← Chapters

အခန်း ၃၄-၃၆

Vol. 3 Ch. 34-36

အခန်း ၃၄-၃၆

Vol. 3 Ch. 34-36

အခန်း (၃၄)

မှောင်မဲ၍ လေပြင်းတိုက်သောည

ရက်အနည်းငယ် အကြာ ပန်းတစ်ရာဂေဟာ

ယနေ့ ပန်းတစ်ရာဂေဟာသို့ လာရောက်သည့် ဧည့်သည်များစွာသည် ဂေဟာ၏တံခါး ပိတ်ထားကြောင်း တွေ့ရှိခဲ့ရသည်။ တံခါးဝတွင် ဆိုင်းဘုတ်တစ်ခု တွေ့ရှိရပြီး ထိုဆိုင်းဘုတ်ပေါ်တွင် နှစ်ပတ်အတွင်း ကျင်းပမည့် ဂေဟာမယ်ပြိုင်ပွဲအတွက် ပြင်ဆင်မွမ်းမံရန် ပန်းတစ်ရာဂေဟာကို ယာယီပိတ်ထားကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့သော ဖြစ်ရပ်မျိုးက မထူးခြားပါ။ ပန်းတစ်ရာဂေဟာသည် ရန်ခုန်ခရိုင်တွင် အသက်ဝင်ဆုံးနေရာအဖြစ် ဆက်လက်တည်ရှိနိုင်ခြင်းမှာ ဆက်တိုက် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် သူတို့၏ ဖောက်သည်များအား အမြဲတစေ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံသစ်များကို ပေးနိုင်ခဲ့သည်။

ထို့ပြင် ပြုပြင်မွမ်းမံမှု ပြုလုပ်ပြီးတိုင်း ငယ်ရွယ်သော ဂေဟာမယ်များစွာ လာရောက်လေ့ရှိသည်။ ထို့ကြောင့် ယခုပြုပြင်မွမ်းမံမှုက ပန်းတစ်ရာဂေဟာမှ ဖောက်သည်များ၏ မျှော်လင့်ချက်များကို ပိုမိုမြင့်မားစေခဲ့သည်။

သို့သော် ပန်းတစ်ရာဂေဟာ၏ ယခုတစ်ကြိမ် ပြုပြင်မွမ်းမံမှုသည် အမှန်တကယ် ပြုပြင်မွမ်းမံမှုတော့ မဟုတ်ပါ။ သွေးလဝန်းရဲတိုက်မှ ဧည့်သည်များ ရောက်နေသောကြောင့်သာ ဖြစ်သည်။

ပန်းတစ်ရာဂေဟာ၏ အပေါ်ထပ်တွင် ဝါးခ‌မောက် ဆောင်းထားသော လူတစ်ဦးသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ဘက်သို့ ငေးကြည့်နေသည်။ ဝမ်ချင်းစီက ခုံတစ်လုံးပေါ်တွင် ခြေထောက်ကို ချိတ်၍ထိုင်နေပြီး သူမ၏ တင်ပါးသားများက ခုံထဲသို့ အနည်းငယ် နစ်ဝင်နေသည်။

လျူယွမ်က “ ကိုယ်တိုင်လက်စားချေနိုင်မယ့် အခွင့်အရေးပေးတဲ့ အတွက် ဝမ်မိန်းက‌လေးကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

လျှူယွမ်က မြူ‌ကျောင်းတော်ကသာ မင်းသားကို လုပ်ကြံလိုပါက အခုလို လျို့ဝှက်ထိပ်သီးပညာရှင် မရှိတော့ချိန်တွင် လုပ်ကြံနိုင်သည်ဟု ယူဆသည်။

သို့သော် သူတို့သည် ထိုသို့လုပ်ဆောင်ခြင်းမရှိပဲ သွေးလဝန်းရဲတိုက်မှ ဧည့်သည်များ ရောက်ရှိလာသည့်အချိန်အထိ စောင့်ဆိုင်းနေပြီး ‌မင်းသားကို လုပ်ကြံရန် ဆွေးနွေးမှုများ စတင်မည်ဖြစ်သည်။ ထိုကြောင့်သာ သွေးလဝန်းရဲတိုက်အတွက် လုပ်ဆောင်ရန် အခွင့်အရေး ရလာခဲ့ခြင်း ဖြစ်သည်။

ဝမ်ချင်းစီက ပြုံးပြီး “ဒုရဲတိုက်မှုး လျှူယွမ်အတွက် ဒီနေ့အထိ စောင့်နေတာ မဟုတ်ပါဘူး။ ဒီလုပ်ကြံမှုကို အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ဖို့ အတွက်ပါ” ဟု ပြောလိုက်သည်။

လျှူယွမ်က “ဝမ်မိန်းကလေးက ဘယ်လိုမြင်မြင် ဒါက ကျွန်တော့်ကို အခွင့်အရေးပေးလိုက်တာပါပဲ” ဟု ပြောလိုက်သည်။

ယခုအချိန်တွင် လျှူယွမ်သည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ဝင်ရောက်၍ မင်းသားကို ကိုယ်တိုင် ခေါင်းဖြတ်လိုသည့် ဆန္ဒများဖြင့် လောင်ကျွမ်းနေသည်။ သူ၏ ညီငယ်ဖြစ်သူ လျှူတုန်းကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ လျို့ဝှက် ထိပ်သီးပညာရှင်က သတ်ပစ်ခဲ့သည်ဟု ယူဆရသော်လည်း ထိုအကြွေးက မြောက်ပိုင်းနယ်စားမင်းသားနှင့်လည်း သက်ဆိုင်သည်။

အကြောင်းရင်းက ထင်ရှားပါသည်။ ပထမအချက်မှာ ထို လျှို့ဝှက် ထိပ်သီးပညာရှင်နှင့် သူ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ဒုတိယအချက်မှာ လျှူတုန်းသည် မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် ကြိုးစားစဉ် သေဆုံးခဲ့သောကြောင့် ထိုအကြွေးသည် မင်းသားနှင့် ဆက်စပ်နေသည်။

လျို့ဝှက် ထိပ်သီးပညာရှင်ကတော့ တွေ့လည်းမတွေ့ရ အနိုင်ယူ၍လည်း မရသောကြောင့် မြောက်ပိုင်းနယ်စားမင်းသားကို သတ်ပစ်ခြင်းဖြင့်သာ ဒေါသကို ဖြေဖျောက်ရန်သာ ကျန်ရှိတော့သည်။

အစပိုင်းတွင် သူသည် အဖြစ်မရှိသော မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံခြင်းက လွယ်ကူလိမ့်မည်ဟု ထင်မြင်ခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ညီငယ်ဖြစ်သူကိုသာ စေလွှတ်ခဲ့သည်။ သို့သော် နောက်တစ်ကြိမ် လျှူတုန်းကို တွေ့ရသောအခါ သူ၏ရုပ်အလောင်းသည် မီးလောင်ပြာကျနေပြီး ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ လက်ထဲတွင် သေဆုံးသွားခြင်းမရှိပါက သူ၏ ‌ဒေါသမီးကို ငြိမ်းသက်ရန် ခက်ခဲလိမ့်မည်။

ဝမ်ချင်းစီက “ဒုရဲတိုက်မှုး လျှူယွမ် ဒီည လှုပ်ရှားမှာလား” ဟုမေးလိုက်၏။

လျှူယွမ်က

“ဟုတ်တယ်။ မြောက်ပိုင်းနယ်စားမင်းသားကို ခေါင်းဖြတ်ပြီး ကောင်းကင်မှာ ရှိတဲ့ ကျုပ်ညီရဲ့ စိတ်ဝိညာဉ်ကို သက်သာရာရအောင် လုပ်ဖို့ ကျုပ်မစောင့်နိုင်တော့ဘူး” ဟုပြန်ပြောလိုက်၏။

ဝမ်ချင်းစီက

“ကောင်းပါပြီ။ ဒီညမှာ မြူ ကျောင်းတော်က သွေးလဝန်းရဲတိုက်ကို အပြည့်အဝ ထောက်ပံ့ပါ့မယ်။ ဒုရဲတိုက်မှုး လျှူယွမ် လိုအပ်တာရှိရင် ပြောပါ။”

လျှူယွမ်က

“ဝမ်မိန်းကလေး။ သေချာအောင် တစ်ခါထပ်မေးပါရစေ။ မြောက်ပိုင်းစားမင်းသားနဲ့အတူ လိုက်လာတဲ့ လျှို့ဝှက်ထိပ်သီးပညာရှင်က ထွက်သွားပြီလား။”

ဝမ်ချင်းစီက ပြုံးပြီး

“ဒီကိစ္စကို စုံစမ်းဖို့ မင်းသားစံအိမ်ကို ကျွန်မ အကြိမ်များစွာ သွားခဲ့ပါတယ်။ ကျွန်မ စုံစမ်းသိရှိထားတဲ့ အရတော့ လျို့ဝှက်ထိပ်သီးပညာရှင်က မင်းသားစံအိမ်ကနေ ချူးမိသားစုဆီကို ပြန်သွားပြီလို့ ယူဆရပါတယ်” ဟုပြောလိုက်သည်။

လျှူယွမ်က

“အဲ့ဒီလိုဆိုရင်တော့ ဒိထက်ကောင်းတာ မရှိတော့ဘူး။”

ထိုအခါ ဝမ်ချင်းစီက ပြုံးလိုက်ပြီး

“ဒုရဲတိုက်မှုးလျှူယွမ် ကျွန်မတို့ မြူ‌ကျောင်းတော်က စုံစမ်းထားတဲ့ သတင်းတွေ မှားနေရင်တောင် သိပ်မစိုးရိမ်စရာ မလိုပါဘူး။”

“လျို့ဝှက် ထိပ်သီးပညာရှင် မင်းသားဆီကို ပြန်လာခဲ့ရင်တောင် ဒုရဲတိုက်မှုး လျှူယွမ်ရဲ့ စွမ်းရည်နဲ့ဆို သူ့ကိုတားထားဖို့က မခက်ပါဘူး။”

“ဒုရဲတိုက်မှုး လျှူယွမ်က သူ့ကိုထိန်းထားပေးရင် ကျွန်မတို့က မင်းသားကို သေချာပေါက် ကိုင်တွယ်နိုင်ပါမှာ။”

ခဏမျှ စဉ်းစားပြီးနောက် လျှူယွမ်လည်း ဝမ်ချင်းစီ၏ စကာများက အကျိူးအကြောင်း ဆီလျော်ကြောင်း သဘောပေါက်လိုက်၏။ ယခု သူတို့တွင် အဆင့်ကိုး သိုင်းပညာရှင် ငါးဦးနှင့် ထိပ်သီးအဆင့်တစ်ဝက် တစ်ဦးရှိသည်။ ထို လျှို့ဝှက်ထိပ်သီးပညာရှင်ကို ထည့်သွင်းမစဉ်းစားပါက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် အဆင့်ကိုး ချူးယုချင်တစ်ဦးသာရှိသည်။

အဆင့်ကိုး တစ်ဦးသည် အဆင့်ကိုး ခြောက်ဦးကို တားဆီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယနေ့ညတွင် မြောက်ပိုင်းနယ်စားမင်းသား အသက်ဆုံးရှုံးရမည်ဖြစ်သည်။ ထိုလျှို့ဝှက်ထိပ်သီးပညာရှင် ရောက်လာလျှင်ပင် အကျိုးမထူးပါ။ ထိုအချိန်တွင် ဝမ်ချင်းစီက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ မြေပုံကို ထုတ်ယူလိုက်သည်။

“ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ မြေပုံပါ။ ဒီည ကျွန်မတို့ မြူကျောင်းတော်က လူတွေက မင်းသားစံအိမ် အနောက်ဝင်းကို တိုက်ရိုက်သွားရောက်ပြီး မင်းသားရဲ့ ထွက်ပေါက်လမ်းကို ပိတ်ဆို့မယ်။ မျက်နှာစာအဆောင်ဝင်းဘက်ကိုတော့ သွေးလဝန်းရဲတိုက်က တာဝန်ယူပေးပါ။ ဒုရဲတိုက်မှုး လျှူယွမ်က ဒီအစီအစဉ်ကို ဘယ်လိုမြင်ပါလဲ” ဟု ဝမ်ချင်းစီက မေးလိုက်သည်။

“ဒုရဲတိုက်မှုး လျှူယွမ်မှာ အခြားစိတ်ကူးရှိတယ်ဆိုရင် ပြောပါ။”

လျှူယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ကောင်းပါပြီ။ ဝမ်မိန်းကလေး ပြောတဲ့အတိုင်း ပဲ ဆောင်ရွက်ပါမယ်။”

“ဒါပေမဲ့ အဲ့ဒီအချိန် ချူးယုချင်က ကျွန်တော့်ကို တားဆီးလာရင်တော့ ဝမ်မိန်းက‌လေးက ခဏ‌လောက် သူ့ကိုထိန်းထားပေးပါ။ ဒါမှ ကျွန်တော် မင်းသားရဲ့ခေါင်းကို သွားယူနိုင်မှာပါ။” ဟု ပြောလိုက်သည်။

ချူးယုချင်သည် ကိုင်တွယ်ရခက်ခဲသော လူတစ်ဦးဖြစ်သည်။ သူမက သူ့ကို တားဆီးလာပါက သူမကို ကျော်ဖြတ်ရန် အချိန်အနည်းငယ် လိုအပ်နိုင်သည်။ အခြားသော အဆင့်ကိုး လုပ်ကြံသူများကို လုချန်းအား သတ်ဖြတ်စေနိုင်သော်လည်း လျှူယွမ်က သူကိုယ်တိုင် လုပ်ချင်နေသည်။

ဝမ်ချင်းစီက “ပြဿနာမရှိပါဘူး” ဟု ပြောလိုက်သည်။

ထို့နောက် ဝမ်ချင်းစီက

“ကောင်းပါပြီ။ အဲ့ဒါဆိုကျွန်မတို့ ပြင်ဆင်မှုတွေအသီးသီး ပြုလုပ်ကြပါစို့။”

ထိုအချိန် မြောက်ပိုင်းစားမင်းသား စံအိမ်တွင် သွေးလဝန်းရဲတိုက်မှလူများ ပန်းတစ်ရာဂေဟာသို့ ရောက်ရှိလာသောအခါ လုချန်းသည် ဝမ်ချင်းစီ ပေးပို့သော သတင်းကို လက်ခံရရှိခဲ့သည်။ လုချန်းသည် ချက်ချင်းပင် တပ်ဖွဲ့များကို စီစဉ်ကာ မင်းသား စံအိမ်အတွင်း ချုံခိုတိုက်ခိုက်မှု ပြုလုပ်နိုင်ရန် ပြင်ဆင်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် စုစုပေါင်း လက်ပစ်ဗုံး နှစ်ဆယ်ကို စစ်သည်များအား ခွဲဝေပေးလိုက်သည်။ ထိုအရေအတွက်သည် လျှူယွမ်နှင့် သူ၏လူများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။

သူတို့သည် လက်ဗစ်ဗုံးများကို ချက်ချင်းမပစ်ရပါ။ ပထမဦးစွာ သွေးလဝန်းရဲတိုက်မှ လူများ ချုံခိုတိုက်ခိုက် ခံရမည့် ဧရိယာအတွင်းသို့ ဝင်ရောက်သွားသောအခါ စစ်သည်များက မြားဖြင့်ပစ်ခတ်မည်ဖြစ်သည်။

လျှူယွမ်နှင့်အတူ လာရောက်သည့် လူများသည် အနည်းဆုံး အဆင့်သုံး သို့မဟုတ် အဆင့်လေး သိုင်းပညာရှင်များ ဖြစ်သော်လည်း အများစုကတော့ မြားဖြင့် အလစ်ပစ်ခတ်ခံရမှု‌ကြောင့် သေဆုံးရမည်ဖြစ်သည်။ လက်ပစ်ဗုံး၏ အဓိကရည်ရွယ်ချက်မှာ အဆင့်ကိုး လုပ်ကြံသူ ငါးဦးနှင့် သွေးလဝန်းရဲတိုက်၏ ဒုရဲတိုက်မှုးကို ကိုင်တွယ်ရန် ဖြစ်သည်။

မုကျိရွှမ်း အပါအဝင် ကိုယ်ဝန်ဆောင် ဇနီးသုံးဦး ထိတ်လန့်မှုမရှိစေရန် လုချန်းက သူတို့ကို မင်းသား စံအိမ်အတွင်းရှိ လျှို့ဝှက်လမ်းကြောင်းသို့ ကြိုတင်၍ ပြောင်းရွှေ့ပေးထားလိုက်သည်။ အရာရာ ပြင်ဆင်ပြီးသွားသောအခါ သူတို့သည် ညဉ့်ဘက်ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့သည်။

အေးစက်သော ညဉ့်လေက တသုန်သုန် တိုက်ခတ်နေသည်။ ယနေ့ညတွင် လမထွက်ပါ။ ကြယ်များလည်း မရှိပေ။ မိုးသားများက ထူထပ်စွာ စုဝေးနေပြီး ကောင်းကင်တစ်ခုလုံး ပြိုကျတော့မည်ကဲ့သို့ ထင်နေရသည်။

ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး လေတိုက်သံမှအပ မည်သည့်အသံမှ မကြားရပေ။ အချိန်တစ်ခု ကြာသွားပြီးနောက် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူတစ်စုသည် မင်းသား စံအိမ်၏ ပင်မတံခါးမှ တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။

လျှူယွမ်နှင့် သူ၏လူများသည် စံအိမ်အတွင်းသို့ ဝင်ရောက်သောအခါ တံခါးဝတွင် လူတစ်ဦးတစ်ယောက်မှ မတွေ့ရှိရပေ။ လှည့်ကင်းလှည့်နေသော လူယုံအစောင့်များပင် မတွေ့ရှိရပေ။

ထိုအခြေအနေက လျှူယွမ့်ကို စိတ်မသက်မသာ ဖြစ်စေသည်။ ဤမျှကြီးမားသော မင်းသားစံအိမ်တွင် စောင့်ကြပ်သူများ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ ရောက်ရှိလာမည်ကို ကြိုတင်သိရှိ၍ ထွက်ပြေးသွားတာလည်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် လျှူယွမ်သည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က သူတို့အား အလစ်ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားသည်ကို စဉ်းစားမိခြင်းပင် မရှိပေ။ အခု သူတို့နှင့်အတူ အဆင့်ကိုး သိုင်းပညာရှင်များ အများအပြားခေါ်ဆောင်လာခဲ့သဖြင့် သာမန် နယ်စားမင်းသား စံအိမ်တစ်ခုကို မျက်စိထဲ မထားပေ။

လျှူယွမ်၏အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က သူတို့ရောက်လာမည်ကို သိလျှင်‌တောင် မြောက်ပိုင်းစားမင်းသားသည် ကြောက်လန့်ကာ ထွက်‌ပြေးသွားမည်ဖြစ်သည်။ သူတို့အား ပြန်လည်၍ ချုံခိုတိုက်ခိုက်လိမ့်မည်ဟု လုံးဝမတွက်ထားပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် ရူးသွပ်နေသူ မဟုတ်ပါက ထိုကဲ့သို့သော လုပ်ရပ်မျိုးကိုလုပ်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင် လျှူယွမ်၏ မျက်နှာ ရုတ်တရက် မည်းသွားသည်။ မြောက်ပိုင်းနယ်စားမင်းသား တကယ် ထွက်ပြေးသွားပါက သူ့ကိုသတ်ဖို့ အချိန်ပိုကြာမြင့်သွားနိုင်သည်။

နေပြည်တော်က စောင့်မနေနိုင်တော့ပေ။ ထို့ပြင် သူကိုယ်တိုင်လည်း နည်းနည်းမှ အချိန်ထပ်ဖြုန်းလိုခြင်း မရှိပါ။

ထို့နောက် လျှူယွမ်က သူ၏လက်အောက်ငယ်သားများအား

“ရှာကြ။ မြေသုံးပေ တူးရမည်ဆိုလျှင်ပင် မြောက်ပိုင်းစားမင်းသားကို ရှာကြ” ဟု အမိန့်ပေးလိုက်သည်။

.........

အခန်း (၃၅)

ထာဝရ တန်ခိုးရှင်! မင်းသားစံအိမ်မှာ ထာဝရ တန်ခိုးရှင် ရှိတယ်

လျှူယွမ်က အမိန့်ပေးသောအခါ သွေးလဝန်းရဲတိုက်မှ လူများသည် ချက်ချင်းပင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်အတွင်းသို့ ဝင်ရောက်သွားကြသည်။

သို့သော် သူတို့လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ ကောင်းကင်မှ မြားတံများ အမြောက်အမြား ကျရောက်လာခဲ့သည်။ ထိုအချိန်တွင် လူတစ်ဦးက အသံကျယ်ကျယ်ဖြင့် “ဒုရဲတိုက်မှုး ကျွန်‌တော်တို့ လှည့်စားခံလိုက်ရပြီ။” ဟု အော်ဟစ်လိုက်သည်။

ကောင်းကင်မှ မြားမိုးရွာလာသည်ကို တွေ့သော်လည်း လျှူယွမ်က‌တော့ အနည်းငယ်မှ ကြောက်လန့်သွားခြင်း မရှိပေ။ သူက မျက်နှာတစ်ချက်မဲ့လိုက်ပြီ

“ဘာမှမဟုတ်ပါဘူး။ သေခါနီး မီးတောက်ပါ။” ဟု ပြောလိုက်သည်။

အဆင့်ကိုး သိုင်းပညာရှင်များကို မြားမိုးရွာခြင်းဖြင့် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် သူကိုယ်တိုင်သည် ထိပ်သီးအဆင့် တစ်ဝက်ရှိသူဖြစ်သောကြောင့် အတွင်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်သူ ဖြစ်သည်။

ထိုမြားတံများသည် သူ့ကို ထိမှန်နိုင်မည်မဟုတ်ပေ။ ထိမှန်လျှင်ပင် သူ့အား ထိခိုက်မှုမရှိနိုင်ပေ။ သူ၏မြင်ကွင်းတွင် ထိုကဲ့သို့သော ချုံခို၍ အလစ်တိုက်ခိုက်မှုများသည် အသေးအမွှား လှုပ်ရှားမှုများသာ ဖြစ်သည်။

လျှူယွမ်က ချက်ချင်းပင် “ကျုပ်အနားကို ကပ်လာကြ” ဟု အမိန့်ပေးလိုက်သည်။

ထိုအခါ သွေးလဝန်းရဲတိုက်မှ လူများသည် ချက်ချင်းပင် ကျောချင်းကပ်ကာ သူတို့ကိုင်ဆောင်ထားသော ဓားများဖြင့် အဆက်မပြတ်ရွာသွန်းလာသော မြားတံများကို တားဆီးလိုက်ကြသည်။

လုချန်းက ထိုမြင်ကွင်းကို တွေ့မြင်ရသောအခါ အံ့အားသင့်မှုဖြင့် ငေးကြည့်နေမိသည်။

“ချီးမှပဲ။” လုချန်းသည် တွေးမိသည်။ ဤသည်မှာ သိုင်းလောက ကမ္ဘာကြီးဖြစ်သည်။ ယခင်က သူမြောက်ပိုင်းမြို့တော်သို့ လာရောက်စဉ် သူသည် ရထားထဲ၌သာ ရှိနေသောကြောင့် သူ၏လူယုံများ မည်သို့မည်ပုံ မြားမိုးရွာသွန်းခြင်းမှ ကာကွယ်နေခဲ့သည်ကို မမြင်တွေ့ခဲ့ရပေ။

ယနေ့ သူမြင်ရသော မြင်ကွင်းက သူ့ကိုအလွန်တရာ အံ့အားသင့်မှု ဖြစ်စေသည်။ ဒိုင်းများကို မသုံးဘဲ လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားများဖြင့်သာ ကောင်းကင်မှ မြားတံများကို ကာကွယ်နိုင်ခဲ့သည်။ အချို့မှာ အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိပဲ သေဆုံးသွားသော်လည်း သွေးလဝန်းရဲတိုက်မှ လူများအများစု လွတ်မြောက်နိုင်ခဲ့သည်။

ယခုည မြင်ကွင်းက စနစ်မှ ပေးအပ်ခဲ့သော လက်နက်များ၏ အရေးပါမှုကို လုချန်းအား သဘောပေါက်မိစေသည်။ ထိုလက်နက်များ မရှိပါက မင်းသား စံအိမ်တွင် ရှိသော လူအနည်းငယ်ဖြင့် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို ဘယ်နည်းနှင့်မှ ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ လုချန်း သက်ပြင်းချမိသည်။ စနစ်က ပေးအပ်ခဲ့သော ပထမဆုံး လက်ဆောင်ပစ္စည်းထုပ်တွင် လက်ပစ်ဗုံးများကဲ့သို့သော ခေတ်မီလက်နက်များ ပါဝင်သည်ကို ကျေးဇူးတင်မိသည်။

မင်းသား စံအိမ်မှ စစ်သည်များသည် မြားတံများ ပစ်ခတ်ပြီးသောအခါ လျှူယွမ်သည် အိမ်ခေါင်မိုးများ‌‌ပေါ်သို့ကြည့်ရင်း အထင်သေးစွာဖြင့်

“မြားတံတွေက ဒီလောက်ပဲလား။ ဒီနည်းနဲ့ ကျုပ်တို့ကို သတ်နိုင်မယ်လို့ တကယ်ထင်နေသလား။ မြောက်ပိုင်းနယ်စားမင်းသားက အဲ့ဒီလောက် တုံးလား” ဟု ပြောလိုက်သည်။

လုချန်းသည် လျှူယွမ်နှင့် စကားပြော၍ အချိန်ဖြုန်းရန် စိတ်ကူးမရှိပေ။ သူသည် လီဖန်းနှင့် အခြားသူများအား

“သူတို့ကို အဖက်မလုပ်နဲ့။ လက်ပစ်ဗုံးတွေ ပစ်လိုက်။ လုံခြုံရေးစနက်တံကို ဆွဲထုတ်ပြီး အသက်သုံးခါရှုပါ။” ဟု ညွှန်ကြားလိုက်သည်။

ထိုသို့ကြားရသောအခါ လီဖန်းနှင့် အခြားသူများသည် ချက်ချင်းပင် ရင်ဘတ်မှ လက်ပစ်ဗုံးများကို ထုတ်ယူလိုက်ကြသည်။

ထိုအချိန်တွင် လက်ပစ်ဗုံးများကို ကိုင်ဆောင်ထားသော စစ်သည်များသည် ထိတ်လန့်တုန်လှုပ်နေမိကြသည်။ ထိုသူတို့သည် ထိုလက်နက်၏ အစွမ်းသတ္တိကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။

သူတို့သည် လက်ပစ်ဗုံးများ ပစ်ရာတွင်မတော်တဆ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေကြသည်။ သူတို့ မှန်မှန်ကန်ကန် ပစ်နိုင်ခြင်း မရှိပါက သေဆုံးသွားမည့်သူက သူတို့ဖြစ်သွားနိုင်သည်။ စစ်သည်များ အလွန်စိတ်လှုပ်ရှားတုန်လှုပ်နေသည်ကို တွေ့မြင်ရသောအခါ လုချန်းက “စိတ်မပူပါနှင့်။ ခင်ဗျားတို့ဆီမှာ မပေါက်ကွဲမပါဘူး။” ဟု ပြောလိုက်သည်။

လုချန်းစကားပြောပြီးသည်နှင့် လီဖန်းသည် လက်ထဲတွင် ကိုင်ဆောင်ထားသော လက်ပစ်ဗုံးမှ လုံခြုံရေးစနက်တံကို ဆွဲထုတ်လိုက်သည်။ ထို့နောက် နှစ်စက္ကန့်မပြည့်မီပင် သွေးလဝန်းရဲတိုက်မှ လူစုထဲသို့ အားကုန်ပစ်ချလိုက်သည်။

လီဖန်းသည် အဆင့်ခုနစ် သိုင်းပညာရှင် ဖြစ်သော်လည်း လက်ပစ်ဗုံးကဲ့သို့သော သေစေတတ်သော လက်နက်များကို သုံးစွဲရသောအခါ အလွန်တရာ စိတ်လှုပ်ရှားနေသည်။

အစပိုင်းတွင် လုချန်းသည် လက်ပစ်ဗုံးများကို လေထဲတွင် ပေါက်ကွဲစေလိုခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက ထိုသိုင်းပညာရှင်များသည် လက်ပစ်ဗုံးများကို ပြန်ကန်နိုင်မလားဟု မည်သူမှ မသိနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ပါက သူတို့ ဒုက္ခများသွားမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် လီဖန်း၏ လက်ပစ်ဗုံး လူစုထဲသို့ ကျရောက်သောအခါ လျှူယွမ်နှင့် အခြားသူများသည် ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူတို့က ထိုအရာသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ပစ်လိုက်သော ကျောက်တုံးတစ်တုံးသာ ဖြစ်မည်ဟု ယူဆကာ လီဖန်း ပစ်လိုက်သော လက်ပစ်ဗုံးကို လွယ်ကူစွာ ရှောင်တိမ်းလိုက်ကြသည်။

“ဟားဟားဟား မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က အရမ်းဆင်းရဲလွန်းသွားပြီလား။ မြားတံတွေ မရှိတော့ဘဲ ကျောက်ခဲတွေနဲ့ပဲ ပစ်နိုင်တော့တာလား” လျှူယွမ်က ထပ်မံ၍ ရယ်မောကာ ပြောလိုက်သည်။ သို့သော် လျှူယွမ်၏ စကားဆုံးသွားသည်နှင့် သူတို့လူစု၏အလယ်တွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်သွား‌တော့သည်။

ဘွန်း...

အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပြီး သူတို့ထဲတွင် သေဆုံးသူများ ဒဏ်ရာရသွားသူများဖြင့် ပြည့်နှက်သွားပြီး အော်ဟစ်ညည်းညူသံများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုကဲ့သို့သော မြင်ကွင်းကို တွေ့မြင်ရသောအခါ သွေးလဝန်းရဲတိုက်မှ လူများသည် ကြောက်လန့်ငြိမ်သက်သွားကြပြီး တော်တော်နှင့် တုံ့ပြန်နိုင်ခြင်းမရှိပေ။ သို့သော် လူစုထဲတွင် ဒုတိယမြောက် လက်ပစ်ဗုံး ပေါက်ကွဲသွားသောအခါ သွေးလဝန်းရဲတိုက်မှ သိုင်းပညာရှင်များသည် ကြောက်လန့်တကြားဖြင့် အရူးများပမာ ထွက်ပြေးကြတော့သည်။

“အိုးမိုးနတ်မင်း။ မိုးကြိုးပစ်နေပြီ။”

“ထွက်ပြေးကြ။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ကောင်းကင်က မိုးကြိုးကို ခေါ်နိုင်တဲ့သူ ရှိတယ်။”

“ထာဝရတန်ခိုးရှင်ပဲ။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ တန်ခိုးရှင်ရှိတယ်။”

သွေးလဝန်းရဲတိုက်မှ အဖွဲ့များ ကစဉ့်ကလျား ပြေးလွှားနေသည်ကို ကြည့်ရင်း လျှူယွမ်သည် သူကိုင်ဆောင်ထားသော ဓားကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

“ရပ်လိုက်ကြ။ ထွက်ပြေးတဲ့သူကို သတ်ပစ်မယ်။” ဟု အော်ဟစ်လိုက်သည်။

လျှူယွမ် စကားပြောပြီးမဆုံးသေးမီပင် စစ်သည်တစ်ဦးက လျှူယွမ်ရှိရာသို့ လက်ပစ်ဗုံး တစ်လုံးကို ပစ်လွှတ်လိုက်သည်။

လျှူယွမ်သည် အရူးမဟုတ်ပေ။ ထိုအရာသည် ခုနက ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည့် အရာဖြစ်ကြောင်း သူသဘောပေါက်မိသည်။ ထိုအရာသည် အဘယ်ကြောင့် ထိုကဲ့သို့‌ အဖျက်စွမ်းအားကြိီးမားသည်ကို လျှူယွမ် မသိသော်လည်း ထိုအရာသည် အန္တရာယ်များကြောင်း သူနားလည်ထားသည်။

လျှူယွမ်သည် ချက်ချင်းပင် ခြေထောက်တစ်ချက်ဆောင့်ကာ နောက်သို့ ဆယ်လှမ်းခန့် ခုန်၍ဆုတ်ခွာသွားသည်။ သို့သော် လက်ဗစ်ဗုံး ပေါက်ကွဲသောအခါ ဗုံးဆံများသည် သူ၏ ခြေထောက်ကို ထိမှန်သွားပြီး သွေးများ ပန်းထွက်လာသည်။

လျှူယွမ်သည် ကံကောင်းသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ သူနှင့်အနီးဆုံးရှိ အဆင့်ကိုး သိုင်းပညာရှင်သည် ဗုံးဖြင့်တိုက်ရိုက် ထိမှန်ခဲ့ပြီး ချက်ချင်းပင် သူ၏ခန္ဓာကိုယ် နေရာအနှံ့တွင် ဒဏ်ရာများဖြစ်သွားပြီး သွေးများပန်းထွက်လာသည်။

ထိုမြင်ကွင်းကို တွေ့မြင်ရသောအခါ လျှူယွမ်၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။ မှန်ပါသည်။ သူ ကြောက်လန့်နေမိသည်။

ထိုကဲ့သို့သော ထူးဆန်းသည့် လက်နက်ကို သူသည် ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ဖူးပေ။ ထိုအရာသည် ကျောက်တုံးနှင့် ဆင်တူသော်လည်း ပေါက်ကွဲသောအခါ အဆင့်ကိုး သိုင်းပညာရှင်ကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။

ထိုဖြစ်ရပ်က သူ၏ သဘောပေါက်မှုများကို လုံးဝ ပြောင်းပြန်လှန် သွားစေခဲ့သည်။ ထိုကဲ့သို့သော လက်နက်ကို သူဘယ်သောအခါကမှ မကြားသိခဲ့ဖူးပေ။ ထိုကဲ့သို့သော လက်နက်က ဤကမ္ဘာကြီးမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

ဤမင်းဆက်တွင် ထိုကဲ့သို့သော အဖျက်စွမ်းအားကြီးသည့် ကိရိယာကို ပိုင်ဆိုင်ပါက ကမ္ဘာကြီးကို စုစည်းသွားပြီးခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အနောက်ခြံဝင်းတွင် ဝမ်ချင်းစီနှင့် ပန်းတစ်ရာဂေဟာမှ လူများသည် စံအိမ်၏ အနောက်ခြံဝင်းသို့ ရောက်ရှိလာသောအခါ သူတို့လည်း ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ထိုသံများကို ကြားသောအခါ ဝမ်ချင်းစီသည် ခဏကြက်သေသေသွားသည်။

ထိုအချိန်တွင် သူမ၏ဘေးတွင်ရှိသော ချန်ယူက

“သူတော်စင်မ၊ မကြာမီ မိုးရွာတော့မယ်ထင်တယ်။ အဲ့ဒါဆို ကျွန်မတို့ လျှို့လျှို့ဝှက်ဝှက် လှုပ်ရှားမှုနိုင်မယ်။”

ချန်ယူသည် ထိုပေါက်ကွဲသံများသည် မိုးခြိမ်းသံ ဖြစ်မည်ဟု ထင်နေသော်လည်း ဝမ်ချင်းစီသည် ထိုသို့မထင်ပေ။ မိုးကောင်းကင်တွင် တိမ်ထူထပ်စွာ ဖုံးလွှမ်းနေသော်လည်း ထိုသံများသည် ကောင်းကင်မှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထို့ပြင် အသံတုန်ခါမှုများကလည်း သိသာလွန်းနေသည်။

မျက်နှာစာအဆောင်ဘက်တွင် ကိစ္စတစ်ခု ဖြစ်သွားခဲ့ရမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု ထင်ရသည်။ ထိုအချိန်တွင် မြူကျောင်းတော်မှ လုပ်ကြံသူတစ်ဦးက ချက်ချင်းပင် သတိပေးလိုက်သည်။

“သူတော်စင်မ၊ လူရှိနေပါတယ်။”

ထိုသို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပန်းတစ်ရာဂေဟာမှ လူအားလုံး ချက်ချင်းပင် သတိထားလိုက်ကြသည်။

သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား၏ ထွက်ပေါက်လမ်းများကို ပိတ်ဆို့ရန် စံအိမ်၏ အနောက်တံခါးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်တံခါးတွင် လူများရှိနေခြင်းသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် သူ၏ လူစုသည် ထွက်ပြေးရန် စီစဉ်နေကြောင်း ညွှန်ပြနေသည်။

မြူ‌ကျောင်းတော်မှ လူများသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ လက်အောက်ငယ်သားများ ထွက်ပြေးလာမည်ဟု ထင်မြင်နေစဉ် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တိမ်ထုပုံစံ ဆံပင်ကိုထုံးထား‌ သော လှပသည့် အမျိုးသမီးတစ်ဦး အနောက်ဝင်းတံခါးသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

မြူကျောင်းတော်မှ လူများသည် ထိုအမျိုးသမီးကို ချက်ချင်းပင် သိရှိလိုက်ကြသည်။ ထိုအမျိုးသမီးသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ အဆင့်ကိုး သိုင်းပညာရှင် ချူးယုချင် ဖြစ်သည်။

ချူးယုချင် အနောက်ခြံဝင်းတွင် ထွက်ပေါ်လာသည်ကို တွေ့မြင်ရသောအခါ ချန်းယူနှင့် မြူကျောင်းတော်မှ အခြားသော လုပ်ကြံသူများသည် အံ့အားသင့်ကုန်ကြသည်။

အဆင့်ကိုး ပညာရှင် ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ဘေးတွင် ကာကွယ်‌ ပေးမနေပဲ ဒီလိုအချိန်မျိုးတွင် အနောက်ခြံဝင်းသို့ ရောက်လာခြင်းမှာ အဘယ်ကြောင့်နည်း။

ဘာတွေဖြစ်နေတာလဲ။

ချက်ချင်းပင် သူတို့အားလုံး စိတ်ထင့်သွားကြသည်။

ချူးယုချင်က အေးစက်စွာ မေးလိုက်သည်။

“ဒီလောက်တောင် နောက်ကျနေပြီ။ ဝမ်မိန်းကလေးက ဘယ်ကို သွားမလို့လဲ။”

ဝမ်ချင်းစီက ပြုံးပြီး

“ကျွန်မက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ လာတာဆို‌တော့ သေချာပေါက် မင်းသားကို ဆည်းကပ်ခစားဖို့ပေါ့။” ဟု ပြန်ပြောလိုက်သည်။

ချူးယုချင်က အေးစက်စွာဖြင့်

“မင်းသားကို ဆည်းကပ်ခစားဖို့က လူအများကြီး လိုအပ်လို့လား။” ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ချန်းယူက အ‌ရှေ့တိုးလာခဲ့သည်။ သူမသည် ဝမ်ချင်းစီ၏ ရှေ့သို့ လျင်မြန်စွာ ရောင်ရှိလာပြီး

“သူတော်စင်မ၊ မျက်နှာစာအဆောင်ဘက်သို့ သွားကြည့်ပါ။ ကျွန်မ စိတ်ထင့်နေတယ်။ ကျွန်မ သူ့ကို တားဆီးထားပါရစေ...”

ချန်းယူသည် သူမ၏ စကားကို ပြောဆိုပြီး မဆုံးသေးမီပင် သူမ၏ ကျောပြင်တွင် အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခံလိုက်ရသလို နာကျင်မှုက ဆက်ပေါ်လာသည်။ ချန်းယူက ခေါင်းငုံ့ကြည့်လိုက်သည်။ သူမ၏ ရင်ဘတ်တွင် စိုက်နေသော ဓားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

လှည့်ကြည့်လိုက်သောအခါ သူမကို တိုက်ခိုက်သူသည် ဝမ်ချင်းစီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“သူတော်စင်မ... နင်...”

ထို့နောက် ဝမ်ချင်းစီကသူမ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ချန်းယူသည် စကားမဆုံးသေးမီ ပင် မေ့‌မြောသွားတော့သည်။

ထိုကဲ့သို့ တွေ့မြင်ရသောအခါ မြူကျောင်းတော်မှ လုပ်ကြံသူများ အံ့အားသင့်ကုန်ကြသည်။ သူတို့၏ အဆိုးဆုံး အိပ်မက်များတွင်ပင် သူတို့၏ သူတော်စင်မသည် အခုလို အချိန်တွင် သူတို့ကို သစ္စာဖောက်မည်ဟု မမြင်မက်ခဲ့ဖူးပေ။

ထိုအခိုက်တွင် ဝမ်ချင်းစီက ချူးယုချင်အား ထပ်မံ၍ ပြောလိုက်သည်။ “ ဒေါ်လေးချူးကို ဒီလူတွေ ကူညီပြီး ရှင်း‌ပေးဖို့ ဒုက္ခပေးပါရ‌စေ။ သူတို့မလွတ်သွားအောင်ပါ။”

ဝမ်ချင်းစီ၏ စကားများကို ကြားလိုက်ရသော မြူကျောင်းတော်မှ လုပ်ကြံသူများသည် အရူးများ မဟုတ်ပေ။ သူတို့သည် ဝမ်ချင်းစီ မင်းသား လုရှုယွန်ကို သစ္စာဖောက်လိုက်ပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။

ထိုစဉ် သူတို့ထဲမှ တစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“လူတိုင်း ထွက်ပြေးကြ! သူတော်စင်မ သစ္စာဖောက်သွားတဲ့သတင်းကို ငါတို့ဖြန့်ရမယ်။”

ထိုနောက် မြူကျောင်းတော်မှ လုပ်ကြံသူများသည် နေရာအနှံ့သို ထွက်ပြေးကြသည်။ ထိုအခိုက်တွင် ချူးယုချင်က အေးစက်စွာ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်၏။ မကြာမီပင် မင်းသား စံအိမ်၏ အနောက်တံခါးတွင် အလောင်း ဆယ့်နှစ်လောင်း ပိုတိုးလာခဲ့သည်။

............

အခန်း (၃၆)

အ‌ခြေအနေတွေ ပြောင်းလဲသွားပြီ ညီအစ်ကို

မြူကျောင်းတော်မှ လုပ်ကြံသူများကို ရှင်းလင်းပြီးနောက် ချူးယုချင်နှင့် ဝမ်ချင်းစီတို့သည် လေ့ကျင့်ရေးကွင်းသို့ သွားခဲ့ကြသည်။

ဝမ်ချင်းစီသည် ချူးယုချင် ယခုသို့သော အချိန်တွင် မြောက်ပိုင်းစားမင်းသားကို ထားခဲ့ရဲသည့်အကြောင်း အနည်းငယ် စိတ်ဝင်စားမိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် တစ်နည်းတစ်ဖုံ အစွမ်းထက်သည်ကို သူမသိသော်လည်း သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး သိုင်းပညာရှင်များစွာ စေလွှတ်ခဲ့ပြီး ထိုအထဲတွင် ထိပ်သီးအဆင့် တစ်ဝက်ရှိသူပါ ပါဝင်နေသည်။

ချူးယုချင်က သူမရဲ့ ချန်းလေး အသတ်ခံရမည်ကို လုံးဝမစိုးရိမ်ဘူးလား။ သို့မဟုတ် ချူးယုချင်က လုချန်း သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို ကောင်းကောင်းရင်ဆိုင်နိုင်သည်ဟု ယူဆထားတာလား။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစွမ်းသတ္တိသည် တကယ်ပင် ထိုမျှလောက် အဆင့်ကို ရောက်ရှိလာခဲ့ပြီလား။

ဝမ်ချင်းစီ၏ ဦးနောက်ထဲ မေးခွန်းများဖြင့် ပြည့်နှက်နေစဉ်ပင် သူတို့သည် မင်းသားစံအိမ်၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သွေးလဝန်းရဲတိုက်မှ လူများက လေ့ကျင့်ရေးကွင်းကို ဝိုင်းရံထားသည်ကို တွေ့သောအခါ ဝမ်ချင်းစီ တုန်လှုပ်သွားသည်။

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းပေါ်တွင် ရုပ်အလောင်းများ ပြန့်ကျဲနေပြီး ထိုရုပ်အလောင်းများသည် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ၏ ရုပ်အလောင်းများသာ ဖြစ်သည်။

လက်ရှိတွင် အဆင့်ကိုး နှစ်ဦးနှင့် သွေးလဝန်းရဲတိုက်၏ ဒုတိယရဲတိုက်မှူး လျူဝမ်တို့သာ အသက်ရှင် လွတ်မြောက်နေကြသေးသည်။

သို့သော် သူတို့၏ အခြေအနေက အလွန်ဆိုးရွားလှသည်။

သုံးဦးစလုံး သွေးအလိမ်းလိမ်းနှင့် ဖြစ်နေ၏။ ကျန်နေသော အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တာက ထင်ရှားသည်။ ချက်ချင်း မကုသပါက သူတို့အတွက် သေခြင်းတရားက မဝေးတော့ပါ။

အချိန်က အဲ့ဒီလောက် မကြာခဲ့ပါ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ စစ်သည်များသည် သွေးလဝန်းရဲတိုက်မှ စေလွှတ်လိုက်သော လုပ်ကြံသူများကို အမှန်တကယ်ပင် တစ်ပြိုင်နက်တည်း ချေမှုန်းဖမ်းဆီးနိုင်ခဲ့တာလား။

သူမ အိပ်မက်မက်နေသည်ဟုပင် ဝမ်ချင်းစီထင်မှတ်မိသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အစွမ်းတစ်ချို့ရှိသည်ကို သူမသိသော်လည်း သူတို့က သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများအား ထိုကဲ့သို့ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်ဟု တစ်ခါမှ ဝမ်ချင်းစီ မမျှော်လင့်ခဲ့ပေ။

အဆင့်ကိုး ငါးဦးဖြစ်သည်။ ထိပ်သီးအဆင့် တစ်ဝက်လည်း ပါသေးသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိပ်သီးပညာရှင်အဆင့်ရှိသူ တကယ်ပင် ရှိနေလျှင်တောင် တစ်နာရီ၏ လေးပုံတစ်ပုံမျှ‌သော အချိန်အတွင်း ထိုမျှလောက်သော လူများကို ဖြေရှင်းနိုင်ရန်က မဖြစ်နိုင်သေးပါ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဘာတွေလုပ်ခဲ့တာလဲ။ ထိုအခိုက်တွင် ဝမ်ချင်းစီသည် သူမ၏ ဦးခေါင်းကို လှည့်ကာ ခပ်ဝေးဝေးနေရာမှ လေ့ကျင့်ရေးကွင်းသို့ လျှောက်လာနေသော လုချန်းကို ကြည့်လိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မည်သို့ လုပ်ခဲ့သည်ကို သိလိုပါက နောက်ပိုင်းကျမှ မြောက်ပိုင်းနယ်စားမင်းသားကို သူမကိုယ်တိုင် မေးမြန်းရန် လိုအပ်မည်ဖြစ်သည်။

ထိုအချိန်တွင် ဒဏ်ရာကြောင့် မြေကြီးဓားဖြင့်ထောက်၍ မှီနေရသော လျူယွမ်သည် မြောက်ပိုင်းနယ်စားမင်းသား လူအုပ်ထဲမှ တဖြည်းဖြည်းချင်း ထွက်လာသည်ကို တွေ့သောအခါ အံကြိတ်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်ကာ

“မြောက်ပိုင်းနယ်စားမင်းသား။ မင်းက အလျှို့ဝှက်ဆုံး ဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ ”

“ကြည့်ရတာ တစ်‌လောကလုံးကို မင်းလှည့်စားတာ ခံခဲ့ရတာပဲ။”

ထိုအခိုက်တွင် လျုယွမ်သည် သူ၏ အစွမ်းများကို ဆုံးရှုံးနေပြီဖြစ်သည်။ သူ၏လူများအားလုံးနီးပါး သေဆုံးသွားပြီဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိနေသူ သုံးဦးသာ ကျန်ရှိတော့သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ခုနက အသုံးပြုခဲ့သော လက်နက်မျိုးကို ထိပ်သီးအဆင့် တစ်ဝက်ရှိသူပင်မဟုတ် တကယ့်ထိပ်သီးတစ်ယောက်ပင် ပြည့်ပြည့်ဝဝခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူသည် တစ်နေ့တွင် အသုံးမကျသော မင်းသား၏ လက်ထဲသို့ ကျရောက်ရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

လျှူယွမ်၏ စကားများကို ကြားသောအခါ လုချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒုရဲတိုက်မှူး လျှူယွမ်၊ နောက်ဆုံးစကား တစ်ခုခု ပြောချင်တာ ရှိလား။ ကျုပ် သွေးလဝန်းရဲတိုက်ကို ဖျက်ဆီးပြီးရင် ခင်ဗျားရဲ့နောက်ဆုံးစကားကို ခင်ဗျားတို့ ရဲတိုက်မှူးကိုပြောပြပေးပါမယ်။”

လျှူယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အရိုင်းအစိုင်းလေး။ မင်းကငါ့ကိုသတ်မယ်ဆိုင်ရင် ငါကလည်း မင်းကိုတစ်ခါတည်း အပါခေါ်သွားမှာ။”

ထိုသို့ ပြောရင်း လျှူယွမ်သည် မြေကြီးထဲတွင် စိုက်ထားသော ဓားကို ချက်ချင်း ထုတ်ယူလိုက်ပြီး လုချန်းဆီသို့ တိုက်ခိုက်ရန် တိုးဝင်သွားလိုက်သည်။

လျှူယွမ်၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ မြောက်ပိုင်းနယ်စားမင်းသား ထွက်မလာခဲ့ပါက သူသည် မြောက်ပိုင်းနယ်စားမင်းသားကို သတ်နိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် ယခုလို အချိန်တွင် သူ့ကို လှောင်ပြောင်ရန် ထွက်မလာသင့်ပေ။ ထိုကဲ့သို့ နီးကပ်သော အခြေအနေတွင် ပြင်းထန်စွာ ဒဏ်ရာရရှိနေသော်လည်း ထိပ်သီးအဆင့် တစ်ဝက်ရှိသူတစ်ဦးအနေနှင့် အသုံးမကျသူ တစ်ဦးကို သတ်နိုင်သေးသည်။

ထိုမြင်ကွင်းကို တွေ့သောအခါ ဝမ်ချင်းစီ၏ မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး အာမေဍိတ်သံ တစ်ချက်ထွက်သွား၏။

“အိုး အမလေး။”

လုချန်း အန္တရာယ်ရှိသည်ဟု သူမထင်မှတ် နေခိုက်တွင် သူမ၏ ပတ်ဝန်းကျင်ရှိ လူများက‌ တော့ လှုပ်ရှားမှုမရှိကြောင်း တွေ့လိုက်ရသည်။

မင်းသားစံအိမ်၏ စစ်သည်များနှင့် ချူးယုချင်တို့သည် ငြိမ်သက်စွာ ရပ်နေကြပြီး လျှူယွမ်သည် လုချန်းနှင့်အတူ သေကြေပျက်စီးရန် အလားအလာတစ်ခုကို မမြင်နိုင်ကြသကဲ့သို့ အေးဆေးငြိမ်သက်စွာ ကြည့်နေကြသည်။

ဝမ်ချင်းစီ အံ့အားသင့်သွားသည်။ သူမသည် မင်းသားစံအိမ်၏ စစ်သည်များနှင့် ချူးယုချင်တို့ ထိုကဲ့သို့ ငြိမ်သက်နေရသည့် အကြောင်းကို နားမလည်ပေ။

လျှူယွမ်သည် ထိပ်သီးအဆင့် တစ်ဝက်ရှိသူဖြစ်သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိနေသော်လည်း ဆင့်မြင့် အဆင့်ကိုးတစ်‌ယောက်ကိုပင် သူနှင့်အတူ ခေါ်သွားရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော် မင်းသားစံအိမ်၏ လူများသည် ထိုမြင်ကွင်းကို မည်သို့မှ တုန့်ပြန်ခြင်း မရှိခဲ့ပေ။

မကြာမီတွင် ဝမ်ချင်းစီသည် မင်းသားစံအိမ်၏ လူများ ထိုမြင်ကွင်းကို လုံးဝ တုံ့ပြန်မှုမရှိရခြင်း၏ အကြောင်းရင်းကို သဘောပေါက်လိုက်သည်။ ထိုအခိုက်တွင် လုချန်းသည် မည်းနက်သော တုတ်တစ်‌ချောင်းကဲ့သို့သော လက်နက်တစ်ခုကို ထုတ်ယူကာ သူ့ဆီသို့ တိုးဝင်လာနေသော လျှူယွမ်ကို ဦးတည်ထားသည်ကို သူမ တွေ့လိုက်သည်။

လုချန်း၏ လက်ထဲတွင်ရှိသော တုတ်ကို တွေ့သောအခါ လျှူယွမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။

“အသုံးမကျတဲ့ မင်းသားငယ်လေးက တစ် ယောက် ‌တည်း ငါ့ကို ရင်ဆိုင်ရဲ‌ နေပါလား။ ငါ ဒဏ်ရာရနေလို့ မင်းကိုမသတ်နိုင်တော့ဘူးလို့ ထင်‌နေတာလား။”

လျှူယွမ်သည် သူ့ပတ်ဝန်းကျင်ရှိ လူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားမှု မရှိသည်ကို သတိထားမိသည်။ လုချန်းသည် တုတ်တစ်ခုကို ထုတ်ယူသည်ကို တွေ့သောအခါ လုချန်းသည် ရူးသွပ်သွားပြီး သူ့ကိုယ်သူ သေကြောင်းကြံတာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

ထိုသို့ပြောနေစဉ်ပင် လျှူယွမ်သည် လုချန်း၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“ငရဲပြည်ကို သွား‌ပေတော့။”

လျှူယွမ်၏ ဓားသည် လုချန်းကို ခုတ်ချတော့မည့်အခိုက်တွင် ဝမ်ချင်းစီ၏ နှလုံးသားသည် လည်ချောင်းထဲသို့ စို့ဝင်သွားတော့သည်။

သို့သော် သူမကြောက်ရွံ့ခဲ့သော အဖြစ်အပျက်က မဖြစ်ခဲ့ပေ။

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် လုချန်း နောက်သို့ ဆုတ်သွားသည်။

ဒိုင်း…

သေနတ်သံ ထွက်ပေါ်လာသည်နှင့် လုချန်းက ပြုံးလိုက်ပြီး

“အဖိုးကြီး၊ အ‌ခြေအနေက ပြောင်းသွားပြီ။” ဟု ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် လျှူယွမ်၏ ခန္ဓာကိုယ် လွင့်စင်ထွက်သွားပြီး သူ၏ ကျောပြင်တွင် ကြီးမားသော သွေးကွက်တစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ဝမ်ချင်းစီသည် လုံးဝ ကြက်သေသေသွားသည်။

ဘာတွေ ဖြစ်ခဲ့တာလဲ။

ဘာအသံ ထွက်လာတာလဲ။

သူမသည် လျှူယွမ်က ဓားကို မြောက်ပိုင်းနယ်စားမင်းသားအား ခုတ်ချခဲ့သည်ကိုသာ မြင်ခဲ့ရပြီးနောက် တုတ်တစ်ခုကို ကိုင်ဆောင်ထားသော မြောက်ပိုင်းနယ်စားမင်းသားသည် လျှူယွမ်နှင့် မျက်နှာချင်းဆိုင်ခဲ့သည်။ ထို့နောက် လျှူယွမ် လွင့်စင်သွားပြီး သူ၏ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ပေါက် ပေါ်လာခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားက လှုပ်ရှားမှုပင် မရှိပါ။ သို့သော် လျှူယွမ် သေဆုံးသွားသည်။ ဝမ်ချင်းစီက ရူးနှမ်းနေသူတစ်ယောက် မဟုတ်ပေ။ သူမသည် လုချန်း၏ လက်ထဲတွင်ရှိသော မည်းနက်သော တုတ်က လျှူယွမ်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ဝမ်ချင်းစီ၏ စိတ်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

ထိပ်သီးအဆင့် တစ်ဝက်ရှိသူ။

ဒီလိုပဲ သေဆုံးသွားရလား။

မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင် ဘယ်လိုမျိုး‌တောင် ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်မျိုး ရှိနေတာလဲ။ ဤလောကတွင် ထိပ်သီးအဆင့် တစ်ဝက်ရှိသူကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်သည့် လက်နက်မျိုး တကယ်ပင် ရှိနိုင်လို့လား။

ဝမ်ချင်းစီ၏ စိတ်ထဲတွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များအားလုံးကို ဆက်စပ်လိုက်မိသည်။ သူမသည် သွေးလဝန်းရဲတိုက်၏ ပထမအကြိမ် လုပ်ကြံမှု မအောင်မြင်ခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်လိုက်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသား သွေးလဝန်းရဲတိုက်၏ လုပ်ကြံမှုများကို လုံးဝ ကြောက်ရွံ့မှု မရှိခြင်း၏ အကြောင်းရင်းကိုလည်း ဝမ်ချင်းစီ နားလည်လိုက်သည်။ တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ စစ်သည်များနှင့် ချူးယုချင်တို့ တုံ့ပြန်မှု မရှိရခြင်း၏ အကြောင်းရင်းကိုလည်း သူမ သဘောပေါက်လိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသားအတွက် အန္တရာယ် ဘာလို့ရှိရမှာလဲ။

အန္တရာယ်ရှိသူမှာ လျှူယွမ်ပင် ဖြစ်သည်။

ထိပ်သီးအဆင့် တစ်ဝက်ရှိသူသည် မြောက်ပိုင်းနယ်စားမင်းသားကို တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ချက်ချင်း ပေါ်လာသည်။

ထိုကဲ့သို့သော လက်နက်ကို ကိုင်ဆောင်ထားသည့် မြောက်ပိုင်းနယ်စားမင်းသားသည် ထိပ်သီးအဆင့် တစ်ဝက်ရှိသူကို ကြောက်ရွံ့စရာ မလိုပေ။

ထိပ်သီးအဆင့် တစ်ဝက်ရှိသူပင်မဟုတ် ထိပ်သီးပညာရှင် အဆင့်ရှိသူပင် ထိုလက်နက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လုချန်း၏ လက်ထဲတွင်ရှိသော မည်းနက်သည့်တုတ်ကို ထပ်မံတွေ့မြင်သောအခါ ဝမ်ချင်းစီ၏ နဖူးပေါ်တွင် ချွေးအေးများ စို့သွားသည်။

ထိုမည်းနက်သော တုတ်သည် သွေး၏ရနံ့ကို ထုတ်လွှတ်နေသကဲ့သို့ဖြစ်နေပြီး ဝမ်ချင်းစီ၏ နူးညံ့သော ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်အောင် တုန်လှုပ်သွားသည်။

တကယ်တော့ ဝမ်ချင်းစီတစ်ယောက်တည်းသာ ထိုမြင်ကွင်းကို တုန်လှုပ်သွားခြင်း မဟုတ်ပေ။ ယခင်က လုချန်းသည် ဘာရက်သေနတ်ဖြင့် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ခဲ့ဖူးသော လီဖန်းနှင့် အခြားသူများပါ အံ့အားသင့်သွားကြသည်။

ယခင်က သွေးလဝန်းရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် ကြိုးစားခဲ့စဉ်က မင်းသား၏ ပစ်မှတ်သည် အဆင့်ကိုး သိုင်းပညာရှင် တစ်ဦးတည်းသာ ဖြစ်ခဲ့သည်။ သို့သော် ယခုအကြိမ်တွင် မြောက်ပိုင်းစားမင်းသားလက်ချက်နှင့် သေဆုံးသွားသူမှာ ထိပ်သီးအဆင့် တစ်ဝက်ရှိသူဖြစ်သည်။

ထိပ်သီးအဆင့် တစ်ဝက်ရှိသူ!

ဤလိုလူမျိုးမှာ နန်းတွင်းကပင် လိုချင်သော အရည်အချင်းမျိုးရှိသည့် လူဖြစ်သည်။ ထို့ပြင် လက်ပစ်ဗုံးသည်ပင် သွေးလဝန်းရဲတိုက်၏ ထိပ်သီးအဆင့် တစ်ဝက်ရှိသူကို သတ်နိုင်ခဲ့ခြင်း မရှိပေ။

သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ လျို့ဝှက်ဆန်းကြယ်သော လက်နက်၏ အရှေ့တွင် ထို ထိပ်သီးအဆင့် တစ်ဝက်ရှိသူမှာ စက္ကန့်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်။

လျှူယွမ်၏ ကျောပြင်တွင် ကြီးမားသော အပေါက်ကို တွေ့မြင်သောအခါ လူအားလုံးနီးပါးသည် ကျောချမ်းသွားကြသည်။

ထို့နောက် လေ့ကျင့်ရေးကွင်းသည် တစ်ခဏမျှ ညဥ့်ဘက် သုသာန်တစပြင်တစ်ခုကဲ့သို့ ငြိမ်သက်နေခဲ့၏။ သွေးလဝန်းရဲတိုက်မှ ကျန်ရှိသော အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးက အသနားခံလာ‌သည့် တောင်းဆိုသံများ ထွက်ပေါ်လာတော့မှသာ အားလုံးသတိပြန်ဝင်လာကြတော့သည်။

..........

All Chapters