နတ်ဘုရားများ၏ နေဝင်ချိန်...
Vol. 32 Ch. 481
နတ်ဘုရားများစွာက ကိုယ်ပိုင်ကံကြမ္မာကို မဆုံးဖြတ်နိုင်ဘဲ သေမည့်အချိန်ကို စောင့်ဆိုင်းနေရလေသည်။ ထိုခဏတွင် နတ်ဘုရားတစ်ပိုင်းအဆင့်များက တည်ငြိမ်ခြင်းမရှိတော့ဘဲ သူတို့၏ နတ်ဘုရားမီးတောက်များပင် ငြိမ်းသေလုနီးပါးဖြစ်သွားသည်။
ယုံကြည်မှုကို စုဆောင်းတာက ဘာအကျိုးရှိတော့မှာလဲ။ ဘာလို့နတ်ဘုရားနိုင်ငံကို မြှင့်တင်နေမှာလဲ။ နတ်ဘုရားဖြစ်ပြီး အလင်းပင်လယ်ထဲ ဝင်နိုင်လျှင်တောင် သူတို့က ဘာလုပ်နိုင်မှာလဲ။ ၎င်းက လူသားနယ်မြေလောက် လုံခြုံနိုင်မှာလား။
" ပင်မနတ်ဘုရားတွေက နတ်ဘုရားတွေကို ဘာလို့သတ်နေတာလဲ။ "
" ယုံကြည်မှုအတွက်လား။ အဲ့ဒါက အဓိပ္ပါယ်မရှိဘူး။ ပင်မနတ်ဘုရား ၂၄ပါးက လူသားမျိုးနွယ်ရဲ့ ယုံကြည်မှုအများစုကို သိမ်းပိုက်ထားပြီးသားပဲ။ "
" သူတို့ရဲ့ ရာထူးကို ခြိမ်းခြောက်ခံရမှာ စိုးရိမ်လို့လား။ အဲ့ဒါလည်း မဖြစ်နိုင်ပါဘူး။ ပင်မနတ်ဘုရားတွေနဲ့ နတ်ဘုရားတွေကြား ခွန်အားကွာခြားချက်က ပြောစရာတောင်မလိုဘူး။ ပင်မနတ်ဘုရားအရေအတွက်က ကန့်သတ်ထားတာပဲ။ သူတို့က အရမ်းအရည်အချင်းရှိရင်တောင် ပင်မနတ်ဘုရားအမြုတေမရှိရင် ပင်မနတ်ဘုရားမဖြစ်နိုင်ဘူး။ "
ကောင်းကင်ရှိ ကြယ်အားလုံး၏ အထက်တွင် ခမ်းနားထည်ဝါသော ကြယ် ၂၄လုံးရှိနေသည်။ ၎င်းတို့က ပင်မနတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများ ဖြစ်ကြသည်။ ကြယ်များ ကြွေကျပြီးနောက် ထိုကြယ်၂၄လုံးကလည်း တစ်လုံးပြီးတစ်လုံး ကြွေကျလာခဲ့သည်။
တစ်လုံး၊ နှစ်လုံး... ဆယ်လုံး။
ခဏအတွင်း ပင်မနတ်ဘုရား ဆယ်ပါးကျော်၏ နတ်ဘုရားနိုင်ငံများက ကမ္ဘာမြေပေါ်သို့ ကျဆင်းသွားကြသည်။
ယခင်နတ်ဘုရားတစ်ပိုင်းအဆင့်များက စိတ်ရှုပ်ထွေးသွားကြသည်။ ၎င်းက နတ်ဘုရားများသာ သေဆုံးနေခြင်းမဟုတ်ဘဲ ပင်မနတ်ဘုရားများလည်း သေဆုံးသွားကြသည်။ ၎င်းက သူတို့ကို အလွန်ထိတ်လန့်သွားစေသည်။
ပင်မနတ်ဘုရားများကလည်း အစုလိုက်အပြုံလိုက် အသတ်ခံနေရသည်။ ဘယ်သူက သူတို့ကို သတ်ဖြတ်နေတာလဲ။ ပင်မနတ်ဘုရားများလည်း သေဆုံးနေသောကြောင့် သူတို့က ပူးပေါင်းပြီး နတ်ဘုရားများကို သတ်ဖြတ်ခြင်းမဖြစ်နိုင်တော့ပေ။
" အလင်းပင်လယ်နဲ့ အမှောင်ချောက်နက်ထဲမှာ တကယ် ဘာတွေဖြစ်နေတာလဲ။ " အသက်ကြီးသော နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ယောက်က ပြောလိုက်သည်။
" ဒါက နတ်ဘုရားတွေရဲ့ နေဝင်ချိန်ပဲ။ ဒါက နတ်းဘုရာတွေရဲ့ နေဝင်ချိန်ပဲ။ " အခြားတစ်ယောက်ကလည်း ပြောလိုက်သည်။
" မကောင်းတော့ဘူး။ နတ်ဘုရားနိုင်ငံတွေ လူသားနယ်မြေပေါ်ကျရင် အားလုံး ပျက်စီးသွားလိမ့်မယ်။ " နတ်ဘုရားတစ်ပိုင်းအဆင့်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
အားလုံးက ကောင်းကင်မှ ကြယ်များကြွေကျလာသည်ကို ကြည့်ပြီး တုန်လှုပ်နေကြသောကြောင့် အချို့ကသာ အကျိုးဆက်ကို စဉ်းစားမိကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားများ၏ စစ်ပွဲတွင် ကြယ်အနည်းငယ်က လူသားနယ်မြေထဲသို့ ကျဆင်းခဲ့ပြီး လူသားနယ်မြေတွင် ကြီးမားသော ပျက်ဆီးမှုများ ရှိခဲ့လေသည်။ နှစ်ပေါင်းသောင်းချီကြာအောင် ပြန်လည်ကောင်းမွန်ခြင်းမရှိဘဲ ၎င်းတို့က လူသားနယ်မြေ၏ တားမြစ်နေရာများ ဖြစ်လာကြသည်။
ထိုကြယ်များက နတ်ဘုရားနိုင်ငံများ ဖြစ်ပြီး ကြီးမားသော စွမ်းအားများစွာ ပါဝင်လေသည်။ ကြယ်အနည်းငယ်မှ ဖြစ်ပျက်သွားသော အကျိုးဆက်များကပင် ပြင်းထန်လှသည်။ ယခု ကြယ်များက မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းနေပြီး ထိုထဲတွင် ပက်မနတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများပင် ပါဝင်လေသည်။
ထိုနတ်ဘုရားနိုင်ငံများသာ လူသားနယ်မြေသို့ ကျဆင်းလာလျှင် သက်ရှိအားလုံး၏ ဆယ်ပုံကိုးပုံက သေဆုံးသွားမည်ဖြစ်သည်။
" ဒါက နတ်ဘုရားအားလုံးရဲ့ နေဝင်ချိန်မဟုတ်ဘူး။ သက်ရှိအားလုံးရဲ့ ပျက်စီးချိန်ပဲ။ "
ကြယ်များက လူသားနယ်မြေသို့ ကျဆင်းလာသော အရှိန်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်များက ထွက်ပြေးနိုင်မည်မဟုတ်ပေ။ ထို့အပြင် ကြယ်များစွာက တစ်ချိန်တည်း ကျဆင်းလာခြင်းကြောင့် သူတို့က ဘယ်လောက်ပြေးပြေး ကြယ်များက သူတို့ခေါင်းပေါ်တွင်သာ ရှိနေပေလိမ့်မည်။
နတ်ဘုရားတစ်ပိုင်းအဆင့်များက မျက်နှာများဖြူဖျော့သွားပြီး သူတို့ သေဆုံးတော့မည်ကို တွေးလိုက်ကြသည်။
ဝုန်း....
ထိုအချိန်တွင် အဖြူအနက် ယင်ယန်အကာအကွယ်တစ်ခုက လူသားနယ်မြေတစ်လျှောက် ဧရာမပိုက်ကွန်သဖွယ် ဖုံးလွှမ်းသွားပြီး ကျဆင်းလာသော ကြယ်များအားလုံးကို ဖမ်းယူသွားသည်။
လူသားနယ်မြေ၏ အဆုံးတွင် လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုဖြစ်သော ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က ကောင်းကင်ထက်တွင် ရပ်နေကြသည်။
လူသားနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ယင်ယန် ထိုက်ကျိပိုက်ကွန်က လင်းယွမ်၏ လက်ချက်ပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာကတည်းက လင်းယွမ်က နတ်ဘုရားနိုင်ငံများကို အာရုံစိုက်ထားခဲ့သည်။ ၎င်းတို့က နှစ်ပေါင်းသောင်းချီကြာအောင် ယုံကြည်မှုများ စုဆောင်းထားပြီး အလွန်သန့်စင်သော စွမ်းအားများကို ပိုင်ဆိုင်လေသည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က နတ်ဘုရားများနှင့် အပေးအယူလုပ်ရန် အလင်းပင်လယ်သို့ သွားခဲ့ပြီး ညှိနှိုင်းမှုမအောင်မြင်ဘဲ တိုက်ပွဲဖြစ်ပွားခဲ့လျှင် လင်းယွမ်က နတ်ဘုရားနိုင်ငံများကို ဖြုန်းတီးပစ်မည်မဟုတ်ပေ။
သူက ၎င်းတို့ကို အသုံးပြုစရာမရှိလျှင်တောင် ၎င်းတို့ကို စွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲပြီး ယွမ်ရှန်းကျင်းကို စုပ်ယသစေနိုင်လေသည်။
ဝှစ်....
ယင်ယန် ထိုက်ကျိပိုက်ကွန်ကို ဖြန့်ချလိုက်သည်နှင့် နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများစွာက လင်းယွမ်၏ အတွင်းကမ္ဘာထဲတွင် ပေါ်လာသည်။
သာမန်နဝမအလွှာတစ်ယောက်ဖြစ်လျှင် ထိုမျှများပြားသော နတ်ဘုရားနိုင်ငံများက အတွင်းကမ္ဘာကို ပေါက်ကွဲသွားစေမည်မှာ သေချာလေသည်။ သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာနီးပါးရှိလေသည်။ ထို့အပြင် လေဟာနယ်အလွှာ သန်း ၁၂၀ကိုလည်း ဖွင့်လှစ်ထားလေသည်။
အရေးကြီးဆုံးမှာ လင်းယွမ်တွင် ထိုကဲ့သို့ အတွင်းကမ္ဘာသုံးခုရှိနေခြင်းဖြစ်သည်။ တစ်ခုက မူလခန္ဓာကိုယ်၊ နောက်တစ်ခုက ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် နောက်တစ်ခုက ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ဖြစ်သည်။
နှစ်ပေါင်းသုံးရာအတွင်း လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက ပုံရိပ်ယောင်အစစ်အမှန် နည်းစနစ်ဖြင့် အသွေ့အသားများ ဖန်တီးခဲ့ပြီး ဘူးသီးခြောက်၏ အကူအညီနှင့် သူတို့၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာများက လက်ရှိအကန့်အသတ်သို့ ရောက်ခဲ့လေသည်။
" အရမ်းများတယ်။ " လင်းယွမ်၏ စိတ်ထဲတွင် ပျော်ရွှင်သွားသည်။
နတ်ဘုရားနိုင်ငံများက လင်းယွမ်၏ အတွင်းကမ္ဘာထဲသို့ ရောက်လာသည်နှင့် စွမ်းအားများအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းနှင့် ပေါင်းစပ်သွားကြသည်။
လူသားနယ်မြေတွင် သေရန် စောင့်ဆိုင်းနေကြသော နတ်ဘုရားတစ်ပိုင်းအဆင့်များက ကောင်းကင်အောက်မျိ အဖြူအနက်ပိုက်ကွန်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ လူသားနယ်မြေသို့ ကျဆင်းလာသော ကြယ်များအားလုံးက ထိုပိုက်ကွန်နှင့် ထိတွေ့ပြီး ချက်ချင်း ပျောက်ကွယ်သွားကြသည်။
" အဲ့ဒါဘာလဲ။ နတ်ဘုရာနိုင်ငံတွေ ကျဆင်းတာကို ရပ်တန့်လိုက်တာလား။ "
နတ်ဘုရားတစ်ပိုင်းအဆင့်များက မယုံကြည်နိုင်ဖြစ်နေကြသည်။ ကောင်းကင်ပေါ်မှ ကျဆင်းလာသော နတ်ဘုရားနိုင်ငံများက ကြောက်စရာကောင်းသော စွမ်းအားနှင့် သက်ရောက်မှုကို သယ်ဆောင်လာကြသည်။
မရေတွက်နိုင်သော ကြယ်များ ကျဆင်းလာခြင်းက နတ်ဘုရားအားလုံး၏ နောက်ဆုံး တိုက်ခိုက်မှုနှင့်တူပြီး ပင်မနတ်ဘုရားများပင် တိုက်ရိုက် ခံနိုင်ရည်မရှိကြပေ။ သို့သော် ထိုအဖြူအနက်ပိုက်ကွန်က ကျဆင်းလာသော ကြာ်အားလုံးကို အလွယ်တကူ သိမ်းဆည်းသွားခဲ့သည်။
" အဲ့ဒီပိုက်ကွန်ရဲ့ ပိုင်ရှင်က..." နတ်ဘုရားတစ်ပိုင်းအဆင့်များက စိတ်ထဲမှ တုန်လှုပ်သွားကြသည်။
ထိုပိုက်ကွန်၏ ပိုင်ရှင်က နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများ သေဆုံးခြင်း၏ နောက်ကွယ်မှ တရားခံဖြစ်နိုင်သည်ဟု သူတို့က တွေးမိလေသည်။ ထို့ကြောင့်သာ ကောင်းကင်မှ ကြယ်များ ကြွေကျလာသည်နှင့် ပိုက်ကွန်က ချက်ချင်း ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုမျှများပြားသော နတ်ဘုရားနိုင်ငံများကို အလွယ်တကူ ဖမ်းယူနိုင်သော ခွန်အားက နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများကိုလည်း အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
ချက်ချင်းပင် နတ်ဘုရားများ၏ ရှစ်ဆယ်ရာခိုင်နှုန်းက သေဆုံးသွားခဲ့သည်။ ကျန်သော နှစ်ဆယ်ရာခိုင်နှုန်းက အဆင့်မြင့်နတ်ဘုရားများဖြစ်ပြီး သူတို့က ဖုန်မှုန့်များဖြစ်သွားလျှင်တောင် ပြန်လည်ဖွဲ့စည်းနိုင်လေသည်။
သို့သော် လေဟာနယ်အလွှာပေါင်းများစွာ၏ အကြိမ်ကြိမ် ထိုးနှက်ချက်အောက်တွင် ထိုအဆင့်မြင့်နတ်ဘုရားများက မည်မျှပြန်လည်ဖွဲ့စည်းသည်ဖြစ်စေ သူတို့က ဖုန်မှုန့်များအဖြစ် တဖန်ပြောင်းလဲသွားကြသည်။
လင်းယွမ်၏ တိုက်ခိုက်မှုက ပင်မနတ်ဘုရားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး နတ်ဘုရားများက အကျိုးဆက်ကို ခံစားရခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအားလုံး မသေဆုံးမီ ပင်မနတ်ဘုရားများက သေဆုံးသွားကြခြင်းဖြစ်သည်။
" အဲ့ဒါ ဘယ် ဘယ်အဆင့်လဲ။ "
" မှော်ကွန်ရက်နတ်ဘုရား မင်းပြောတော့ လုံရှန်ခေါင်းဆောင်က နဝမအလွှာကို မကျော်ဘူးဆို... "
" အဲ့ဒါ အထွတ်အထိပ်နတ်ဘုရားပဲ။ အထွတ်အထိပ်နတ်ဘုရားရဲ့ စွမ်းအားပဲ။ "
ပင်မနတ်ဘုရားများက အော်ဟစ်လိုက်ကြသည်။ သူတို့က လေဟာနယ်အလွှာများ၏ တိုက်ခိုက်မှုကို ခုခံရန် နည်းလမ်းမျိုးစုံ အသုံးပြုသော်လည်း အချည်းနှီးသာဖြစ်သည်။
" သွား..." အမှောင်နတ်ဘုရားက ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် မကြာမီ အလင်းနတ်ဘုရားက လေဟာနယ်အလွှာအားပိတ်ထားသည်ကို တွေ့လိုက်ရသည်။
" အလင်းနတ်ဘုရား မင်းသေသင့်တယ်။ " အမှောင်နတ်ဘုရားက အလင်းနတ်ဘုရားကို ကျိန်ဆဲလိုက်သည်။
အလင်းပင်လယ်၏ လေဟာနယ်အလွှာကို ပိတ်ပင်ထားသော အတားအဆီးက ပင်မနတ်ဘုရားများအတွက် ချိုးဖျက်ရန် ခက်ခဲသော်လည်း အချိန်အနည်းငယ် ယူရန်သာ လိုအပ်လေသည်။ သို့သော် ယခု အချိန်ဘယ်မှာရှိတော့လို့လဲ။
ဝုန်း ဝုန်း ဝုန်း.....
အမှောင်ချောက်နက်မှ နတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးရန် ကြိုးစားလိုက်ကြသော်လည်း မအောင်မြင်ပေ။
" လုံရှန်ခေါင်းဆောင် ငါတို့ အညံ့ခံပါ့မယ်။ "
" ဟုတ်တယ်။ ငါတို့ နတ်ဘုရားအမြုတေကို ပေးပါမယ်။ ငါတို့အသက်ကို ချမ်းသာပေးပါ။ မင်းအမိန့်ပေးတဲ့အတိုင်း ငါတို့လုပ်ပါမယ်။ "
" လုံရှန်ခေါင်းဆောင် သနားကြင်နာပေးဖို့ တောင်းဆိုပါတယ်။ "
ပင်မနတ်ဘုရားများနှင့် နတ်ဘုရားများစွာ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသော အသက်ရှင်ကျန်ရစ်သူများက အလွန်ထိတ်လန့်သွားကြပြီး အညံ့ခံရန် တောင်းပန်လိုက်ကြသည်။ ရှည်ကြာစွာ အသက်ရှင်ခဲ့ရသော နတ်ဘုရားများက သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့နေခဲ့ကြသည်။
သေခြင်းနှင့် ယှဉ်သောအခါ သူတို့၏ နတ်ဘုရားအမြုတေကို ပေးအပ်လိုက်ခြင်းက အကောင်းဆုံးဖြစ်လေသည်။ အထူးသဖြင့် လင်းယွမ်၏ ခွန်အားက ပင်မနတ်ဘုရားအဆင့်ကို ကျော်လွန်ပြီး အထွတ်အထိပ်နတ်ဘုရားအဆင့်ကို ရောက်ရှိနေသောကြောင့် ဖြစ်သည်။