အခန်း ၂၈-၃၀
Vol. 2 Ch. 28-30
အခန်း (၂၈)
လက်စသပ်တော့ မင်းပဲ
ဝမ်ချင်းစီ၏ စကားများကို ကြားသောအခါ လုချန်း၏ မျက်နှာတွင် စိုးရိမ်မှု တစေ့တစောင်းမျှပင် မပေါ်ပေါက်ခဲ့ပေ။ သူသည် သွေးလဝန်းရဲတိုက်မှ သူ့ကို လုပ်ကြံရန် လူများ စေလွှတ်သည့်အကြောင်းအရာကို ဝမ်ချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်မှ သိရှိထားပြီးဖြစ်သည်။
သို့သော် သွေးလဝန်းရဲတိုက်သည် သူ့ကို လုပ်ကြံရန် အဆင့်ကိုး သိုင်းပညာရှင်များကို ထိုမျှများပြားစွာ စေလွှတ်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤလောကတွင် အဆင့်ကိုး သိုင်းပညာရှင်များက ရှားပါးသင့်သည်မဟုတ်လော။ ဘယ်လိုဖြစ်လို့ သူ့ကဲ့သို့ တန်ဖိုးမရှိသော မင်းသားကို လုပ်ကြံရန် သူတို့အနက်မှ ငါးဦးကို စေလွှတ်နေကြတာလဲ။ ဒီလိုလုပ်ဖို့ တကယ်လိုလို့လား။
သူ့တွင် စနစ်မရှိပါက သူကံဆိုးသွားခဲ့မည်ဖြစ်သည်။ လုချန်း၏ မျက်နှာတွင် စိုးရိမ်မှု မပေါ်ပေါက်ခြင်းကို တွေ့သောအခါ ဝမ်ချင်းစီသည် တွေးမိသည်။ မြောက်ပိုင်းစားမင်းသားသည် တကယ်ပင် အားကောင်းလာပြီး သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို အနည်းငယ်မျှ ကြောက်ရွံ့မှုမရှိတော့ပေ။
လုချန်းက ထိုအခိုက်အခါတွင် ဝမ်ချင်းစီ၏ နောက်မှ ချဉ်းကပ်လာပြီး လက်နှစ်ဖက်ကို သူမ၏ ခါးအောက်မှလျှို၍ ပွေ့ဖက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“မင်းရဲ့ရွေးချယ်မှုကို လုပ်ပြီးပြီလို့ထင်တယ်”
“ဒါပေမယ့် ငါ့ရဲ့ နံပါတ်ရှစ် အစ်ကိုက သူ့ကိုသစ္စာဖောက်လိုက်တာကိုသိပြီး မင်းကိုသတ်ဖို့ လူလွှတ်မှာ မကြောက်ဘူးလား။”
ဝမ်ချင်းစီက လှည့်၍ပြောလိုက်သည်။
“ဒါတွေအားလုံးဟာ မင်းသားကြောင့် ဖြစ်လာတာ မဟုတ်လား။ ကျွန်မက ခုချိန်မှာ ရှင့်ရဲ့မိန်းမဖြစ်နေပြီ။ ရှင့်ကို စွန့်ခွာလို့ မရဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။”
“နောင်အနာဂတ်မှာ ရှင်က ကျွန်မကို တန်ဖိုးထားပြီး အသုံးပြုပြီးသွားတဲ့ ပစ္စည်းတစ်ခုလို မဆက်ဆံဖို့ပဲ ကျွန်မ မျှော်လင့်တယ်။”
လုချန်းက ပြုံးပြီး ပြန်လည်ပြောလိုက်သည်။ “အင်း။ စိတ်ချပါ။”
လုချန်းသည် စကားပြောနေရင်း ဝမ်ချင်းစီ၏ ပခုံးပေါ်သို့ ခေါင်းကို တင်ကာ သူမ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်သည်။
သို့သော် လုချန်း၏စိတ်ထဲတွင်မူ သွေးလဝန်းရဲတိုက်မှ လူများ မကြာမီ ရောက်ရှိလာမည့် ကိစ္စကို စဉ်းစားနေသည်။ သူ့တွင် သဲကန္တာရသိမ်းငှက်သေနတ်နှင့် ဘာရက်ကဲ့သို့သော လက်နက်များရှိသော်လည်း ပြိုင်ဘက်များက အရေအတွက်များသည်။ တစ်ယောက်ယောက်က သူ့ကို ထိန်းထားပါက လက်နက်မထုတ်နိုင်မီ အန္တရာယ်ကျရောက်နိုင်သည်ဟု လုချန်း စိုးရိမ်မိသည်။
ထို့ကြောင့် သူသည် သူ၏စွမ်းအားကို အမြန် မြှင့်တင်ရန် အလွန်လိုအပ်လှသည်။ ဒီရက်ပိုင်းအတွင်း သူသည် အဆင့်ကိုး သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနိုင်ပါက အကောင်းဆုံးဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများ အဘက်ဘက်မှ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ မည်မျှမြန်ဆန်သည်ဖြစ်စေ အဆင့်ကိုး သိုင်းစွမ်းအား၏ အားသာချက်ဖြင့် သဲကန္တာရသိမ်းငှက်သေနတ်နှင့် ဘာရက်တို့ကို အသုံးပြုပါက သူတို့ကို ကြက်ကလေး ငှက်ကလေးသတ်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်မည်ဖြစ်သည်။
သို့သော် လက်နက်များ မည်မျှအသုံးဝင်သည်ဖြစ်စေ အသက်ရှင်မှသာ သုံးစွဲနိုင်သည်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က ရုတ်တရက် အလစ်တိုက်ခိုက်လာပြီး သူ၏ အာရုံခံစွမ်းရည်မှာ လုံလောက်မှုမရှိပါက သူ့တွင် ရန်သူကို တစ်ချက်တည်း သတ်ပစ်နိုင်သော စွမ်းရည်ရှိနေလျှင်တောင် ရန်သူမှ လက်ဦးမှုရယူပြီး တိုက်ခိုက်တာကို ခံရနိုင်သည်။
ထိုအချိန်တွင် လုချန်းသည် စိတ်ထဲတွင် "စနစ်၊ အတွင်းအားမန္တာန်ကျင့်စဉ်ကို ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်ရန် အတွေ့အကြုံ ဘယ်လောက် လိုအပ်သေးသလဲ" ဟု စနစ်ကို မေးမြန်းလိုက်သည်။
စနစ်၏ အသံသည် ချက်ချင်းပင် လုချန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[သင်သည် အတွေ့အကြုံအမှတ် တစ်ရာ ထပ်မံလိုအပ်ပါသည်။]
ထိုစကားကို ကြားသောအခါ လုချန်းသည် ပီတိဖြာလာသည်။ ဒုတိယအဆင့်သို့ ရောက်ရှိရန်အတွေ့အကြုံအမှတ် တစ်ရာသာ ထပ်မံလိုအပ်တော့သည်။
မြန်ဆန်လှသည် မဟုတ်ပါလား။
ထို့နောက် လုချန်းက "စနစ်၊ အတွင်းအားမန္တာန်ကျင့်စဉ်ကို ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်ပြီးနောက် ငါ့ရဲ့ သိုင်းပညာအဆင့်က အဆင့်ခုနှစ်သို့ တိုးတက်နိုင်ပါသလား။" ဟု မေးမြန်းလိုက်သည်။
လုချန်း၏ မေးခွန်းသည် အနည်းငယ် မယုတ်မလွန်ဆန်သည်။ သူသည် တစ်ချိန်က အတွင်းအားမန္တာန်ကျင့်စဉ် ဒုတိယအဆင့်သို့ တိုးတက်ပါက သူ၏ စွမ်းအားသည် အဆင့်ကိုးသို့ ရောက်ရှိနိုင်မည်ဟု ထင်မြင်ခဲ့သည်။
ထိုစဉ် စနစ်၏ အသံ ထွက်ပေါ်လာသည်။
[အတွင်းအားမန္တာန်ကျင့်စဉ်ကို ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်ပြီးနောက် သိုင်းစွမ်းအား အဆင့်ကိုးသို့ ရောက်ရှိမည်။]
လုချန်းသည် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။ သူသည် စိတ်ကူးထားသည့်အတိုင်း တကယ်ပင် အဆင့်ကိုးသို့ တိုးတက်မည်ဖြစ်သည်။ သို့သော် နောက်တစ်ကြိမ် စဉ်းစားသောအခါ အတွင်းအားမန္တာန်ကျင့်စဉ်သည် အတွင်းအားကျင့်စဉ်တစ်ခုသာဖြစ်ပြီး သူ့အားတိုက်ခိုက်နိုင်သော စွမ်းရည်တိုက်ရိုက်ပေးခြင်း မဟုတ်ပါ။
သူသည် နောင်အနာဂတ်တွင် တိုက်ခိုက်နိုင်သော စွမ်းအားရှိသည့် ပြင်ပကျင့်စဉ်တစ်ခုကို ရှာဖွေရန် လိုအပ်သေးသည်။ ထိုအခိုက်အခါတွင် လုချန်း၏ ပွေ့ဖက်မှုအတွင်း၌ ရစ်မူးနေသော ဝမ်ချင်းစီသည်
လုချန်း၏ ခန္ဓာကိုယ်အတွင်း၌ ထူးခြားသော အရာတစ်ခုကို ခံစားလိုက်ရသည်။
ဝမ်ချင်းစီ၏ ဖြူဖွေးသော အသားအရည် ချက်ချင်းပင် နီမြန်းသွားပြီးနောက် သူမ၏ မျက်နှာ လည်ပင်းနှင့် ညှပ်ရိုးများအထိပင် နီမြန်းသွားသည်။ ထို့နောက် လုချန်းက ဝမ်ချင်းစီ၏ နားသို့ တိုးတိုးလေး ပြောလိုက်သည်။
"အခုအချိန်ကစပြီး မင်းက ငါ့ရဲ့ အမျိုးသမီးဖြစ်ေနပီ။ အမျိုးသမီး ကိုယ်လုတ်ေတာ်အနေနှင့် မင်းရဲ့ သခင်အတွက် ဘာတွေလုပ်သင့်သလဲ သိရဲ့လား။"
ထိုမေးခွန်းကို ကြားသောအခါ ဝမ်ချင်းစီသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် နေ့လယ်ပိုင်းတစ်ခုလုံး ထိုလူသား၏ ကစားခြင်းကို ခံခဲ့ရပြီး ညပိုင်းတွင် သူ၌ ထပ်မံ၍ စွမ်းအားများရှိမည်ဟု မျှော်လင့်ခြင်း မရှိခဲ့ပေ။
မြောက်ပိုင်းစားမင်းသားသည် ဘယ်လိုလုပ် ထူးခြားသည့် သက်လုံကို ပိုင်ဆိုင်နိုင် နေရပါသနည်း။
ဝမ်ချင်းစီသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် ပန်းတစ်ရာဂေဟာတွင် ကြာရှည်စွာ နေထိုင်ခဲ့သော်လည်း မြောက်ပိုင်းစားမင်းသားကဲ့သို့သော ပြင်းထန်မှုရှိသည့် လူသားမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
ဝမ်ချင်းစီက ထို့နောက် "မင်းသား၊ ကျွန်မမှာ သတင်းပို့ရန်သာ ရောက်လာခြင်းဖြစ်ပါတယ်။ယခု သတင်းပို့ပြီးသောကြောင့် ကျွန်မကို ပြန်ခွင့်ပြုပါ။" ဟု ပြောလိုက်သည်။
ပြောနေစဉ်တွင် ဝမ်ချင်းစီသည် လုချန်းကို တွန်းထုတ်၍ ထွက်ခွာရန် ပြုလုပ်လိုက်သော်လည်း သူမ၏ စွမ်းအားသည် တစ်ဖန် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမသည် ချက်ချင်းပင် လုံးဝအင်အားမဲ့သွားပြီး လုချန်းကို တွန်းထုတ်နိုင်ခြင်း မရှိတော့ပေ။
လုချန်းသည် ချက်ချင်းပင် ဝမ်ချင်းစီကို ပွေ့ဖက်ကာ ကုတင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူသည် အချိန်ကို အသုံးချ၍ အတွင်းအားမန္တာန်ကျင့်စဉ်မှ အတွေ့အကြုံအမှတ်များ ရရှိရန် လိုအပ်သောကြောင့် ဝမ်ချင်းစီကို ထိုသို့ ပြေးထွက်ခွင့် ပေးနိုင်မည်မဟုတ်ပေ။
ဝမ်ချင်းစီသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ မြောက်ပိုင်းစားမင်းသား၏ အမျိုးသမီးကျွန် ဖြစ်လာပြီးနောက် သူမသည် နောင်အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို မသိပေ။ နောင်အနာဂတ်အပေါ် သံသယဖြစ်နေစဉ် ဝမ်ချင်းစီသည် မကြာမီပင် လုချန်း ပေးဆောင်လာသော သာယာမှုအတွင်း နစ်မြုပ်သွားသည်။
ထိုစဉ်။
အဆောင်ဝင်းပြင်ပတွင်။
ချူးယုချင်သည် အနက်ရောင်ဝတ်မိန်းမ လုချန်း၏ အခန်းထဲသို့ ဝင်သွားသည်ကို မြင်တွေ့ခဲ့ရပြီး ထိုအချိန်မှစ၍ အဆောင်ဝင်းဝင်ပေါက်တွင် စောင့်ကြပ်နေခဲ့သည်။ အခန်းထဲတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက သူမသည် ချက်ချင်းပင် ပြေးဝင်သွားမည်ဖြစ်သည်။ သူမသည် အနက်ရောင်ဝတ်မိန်းမကို ယုံကြည်ခြင်း မရှိသေးပေ။
သူမသည် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သည် မဟုတ်ပါလား။ အနက်ရောင်ဝတ်မိန်းမသည် မြောက်ပိုင်းစားမင်းသားထံ တစ်စုံတစ်ရာ ရည်ရွယ်ချက်မရှိဘဲ ချဉ်းကပ်လာသည်ဟု ချူးယုချင် ယုံကြည်ရန် ခက်ခဲနေသည်။
သို့သော် ထိုအခိုက်တွင် ချူးယုချင်သည် အခန်းထဲမှ မိန်းမတစ်ဦး၏ သာယာပျော်ရွှင်နေသော အသံကို ကြားလိုက်ရသည်။ ချူးယုချင်၏ စိတ်ထဲမှ အတွေးများ လုံးဝ ပျောက်ကွယ်သွားသည်။
ဒါက...
"ဒီအဆင့်ကိုး သိုင်းပညာရှင်က တကယ်ပဲ ချန်းလေးရဲ့ မိန်းမလား။"
အဆင့်ကိုး သိုင်းပညာရှင်များက များများစားစား မရှိပါ။ အမျိုးသမီး အဆင့်ကိုးများသည် ပို၍ပင် တွေ့ရခဲသည်။ အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သော အနက်ရောင် ဝဝတ်မိန်းမသည် အရည်အချင်းမဲ့သော မင်းသားတစ်ဦး၏ မိန်းမဖြစ်လိုသည်ကို ချူးယုချင်သည် လုံးဝ ယုံကြည်နိုင်ခြင်းမရှိပေ။
ချူးယုချင်သည် ထိုမိန်းမ လုချန်းကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းကို အနည်းငယ် စိတ်ဝင်စားမိသည်။
နောက်နေ့နံက်ခင်းတွင် ဝမ်ချင်းစီသည် လုချန်း၏ အခန်းထဲမှ ထော့နင်းထော့နင်းဖြင့် ထွက်လာခဲ့၏။ ထိုသို့ ထွက်လာစဉ် သူမသည် အဆောင်ဝင်းဝင်ပေါက်တွင် ရှိနေသေးသော ချူးယုချင်နှင့် တိုးမိသည်။ အခန်းထဲမှ ထွက်လာသူမှာ ဝမ်ချင်းစီဖြစ်ကြောင်း မြင်တွေ့သောအခါ ချူးယုချင်၏ မျက်နှာ မည်းသွားပြီး မထူးဆန်းသလိုနှင့် "မင်းပဲလား" ဟု ပြောလိုက်သည်။
အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးဖြစ်သူသည် ပန်းတစ်ရာဂေဟာတွင် ဂေဟာမယ်ဖြစ်လာပြီးနောက် မြောက်ပိုင်းစားမင်းသားထံ ချဉ်းကပ်လာခြင်းမှာ နောက်ကွယ်တွင် အစီအစဉ်မရှိပါဟု ဘယ်သူက ယုံမည်နည်း။
လုချန်းမိခင်၏ နံဘေးတွင် ရံရွေတော်အဖြစ် ရှိနေခဲ့သောကြောင့် အမျိုးမျိုးသော လိမ်လည်မှုများနှင့် လျှို့ဝှက်အကြံအစည်များကို မြင်တွေ့ခဲ့ရသော ချူးယုချင်သည် ဝမ်ချင်းစီ လုချန်းအပေါ် နောက်ကွယ်မှ ရည်ရွယ်ချက်များ ရှိနေမည်ဟု ယုံကြည်သည်။
ချူးယုချင်သည် ထိုနေရာတွင် ရှိနေသေးသည်ကို မြင်သောအခါ ဝမ်ချင်းစီသည်လည်း ခဏတာမျှ အံ့အားသင့်သွားသည်။ နောက်ဆုံးတွင် ချူးယုချင်သည် အကြမ်းနည်းကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ လုချန်းက ဝမ်ချင်းစီသည် သူ၏လူဖြစ်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ချူးယုချင်သည် ဆက်လက်၍ ခပ်တည်တည်ပင် သတိပေးလိုက်သည်။
"မင်းဘယ်သူလဲ ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သတိပေးထားရမယ် သတိပေးရမယ်။ မင်း
ချန်းလေး အပေါ်ကို တစ်ခုခုကြံစည်မယ်ဆိုရင် မင်းတင်မကဘူး မင်းနောက်ကွယ်က လူတွေပါ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်"
ထိုစကားများကို ကြားသောအခါ ဝမ်ချင်းစီက ပါးပါးလေး ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒေါ်လေးချူးက ကျွန်မကို မုန်းတီးနေတယ်လို့ ခံစားရတယ်။ ညက အခန်းထဲက အသံတွေ နားထောင်ပြီး မနာလိုဖြစ်သွားတာလား။"
ဝမ်ချင်းစီ ပြောသည်နှင့် တပြိုင်နက် ချူးယုချင်၏ ခန္ဓာကိုယ်အလယ်မှ လေပြင်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏ အင်္ကျီစများ လွင့်သွားသည်။ ထိုအခါ ဝမ်ချင်းစီ၏ အပြုံးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထိပ်သီးပညာရှင် တစ်ဝက်အဆင့်။ အတွင်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်သော အဆင့်သို့ပင် ရောက်ရှိနေပြီ။
မြောက်ပိုင်းစားမင်းသား၏ စံအိမ်သည် သူမထင်သလို ရိုးရှင်းသော နေရာတစ်ခု မဟုတ်ပေ။
ထို့နောက် ဝမ်ချင်းစီသည် တစ်ဖက်လှည့်ကာ ထွက်ခွာသွားသည်။
"ဒေါ်လေးချူး၊ ကျွန်မ ဒီနေ့တော့ အိမ်ပြန်မှာပါ။စိတ်ချပါ။ ကျွန်မက မင်းသားရဲ့ အမျိုးသမီးကျွန်တစ်ယောက်သာ ဖြစ်ပါတယ်။မင်းသားရဲ့ နှလုံးသားထဲက ဒေါ်လေးချူးရဲ့ နေရာကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။"
………
အခန်း (၂၉)
ငါ့အဒေါ်ကို လွှတ်လိုက်
ဝမ်ချင်းစီ ထွက်ခွာသွားသည့် ပုံကို ကြည့်ရင်း ချူးယုချင်သည် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။
အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်။ ထို့ပြင် သူမသည် ချန်းလေး၏ကိုယ်လုပ်တော် ဟု ဆိုသည်လား။
လုချန်းသည် ယခုအခါ ရှနိုင်ငံတော်၏ အိမ်ရှေ့မင်းသားဖြစ်ပါက အဆင့်ကိုး ကိုယ်လုပ်တော်တစ်ဦးကို ပိုင်ဆိုင်ခြင်းက ချူးယုချင်အား လုံးဝ အံ့ဩစေလိမ့်မည် မဟုတ်ပေ။ အိမ်ရှေ့မင်းသားသည် တကယ့် အာဏာကို ကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။
သို့သော် တခြားသူများ၏ မျက်လုံးထဲတွင် လုချန်းသည် ဘာမှအသုံးမကျပဲ ပျက်ဆီးနေသော လူရှုပ်တစ်ဦးသာ ဖြစ်သည်။ ဒါတောင် ဝမ်ချင်းစီက သူ့ရဲ့ကိုယ်လုပ်တော်ဟု လိုလိုလားလား ပြောနေသည်။ ဝမ်ချင်းစီ၏ နောက်ကွယ်က လူများက ချန်း ၏ ဟန်ဆောင်ဖုံးကွယ်မှုကို တွေ့ရှိပြီးသားလား။ သို့မဟုတ် ချန်းကို ထောက်ခံသော လူများသည် ဝမ်ချင်းစီ၏ နောက်ကွယ်မှ လူများနှင့် အတူတူပဲလား။
ထိုအခိုက်အခါတွင် ချူးယုချင်သည် လုချန်း၏ အခန်းတံခါးထံ ချဉ်းကပ်သွား၏။ သူ့အား သတိပေးရန် လိုအပ်ကြောင်း သူမခံစားမိသည်။ ထိုအခိုက်တွင် လုချန်းသည် သူ၏ အခန်းထဲမှ ထွက်လာခဲ့သည်။ ချူးယုချင်၏ စိုးရိမ်သော မျက်နှာထားကို မြင်တွေ့သောအခါ သူက စိတ်ဝင်စားစွာ မေးမြန်းလိုက်သည်။ "ဒေါ်လေးချူး ဘာများလိုလို့လဲ။"
ချူးယုချင်က မေးမြန်းလိုက်သည်။
"ချန်းလေး၊ ဝမ်ချင်းစီက မင်းကို နောက်ကွယ်မှ ထောက်ခံပေးနေတဲ့ လူစုကလား။"
ထိုမေးခွန်းကို ကြားသောအခါ လုချန်း လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။ သူ့ကို နောက်ကွယ်မှ ထောက်ခံပေးနေသော လူစုတဲ့။ ဒေါ်လေးချူးက သူ့ကို နောက်ကွယ်မှ ထောက်ခံပေးနေသော လူစုတစ်စု ရှိနေတယ်လို့ တကယ်ပင် ယုံကြည်နေတာလား။
လုချန်းသည် မကြာသေးမီက သူ၏ ပုံမှန်မဟုတ်သော ပြုမူပုံများနှင့်အတူ သဲကန္တာရသိမ်းငှက်သေနတ်နှင့် ဘာရက်ကဲ့သို့သော ခေတ်သစ်လက်နက်များကို ထုတ်လုပ်ခဲ့သည်ကို ထည့်သွင်းစဉ်းစားသောအခါ ဒေါ်လေးချူးသည် သူ့ကို ထောက်ခံပေးနေသော အားကောင်းသော လူစုတစ်စု ရှိနေသည်ဟု သံသယ ရှိနေမည်မှာ သဘာဝကျသည်။
ထိုအချက်ကို ထည့်သွင်းစဉ်းစားသောအခါ လုချန်းက ပြုံး၍ ပြောလိုက်သည်။
"ဒေါ်လေးချူး၊ ဒေါ်လေးချူးဘယ်လိုသိတာလဲ။"
သူသည် စနစ်နှင့်ပတ်သက်သော ကိစ္စကိုထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ပေ။ သို့သော် ချူးယုချင်ကို စိတ်အေးစေရန် လိမ်ညာမှုတစ်ခုကို ဖန်တီးရန် လုချန်း ဆုံးဖြတ်လိုက်သည်။
ချူးယုချင်က သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။
"ချန်းလေး၊ အဲ့ဒီမိန်းမသည် သာမန်လူတစ် ယောက် မဟုတ်ဘူး။ သူကအဆင့်ကိုး သိုင်းပညာရှင် တစ်ယောက်။"
"မင်းအဒေါ်က တကယ်တော့ မင်းရဲ့ ကိစ္စတွေမှာ လွန်လွန်ကဲကဲ စွက်ဖက်လိုခြင်း မရှိပါဘူး။ ဒါပေမဲ့ မင်းရဲ့ ဘေးကင်းရေးနဲ့ ပတ်သက်လာရင်တော့ သတိပေးချင်တယ်။"
"မင်းကို ထောက်ခံပေးနေတဲ့ သူတွေမှာ ရည်ရွယ်ချက်တွေ အများကြီး ရှိနေမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဒေါ်လေး မသိသေးပေမယ့် မင်းက သူတို့ကို အမြဲတန်း ဦးဆောင်ခွင့် ပေးမနေသင့်ဘူး ။"
"နေပြည်တော်မှာ နေရာတစ်ခု လိုချင်ရင် ဒေါ်လေးကို ပြောပါ။ ဒေါ်လေးမင်းရဲ့ အဖိုးကို အကြောင်းကြားလိုက်မယ်။ အဲ့ဒီအခါကျရင် မင်းအဖိုးနဲ့ ချူးမိသားစုက မင်းဘက်မှာ သေချာပေါက် ရပ်တည်ပေးမှာပါ။ မင်းက တခြား ဘယ်ကမှန်း မသိတဲ့ အင်အားစုတွေကို မှီခိုနေစရာ မလိုတော့ဘူး။"
ချူးမိသားစုသည် အစကတည်းက လုချန်းကို စွန့်လွှတ်ရန် မစဉ်းစားခဲ့ပေ။ သို့သော် သူသည် အရှက်ရစရာ တစ်ခုဖြစ်နေသောကြောင့် ချူးမိသားစုက သူ့ကို ထောက်ခံနိုင်ခြင်းမရှိပေ။ ထို့ပြင် သူသည် ခြောက်ကပ်သော မြောက်ပိုင်းမြို့တော်သို့ ပို့ဆောင်ခံခဲ့ရသဖြင့် ချူမိသားစု အနေနှင့် အခြားမင်းသားတစ်ယောက်ကို ရွေးချယ်ရန်သာ ရှိတော့သည်။
တကယ်တော့ လုချန်းသည် ချူးမိသားစုခေါင်း ဆောင်၏ မြေးဖြစ်သည်။ မင်းသားများအားလုံးအနက် သူသည် သွေးသားအနီးဆုံးဖြစ်သည်။ လုချန်းသာ ရဲရဲတင်းတင်း ကြေညာပြီး နန်းလျာပြိုင်ပွဲကို ဝင်ရောက်မည် ဆိုပါက ချူးမိသားစုသာမက တောင်ပိုင်းရှိ အာဏာရှိ မိသားစုအများစုကလည်း သူ့ကို ထောက်ခံမည်ဖြစ်သည်။
လုချန်း ထိုအမည်မသိသော လူစုများကို မှီခိုနေစရာ မလိုကြောင်း ချူးယုချင် ယုံကြည်သည်။ ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီးနောက် သူမ၏ဘေးသို့ လျှောက်သွားကာ ချူးယုချင်၏ လက်ကို လှမ်းကိုင်လိုက်သည်။
လုချန်းသည် သူမ၏ လက်ကို ကိုင်ထားသည်ကို ခံစားမိသောအခါ ချူးယုချင်၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်လှုပ်သွားသည်။ သို့သော် သူမလက်ကိုတော့ ရုန်းကန်ခြင်း မရှိပေ။ ယခင်ကလည်း သူတို့သည် ကိစ္စရပ်များ ဆွေးနွေးရန် လက်ကိုင်သည့် အကျင့်ရှိကြသောကြောင့် ဖြစ်သည်။
လုချန်းက ထို့နောက် ပြောလိုက်သည်။ "ဒေါ်လေးချူး စိုးရိမ်နေတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော့် နောက်ကွယ်က ထောက်ခံပေးနေတဲ့ သူတွေက ကျွန်တော့်အမိန့်ကို တစ်လုံးမကျန် နာခံကြပါတယ်။"
"ကျွန်တော့်မှာ ပြောလို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်။ ပြောလိုက်ရင် ရှမင်းဆက်တစ်ခုတည်း မဟုတ်ပဲ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲသွားနိုင်တယ်။ ဒါပေမယ့် အရိပ်အမြွက် တစ်ခု ပေးနိုင်တယ်။"
ချူးယုချင်သည် သူမ၏ နှလုံးသားတွင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ မည်သည့် လျှို့ဝှက်ချက်က ထိုကဲ့သို့သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မည်နည်း။
ထိုအခိုက်အခါတွင် လုချန်းသည် ချူးယုချင်၏ ဖြုနုသောလက်ကို မြှောက်ကာ သူမ၏လက်ဝါးပေါ်တွင် "ထာဝရတန်ခိုးရှင်" ဟူသော စာလုံးနှစ်လုံးကို ရေးချလိုက်သည်။
လုချန်း ရေးချသော စာလုံးများကို ခံစားမိသောအခါ ချူးယုချင် တုန်လှုပ်သွားပြီး သူမ၏ ပြေပြစ်သိမ်မွေ့သော မျက်နှာပေါ်တွင်ပင် စိုးရိမ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်။ ထိုကမ္ဘာကြီးသည် သိုင်းလောကကမ္ဘာဖြစ်ကြောင်း လူသိများသည်။ ထာဝရတန်ခိုးရှင်များ မရှိသော ကမ္ဘာဖြစ်သည်။
သို့မဟုတ် တစ်စုံတစ်ဦးသည် ဒဏ္ဍာရီ လူသားအဖြစ်သို့ ရောက်ရှိသွားပါက ထိုသူ၏ အသက်ကို နှစ်ရာအနည်းငယ်သာ တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ထာဝရတန်ခိုးရှင်များ ဖြစ်လာရန် နည်းလမ်းမျိုးစုံကို စမ်းသပ်သူများ များစွာရှိသည်။ ထို့ပြင် မင်းဆက်မျိုးစုံတွင် ဧကရာဇ်များသည် ထာဝရအသက်ရှင်နိုင်ရန် ထာဝရတန်ခိုးရှင်များ၏ ခြေရာကို ရှာဖွေခဲ့ကြသည်။ သို့သော် ထိုမင်းဆက်များ ပြိုလဲသွားကြပြီး နောက်မင်းဆက်များသာ ဦးဆောင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထာဝရတန်ခိုးရှင်များသည် ယနေ့အထိ ဒဏ္ဍာရီတစ်ခုသာ ဖြစ်နေဆဲဖြစ်သည်။
ယခုအခါ လုချန်းသည် ချူးယုချင်အား သူ၏ လျှို့ဝှက်ချက်သည် ထာဝရတန်ခိုးရှင်များနှင့် ဆက်စပ်နေသည်ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။ချူးယုချင်အား ကြီးစွာသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခြင်းက မဆန်းပါ။
လုချန်း၏ လျှို့ဝှက်ချက်သည် ထာဝရတန်ခိုးရှင်များနှင့် တကယ်ပင် ဆက်စပ်နေပါက ကမ္ဘာကြီးတွင် ကြီးစွာသော ပြောင်းလဲမှုများသာမက နိုင်ငံများနှင့် မင်းဆက်များ များစွာ ပြိုလဲခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။
စိုးရိမ်မှုဖြင့် ချူးယုချင်က ပြောလိုက်သည်။
"ချန်း မင်း ထပ်ပြောစရာ မလိုတော့ဘူး။ ဒီနေ့ကစပြီး ဒီစာလုံးနှစ်လုံးနှင့် ပတ်သက်တဲ့ အရာတစ်ခုခုကို ဒေါ်လေးအပါအဝင် ဘယ်သူ့ကိုမှ မပြောပါနဲ့။"
လုချန်းက မေးမြန်းလိုက်သည်။ "ဒေါ်လေးချူး၊ ဒေါ်လေးချူး ကျွန်တော့်ကို ဒီလောက်မြန်မြန် ယုံကြည်လိုက်ပြီလား။"
ချူးယုချင်က ပြန်လည်ပြောလိုက်သည်။
"ဒေါ်လေးမှာ ယုံကြည်ဖို့ကလွဲပြီး ရွေးစရာမှ မရှိတာ။ မင်းရဲ့ လျှို့ဝှက်လက်နက်နဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အတွင်းအားက မင်းပြောတဲ့ စာလုံးနှစ်လုံးနဲ့ ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနေပြီ။"
ထိုအခိုက်အခါတွင် ချူးယုချင်သည် စိုးရိမ်မှုဖြင့် ဆက်လက်၍ မေးမြန်းလိုက်သည်။
"ဝမ်ချင်းစီနဲ့ သူရဲ့ နောက်ကွယ်က လူတွေက မင်းပြောတဲ့ စာလုံးနှစ်လုံးနဲ့ ဘာမှ မဆိုင်ဘူးလား"
လုချန်းသည် ခေါင်းခါပြီး ပြောလိုက်သည်။ "တကယ်တော့ မဆိုင်ပါဘူး။ ကျွန်တော့်မှာ သူတို့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။ သူတို့သစ္စာဖောက်ရင် သူတို့လည်း သေရမယ်။"
"ယခုအချိန်အထိ ကျွန်တော်တစ်ယောက်တည်းပဲ ဒီလျှို့ဝှက်ချက်ကို သိတယ်။ ကျွန်တော်က တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်လို့ပဲ။"
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် စိတ်လှုပ်ရှားမှုတစ်ခု ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။ ထိုအခိုက်အခါတွင် လုချန်းသည် အံ့အားသင့်သွားသည်။
"ဒေါ်လေးချူး၊ ဒေါ်လေးချူးက ဘာလို့ ငိုနေရတာလဲ"
ချူးယုချင်သည် ချက်ချင်းပင် သူမ၏ အင်္ကျီ လက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်းအမေက မင်းမှာ ဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုတာသိရင် တမလွန်မှာ ပျော်ရွှင်နေမှာပါ။"
ချူးယုချင်က လုချန်းသည် ဘဝကို လေလွင့်စွာ ကုန်ဆုံးသွားမည်ဟု ထင်မြင်ခဲ့သည်။ သို့သော် မျှော်လင့်ထားသလို မဟုတ်ပဲ သူသည် ထာဝရတန်ခိုးရှင် ဖြစ်လာနိုင်သော အခွင့်အရေးကို ရရှိနိုင်သည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးသည် လူအများစု အိမ်မက်သာ မက်နိုင်ကြသော အခွင့်အရေးဖြစ်သည်။
ငယ်စဉ်ကတည်းက လုချန်း၏ ကြီးပြင်းလာမှုကို ကြည့်ရှုခဲ့သော ချူးယုချင်အနေဖြင့် သူမ၏ နှလုံးသားထဲမှ စစ်မှန်သော ပျော်ရွှင်မှုကို ခံစားမိသည်။ ထာဝရတန်ခိုးရှင် ဖြစ်လာနိုင်သော အခွင့်အရေးနှင့်အတူ ထာဝရအသက်ရှင်ခြင်းပါဝင်လာမည်ဖြစ်သည်။ နောက်ဆုံးတွင် လုချန်းသည် အရာအားလုံးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် သူသည် ယခုအခါ နေပြည်တော်ရှိ ဘုရင့်ရာထူးကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။
လုချန်းသည် ချူးယုချင်၏ ရင့်မှည့်ပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ သူမ၏ ကျောပြင်ကို ပုတ်ပေးလိုက်ပြီး သူမကို သက်သာစေရန် ပြောလိုက်သည်။
"ဒေါ်လေးချူး၊ ငိုစရာ မလိုပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်သင့်ပါတယ်။"
ထိုအခိုက်အခါတွင် ချူးယုချင်၏ ခန္ဓာကိုယ်မှ ထွက်ရှိလာသော ကိုယ်သင်းရနံ့သည်
လုချန်း၏ နှာခေါင်းထဲသို့ ဝင်ရောက်လာ၏။ သူ၏ လက်ထဲမှ နူးညံ့သော ခန္ဓာကိုယ်နှင့်အတူ သူသည် ချက်ချင်းပင် စိတ်မငြိမ်သက်နိုင်တော့ပေ။
လုချန်းသည် စကားမပြောနိုင်တော့ပေ။ ကျားနဂါးဆေးလုံးသည် ဆိုးသွမ်းမှုအားလုံး၏ ရင်းမြစ်ဖြစ်ကြောင်း သူသည် သိရှိခဲ့သည်။ သူ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိတော့ပေ။ ချူးယုချင်က တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိသောအခါ တစ်ခုခု ပြောဆိုရန် ပြင်ဆင်နေစဉ် သူမ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားပြီး ချက်ချင်းပင် လုချန်းကို တွန်းထုတ်လိုက်ကာ
"ချန်းအာ၊ လွှတ်ပါ။ မင်းက လက်ထပ်ထားပြီးသား လူပဲ။ တို့နှစ်ယောက် ဖက်နေတာကို မြင်ရင် မကောင်းဘူး။" ဟု ပြောလိုက်သည်။
လုချန်းက လွှတ်မပေးပေ။ သူမ၏ နားသို့ တိုးတိုးလေး ပြောလိုက်သည်။
"ဒေါ်လေးချူး၊ ဘာမှ မဖြစ်ပါဘူး။ ဒေါ်လေးက ကျွန်တော့်ရဲ့ အနီးစပ်ဆုံးသူပဲ။ ဘယ်သူက ဘာပြောရဲမလဲ ကြည့်ရအောင်။"
"ပြီးတော့ ဒေါ်လေးက ငယ်ငယ်ကတည်းက ကျွန်တော် ကြီးပြင်းလာတာကို ကြည့်ရှုခဲ့ရတယ်။ ကျွန်တော်တို့က ဒီလောက်ထက် ပိုပြီးရင်းနှီးတဲ့ အရာတွေကို လုပ်ခဲ့ကြတာပဲ။ ဖက်တာလောက်နဲ့ ဘာဖြစ်မလဲ။"
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် ပို၍ပင် ရှက်သွားပြီး သူမသည် လုချန်း၏ ခန္ဓာကိုယ်ကို ထပ်၍ တွန်းထုတ်လိုက်သည်။ သို့သော် ထိုအခါတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမ သတိပြုမိသည်။ သူမသည် လုံးဝ အားမဲ့သွားပြီး လုချန်းကို တွန်းထုတ်နိုင်ခြင်း မရှိတော့ပေ။
ချူးယုချင်က အလျင်အမြန်ပြောလိုက်တယ်။ "ချန်းလေး၊ ဒီလိုမလုပ်နဲ့။ မင်းက ကြီးပြင်းလာပြီ။ ကလေးငယ်တစ်ယောက် မဟုတ်တော့ဘူး။ သင့်လျော်မှုရှိမရှိဆိုတာ နားလည်ရမယ်။"
လုချန်းက ပြုံးပြီး ပြောလိုက်၏။
"ဒေါ်လေးချူး၊ ကျွန်တော် ဘယ်လောက်ကြီးပြင်းလာပြီးပြီလို့ပဲ ပြောပြော ဒေါ်လေးက ကျွန်တော့်အဒေါ်ပဲ။ ကျွန်တော်က ဒေါ်လေးရဲ့ ချန်းပဲ။"
ပြောပြီးတာနဲ့ လုချန်းက ချူးယုချင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ထိုအခါ သူတို့၏ခန္ဓာကိုယ်နှစ်ခု တစ်ခုနဲ့တစ်ခု လုံးဝ ထိစပ်သွား၏။ လုချန်းရဲ့ အသက်ရှူသံကို ခံစားမိတော့ ချူးယုချင် မူးဝေသွားသလို ဖြစ်သွားသည်။
ချူးယုချင်က သူမရဲ့ စိတ်ကို တင်းလိုက်သည်။
မဟုတ်ဘူး! ဒီလို ဆက်မသွားနိုင်ဘူး။
……….
အခန်း (၃၀)
ကြည့်ရတာ ချန်းလေးတကယ် ကြီးပြင်းလာပြီ
ချူးယုချင်သည် ဤသို့ ဆက်သွားပါက ဒုက္ခရောက်တော့မည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမသည် လုချန်းအား အရှက်၊ ဒေါသတို့နှင့် ပြောလိုက်သည်။
"ချန်းလေး၊ မင်းက မလွှတ်ရင် ဒေါ်လေး ဒေါသထွက်မှာနော်။"
ချူးယုချင်၏ နီမြန်းနေသော မျက်နှာနှင့် ဒေါသထွက်နေသော မျက်နှာထားကို မြင်သောအခါ လုချန်းသည် သူမကို လွှတ်ပေးရန်သာ ရှိတော့သည်။
လုချန်းသည် ယခုအချိန်တွင် အလောမကြီးလိုပေ။ ရှေးခေတ်က မိန်းမများသည် သူတို့၏ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြသည်။ ချူးယုချင်၏ နှစ်သက်မှုသည် အလွန်မြင့်မားသော်လည်း သူမသည် သူနှင့် ချစ်သူဖြစ်လာရန် ခွင့်ပြုနိုင်ခြင်း မရှိသေးပေ။ သူသည် သူမကို ဖြည်းဖြည်းချင်း စည်းရုံးရန် လိုအပ်သည်ဟု သူ တွေးမိသည်။
လုချန်းက သူမကို လွှတ်ပေးသောအခါ ချူးယုချင်သည် ချက်ချင်းပင် နောက်ဆုတ်သွားပြီး လူချင်းခွာလိုက်သည်။ သို့သော် သူမသည် သူ့ကို ဆက်လက်၍ ဆူပူခြင်း မရှိပေ။ ချူးယုချင်သည် သူမ၏ စွမ်းအားပြန်လည်ရရှိလာပြီဖြစ်ကြောင်း သတိပြုမိသည်။ သူမကစိတ်ဝင်စားစွာ မေးမြန်းလိုက်သည်။
"ချန်းလေး၊ ဒေါ်လေးရဲ့ စွမ်းအားက ပျောက်သွားတယ်။ ဒါက မင်းရဲ့ အခွင့်အရေးနဲ့ ဆက်စပ်နေလား။"
လုချန်းက ပြန်လည်ပြောလိုက်သည်။
"ဟုတ်တယ်။ ဒါက ကျွန်တော်ကျင့်နေတဲ့ ကျင့်စဉ်နဲ့ သက်ဆိုင်တယ်။"
"ကျွန်တော့်ကို ချစ်မြတ်နိုးတဲ့ မိန်းမတိုင်းက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့တာနဲ့ သူတို့ရဲ့ စွမ်းအားက ယာယီပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး အားနည်းသွားမယ်။"
ထိုစကားကို ကြားသောအခါ ချူးယုချင်သည် ချက်ချင်းပင် လုချန်း၏ စကားများ၏ နောက်ကွယ်တွင် ပါဝင်သော အဓိပ္ပာယ်ကို နားလည်လိုက်သည်။
သူမ လုချန်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာသည် နီမြန်းသွားကာ
"ကောင်စုတ်လေး မဟုတ်တာတွေ ပြောနေတယ်။ ဒေါ်လေးက မင်းအဒေါ်လေ" ဟု ပြောလိုက်သည်။
"တော်ပြီ တော်ပြီ။ အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်တော့။ ဒေါ်လေး ကင်းလှည့်လိုက်ဦးမယ်။"
ပြောနေစဉ်ပင် ချူးယုချင်သည် လှည့်၍ ထွက်ခွာသွားသည်။ သို့မဟုတ် ပိုမိုတိကျစွာပြောရလျှင် သူမသည် လှည့်၍ ထွက်ပြေးသွားသည်။ ထိုအခိုက်အခါတွင် ချူးယုချင်သည် သူမ၏ နှလုံးသား ပေါက်ထွက်တော့မလို ခံစားနေရပြီး သူမ၏ ခန္ဓာကိုယ်လည်း အလွန်ပူလောင်လာသည်။
သူမ ခုနက ဘာတွေ ကြားခဲ့ရတာလဲ။ ဒီကောင်စုတ်လေးက သူမကို တကယ်ပဲ စိတ်ကူးနေတာလား။
သူက ဘယ်လိုစိတ်ကူးရဲတာလဲ။ သူမက သူ့အဒေါ်ပဲ။ သူတို့သည် သွေးသားဆွေမျိုး မဟုတ်သော်လည်း သူမသည် သူငယ်ငယ်ကတည်းက သူကြီးပြင်းလာတာကို ကြည့်ရှုခဲ့ရသည်။
ထို့ပြင် သူမသည် မုဆိုးမတစ်ယောက် ဖြစ်သော်လည်း အပျိုစင်တစ်ယောက်ပင် ဖြစ်ကာ ယောက်ျားတစ်ယောက်ကိုမှ မသိခဲ့ဖူးပေ။ သူက သူမကို ထိုသို့ စိတ်ကူးနိုင်သလား။
သို့သော် နောက်တစ်ကြိမ် စဉ်းစားသောအခါ သူမကိုယ်တိုင်လည်း ယခုမှ ထိန်းချုပ်နိုင်မှုကို စတင်ဆုံးရှုံးသွားခဲ့သည်။ သူမသည် နေပြည်တော်တွင် ရှိနေစဉ်က လုချန်း၏ ခန္ဓာကိုယ်ကို မကြာခဏ စစ်ဆေးခဲ့ပြီး ယနေ့ကဲ့သို့ ခံစားချက်များကို တစ်ခါမျှ မခံစားခဲ့ရပေ။
လအနည်းငယ်အတွင်း သူမသည် တကယ်ပင် လုချန်းအပေါ် ထိုကဲ့သို့သော စိတ်ကူးများ စတင်ပေါ်ပေါက်လာခဲ့သည်။ ချူးယုချင် အပြစ်ရှိသလို ခံစားမိသည်။ သူမသည် လုချန်းအပေါ် ဘယ်လိုလုပ် တခြားသော စိတ်ကူးများ ပေါ်ပေါက်လာရသနည်း။ချူးယုချင်သည် သက်ပြင်းချလိုက်ပြီး သူ့ဘာ့သူ ရေရွတ်လိုက်သည်။
" ချန်းလေးက တကယ် ကြီးလာပြီ။ ပိုပိုပြီး ယောက်ျားပီသလာပြီ။ ငါနောင်ကျရင်တွ သူ့နှင့် ဝေးဝေးနေရမယ်။"
ချူးယုချင်သည် သူမ၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို ငြိမ်သက်စေရန် အတွင်းအားကျင့်ကြံမှုများ စတင်လိုက်သည်။ ထိုအခိုက်အခါတွင် လုချန်းသည် ချူးယုချင်၏ ဆွဲတောင်မှုရှိသော ခန္ဓာကိုယ်ကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ် မီးလောင်သွားတော့မလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ချက်ချင်းပင် မြောက်ဘက်အဆောင်သို့ သွားလိုက်သည်။ ထိုအချိန်တွင် ကျောင်းယိုယိုသည် ယခုမှ နိုးထလာပြီး မုကျိရွှမ်းထံ သွားရန် ပြင်ဆင်နေသည်။
"ရှောင်ဟွမ်၊ ငါ အစ်မမုဆီကို သွားဦးမယ်။ မင်း သန့်ရှင်းရေးပြီးရင် လာခဲ့နော်" ဟု သူမက ပြောလိုက်သည်။
ကျောင်းယိုယိုက ပြောပြီးသည်နှင့် တပြိုင်နက် တံခါးမှ ထွက်သွားလိုက်သည်။ သို့သော် သူမ ထွက်သွားချိန်တွင်ပင် လုချန်းနှင့် တိုးမိလိုက်သည်။ စကားတစ်ခွန်းမှ မပြောပဲ လုချန်းသည် ကျောင်းယိုယို၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို သူ၏ လက်ထဲသို့ ဆွဲယူကာ အခန်းထဲသို့ လျှောက်လှမ်းသွားလိုက်သည်။
ကျောင်းယိုယိုက"ဟင် မင်းသား" ဟု အံ့အားသင့်စွာ အော်လိုက်သည်။
ကျောင်းယိုယို၏ အသံကို ကြားသောအခါ ကုတင်ကို သန့်ရှင်းရေးလုပ်နေသော အစေခံ
ရှောင်ဟွမ်သည် ခေါင်းကို ချက်ချင်း လှည့်လိုက်သည်။
လုချန်းသည် ကျောင်းယိုယိုကို ပွေ့ဖက်ထားသည်ကို မြင်သောအခါ ရှောင်ဟွမ်သည် ချက်ချင်းပင် မျက်နှာနီသွားပြီး မြောက်ပိုင်းစားမင်းသားစံအိမ်၏ အစေခံတစ်ဦးအနေဖြင့် မကြာမီ ဖြစ်ပေါ်လာမည့်အရာကို ကောင်းစွာ သိရှိနေသည်။
ရှောင်ဟွမ်သည် ချက်ချင်းပင် အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
[သခင်နှင့် ကျောင်းယိုယို တို့သည် ခင်မင်မှုကို ပိုမိုတိုးတက်စေခဲ့သည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံအမှတ်များ ၁၀ တိုးမြင့်လာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံအမှတ်များ ၂၀ တိုးမြင့်လာသည်။]
[ကျောင်းယိုယိုကို ကိုယ်ဝန်ရရှိစေရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် သခင်သည် အာလူးမျိူးစေ့ တစ်သောင်း ရရှိခဲ့သည်။]
[ကိုယ်ဝန်ရရှိမှု ဆုများသည် အားပေးမှုအပေါ် အခြေခံသောကြောင့် ဆုများနည်းပါသည်။ ကလေးကို အောင်မြင်စွာ မွေးဖွားပြီးနောက် ပိုမိုကြီးမားသော ဆုများကို ပေးအပ်မည်ဖြစ်ပါသည်။]
သူ၏ ခန္ဓာကိုယ် တည်ငြိမ်မှု ရသွားသောအခါ လုချန်းသည် နေသာထိုင်သာ ရှိသွားသည်။ ယနေ့ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကြောင့် လုချန်းသည် အဆင့်ကိုးသို့ ချက်ချင်းပင် ကျော်ဖြတ်ရန် လိုအပ်ကြောင်း သဘောပေါက်လိုက်ရသည်။ ထိုသို့မဟုတ်ပါက သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိပါက ပြဿနာများ ပေါ်ပေါက်လာနိုင်ချေ ရှိသည်။
စံအိမ်၏ အတွင်းအဆောင်၌ သူဘာလုပ်လုပ်ပြဿနာမရှိပေ။ အားလုံးက သူ၏ မိသားစုဝင်များ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် တစ်နေ့နေ့တွင် သူသည် မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှ ထွက်ခွာပြီး ပြင်ပသို့ သွားခဲ့ပါက လှပသော မိန်းမများကို မြင်သောအခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိပါက သူအလွန်ဂုဏ်သိက္ခာ ကျဆင်းသွားမည်ဖြစ်သည်။
စိတ်ငြိမ်သွားသောအခါ လုချန်းသည် သူ၏ လက်ထဲတွင် ရှိနေသော အလှလေးကို ငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အခါတွင် ကျောင်းယိုယိုသည် သူမ၏ မျက်လုံးများကို အနည်းငယ်ပိတ်ထားပြီး ပါးပြင်များက နီမြန်းနေကာ သူမ၏ကြာပင်အမြစ်များကဲ့သို့ နူးညံ့သော လက်မောင်းသည် သူ၏ ပခုံးပေါ်တွင် တင်ထားသည်။
ကျောင်းယိုယိုသည် သေးငယ်ပြီး ချစ်စရာကောင်းသော အမျိုးအစားဖြစ်သည်။ လုချန်းသည် သူမနှင့် ခင်မင်မှုကို တည်ဆောက်နေစဉ်က သူမအား ပုံမှန်အနားယူနိုင်ရန် ခွင့်မပြုခဲ့သည့်အတွက် သူအပြစ်ရှိသလို ခံစားမိသည်။
သူမသည် သူ၏ မိန်းမဖြစ်သော်လည်း လုချန်းသည် သူမကို ကလေးမွေးဖွားရန်အတွက် ကိရိယာတစ်ခုအဖြစ်သာ မမှတ်ယူခဲ့ပေ။ သူသည် သူတို့ကို အမှန်တကယ် နှစ်သက်ခဲ့သည်။
ထိုအခိုက်အခါတွင် လုချန်းသည် သူယခု ရရှိခဲ့သော ဆုကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ကျောင်းယိုယိုကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူမ၏ နားသို့ တိုးတိုးလေး ပြောလိုက်သည်။
"ယိုယို၊ မင်းက တကယ်ပဲ ကိုယ့်ရဲ့ ကံကောင်းခြင်း ကြယ်တာရာပဲ။"
အာလုံးမျိုးစေ့ တစ်သောင်းဖြင့် မကြာမီ နှစ်များအတွင်း မြောက်ပိုင်းမြို့တော်တွင် အာလူးများ စိုက်ပျိုးနေမည်ဖြစ်သည်။ မြောက်ပိုင်းမြို့တော်သည် အေးသောရာသီဥတုရှိသောကြောင့် ဆန်စိုက်ပျိုးရန် သင့်လျော်သောနေရာမဟုတ်ပေ။ ဂျုံစိုက်ပျိုးမှုမှာလည်း ထွက်ရှိမှုများပြားခြင်း မရှိပေ။
သို့သော် အာလူးများကတော့ ကွဲပြားခြားနားသည်။ မြောက်ပိုင်းမြို့တော်ရှိ မြေဆီလွှာသည် အာလူး စိုက်ပျိုးရန်အတွက် သင့်လျော်သောနေရာဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် အာလူးစိုက်ပျိုးမှု စတင်ပြီးနောက် ထပ်ဆောင်းအစားအစာ အရင်းမြစ် ရှိလာမည်ဖြစ်ပြီး လူများသည် ဆန်စပါးချို့တဲ့မှုကြောင့် ဆင်းရဲဒုက္ခမရောက်ကြတော့ပေ။
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော လူ့အဖွဲ့အစည်းတွင် အရေးကြီးဆုံးမှာ အစားအစာဖြစ်သည်။ လက်ထဲတွင် စားစရာရှိခြင်းကြောင့် စိတ်အေးချမ်းမှု ရရှိနိုင်မည်ဖြစ်သည်။ ပန်းတစ်ရာဂေဟာသို့ ပြန်လည်ရောက်ရှိပြီးနောက် ယမန်နေ့က အသက်ကြီးပိုင်း အမျိုးသမီးသည် ဝမ်ချင်းစီထံ တစ်ဖန် ချဉ်းကပ်လာခဲ့သည်။
"သူတော်စင်မ၊ မနေ့ညက စုံစမ်းတာ ဘယ်လိုလဲ။"
ဝမ်ချင်းစီက အေးဆေးစွာ ပြန်လည်ပြောသည်။
"လျှို့ဝှက်ထိပ်သီးပညာရှင်ရဲ့ ဘာအရိပ်အယောင်ကိုမှ မတွေ့ရသေးဘူး။ အတွင်းအဆောင်မှာ အဆင့်ကိုး ချူးယုချင်တစ်ယောက်ပဲ ရှိတယ်။"
ထိုစကားကို ကြားသောအခါ အသက်ကြီးပိုင်းအမျိုးသမီးသည် ချက်ချင်းပင်
"သူတော်စင်မ၊ လျှို့ဝှက်ထိပ်သီးပညာရှင် မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှာ မရှိတော့ရင် ဒီနေ့ည လုပ်ကြရအောင်" ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
"ဒေါ်လေးယူ၊ ရှင်က အရမ်းလောနေသလိုပဲ။"
ချန်းယူသည် ချက်ချင်းပင် ပြောလိုက်သည်။ "သူတော်စင်မ၊ ဒီတာဝန်ကို မင်းသား လုရှူယွမ်က ပေးအပ်ခဲ့တာပါ။ သွေးလဝန်း ရဲတိုက်က လူတွေ ရောက်လာပြီးမှသာ အောင်မြင်တယ်ဆိုရင်က မင်းသား လုရှူယွမ်၏ မျက်လုံးထဲတွင် သူတော်စင်မရဲ့ အဆင့် ကျဆင်းသွားမှာပါ။"
"သွေးလဝန်း ရဲတိုက်က လူတွေ မရောက်ရှိလာခင် တာဝန်ကို ပြီးမြောက်တာက ပိုကောင်းပါတယ်။ အဲ့ဒီလိုဆိုရင် မင်းသား လုရှူယွမ် သူတော်စင်မရဲ့ တန်ဖိုးကို မြင်သွားမှာပါ။"
ဝမ်ချင်းစီက ထို့နောက် ပြောလိုက်သည်။
"မလိုပါဘူး။ မင်းသား လုရှူယွမ် သွေးလဝန်း ရဲတိုက်က လူတွေလွှတ်တာက အကြံအစည်မှာ ဘာမှ မမှားယွင်းစေဖို့ပါ။"
"ကျွန်မတို့က စောသွားပြီး ပစ်မှတ်ကို ထိတ်လန့်စေရင် လုပ်ကြံမှုပျက်ပြားသွားနိုင်တယ်။ မင်းသား လုရှူယွမ်ရဲ့ အပြစ်တင်မှု အကျိုးဆက်ကို မြူကျောင်းတော်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
ဝမ်ချင်းစီသည် သူမ၏ စိတ်ကိုဆုံးဖြတ်ပြီးဖြစ်ကြောင်း မြင်သောအခါ ချန်းယူသည် ထပ်မံ၍ အငြင်းပွားရန် သတ္တိမရှိတော့ပေ။
နာရီအနည်းငယ်အကြာတွင်။
မြောက်ပိုင်းမြို့တော်၊ ယိုနော့မြို့။
အနက်နှင့် အနီရောင် ဝတ်ဆင်ထားသော လူစုတစ်စုသည် အရက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသည်။ ထိုစဉ် ဝါးခမောက်ဆောင်းထားသော လူတစ်ယောက်၏ ပခုံးပေါ်သို့ ငှက်တစ်ကောင် လာနားသည်။ ထိုလူသည် ငှက်ကို ဖမ်းယူလိုက်ပြီး ခြေချောင်းများတွင် ချည်ထားသော စာရွက်လေးကို ဖြုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။
စာရွက်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ပြီးနောက် ထိုလူ၏ နှုတ်ခမ်းထောင့် ကွေးသွားကာ ပြုံးလိုက်သည်။
"ကောင်းလိုက်တာ။ ထိပ်သီးပညာရှင် ထွက်ခွာသွားပြီတဲ့။ အခုတော့ အသုံးမကျတဲ့ မင်းသား ၊ ငါ့ညီအစ်ကိုတွေရဲ့ နောက်ကိုလိုက်ရမယ့် အချိန်ရောက်ပြီ။"
ညနေခင်းတွင်။
မင်းသားစံအိမ် အတွင်းအဆောင်တွင် နောက်ထပ် အရိပ်တစ်ခု ပေါ်လာသည်။ အချိန်ကွဲပြားသော်လည်း နေရာတစ်ခုတည်း၊ လူတစ်ယောက်တည်းပင်။ ချူးယုချင်သည် အရိပ်ကို မြင်သောအခါ သူမ၏ ဓားကို ဆွဲထုတ်ရန် ပြင်ဆင်နေစဉ် ထိုအရိပ်က ပြောလိုက်သည်။
"ဒေါ်လေးချူး၊ မအိပ်သေးဘူးလား။ မင်းသားရဲ့ ဘေးကင်းရေးအတွက် တကယ်လုပ်နေတာပဲ။ မင်းသားကို တကယ် ဂရုစိုက်တာပဲ။"
ဝမ်ချင်စီ၏ အသံဖြစ်ကြောင်း ကြားသောအခါ ချူးယုချင် သရော်သလို ပြန်ပြောလိုက်သည်။
"ခိုးကြောင်ခိုးဝှက်နဲ့။ ဘယ်လိုမြင်ကွင်းပါလိမ့်။"
မနက်က လုချန်းက သူမကို ဝမ်ချင်းစီသည် သူ၏လူဖြစ်ပြီး သူသည် သူတို့ကို လုံးဝထိန်းချုပ်နိုင်ကြောင်း ပြောပြခဲ့သော်လည်း ချူးယုချင်သည် ဘာကြောင့်မှန်းမသိ စိတ်မသက်မသာ ဖြစ်နေမိသည်။ သူမသည် ဝမ်ချင်းစီအပေါ် နှစ်သက်မှု မရှိပေ။ ဝမ်ချင်းစီက တစ်စုံတစ်ခု ပြောဆိုရန် ပြင်ဆင်နေစဉ် လုချန်း၏ အသံကို အခန်းထဲမှ ကြားလိုက်ရသည်။
"ချင်းစီ၊ မင်း ရောက်နေပြီဆိုရင် အမြန်လာခဲ့"
လုချန်း၏ အသံကို ကြားသောအခါ ဝမ်ချင်းစီသည် ချူးယုချင်ကို ကျော်ဖြတ်၍ လုချန်း၏ အခန်းထဲသို့ ဝင်ရောက်သွားသည်။ ယမန်နေ့ညက ဝမ်ချင်းစီနှင့် ဆက်ဆံရေးတည်ဆောက်နေစဉ် လုချန်းသည် သူ၏ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံအမှတ်များကို မရရှိခဲ့ကြောင်း သဘောပေါက်လိုက်သည်။
သူသည် စနစ်ကို မေးမြန်းခဲ့ပြီးနောက် မိန်းမတစ်ဦးက သူ့အား တစ်နေ့လျှင် တစ်ကြိမ်သာ အတွေ့အကြုံရမှတ် ပေးနိုင်ကြောင်း သိရှိလိုက်ရသည်။mသူသည် နေ့လယ်ပိုင်းတွင် ဝမ်ချင်းစီနှင့် ဆက်ဆံရေးတည်ဆောက်ခဲ့ပြီးဖြစ်သောကြောင့် ညပိုင်းတွင် အတွေ့အကြုံအမှတ်များ မရှိပေ။
အခြားနည်းလမ်းမရှိသောကြောင့် လုချန်းသည် ဝမ်ချင်းစီအား နောက်နေ့များတွင် ညဘက်ကျမှလာရန် ပြောခဲ့သည်။ သူသည် အမြန်ဆုံး အဆင့်ကိုးသို့ ရောက်ရှိရန် လိုအပ်သည်။
........