အခန်း ၂၅-၂၇
Vol. 2 Ch. 25-27
အခန်း (၂၅)
အဆိပ်ဒဏ်ခံ ဆေးလုံး၏ အကျိုးသက်ရောက်မှု_၁
မင်းသား၏ စံအိမ်မှ အိမ်ဖော်မိန်းမ၏ လမ်းညွှန်မှုဖြင့် ဝမ်ချင်းစီသည် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့သည့် နေရာသို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။ သူမ၏ ရှေ့တွင်ရှိသော မင်းသား၏ စံအိမ်၏ ဆိုင်းဘုတ်ကို ငေးကြည့်နေစဉ် ပြီးခဲ့သည့် လဝက်က ဖြစ်ပွားခဲ့သော ပုံရိပ်များက သူမ၏ ဦးနောက်ထဲတွင် အဆက်မပြတ် ပြန်လည်ပေါ်ထွက်ပေါ်လာသည်။
ဝမ်ချင်းစီသည် သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်သည့်ဟန် ရရှိရန် ကြိုးစားလိုက်သည်။ မကြာမီပင် မင်းသား၏ စံအိမ်မှ အိမ်ဖော်သည် ဝမ်ချင်းစီကို မြောက်ပိုင်းအဆောင်ဝင်းသို့ ခေါ်ဆောင်သွားသည်။ ဝင်ရောက်သွားသောအခါ ဝမ်ချင်းစီသည် လုချန်းတစ်ဦးတည်းသာ အဆောင်ငယ်တွင် ထိုင်နေသည်ကို တွေ့ရှိသည်။ မိဖုရားကို ဘယ်နေရာမှာမှ မတွေ့ရပေ။
ထိုသို့တွေ့သောအခါ ဝမ်ချင်းစီသည် ချက်ချင်းပင် နားလည်လိုက်သည်။ သေချာပါသည်။ ဒီတဏှာသမားက သူမကို ဒီနေရာကိုလာအောင်လိမ်လည်ကြံစည်ခဲ့သည်။ မိဖုရားက သူမအား ကျေးဇူးတင်လိုကြောင်း ပြောဆိုခြင်းသည် ဟာသတစ်ခုသာ ဖြစ်သည်။ မင်းသားသည် နည်းလမ်းဟောင်းများကို ပြန်အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ကစားရန် ကြံစည်ခြင်းသာဖြစ်သည်။
ဝမ်ချင်းစီသည် စိတ်ထဲတွင် သရော်လိုက် လိုက်သည်။ ယခုအခါက အရင်ကလို မဟုတ်တော့ ပါ။ မြောက်ပိုင်းစားမင်းသားသည် သူ၏ နည်းလမ်းဟောင်းများဖြင့် ပြန်လည်ကစားလို့ရသည်ဟု သည်ဟု ထင်မှတ်နေခြင်းဖြစ်သည်။ ဒီလောက် လွယ်ကူမည်တော့ မဟုတ်ပါ။
ထို့နောက် သူမသည် သူမ၏ လက်ထဲတွင် ကြွက်သားပျော့ ဆေးမှုန့်ကို ကိုင်ထားလိုက်သည်။ လုချန်းကို သတိမပြုမိသည့် အခိုက်တွင်ဆေးမှုန့်ကို အသုံးပြုရန် စီစဉ်ထားသည်။ ထို့နောက် သူမ၏မြူစွယ်သော အစွမ်းများကို အသုံးချမည်ဖြစ်သည်။
သူမ၏ သန့်ရှင်းမှုကို လုယူရဲသော မြောက်ပိုင်းစားမင်းသားအား ဈေကြီးကြီး ပြန်လည် ပေးဆပ်ရအောင် စီမံရန် ဝမ်းချင်းစီ ဆုံးဖြတ်ထားသည်။
ထိုအတွေးဖြင့် ဝမ်ချင်းစီသည် အဆောင်ငယ်သို့ နှေးကွေးစွာ ချဉ်းကပ်လိုက်ပြီး နောက် ဦးညွှတ်လိုက်ကာ
“ဤနိမ့်ကျသူက မင်းသားကို နှုတ်ဆက်ပါတယ်” ဟု ပြောလိုက်သည်။
လုချန်းက အနည်းငယ် ခေါင်းညိမ့်လိုက်ပြီးနောက် မျက်နှာတည်ဖြင့်
“ဝမ်မိန်းကလေး၊ ကျိရွှမ်းက မိန်းကလေးနဲ့ ဆွေးနွေးစရာ ရှိတယ်ပြောတယ်။ ဒါပေမဲ့ အခုသူက ရေမွှေးဆိုင်ကို ထွက်သွားတယ်။ ခဏကြာမှ ပြန်လာမယ် ထင်တယ်။ ခဏစောင့်ပါ။” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက “မင်းသားရဲ့ ဆန္ဒအတိုင်းပါ” ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထို့နောက် ဝမ်ချင်းစီသည် ကျောက်စားပွဲဆီသို့ ချဉ်းကပ်လိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ခြောက်အိုးကို သူမ၏ဝတ်စုံဖြင့် ကာလိုက်ပြီး ကြွက်သားပျော့ ဆေးမှုန့်ကို အိုးထဲသို့ ထည့်လိုက်သည်။ ထိုအခိုက် လုချန်းက ဝမ်ချင်းစီကို တစ်ချက်ကြည့်လိုက်တော့ သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် သူ၏ မျက်လုံးထဲတွင် ပေါ်လာသည်။
[အမည် - ဝမ်ချင်းစီ]
[အဆင့် - အဆင့်ကိုး သိုင်းပညာရှင်၊ တောင်ပိုင်းမှ ဝမ်မိသားစု၏ မွေးစား သမီး၊ မြူခိုးကျောင်းတော်၏ သူတော်စင်မ၊ ပန်းတစ်ရာဂေဟာ၏ ယာယီသခင်မ။ မြောက်ပိုင်းစားမင်းသား၏ စံအိမ်သည် သူမကို ရှာဖွေနေကြောင်း ကြားသိသောအခါ သူမသည် မြောက်ပိုင်းစားမင်းသား၏ လိမ်လည်ခေါ်ဆောင်မှုကို သိရှိလိုက်သည်။ သို့သော် သူမသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်သွားရန် ရွေးချယ်ခဲ့သည်။ ထိုနေရာသို့ ရောက်ရှိသောအခါ သူမသည် ကြွက်သားပျော့ ဆေးမှုန့်ကို လက်ဖက်ခြောက်အိုးထဲသို့ ထည့်လိုက်ပြီး ပထမဦးစွာ မြောက်ပိုင်းစားမင်းသားကို ဆေးခတ်ပြီးနောက် သူမ၏မြူစွယ်မှု စွမ်းရည်ကို အသုံးပြု၍ နောက်ဆုံးတွင် သူ့အား လက်စားချေရန် စီစဉ်ခဲ့သည်။]
[အဆင့်သတ်မှတ်ချက် - ၉၅]
[နှစ်သက်မှု - ၇၅ (နဂါးဇာမဏီရည်၏ ဆက်တိုက်သက်ရောက်မှုကြောင့်)]
ဝမ်ချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တွေ့သောအခါ
လုချန်း၏ နှုတ်ခမ်းအနည်းငယ်ကွေး၍ ပြုံးလိုက်သည်။ သူမသည် သူ့အား ကြွက်သားပျော့ဆေးမှုန့်ကို အသုံးပြုရန် စီစဉ်နေသည်ကို သိရှိသွားခဲ့သည်။ သူမ၏ စိတ်ကူးယဉ်မှုသည် အောင်မြင်မည် မဟုတ်ပေ။
ဤအတွေးဖြင့် လုချန်းသည် သူ၏ စိတ်ထဲတွင် စနစ်ကို မေးလိုက်သည်။
“စနစ်၊ အဆိပ်ဒဏ်ခံ ဆေးလုံးသည် ကြွက်သားပျော့ပျောင်းစေသော ဆေးမှုန့်ကို ခံနိုင်ရည်ရှိပါသလား” ဟု မေးလိုက်သည်။
[ခံနိုင်ပါတယ်။ သခင်သည် အဆိပ်ဒဏ်ခံဆေးကို သောက်သုံးထားသောကြောင့် အဆိပ်ဒဏ် ခံနိုင်သော ခန္ဓာကိုယ်ကို ရရှိထားပါသည်။ ဤကမ္ဘာပေါ်ရှိ အဆိပ်အတောက်အားလုံးက သခင်၏ ခန္ဓာကိုယ်ထဲတွင် ပျက်ပြယ်သွားပါမည်။]
စနစ်၏ ပြန်လည်ဖြေကြားမှုကို ကြားသောအခါ လုချန်း စိတ်သက်သာရာ ရလိုက်သည်။ ဝမ်ချင်းစီသည် သူ့အား ကြွက်သားပျော့ ဆေးမှုန့်ကို အသုံးပြုလိုပါက သူသည် သူမအား ပြန်လည်၍ လှည့်စားနိုင်သည်။
ထို့နောက် လုချန်းသည် ကျောက်စားပွဲသို့ ချဉ်းကပ်လိုက်ပြီး လက်ဖက်ရည်ခွက်နှစ်ခွက်ကို ငှဲ့လိုက်သည်။ တစ်ခွက်ကို ဝမ်ချင်းစီ၏ ရှေ့တွင် ထားလိုက်ပြီး ကျန်တစ်ခွက်ကို ကိုယ်တိုင်ကိုင်ထားသည်။
“ဝမ်မိန်းကလေး ရေငတ်နေမှာပဲ။ လည်ချောင်းကို စိုသွားအောင် လက်ဖက်ရည် သောက်လိုက်ပါ။” ဟု ပြောလိုက်သည်။
ဝမ်ချင်စီက အမြန်ပင် “ကျေးဇူးတင်ပါတယ် မင်းသား၊ ဒါပေမဲ့ ဤနိမ့်ကျသူက ရေငတ်ခြင်း မရှိပါဘူး။" ဟု ပြောလိုက်သည်။
သူမသည် ခုနကလေးတင် ထိုလက်ဖက်ခြောက်အိုးထဲသို့ ဆေးမှုန့်ကို ထည့်လိုက်ခြင်းဖြစ်သည်။ သူမ မသောက်ရဲပေ။ ဆေးမှုန့်မပါလျှင်တောင် သူမသည် မင်းသား၏ စံအိမ်မှ လက်ဖက်ရည်ကို မသောက်ရဲပါ။
ယခင်က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို သူမ ရှင်းလင်းစွာ မှတ်မိနေသည်။ မင်းသားစံအိမ်တွင် သူမအလွန်အသတိထားရမည်ဖြစ်သည်။ မဟုတ်ပါက နောက်တစ်ကြိမ်ထပ်၍ ထောင်ချောက်ဆင် ခံရမည် ဖြစ်သည်။
ဝမ်ချင်းစီ လက်ဖက်ရည်သောက်ခြင်းမရှိကြောင်း လုချန်း သတိပြုမိတော့ လုချန်းသည် လက်ဖက်ရည်ခွက်ကို သူ၏ နှုတ်ခမ်းနှင့် တေ့လိုက်ပြီး တစ်ခါတည်း သောက်လိုက်သည်။ ထို့နောက် လုချန်းသည် ဝမ်ချင်းစီ၏ ဘေးတွင်ရှိသော ကျောက်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး သူမကို စိုက်ကြည့်နေလိုက်သည်။
“ချင်းစီ၊ မင်းထွက်သွားပြီး ဒီမင်းသားက မင်းအကြောင်းကို အဆက်မပြတ် တွေးနေခဲ့တာ။” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ နှလုံးသားခုန်သံသည် နားမလည်နိုင်စွာ မြန်ဆန်လာသည်။
မြောက်ပိုင်းစားမင်းသားသည် သူမအပေါ် ကြိုးစားရန် ပြင်ဆင်နေကြောင်း သူမသိသည်။ ယခုအခိုက် ဝမ်ချင်းစီသည် သူမအလွန်ကံကောင်းသည်ဟု ခံစားနေရသည်။ လက်ဖက်ခြောက်အိုးထဲသို့ ကြွက်သားပျော့ဆေးမှုန့်ကို ထည့်ခဲ့မိတာကို ကျေးဇူးတင်မိသည်။ မဟုတ်ပါက အရင်က ဖြစ်ပွားခဲ့သည့် အခြေအနေ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်။
ဝမ်ချင်းစီက “ဤနိမ့်ကျသူက မင်းသားရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါသည်။” ဟု ပြောလိုက်သည်။
လုချန်းက ဆက်လက်၍
“ချင်းစီ၊ ပန်းတစ်ရာဂေဟာက ညီအစ်မများကို နှုတ်ဆက်ပြီးပြီလား။ မင်းကို ဝယ်ယူဖို့အချိန်ကို စောင့်နေတာ။” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက သနားစရာကောင်းသော ပုံစံ ဟန်ဆောင်လိုက်ပြီး
“မင်းသား ကျွန်မကို အချိန်အနည်းငယ် ပိုမိုပေးပါ။ ကျွန်မမှာ သူတို့နှင့် ခွဲခွာဖို့ ခံနိုင်ရည်မရှိလို့ပါ။ ဒီကိစ္စကိုတောင် သူတို့ကို ထုတ်ဖော်မပြောဆို ရသေးပါဘူး” ဟု ပြောလိုက်သည်။
လုချန်းသည် တစ်စုံတစ်ခုကို ပြောရန် ပြင်ဆင်နေစဉ် ရုတ်တရက် ရပ်တန့်သွားပြီး နောက် သူ၏ နဖူးကို လက်ဖြင့်ပြန်စမ်း လိုက်သည်။
“အားးး၊ ထူးဆန်းလိုက်တာ။ ခေါင်းက ဘာလို့ ဒီလောက် မူးလာရတာလဲ။” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ မျက်လုံးများ တောက်ပလာသည်။ ကြွက်သားပျော့ဆေးမှုန့် အာနိသင်ပြလာပြီဖြစ်သည်။ သူမသည် သူမ၏ အကြံအစည်ကို စတင်နိုင်ပြီဖြစ်သည်။
ဝမ်ချင်းစီက ချက်ချင်းပင် ထိတ်လန့်ဟန်ဆောင်လိုက်ပြီး နောက် လုချန်းကို ဖေးမရန် ချက်ချင်း အနားသွားလိုက်သည်။ ထို့နောက် သူမ၏ ဝတ်စုံဖြင့် စားပွဲကိုထိလိုက်ပြီး လက်ဖက်ခြောက်အိုးသည် ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်သည်။
“မင်းသား၊ဘာဖြစ်နေတာလဲ။ ကျွန်မကို ကြောက်အောင်မလုပ်ပါနဲ့” ဟု ပြောလိုက်သည်။
“မင်းသား ဒီမှာခဏ စောင့်ပါ။ ကျွန်မ အခုပဲတစ်ယောက်ယောက်ကို သွားခေါ်လာပါမယ်။” ဟု ပြောလိုက်သည်။
ထိုအခိုက် သူတို့နှစ်ဦးမှလွဲ၍ မြောက်ပိုင်းအဆောင်ဝင်းတွင် လူတစ်ဦးမျှ မရှိပေ။ အိမ်ဖော်မိန်းမတစ်ဦးပင် မရှိပေ။ သေချာပါသည်။ ဤသည်မှာ လုချန်းက တမင်တကာ စီစဉ်ထားခြင်းဖြစ်သည်။ ထိုအခိုက် လုချန်းသည် ခေါင်းကို ခါလိုက်ပြီး “ချင်းစီ ရပါတယ်။ ကိုယ့်ကို အခန်းထဲ ပို့ပေးပါ။ ခဏနားလိုက်ရင် ကောင်းသွားမှာပါ။” ဟု ပြောလိုက်သည်။
ထို့နောက် ဝမ်ချင်းစီသည် လုချန်းကို မြောက်ပိုင်းအဆောင်ဝင်းရှိ အခန်းတစ်ခန်းသို့
ပို့ပေးလိုက်သည်။ အခြားသူတစ်ယောက်ယောက်သာ ထိုနေရာတွင် ရှိနေပါက သူတို့နှစ်ဦးကိုကြည့်ပြီး ပြုံးမိမှာ သေချာသည်။
မကြာမီပင် ဝမ်ချင်းစီသည် လုချန်းကို အခန်းထဲသို့ ပို့ဆောင်လိုက်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။
ယခုအချိန်အထိ ဝမ်ချင်းစီသည် အခြေအနေမှန်ကို လုံးဝ မသိရှိသေးပေ။ သူမ၏ အကြံအောင်မြင်တော့မည်ဟုသာ ထင်မှတ်နေပြီး သူမ၏ နှလုံးသားထဲရှိ ဒေါသကို ဖြေဖျောက်ရန် မြောက်ပိုင်းစားမင်းသားကို မည်သို့ ကိုင်တွယ်ရမည်ကိုပင် စဉ်းစား နေပြီဖြစ်သည်။
ခုတင်ပေါ်တွင် လဲလျောင်းပြီးနောက် လုချန်းကအားနည်းသွားဟန်ဆောင်လိုက်ပြီး
“ချင်းစီ၊ ကိုယ် ကောင်းပါတယ်၊ စိတ်မပူပါနဲ့။ ကိုယ့်ခန္ဓာကိုယ်က အမြဲတမ်း အားနည်းနေတတ်တယ်။ ခေါင်းကိုက်တာနဲ့ လက်ခြေအားနည်းတာက ဖြစ်နေကျပါ။” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ စိတ်ထဲတွင် သရော်လိုက်သည်။အားနည်းတယ်တဲ့လား။
သူမ၏ ခန္ဓာကိုယ်ကို နာရီပေါင်းများစွာ ကစားခဲ့သူက မည်သူနည်း။ ဒါကို “အားနည်းတယ်"လို့ ခေါ်တာလား။
ဝမ်ချင်းစီသည် ထပ်မံ၍ အချိန်ကုန်ဖြုန်းရန်စိတ်မကူးတော့ပေ။ နောက်ဆုံးတွင် သူမသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် ရောက်နေပြီဖြစ်သည်။ ချူးယုချင်ကို ထည့်စဉ်းစားရန် လိုအပ်သည်။ ထို့ကြောင့် သူမသည် မြောက်ပိုင်းစားမင်းသားကို အမြန် ဆွဲဆောင်ရန် လိုအပ်ပြီး မြောက်ပိုင်းစားမင်းသား၏ စံအိမ်ရှိ လျှို့ဝှက်သော ထိပ်သီးသိုင်းပညာရှင်အကြောင်း သိရှိရန် လိုအပ်သည်။
ထို့နောက် ဝမ်ချင်းစီသည် လုချန်း၏ မျက်လုံးကို ကြည့်လိုက်ပြီး
“မင်းသား၊ ကျွန်မမျက်လုံးတွေကို ကြည့်ပါ” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဝမ်ချင်းစီ၏ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြီး သူမသည် ညို့ဓာတ်စွမ်းအားကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက် လုချန်းက သူမ၏ လက်ကို ကိုင်လိုက်ပြီး ပြုံးလျက်
“ချင်းစီက တကယ်ကိုလှပါတယ်။” ဟု ပြောလိုက်သည်။
ဝမ်ချင်စီသည် အံ့အားသင့်သွားသည်။ သူမ၏ စွမ်းအားများ နောက်တစ်ကြိမ် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ချက်ချင်းပင် အရိပ်အယောင်မှပင် မကျန်အောင် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြောက်ပိုင်းစားမင်းသားက ဘာမှလုပ်ခဲ့တာ မဟုတ်ပါ။ သူမလည်း အလွန်အသတိထားခဲ့၏။ ဒါတောင် သူမထောင်ခြောက်ထဲသို့ ကျဖြစ်အောင် ကျရောက်သွားသေးသည်။
ဝမ်ချင်းစီသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ကို မှန်မှန်ချ လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အစက သူမ မြောက်ပိုင်းစားမင်းသားအား ကြွက်သားပျော့ဆေးမှုန့် ခတ်နိုင်ခဲ့သည်။ သူသည် သူမအား ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ဝမ်ချင်းစီသည် ထိုသို့ တွေးနေစဉ်ပင်လုချန်း၏ သန်မာသော လက်တစ်ဖက်သည် သူမကို ခုတင်ပေါ်သို့ ဆွဲခေါ်လိုက်ပြီး သူမပက်လက်လှန်လိုက်ကာ အပေါ်မှ စိီးကြည့်နေသည်။
ဝမ်ချင်းစီသည် နောက်တစ်ကြိမ် ကြက်သေသေသွားသည်။ မြောက်ပိုင်းစားမင်းသားသည် သူမ၏ ကြွက်သားပျော့ဆေးမှုန့်၏ သက်ရောက်မှုကို ခံစားနေရသည် မဟုတ်ပါလား။ အခု သူဘယ်က အားအင်တွေ ရနေတာလဲ။
ခုနကပင် ဝမ်ချင်းစီသည် သူမ၏ မျက်လုံးနှင့် တပ်အပ်တွေ့မြင်ခဲ့သည်။ မြောက်ပိုင်းစားမင်းသားသည် ကြွက်သားပျော့ ဆေးခတ်ထားသော လက်ဖက်ရည်ကို သောက်သုံးခဲ့သည်။
ဝမ်ချင်းစီ၏ ဦးနှောက်ထဲ ခြာခြာလည်သွားသည်။
[ သခင်သည် ဝမ်ချင်းစီနှင့် ခံစားချက်များကို စိုက်ပျိုးခဲ့သည်။
အတွင်းအားကျင့်စဉ်မန္တာန် ၂၀မှတ် တိုးမြင့်လာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား ၁၀မှတ် တိုးမြင့်လာသည်။]
………
အခန်း (၂၆)
အသေအကြေတိုက်ပွဲ _၁
ပထမဆုံးအကြိမ် မြောက်ပိုင်းစားမင်းသားနှင့် ဆက်ဆံရေးကို ပြုလုပ်ခဲ့စဉ်က သူမခံစားရသည့်အရာမှာ နာကျင်မှုသာဖြစ်သည်။ သူမ၏ စိတ်ထဲတွင် သူ့အား လက်စားချေရန် မည်သို့လုပ်ဆောင်ရမည်၊ သူ့အား မည်သို့ သတ်ဖြတ်ရမည်ကို ဆက်တိုက် တွေးနေခဲ့သည်။
သို့သော် လဝက်ခန့်အကြာတွင် မြောက်ပိုင်းစားမင်းသားနှင့် နောက်တစ်ကြိမ် ဆက်ဆံမှု ပြုလုပ်သည့်အခါ သူမသည် သူမ၏ နာကျင်မှုအားလုံးကို မေ့လျော့သွားပြီး စိတ်ရှုပ်ထွေးမှုများနှင့် နှစ်သက်စွဲလန်းသော ခံစားချက်များကြား လုံးဝနစ်မြုပ်သွားခဲ့ရသည်။
နာရီအနည်းငယ်ကြာသွားသည်။
ချူးယုချင်သည် မြောက်ပိုင်းအဆောင်ဝင်းကို လှည့်လည်နေစဉ် အခန်းတစ်ခန်းမှ အသံများ ထွက်ပေါ်လာသည်ကို ကြားသိလိုက်ရပြီး သူမသည် အံ့အားသင့်သွားသည်။
သူမသည် ကင်းလှည့်ခဲ့စဉ်က သူမသည် မုကျိရွှမ်းနှင့် အခြားမိန်းမသုံးဦးကို အရှေ့ပိုင်းအဆောင်ဝင်းတွင် တွေ့မြင်ခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းအဆောင်ဝင်းတွင် ထိုသို့သော အသံများ ရှိနေသည်က အဘယ်ကြောင့်နည်း။
ယောက်ျားတစ်ဦးက မြောက်ပိုင်းအဆောင်ဝင်းကို ခိုးဝင်လာပြီး အိမ်ဖော်မိန်းမတစ်ဦးနှင့် ခိုးပြီး ဆက်ဆံနေတာလား။ ဒါက မဖြစ်သင့်ပါ။
ချူးယုချင်သည် ထိုအသံများ ထွက်ပေါ်လာသော အခန်းရှေ့သို့ ချဉ်းကပ်လိုက်ပြီး တံခါးပေါ်မှ စက္ကူကို ဖောက်လိုက်ပြီး အတွင်းသို့ ချောင်းကြည့်လိုက်သည်။ ကြည့်လိုက်သောအခါ ချူးယုချင်သည် အံ့အားသင့်သွားသည်။ သူမသည် ချက်ချင်းပင် မျက်လုံးများကို ပိတ်လိုက်ပြီး ခေါင်းကို လှည့်လိုက်ကာ အမြန်ပင် ထွက်ခွာသွားတော့သည်။
“ဒီအရိုင်း ကောင်လေးက မိန်းမတစ်ယောက်ကို ခေါ်လာတာ ငါ့ကိုတောင် မပြောဘူး။” ဟု တွေးတောလိုက်သည်။
အပြင်ဘက်အဆောင်ဝင်းမှ ယောက်ျားတစ်ဦးသည် အတွင်းအဆောင်ဝင်းမှ အိမ်ဖော်မိန်းမတစ်ဦးနှင့် ခိုးပြီးဆက်ဆံရန် လာရောက်ခဲ့သည်ဟု သူမထင်မှတ်ခဲ့သည်။ သို့သော် လုချန်းကိုယ်တိုင်က ဘာမှမကောင်းတာဖြစ်သည်။ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ချူးယုချင်သည် စိတ်အနှောင့်အယှက် ဖြစ်လာပြီး မောပန်းလာသလို ခံစားလာရသည်။
ချူးယုချင်သည် သူမ၏ စိတ်ကို တည်ငြိမ်စေရန် သူမ၏ ကျင့်စဉ်နည်းလမ်းဖြင့် ခန္ဓာကိုယ်ထဲတွင် အတွင်းအားများကို အမြန်ပင် လှည့်ပတ်စေ လိုက်ပြီး သူမကိုယ်တိုင်ကိုလည်း မသင့်လျော်သော အတွေးများ မရှိစေရန် ဆက်တိုက် သတိပေးနေလိုက်သည်။
နေဝင်ချိန်တွင်။
နေသည် အနောက်ဘက်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်သည် တောက်ပသော ဆည်းဆာ၏ အရောင်ဖြင့် ဖုံးလွှမ်းနေသည်။ မုကျိရွှမ်းနှင့် ကျောင်းမိသားစုမှ ညီမနှစ်ဦးသည် စကားပြောဆိုရင်း ရယ်မောလျက် မြောက်ပိုင်းအဆောင်ဝင်းသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဖြစ်ပွားခဲ့သည့်အရာကို သူတို့ သိရှိနေကြသည်။
ထိုအခိုက် မြောက်ပိုင်းအဆောင်ဝင်းရှိ အခန်းတစ်ခန်းထဲတွင် ဝမ်ချင်းစီသည် လုချန်း၏ ရင်ခွင်ထဲတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်။ နေဝင်ချိန်၏ နေရောင်သည် အခန်းထဲသို့ ဝင်ရောက်လာပြီး ဝမ်ချင်းစီ၏ ဖြူနုသော အသားအရေကို ကြေးဝါရောင်သို့ ပြောင်းလဲသွားစေသည်။
အခုတော့ ဝမ်ချင်းစီသည် လုံးဝ နိုးကြားလာပြီဖြစ်သည်။ သူမလှည့်ဖြားခံခဲ့ကြောင်း သိရှိလိုက်သည်။
မဟုတ်ပါ။ သူတို့အားလုံး လှည့်ဖြားခံခဲ့ရသည်။ ရှနိုင်ငံ တစ်ခုလုံးကို လှည့်ဖြားခံခဲ့ရသည်။ သူမ၏ သန့်ရှင်းမှုကို လုယူခဲ့သော မြောက်ပိုင်းစားမင်းသားသည် အစွမ်းမရှိသူတစ်ယောက် လုံးဝ မဟုတ်ပေ။
ယခင်က မြောက်ပိုင်းစားမင်းသားက သူမ၏ သန့်ရှင်းမှုကို လုယူသွားသောအခါ သူမ ဒေါသအလွန်ထွက်ခဲ့ရပြီး သူမ၏အမြင်များကို ဒေါသဖုန်းလွှမ်းခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းစားမင်းသားသည် အစွမ်းမရှိသူ တစ်ယောက်ဟု မဟုတ်ဟု သူမ တစ်ခါမှ စဉ်းစားမိခြင်း မရှိခဲ့ ပေ။
သို့သော် ယခုအခါ သူမသည် စဉ်းစားလိုက်သောအခါ သံသယများ နေရာအနှံ့ ပေါ်ပေါက်လာသည်။
ပထမဦးစွာ မြောက်ပိုင်းစားမင်းသားသည် နာရီပေါင်းများစွာ သူမကို ကစားနိုင်ခြင်းသည် ပုံမှန်လူသားတစ်ဦးအတွက် မဖြစ်နိုင်ပေ။ ထိုသို့သော ကိုယ်ခန္ဓာအားကောင်းမှု မည်သူ့မှာမှ မရှိနိုင်ပေ။ အထူးသဖြင့် မြောက်ပိုင်းစားမင်းသားလို အရက်နှင့် မိန်းမများကြောင့် အားမရှိတော့ဟု သတင်းပျံ့ နေသူတစ်ဦးအတွက်ဖြစ်သည်။
မြောက်ပိုင်းစားမင်းသားသည် သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို လျှို့ဝှက်စွာ ပိတ်ဆို့နိုင်ခဲ့သည်။ ထိုအချက်က သူ၏ ထူးခြားမှုကို သက်သေပြသည်။ ထို့ပြင် ယနေ့တွင် မြောက်ပိုင်းစားမင်းသားသည် ကြွက်သားပျော့ ဆေးမှုန့်ကို သောက်သုံးပြီးတာတောင် လုံးဝထိခိုက်ခြင်းမရှိပေ။ ထိုသူသည် သာမန်လူသားတစ်ဦး ဖြစ်နိုင်ပါမည်လား။ ထိုသူသည် လူအများပြောဆိုနေကြ သော အသုံးမကျသည့် မင်းသားဖြစ်နိုင်ပါမည်လား။
မည်သို့မှ ဖြစ်နိုင်မည် မဟုတ်ပေ။ ကြွက်သားပျော့ဆေးမှုန့်ကို သောက်သုံးပြီး သက်ရောက်မူမခံရသူ တစ်ယောက်ကို သုံးမရသော လူတစ်ဦးဖြစ်သည်ဟု ယူဆပါက ကမ္ဘာပေါ်တွင် အသုံးကျသော လူများများစားစား ရှိလိမ့်မည် မဟုတ်ပေ။
မြောက်ပိုင်းစားမင်းသားသည် ကြွက်သားပျော့ဆေးမှုန့်ကို သောက်သုံးပြီးနောက် ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်းကို ခံစားရသည်ဟု ဆိုခဲ့သည်။ ၎င်းသည် သူမအား အခန်းထဲသို့ ပို့ပေးစေရန် ဉာဏ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ အကြံအစည်များကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ခဲ့သည်။
ဝမ်ချင်းစီသည် စဉ်းစားလေလေ နောင်တရ လေလေ ဖြစ်သည်။ မြောက်ပိုင်းစားမင်းသားသည် ကြွက်သားပျော့ဆေးမှုန့်၏ သက်ရောက်မှုကို ခံစားရသည် ယုံကြည်မိခဲ့သည့်အတွက် သူမ မိုက်မဲသည်ဟု ခံစားရသည်။
သို့သော် ယခုအခါ နောင်တရခြင်းသည် အသုံးမဝင်တော့ပေ။ ဖြစ်ခဲ့သည်မှာ ဖြစ်ခဲ့ပြီးပြီဖြစ်သည်။
ထိုအခိုက် ဝမ်ချင်းစီက တိုးတိုး ပြောလိုက်သည်။
“မင်းသား၊ ရှင်ကျွန်မအကြောင်းကို အစကတည်းက သိနေတာ မဟုတ်လား” ဟု ပြောလိုက်သည်။
ယခုအချိန်တွင် ဟန်ဆောင်ရန် မလိုအပ်တော့ပေ။ ဖဲချပ်များအားလုံးကို စားပွဲပေါ်တွင် ချထားရန် အချိန်ရောက်ပြီဖြစ်သည်။
လုချန်းသည် သူမအဆင့်ကိုး သိုင်းပညာရှင်ဖြစ်ကြောင်း ကောင်းကောင်းသိရှိနေသည်။ထို့ကြောင့် သူမ၏ စွမ်းအားကို ချက်ချင်းပိတ်ဆို့နိုင်ခဲ့သည်။ သူသည် ကြွက်သားပျော့ ဆေးမှုန်ကို ခံနိုင်ရည်ရှိ နေသည့်အချက်ကလည်း သူထိုအကြောင်းကို သိပြီးသားဖြစ်ကြောင်း ညွှန်ပြနေသည်။
ထို့ကြောင့် ထပ်မံ၍ ဟန်ဆောင်ရန် မလိုအပ်တော့ပေ။ ဝမ်ချင်းစီ၏ စကားများကို ကြားသောအခါ လုချန်းသည် သူမ၏ ချောမွေ့သော ကျောပြင်ကို ပွတ်သပ်လိုက်ပြီး ပြုံးလျက်
“ချင်းစီ ဘာတွေပြောနေတာလဲ။ နားမလည်ဘူး” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက ဆက်လက်၍
“မင်းသား၊ ထပ်ပြီး ဟန်ဆောင်ဖို့ မလိုတော့ပါဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားကို ချက်ချင်းပိတ်ဆို့နိုင်တဲ့ အရည်အချင်းက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းမျိုး မဟုတ်ပါဘူး။ မင်းသားက ကျွန်မအကြောင်း မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။"
“အဲ့ဒါကြောင့် ကျွန်မကို ဘာဆက်လုပ်မယ် ဆိုတာကို ပြောပြပါ။ အခု ကျွန်မကမင်းသားရဲ့ လက်ထဲသို့ ကျရောက်နေပါပြီ။ ကျွန်မကို သတ်နိုင်တယ် ဒါမှမဟုတ် အပိုင်းပိုင်း လှီးဖြတ်နိုင်တယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းက ထလိုက်ပြီး သူမ၏ ဘေးနှစ်ဖက်တွင် လက် ထောက်ထားကာ အပေါ်မှ သူမကိုကြည့်လိုက်သည်။
“ကိုယ်ကမင်းကို ဘာလို့သတ်ရမှာလဲ။ မင်းသားရှူယွမ်က ကိုယ့်အပေါ် ကောင်းတာပဲ။ အဆင့်ကိုး အလှမယ်တစ်ယောက်ကို လက်ဆောင်ပေးခဲ့တယ်။ မင်းကိုအခုသတ်လိုက်ရင် ကိုယ်က လူမဆန်တဲ့ သူတစ်ယောက် ဖြစ်သွားမှာပေါ့။" ဟု ပြောလိုက်သည်။
လုချန်း၏ စကားများကို ကြားသောအခါ ဝမ်ချင်းစီ နှလုံးခုန် မြန်လာသည်။ သေချာပါသည်။ မြောက်ပိုင်းစားမင်းသားသည် သူမကို လုရှူယွမ်က စေလွှတ်လိုက်ကြောင်း သိရှိနေပြီးဖြစ်တာ ကြာပြီဖြစ်သည်။
ဝမ်ချင်းစီက ထို့နောက် ပေါ့ပေါ့တန်တန် ရယ်မောလိုက်ပြီး
“လူတိုင်းက မြောက်ပိုင်းစားမင်းသားသည် သုံးမရသူဖြစ်တယ်လို့ ဆိုကြတယ်။ ဧကရာဇ်ဘုရင်တောင် စိတ်ပျက်လာလို့ မြောက်ပိုင်းမြို့တော်ကို ပို့ခဲ့တယ်။ ဒါပေမဲ့ ရှင်က မကန့်ကွက်ပဲ မြောက်ပိုင်းမြို့တော်သို့ ချက်ချင်းပဲ ရောက်လာခဲ့တယ်။” ဟု ပြောလိုက်သည်။
“မြောက်ပိုင်းစားမင်းသားကသူရဲ့သရုပ်အစစ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတယ်။ ဒါ့ကြောင့် ပိုပြီးကြီးတဲ့ စီမံကိန်းတစ်ခု ရှိနေရမယ်။ အခု ရှင်တစ်ချိန်လုံး ဟန်ဆောင်နေတာကို ကျွန်မ သိသွားပြီ။ သက်သေခံကို နှုတ်ပိတ်ဖို့ သတ်ရမယ် မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ၏ လှပသော မျက်လုံးများက လုချန်းကို တည့်တည့် စိုက်ကြည့်နေသည်။ သူမ အသက်ရှင်နိုင်မည်ဟု ယုံကြည်ခြင်း မရှိပေ။
နောက်ဆုံးတွင် သူမသည် မြောက်ပိုင်းစားမင်းသား၏ လက်ထဲတွင် စွမ်းအားမဲ့စွာ ကျရောက်နေပြီဖြစ်သည်။ သူသည် သာမန်လူသားတစ်ဦး မဟုတ်နိုင်ပေ။ ထို့ကြောင့် လူများက ပြောဆိုသော လျှို့ဝှက်သော ထိပ်သီးသိုင်းပညာရှင်သည် မြောက်ပိုင်းစားမင်းသားကိုယ်တိုင်ပင် ဖြစ်နိုင်သည်။
ထိုအခိုက် လုချန်းသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ဝမ်ချင်းစီ၏ လှပသော ပါးပြင်ကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကိုယ့် နေရာမှာ အခြားတစ် ယောက်ဆိုရင်တော့။ မင်းကိုသတ်လောက်တယ်။" ဟု ပြောလိုက်သည်။
“ဒါပေမဲ့ ကိုယ်ကသူတို့လို မဟုတ်ဘူး။ ကိုယ်က မင်းကို သတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က မင်းကို ကိုယ့်ရဲ့ကိုယ်လုပ်ေတာ်အဖြစ်၊ ကိုယ်တန်ဖိုးထားရတဲ့ အရာလေးအဖြစ် ပြုလုပ်ဖို့ စီစဉ်ထားတယ်။ သားသမီးတွေ မွေးဖွားပေးပြီး ကိုယ့်ရဲ့ မျိုးဆက်ကို ဆက်ပေးရမယ်။” ဟု ပြောလိုက်သည်။
လုချန်း၏ စကားများကို ကြားသောအခါ ဝမ်ချင်စီသည် အံ့အားသင့်သွားသည်။ သို့သော် သူမက အေးစက်စွာ ရယ်မောလိုက်သည်။
လုချန်းက အံ့အားသင့်သွားပြီး
“ကိုယ်စကား တွေကို ရယ်စရာ ထင်လို့လား။” ဟု မေးလိုက်သည်။
ဝမ်ချင်းစီက
“ဟုတ်ကဲ့၊ ရယ်စရာပါ။ ကျွန်မက ရှင့်ရဲ့ဘေးမှာ စိတ်ပါလက်ပါနဲ့ ဝန်ဆောင်မှုတွေ ပေးနေလိမ့်မယ်လို့ ရှင်ထင်နေတာလား။" ဟု ပြန်လည်ဖြေကြားလိုက်သည်။
"ရှင်က ကျွန်မရဲ့ စွမ်းအားကို ပိတ်ဆို့ထား နိုင်ပေမဲ့ ကျွန်မ တစ်ယောက်တည်းရှိတဲ့ကိုယ်ကိုယ် သတ်သေနိုင်တယ်။" ဟု ပြောလိုက်သည်။
လုချန်းသည် ပြုံးလျက် "သတ်သေမယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင် နေရတာလဲဆိုတာ ကိုယ်စိတ်ဝင်စားတယ်။"
ဝမ်ချင်းစီက ပြန်ဖြေလိုက်သည်။
" မင်းသားက ကျွန်မကို အပျော်အပါးပစ္စည်းတစ်ခုလိုမျိုး စံအိမ်မှာ သိမ်းထားချင်တာပဲ။ အဲ့ဒါတောင် ကျွန်မကို ဘာလို့သတ်သေချင်လဲ မေးနေသေးတယ်။ အသက်ရှင်ဖို့ အတွက်နဲ့ ကျွန်မက ဒီလိုအရှက်ကွဲ ခံမယ်များ ထင်နေလို့လား။"
လုချန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကိုယ်ကမင်းကို မင်းသား စံအိမ်မှာ အမြဲတမ်း ထိန်းသိမ်းထားမယ်လို့ မပြောခဲ့ပါလား။ မင်းကို ခဏကြာရင် လွှတ်ပေးမှာပါ။” ဟု ပြောလိုက်သည်။
ဝမ်ချင်စီ၏ ခေါင်းထဲရှုပ်ထွေးသွားသည်။ သူမ ဘယ်လိုစကားကို ကြားလိုက်တာလဲ။ မြောက်ပိုင်းစားမင်းသားက သူမကို လွှတ်ပေးမယ်တဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူတို့၏ ဖဲချပ်များ အားလုံးကို ဖွင့်ချထားလိုက်ပြီဖြစ်သည်။ သူမကို လွှတ်ပေးလိုက်ပါက ကျားကိုတောထဲ ပြန်လွှတ်ပေးသကဲ့သို့ မဖြစ်ပေဘူးလား။ မြောက်ပိုင်းစားမင်းသားသည် နှစ်ပေါင်းများစွာ အသုံးမကျသူအဖြစ် ဟန်ဆောင်နိုင်ခဲ့သည်။ ထိုအချက်က သူသည် အလွန်တွက်ဆနိုင်သော လူတစ်ဦးဖြစ်ကြောင်း သက်သေပြ နေသည်။ သူဒီလောက် စွန့်စားရဲပါ့မလား။
သို့မဟုတ် မြောက်ပိုင်းစားမင်းသားသည် သူမ ရန်နယ်မှ ထွက်ခွာခြင်းကို တားဆီးနိုင်မည်ဟုယုံကြည် နေတာလား။
ဝမ်ချင်းစီ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို တွေ့မြင်သောအခါ လုချန်းက
“ဘာလဲ၊ မင်းက ထူးဆန်းတယ်လို့ ထင်နေတာလား” ဟု မေးလိုက်သည်။
သူမ၏ စိတ်များကို စုစည်းလိုက်ပြီးနောက် ဝမ်ချင်းစီက
“ကျွန်မ မြောက်ပိုင်းစားမင်းသား စံအိမ်က လွှတ်သွားတာနဲ့ မင်းသားဟာ အသုံးမကျတဲ့ လူတစ်ဦးမဟုတ်တဲ့ကြောင်း လျှောက်ပြောမှာကို မစိုးရိမ်ဘူးလား။” ဟု မေးလိုက်သည်။
လုချန်းသည် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“ပထမဦးဆုံး အနေနှင့် မင်းရဲ့ စကားကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး။ ဒုတိယအချက်က မင်းကကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို ပြောမှာမဟုတ်ဘူးလို့ ကိုယ်ယုံတယ်” ဟု ပြောလိုက်သည်။
ဆက်ဆံရေးကို နှစ်ကြိမ်ပျိုးထောင်ပြီးနောက် ဝမ်ချင်းစီ၏ နှစ်သက်မှုသည် ကိုးဆယ်အထိ တိုးလာခဲ့သည်။ ယနေ့တွင် ဖြစ်ပွားခဲ့သော ဆက်ဆံရေးကြောင့် သူမကို လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ နှစ်သက်မှုရမှတ်ပေါင်း ၈၀ ကျော်လွန်သောအခါ သစ္စာဖောက်မှု မဖြစ်နိုင်ပေ။ အခု သူမ၏ နှစ်သက်မှုသည် ကိုးဆယ်ပင်ရှိနေသည်။
………
အခန်း (၂၇)
ဝမ်ချင်းစီ၏ ရွေးချယ်မှု
လုချန်း၏စကားများကို နားထောင်ပြီးနောက် ဝမ်ချင်းစီ တိတ်ဆိတ်သွား၏။ မှန်ပါသည်။ မြောက်ပိုင်းစားမင်းသားသည် စွမ်းရည်မဲ့သူမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလျှင်ပင် မည်သူကမှ ယုံကြည်မှာမဟုတ်ကြောင်း သူမ သဘောပေါက်သည်။
မြောက်ပိုင်းစားမင်းသားသည် ဆန်ကုန်မြေလေး တစ်ယောက်ဟု အများ၏ယူဆမှတ်ယူထားခြင်းသည် နက်ရှိုင်းစွာ စွဲမြဲနေပြီးဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည့်နောက်ပိုင်း သူသည် ထူးထူးခြားခြား ဘာကိုမှ ပြုလုပ်ခဲ့ခြင်းမရှိပဲ မင်းသားစံအိမ်တွင် နေ့စဉ် ပျော်အပါးမှုများကိုသာ လိုက်စားနေခြင်းသည် ထိုအမြင်ကို ပို၍ထောက်ခံပေးသည်။
အခုဆိုလျှင် မြောက်ပိုင်းမြို့တော်တွင် မြောက်ပိုင်းစားမင်းသားသည် သူ၏စံအိမ်တွင် အလှမယ်မိန်းမပျိုများကို များစွာထားရှိပြီး ထိုမိန်းမများနှင့် နေ့စဉ် အပျော်ပါးများကိုသာ လိုက်စားနေကြောင်း သတင်းများ ပြန့်နှံ့နေခဲ့သည်။
သို့သော် ဝမ်ချင်းစီ အနည်းငယ် အံ့ဩမိသည်။ မြောက်ပိုင်းစားမင်းသားသည် သူမ ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း ဘာလို့ယုံကြည်နေရတာလဲ။ သူက သူမကို ဒီလောက်တောင် ယုံကြည်ရသလား။
သူမအား ထိုသို့ကျူးလွန်ခဲ့ပြီးနောက် သူမက သူ့ကို လက်စားချေဖို့ပဲ စဉ်းစားနေခဲ့တာကို သူ မသိဘူးလား။
ထိုအခိုက် လုချန်းသည် ဝမ်ချင်းစီ၏ နူးညံ့သိမ်မွေ့သော ကိုယ်လုံးကို လွှတ်လိုက်ပြီး ကုတင်ပေါ်မှ ထလိုက်ကာ ဝတ်စုံများကို ဝတ်ဆင်နေရင်း “ ကောင်းပါပြီ။ မင်းပြန်လို့ရပါပြီ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီသည် လုချန်းကို မယုံကြည်နိုင်သလို ကြည့်မိလိုက်သည်။
"ရှင်ကကျွန်မကို တကယ်ပဲ ထွက်သွားခွင့်ပြုဖို့ ရည်ရွယ်ထားတာလား" သူမက မေးလိုက်၏။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် "ဒီမင်းသားက ဟာသတွေ လျှောက်ပြောတတ်တယ်လို့ မင်းထင်လို့လား။"
ဝမ်ချင်းစီက စကားကို မဆက်ပါ။ အဝတ်အစားများကို စဝတ်လိုက်သည်။
ခဏကြာတော့ ဝမ်ချင်းစိီလည်း မင်းသားစံအိမ်မှ သတိထားပြီး ထွက်ခွာသွားတော့သည်။
စံအိမ်တံခါးဝတွင် ရပ်နေရင်း သူမ မယုံနိုင် ဖြစ်နေသေးသည်။ စံအိမ်တံခါးပေါ်ရှိ ဆိုင်းဘုတ်ကို လှည့်၍ ကြည့်လိုက်ရာ သူမ၏ စိတ်ထဲတွင် မျိုးစုံသော ခံစားချက်များ ပေါ်ပေါက်လာသည်။
သူမဒီလိုပဲ ထွက်ခွာနိုင်ခဲ့တာလား။
မြောက်ပိုင်းစားမင်းသားသည် သူမကို ထိပါးခဲ့သည် မဟုတ်ပါလား။ ဝမ်ချင်းစီသည် သူမ၏ သိုင်းပညာကို လျင်မြန်စွာ စစ်ဆေးလိုက်ရာ သူမ၏ အတွင်းအားကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
မြောက်ပိုင်းစားမင်းသားသည် သူမအား ထွက်ခွာခွင့်မပြုလိုပါက သူမ၏ အတွင်းအားကို ပိတ်ဆို့ထားမည်ဖြစ်သည်။ အထူးသဖြင့် သူမသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည်။အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးကို ထိန်းသိမ်းဖမ်းဆီးရန်မှာ မလွယ်ကူပါ။
ထို့နောက် ဝမ်ချင်းစီသည် ခေါင်းကို လှည့်၍ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေသော နှလုံးသားဖြင့် ပန်းတစ်ရာဂေဟာသို့ အမြန်ပြန်လာခဲ့သည်။
လမ်းတစ်လျှောက် သူမသည် သူမ၏ ပတ်ဝန်းကျင်ကို သတိထားစွာ စောင့်ကြည့်ခဲ့သည်။ မြောက်ပိုင်းစားမင်းသားက လမ်းတွင် သူမကို တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် လူတစ်ဦးတစ်ယောက်ကမှ သူမကို ထိခိုက်ခြင်းမရှိပါ။ နောက်ယောင်ခံလိုက်ခြင်းပင် မရှိပဲ သူမသည် ပန်းတစ်ရာဂေဟာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပန်းတစ်ရာဂေဟာသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝမ်ချင်းစီသည် အဆောင်ငယ်တစ်ခုပေါ်တွင် ရပ်နေကာ မြောက်ပိုင်းစားမင်းသား၏ စံအိမ်ဘက်ကို ကြည့်နေမိ၏။ မြောက်ပိုင်းစားမင်းသားက အမှန်တကယ်ပင် လွတ်ပေးလိုက်တာလားဟု မတွေးပဲ မနေနိုင်ဖြစ်နေသည်။
မြောက်ပိုင်းစားမင်းသား ဒီလောက်ရဲရဲတင်းတင်း ဆုံးဖြတ်ရဲလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။
ဝမ်ချင်းစီ သက်ပြင်းချလိုက်သည်။ မြောက်ပိုင်းစားမင်းသားသည် ပိုမို၍ သဘောထားကြီးသော ပုံစံဖြင့် ပြုမူလေလေ သူ၏ အင်အားသည် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။
မြောက်ပိုင်းစားမင်းသားသည် သူ၏ လျှို့ဝှက်ချက်များကို သူမ ဖွင့်ဟမည်ကို မစိုးရိမ်ခြင်းက ထိုသို့ဖြစ်ခဲ့လျှင်လည်း နောက်ထပ်ပေါ်လာမည့် အကျိုးဆက်များကို ဂရုမစိုက်ကြောင်း ဖော်ပြသည်။ ထိုအချက်က မြောက်ပိုင်းစားမင်းသားသည် ပြီးပြည့်စုံသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်နိုင်ကြောင်း သွယ်ဝိုက် ညွှန်းဆိုနေသည်။
ဝမ်ချင်းစီ၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးနေသည်။ အခု သူမ ဘာလုပ်သင့်သလဲ။ သူမသည် မြူကျောင်းတော် ၊ ဝမ်မိသားစုနှင့် လုရှုယွမ်မင်းသားတို့ကို အမှန်တကယ် သစ္စာဖောက်သင့်လား။
အဆောင်ငယ်ထဲတွင် ထိုင်နေစဉ် ဝမ်ချင်းစီသည် ဝေးလံသော နေရာကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ သူမ၏ မျက်နှာပေါ်သို့ လေပြေလေညှင်းများ တိုက်ခတ်နေသည်။ ထိုအခိုက် လုချန်း၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ထွက်လာသည်။ ချက်ချင်းပင် ခုနက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ သူမ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။ ထိုအခိုက်တွင် သူမ၏ တစ်ကိုယ်လုံး အလွန်ပူလာပြီး ငြိမ်သက်မနေနိုင်တော့ပေ။
ဝမ်ချင်းစီသည် သက်ပြင်းချလိုက်သည်။ သူမသည် မြောက်ပိုင်းစားမင်းသားနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းမှာ ခံစားရသည့် ခံစားချက်များကို စွဲလမ်းနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
ဖြစ်ပျက်ခဲ့သည်မှာ နှစ်ကြိမ်သာရှိသော်လည်း ယခုအခါ ခံစားရသည့် ခံစားချက်များသည် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထားသကဲ့သို့ ဖြစ်နေသည်။
တစ်နေ့တွင် မြောက်ပိုင်းစားမင်းသား သေဆုံးသွားပါက သူမ၏ ငြိမ်သက်မနေနိုင်သော ခန္ဓာကိုယ်ကို မည်သို့ ငြိမ်းချမ်းအောင် ပြုလုပ်မည်ကို စိတ်ကူးရန်ပင် ခက်ခဲနေသည်။ မြောက်ပိုင်းစားမင်းသားသည် မည်သို့ ပြုလုပ်ခဲ့သည်ကို သူမ မသိပေ။ သို့သော် အခုတော့ ထိုအရာများက အရေးမပါတော့ပါ။ အရေးကြီးသည်မှာ သူမသည် မြောက်ပိုင်းစားမင်းသားမရှိပဲ မနေနိုင်တော့ခြင်းပင်။
ထို့နောက် ဝမ်ချင်းစီ သေချာစဉ်းစားပြီးလိုက်သည်။ သူမသည် သွေးလဝန်းရဲတိုက်နှင့် ပူးပေါင်း၍ မြောက်ပိုင်းစားမင်းသားကို သတ်ဖြတ်ရန် လုပ်ဆောင်လျှင်ပင် သူမသည် လုရှုယွမ်မင်းသား၏ မျက်လုံးထဲတွင် အသုံးချခံ ပစ္စည်းတစ်ခုသာ ဖြစ်နေဦးမည်။
နောက်ဆုံးတွင် သူမသည် ဝမ်မိသားစုက ပြုစုပျိုးထောင်ထားသော လုပ်ကြံသူတစ်ဦးသာ ဖြစ်ပြီး ကြီးမြတ်သော ဂုဏ်ဒြပ် တစ်ခုမှ မရှိပေ။ ထို့ကြောင့် သူမသည် လုရှုယွမ်မင်းသား၏ ဘက်တွင် ရှိနေသည်ဖြစ်စေ မြောက်ပိုင်းစားမင်းသား၏ ဘက်တွင် ရှိနေသည်ဖြစ်စေ အမှန်တကယ်က ကွာခြားချက်မရှိလှပေ။
ထို့ပြင် မြောက်ပိုင်းစားမင်းသား မည်သို့ ပြုလုပ်ခဲ့သည်ကို မသိရှိသော်လည်း သူမ၏ ခန္ဓာကိုယ်သည် သူ့ကို မခွဲနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မြောက်ပိုင်းစားမင်းသား၏ အမျိုးသမီးဖြစ်လာခြင်းသည် သူမအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့သည်။
ထို့နောက် ဝမ်ချင်းစီသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်ရှိရာဘက်ကို ကြည့်၍ “မင်းသား အနိုင်ရပါပြီ” ဟု တိုးတိုးလေး ရေရွတ်လိုက်၏။ ထိုစကားများ ထွက်ကျသွားသောအခါ သူမ၏ ကိုယ်ပေါ်ရှိ ဖိအားများ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ မြောက်ပိုင်းစားမင်းသားသည် သူမအား ဘာ့ကြာင့် ထွက်ခွာခွင့်ပြုခဲ့သည်ကို သူမ နားလည်လာသည်။
မြောက်ပိုင်းစားမင်းသားသည် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်ကြောင်း သူမ မခံစားရနိုင်ပဲ မနေနိုင်ပေ။ ကံကောင်းစွာဖြင့် သူမသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ အကယ်၍ သူမသည် အမျိုးသားတစ်ဦးဖြစ်ခဲ့လျှင် ယခုအခါ သူမသေဆုံးပြီးနေပြီ ဖြစ်နိုင်သည်။
ထိုအခိုက်တွင် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် အဆောင်ငယ်ထဲသို့ ရောက်ရှိလာသည်။
“သူတော်စင်မ၊ သွေးလဝန်းရဲတိုက်မှ သတင်းပေးပို့လာပါတယ်။ လျှို့ဝှက် ထိပ်သီးပညာရှင် မြောက်ပိုင်းစားမင်းသားရဲ့ စံအိမ်မှာရှိနေသေးသလား ဆိုသည့်ကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် ပြောကြားလာပါတယ်။ သူတို့ ငါးရက်အတွင်း ရန်ခရိုင်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။”
ဝမ်ချင်းစီက ခံစားချက်မဲ့စွာဖြင့်
“သိပါပြီ။ ယနေ့ည ကျွန်မကိုယ်တိုင် မြောက်ပိုင်းစားမင်းသား၏ စံအိမ်ကို သွားပြီး စုံစမ်းပါမယ်။” ဟု ပြောလိုက်သည်။
ညဉ့်နက်ချိန်တွင် အနက်ရောင် လူရိပ်တစ်ခုသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်တံခါးဝတွင် ပေါ်လာသည်။
အနက်ရောင် လူရိပ်သည် မြောက်ပိုင်းစားမင်းသားစံအိမ်၏ လူယုံ အစောင့်များကို လွယ်ကူစွာ ကျော်ဖြတ်၍ အတွင်းဘက် အဆောင်ဝင်းထဲ့သို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
မင်းသားစံအိမ် အပြင်ဘက် အဆောင်တွင် ကျွမ်းကျင်သော သိုင်းပညာရှင် များစွာမရှိသောကြောင့် လူတစ်ဦး ဝင်ရောက်နိုင်ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ သို့သော် အတွင်းဆောင်ကတော့ လူတိုင်း ဝင်ရောက်နိုင်သောနေရာမဟုတ်ပေ။
အနက်ရောင် လူရိပ် အတွင်းဆောင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝင်ရောက်ခွင့်မရမီပင် အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးက ဟန့်တားလိုက်သည်။
ချူးယုချင်က အနက်ရောင်ဝတ်စုံ ဝတ်ထားသူကို စိုက်ကြည့်ကာ အေးစက်စွာဖြင့်
“ မင်းသားစံအိမ်က လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်တဲ့ နေရာမဟုတ်ဘူး။”
ထိုစကားများ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ချူးယုချင်သည် သူမ၏ဓားကို အနက်ရောင်ဝတ်အမျိုးသမီးဆီသို့ ထိုးသွင်းလိုက်သည်။
အနက်ရောင်ဝတ်ဆင်သူက လွယ်ကူစွာ တိမ်းရှောင်ကာ ချူးယုချင်၏ ထိုးချက်ကို ရှောင်လွှဲနိုင်ခဲ့သည်။
ချူးယုချင်၏ မျက်ခုံးတွန့်ကွေးသွားပြီး စိတ်မသက်သာသော ခံစားချက်တစ်ခု သူမ၏ စိတ်ထဲပေါ်ပေါက်လာသည်။ အဆင့်ကိုး သိုင်းပညာရှင်ပါလား။
ကြည့်ရတာ လုချန်းကို လုပ်ကြံရန် ရောက်လာသည်ဟု ထင်ရသည်။ ချူးယုချင်သည် ဆက်လက် တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် အမျိုးသမီးက ပြောလိုက်သည်။
“ဒေါ်လေးချူး၊ ကျွန်မ မင်းသားနှင့် အရေးတကြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကျွန်မကို ဖြတ်သွားခွင့်ပြုပါ။”
ထိုစကားကို ကြားသောအခါ ချူးယုချင်က နှာ ခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ “အရေးတကြီး ဆွေးနွေးဖို့ လိုအပ်တယ်။ သူ့ကို လုပ်ကြံဖို့ လာတယ်လို့ပဲ ကျွန်မထင်တယ်။”
ချူးယုချင်သည် လုချန်း သူမအပြင် အခြား အဆင့်ကိုး သိုင်းပညာရှင်များနှင့် မည်သည့်အချိန်တွင် ပေါင်းသင်းခဲ့သည်ကို စဉ်းစားမရပါ။ အမျိုးသမီး၏ အသံက ရင်းနှီးနေသော်လည်း ချူးယုချင် သတိလက်လျော့ မနေနိုင်ပါ။ သူမကို အမျိုးသမီးလုပ်ကြံသူ တစ်ယောက်အဖြစ်သာ သတ်မှတ်ရမည်ဖြစ်သည်။
ထို့နောက် ချူးယုချင်သည် သူမ၏ ဓားကို အနက်ရောင်ဝတ် အမျိုးသမီးဆီသို့ ပြန်လည်ဦးတည်လိုက်သည်။ သို့သော် အနက်ရောင်ဝတ်အမျိုးသမီးသည် ချူးယုချင်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် စိတ်ကူးမရှိသည့် အသွင်ရှိပြီး ဆက်တိုက် တိမ်းရှောင်နေသည်။
အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားသောအခါ လုချန်းသည် ချက်ချင်းပင် ထွက်လာလိုက်သည်။
လုချန်းတွင် လူတစ်ဦး၏ အချက်အလက်ကို မည်သို့ပင် ဝတ်ဆင်ထားစေကာမူ သိရှိနိုင်သည့် စနစ်ရှိသည်။ အနက်ရောင်ဝတ်ဆင်ထားပြီး မျက်နှာဖုံးထားသည့်တိုင် ချက်ချင်း သိရှိနိုင်သောစနစ်ဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသမီးသည် ဝမ်ချင်းစီဖြစ်ကြောင်း တွေ့သောအခါ လုချန်းက ပြုံးပြီး ပြောလိုက်သည်။
“ဒေါ်လေးချူး၊ သူက ကျွန်တော့်လူတစ်ဦးပါ။ သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”
လုချန်း၏ စကားများကြောင့် ချူးယုချင် အံ့အားသင့်သွားသည်။ သူမသည် လုချန်းသည် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးကို မည်သည့်အချိန်တွင် လက်အောက်ငယ်သားအဖြစ် ရရှိခဲ့သည်ကို မသိပေ။ ထိုသူက အမျိုးသမီးတစ်ဦးဖြစ်သည်ကိုလည်း မသိပေ။
သူမသည် ယခင်က လုချန်းအနီးတွင် အခြား အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်မှ မမြင်ဖူးပေ။ ကြားလည်း မကြားဖူးပေ။ သို့သော် မကြာမီ ချူးယုချင်သည် သူမ၏ စိုးရိမ်မှုကို ဖြေလျှော့လိုက်သည်။ လုချန်းအကြောင်း သူမ မသိသေးသည့်အရာများ များစွာရှိသောကြောင့် ဖြစ်သည်။
ထို့နောက် ချူးယုချင် ဘေးသို့ ဖယ်ပေးလိုက်သည်။ သို့သော် သူမက ဝမ်ချင်းစီကို ခြိမ်းခြောက်လိုက်သေးသည်။
“ မြောက်ပိုင်းစားမင်းသားကို တစ်ခုခုလုပ်ရင် မင်း မြောက်ပိုင်းစားမင်းသားစံအိမ်မှ ထွက်ခွာလို့ ရမှာမဟုတ်ဘူး။"
ဝမ်ချင်းစီက ချူးယုချင်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။ ထို့နောက် လုချန်း၏ အခန်းထဲသို့ တည့်တည့် သွားလိုက်သည်။ အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝမ်ချင်းစီက သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။
ထိုအခိုက်အတွင် လုချန်းသည် ဝမ်ချင်းစီ၏ တစ်ကိုယ်လုံးကို တစ်ချက် ကြည့်လိုက်သည်။ တင်းကျပ်သော အနက်ရောင်အဝတ်အစားများက ဝတ်ဆင်ထားသည့် သူမ၏ ကောက်ကြောင်းများကို ပြည့်စုံအောင် ဖော်ပြထားပြီး သူမကို ထူးခြားသော ဆွဲဆောင်မှုတစ်ခု ပေးစွမ်းနေသည်။
လုချန်းသည် ရယ်မောလျက် မေးလိုက်သည်။ “မင်းသားစံက ထွက်ခွာသွားတာ လေးနာရီတောင် မပြည့်သေးဘူး အခုပြန်လာပြီ။ ဒီမင်းသားနှင့် ထပ်ပြီး လင်မယားအရေး ဆောင်ရွက်လိုတဲ့ ဆန္ဒရှိလို့လား။”
ဝမ်ချင်းစီက ကြာမူပါပါ ပြုံးလျက် ပြောလိုက်သည်။
“မင်းသားက ဟာသပြောနေပါလား။ ကျွန်မမှာ မင်းသားလို စွမ်းရည်မရှိပါဘူး။"
“သွေးလဝန်းရဲတိုက်က လုပ်ကြံမယ့်သူတွေ ငါးရက်အတွင်း ရန်ခရိုင်သို့ ရောက်လာမည့်အကြောင်းနှင့် ဒီတစ်ခေါက်တော့ လုပ်ကြံဖို့ သူတို့က အဆင့်ကိုး သိုင်းပညာရှင် ငါး ယောက်ကို စေလွှတ်ထားတယ်။ ဒုတိယ ရဲတိုက်မှုးလည်း ပါလာမယ်ဆိုတဲ့ အကြောင်းကို လာပြောတာ."
……..