← Chapters

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အခန်း (၃၁)

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား၏ သက်ရောက်မှု

ဝမ်ချင်းစီ လုချန်း၏ အခန်းထဲကို ဝင်ပြီး မကြာခင်မှာပင် သူမ၏ အသံများကို ကြားလိုက်ရ၏။

ခြံတံခါးမှာ ရပ်နေ‌သော ချူးယုချင်က ထိုအသံကို ကြားလိုက်သောအခါ “အရှက်မဲ့လိုက်တာ” ဟု စိတ်ထဲတွင် ရေရွတ်လိုက်၏။ သဘာဝကျပါသည်။ ချူးယုချင်က သူမ၏ ချန်းလေးကိုတော့ မကောင်းမြင်မှာ မဟုတ်ပါ။ ထို့ကြောင့် ဝမ်ချင်းစီကိုသာ ကျိန်ဆဲနေနိုင်သည်။

ထိုသို့ပြောပြီး ချူးယုချင် ထွက်ခွာသွားတော့၏။ သူမက နံရံမနားကပ်၍ ချောင်းနားမထောင်နေချင်တော့ပါ။ မဟုတ်ပါက နောက်ပိုင်းမှာ သူမ ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်တော့ပေ။

ထိုအချိန်အခန်းထဲ၌ လုချန်းနဲ့ ဝမ်ချင်းစီတို့၏ စိတ်ခံစားမှုဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီးနောက် စနစ်၏အသိပေးသံ ထွက်ပေါ်လာ၏။

[သခင်နှင့် ဝမ်ချင်းစီတို့ စိတ်ခံစားမှုဆက်ဆံရေးကို တစ်ကြိမ် တည်ဆောက်နိုင်ခဲ့ပါသည်။ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံရမှတ် ၂၀ ရရှိပါသည်။ ဤစိတ်ခံစားမှုဆက်ဆံရေးသည် စိတ်ခံစားမှု မှတ်တိုင်တစ်ခုကို အစပျိုးစေခဲ့ပြီး အပိုအတွေ့အကြုံရမှတ် ၄.၀ ထပ်မံရရှိပါသည်။ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား အတွေ့အကြုံရမှတ် ၂၀ ရရှိပြီး ပထမအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပါသည်။

စနစ်၏ အသိပေးသံကို ကြားသောအခါ လုချန်း ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။သူ ကျောင်းယိုယိုကို ကိုယ်ဝန်ရစေပြီးနောက် သွေးလဝန်းရဲတိုက်မှလူများ ရောက်မလာမီ အဆင့်ကိုးသို့ ရောက်ရှိနိုင်ရန် ချူးယုချင်ကို စည်းရုံးမှရမည်ဟု ထင်မှတ်ခဲ့သည်။

မဟုတ်ပါက ဝမ်ချင်းစီ တစ်ဦးတည်းဆိုလျှင် သူ့ကို တစ်နေ့လျှင် အတွေ့အကြုံရမှတ် ၂၀ သာ ပေးနိုင်မှာ ဖြစ်ပြီး အနည်းဆုံး အချိန်ငါးရက်လိုအပ်မည်ဖြစ်သည်။ သွေးလဝန်းရဲတိုက်မှ လူများသည် ရန်ခရိုင်သို့ ငါးရက်မတိုင်မီ ရောက်ရှိနိုင်လာသည်။ သို့သော် ယနေ့တွင် သူသည် အတွေ့အကြုံရမှတ် ၆၀ ရရှိခဲ့သည်။

စိတ်ခံစားမှု မှတ်တိုင်ဆိုသည်မှာ တကယ့်ကို အံ့သြဖွယ်ကောင်းလှသော အရာပေတကား။ သူ့တွင် စိတ်ခံစားမှု မှတ်တိုင်များ ပိုမိုရရှိပါက နောင်အခါတွင် သူ၏ ကျင့်စဉ်တိုးတက်ရန် ပိုမိုလွယ်ကူလာမည် မဟုတ်ပါလား။ ထိုသို့ စဉ်းစားနေစဉ် လုချန်းသည် သူ၏ လက်မှ အစိမ်းရောင် အငွေ့များ ထွက်နေသကဲ့သို့ ထင်မြင်ရသည်။

ဟမ်။

ဒါကဘာလဲ။

လုချန်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ဝမ်ချင်းစီကို ဖက်ထားကာ သူ၏ ညာလက်ကို စိုက်ကြည့်လိုက်သည်။

“စနစ်၊ ငါ့လက်မှာ ဘာတွေဖြစ်နေတာလဲ။”

[ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား၏ အစွမ်းဖြစ်ပါသည်။ ယခုမှစ၍ သခင်သည် ထိုစွမ်းအားဖြင့် ရောဂါများနှင့် ဒဏ်ရာများကို ကုသနိုင်ပါသည်။]

စနစ်၏ အသံကို ကြားသောအခါ လုချန်းသည် သူ၏ ညာလက်ကို ချလိုက်၏။ သူပြန်လည်သန်စွမ်းစေ‌သောစွမ်းအား၏ စွမ်းရည်ကို စမ်းသပ်လိုသည်။ သူ၏ ညာလက်သည် ဝမ်ချင်စီ၏ နူးညံ့သော ကိုယ်ခန္ဓာနှင့် ထိတွေ့သောအခါ သူမသည် မနေနိုင်တော့ပဲ ညည်းတွားလိုက်သည်။

“မင်းသား၊ ဘာလုပ်နေတာလဲ။ ကျွန်မရဲ့ ခါးလေး အရမ်း‌သက်သာနေတယ်။” ဟု သူမက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း၏ မျက်လုံးများ ပိုမိုဝင်းလက်လာသည်။ သူသည် ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား စတင်အသုံးပြုနိုင်မည်ဟု မျှော်လင့်မထားပေ။ မကြာမီ လုချန်းသည် ဖြစ်စဉ်ကို နားလည်လိုက်သည်။ စိတ်ခံစားမှု မှတ်တိုင် ဖြစ်ပေါ်ခဲ့စဉ် သူမာန်ထပြီး ကြမ်းတမ်းလွန်းခဲ့သဖြင့် ဝမ်ချင်းစီ၏ တောင့်တင်းသွယ်လျ ခါးကို မတော်တဆ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။

ယခု သူ၏ ညာလက်၌ စုစည်းနေသော စွမ်းအားများသည် ဝမ်ချင်းစီ၏ ကိုယ်ခန္ဓာအတွင်းရှိ ကြွက်သားဒဏ်ရာများကို ပြုပြင်ပေးနေခြင်းကြောင့် သူမ သက်သောင့်သက်သာ ရှိသည်ဟု ခံစားရခြင်း ဖြစ်သည်။

ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားသည် အလွန်ကောင်း၏။ နောင်အခါတွင် သူသည် သေးငယ်သော ဒဏ်ရာများနှင့် ရောဂါများကို လျင်မြန်စွာ ပြန်လည်သက်သာလာစေနိုင်မည် ဖြစ်သည်။ ထိုအခိုက်တွင် လုချန်းက ဝမ်ချင်းစီ၏ တင်ပါးကို ပုတ်ပေးလိုက်ပြီး ရယ်မောလျက် “မင်းသားရဲ့ အမျိုးသမီး ကိုယ်လုပ်‌ေတာ် အဖြစ် အစေခံရတာ ဘယ်လိုလဲ” ဟု ပြောလိုက်သည်။

သူမ၏ မျက်နှာသည် နီမြန်းလာပြီး မျက်လုံးများတွင် ချစ်ခင်မှုများဖြင့် ပြည့်နေသည်။ ဝမ်ချင်းစီက ပြန်လည်ပြောဆိုလိုက်သည်။

“မင်းသား၊ ကျွန်မကို ဒီလို မစော်ကားပါနှင့်” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီသည် သူမ၏ အနာဂတ်အတွက် မသေချာမှုကို ခံစားနေရသော်လည်း လုချန်းနှင့်အတူ ရှိနေခြင်းက သူမအတွက်ပုံမှန်ဖြစ်လာခဲ့သည်။ သူတို့၏ ဆက်ဆံရေး တည်ဆောက်ခြင်း အကြိမ်ရည် နည်းပါးသော်လည်း သူမသည် သူနှင့်ခွဲခွာ၍ မနေနိုင်တော့ပေ။

ဤ မကောင်းသော လူသားသည် သူမ၏ နှလုံးသားကိုသာမက သူမ၏ ဖြစ်တည်မှု တစ်ခုလုံးကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် လုချန်းက “ကိုယ် သွေးလဝန်းရဲတိုက်ကို ကိုင်တွယ်ပြီးသွားရင် မင်း မင်းသားစံအိမ်ကို ပြောင်းလာသင့်တယ်။” ဟု ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ ခဏမျှ တိတ်ဆိတ်သွားသည်။ တကယ်တော့ သူမသည်လည်း မင်းသား စံအိမ်သို့ ရွှေ့ပြောင်းပြီး နေ့စဉ် လုချန်းအား ဆန္ဒဖြည့်ဆည်းပေးလိုသည်။

သို့သော် သူမ ပြဿနာတစ်ခုကို စဉ်းစားမိသည်။ မြောက်ပိုင်းနယ်စားမင်းသား အရှေ့တွင် သူမရဲ့ တန်ဖိုးကို ကုတင်ပေါ်တွင်သာ ပြသနိုင်မှာလား။ သူမ၏ ကိုယ်ခန္ဓာနှင့် နှလုံးသားသည် မြောက်ပိုင်းစားမင်းသား၏ ပိုင်ဆိုင်မှု ဖြစ်သော်လည်း ဝမ်ချင်းစီသည် မင်းသား၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည့် ကိရိယာတစ်ခု အဖြစ်တော့ မနေချင်ပေ။

သူမသည် လုချန်း၏ အရှေ့တွင် သူမ၏ တန်ဖိုးကို နည်းမျိုးစုံဖြင့် ပြသလိုသည်။ သို့မှသာလျှင် သူမ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်သည်။ သို့မှသာလျှင် မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကိုယ်ပိုင် အစေခံမဖြစ်သော သူမကို ပိုမိုတန်ဖိုးထားမည် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်သည်။ “မင်းသားစံအိမ်ကို မလာချင်ဘူးလား။ ကိုယ့်ကို မပြုစုချင်ဘူးလား။”

ဝမ်ချင်းစီက ချက်ချင်းပင် ပြန်လည်ပြောဆိုလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။ ကျွန်မ ထင်တာက ကျွန်မ ဒီအချိန်မှာ စားမင်းသားစံအိမ်ကို ရောက်လာခဲ့ရင် နောက်ပိုင်းမှာ လူတွေက ကျွန်မကို မင်းသားရဲ့ လူတစ်ယောက်လို့ သိသွားမှာပဲ။

ဒါဆိုရင် မင်းသားအတွက် ထောက်လှမ်းရေး သတင်းတွေကို စုဆောင်းနိုင်မှာ မဟုတ်တော့ဘူး။”

“သွေးလဝန်းရဲတိုက်ရဲ့ လုပ်ကြံမှု အဆုံးသတ်သွားလျှင်တောင် မင်းသား လုရှုယွမ်က သေချာပေါက် ငြိမ်နေမှာ မဟုတ်ဘူး။ သူက ထပ်လုပ်ကြံဖို့ လူတွေကို စေလွှတ်ဦးမှာပဲ။ မင်းသားမှာ ကျွန်မလို သူလျှိုတစ်ယောက် ရှိရင် မင်းသား လုရှုယွမ် ဘာပဲလုပ်လုပ် ကျွန်မက မင်းသားကို ချက်ချင်း အသိပေးနိုင်ပါတယ်။”

ဝမ်ချင်းစီ၏ စကားကို ကြားသောအခါ သူမ၏ စကားများတွင် အမှန်တရားများ ပါရှိသည်ဟု လုချန်း ခံစားမိသည်။ ပန်းတစ်ရာဂေဟာသည် ပျော်ပွဲစားနေရာတစ်ခုဖြစ်သောကြောင့် ထောက်လှမ်းရေး သတင်းများ စုဆောင်းရန် အမှန်တကယ် လွယ်ကူသော‌ နေရာဖြစ်သည်။

ထို့ပြင် သူ့ညီအစ်ကိုဖြစ်သူ မင်းသား လုရှုယွမ်သည် ငြိမ်နေဦးမည် မဟုတ်ပေ။ သူ့တွင် မြူကျောင်းတော်မှ သူတော်စင်မ ဖြစ်သည့် ဝမ်ချင်းစီ ရှိနေပါက နောင်တွင် မင်းသား လုရှုယွမ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

ဒါက သူ့အတွက်လည်း အကျိုးရှိမည့် ကိစ္စတစ်ခု ဖြစ်သည်။ ထိုသို့ စဉ်းစားမိသွားသောအခါ လုချန်းက ဝမ်ချင်းစီ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ကျောပြင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်ပြီး

“ဒါဆိုလည်း ပန်းတစ်ရာဂေဟာမှာပဲ ဆက်နေပါ။ ငါ့ညီအစ်ကို‌တော် မင်းသား လုရှုယွမ်ရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကို ချက်ချင်း အသိပေးပါ” ဟု ပြောလိုက်သည်။

လုချန်းသည် သူမ၏ အကြံပြုချက်ကို သဘောတူသည်ကို တွေ့မြင်သောအခါ ဝမ်ချင်းစီသည် စိတ်ထဲတွင် အလွန်ပင် ကျေနပ်မိသည်။ သူမသည် နောက်ဆုံးတွင် သူမ၏ တန်ဖိုးကို ပြသနိုင်မည့် အခွင့်အရေးကို ရရှိခဲ့ပြီ ဖြစ်သည်။ ထိုသည်မှာ သူမ၏ တန်ဖိုးသည် လုချန်း၏ ဖျော်ဖြေမှုအတွက်သာ အသုံးပြုရန် မဟုတ်တော့ကြောင်း ပြသသည့် ကောင်းမွန်သော စတင်ခြင်းတစ်ခု ဖြစ်သည်။

နောက်နေ့တွင် နံနက်စာကို ရိုးရိုးရှင်းရှင်း စားသုံးပြီးနောက် လုချန်း ချူးယုချင်ကို သွားရှာသည်။ ချူးယုချင်သည် လုချန်း ယခုလို စိတ်ဓာတ်တက်ကြွလန်းဆန်းနေသည်ကို တွေ့မြင်ရသည့်အခါ စိတ်ဝင်စားမိသည်။ လုချန်းသည် နေ့စဉ် မိန်းမများနှင့် ပတ်သက်နေသော်လည်း သူ၏ ကျန်းမာရေးထိခိုက်စေသည့် သက်ရောက်မှု ထူထူခြားခြား မရှိသလောက် ဖြစ်သည်။

ယုတ္တိရှိရှိ စဉ်းစားလျှင် ဖိုမကိစ္စများနှင့် အချိန်ကုန်နေသော ယောက်ျားတစ်ဦးသည် သူ၏ အရေးကြီးသော ခွန်အားများ ဆုံးရှုံးမည်ဖြစ်သည်။ မိန်းမများနှင့် ဆက်ဆံခြင်းသည် သိုင်းပညာ လေ့ကျင့်သူများအတွက် တားမြစ်ချက်တစ်ခု ဖြစ်သည်။

သိုင်းပညာရှင်များ မကြာခဏ ပြောဆိုကြသည်မှာ

“မိန်းမများက ဓားကို ဆွဲထုတ်နိုင်သည့် အမြန်နှုန်းကိုသာ သက်ရောက်မှုရှိသည်” ဟူ၍ဖြစ်ပြီး သို့သော် ထိုစကား ဘယ်ကဆင်းသက်လာသည်တော့ မသိကြပါ။

မိန်းမများနှင့် ပျော်ရွှင်မှုကို စွဲလန်းသွားပါက ထိုသိုင်းပညာရှင်၏ တုံ့ပြန်မှုနှုန်းကို နှေးကွေးစေနိုင်သည်။ ချူးယုချင်သည် စိတ်ထဲတွင် စဉ်းစားမိ၏။ လုချန်းဆီမှာ ထိုကဲ့သို့သော အရာများ၏ သက်ရောက်မှုကို ခံရခြင်းမှ ကင်းဝေးစေသည့် ဘုန်းကံတစ်ခုများ ရှိနေတာလား။

လုချန်းသည် ချူးယုချင်၏ လှပသော မျက်လုံးများက သူ့ကို အကဲခတ်နေသည်ကို သတိပြုမိသောအခါ ရယ်မောလျက်

“ဒေါ်လေးချူး၊ ကျွန်တော့်မှာ ဘာတွေ ရှိလို့လဲ” ဟု ပြောလိုက်သည်။

ချူးယုချင်သည် သတိပြန်ဝင်သွားပြီး သူအတွေးလွန်သွားသည်ကို နားလည်သွားသောအခါ ချက်ချင်းပင် ချောင်းဟန့်လိုက်ပြီး

“ချန်းလေး၊ ဒေါ်လေး သတိထားမိတယ်။ မင်းက နေ့တိုင်း မိန်းမတွေနဲ့ ဆက်ဆံနေတယ်။ မျိုးဆက်ကို ဆက်ခံသွားရမယ့်ကိစ္စက အရေးကြီးပေမယ့် မင်းရဲ့ ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ရမယ်” ဟု ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဒေါ်လေးချူး။ ကျွန်တော်လုပ်နေတာ ကျွန်တော် သိပါတယ်။” လုချန်းက ရယ်မောလျက်ပြန်လည်ပြောဆိုလိုက်သည်။

“ဒါပေမယ့် ဒေါ်လေးချူး၊ ဒီနေ့ ဒေါ်လေးဆီကို လာတာ ကျွန်တော့်မှာ ဆွေးနွေးစရာတစ်ခု ရှိလို့ပါ။”

ထိုသို့ ပြောဆိုစဉ် လုချန်း၏ မျက်နှာက တည်လာသည်။ လုချန်းသည် အမြဲတမ်း ဒီလိုမျိုး ဖြစ်သည်။ လုပ်ငန်းကိစ္စများနှင့် ပတ်သက်လာလျှင် သူဟာသမလုပ်တော့ပေ။ လုချန်း၏ မျက်နှာတည်သွားသည်ကို တွေ့မြင်သောအခါ ချူးယုချင်သည် အရေးကြီးသော ကိစ္စတစ်ခု ရှိနေပြီမှန်း သဘောပေါက်သွားကာ

“ချန်းလေး၊ မင်းသားစံအိမ်နဲ့ ပတ်သက်တာလား” ဟု မေးမြန်းလိုက်သည်။

လုချန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်တော် ဗိုလ်ချုပ် လီကို ခေါ်ခိုင်းထားပြီးပြီ။ သူ စံအိမ်ကို မကြာခင် ရောက်လာမယ်လို့ ထင်တယ်” ဟု ပြောလိုက်သည်။

ဗိုလ်ချုပ် လီပါ ပါဝင်သည်ဟု လုချန်းက ပြောလိုက်သောအခါ လုချန်း ဆွေးနွေးတော့မည့် ကိစ္စက သာမန်ကိစ္စ မဟုတ်မှန်း ချူးယုချင် သိလိုက်သည်။

ထိုအခိုက်တွင် အပြင်မှ အစေခံတစ်ဦး ဝင်လာပြီး “မင်းသား၊ ဗိုလ်ချုပ်လီ ရောက်လာပါပြီ” ဟု ပြောလိုက်သည်။

လုချန်းက “ဒေါ်လေးချူး၊ လေ့ကျင့်ရေးကွင်းကို အရင်သွားကြရအောင်” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ။”

ထို့နောက် သူတို့နှစ်ဦး စံအိမ်ရှိ လေ့ကျင့်ရေးကွင်းသို့ သွားခဲ့ကြသည်။

ဗိုလ်ချုပ် လိိီက ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့် လေ့ကျင့်ရေးကွင်းအတွင်း လမ်းလျှောက်နေ၏။ သူ၏ချပ်ဝတ်တန်ဆာများမှလည်း လမ်းလျှောက်သည်နှင့် အသံများမြည်‌နေသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို အရေးကြီးသော ကိစ္စတစ်ခု ဆွေးနွေးလိုသည်ဟု ဆိုသည့်အတွက် သူသည် စိတ်ဝင်စားနေသည်။

မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို တပ်များကို လေ့ကျင့်ရန် ညွှန်ကြားခြင်းမှအပ မည်သည့်အရာမျှ ပြုလုပ်ခိုင်းခြင်း မရှိသလောက် ဖြစ်သည်။ ဆိုင်များကိုပင် မိဖုရားမှ စီမံခန့်ခွဲ ပေးနေရပြီး မြောက်ပိုင်းစားမင်းသားသည် စံအိမ်၏ အတွင်းဆောင်တွင်သာ ပျော်ပါးနေခဲ့သည်။

ဗိုလ်ချုပ် လိီက‌တော့ ဒါတွေက မြောက်ပိုင်းနယ်စားမင်းသား၏ ပြင်ပမှ လူအများကို လှည့်ဖျားသည့် အကြံတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်သည်။ သို့မှသာ ပြင်ပရှိ လူများက သူ့ကို အပျော်အပါးမက်‌သော မင်းသားတစ်ပါးဟု ယူဆကြမည်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ နောက်ထပ် စီမံကိန်းတစ်ခု စတင်ရန် အချိန်ကျပြီဟု ယူဆသောကြောင့် သူ့ကို ခေါ်ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ဗိုလ်ချုပ်လီ စဉ်းစားမိသည်။

...........

အခန်း (၃၂)

သွေးလဝန်းရဲတိုက်အတွက် လက်ဆောင်ပြင်ဆင်ခြင်း

လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ လီဖန်းက အလျင်အမြန် ချဉ်းကပ်လာပြီး ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“ မင်းသား လုချန်းအား ဦးညွှတ်လိုက်ပါတယ်။ ဒေါ်လေးချူးပါ ပါလာတာပဲ။”

လုချန်းသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် “ကိစ္စတစ်ခု ဆွေးနွေးကြရအောင်။ သွေးလဝန်းရဲတိုက်က ကျွန်တော့်ကို လုပ်ကြံဖို့ လူသတ်သမားတွေ စေလွှတ်လိုက်တယ်လို့ သတင်းရရှိထားတယ်။ ဒီတစ်ကြိမ် အဆင့်ကိုးပညာရှင် ငါး‌ ယောက်အပြင် သွေးလဝန်းရဲတိုက်ရဲ့ ဒုတိယရဲတိုက်မှုးကိုယ်တိုင်လည်း ပါလာမယ်။”

ထိုစကားကို ကြားသောအခါ လီဖန်း၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီးနောက်

“မင်းသား၊ သွေးလဝန်းရဲတိုက်ရဲ့ ဒုတိယရဲတိုက်မှုး ကိုယ်တိုင် ရောက်လာမယ်ဆိုတာသေချာပါသလား။” ဟု မေးမြန်းလိုက်သည်။

လီဖန်းသည် သွေးလဝန်းရဲတိုက်၏ ဒုတိယရဲတိုက်မှုးအကြောင်း ကြားဖူးသည်။ သူသည် ထိပ်သီးပညာရှင် တစ်ဝက်အဆင့်ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် လီဖန်း အလွန်စိုးရိမ်သွားသည်။

လုချန်းက

“ ထောက်လှမ်း‌ရေးသတင်းအရ သူကိုယ်တိုင် ရောက်ရှိလာမယ်လို့ ယုံကြည်ရတယ်” ဟု ပြောလိုက်သည်။

ချူးယုချင်က ခဏမျှ စဉ်းစားပြီးနောက်

“သွေးလဝန်းရဲတိုက်က ချန်းလေးကို အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားတာက အတင့်ရဲလွန်းတယ်။” ဟု ပြောလိုက်သည်။

“သူတို့ကို နောက်ကွယ်က ထောက်ပံ့ပေးမယ့်သူ မရှိရင်တော့ ဒီလို လုပ်ရဲမှာ မဟုတ်ဘူး” လုချန်းက ပြောလိုက်သည်။လုချန်းကိုကြည့်လိုက်ပြီး လီဖန်းက ထိတ်ထိတ်ဖြာဖြာဖြင့် မေးလိုက်၏။

“ မင်းသားဘာလုပ်မယ် ရည်ရွယ်ထားလဲ။”

လုချန်းတွင် အဆင့်ကိုး သိုင်းပညာရှင်ကို အလွယ်တကူ ချက်ချင်းသတ်နိုင်သည့် လက်နက်ရှိတာကို လိဖန်းသိ၏။ ထို့ကြောင့် မင်းသားအနေနှင့် သွေးလဝန်း ရဲတိုက်မှ လူသတ်သမား အားလုံးကို ကြောက်နေမည် မဟုတ်ပါ။

လုချန်းက ချက်ချင်း မဖြေသေးပဲ ပြန်လည်မေးမြန်းလိုက်သည်။

“ဗိုလ်ချုပ်လီ၊ မြောက်ပိုင်းမြို့တော်ရဲ့ တပ်မတွေကို ခင်ဗျား လုံးဝ ထိန်းချုပ်နိုင်ပြီလား။”

လီဖန်းက ပြန်ဖြေလိုက်သည်။

“မင်းသား၊ စိတ်ချပါ။ ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မြောက်ပိုင်းမြို့တော်ရဲ့ စစ်တပ်တွေက မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်ကို လုံးဝနာခံသွားပါပြီ။”

လုချန်းက ပြောလိုက်၏။

“ကောင်းတယ်၊ သွေးလဝန်းရဲတိုက်က လူတွေ ရောက်လာမှာဆိုတော့ သူတို့ကို ကောင်းကောင်း ‘ကြိုဆို’ သင့်တယ်။”

“ဒါနဲ့ ဗိုလ်ချုပ်လီ၊ ကျွန်တော့်ကို မြောက်ပိုင်းမြို့တော်ကို ပို့ဆောင်ခဲ့တဲ့ စစ်သည်တွေကို ခေါ်လိုက်ပါ။ ကျွန်တော် ခင်ဗျားတို့အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးစရာရှိတယ်။”

ထိုစကားကို ကြားသောအခါ လီဖန်းက သတိထားပြီး မေးလိုက်သည်။

“မင်းသား၊ ဘယ်လို အကြောင်းပြချက်နဲ့ ခေါ်ရမလဲ။”

ထိုစစ်သည်များသည် အရေအတွက် တစ်ရာကျော်ရှိပြီး အဆင့်သုံးနှင့် အဆင့်လေး သိုင်းပညာရှင်များ ဖြစ်သည်။ အဆင့်သုံးနှင့် အဆင့်လေး သိုင်းပညာရှင်များ များစွာ မရှိသော ရန်ခရိုင်မြို့ကဲ့သို့သော ဆင်းရဲသည့် ဒေသတွင် ဤသူများသည် ကြီးမားသော အင်အားစုတစ်ခု ဖြစ်ကြသည်။ ဤသူများအားလုံး မြောက်ပိုင်းစားမင်းသားရဲ့ နန်းတော်သို့ ရောက်ရှိလာပါက ရန်ခရိုင် မြို့သူမြို့သားများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမည်မှာ သေချာသည်။

ထို့ပြင် မြောက်ပိုင်းစားမင်းသား၏ စံအိမ်ကို စောင့်ကြည့်နေသူများလည်း များစွာရှိသည်။ လုချန်းသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် နေ့စဉ် ပျော်ပါးခြင်းများဖြင့်သာအချိန်ကုန် နေခဲ့သည်။ အခုအချိန်တွင် စစ်သည်အင်အား ဤမျှလောက် များစွာကို ခေါ်ယူခြင်းက မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် အရေးကြီးသော ကိစ္စတစ်ခုကို စီစဉ်နေသည်ဟု သံသယများ ဖြစ်ပေါ်လာစေမည် သေချာပေသည်။

ခဏတာ စဉ်းစားပြီးနောက် လုချန်းက

“သူတို့ရဲ့ မိသားစုတွေ မြောက်ပိုင်းမြို့တော်ကို ရောက်လာပြီလို့ ပြောလိုက်ပါ။ ဒီအခွင့်အရေးကို အသုံးချပြီး လမ်းခရီးတလျှောက် ကူညီပို့ဆောင်ပေးခဲ့တာကို ကျေးဇူးတင်တဲ့ အနေနှင့် စား‌သောက်ပွဲကြီးတစ်ခု ပြုလုပ်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံကြဖို့ စီစဉ်လိုက်မယ်” ဟု ပြောလိုက်သည်။

လီဖန်းက လုချန်းရဲ့ စိတ်ကူးကို နားလည်သွားပြီး ချက်ချင်းပင်

“သဘောပေါက်ပါပြီ မင်းသား၊ ကျွန်တော် သွားစီစဉ်လိုက်ပါ့မယ်” ဟု ပြောလိုက်သည်။

ထို့နောက် လီဖန်းလည်း မြောက်ပိုင်းစားမင်းသားစံအိမ်မှ ထွက်ခွာသွားလိုက်သည်။

လီဖန်း ထွက်သွားပြီးနောက် ချူးယုချင်က လု

ချန်းကို ကြည့်ပြီး ပြောလိုက်သည်။

“ချန်းလေး၊ သွေးလဝန်းရဲတိုက်ရဲ့ ဒုတိယရဲတိုက်မှုးက ထိပ်သီးပညာရှင်အဆင့်တစ်ဝက် ရှိနိုင်တယ်။ ဒေါ်လေး သူ့ကို တားဆီးနိုင်မယ်ထင်တယ်။ ဒါပေမယ့် ကျန်တဲ့ အဆင့်ကိုး သိုင်းပညာရှင် ငါးယောက်ကိုတော့ ထိန်းချုပ်ဖို့ကတော့ ခက်ခဲနိုင်တယ်။”

လုချန်းပိုင်ဆိုင်သော လျို့ဝှက်လက်နက်သည် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးကို ချက်ချင်းသတ်နိုင်သော စွမ်းအားရှိသော်လည်း ပြိုင်ဘက်များက တစ်ပြိုင်နက် တိုက်ခိုက်လာပါက လုချန်းသည် ချက်ချင်း တုံ့ပြန်နိုင်မည် မဟုတ်ပေ။

ချူးယုချင် အနည်းငယ် စိုးရိမ်မိသည်။ သွေးလဝန်းရဲတိုက်က လုချန်းကို လုပ်ကြံရန် စေလွှတ်သည့် လူသတ်သမားများသည် ခြောက်ယောက်သာ ရှိမည် မဟုတ်ပေ။ နောက်ဆုံးတစ်ခေါက်က သူတို့အဆင့်သုံးနှင့် အဆင့်လေး သိုင်းသမား အမြောက်အမြား စေလွှတ်ခဲ့သည်။

ယခုအကြိမ်တွင်လည်း မြောက်ပိုင်းမြို့တော်ကို အဆင့်သုံးနှင့် အဆင့်လေး သိုင်းပညာရှင်များကိုလည်း အမြောက်အမြား စေလွှတ်မည် ဖြစ်သည်။ ဤ အဆင့်သုံးနှင့် အဆင့်လေး သိုင်းပညာရှင်များသည် အဓိက အင်အားမဟုတ်သော်လည်း မြောက်ပိုင်းစားမင်းသား၏ စံအိမ်မှ လူများကို တိုက်ခိုက်နိုင်ပြီး လုချန်းကို ကာကွယ်ရန် ခက်ခဲစေနိုင်သည်။

ယခင်ကဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသည့်အတွက် ချူးယုချင်သည်လည်း သူမလုပ်နိုင်စွမ်းအား၏ အတိုင်းအတာကို သိရှိခဲ့သည်။ သူမသည်ထိပ်သီးပညာရှင် တစ်ဝက်အဆင့်ရှိသူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော်လည်း လူအားလုံးကို‌တော့ တားဆီးနိုင်မည် မဟုတ်ပေ။

ထိုစဉ်က လုချန်းသာ လက်နက်ကို အရေးကြီးဆုံး အခိုက်အတန့်တွင် ထုတ်ယူအသုံးမပြုခဲ့ပါက သူမသည် သူမ၏ ချန်းလေးကို ထာဝရ ဆုံးရှုံးသွားပြိီဖြစ်သည်။

လုချန်းသည် ချူးယုချင် စိုးရိမ်နေသည်ကို နားလည်ပြီးနောက် သူမအား

“ဒေါ်လေးချူး၊ ဗိုလ်ချုပ်လီ ပြန်လာရင် ကျွန်တော် တစ်ခုပြမယ်” ဟု ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ချူးယုချင်သည် အနည်းငယ် မျှော်လင့်ချက် ရှိသွားသည်။ လုချန်းသည် သူမအား လက်နက်တစ်ခု ပြသပေးမည်ဟု ခန့်မှန်းမိသော်လည်း ထိုလက်နက်သည် မည်သည့် လက်နက်မျိုး ဖြစ်မည်ကို သူမ သိချင်မိသည်။

ထို့နောက် မြောက်ပိုင်းစားမင်းသား၏ စံအိမ်တွင် စတင်စည်ကားလာတော့သည်။ မုကျိရွှမ်းက သူတို့ကို မြောက်ပိုင်းမြို့တော်သို့ ပို့ဆောင်ပေးခဲ့တဲ့ စစ်သည်များ၏ မိသားစုတွေအတွက် ဧည့်ခံပွဲကြီး ပြုလုပ်မည့် အကြောင်းကို ကြားသိသောအခါ ထိုကိစ္စကိုသူမ ကိုယ်တိုင် တာဝန်ယူလိုက်သည်။

နေ့လယ်ခင်း ရောက်သောအခါ လူများစွာမြောက်ပိုင်းစားမင်းသား၏ စံအိမ်သို့ ဝင်ရောက်လာကြသည်။ မြင်းလှည်းများနှင့် ဧည့်သည်များ စည်ကားသွားလာနေသည်ကို တွေ့မြင်ရသောအခါ လူအများက စိတ်ဝင်စားသွားကြပြီး မြောက်ပိုင်းနယ်စားမင်းသား နောက်ထပ် အိမ်ထောင်ပြုခြင်းဖြစ်မည်ဟု ထင်ကြသည်။

ရန်ခရိုင်ရှိ မြူကျောင်းတော်၏ တာဝန်ခံ ပုဂ္ဂိုလ်ဖြစ်သည့် ချန်းယူသည် မြောက်ပိုင်းနယ်စားမင်းသားရဲ့ နန်းတော်တွင် လူများ သွားလာမှုများပြားနေသည်ကို သတိပြုမိသည်။ ထို့ ကြောင့် သူမ ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ နန်းတော် တံခါးဝသို့ မသိမသာ ချဉ်းကပ်လာပြီး ဖြစ်ပေါ်နေသော အခြေအနေကို မေးမြန်းစုံစမ်းကြည့်လိုက်သည်။

“ကျေးဇူးပြုပြီး တစ်ခုလောက် မေးချင်လို့ပါ။ ဒီနေ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ နန်းတော်မှာ အထူးအစီအစဉ် တစ်ခုခု ရှိနေလို့လား။ ဘာလို့ ဒီလောက် စည်ကားနေတာလဲ။”

ချန်းယူ၏ အရှေ့မှ ပျော်ရွှင်နေသော လူငယ်သည် ထိုမေးခွန်းကို ကြားသောအခါ “ကျွန်တော်ကြားရတာကတော့ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို မြောက်ပိုင်းမြို့တော်ကို ပို့ဆောင်ပေးခဲ့တဲ့ စစ်သားတွေနဲ့ မိသားစုတွေကို ကျေးဇူးတင် ဂုဏ်ပြုပွဲ လုပ်နေတာပါ” ဟု ဖြေကြားလိုက်သည်။

ထို့နောက် လူငယ်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ “သူတို့မရှိရင် မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ကို လာတဲ့ လမ်းမှာ သေဆုံးသွားမှာပဲ။”

လူငယ်၏ ဖြေကြားချက်ကို ကြားသောအခါ ချန်းယူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ဒါ့ကြောင့်ကိုး။

သူမက မြောက်ပိုင်းနယ်စားမင်းသား သံသယဝင်‌ နေပြီလားဟု ထင်မြင်ခဲ့သည်။ သွေးလဝန်းရဲတိုက်သည် မြောက်ပိုင်းမြို့တော်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့၏ အစီအစဉ်များကို အနည်းငယ် သံသယရှိလာပါက လုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သည်။

ထို့နောက် ချန်းယူသည် ပန်းတစ်ရာဂေဟာသို့ ပြန်လာပြီး ယနေ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်တွင် ဖြစ်ပျက်‌နေသော ဖြစ်ရပ်များကို ဝမ်ချင်းစီအား သတင်းပို့လိုက်သည်။

ဝမ်ချင်းစီသည် မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်မှ ဖြစ်ရပ်များကို ကြားသိပြီးနောက် အနည်းငယ် စိတ်ဝင်စားမိသည်။ လုချန်းသည် ကြိုတင်ပြင်ဆင်မည်ဆိုပါက ဤမျှလောက် စောစီးစွာ စတင်မည် မဟုတ်ပေ။ အထူးသဖြင့် သွေးလဝန်းရဲတိုက်မှ လူများသည် ဒီနေရာသို့ အခုချိန်အထိ ရောက်ရှိလာခြင်း မရှိသေးပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို မြောက်ပိုင်းမြို့တော်သို့ ပို့ဆောင်ပေးခဲ့သည့် စစ်သည်များကို တကယ်ပင် ကျေးဇူးတင်လိုခြင်းသာ ဖြစ်နိုင်ပါသလား။ ဝမ်ချင်းစီသည် အမြဲတမ်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသော်လည်း ယခုအခါ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ လူတစ်ဦး ဖြစ်လာပြီး‌နောက်မင်းသား စီစဉ်နေသည့်အရာများကို နက်နက်နဲနဲ စူးစမ်းစစ်ဆေးရန် မလိုအပ်တော့ပေ။

ထို့အပြင် သူမဒီည မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်ကို သွားရမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား လုပ်ဆောင်နေသည့်အရာများကို သိရှိလိုပါက ဒီည သူ့ကို တိုက်ရိုက်မေးမြန်းနိုင်မည် ဖြစ်သည်။

နေ့လယ်ခင်း အချိန်။

လုချန်းသည် ဧည့်ခံပွဲတွင် ကျေးဇူးတင်စကား အနည်းငယ် ပြောကြားပြီးနောက် အားလုံးကို စိတ်ကြိုက် စားသောက်နိုင်ရန် ခွင့်ပြုလိုက်သည်။ ထိုအခိုက်တွင် လီဖန်းက လုချန်းထံသို့ လျှောက်လာပြီး တိုးတိုးကပ် ပြောလိုက်သည်။

“မင်းသား၊ လူအားလုံး ရောက်လာပါပြီ။”

လုချန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက်

“စားသောက်ပြီးသွားရင် စံအိမ်ရဲ့ အနောက်‌ ဆောင်ခြံဝင်းကို လာခဲ့ပါ” ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းသည် စစ်သည်များနှင့်အတူ သောက်စားနေခဲ့သည်။ ထို့နောက်တွင် သူတို့နှင့် အရေးကြီးသော လုပ်ငန်းများ လုပ်ဆောင်ရန် ရှိသည်ဟူသော လက္ခဏာကို ပြသခြင်း မရှိပေ။

နေ့လယ်စာစားပြီးနောက် မူးယစ်နေသော စစ်သည်များသည် အနောက်ဆောင်ခြံဝင်းသို့ ရောက်ရှိလာကြသည်။ လုချန်းက သူတို့ကို ဆုချလိုကြောင်း ပြောဆိုသော်လည်း စစ်သည်များသည် အရူးများ မဟုတ်ကြပါ။ မြောက်ပိုင်းနယ်စားမင်းသားတွင် သူတို့အတွက် တစ်စုံတစ်ခု ရှိသည်ကို သူတို့ သိရှိကြသည်။

အနောက်ဆောင်ခြံဝင်းသို့ ရောက်ရှိပြီးနောက် လုချန်းသည် စစ်သည်များကို တစ်ယောက်ချင်း ကြည့်ရှုလိုက်သည်။ ၎င်းတို့၏ သစ္စာရှိမှုသည် အများအားဖြင့် ရှစ်ဆယ်ကျော်ရှိပြီး အခု သူတို့ကို သူ၏ လူယုံများအဖြစ် သတ်မှတ်လိုက်ပြိီဖြစ်သည်။

ချူးယုချင်က လူအားလုံး စုရုံးနေသည်ကို တွေ့မြင်သောအခါ “ချန်းလေး ပြမှာက ဘာလဲ။” ဟု မေးမြန်းလိုက်သည်။ လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး လတ်လတ်ဆတ်ဆတ် ပေါ်ထားသော နွားနှင့် သိုးများ၏ အသားများကို ယူဆောင်လာရန် ညွှန်ကြားလိုက်ပြီး ချပ်ဝတ်တန်ဆာအကာကွယ်များဖြင့် သေချာကာထားပြီး ထုပ်ပိုးလိုက်သည်။

ထို့နောက် သူသည် လူကြီးတစ်ဦး၏ လက်သီးထက် ပိုမိုကြီးမားသော လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး အားလုံးအား

“အားလုံး ခြေလှမ်းငါးဆယ် ဆုတ်ခွာကြပါ” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ စောဒက မတက်ကြပဲ လူအားလုံး ချက်ချင်း ခြေလှမ်းငါးဆယ် ဆုတ်ခွာသွားကြသည်။ ထို့နောက် လုချန်းသည် လက်ပစ်ဗုံး၏ စနက်တံကို ဆွဲထုတ်လိုက်ပြီး လက်ပစ်ဗုံးကို ပစ်ချလိုက်သည်။

နောက်စက္ကန့်အနည်းငယ်တွင် မြေကြီးကိုပင် တုန်ခါစေသော ပေါက်ကွဲမှု၏အသံ ထွက်ပေါ်လာပြီး မူးယစ်နေသော စစ်သားများကိုပင် လန့်သွားစေသည်။ ထို့နောက် သူတို့၏နားများ အတန်ကြာ‌အောင် အူသွားကြသည်။

လက်ပစ်ဗုံး ပေါက်ကွဲမှုနှင့်အတူ အဝေးတွင် အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး နွားနှင့် သိုးများကို ဖုံးလွှမ်းထားသော ချပ်ဝတ်တန်ဆာများတွင်လည်း အပေါက်များ ပေါ်လာသည်။ ဤမြင်ကွင်းကို တွေ့မြင်သောအခါ စစ်သည်များသည် အံ့ဩဘနန်း ဖြစ်သွားကြပြီး တစ်ချက်မှ မလှုပ်ရှားရဲဘဲ ရပ်တန့်နေကြသည်။

ကောင်းကင်က မိုးကြိုးလား။ သူတို့၏ မင်းသားသည် ကောင်းကင်မှမိုးကြိုးကို ခေါ်ယူနိုင်ပါသလား။

ဒါက တကယ်ဖြစ်နိုင်လား။

ဒါတွေက လူသားတစ်ဦး လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုလား။

သူတို့၏ မင်းသားသည် ထာဝရ တန်ခိုးရှင်တစ်ဦး ဖြစ်နိုင်ပါသလား။

စစ်သည်အချို့က သေချာနားလည်ခြင်း မရှိသေးသော်လည်း လီဖန်းနှင့် ချူးယုချင်တို့ကတော့ ထိုအသံမှာ လုချန်း၏ လက်ထဲတွင်ရှိသော အရာတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို သိရှိခဲ့ကြပြီးဖြစ်သည်။ သို့သော် လီဖန်းနှင့် ချူးယုချင်တို့သည် ဆက်လက်၍ အလွန်အံ့သြနေကြဆဲဖြစ်သည်။

ထိုအခိုက်တွင် လုချန်းက “ကဲ၊ လာကြည့်ကြပါ” ဟု ပြောလိုက်သည်။

လုချန်းသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ လျှောက်သွားလိုက်သည်။ သူတို့၏ မင်းသားလမ်းလျှောက်သွားသည်ကို တွေ့မြင်သောအခါ စစ်သည်များလည်း မြန်မြန်ဆန်ဆန် လိုက်ပါသွားကြသည်။

............

အခန်း (၃၃)

အဆင့်ကိုးသို့ ရောက်ရှိခြင်း

လုချန်း၏ လက်ပစ်ဗုံးသည် ပထမဆုံးလက်ဆောင်ပစ္စည်းထုပ်မှ ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်က ထိုလက်နက်ကို မသုံးစွဲခဲ့ဖူးပေ။ ဤလက်ပစ်ဗုံးများ၏ ပေါက်ကွဲမှု ဧရိယာကို စမ်းသပ်ရန်အတွက် တစ်လုံးကို ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်သည်။

သူရထားသော လက်ပစ်ဗုံးများသည် ကမ္ဘာပေါ်တွင် တွေ့ရသော ပုံမှန် လက်ပစ်ဗုံးများထက် ပိုမိုကြီးမားပြီး ကိုယ်ပေါ်တွင် သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် ပိုမိုအားကောင်းသည်။

လုချန်းသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ချဉ်းကပ်ပြီးနောက် ဆယ်မီတာ အချင်းဝန်းကျင်ရှိ ချပ်ဝပ်တန်ဆာ အားလုံးကို လက်ပစ်ဗုံး၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော သံစလေးများက ထိုးဖောက်ထားသည်ကို တွေ့ရှိရပြီး နွားနှင့် သိုးများ၏ ရုပ်အလောင်းများတွင် အပေါက်အပြဲများစွာ ပေါ်လာသည်။

နွားနှင့် သိုးများ၏ ဒဏ်ရာများကို တွေ့မြင်သောအခါ စစ်သည်များ အလွန်ကြောက်ရွံ့နေကြသည်။ သူတို့သည် ခပ်ဝေးဝေးမှာ နေခဲ့ခြင်းကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ထိုအခိုက်တွင် လုချန်းက ချူးယုချင်နှင့် လီဖန်းအား “ဗိုလ်ချုပ်လီ၊ ဒေါ်လေးချူး၊ ကျွန်တော်အခု သုံးတဲ့ လက်နက်ကို ဘယ်လိုထင်လဲ” ဟု မေးမြန်းလိုက်သည်။

လီဖန်းက ချက်ချင်းပင် ဖြေကြားလိုက်သည်။

“ဒီလို နတ်ဘုရားလက်နက်မျိုးနှင့်ဆို မင်းသား ကမ္ဘာကြီးတစ်ခုလုံးကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။”

လီဖန်း ပြောပြီးချက်ချင်းပင် စစ်သည်များသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး တစ်ညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။

“မင်းသား နတ်ဘုရား လက်နက်ကို ရရှိခြင်းအတွက် ကျွန်ုပ်တို့ ဂုဏ်ပြုပါတယ်။ မင်းသားသည် ကမ္ဘာကြီးတစ်ခုလုံးကို စုစည်းပြီး အားလုံးကို အံ့ဩစေနိုင်မှာ ဖြစ်ပါတယ်။”

လုချန်း ပြောစရာစကား ရှာမတွေ့တော့ပေ။

အမြှောက်အပင့် စကားတွေပါလား။

“ကောင်းပြီ၊ ထကြပါ၊ အားလုံးပဲ။”

လုချန်း၏ စကားများကို ကြားသောအခါ စစ်သည်များက ချက်ချင်း ထလိုက်ကြသည်။

ထို့နောက် ချူးယုချင်က မေးလိုက်သည်။

“ချန်းလေး၊ အခု သုံးခဲ့တဲ့ လက်နက်က တစ်ခါသုံး မဟုတ်လား။ မင်းမှာ ဒါတွေ အများကြီး

ရှိ‌သေးလား။”

လုချန်းက ပြန်ဖြေလိုက်သည်။

“အများကြီး မရှိပါဘူး။ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါပေမယ့် အခြေအနေ တစ်ခုကျရင်တော့ ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လုပ်လာနိုင်မှာပါ။”

လုချန်း၏ ဖြေကြားချက်ကို ကြားသောအခါ ချူးယုချင်သည် စိတ်အတွင်း၌ ပီတိဖြစ်မိသည်။ ဤသို့သော နတ်ဘုရား လက်နက်မျိုးဖြင့် လုချန်းသည် နောင်တွင် နေပြည်တော်၌ ထိုဧကရာဇ်ရာထူးကို ရယူရန် ပိုမိုလွယ်ကူလိမ့်မည်။

မျက်လှည့်ဆရာမှ သူ၏ဦးထုပ်ထဲမှ ယုန်တစ်ကောင်ကို ထုတ်ယူလိုက်သည့်အလား လုချန်းက သူ၏အင်္ကျီလက်မှ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး လီဖန်းအား

“ဗိုလ်ချုပ်လီ၊ ကျွန်တော်သင်ပေးပါ့မယ်။ သွေးလဝန်းရဲတိုက်က လူသတ်သမားတွေ အဲ့ဒီနေ့ကျ ရောက်လာရင် ဒါကိုသုံးပြီး သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်ပါ” ဟု ပြောလိုက်သည်။

“မင်းသားရဲ့ အမိန့်အတိုင်းပါ”

ထို့နောက် လုချန်းသည် လီဖန်းနှင့် စစ်သားများအား လက်ပစ်ဗုံးအသုံးပြုနည်းကို သင်ကြားပေးလိုက်သည်။ သို့သော် ယခုအကြိမ်တွင် စနက်တံကို ဆွဲထုတ်ခြင်း မပြုပေ။

စစ်သည်များအား အသုံးပြုနည်း သင်ကြားပြီးနောက် လုချန်းက စစ်သည်များအား

“မြောက်ပိုင်းနယ်စားမင်းသားက စစ်သည်များကို ဆုလာဒ်များ ပေးနေတုန်း ကောင်းကင်မှမိုးကြိုးသည် မင်းသား၏ စံအိမ်ကို ထိမှန်သွားခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားက နေ့လယ်ပိုင်းတစ်ခုလုံး သူ့အခန်းထဲမှာ ပုန်းအောင်းနေခဲ့တယ် “ ဟု ပြောလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ စစ်သည်များသည် ချက်ချင်းပင် သူ၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ လက်ပစ်ဗုံး၏ ပေါက်ကွဲသံသည် အလွန်ပြင်းထန်ပြီး မင်းသားရဲ့စံအိမ်အနီးရှိ ပတ်ဝန်းကျင်မှ ထိုအသံကို ကြားရမည် ဖြစ်သည်။

သူတို့ အကြောင်းပြချက်တစ်ခု မပေးပါက လူများအကြား သံသယများ ဖြစ်ပေါ်လာနိုင်သည်။ လုချန်း ပြောဆိုပြီးချက်ချင်း အနောက်ဘက် ခြံဝင်းကို ချက်ချင်း သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားလိုက်၏။ ထို့နောက် သူလည်း အရှေ့ဘက်ဝင်းဆီသို့ ပြန်လာခဲ့သည်။

လီဖန်းနှင့် စစ်သားများ အနောက်ခြံဝင်းမှ ထွက်ခွာသွားပြီးနောက် သူတို့၏ မိသားစုဝင်များက ချဉ်းကပ်လာကြပြီး ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းလိုက်ကြသည်။ လီဖန်းနှင့် အားလုံးက မိုးကြိုးပစ်ပြီး အနောက်ခြံဝင်းကို ထိမှန်ခဲ့သည်ဟု အခိုင်အမြဲ ပြောဆိုကြသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားလည်း အလွန်ကြောက်လန့်သွားခဲ့သည်။

ညနေခင်း ရောက်ရှိလာသောအခါ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို မိုးကြိုး ထိမှန်ခဲ့သည်ဟူသော သတင်းများသည် ရန်ခရိုင်တစ်ခွင် ပျံ့နှံ့သွားပြီး လူအများကလည်း မြောက်ပိုင်းနယ်စားမင်းသားသည် မိုးကြိုးအပစ်ခံရအောင် ဆိုးသွမ်းသော အပြစ်များကို ကျူးလွန်ခဲ့သည်ဟု ထင်မြင်ချက်‌ ပေးကြသည်။

ထို့အချိန်တွင် ပန်းတစ်ရာဂေဟာ၌ ဝမ်ချင်းစီသည် အလှမယ်ထိုင်ခုံပေါ်တွင် သူမ၏ မိုးသား‌ရောင်ဝတ်စုံကို လျော့လျော့ရဲရဲ ဝတ်ဆင်ထားကာ ပျင်းတွဲ့တွဲ့ဟန်ဖြင့် ထိုင်နေသည်။

ထိုအခိုက်တွင် ချန်းယူ ရောက်လာသည်။

“ဒေါ်လေးယူ၊ ဘာကိစ္စနဲ့ လာတာလဲ” ဟု ဝမ်ချင်းစီက ဦးစွာ မေးမြန်းလိုက်သည်။

ချန်းယူက ဖြေကြားလိုက်သည်။

“သူတော်စင်မ၊ ကျွန်မတို့လူ‌တွေ သိရတာက နေ့လယ်ခင်းတုန်းက မြောက်ပိုင်းနယ်စားမင်းသားက စားသောက်ပြီး သူ၏ စစ်သည်တွ ကို ဆုပေးနေတုန်း စံအိမ်ကို မိုးကြိုးပစ်လို့ မြောက်ပိုင်းနယ်စားမင်းသား ကြောက်သွားပြီးနေ့လယ်ပိုင်းတစ်ခုလုံး အခန်းထဲမှာ ပုန်းနေတယ်တဲ့။”

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ထိုင်ခုံမှ ထလိုက်ကာ အလွန်စိတ်ဝင်စားစွာ ကြည့်လိုက်၏။

“ဒီအကြောင်းက စိတ်ဝင်စားစရာပဲ။ မြောက်ပိုင်းနယ်စားမင်းသားကော ထိခိုက်ဒဏ်ရာရသွား‌သေးလား။” ဟု မေးမြန်းလိုက်သည်။

လုချန်းသည် မိုးကြိုးကို တကယ်ကြောက်လန့်၍ နေ့လယ်ပိုင်းတစ်ခုလုံး သူ၏ အခန်းထဲတွင် ပုန်းနေမည့်သူဟု ဝမ်ချင်းစီ မယုံကြည်ပါ။ မြောက်ပိုင်းနယ်စားမင်းသားတစ်စုံတစ်ခုကို ပြင်ဆင်နေသည်ဟုသာ သူမ သံသယရှိသည်။

မိုးကြိုးကို ကြောက်လန့်သွားသည်ဟူသော ဇာတ်လမ်းသည် လူအများအား အာရုံလွှဲရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်။

ထိုစဉ် ချန်းယူက “ မသိပါရ‌သေးပါဘူး” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီက ဂရုမစိုက်သလို အသံဖြင့်

“အဲ့ဒါဆိုကျွန်မ ဒီနေ့ည မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်ကို သွားပြီး သတင်းအချက်အလက်များကို စုံစမ်းကြည့်ပါ့မယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်းယူက အနည်းငယ် စိုးရိမ်သွားပြီး

“သူတော်စင်မ နေ့တိုင်း မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်ကိုသွားနေ‌ရင် ချူးယုချင်က တွေ့သွားနိုင်ပါတယ်။ သွေးလဝန်းရဲတိုက်က လူ‌တွေရောက်မလာခင် အဲ့ဒီကိုသွားတာ ရှောင်သင့်တယ်လို့ ထင်ပါတယ်။” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီက

“ဒီကိစ္စကို စိတ်မပူပါနဲ့။ အများအားဖြင့် ကျွန်မက အတွင်းဆောင်နားကို မသွားပါဘူး။ ဒါ့ကြောင့် ချူးယုချင်‌ သိနိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက် ဝမ်ချင်းစီက ထရပ်လိုက်ပြီး အဝတ်အစားများကို လဲလှယ်ကာ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ညသန်းခေါင်ယံအချိန် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ် အတွင်း‌ ဆောင်တွင် အနက်‌ရောင် အရိပ်တစ်ခု ပေါ်လာပြန်သည်။

ထိုအချိန်တွင် ချူးယုချင်သည် အတွင်းဆောင်ကို ဆက်လက်၍ စောင့်ကြည့်နေဆဲဖြစ်သည်။ နေ့လယ်ခင်းက လက်ပစ်ဗုံးဖြစ်ရပ်ကြောင့် သူမသည် သူလျိုများက မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ သတင်းအချက်အလက်များ စုဆောင်းရန် ရောက်ရှိလာနိုင်သည်ဟု စိုးရိမ်နေသဖြင့် ယနေ့ညတွင် ပိုမို သတိကြီးစွာ စောင့်ကြည့်နေသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ပင်မနေရာတွင် အနက်ရောင်အရိပ်တစ်ခု ဝင်လာသည်ကို တွေ့သောအခါ ချူးယုချင်က လှုပ်ရှားရန် ပြင်ဆင်လိုက်စဉ် ထိုအနက်‌ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက

“ဒေါ်လေးချူးကို ဂါရဝပြုပါတယ်။

ကောင်းသောညပါ ဒေါ်လေး” ဟု ရယ်သံစွက်၍ ပြောလာသည်။

ဝမ်ချင်းစီ၏ အသံဖြစ်သည်ကို ကြားသောအခါ ချူးယုချင် မျက်နာမဲ့လိုက်ပြီး အေးစက်စွာဖြင့်

“မျက်နှာဖုံးကို ချွတ်လိုက်ပါ” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီသည် ချက်ချင်းပင် သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်၏။ ဝမ်ချင်းစီအစစ် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ချူးယုချင်သည် ချက်ချင်းပင် လှည့်၍ ထွက်ခွာသွား တော့သည်။ ဝမ်ချင်စီအား ဘာမှထပ် မပြောတော့ပေ။

ချူးယုချင် ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရနေရင်း ဝမ်ချင်းစီ ရေရွတ်လိုက်၏။

“ဒေါ်လေးချူးက ငါ့ကို တကယ်ကို မကြိုက်ဘူးထင်တယ်” ဟု တွေးတောလိုက်သည်။

ထို့နောက် ဝမ်ချင်းစီသည် လုချန်း၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။

အခန်းထဲသို့ ဝင်ရောက်ပြီးလျှင် နေ့လယ်တုန်းက စံအိမ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းကို မေးမြန်းရန် ဝမ်ချင်းစီ စဉ်းစားထားခဲ့သည်။ သို့သော် သူမ ပြောဆိုနိုင်ခြင်းမရှိမီပင် အနမ်းများက အရင်ဝင်ရောက်လာခဲ့သည်။

ဝမ်ချင်းစီ စကားမပြောနိုင်တော့ပေ။ မြောက်ပိုင်းနယ်စားမင်းသားအပေါ် သူမ၏ အမြင်သည် များစွာပြောင်းလဲလာသော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် မိန်းမလိုက်စားသူ ဖြစ်သည်ဟူသော ကောလဟာလကတော့ အမှန်တကယ်ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့သည်။

“မိန်းမလိုက်စားသူ” ဟူသော စကားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားကို ထပ်မံ၍ ဖော်ညွှန်းနိုင်တော့မည် မဟုတ်ပေ။ သူသည် ဆာလောင်နေသော သရဲတစ်ကောင်နှင့်ပိုတူ နေသည်။

လုချန်း အဘယ်ကြောင့် ထိုသို့ စိတ်ထက်သန်နေသည်ကို ဝမ်ချင်းစီ သဘောပေါက်နိုင်ခြင်း မရှိပေ။ လုချန်းသည် အတွင်းအားမန္တာန်ကျင့်စဉ် တတိယအဆင့်သို့ တိုးတက်ရန် အမှတ် သုံးဆယ်သာ လိုအပ်တော့သည်။ သူသည် အဆင့်ကိုး သိုင်းပညာရှင် ဖြစ်လာရန် စိတ်အားထက်သန်နေသည်။

ဝမ်ချင်းစီနှင့် သူ၏ စိတ်ခံစားမှု မှတ်တိုင်စိုက်ထူမှု ပြီးစီးသွားသောအခါ စနစ်၏ အကြောင်းကြားချက် ထွက်ပေါ်လာခဲ့သည်။

“[သခင်သည် ဝမ်ချင်းစီနှင့် ခံစားချက်များကို တစ်ကြိမ် စိုက်ထူခဲ့သည်။ အတွင်းအားမန္တာန်ကျင့်စဉ် အမှတ် ၂၀ တိုးမြင့်လာသည်။ စိတ်ခံစားချက် မှတ်တိုင်စိုက်ထူနိုင်မှု ဖြစ်ပေါ်ခဲ့ပြီး အမှတ် ၄၀ ထပ်မံတိုးမြင့်လာသည်။ အတွင်းအားမန္တာန်ကျင့်စဉ် ဒုတိယအဆင့်သို့ တိုးတက်သွားသည်။ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား ၁၀မှတ် တိုးမြင့်လာသည်။ သခင်သည် ယခု သိုင်းအစွမ်းအဆင့်ကိုးသို့ ရောက်ရှိခဲ့သည်ကို ဂုဏ်ပြုပါသည်။]”

စနစ်၏ အကြောင်းကြားချက်ကို ကြားသောအခါ လုချန်း တည်ငြိမ်သွားသည်။ ထို့နောက် ကျယ်ပြန့်သော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားရပြီး ခဏအတွင်း သူ၏ ခန္ဓာကိုယ်သည် ပေါ့ပါးလာသည့်အပြင် မကုန်ခမ်းနိုင်သော အားအင်များကိုလည်း ခံစားရသည်။

ထို့အပြင် သူသည် သူ၏ အမြင်အာရုံ ပိုမိုရှင်းလင်းလာပြီး သူ၏ ဦးနှောက်သည် အလွန်ပင် သတိရှိလာသည်။ အဆင့်တိုးတက်မှု၏ ထူးခြားသော ခံစားချက်ကို ခံစားပြီးနောက် လုချန်းသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ဤသည်မှာ အဆင့်ကိုး သိုင်းပညာရှင် ဖြစ်လာခြင်း၏ ခံစားချက်ပင် ဖြစ်သည်။

သူသည် တစ်နေ့တွင် အဆင့်ကိုး သိုင်းပညာရှင် ဖြစ်လာနိုင်မည်ဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ နေပြည်တော်တွင် ရှိနေစဉ်က သူသည် သိုင်းပညာပါရမီမပါပဲ သိုင်းလေ့ကျင့်မှု၏ အခက်အခဲများကို သည်းခံနိုင်ခြင်း မရှိသောကြောင့် သာမန်လူတစ်ယောက်အဖြစ်သာ ကျန်ရှိ‌သော ဘဝတစ်လျှောက်လုံး အေးအေးဆေးဆေး နေတော့မည်ဟု သူ တွေးခဲ့သည်။

မထင်မှတ်ဘဲ စနစ်ကို ရရှိပြီးနောက် သူသည် နှစ်ဝက်အတွင်း အဆင့်ကိုး သိုင်းပညာရှင် ဘဝသို့ တိုးတက်သွားခဲ့သည်။

အံ့ဩစရာ အလွန်ကောင်း၏။

သူ၏ ကိုယ်ပိုင်စွမ်းအား တိုးတက်လာခြင်းကြောင့် ယခုအခါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သော စွမ်းရည်အချို့ ရရှိလာပြီဖြစ်သည်။ နောင်တွင် သူသည် အပြင်ထွက်၍ စူးစမ်း လေ့လာခြင်း မြောက်ပိုင်းမြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်၍ စဉ်းစားနိုင်တော့မည် ဖြစ်သည်။

..........

All Chapters