိုယ်တိုင် သူ့ကိုသင်းကွပ်မယ်။

…

ထိုအချိန်တွင်။

မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် လုချန်းသည် ယနေ့တွင် ကျောင်းယိုယိုကို ရှာဖွေရန် မသွားခဲ့ပေ။ သူမအာတွက် အနားယူရန် တစ်ရက်အချိန်ရသွားခဲ့သည်။

ချူးယုချင်သည် အတွင်းအဆောင်ဝင်းကို လှည့်လည်ပြီးနောက် အဓိကအဆောင်ဝင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ လုချန်းထိုနေရာတွင် မရှိတော့ပေ။ မုကျိရွှမ်းတစ်ဦးတည်းသာ အဆောင်ငယ်တွင် ရှိနေသေးသည်။

ချူးယုချင်သည် ချက်ချင်းပင် မုကျိရွှမ်း၏ ရှေ့သို့ လာရောက်ပြီး “ကျိရွှမ်း၊ ချန်းလေးက သူ့ရဲ့ တဏှာစိတ်တွေက ခါးသက်တဲ့ လိုအပ်ချက်တစ်ခုကြောင့်လို့ ပြောတယ်။ အဲ့ဒီ လိုအပ်ချက်က ဘာလဲဆိုတာ ပြောပြနိုင်လား။” ဟု မေးလိုက်သည်။

ဒါက…

မုကျိရွှမ်းသည် ခဏတာ ကြက်သေသေသွားသည်။

ရှင်းရှင်းလင်းလင် မြင်တတ်သူ မည်သူမဆို လုချန်းသည် သူ၏ တဏှာစိတ်အတွက် အကြောင်းပြချက် ရှာဖွေနေသည်ကို သိနိုင်သည်။ သို့သော် ချူးယုချင်သည် သူ့တွင် အခက်ခဲများ ရှိနေသည်ဟု တကယ်ယုံကြည် နေသည်။ တဏှာစိတ်မှလွဲ၍ သူ့တွင် အခြား ဘာအခက်အခဲများ ရှိနိုင်မည်နည်း။

သေချာပါသည်။ လုချန်း၏ ဇနီးဖြစ်သူ မုကျိရွှမ်းကတော့ သူမ၏ ခင်ပွန်းကို ထိုသို့သော စကားအသုံးအနှုံးမျိုးဖြင့် ပြောလိမ့်မည် မဟုတ်ပေ။

မုကျိရွှမ်းက ခဏ စဉ်းစားလိုက်ပြီးနောက် “ဒေါ်လေးချူး၊ နောက်ပိုင်းတွင် မင်းသား ပြောင်းလဲနေတာကို သတိမပြုမိဘူးလား။ သူသည် အခု မိန်းမ တွေနဲ့ နေရတာ နှစ်သက်နေတုန်းဆိုပေမဲ့ ပညာမဲ့ပြီး အရည်အချင်းမရှိဘူးလို့ လူတွေပြောကြတဲ့ မင်းသားနဲ့ အတော်မတူတော့ဘူး။"

မုကျိရွှမ်း၏ စကားကို ကြားသောအခါ ချူးယုချင်သည် စဉ်းစားလိုက်ပြီး တကယ်လည်း ထိုမှန်ကန်နေကြောင်း သိလိုက်သည်။

လုချန်း၏ လျှို့ဝှက်သောလက်နက်နှစ်မျိုးကို ပိုင်ဆိုင်ခြင်း၊ စွမ်းအားကို မြှင့်တင်ပေးနိုင်သော သစ်ပင်ကို ပိုင်ဆိုင်ခြင်းများကို ထည့်မတွက်လျှင်တောင် သူ၏ ပင်ကိုစရိုက်လက္ခဏာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခင်က သူသည် စံအိမ်၏ ကိစ္စရပ်များကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ အရာအားလုံးကို သူ၏ အဒေါ်ဖြစ်သူက စီစဉ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လုချန်းသည် ဆပ်ပြာနှင့် ရေမွှေးများကိုပင် တီထွင်ခဲ့ပြီး မင်းသား၏ စံအိမ်အတွက် ဝင်ငွေမြှင့်တင်ရန် စဉ်းစားခဲ့သည်။ ထို့ပြင် သူက လိီဖန်းကိုလည်း တပ်များကို သေချာ လေ့ကျင့်စေရန် တိုက်တွန်းနေသလို ထင်ရသည်။

သေချာပါသည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ သူ၏ အတွင်းအား တုန်ခါမှုဖြစ်သည်။ သူသည် ယခုအခါ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူမ သူ၏ စွမ်းအားတွေ ဘယ်ကရလာခဲ့သလဲဆိုတာကို မသိသော်လည်း သူသည် တကယ်ပင် သိုင်းပညာရှင်တစ်‌ယောက်ဖြစ်နေပေပြီ။

သို့သော် သူ၏ သောင်းကျန်းနေသော ကာမစိတ်များနှင့် ဆက်စပ်သော ခက်ခဲမှုများဆိုသည်က ဒါတွေနဲ့ ဘယ်လိုဆက်စပ်နေနိုင်သလဲ။

ချူးယုချင်သည် ဆက်၍

“ချန်းလေးက နောက်ပိုင်းမှာ တော်တော်ပြောင်းလဲသွားတယ်။ ဒါပေမဲ့ သူ‌ ပြောနေတဲ့ ခက်ခဲမှုတွေနဲ့က ဘယ်လိုမျိုး ဆက်စပ်နေလို့လဲ။” ဟု မေးလိုက်သည်။

မုကျိရွှမ်း၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး

“ဒေါ်လေးချူး၊ ကျွန်မ၏ အမြင်အရ မင်းသားဟာ ပညာမဲ့သူ မဟုတ်ပါဘူး။ မိန်းမလှ တွေကိုလည်း တကယ်မမက်မောပါဘူး။ သူလုပ်ခဲ့တာတွေ အားလုံးက တကယ်တော့ သူအသက်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။

“စဉ်းစားကြည့်ပါ၊ သူကစာပေနှင့် သိုင်းပညာ ကျွမ်းကျင်တဲ့ မင်းသားတစ်ပါးဖြစ်ခဲ့ရင် သူသည် နေပြည်တော်က‌နေ အသက်ရှင်လျက် ထွက်လာနိုင်ပါ့မလား။” ဟု မေးလိုက်သည်။

မုကျိရွှမ်း၏ စကားကို ကြားသောအခါ ချူးယုချင်၏ စိတ်ထဲ တုန်လှုပ်သွား၏။ ယခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအားလုံးနှင့် ချက်ချင်းပင် ဆက်စပ်‌ တွေးတောလိုက်သည်။

လုချန်းသည် သူမကြောင့် ပျက်စီးနေပြီး သူလည်းအမြဲတန်း အပျော်အပါးနှင့်သာ နေနိုင်မည်ဟု ယုံကြည်နေသူဖြစ်သည်။ သို့သော် ဒါတွေအားလုံးက ဟန်ဆောင်လှည့်ဖြားမှုတစ်ခု ဖြစ်နိုင်သည်ဟု သူမ ဘယ်တော့ကမှ မစဉ်းစားခဲ့ပေ။

အခု စဉ်းစားကြည့်သောအခါ လုချန်းသည် အစွမ်းမရှိသူဟု ဟန်ဆောင်ခြင်း မရှိပါက သူသည် နေပြည်တော်တွင် ရှိနေစဉ်ကတည်းက သူ့အား တိုက်ခိုက်ရန် အင်အားများစွာက လှုပ်ရှားခဲ့နိုင်သည်။

သွေးလဝန်းရဲတိုက်မှ လုပ်ကြံမှုသည် ပြည့်စုံသော ဥပမာတစ်ခုဖြစ်သည်။ သူသည် အစွမ်းမရှိသော မင်းသားတစ်ပါးအဖြစ် သတ်မှတ်ခံရပြီး ဧကရာဇ်က သူ့အား အေးစက်သော မြောက်ပိုင်းဒေသသို့ စွန့်ခွာစေခဲ့တာတောင် သူ့အား စိတ်မချချင်သူများ ရှိနေဆဲဖြစ်သည်။

သူသာ အနည်းငယ် ပိုမိုထက်မြက်သည်ဟု ထင်ရပါက သူ့အား အန္တရာယ်များသည်ဟု အခြားသူများက မြင်သွားကြလိမ့်မည် မဟုတ်ပါ လော။ ထိုအခါ မင်းသားများသည် သူ့အား သတ်ရန် ပိုမို၍ စိတ်အားထက်သန်လာမည် မဟုတ်ပါလော။

သူမ လုချန်းကို နားလည်မှုလွဲမှားခဲ့သည်ကို သိလိုက်သောအခါ ချူးယုချင်သည် ကိုယ်ကိုယ်တိုင်ကို အပြစ်တင်မိသည်။ တကယ်တော့ လုချန်းက လူကြီးမဖြစ်လာတာ မဟုတ်သေးပေ။ သူမကသာ လုချန်းကို ဘယ်တော့ကမှ နားလည်ခဲ့ခြင်း မရှိခြင်းသာဖြစ်သည်။

လုချန်းအနေနှင့် ပညာမဲ့သူဟု ဟန်ဆောင်ရခြင်းက သူ့အပေါ်တွင် ကြီးမားသောဖိအား ဖြစ်ပေါ်စေခဲ့မည်ဖြစ်သည်။ သူမသည် အဒေါ်ဖြစ်သူအနေဖြင့် သူမသည် သူမ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်း မရှိပေ။

သူမသည် သူမ၏အစ်မအား တစ်သက်တာလုံး ချန်းလေးအား ကောင်းစွာ စောင့်ရှောက်မည်ဟု ကတိပြုခဲ့သော်လည်း သူ၏ အတွင်းစိတ် ခံစားချက်များစွာကို သူမ သိရှိခြင်း မရှိပေ။ သူမသည် သူ့အား တာဝန်မသိတတ်သော တဏှာကြီးသူဟုသာ ထင်မှတ်ခဲ့သည်။

လုချန်းနှင့် လက်ထပ်ခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော မုကျိရွှမ်းသည် လုချန်း၏ နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို သိရှိနေသော်လည်း ဆယ်စုနှစ်ကျော်ပတ်လုံး လုချန်း၏ ဘေးတွင် ရှိနေသော သူမသည် သူ၏ ခက်ခဲမှုများကို မသိရှိခဲ့ပေ။ ထိုအခိုက် ချူးယုချင်က မုကျိရွှမ်းအား စိတ်ဓာတ်ကျသော အသံဖြင့် “ကျိရွှမ်း၊ မင်းပြောတာ မှန်တယ်” ဟု ပြောလိုက်သည်။

“သူ့အဒေါ်ဖြစ်တဲ့ ဒေါ်လေးကိုယ်တိုင်က ‌ သူ့အပေါ်က ဖိအားများတွေကို နားလည်ဖို့ ပျက်ကွက်ခဲ့တာပါ။”

“အခု ကျိရွှမ်းက သူ့နှင့် အနီးစပ်ဆုံးသူ ဆိုတော့ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပြီး သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးအချို့ကို မျှဝေပေးနိုင်မယ်လို ဒေါ်လေး မျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက ရယ်မောလျက် “ဒေါ်လေးချူး ဒီလို မပြောပါနဲ့။ မင်းသားရဲ့ စိတ်ထဲမှာက ဒေါ်လေးပဲ သူ့နှင့် အရင်းနှီးဆုံးသူပါ။” ဟု ပြောလိုက်သည်။

ချူးယုချင်က သက်ပြင်းချလိုက်ပြီး

“ဒေါ်လေးက သူ့နှင့် အရင်းနှီးဆုံးသူဆိုရင် သူရဲ့ အတွင်းစိတ်ကို ဘာလို့နားမလည်ခဲ့ရတာလဲ။” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက အမြန်ပင် “ဒေါ်လေးချူး၊ အဲ့ဒီလိုမျိုး မတွေးပါနဲ့။ မင်းသားရဲ့ စိတ်ထဲမှာ ဒေါ်လေးထက် ပိုပြီး အရေးတဲ့သူ မရှိပါဘူး” ဟု ပြောလိုက်သည်။

ချူးယုချင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး သူမသည် ထိုအကြောင်းကို ဆက်လက် မဆွေးနွေးတော့ပေ။

……..

အခန်း (၂၄)

ဝမ်ချင်းစီကို ထပ်မံဖိတ်ကြားခြင်း

မျက်စိတစ်မှိတ်အတွင်း တစ်နာရီ ကြာသွားသည်။ ယနေ့သည် မင်းသား၏ စံအိမ်တွင် ရေမွှေးဆိုင် စတင်ဖွင့်လှစ်သည့်နေ့ဖြစ်သည်။ ယခင်က နှစ်ပတ်အတွင်း ပန်းတစ်ရာဂေဟာမှ မိန်းကလေးများ၏ ကြော်ညာမှုကြောင့် ရန်ခရိုင်တစ်ခုလုံးသည် စံအိမ်မှ ထုတ်လုပ်သော ရေမွေးများသည် ထူးခြားသည့် အရည်အသွေးများ ရှိကြောင်း သိရှိလာကြသည်။

မင်းသား၏ ရေမွှေးဆိုင် စတင်ဖွင့်လှစ်သည့်အချိန်တွင် အားလုံးတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ပန်းပွင့်များ၊ တောက်ပသော ပိုးသားများဖြင့် တန်ဆာဆင်ထားသော ခမ်းနားသည့် အဆောင်ငယ်အတွင်း စိတ်လှုပ်ရှားစွာ ပျားပန်းခတ်မျှ ဆူညံနေသည်။ ယခင်က နှစ်ပတ်အတွင်း ဆွဲဆောင်မှုရှိသော ပန်းတစ်ရာဂေဟာမှ မိန်းကလေးများ၏ ပြောင်မြောက်သော ဈေးကွက်ရှာဖွေမှုကြောင့် ရန်ခရိုင်တစ်ခုလုံးတွင် မင်းသား၏ စံအိမ်မှ ထုတ်လုပ်သော ထူးခြားသည့် ရေမွှေးများ၏ သတင်းများသည် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် မင်းမျိုးမင်းနွယ်များပင် စိတ်ဝင်စား လာခဲ့ကြသည်။

နံနက်ပိုင်း မင်းသား၏ဆိုင် တံခါးဖွင့်သည်နှင့် တပြိုင်နက် ဆိုင်အတွင်း၌ မြောက်ပိုင်းမြို့တော်ရှိ ချမ်းသာသော မိသားစုများမှ အမျိုးသမီး၊ မိန်းကလေးများနှင့် ပြည့်ကျပ်သွားသည်။ တစ်နာရီမပြည့်မီပင် ပြီးခဲ့သည့် တစ်လကျော် အတွင်း စံအိမ်မှ ထုတ်လုပ်ခဲ့သော ရေမွှေးအားလုံး ရောင်းကုန်သွားပြီ ဖြစ်သည်။

လုချန်းသည် ရေမွှေးဆိုင်သို့ မသွားခဲ့ပေ။ သူက အိမ်တွင် ဤကမ္ဘာ၏ မြေပုံကို လေ့လာခဲ့နေသည်။

သူသည် ဘုရင်ရာထူးအတွက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီဖြစ်သောကြောင့် အရင်တုန်းကလို စာအုပ်များကို လစ်လျှူရှုထားပြီး အေအေးဆေး‌ဆေး လဲလျောင်းနေရန် မဖြစ်နိုင်‌‌ တော့ပေ။

ထိုအခိုက် မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့ ပြန်လည်ရောက်ရှိလာကြ၏။ သူတို့ ဒီလောက်မြန်မြန် ပြန်လာတာကို တွေ့သောအခါ လုချန်းက သူ၏ မြေပုံကို ချလိုက်ပြီး

“မိဖုရား ရေမွှေးရောင်းတဲ့ အခြေအနေ ဘယ်လိုလဲ။” ဟု မေးလိုက်သည်။

မုကျိရွှမ်းသည် တိုက်ရိုက် မဖြေကြားဘဲ “မင်းသား၊ နှမတော် ထင်တာက ရေ‌မွှေးတွေက ဈေးနည်းနေတယ်ထင်တယ်။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ တွေဝေသွားပြီးနောက်

“ဘာလို့လဲ” ဟု မေးလိုက်သည်။

“လဝက်အတွင်း စံအိမ်က ရေမွှေးပုလင်း နှစ်ထောင်ကျော် ထုတ်လုပ်ခဲ့ပေမယ့် အားလုံးကို တစ်နာရီမပြည့်ခင်မှာ ရောင်းကုန်သွားတယ်။” မုကျိရွှမ်းက ပြန်လည်ဖြေကြားလိုက်သည်။

လုချန်းသည် အံ့အားသင့်သွားပြီး “အဲ့လောက်မြန်လား” ဟု မေးလိုက်သည်။

လုချန်းက အရူးမဟုတ်‌ပါ။ သူသည် မြောက်ပိုင်းမြို့တော်၏ စီးပွားရေးအရ ပုလင်းတစ်လုံးလျှင် ငွေနှစ်ဆ ဈေးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တကယ်တော့ မြောက်ပိုင်းမြို့တော်က ဆင်းရဲ၏။ ရေမွှေး ဝယ်ယူသုံးစွဲ နိုင်အောင် ချမ်းသာသော မိသားစုက မများပေ။ အခု မုကျိရွှမ်းက သူ့အား ရေမွှေးအားလုံး တစ်နာရီမပြည့်မီပင် ကုန်သွားသည်ဟု ပြောနေသည်။

ထို့နောက် ကျောင်းရှောင်ရှောင်က ဝင်ပြောလိုက်သည်

“မင်းသား၊ ရေမွှေးဝယ်လာဝယ်တဲ့ သူတွေထဲမှာ အခြားဒေသက လူတွေပါပါတယ်။ အထူးသဖြင့် ကုန်သည်တွေပါ။ သူတို့က ရေမွှေးကို အလွန်စိတ်ဝင်စားကြပြီး ဝယ်ရင်လည်း ဒါဇင်လိုက် ဝယ်ယူကြပါတယ်။” ဟု ပြောလိုက်သည်။

ချက်ချင်းပင် လုချန်း အကြောင်းရင်းကို နားလည်လိုက်သည်။ ကုန်သည်များက စံအိမ်၏ ရေမွှေးများကို စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ဒီလောက်မြန်မြန် ရောင်းကုန်သွားခြင်းဖြစ်သည်။

ထိုကုန်သည်များသည် သူတို့အတွက် အသုံးပြုရန် ‌ဝယ်ယူခြင်းတော့ မဖြစ်နိုင်‌ပေ။ နေပြည်တော်ကဲ့သို့သော ပိုမိုချမ်းသာသော နေရာများသို့ ယူဆောင်သွားပြီး ပြန်လည်ရောင်းချရန် ဝယ်ယူခြင်း ဖြစ်နိုင်သည်။

ပြန်လည်စဉ်းစားသောအခါ လုချန်းသည် သူ အမြင်ကျဉ်း၍ မရတော့ကြောင်း နားလည်လိုက်သည်။ နောက်ပိုင်းတွင် သူသည် စစ်တပ်ကို ထောက်ပံ့ရန် ငွေကြေးများစွာ လိုအပ်လိမ့်မည်။ သူ၏ ကုန်သွယ်မှုလုပ်ငန်းများသည် မြောက်ပိုင်းမြို့တော်တွင်သာ ကန့်သတ်ထားရန် မဖြစ်နိုင်ပေ။

မြောက်ပိုင်းမြို့တော်ရှိ နေထိုင်သူများ၏ ငွေများက နည်းပါးလှသောကြောင့် စစ်တပ်ကို ထိန်းသိမ်းရန် လုံလောက်သော ဝင်ငွေကို သူတို့ဆီမှ ညှစ်ထုတ်ခြင်းက လက်တွေ့မကျသော အကြံဥာဏ်တစ်ခုဖြစ်သည်။

ဤအတွေးဖြင့် လုချန်းသည် မုကျိရွှမ်းနှင့် အခြားမိန်းမများကို ကြည့်လိုက်ပြီး

“မိဖုရားသာ နေပြည်တော်မှာ ရှိနေတုန်းဖြစ်ပြီး အိမ်ထောင်မရှိသေးဘူးတိုရင် တစ်‌ ယောက်ယောက်က ဒီလိုရေမွှေးမျိုး ရောင်းမယ်ကြားရင်တစ်ပုလင်းကို ဘယ်လောက်ပေးဝယ်မလဲ။” ဟု မေးလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် မုကျိရွှမ်းက “မင်းသား၊ နှမသာဆိုရင် တစ်ပုလင်းကို ငွေဒင်္ဂါး နှစ်ဆယ်အထိ ပေးချင်ပါတယ်။” ဟု ပြန်လည်ဖြေကြားလိုက်သည်။

မုကျိရွှမ်း၏ အဆင့်အတန်းသည် နေပြည်တော်ရှိ ချမ်းသာသော မိသားစုများ၏ သမီးများနှင့် ဇနီးများကို ကိုယ်စားပြုသည်။ မုကျိရွှမ်းသည် တစ်ပုလင်းအတွက် ငွေဒင်္ဂါး နှစ်ဆယ် ပေးလိုပါက အခြားသော အမျိုးသမီးများ မိန်းကလေးများသည်လည်း ဒီလောက်တော့ ပေးကြမည်ဖြစ်သည်။

“နေပြည်တော်နှင့် ဆူဖုန်းမြို့တော်မှာ နောက်ထပ် ဆိုင်တွေဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အခုစပြီး ဈေးနှုန်းကို ငွေဒင်္ဂါး နှစ်ဆယ် သတ်မှတ်မယ်” လုချန်းက ပြောလိုက်သည်။

“ထုတ်လုပ်မှုစွမ်းအား တိုးလာရင် ပုလင်းအရွယ်အစားအလိုက် ဈေးနှုန်းကို ချိန်ကြတာ‌ ပေါ့။”

လုချန်းသည် တွေးမိသည်။ သူ နေပြည်တော်သို့ ပြန်လည်သွားနိုင်ခွင့် မရှိသော်ပေမယ့် သူ၏ ဆိုင်များမှ ပစ္စည်းများကို ထိုနေရာတွင် ရောင်းချရန်တော့ ပြဿနာမရှိသင့်ပေ။

လုချန်း၏ စကားကို ကြားသောအခါ မုကျိရွှမ်းက

“မင်းသား၊ နှမတော် အနေနှင့် နှမ‌တော်၏ ဖခင်နှင့် ဒီကိစ္စကို ဆွေးနွေးဖို့ လိုပါတယ်။” ဟု ပြောလိုက်သည်။

လုချန်းသည် နေပြည်တော်သို့ ပြန်လည်သွားနိုင်ခြင်း မရှိပေ။ ရေမွှေးများသည် အလွန်အမြတ်အစွန်းကြီး‌သောရှိသော ကုန်ပစ္စည်းများ ဖြစ်လာလိမ့်မည် ဖြစ်သောကြောင့် အခြားသူများက လိုချင်တပ်မက်လာနိုင်သည်။ ထို့ကြောင့် နေပြည်တော်တွင် ဆိုင်တစ်ဆိုင် ဖွင့်လှစ်လျှင် ထိုနေရာတွင် စောင့်ရှောက်ရန် တစ်ယောက်ယောက် လိုအပ်သည်။

လုချန်းက ထိုအချက်ကို သဘောပေါက်သွားပြီး ပြုံးလျက်

“အဲ့ဒါဆိုရင်တော့ မိဖုရားကိုပဲ ဒုက္ခပေးရတော့မှာပဲ” ဟု ပြောလိုက်သည်။

ထိုအခိုက် မုကျိရွှမ်းက ဆက်လက်၍ “မင်းသား၊ သင်သည် ဆူဖုန်းမြို့တော်မှာ ဆိုင် ဖွင့်လှစ်ချင်ရင် ဒေါ်လေးချူးနှင့် ဆွေးနွေးပြီး သူမအား ချူးမိသားစုကို အသိပေးဖို့ လိုအပ်လိမ့်မည်” ဟု ပြောလိုက်သည်။

ဆူဖုန်းမြို့တော်သည် တောင်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာသည် ဒေသအတွင်းရှိ မင်းမျိုးမင်းနွယ် မိသားစုများစွာ၏ ဗဟိုချက်ဖြစ်ပြီး ရှားနိုင်ငံတွင် စီးပွားရေးအရ တိုးတက်မှုအရှိဆုံး နေရာဖြစ်သည်။

ဟုတ်ပါသည်။ ထိုနေရာသည် တောင်ပိုင်း မင်းမျိုးမင်းနွယ်များ၏ နေရာဟုလည်း ဆိုနိုင်သည်။

ဆူဖုန်းမြို့တော်တွင် ရေမွှေးဆိုင် ဖွင့်လှစ်ရန် ယုံကြည်စိတ်ချရသူ တစ်ဦး လိုအပ်သည်။ ထိုသူသည် မင်းမျိုးမင်းနွယ်မိသားစုမှ တစ်ဦးဖြစ်ရမည်။ မင်းမျိုးမင်းနွယ်မိသားစုမှလူသာ ထိုနေရာကို စောင့်ရှောက်နိုင်မည်ဖြစ်သည်။ မင်းမျိုးမင်းနွယ်မိသားစုမှ တစ်ဦးမှ စောင့်ရှောက်ခြင်း မရှိပါက ဆိုင်သည် ရက်အနည်းငယ်အတွင်း ဓားပြတိုက်ခံရနိုင်သည်။

လုချန်းက " မောင်တော် ဒေါ်လေးချူးနှင့် ဒီကိစ္စကို ဆွေးနွေးပါမယ်။” ဟု ပြောလိုက်သည်။

ထိုအခိုက် ချူးယုချင်သည် အပြင်ဘက်အဆောင်ဝင်းကို လှည့်လည်နေပြီး ထိုနေရာတွင် မရှိသေးပေ။ ထို့ကြောင့် လုချန်း ချက်ချင်းလုပ်ရန် မလိုပေ။ ဤကိစ္စရပ်များသည် အချိန်ယူရသည်။ စီးပွားရေးလုပ်ငန်းတစ်ခုသည် ချက်ချင်းထ၍ လုပ်ဆောင်နိုင်‌သော အရာမဟုတ်ပေ။ ထိုအခိုက် ကျောင်းယိုယိုသည် မုကျိရွှမ်း၏ အမှနောက်ကွယ်မှ ခြေဖျားထောက်၍ တံတောင်ဖြင့် တို့လိုက်ပြီး တစ်စုံတစ်ခုကို သတိပေးလိုက်သည်။

မုကျိရွှမ်းက ချက်ချင်းပင် နားလည်လိုက်သွားပြီ ပြုံးလျက်

“မင်းသား၊ အခု ရေမွှေးနာမည်ကြီးသွားတာက ပန်းတစ်ရာဂေဟာက မိန်းကလေးများ၏ ကြော်ငြာမှုကြောင့်ပါ။ မိန်းကလေးဝမ်ကို စံအိမ်ကို ဖိတ်ကြားပြီး ကျေးဇူးတင်စကား ပြောသင့်ပါတယ်။”

အခုလဝက်အတွင်း လုချန်းသည် ကျောင်းယိုယို၏ အခန်းတွင်သာ ညတိုင်းကုန်ဆုံးနေခဲ့သည်။ ကျောင်းယိုယို ဆက်လက်၍ တောင့်မခံနိုင်တော့ပါ။ မုကျိရွှမ်းနှင့် အခြားမိန်းမနှစ်ဦးသည်လည်း လုချန်း နေ့စဉ် ဆက်ဆံရေး ပြုစုပျိုးထောင်မှုကို လိုအပ်ကြောင်း သတိပြုမိသည်။

မုကျိရွှမ်းနှင့် ကျောင်းရှောင်ရှောင်တို့သည် လုချန်းကို တစ်ခါတစ်ရံ လက်ခံပေးလေ့ရှိသည်။ သို့သော် သူတို့တွင် သားသမီးများ ရှိသောကြောင့် လုချန်းသည် သူတို့အပေါ် လွန်ကဲစွာ ပြမူလိုခြင်း မရှိပါ။

သူ့အတွက် သားသမီးများသည် ပိုမိုအရေးကြီးသည်။ ကျောင်းယိုယိုသည် ပန်းတစ်ရာဂေဟာမှ ဝမ်ချင်းစီကို လာရောက်ပြီး သူမ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေစေချင်သော်လည်း ထိုသို့သော စကားမျိုးသည် သူမကဲ့သို့သော မောင်းမငယ်တစ်ဦးအတွက် ပြောဆိုရန် မသင့်လျော်ပေ။ ထို့ကြောင့် သူမသည် လုချန်းနှင့် စကားပြောရန် မုကျိရွှမ်းကို တောင်းဆိုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ယနေ့တွင် ဝမ်ချင်းစီကို ဧည့်သည်အဖြစ် မင်းသား၏ စံအိမ်သို့ ဖိတ်ကြား၍ ကျေးဇူးတင်ကြောင်းပြောဆိုခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်ခဲ့သည်။

မုကျိရွှမ်း၏ အကြံဥာဏ်ကို ကြားသောအခါ လုချန်းက

“ဟမ်၊ ဒါကဖြစ်နိုင်တာပဲ။ ဒါပေမဲ့ မိဖုရားရဲ့ နာမည်နဲ့ပဲ သူ့ကို ဖိတ်ပါ။” ဟု ပြောလိုက်သည်။

လဝက်ခန့် ကြာသွားပြီဖြစ်သည်။ ဝမ်ချင်းစီ၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်ကို တွေးမိသောအခါ လုချန်း၏ စိတ်များလှုပ်ရှားသွားသည်။ သူ့မှာ ရွေးချယ်စရာမရှိပေ။ သူသည် အဆင့်ကိုးသို့ မရောက်ရှိသေးပေ။ သူ၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

မုကျိရွှမ်းသည် ရှက်သလို ပြုံးလိုက်ပြီး “မင်းသားရဲ့ မိဖုရား နားလည်ပါတယ်။” ဟု ပြောလိုက်သည်။

ထို့နောက် မုကျိရွှမ်းသည် အိမ်ဖော်မိန်းကလေး ရှောင်ရိုးအား လှည့်၍

“ ရှောင်ရိုး၊ ဝမ်မိန်းကလေးကို မင်းသားစံအိမ်သို့ ဖိတ်လိုက်ပါ။ ငါကိုယ်တိုင် သူ့ကိုကျေးဇူးတင်ချင်တယ်လို့ ပြောလိုက်။”

“ဟုတ်ကဲ့ သခင်မ”

ထို့နောက် ရှောင်ရိုးလည်း ပန်းတစ်ရာဂေဟာသို့ ထွက်ခွာသွားသည်။ မကြာမီပင် ဝမ်ချင်းစီသည် ရှောင်ရိုးနှင့် တွေ့ဆုံခဲ့သည်။ မင်းသမီးက ကိုယ်တိုင် ကျေးဇူးတင်လိုကြောင်း ကြားသောအခါ ဝမ်ချင်းစီ၏ မျက်ခုံးများကျုံ့သွားသည်။mယခင်က မင်းသား၏ စံအိမ်တွင် သူမဆုံးရှုံးမှုကို ခံစားခဲ့ရပြီး ယခုအခါ ထိုနေရာကို သတိထားနေသည်။

သူမသည် မည်သို့ ဆေးခတ်ခံခဲ့ရကြောင်းကိုလည်း မသိရှိနိုင်သေးပေ။ ပြီးခဲ့သည့် လဝက်အတွင်း ထိုနေ့က အဖြစ်အပျက်များကို အသေးစိတ် ပြန်လည်သုံးသပ် နေခဲ့သော်လည်း ဆေးကို မည်သို့မည်ပုံ ခပ်ခဲ့ကြောင်း အစအနပင် စဉ်းစားလို့ မရခဲ့‌ပေ။

ယခုအခါ မင်းသမီး၏ မင်းသား၏ စံအိမ်သို့ ဖိတ်ကြားမှုသည် ထိုတဏှာသမား၏ နောက်ထပ် အကြံတစ်ခု ဖြစ်နိုင်သည်။ လုချန်းကို တွေးမိသောအခါ ဝမ်ချင်စီ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်တစ်ခုလုံး တုန်သွားမိသည်။

အဲ့ဒီတုန်းက မကောင်းဆိုးဝါးကဲ့သို့သော ထိုသူသည် သူမကို နာရီ ပေါင်းများစွာ အလွတ်မပေးခဲ့ပေ။ သူမကို သူ၏‌ကစားစရာ အရာဝတ္ထုတစ်ခုကဲ့သို့ ကိုင်တွယ်ဆက်ဆံခဲ့သည်။

ဝမ်ချင်းစီ ခဏတာမျှ တွေဝေသွားသည်။ ဒီနေ့မင်းသားစံအိမ်ကို သွားသင့်လား။ သို့မဟုတ် နောက်ထပ် ရက်အနည်းငယ် စောင့်ဆိုင်းပြီး သွေးလဝန်းရဲတိုက်မှ တပ်ဖွဲ့များ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းရမည်လား။

ခဏကြာ စဉ်းစားပြီးနောက် ဝမ်ချင်းစီသည် မင်းသား၏ စံအိမ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ပထမ အချက်မှာ မင်းသား၏ စံအိမ်မှ ခေါ်ယူခြင်းဖြစ်သည်။ သာမန် ဂေဟာမယ်တစ်ဦးအဖြစ် သူမငြင်းဆိုရန် ခက်ခဲသည်။

ဒုတိယအချက်မှာ ယခုအခါ သူမသည် သတိထားနေနိုင်ပြီဖြစ်ပြီး နောက်တစ်ကြိမ် အလိမ်ခံရမည်ကို စိုးရိမ်မနေတော့ပေ။ သူမသည် သူမနှင့်အတူ ကြွက်သားပျော့ ဆေးမှုန်ကို သယ်ဆောင်သွားရန် စီစဉ်ထားသည်။ သူမလုချန်းနှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပါက သူမသည် ထိုဆေးကို သူ့အား အသုံးပြုရလိမ့်မည်။

အခု သူမသည် နောက်တစ်ကြိမ် အကစားခံရမည်ကို ယုံကြည်ခြင်း မရှိတော့ပေ။

………

All Chapters