← Chapters

အခန်း ၄၃-၄၅

Vol. 3 Ch. 43-45

အခန်း ၄၃-၄၅

Vol. 3 Ch. 43-45

အခန်း (၄၃)

နေပြည်တော်မှ ထောက်လှမ်းရေး သတင်းများ

ကျောင်းမိသားစု ပုန်ကန်မှု အရေးအခင်းတုန်းက မုချန်တိန်သည် သေဒဏ်ကင်းလွတ်ခွင့် တံဆိပ်ကို တစ်ကြိမ် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် မုချန်တိန်သည် မုအိမ်တော်တစ်ခုလုံးကို ကပ်သီးလေး ကယ်တင်နိုင်ခဲ့သည်။

တစ်နှစ်ကျော်ကျော် ကြာမြင့်ခဲ့ပြီးနောက် မုအိမ် တော်သည် ယခင်က ဖြစ်ရပ်မျိုးကို ထပ်မံ ကြုံ တွေ့ခဲ့ရသည်။ လုချန်းသည် သူ၏ ယောက္ခထီး မုချန်တိန်သည် ဤမျှလောက် မိုက်မဲသည့် လုပ်ရပ်မျိုးကို ပြုလုပ်မည် မဟုတ်ဟု သံသယဖြစ်မိသည်။

သူသည် ပုန်ကန်ချင်စိတ် ပြင်းထန်သူ ဖြစ်ခဲ့လျှင်တောင် အလွန်တိုတောင်းသော အချိန်အတွင်း ထိုသို့ ချန်နိုင်ငံမှ ကျန်ရစ်သော တပ်ဖွဲ့များနှင့် ပူးပေါင်းသည်ဆိုသည်မှာ သဘာဝမကျပါ။

သူသည် တုံးအသူတစ်ယောက် မဟုတ်ပေ။ လက်ရှိ ဆွမ်ဧကရာဇ်သည် အဆင့်အမြင့်ဆုံး အနေအထားသို့ ရောက်နေပြီး သူ၏အစွမ်းများသည် ထိပ်တန်းအဆင့်ကို ကျော်ဖြတ်သွားပြီ ဖြစ်သောကြောင့် နှစ်တစ်ရာကျော်အထိ အသက်ရှင်နိုင်ရန် ပြဿနာမရှိ တော့‌‌ပေ။

ဆွမ်ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ပြီး ရှမင်းဆက်ကို ဖြုတ်ချရန်မှာ လွယ်ကူသည်ဟု ထင်မြင်ခြင်းမှာ မှားယွင်းလှပေသည်။ ထိုအခိုက်တွင် ချူးယုချင်သည် လုချန်းအား “ချန်းလေး၊ ကျိရွှမ်းက အခုမှ မီးဖွားထားတာဆိုတော့ ဒီသတင်းကို သူမသိပါစေနဲ့။” ဟု အမြန်ပြောလိုက်သည်။

ယခုခေတ်ကာလလို “မွေးပြီးနောက် စိတ်ကျရောဂါ” ဟူသော ဝေါဟာရကို မသုံးနှုန်းသော်လည်း ကလေးမွေးပြီးနောက်တွင် အမျိုးသမီးများ၏ စိတ်ခံစားမှုက ထိခိုက်လွယ်ကြောင်း ထိုခေတ်ကာလက လူများ သိရှိကြသည်။

မုကျိရွှမ်းသာ မုမိသားစုတစ်ခုလုံးကို ထောင်ထဲရောက်သွားတာကို သိသွားပါက သူမ၏ ကျန်းမာရေးကို ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်။

လုချန်းက “ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်။” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် လုချန်းက ချင်ယူရှန်အား ကြည့်ပြီး

“တပ်မှုးချင်၊ ကျွန်တော့်အဖေ ဒဏ်ရာရခဲ့ သေးလား” ဟု မေးလိုက်သည်။

ချင်ယူရှန်က

“မင်းသား၊ ဧကရာဇ်မင်း ထိခိုက်မခံခဲ့ရပါဘူး။ ချန်နိုင်ငံမှ ကျန်ရစ်သော တပ်ဖွဲ့များ၏ လုပ်ကြံမှုအတွင်း နိုင်ငံတော် ပညာရှိကြီးက ဧကရာဇ်မင်းရဲ့ အရှေ့မှာ ရှိနေတယ်လို့ ဆိုကြပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းသည် တစ်ချက် လှောင်ရယ် ရယ်မောလိုက်သည်။

ထို့နောက် လုချန်းက “ချန်နိုင်ငံက ကျန်တဲ့ တပ်ဖွဲ့တွေက ဒီလောက်တောင် တုံးရလား။ ထိပ်သီးပညာရှင်တစ်ဦး ရှေ့မှာ ထိပ်တန်းပညာရှင်ကို လုပ်ကြံဖို့ ကြိုးစားကြတယ်တဲ့လား။” ဟု ပြောလိုက်သည်။

စစ်တုစီသည် ထိပ်သီးပညာရှင်ဖြစ်ကြောင်း ကြေညာခြင်းမရှိသော်လည်း သူသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်ဆိုတာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။

ရှနိုင်ငံတော်၏ပညာရှိအဖြစ် ထိပ်သီးပညာရှင် အဆင့်မရှိပဲ မည်သို့ ရောက်ရှိနိုင်မည်နည်း။ ချန်နိုင်ငံမှ ကျန်ရစ်သော တပ်ဖွဲ့များက ဆွမ်ဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားစဉ်က လုံးဝ လေ့လာမှု မပြုလုပ်ခဲ့ ကြတာလား။

လုချန်းက

“ချန်နိုင်ငံက လက်ကျန် တပ်ဖွဲ့ တွေက ကျွန်တော့်အဖေကို လုပ်ကြံဖို့ လူဘယ်နှစ်‌ယောက် လွှတ်ခဲ့တာလဲ။ လုပ်ကြံသူ တွေရဲ့ အဆင့်တွေက ဘယ်လိုလဲ” ဟု ဆက်လက်မေးမြန်းလိုက်သည်။

ချင်ယူရှန်က

“နေပြည်တော်ရှိ လုပ်ဖော်ကိုင်ဖက်များမှ စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များအရ ချန်နိုင်ငံ လက်ကျန်တပ်ဖွဲ့များက စုစုပေါင်း လုပ်ကြံသူ သုံးဆယ်ဦးကို နန်းတော်သို့ စိမ့်ဝင်စေခဲ့ပါတယ်။ လုပ်ကြံသူတွေအနက် အများစုက အဆင့်ခြောက်ခန့်ရှိပြီး အမြင့်ဆုံးက ထိပ်သီးအဆင့် တစ်ဝက်ပါ။ ထိပ်သီးအဆင့်တစ်ဝက် နှစ်ယောက်ပါ။” ဟု ပြန်လည်ပြောလိုက်သည်။

ချင်ယူရှန်၏ သတင်းပို့ချက်ကို ကြားသောအခါ လုချန်းသည် မည်သို့မှတ်ချက်ပြုရမည်ကို မသိ‌တော့ပေ။ ထိပ်သီးအဆင့် တစ်ဝက် နှစ်ဦးပါဝင်သည့် လုပ်ကြံသူ သုံးဆယ်ဦးကို လုံခြုံရေးအထူးကြပ်မတ်ထားသော နန်းတော်သို့ စေလွှတ်ကာ ထိပ်သီးပညာရှင်တစ်ဦးကို သတ်ဖြတ်ရန် စေလွှတ်ခြင်း။

ထိုလုပ်ကြံသူများသည် ဧကရာဇ်မင်း၏ ပတ်ဝန်းကျင်တွင် အစွမ်းထက်သူများ ရှိမရှိကို စစ်ဆေးရန်ပင် စိတ်မဝင်စားခဲ့ပေ။ ထိုသူတို့၏ ဦးနှောက်တွင် အမှန်တကယ် ပြဿနာရှိနေနိုင်သည်။

ထိုသူတွေက တကယ်ပဲ ချန်နိုင်ငံမှ လက်ကျန်တပ်ဖွဲ့ဝင်များ ဖြစ်ရဲ့လားဟုပင် လုချန်း သံသယဖြစ်မိသည်။

လုချန်းက ဆက်မေးလိုက်၏။

“အထူးကိုယ်ရံတော်တွေက ချန်နိုင်ငံရဲ့ လက်ကျန် တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးခဲ့ပါ သေးလား။ သူတို့က တကယ်ပဲ ချန်နိုင်ငံကလား။”

ချင်ယူရှန်က ပြန်တုန့်ပြန်လိုက်၏။

“မင်းသား၊ ဗိုလ်ချုပ်လျှံက လူတွေလွှတ်ပြီး စုံစမ်းခဲ့ပါတယ်။ချန်နိုင်ငံက ကျန်ရစ်သော တပ်ဖွဲ့များက နန်းတော်ထဲကို စိမ့်ဝင်ခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်လျှံရဲ့ စုံစမ်းမှုအရ ချန်နိုင်ငံက ကျန်ရစ်သော တပ်ဖွဲ့များ နေပြည်တော်က ထွက်ပြေးနိုင်ခြင်းမှာ မုအိမ်နှင့် ဆက်စပ်မှုမရှိနိုင်ပါဘူး။”

ချင်ယူရှန်သည် လုချန်း အတည်ပြုလိုသော အချက်ကို သိရှိနေသောကြောင့် ဗိုလ်ချုပ်လျှံ၏ စုံစမ်းစစ်ဆေးမှုကို တိုက်ရိုက်ပြောပြလိုက်သည်။ ချင်ယူရှန်၏ စကားကို ကြားသောအခါ လုချန်း တိတ်ဆိတ်သွားလေသည်။

ပထမဦးစွာ ဆွမ်ဧကရာဇ်သည် ကျောင်းမိသားစု ပုန်ကန်မှုကို အကြောင်းပြုကာ မုအိမ်မှ သေဒဏ်ကင်းလွတ်ခွင့် တံဆိပ်ကို သိမ်းယူခဲ့သည်။ ထို့နောက် မုချန်တိန်၏ စစ်တပ်ရာထူးကို ဖြုတ်ချခဲ့ပြီး နောက်ဆုံးတွင် ဟူဘင်းတပ်မတော်ကို ဖျက်သိမ်းကာ ထိုတပ်မှ စစ်သားများကို အခြားစခန်းများသို့ လူစုခွဲခဲ့သည်။

ယခုအခါ ဆွမ်ဧကရာဇ်သည် ချန်နိုင်ငံမှ ကျန်ရစ်သော တပ်ဖွဲ့များကို အသုံးပြုကာ မုအိမ်တစ်ခုလုံးကို ထောင်ထဲသို့ ပို့လိုက်သည်။ ဆွမ်ဧကရာဇ်သည် အသုံးမဝင်တော့သည့် မြည်းကို သတ်ပစ်လိုသည့် အကြံအစည်ရှိနေသည်ဟု ထင်ရသည်။

နိုင်ငံရေးနယ်ပယ်တွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို လုချန်းသည် အခြေခံအားဖြင့် သဘောပေါက်နေသည်။

တစ်နှစ်ကျော်က ပုန်ကန်ခဲ့သော မုချန်တိန်နှင့် ကျောင်းဝမ်တိန်တို့သည် ရှားမင်းဆက်၏ ကောင်းကင်ဘုရင်နှစ်ပါးဟု တစ်ချိန်က နာမည်ကျော်ကြားခဲ့သည်။ ယခုအခါ ကျောင်းဝမ်တိန် ရှင်းလင်းခံခဲ့ရပြီး ဖြစ်သောကြောင့် မုချန်တိန်သည်လည်း ဖယ်ရှားခံရတော့မည်ဖြစ်သည်။

ကောင်းကင်ဘုရင်နှစ်ပါး ကျဆုံးသွားခြင်းဖြင့် ဆွမ်ဧကရာဇ်သည် ရှနိုင်ငံအား သူ့လက်အောက်တွင် သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသည့် အတိုင်းအတာအထိ အပြည့်အဝနီးပါးထိန်းချုပ်နိုင်ခဲ့သည်။ သူသည် စစ်ရေးအာဏာအားလုံးကို သူ့လက်ထဲသို့ သိမ်းယူခဲ့သည်။ သူဘာလုပ်ဖို့ ကြံစည်နေတာလဲ။

လုချန်း ကြာမြင့်စွာ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ချူးယုချင်က သက်ပြင်းချလိုက်ပြီး “ချန်းလေး၊ မင်းရဲ့ အဖေက အာဏာရှိ မိသားစုတွေကို တိုက်ခိုက်ဖို့ စီစဉ်နေပြီလားလို့ ဒေါ်လေးစိုးရိမ်မိတယ်။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း သဘောပေါက်လိုက်သည်။

သူ၏ အဖေဖြစ်သူ ဧကရာဇ်မင်းသည် စစ်ရေးအာဏာကို ပြန်လည်ရရှိရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့တာက စိတ်ကူးတစ်ခုခု ရှိနေရမည် ဖြစ်သည်။ မဟုတ်ပါက နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို မတည်ငြိမ်စေမယ့် အန္တရာယ်မျိုး ဖြစ်စေနိုင်သော စစ်ရေးအာဏာရယူခြင်းကို ဘာလို့ခက်ခက်ခဲခဲ လုပ်နေရမှာလဲ။

အာဏာရှိ မိသားစုများကို ဆန့်ကျင်တိုက်ခိုက်ရန် စစ်သည်များကို လက်ဝယ်ထားရှိနိုင်ရန် လိုအပ်သည်။ သူ၏ အဖေဖြစ်သူ ဧကရာဇ်မင်းသည် ဤမျှလောက် ရဲတင်းမည်ဟု လုချန်း မမျှော်လင့်ခဲ့ပေ။ သမိုင်းတစ်လျှောက်တွင် အာဏာရှိ မိသားစုများကို လွယ်လွယ်ကူကူ ဆန့်ကျင်ရဲသည့် ဧကရာဇ်များက နည်းပါးသည်။

“အာဏာရှိ မိသားစုများသည် နှစ်‌ထောင်ချီတည်တံ့ကြပြီး မင်းဆက်များသည် နှစ်ရာချီသာ တည်တံ့ကြသည်။” ဟူသော စကားပုံရှိသည်။ မင်းဆက်တစ်ခု ပြိုလဲသွားသော်လည်း ထိုမိသားစုများသည် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ နန်းတွင်းရေးရာများအပေါ် သူတို့၏ ဩဇာသက်ရောက်မှုက အခု အရေးမပါလို ယူဆခံနေရပြီဖြစ်သည်။

သူ၏ အဖေဖြစ်သူ ဧကရာဇ်မင်းသည် ထိုသို့သော ရည်မှန်းချက်ရှိသည်ကို ကြားသောအခါ လုချန်းသည်လည်း သူ့အား မလေးစားပဲ မနေနိုင်တော့ပေ။ သို့သော် တစ်ခြားဘက်မှကြည့်လျှင်တော့ သူ၏ လက်ရှိအခြေအနေသည် အနည်းငယ် မတင်မကျ ဖြစ်နေသည်။

ပထမဦးစွာ သူ၏ မိခင်မိသားစုသည် တောင်ပိုင်းရှိ အကြီးမားဆုံးသော အာဏာရှိ မိသားစုဖြစ်သည့် ချူးမိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဒုတိယအချက်မှာ သူ၏ ဇနီးသည် မုချန်တိန်၏ သမီးဖြစ်သည်။

ထို့နောက် လုချန်းက ချင်ယူရှန်အား ကြည့်ပြီး “နန်းတွင်းက ကျွန်တော့်ဇနီးကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာကို ပြောဆို‌နေတာရှိလား” ဟု မေးလိုက်သည်။

ချင်ယူရှန်က

“နန်းတွင်းမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး ငြင်းခုံမှုများစွာ ရှိခဲ့ပါတယ်။ မင်းသား လုရှုယွမ်ရဲ့ အဖွဲ့ဝင်တွေက မိဖုရားကို နေပြည်တော် ပြန်လည်ခေါ်ဆောင်ပြီး အရေးယူရသင့်တယ်လို့ ယုံကြည်ကြပါတယ်။”

လုချန်းက ပြုံးပြီး

“မထင်မှတ်ပဲ နေပြည်တော်မှာ အသုံးမကျတဲ့ မင်းသားအတွက် ပြောပေးနေတဲ့သူတွေ ရှိနေသေးတာပဲ။” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် မင်းသားစံအိမ်မှ စစ်သည်တစ်ဦးသည် လေ့ကျင့်ရေးကွင်းသို့ ဝင်လာခဲ့သည်။

“မင်းသား၊ အပြင်ဘက်တွင် အထူးကိုယ်ရံတော်တပ်ကလာပါတယ်ဆိုတဲ့ သိုင်းပညာရှင်တစ်ဦးက တွေ့ခွင့်‌တောင်းနေပါတယ်။”

ထိုစကားကို ပြောစဉ်တွင် မင်းသားစံအိမ်မှ စစ်သည်သည် လေ့ကျင့်ရေးကွင်းရှိ အထူးကိုယ်ရံတော်များကို မသိမသာ တစ်ချက် ကြည့်လိုက်ပြီးနောက်

“သူက သူတို့နှင့် တူညီတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။” ဟု ဆက်လက်ပြောလိုက်သည်။

လုချန်းက တိုက်ရိုက်ပင် “ခေါ်ခဲ့” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မင်းသား။”

မကြာမီပင် စစ်သည်က ရောက်ရှိလာသော အထူးကိုယ်ရံတော်ကို လေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ကိုယ်ရံတော်သည် လုချန်းကို တွေ့သောအခါ ချက်ချင်း ဒူး‌ထောက်၍

“ဂါရဝ ပြုပါတယ် မင်းသား” ဟု ပြောလိုက်သည်။

လုချန်းက

“ထပါ”

လုချန်းကဤကိုယ်ရံတော်သည် လမ်းခရီးဝေးသောကြောင့် မင်းသားစံအိမ်သို့ နောက်ကျမှ ရောက်ရှိလာခြင်းဖြစ်မည်ဟု ထင်မြင်ခဲ့သည်။ သို့သော် ကိုယ်ရံတော် ထရပ်ပြီးနောက် သူသည် ချက်ချင်းပင် သူ၏ ခါးမှ ဝါးကျဉ်‌ တောက်တစ်ခုကို ထုတ်ယူကာ လုချန်းအား ပေးလိုက်သည်။

“မင်းသား။ နေပြည်တော်မှ စာတစ်စောင် ရရှိပါတယ်။ မုစံအိမ်ဟာ ချန်နိုင်ငံမှ ကျန်ရစ်သော တပ်ဖွဲ့များနှင့် ပူးပေါင်းကြောင်း စွပ်စွဲခံရပြီး ဧကရာဇ်မင်းက အနောက်မြောက်နယ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။”

လုချန်းသည် အနည်းငယ် အံ့ဩမိသည်။ သူသည် ယခုမှ အထူးကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်ခဲ့တာဖြစ်သည်။ သို့သော် သူတို့၏ ထောက်လှမ်းရေးအဖွဲ့သည် ယခုပင် လုပ်ငန်းစတင်နေပြီဖြစ်သည်။

လုချန်းသည် ကိုယ်ရံတော်ထံမှ ဝါးကျဉ်တောက်ကို ယူကာ အတွင်းမှ ထောက်လှမ်းရေးအချက်အလက်များကို ထုတ်ယူပြီး သေချာစွာ ဖတ်လိုက်သည်။

ထောက်လှမ်းရေးအချက်အလက်တွင် ပါရှိသော အကြောင်းအရာများကိုကြည့်လိုက်‌တော့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်များအကြား ပုံမှန်အချက်အလက် ဖလှယ်မှုစာမျိုးသာ ဖြစ်ကြောင်း လုချန်း နားလည်လိုက်သည်။ နေပြည်တော်ရှိ ကိုယ်ရံတော်များက မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့၏ ခေါင်း‌ဆောင်ဖြစ်ကြောင်း ကြိုတင်သိရှိနေသောကြောင့် မဟုတ်ပါ။

လုချန်း၏ မျက်နှာ မသက်မသာ ဖြစ်လာသည်ကို တွေ့သောအခါ ချူးယုချင်က

“ချန်းလေး။ ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။

လုချန်းက “ဗိုလ်ချုပ်လျှံရဲ့ သတင်းပို့ချက်အရ အနောက်မြောက်နယ်ကို ပြည်နှင်ဒဏ်ကြောင့် သွားရာလမ်းမှာ မုချန်တိန်ကို လုပ်ကြံသူများစွာက လုပ်ကြံမယ်လို့ ဆိုထားတယ်။ အခု မုချန်တိန်က သူရဲ့ စွမ်းအားတွေဆုံးရှုံးသွားပြီး သာမန်လူတစ်‌ယောက်ဖြစ်နေပြီ။ မုမိသားစုတစ်စုလုံး အနောက်မြောက်နယ် မရောက်နိုင်ခင်မှာရှင်းလင်းခံမှာက အလွန်ဖြစ်နိုင်ချေရှိ နေတယ်။” ဟု ပြန်ပြောလိုက်သည်။

.........

အခန်း (၄၄)

မင်းသား။ ဘယ်မင်းသားလဲ....

ပြည်နှင်ဒဏ်ခံရသည့် ရှေးခောတ်က အရာရှိများသည် သူတို့၏လမ်းခရီးတွင် အန္တရာယ်အများဆုံးဖြစ်သည်။

ပြည်နှင်ဒဏ်ခံရသည့် အရာရှိများသည် သူတို့၏ အာဏာဆုံးရှုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခင်က သူတို့၏ ရန်သူများသည် သူတို့ကို မကြောက်ကြတော့ပေ။ သူတို့တို့၏ရန်သူများသည် ထိုအခွင့်အရေးကို ရယူပြီး လုပ်ကြံသူများကိုငှားရမ်း၍ ပြည်နှင်ဒဏ်ခံရသည့် အရာရှိများကို သတ်ဖြတ်ခြင်းက အလွန်ဖြစ်နိုင်ချေများ‌၏။

ထို့ပြင် နေပြည်တော်တွင် ကျန်ရှိနေသေးသော နိုင်ငံရေးပြိုင်ဘက်များက ပြည်နှင်ဒဏ်ခံရသည့် အရာရှိများ တစ်နည်းတစ်ဖုံ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာမည်ကို မလိုလားကြပေ။ ထို့ကြောင့် သူတို့ကို ဖယ်ရှားရန် နည်းလမ်းများ ရှာဖွေကြလိမ့်မည်။

ထို့အပြင် မုချန်တိန်သည် တစ်ချိန်က ဟူဘင်းတပ်မတော်တွင် ထင်ရှားကျော်ကြားသော ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ ဆွမ်ဧကရာဇ် ဘုရင်နေရာကို သိမ်းပိုက်စဉ် ကူညီမှုက မုချန်တိန်ကို ရန်သူများစွာရရှိစေခဲ့သည်။

ထိုသူများအားလုံးက မုချန်တိန်ကို သေစေချင်ကြသည်။ ယခုအခါ မုချန်တိန်သည် သွားမရှိသည့် ကျားကဲ့သို့ ဖြစ်နေပြီဖြစ်သောကြောင့် သူ၏ရန်သူများသည် ဤအခွင့်အရေးကို လက်လွတ်ခံကြလိမ့်မည် မဟုတ်ပါ။

လုချန်းယခု စဉ်းစားနေသည့်ကိစ္စမှာ သူ၏ လေးစားရသော ယောက္ခထီးဖြစ်သူ မုချန်တိန်အား ကယ်တင်ရမည်လား ဆိုသည့်ကိစ္စဖြစ်သည်။ လုချန်း၏ လက်ရှိအားအင်အရ မုချန်တိန်အား ကယ်တင်လိုပါက ဖြစ်နိုင်ခြေ မရှိသည်တော့ မဟုတ်ပါ။ အထူးသဖြင့် သူသည် ယခုအခါတွင် အထူးကိုယ်ရံတော်များကို အသုံးပြုနိုင်ပြီဖြစ်သောကြောင့်ဖြစ်သည်။

ထို့ပြင် မုချန်တိန်သည် သူ့ဇနီး၏ဖခင်ဖြစ်သည်။ ထို့ကြောင့် သူ၏ဒုက္ခကို မျက်ကွယ်ပြုထား၍ မရပေ။

တစ်ခဏခန့် ကြာပြီးနောက် လုချန်း ပြောလိုက်သည်။

“အနောက်မြောက်ဘက်ကို ပို့မှာဆိုတော့ မြောက်ပိုင်းတော်မြို့နဲ့ မလှမ်းမကမ်းမှာ ရှိမယ်ထင်တယ်။”

ချင်ယူရှန်က “မှန်ပါတယ် မင်းသား။” ဟု ပြန်လည်ပြောလိုက်သည်။

လုချန်းသည် လက်ထဲရှိ စာကို တစ်ချက်ထပ်မံကြည့်ပြီးနောက်

“‌ဒီစာက လွန်ခဲ့တဲ့ လေးရက်က ပို့လာတာဖြစ်တယ်။ အခုဆို မုမိသားစုက အနောက်မြောက်ဘက်ကိုသွားတဲ့လမ်းမှာ ရောက်နေပြီထင်တယ်။ ကျွန်တော် သူတို့ကို ကယ်ချင်ရင်‌တောင် အချိန်မှီသေးရဲ့လား မသိဘူး” ဟု ပြောလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ ချင်ယူရှန်က

“မင်းသား စိတ်မပူပါနဲ့။ တပ်မှုး လျှံဇွန်းက မင်းသားဟာ ကျွန်‌တော်တို့ရဲ့ အရှင်သခင်ဖြစ်ကြောင်း သိရှိတာနှင့် သူဘာကို လုပ်ရမည်ဆိုတာကို သိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချက်ချင်းပြောလိုက်သည်။

လျှံဇွန်းသည် သူ၏ အရှင်သခင်က မြောက်ပိုင်းနယ်စားမင်းသားဖြစ်ကြောင်း မသိပါက မုမိသားစုအား ကယ်တင်ရန် လုပ်ဆောင်မည်မဟုတ်ပေ။

သို့သော် အထူးကိုယ်ရံတော်များ၏ အရှင်သခင်သည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်ကြောင်း လျှံဇွန်း သိရှိပြီးဖြစ်၏။ မုအမတ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ယောက္ခမ ဖြစ်သောကြောင့် သူသည် မုမိသားစုအားကယ်ဆယ်ရန် ချက်ချင်းလုပ်ဆောင်‌ပေ လိမ့်မည်။ ထို့နောက် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်ထပ်အမိန့်ကို စောင့်မည်ဖြစ်သည်။

တစ်ချက်‌ တွေးတောကြည့်ပြီးနောက် လုချန်းလည်း သူနှင့်မတွေ့ဆုံရသေးသည့် အထူးကိုယ်ရံတော်တပ်မှုးက စဉ်းစားဥာဏ်ရှိမည်ဟုသာ မျှော်လင့်နိုင်သည်။

လုချန်းသည် ချင်ယူရှန်အား

“ဗိုလ်မှူးလျှံဇွန်းဆီကို သတင်းပို့ပါ။ မုမိသားစုကို ကယ်ဖို့ ညွှန်ကြားလိုက်ပါ။ သူတို့အားလုံး သေဆုံးသွားပြီလို့ ထင်ရအောင်လုပ်ပါ။ ပြီးတော့ ဘေးရန်ကင်းကင်းနဲ့ မြောက်ပိုင်းမြို့တော်ကို ခေါ်လာနိုင်မယ့် နည်းလမ်းရှာပါ” ဟု ပြောလိုက်သည်။

ချင်ယူရှန်က ဦးညွှတ်လိုက်ပြီး

“မင်းသားရဲ့ အမိန့်အတိုင်း ပြုလုပ်ပါမယ်” ဟု ပြောလိုက်သည်။

လုချန်းသည် အထူးကိုယ်ရံတော် တပ်၏ ခေါင်းဆောင်လေးဦးကို ကြည့်ပြီး

“အထူးကိုယ်ရံတော်များဟာ ယခုအချိန်ကစပြီး လျှို့ဝှက်စွာ လှုပ်ရှားရမယ်။ လက်ရှိလုပ်နေတာတွေကိုလည်း ဆက်လက်လုပ်ဆောင်ပါ။” ပြောလိုက်သည်။

အထူးကိုယ်ရံတော်သည် ရှားနိုင်ငံ၏ အရိပ်ကိုယ်ရံတော်များနှင့် နှိုင်းယှဉ်ပါက ခြားနားမှုသိပ်မရှိပါ။ သို့သော် မင်းသားတစ်ပါး အနေဖြင့် ဤကဲ့သို့ ကျယ်ပြန့်ပြီး ပြည့်စုံသော ထောက်လှမ်းရေးကွန်ရက်ကို ပိုင်ဆိုင်ခြင်းက အခြားသူများအား သံသယ ဖြစ်စေလိမ့်မည် ဖြစ်သည်။

မင်းသားတစ်ပါးက ရှားမင်းဆက်၏ နယ်မြေအသီးသီးတွင် သူ့လူများ ထားရှိခြင်း၊ အရာရှိများကို စောင့်ကြည့်ခြင်းနှင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းတို့ကို ပြုလုပ်ခြင်းသည် အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

ဤအချက်များမှာ ပုန်ကန်မှုအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ လုချန်းသည် အဲ့ဒီလောက် မိုက်မဲမည့်သူ မဟုတ်ပေ။ အထူးကိုယ်ရံတော်များ လျှို့ဝှက်စွာ နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

ထိုစဉ်

နေပြည်တော်။

ကောင်းကင်ဘုံ အကျဉ်းထောင်။

ထောင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်၍ တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သံကြိုးများနှင့် ချည်နှောင်ခံထားရသည်။

ထိုသူ၏ ဆံပင်များသည် ပေပွနေပြီး သူ၏မျက်နှာကလည အလွန်ပင် ပင်ပန်းသည့်ပုံ ပေါ်နေသည်။ သူပြည်နှင်ဒဏ်ခံရသည့် အမ်ိန့်ကို သိရှိသောအခါ မုချန်တိန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား၊ ကောင်းလိုက်တဲ့ ဟာသပါလား။”

“လုရှင်းချူ၊ လုရှင်းချူ။ အရင်က ခင်ဗျားကို ကယ်ဖို့ ကျုပ်က ကျုပ်အသက်ကို မငဲ့ပဲရန်သူ့နယ်မြေအတွင်းကို လူတစ်ရာနှင့် ရအောင်ထိုးဖောက်ပြီး ခင်ဗျားကို ကယ်ထုတ်ယူဖို့အစွမ်းကုန် တိုက်ခိုက်ခဲ့ရတယ်။ နန်းလုဖို့ အခြားမင်းသား‌တွေနဲ့ ယှဉ်ပြိုင်ရတုန်းကလည်း ကျုပ်ခင်ဗျားကို အစွမ်းကုန် ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျုပ်ဒီ အခြေအနေကို ရောက်သွားပြီ။”

“ဧကရာဇ်ရဲ့ နှလုံးသားက အမြဲတမ်း အေးစက်ပြီး သနားကြင်နာမှုမရှိဘူးတဲ့။ ဒီနေ့တော့ ငါ တကယ် တွေ့ခဲ့ရပြီ။”

မုချန်တိန်၏ အနီးရှိ အချုပ်ခန်းတွင် မုမိသားစုဝင်များ ရှိကြသည်။ မုချန်တိန်၏ စကားများ ဆုံးသောအခါ ထောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက

“ဖခင်၊ ကျွန်‌တော်တို့ အ‌‌နောက်မြောက်ပိုင်းကို သွားတဲ့ခရီးမှာ အသက်ရှင်နိုင်ပါ့မလား” ဟု မေးမြန်းလိုက်သည်။

စကားပြောလိုက်သော လူငယ်သည် မုချန်တိန်၏ ဒုတိယသားဖြစ်သည့် မုရှင်းပင်ဖြစ်သည်။ ထိုသူသည် မုကျိရွှမ်း၏ အကိုလည်းဖြစ်သည်။

သူသည် မုအိမ်တော်တွင် ကြီးပြင်းခဲ့ သောကြောင့် နိုင်ငံရေးအကြောင်းကို ကောင်းကောင်းနားလည်ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏ တစ်မိသားသားစုလုံး အ‌ နောက်မြောက်ပိုင်းသို့ ပြည်နှင်ဒဏ်ခံရခြင်းသည် အယောင်ပြတစ်ခုသာဖြစ်ကြောင်း သူသိသည်။

ဆွမ်ဧကရာဇ်သည် သူတို့အား အနောက်မြောက်ပိုင်းသို့ ဘေးရန်ကင်းကင်း ရောက်ရှိသွားစေလိမ့်မည် မဟုတ်ပေ။ ဆွမ်ဧကရာဇ်သည် သူတို့အား မသတ်လျှင်ပင် မုအိမ်တော်၏ ရန်သူဟောင်းများက သူတို့အား ငြိမ်းချမ်းစွာနေထိုင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ယခုအခါ သူတို့၏ မိသားစုတွင် အမျိုးသားများအားလုံး၏ သိုင်းစွမ်းအားများကို ဖျက်ဆီးခံခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် သာမန်လူသားများ ဖြစ်လာခဲ့သည်။ လမ်းခရီးတွင် သိုင်းပညာရှင်များ၏ လုပ်ကြံမှုကို တွေ့ကြုံရပါက ခုခံကာကွယ်နိုင်သော နည်းလမ်း သူတို့တွင် မရှိပေ။

ဒုတိယသား၏ စကားများကို ကြားသောအခါ မုချန်တိန် တိတ်ဆိတ်သွားသည်။

ဆွမ်ဧကရာဇ်သည် သူ့အား အသက်ရှင်လျက်နှင့် အနောက်မြောက်ပိုင်းသို့ ရောက်ရှိစေလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ သူ၏ရန်သူများကလည်း သူအား ဆက်လက်၍ အသက်ရှင်နေစေလိမ့်မည် မဟုတ်ပေ။

သူနှင့် သူ၏မိသားစုသည် လမ်းခရီးတွင် သေဆုံးရမည် ဖြစ်သည်။ ဆွမ်ဧကရာဇ်သည် သူတို့အား တိုက်ရိုက်မသတ်ပဲ သူတို့တစ်မိသားစုလုံးအား ပြည်နှင်ဒဏ် ပေးခဲ့သည်။ သူ့အား လူအများက ဂုဏ်ထူးဆောင် အရာရှိတစ်ဦးကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။

ထိုအခိုက်အတွင် မုချန်တိန်၏ အကြီးဆုံးသားဖြစ်သူ မုကျင်းဝူက

“ဖခင်၊ ညီမလေး မပါလောက်ဘူး မဟုတ်လား” ဟု ပြောလိုက်သည်။

သူတို့၏ သေဆုံးခြင်းက သေချာနေပြီဖြစ်သည်။ မုကျင်းဝူသည် ယခုအခါ မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်ထားသော သူ၏ညီမဖြစ်သူလည်း ပါဝင်ပတ်သက်မည်ကိုသာ စိုးရိမ်နေသည်။

ထိုစကားများကို ကြားသောအခါ မုချန်တိန်က သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ထို့နောက် ဘာမှထပ် မပြောတော့ပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် ပညာရှိသူ မဟုတ်‌ပေ။ ထို့ပြင် သူသည် အားနည်းပြီး အစွမ်းရှိသူလည်း မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် မင်းသားစံအိမ်တွင် အမျိုးသမီးများစွာကို ခေါ်ထားပြီး နေ့စဉ် ပျော်ပါးမှုများကိုသာ ပြုလုပ်ကြောင်း သူကြားသိခဲ့သည်။ စံအိမ်၏ ကိစ္စအားလုံးကို သူ၏သမီးက စီမံခန့်ခွဲနေရသည်။

မြောက်ပိုင်းနယ်စားမင်းသား၏ စရိုက်အရ နေပြည်တော်က သူ၏သမီးကို ဒုက္ခမပေးလျှင်တောင် မင်းသားသည် နေပြည်တော်က အပြစ်ပေးလာမှာကို စိုးရိမ်ပြီး သူ၏သမီးကို မင်းသားစံအိမ်မှ နှင်ထုတ်နိုင်သည်။ သို့မဟုတ် တိုက်ရိုက်ကွာရှင်းနိုင်သည်။

မုအိမ်တော်မှ လူများအားလုံး သေဆုံးသွားပါက မုကျိရွှမ်းသည် လုံးဝအကူညီ မဲ့သွားမည်ဖြစ်သည်။ ထိုအခါ မြောက်ပိုင်းနယ်စားမင်းသားသည် ထိုသို့လုပ်ရန် မည်သူ့ကိုမှ ကြောက်စရာ မလိုတော့ပေ။

သူ့သမီးအပေါ်ကို နောင်တွင် ကျရောက်လာမည့် ဒုက္ခကို တွေးမိသောအခါ မုချန်တိန်၏ ရင်ထဲတွင် မုန်းတီးမှုများနှင့် ဆူပွက်လာသည်။ သူသည် ကျေးဇူးကန်းသော လုရှင်းချူ နန်းရစေရန် ထောက်ခံခဲ့မိခြင်းက မျက်လုံးကန်းနေ၍သာဖြစ်သည်။

ထိုအခိုက်အတွင် ထောင်အစောင့်တစ်ဦးက မုချန်တိန်တစ်ဦးတည်း နေထိုင်သည့် အချုပ်ခန်း၏ သော့ကို ဖွင့်လိုက်သည်။

လူတစ်ဦး ဝင်လာပြီး သူ၏ဘေးရှိ ထောင်အစောင့်အား

“မင်းအရင် ထွက်သွားပါ။ ငါမုအမတ်နဲ့ စကားပြောစရာ ရှိတယ်” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ၊ ထောင်မှူး” ဟု ထောင်အစောင့်က ပြန်လည်ပြောလိုက်သည်။

ထောင်အစောင့်ထွက်သွားပြီးနောက် မုချန်တိန်နှင့် ထိုလူသာ ကျန်ရှိတော့သည်။

နီးစပ်ရာ အချုပ်ခန်းများတွင် ရှိသည့် မုမိသားစုဝင်များသည် မုချန်တိန်၏ အချုပ်ခန်းသို့ လူတစ်ယောက် ဝင်လာသည်ကို တွေ့မြင်သောအခါ သူတို့၏ အာရုံများ ထိုနေရာသို့ စုပြုံရောက်ရှိသွားကြသည်။

မုချန်တိန်သည် သူ၏အရှေ့ရှိလူကို တစ်ချက်ကြည့်ပြီး ရယ်မော၍

“လုရှင်းချူ လွှတ်လိုက်တာလား” ဟု ပြောလိုက်သည်။

သေဆုံးရမည့် အချိန်နီးနေပြီ ဖြစ်သဖြင့် မုချန်တိန်သည် ဆွမ်ဧကရာဇ်အား လေးစားမှု မပြတော့ပေ။ ထို့ကြောင့် နာမည်ကို တိုက်ရိုက်ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုစကားများကို ကြားသောအခါ ထိုသူက ပြုံးလိုက်သည်။ ထို့နောက် ထိုလူသည် မုချန်တိန်ထံ ချဉ်းကပ်လာပြီး သူ့ကို ချည်နှောင်ထားသည့် သံကြိုးများအားလုံးကို ဖြုတ်လိုက်သည်။

ဤမြင်ကွင်းကို တွေ့မြင်သောအခါ မုမိသားစုဝင်များသည် အံ့ဩနေကြသည်။ ထောင်မှူးသည် အဘယ်ကြောင့် ထိုသို့လုပ်ရသည်ကို သူတို့ နားမလည်ကြပေ။

ထောင်မှူးက

“မုအမတ် ကျွန်‌တော့် ကိုယ့်ဘာသာကိုယ် မိတ်ဆက်ပါရစေ။ ကျွန်ုပ်၏နာမည်မှာ ကျောင်းဟုန်ပါ။ ကျွန် တော်က မင်းသားတစ်ပါးရဲ့ လူပါ” ဟု ပြောလိုက်သည်။

ဤစကားများကို ကြားသောအခါ မုချန်တိန် ရှုပ်ထွေးသွားသည်။

မင်းသား။

ဘယ်မင်းသားလဲ။

အခုလိုအချိန်မျိုးမှာ ဘယ်မင်းသားက သူ့ဆီဆက်သွယ်ဖို့ လူလွှတ်လာမှာလဲ။

သူသည် အခု ပြည်နှင်ဒဏ်ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် အခြားမင်းသားများသည် ပြည်နှင်ဒဏ်ခံရခြင်း၏ အဓိပ္ပာယ်ကို နားမလည်မည် မဟုတ်ဟု သူယုံကြည်သည်။ ယခုအချိန်တွင် မင်းသားတစ်ပါးက သူ့ဆီကိုဆက်သွယ်ပါက ဆွမ်ဧကရာဇ်၏ မကျေနပ်ခြင်းကိုသာ ခံရလိမ့်မည်။

ထို့နောက် ထိန်းသိမ်းခံရခြင်းသာမက သူ၏ မင်းသားရာထူးများပင် ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိသည်။ ကြိုးများကို ဖြုတ်လိုက်ပြီးနောက် မုချန်တိန်၏ခန္ဓာကိုယ် သက်သောင့်သက်သာ ရှိသွား၏။ ကျောင်းဟုန်သည် ပုလင်းသုံးလုံးကို ထုတ်ယူလိုက်ပြီး

“‌ဒါတွေက စွမ်းအားပြန်ရခြင်း ဆေးလုံးသုံးလုံးပါ။ ဒီဆေးကို သောက်လိုက်ရင် ခင်ဗျားရဲ့စွမ်းအား ကိုးဆယ်ရာခိုင်နှုန်း ပြန်ရလာလိမ့်မယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုချန်တိန် လုံးဝ ကြက်သေသေသွားသည်။

......

အခန်း (၄၅)

ချန်ဝမ်းရွန် : ကျွန်မသူ့ထဲကို အချစ်ပိုး ထည့်လိုက်မယ်

မုချန်တိန်သည် ထိပ်သီးပညာရှင်ဟောင်း ဖြစ်သောကြောင့် စွမ်းအားပြန်ရခြင်းဆေးလုံး အကြောင်းကို မသိ‌သောသူတော့ မဟုတ်ပါ။ သို့သော် သူသည်ထိုဆေးကို ကြားသာကြားဖူးပြီး တစ်ခါမှ မမြင်ဖူးပေ။ ကောလဟလများအရ ထိုဆေးသည် သေသူကို ပင် ပြန်လည်အသက်ရှင်စေနိုင်ပြီး စွမ်းအားများ အားလုံးကို ပြန်ရစေနိုင်သည်ဟု ဆိုကြသည်။

ကောလဟလများက ချဲ့ကားထားခြင်း ဖြစ်နိုင်သော်လည်း ထိုဆေးက စွမ်းအားများကို ပြန်လည်ပြည့်စုံစေနိုင်သည်မှာက သံသယရှိစရာ မရှိပေ။ ထို့ပြင် နန်းတော်တွင် ထိုသို့သော ဆေးလုံးများ ရှိသည်မှာ သေချာသည်။ မုချန်တိန်သည် ကျောင်းဟုန်၏ လက်ထဲရှိ သေးငယ်သော ကြွေပုလင်းသုံးလုံးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက နှာခေါင်းရှုံ့လိုက်ပြီး

“ကြည့်ရတာ တစ်ချို့က မစောင့်နိုင်တော့ဘူး ထင်တယ်။ ကျုပ်တို့ နေပြည်တော်ကတောင် မထွက်သေးဘူး သူတို့က စပြီးလှုပ်ရှားလာကြပြီပဲ” ဟု ပြောလိုက်သည်။

ယခုလို အချိန်တွင် မည်သူကမှ ကယ်ဆယ်ရန် မလာနိုင်ပေ။ ထို့ပြင် စွမ်းအားပြန်ရခြင်းဆေးလုံးကဲ့သို့သော အံ့သြဖွယ်ဆေးကိုတောင်လာပေးမှာလား။

ထင်ရှားသည်မှာ တစ်ယောက်ယောက်က သူတို့ကို ကြိုတင်ပြီး လုပ်ကြံရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူ့အား နေပြည်တော်မှ မထွက်ခွာမီ ပင် အဆိပ်ဖြင့် လုပ်ကြံရန် စီစဉ်ထားခြင်း ဖြစ်သည်။

စွမ်းအားပြန်ရခြင်းဆေးလုံးက အစစ်မဟုတ်ပါ။

အဆိပ်ပင်ဖြစ်သည်။

ထို့နောက် မုချန်တိန်က

“ပြောစမ်း၊ ဘယ်သူက လွှတ်လိုက်တာလဲ။”

“လုရှင်းချူ ဆိုရင်တော့။ ဟားဟား ဟား။

သူပေးတဲ့ အဆိပ်ကို သောက်မယ့်အစား လမ်းမှာပဲ သေလိုက်မယ်။”

မုချန်တိန်သည် သူ၏ရည်ရွယ်ချက်ကို နားလည်မှု လွဲသွားသည်ကို တွေ့သောအခါ ကျောင်းဟုန်က ပြုံး၍

“မုအမတ် ခင်ဗျား နားလည်မှု လွဲနေပြီ။

ခင်ဗျားကို သတ်ချင်တဲ့ သူတွေက ခင်ဗျားကောင်းကင်ဘုံ ထောင်ထဲမှာ သေသွားမှာကို လိုလားမှာ မဟုတ်ဘူး။”

“ကျွန်တော့် လက်ထဲက စွမ်းအားပြန်ရခြင်းဆေးလုံးက တကယ်အစစ်ပဲ။ နောက်ပြီး ဘယ်မင်းသားက ဒါကိုပို့ခိုင်းခဲ့တယ် ဆိုတာကို ခင်ဗျား မကြာခင် သိလာလိမ့်မယ်။ ခင်ဗျားရဲ့ သမီးကို ပြန်တွေ့ချင်ရင် အခုစွမ်းအားပြန်ရခြင်းဆေးလုံးကို ချက်ချင်း သောက်ပြီး ခရီးမထွက်ခင် ခင်ဗျားရဲ့ စွမ်းအားအားလုံးကို ပြန်ရ‌ အောင် လုပ်သင့်တယ်။”

ကျောင်းဟုန်သည် ထိုဆေးလုံးများကို မြောက်ပိုင်းနယ်စားမင်းသားထံမှ ရလာခြင်းဖြစ်သည်ဟု ယခုအချိန်တွင် ပြောပါက မုချန်တိန် ပို၍ပင် သံသယရှိလာလိမ့်မည် ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အသုံးမကျသူ ဟူသောပုံရိပ်က လူအများ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ကျောင်းဟုန်က သူ၏ သမီးအကြောင်းကို ပြောသောအခါ မုချန်တိန်သည် ခဏမျှ လန့်သွားသည်။

ထိုအချိန်တွင် အနီးရှိ အချုပ်ခန်းမှ မုကျင်းဝူက “ဖခင်၊ ကျွန်တော့်ကို ပေးပါ၊ ကျွန်တော် အရင်သောက်ပါမယ်။ အဆိပ်ဖြစ်ရင်လည်း ကံကြမ္မာကို လက်ခံပါမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အများကြီး နေရတော့မှာမှ မဟုတ်တာ” ဟု ပြောလိုက်သည်။

မုချန်တိန်သည် ကျောင်းဟုန်၏ လက်ထဲရှိ သေးငယ်သော ကြွေပုလင်းလေးများကို ထပ်မံကြည့်လိုက်ပြီး ခဏတာ စဉ်းစားလိုက်ပြီးနောက် ကျောင်းဟုန်ထံမှ ပုလင်းများကို ယူလိုက်သည်။ ထို့နောက် သူသည် တစ်လုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ဆေးလုံးကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။

မုချန်တိန်သည် သေခြင်းကို ရင်ဆိုင်ရန် ပြင်ဆင်နေစဉ် သူ၏ အတွင်းအားများ ပြန်လည်ရရှိလာကြောင်း တွေ့ရှိရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သက်‌သောင့်သက်သာရှိသော ခံစားမှုများက စီးဝင်လာသည်။

မကြာမီ သူ၏ စွမ်းအားများ ပြန်လည်ရရှိလာသည်။ သူ၏ စွမ်းအားကို အပြည့်အဝ ပြန်လည်မရရှိသေးသော်လည်း ယခုအခါတွင် သူသည် အဆင့်ကိုး သိုင်းပညာရှင်၏ စွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။

မုချန်တိန်သည် သူ၏ လက်ထဲရှိ ကျန်ရှိသော သေးငယ်သည့် ကြွေပုလင်းလေးနှစ်လုံးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဤဆေးလုံးများသည် တကယ်ပင် စွမ်းအားပြန်ရခြင်း ဆေးလုံးများ ဖြစ်နိုင်ပါသလား။

မည်သို့ဖြစ်နိုင်မည်နည်း။

နန်းတော်တွင်သာ ထိုဆေးလုံးများ ရှိနိုင်သည်။

ထိုကဲ့သို့သော စွမ်းအားပြန်လည်ရရှိစေသည့် ဆေးလုံးများကို မဟာထိပ်သီးအဆင့်ပညာရှင်များကပင် လောဘတကြီး လိုချင်ကြသည်။ ထိပ်သီးပညာရှင်များဆိုလျှင် ဆိုဖွယ်ရာ မရှိတော့။ ဆေးလုံးတစ်လုံးတည်းပင်လျှင် တန်ဖိုးအလွန်ရှိသည်။ ယခုအခါ ဤထောင်မှူးသည် သူ့အား ဆေးလုံး သုံးလုံးပေးလိုက်သည်။

အခြားသူတွေသာ သာမန်ထောင်မှုးတစ်ဦး၏ လက်ထဲတွင် စွမ်းအားပြန်ရခြင်းဆေးလုံး သုံးလုံးရှိသည်ကို သိသွားလျှင် နေပြည်တော်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားမည် ဖြစ်သည်။ ထိုကဲ့သို့သော တန်ဖိုးကြီး ဆေးလုံးများသည် မင်းသားတစ်ပါးထံမှ တကယ်ပင် လာခဲ့တာလား။

ခဏစဉ်းစားလိုက်၏။ မုချန်တိန် တစ်စုံတစ်ရာကို နားလည်သွားသည်။ ထောင်မှူးက ဤဆေးလုံးများသည် မင်းသားတစ်ပါးထံမှ လာခြင်းဖြစ်သည်ဟုသာ ပြောပြခဲ့သည်။ သို့သော် ထိုမင်းသားသည် ဆွမ်ဧကရာဇ်၏ သားဖြစ်သည်ဟု မပြောခဲ့ပေ။

ရှားနိုင်ငံတွင် မင်းသားများစွာရှိသည်။ ထို့ပြင် ယခုလက်ရှိ မင်းသားများသာ မင်းသားဟု ခေါ်ဆိုနိုင်ခြင်း မဟုတ်ပေ။ နယ်စားမင်းသားများလည်း ဖြစ်နိုင်သည်။ နယ်စားမင်းသားတစ်ပါးက ပုန်ကန်ရန် စီစဉ်နေပြီး သူ့ရဲ့ထောက်ခံမှုကို လိုချင်လို့များလား။

ထိုသို့သော အတွေးဖြင့် မုချန်တိန်သည် သူ၏ သံသယကို ချက်ချင်း အတည်ပြုလိုက်သည်။

ထိုအတိုင်းသာ ဖြစ်ရမည်။ မဟုတ်ပါက တစ်ဖက်လူသည် မည်သည့်အကြောင်းကြောင့် သူနှင့် သူ့သားနှစ်ယောက်၏ စွမ်းအားများကို ပြန်လည်ရရှိစေရန် ဆေးလုံးသုံးလုံးကို ပေးရမည်နည်း။

ထိုမင်းသားသည် ပုန်ကန်ရန် ရည်ရွယ်ခဲ့လျှင်လည်း ယခုအခါတွင် သူဂရုမစိုက်တော့ပေ။ လုရှင်းချူသည် ကျေးဇူးမသိတတ်သော လူတစ်ယောက်သာ ဖြစ်သည်။ သူ့ကို ပုန်ကန်ဖို့အတွက် မုချန်တိန်မှာ ပြဿနာ မရှိပေ။

ထိုသို့သော အတွေးဖြင့် မုချန်တိန်သည် ချက်ချင်းပင် ကျောင်းဟုန်အား

“ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ မင်းသားဆီ ပြန်သွားပြီး ပြောလိုက်ပါ။ သူလုပ်စေချင်တာ ဘာကိုမဆို ကျုပ်မုချန်တိန် လုပ်ဆောင် ပေးပါမယ်လို့ ပြောလိုက်ပါ။”

ထိုသို့ ပြောပြီးနောက် မုချန်တိန်သည် ကျန်ရှိသော ကြွေပုလင်းလေး နှစ်လုံးကို ဘေးအချုပ်ခန်းရှိ မုကျင်းဝူနှင့် မုရှင်းပင်ထံ ပစ်ပေးလိုက်သည်။ မုကျင်းဝူနှင့် မုရှင်းပင်တို့သည် ပုလင်းလေးများကို လက်ခံရရှိပြီးနောက် စကားတစ်ခွန်းမျှ မပြောပဲ ချက်ချင်းပင် ဆေးလုံးများကို မြိုချလိုက်ကြသည်။

သူတို့နှစ်ဦးသည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ပြန်လည်ရရှိလာသည်ကို ခံစားရသောအခါ မယုံကြည်နိုင် ဖြစ်နေကြသည်။

အဆိပ်မဟုတ်ပါ။ တကယ်ပင် စွမ်းအားပြန်ရခြင်းဆေးလုံး ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ ဖခင်သည်လည်း သူ၏ စွမ်းအားကို ပြန်လည်ရရှိပြီးပြီလား။ ဒီအတိုင်းသာဆို သူတို့သည် လမ်းခရီးတွင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ဖက်သတ် သတ်ဖြတ်ခံရမည် မဟုတ်ပေ။

အနောက်မြောက်ဘက်သို့ သက်ရှိထင်ရှား ရောက်ရှိနိုင်မည်လား ဟူသည့်ကိစ္စကတော့ကံကြမ္မာပေါ်တွင်သာ မူတည်သည်။

ကျောင်းဟုန်က “ကောင်းပါပြီ မုအမတ်။

ကျွန်တော် ခင်‌ဗျားပြောတာကို မင်းသားဆီ ပြန်ပြောလိုက်ပါ့မယ်” ဟု ပြောလိုက်သည်။

“ဒါဆို ကျွန်တော် ခင်ဗျားတို့ကို မနှောင့်ယှက်တော့ဘူး။”

ထို့နောက် ကျောင်းဟုန်သည် အချုပ်ခန်းမှ ထွက်သွားလိုက်သည်။

အချုပ်ခန်းတံခါး ပြန်ပိတ်သွားသောအခါ မုရှင်းပင်က ချက်ချင်းပင်

“ဖခင်၊ ဘယ်မင်းသားက ဒီအချိန်မှာ ကျွန်တော်တို့အတွက် ဆေးလုံးတွေကို ပို့ရဲတာလဲ။ ပြီးတော့ဒဏ္ဍာရီဆန်တဲ့ စွမ်းအားပြန်ရခြင်း ဆေးလုံးတွေ” ဟု မေးလိုက်သည်။

မုချန်တိန်သည် ခဏကြာ တိတ်ဆိတ်နေပြီးနောက်

“နယ်စားမင်းသားတစ်ပါးက စိတ်မချမ်းသာနိုင်တော့ပဲ လုရှင်းချူနဲ့ အာဏာရှိ မိသားစုတွေရဲ့ အာဏာလုပွဲမှာ သူတို့နှင့် ပူးပေါင်းပြီး လုရှင်းချူကို ဖြုတ်ချချင်တယ်လို့ ထင်ရတယ်” ဟု ပြောလိုက်သည်။

အာဏာရှိ မိသားစုများသည် လုရှင်းချူက သူတို့အား တိုက်ခိုက်လာနိုင်သည်ကို သိနေပြီးဖြစ်သောကြောင့် သူတို့သေမှာကို စောင့်မနေနိုင် တော့ပေ။ အဖြစ်နိုင်ဆုံး အခြေအနေမှာ သူတို့သည် နယ်စားမင်းသားတစ်ပါးကို ထောက်ခံပြီး လုရှင်းချူကို ဖြုတ်ချကာ ထိုမင်းသားကို ဧကရာဇ်အဖြစ် အစားထိုးရန် ဖြစ်သည်။

ယခင်က အာဏာရှိ မိသားစုများက လုရှင်းချူ နန်းတက်ရေးကို ကူညီခဲ့ကြသကဲ့သို့ပင်ဖြစ်သည်။

မုချန်တိန်၏ စကားများကို ကြားသောအခါ ဘေးခန်းမှ မုကျင်းဝူက

“ဖခင်၊ နောက်ပိုင်း ကျွန်‌တော်တို့ ဘာဆက်

လုပ်မှာလဲ။” ဟု မေးလိုက်သည်။

မုချန်တိန်က

“ဘာဆက်လုပ်ရမှာလဲ။ အရင်တုန်းက ငါက လုရှင်းချူ နန်းတက်ရေးကို ကူညီခဲ့တဲ့သူဖြစ်တယ်။ အခုသူက ငါ့ကို ကျောခိုင်းသွားပြီ ဆိုတော့ သူ့ကို ဖြုတ်ချခြင်းအတွက် ငါ့ကို အပြစ်တင်လို့ မရတော့ဘူး။” ဟု ပြောလိုက်သည်။

တစ်စုံတစ်ယောက်က လုရှင်းချူကို တကယ်ပင် ပုန်ကန်လိုပါက သူသည် ထိုသူကို အမှန်တကယ် ထောက်ခံမည်ဟု မုချန်တိန်သည် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထင်ရှားသည်မှာ ဤဆေးလုံးသုံးလုံးသည် တစ်ဖက်သား၏ ရိုးသားမှုကို ပြသလိုက်ခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုသူတို့သည် တန်ဖိုးကြီး ဆေးလုံးများကို သူတို့ထံ ပေးပို့မည် မဟုတ်ပေ။

ထိုသူသည် ဘယ်မင်းသားဖြစ်သည်ကို မုချန်တိန် မသိပေ။

ရှနိုင်ငံတွင် ပုန်ကန်နိုင်‌လောက်အောင် အင်အားကြီးသည့် နယ်စားမင်းသားက မများပါ။ ရှမင်းဆက်သည် မင်းသားတစ်ချို့အား အာဏာများစွာ ပေးအပ်သော်လည်း လုရှင်းချူသည် ဖွံ့ဖြိုးတိုးတက်နိုင်သည့် နယ်မြေများကို ဝင်ရောက်စွက်ဖက်လေ့ရှိသည်။

ထိုမင်းသားများအား သူထိန်းချုပ်နိုင်ခြင်း မရှိပါက အရိပ်ကိုယ်ရံတော်အဖွဲ့ကို အသုံးချ၍ သူ့အတွက် အန္တရာယ ရှိလာနိုင်သူကို ကြိုတင်ဖယ်ရှားတတ်သည်။

ဒါမျိုးက လုရှင်းချူ မလုပ်ဖူးသည့်အရာ မဟုတ်ပေ။ မုချန်တိန်သည် လုရှင်းချူ၏ အရိပ်ကိုယ်ရံတော်အဖွဲ့က သတ်ဖြတ်ခဲ့သည့် မင်းသားတစ်ပါးကို သိသည်။ သူသေဆုံးပြီးနောက် နန်းတွင်းက နယ်စားမင်းသား၏ အရာရှိချုပ်အား အပြစ်အားလုံးကို ပုံချခဲ့သည်။ သူသည် ပုန်ကန်ရန် ရည်ရွယ်ချက်ဖြင့် နယ်စားမင်းသားကို ထောင်ချခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ခဏကြာ စဉ်းစားပြီးနောက် မုချန်တိန်သည် မည်သည့် နယ်စားမင်းသားက သူ့ထံ ဆက်သွယ်လာမည်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ သူဆက်မစဉ်းစား‌တော့ပါ။ သူအပြင်သို့ ထွက်လာပြီးရင်တော့ သူ့ထံ ဆက်သွယ်လာသူကို သိရှိလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင်။

လျှို့ဝှက်လဝန်းနန်းတော်။

ဇာပဝါပါးများဖြင့် တန်ဆာဆင် ကာရံထားသော အခန်းအတွင်းတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဗျပ်စောင်းတစ်ခုရှေ့တွင် ထိုင်နေပြီး စိတ်အားထက်သန်စွာဖြင့် ထိုတူရိယာကို တီးခတ်နေသည်။

အမျိုးသမီးသည် အရပ်မြင့်မြင့်နှင့် ကျက်သရေရှိသော ပုံပန်းသဏ္ဌာန်ရှိသည်။ ထိုအခိုက်တွင် လေညှင်းတစ်ချို့ တံခါးဝရှိ ပါးလွှာသော ဇာအခန်းဆီးကို တိုက်ခတ်လာပြီး အမျိုးသမီး၏ ကျက်သရေရှိသော အလှကို ခဏခန့် မြင်တွေ့လိုက်ရသည်။

အမျိုးသမီး၏ အလှသည် တုနှိုင်း၍မရပါ။ နှင်းခဲကဲ့သို့ အပြစ်အနာအဆာကင်း၏။ သူမ၏ ဖြူစင်သော မျက်နှာက သီးခြားဆန်နေ၏။ သူမသည် ဘုံကိုးဆင့်မှ ဆင်းသက်လာသော နတ်သမီး တစ်ယောက်လို ဖြစ်နေသည်။

ထိုအခိုက်တွင် ခရမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အခန်းထဲသို့ ဝင်လာ၏။ သူမဆီမှ ထယ်ဝါ၍ ကျော့ရှင်းသိမ်မွေ့သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

အမျိုးသမီး ရောက်ရှိလာသောအခါ ဗျပ်စောင်းသံ ပြတ်တောက်သွားပြီး စောင်းတီးခတ်နေသည့် အမျိုးသမီးက

“ဒေါ်လေးလင်း။ ဘာများလိုအပ်လို့လဲ။” ဟု ပြောလိုက်သည်။

အမျိုးသမီး၏ အသံသည် အေးစက်‌‌နေသော်လည်း နူးညံ့သိမ်မွေ့မှုတစ်မျိုး ပါဝင်သည်။

ထယ်ဝါ‌ကျော့ရှင်းသော အမျိုးသမီးက

“နန်း‌တော် သခင်မ။ သခင်မ တကယ်ပဲ မြောက်ပိုင်းမြို့တော်သွားဖို့ စီစဉ်နေတာလား” ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်ဝမ်းရွန်က ထရပ်လိုက်ပြီး ဇာပဝါများ ဖုံးလွှမ်းထားသော အခန်းမှ ဖြေးညင်းစွာ ထွက်လာလိုက်သည်။ သူမ၏ သန့်ရှင်းသော မျက်နှာသည် ခမ်းနားထည်ဝါသော အမျိုးသမီး၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်။

ချန်ဝမ်းရွန်က ခပ်တိုးတိုး ပြောလိုက်သည်။

“ဆွမ်ဧကရာဇ် သားရဲ့ သွေးလတ်လတ်ဆတ်ဆတ်နဲ့ပဲ သိမ်မွေ့နဂါးမန္တာန်ကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ မြောက်ပိုင်းနယ်စားမင်းသားက ချဉ်းကပ်ရ အလွယ်ဆုံးပဲ။”

ထိုစကားကို ကြားသောအခါ ခန်းနားထယ်ဝါသော အမျိုးသမီးထံမှ စိုးရိမ်သော အကြည့်များ ပေါ်လာသည်။

“ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားက တဏှာကြီးသူဖြစ်တယ်လို့ ကြားဖူးတယ်။ သူရဲ့စံအိမ်မှာ ပျော်ပါးဖို့ မောင်မတွေ အများကြီးထားထားတယ်။ သူက သခင်မကို နှစ်သက်လျှင်…”

အမျိုးသမီးသည် သူမ၏ စကားကို ဆုံးအောင်မပြောပေ။ အဝေးမှ စိမ်းလန်းသည့် တောင်တန်းများကို ခံစားမှုမဲ့စွာ ကြည့်ရင်း ချင်ဝမ်းရွန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“လူတွေဟာ သူတို့ရဲ့ ဆန္ဒ‌တွေကြောင့် ထိန်းချုပ်ရ ပိုလွယ်စေတာ။ ကျွန်ုမက သူ့ထဲ ချစ်သူပိုးကို ထည့်ပေးပြီး သိမ်မွေ့နဂါးမန္တာန်ကို ပြီးစီးတဲ့အထိ လှည့်ဖြားမယ်။”

ထိုစကားကို ကြားသောအခါ ခမ်းနားထည်ဝါသော အမျိုးသမီးသည် သက်ပြင်းချလိုက်ပြီးနောက်

“သူက ချူးယွဲ့ရဲ့ သားဖြစ်တယ်။ ဖြစ်နိုင်ရင် သူ့အသက်ကို သခင်မချမ်းသာ‌ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။

ချန်ဝမ်းရွန်က တုံ့ပြန်မှုမပြုဘဲ ဝေးကွာသော နေရာသို့ တိတ်ဆိတ်စွာ ကြည့်နေ၏။ လေညှင်းများ တိုက်ခတ်သောကြောင့် သူမ၏ အဝတ်အစားများ တဖျတ်ဖျတ် လွင့်မြောနေသည်။

All Chapters