← Chapters

နတ်ဘုရားအမြုတေများ...

Vol. 32 Ch. 482

နတ်ဘုရားအမြုတေများ...

Vol. 32 Ch. 482

" အညံ့ခံချင်တာလား။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။

သူက နတ်ဘုရားများနှင့် ညှိနှိုင်းရန် အလင်းပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သူတို့ကသာ သူ၏ တောင်းဆိုချက်ကို သဘောတူပြီး ဆန္ဒအလျောက် နတ်ဘုရားအမြုတေများကို ပေးအပ်ခဲ့လျှင် လင်းယွမ်က သူတို့အားလုံးကို ရှင်းပစ်မည်မဟုတ်ပေ။

ယခု ပင်မနတ်ဘုရားများနှင့် နတ်ဘုရားများစွာကို သတ်ပြီးမှ သူတို့က အညံ့ခံချင်နေကြသည်။ ထိုနတ်ဘုရားများက အညံ့ခံရန် တွန့်ဆုတ်ပြီး ဆန္ဒမရှိမည်မှာ သေချာလေသည်။

ဤကမ္ဘာတွင် လင်းယွမ်၏ နေထိုင်ချိန်က နှစ် ၁၁၀၀ သာရှိလေသည်။ သူ၏ ဆင်းသက်မှုကို အဆုံးသတ်ပြီး ပြန်သွားသောအခါ နတ်ဘုရားများက ဘယ်လိုလုပ်မလဲ မသိနိုင်ပေ။

ထို့ကြောင့် လင်းယွမ်က လှုပ်ရှားသည်နှင့် သူတို့ကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ထားလေသည်။ သူက နတ်ဘုရားအမြုတေများကိုသာမက နတ်ဘုရားနိုင်ငံများကိုလည်း ပိုင်ဆိုင်နိုင်လေသည်။ ၎င်းက ယွမ်ရှန်းကျင်းကို အားဖြည့်ရာတွင် အသုံးဝင်လေသည်။

ဝုန်း ဝုန်း....

ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ လေဟာနယ်အလွှာများက ပြင်းထန်စွာ တုန်ခါသွားသည်။ အလင်းပင်လယ်တွင် နတ်ဘုရားအားလုံးက သေဆုံးသွားကြပြီး ပင်မနတ်ဘုရား ရှစ်ပါးသာ ကျန်လေသည်။ သို့သော် သူတို့က ထိုသို့ခုခံနိုင်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရလေသည်။

လင်းယွမ် စတင်လှုပ်ရှားသည့်အချိန်မှ ယခုအချိန်အထိ အသက်ဆယ်ကြိမ်ရှူချိန်ပင် မပြည့်သေးပေ။

" ပွင့်စမ်း " အလင်းနတ်ဘုရားက သူ၏ နတ်ဘုရားစွမ်းအားများကို လောင်ကျွမ်းပြီး နောက်ဆုံးတွင် အလင်းပင်လယ်၏ ချိပ်စည်းကို ဖွင့်လိုက်နိုင်သည်။

" ပြေး..."

" မြန်မြန်ပြေး "

ပင်မနတ်ဘုရားရှစ်ပါးက တုန့်ဆိုင်းခြင်းမရှိဘဲ လေဟာနယ်အလွှာများကို ထိန်းချုပ်ပြီး အလင်းပင်လယ်မှ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

လင်းယွမ်က သူ၏ နေရာတွင် ရပ်ပြီး တည်ငြိမ်စွာ ကြည့်နေသည်။ ပင်မနတ်ဘုရားများက ဤကမ္ဘာ၏ ရွေးချယ်ခံများပင် ဖြစ်သည်။ သူတို့၏ ပင်မနတ်ဘုရားအမြုတေက ဤကမ္ဘာ၏ အခွင့်အာဏာအချို့ကို ပိုင်ဆိုင်ထားလေသည်။

ပင်မနတ်ဘုရားများက ထွက်ပြေးရန် သူတို့၏ စွမ်းအားအားလုံးကို စုဆောင်းခဲ့ကြပြီး လေဟာနယ်အလွှာ သန်း ၁၂၀ ဖွင့်ထားသော လင်းယွမ်ပင် သူတို့ကို ချက်ချင်း ရပ်တန့်ရန် ခက်ခဲလေသည်။

လင်းယွမ်၏ အခြေခံက ခိုင်မာနေသော်လည်း အခြေခံအားဖြင့် သူတို့က နဝမအလွှာတွင်သာ ရှိနေဆဲ ဖြစ်သည်။ သူတို့က ဤကမ္ဘာထဲတွင် ရှိနေလျှင် သူတို့၏ လွတ်မြောက်နိုင်စွမ်းက သာမန် နဝမအလွှာများထက် ကျော်လွန်ပေလိမ့်မည်။

အစတွင် လင်းယွမ်က ပင်မနတ်ဘုရားအားလုံးကို သတ်ရန်လည်း ရည်ရွယ်ထားခြင်းမရှိပေ။ သူက နတ်ဘုရားအားနှင့် ပင်မနတ်ဘုရားများကို သတ်ဖြတ်ပြီး ကျန်ရှိသော ပင်မနတ်ဘုရားများကို တစ်ပါးချင်စီ လိုက်ဖမ်းရန်သာ ဖြစ်သည်။

ပင်မနတ်ဘုရားများတွင် အစွမ်းထက်သော လွတ်မြောက်ခြင်းနည်းစနစ်များစွာ ရှိနေလေသည်။ သို့သော် လင်းယွမ်က အားထုတ်ပြီး ပို၍ နက်ရှိုင်းသော လေဟာနယ်အလွှာများကို သိမ်းပိုက်လိုက်သည်နှင့် ထိုပင်မနတ်ဘုရားများက လှောင်အိမ်ထဲမှ ငှက်များသဖွယ် ဖြစ်သွားကြပေလိမ့်မည်။

လင်းယွမ် မမျှော်လင့်ခဲ့သည်မှာ အလင်းနတ်ဘုရား၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်၏။ သူက အလင်းပင်လယ်ကို ဆန္ဒအလျောက် ပိတ်လိုက်ပြီး ပြည့်စုံသော အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းက လင်းယွမ်ကို ပင်မနတ်ဘုရား ဆယ့်ခြောက်ပါးအား တိုက်ရိုက်ဖယ်ရှားနိုင်ရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။

ထိုအခြေအနေအောက်တွင် လင်းယွမ်က သူ၏ စွမ်းအားအပြည့် ထုတ်လွှတ်လိုက်လျှင် နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများက အသက်ရှူချိန် ငါးကြိမ်အတွင်း သေဆုံးရပေလိမ့်မည်။

သို့သော် ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းပေလိမ့်မည်။ လင်းယွမ်က နတ်ဘုရားများ၏ နတ်ဘုရားအမြုတေများ ပျက်စီးသွားမည်ကို စိုးရိမ်နေခဲ့သည်။

နတ်ဘုရားအမြုတေများက မပျက်စီးနိုင်သော အရာများမဟုတ်ပေ။ နတ်ဘုရားအမြုတေများက နတ်ဘုရားတစ်ပိုင်း အမြုတေများထက် ပို၍ မာကျောလျှင်တောင် လင်းယွမ်၏ စွမ်းအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က လောင်းကြေးမထပ်လိုပေ။

နတ်ဘုရားအမြုတေများက လင်းယွမ်အတွက် ဖြတ်လမ်းတစ်ခုဖြစ်လေသည်။ သူတို့၏ တန်ဖိုးက နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများထက် ပို၍ တန်ဖိုးရှိလေသည်။ ထို့ကြောင့် လင်းယွမ်က သူလှုပ်ရှားချိန်တွင် အလွန်သတိထားနေခဲ့ပြီး နတ်ဘုရားအမြုတေများကို မထိခိုက်စေရန် သူ၏ ခွန်အားကို ဂရုတစိုက် ထိန်းချုပ်ခဲ့သည်။

" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားရဲ့ ပင်မနတ်ဘုရားအမြုတေ။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် တောက်ပသော အဖြူရောင်နတ်ဘုရားအမြုတေတစ်ခုက ဖြည်းညင်းစွာ မျောလွင့်လာသည်။ ၎င်းက ပင်မနတ်ဘုရား၂၄ပါးမှ ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား ပိုင်ဆိုင်ခြင်းဖြစ်သည်။

အစောပိုင်း စွမ်းအားလှိုင်းတွင် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ပထမဆုံး သေဆုံးခဲ့သူဖြစ်သည်။ ၎င်းမှာ သူက အားအနည်းဆုံး ဖြစ်သောကြောင့် မဟုတ်ဘဲ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တန်ပြန်မှုကြောင့် သူ၏ ခွန်အားက ဆယ်ပုံတစ်ပုံသာ ကျန်ရှိနေသောကြောင့်ဖြစ်သည်။

ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ထိုအချိန်တွင် သူ၏ နတ်ဘုရားနိုင်ငံထဲမှာ ပုန်းနေသင့်ပြီး အပြင်ကို ထွက်မလာသင့်ပေ။ သို့သော် အထွတ်အထိပ်နတ်ဘုရားနှင့် ပက်သက်သော အခွင့်အလမ်းက သူ့ကို အလွန်ဆွဲဆောင်နိုင်လေသည်။ သူက ဒဏ်ရာရနေသော်လည်း ပူးပေါင်းပါဝင်ခဲ့လေသည်။

" အချိန်ပင်မနတ်ဘုရားအမြုတေ။ " လင်းယွမ်က အဖြူရောင်အမြုတေကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို ရှင်းလင်းချိန်တွင် လင်းယွမ်က အထူးသတိထားခဲ့လေသည်။ သူ၏ ရုပ်ခန္ဓာပျက်စီးသွားသည်နှင့် လင်းယွမ်က ပင်မနတ်ဘုရားအမြုတေကို ချက်ချင်း ကာကွယ်ခဲ့လေသည်။

" အက်ကြောင်းတွေပေါ်နေတာပဲ။ " လင်းယွမ်က နတ်ဘုရားအမြုတေပေါ်မှ အက်ကြောင်းများကို သတိထားမိလိုက်သည်။

" ဒီအက်ကြောင်းတွေက ဂိတ်တံခါးရဲ့ တန်ပြန်မှုကြောင့် ဖြစ်မယ်။ " လင်းယွက တွေးလိုက်သည်။

" သက်ရောက်မှုတော့ ရှိလောက်သေးတယ်။ " လင်းယွမ်က အချိန်ပင်မနတ်ဘုရားအမြုတေကို စိုက်ကြည့်လိုက်သည်။ ၎င်းမှတစ်ဆင့် သူက ကမ္ဘာကြီး၏ ကျယ်ပြန့်ပြီး လျို့ဝှက်ဆန်းကြယ်သော အချိန်အနှစ်သာရ၏ တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခဲ့သည်။

" နောက်မှ လေ့လာကြည့်တော့မယ်။ " လင်းယွမ်က တွေးပြီး အချိန်ပင်မနတ်ဘုရားအမြုတေကို အတွင်းကမ္ဘာထဲသို့ ထည့်လိုက်သည်။

တစ်ချိန်တည်းတွင် လင်းယွမ်က အနီးမှ တောင်ကုန်းတစ်ခုကို ကြည့်လိုက်သည်။ ၎င်းကို နတ်ဘုရားအမြုတေတောင်ကုန်းဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ အလင်းပင်လယ်မှ နတ်ဘုရားအားလုံး၏ နတ်ဘုရားအမြုတေများက ထိုနေရာတွင် ရှိနေသည်။

" နိယာမတွေအများကြီးပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။ သူက တောင်ကုန်းသဏ္ဍန် နတ်ဘုရားအမြုတေများကို ကြည့်လိုက်ချိန်တွင် အသိအမြင်များစွာက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

" နေဦး နေဦး..." လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲမှ ထွက်ခွာသွားသည်။

" နောက်ဆုံး ပင်မနတ်ဘုရားရှစ်ပါးလား။ " လင်းယွမ်က အခြားလေဟာနယ်အလွှာကို ကြည့်လိုက်သည်။

ယခင် လင်းယွမ်က သူလှုပ်ရှားလိုက်သည်နှင့် ပင်မနတ်ဘုရားအားလုံးကို ပစ်မှတ်ထားခဲ့ပြီး သူတို့က မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ သူ၏ အာရုံမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ အမှန်တွင် ထိုသို့လုပ်ရန်ပင်မလိုအပ်ပေ။ သူက ကြောင်းကျိုးနိယာမကို အသုံးပြုလိုက်သည်နှင့် သူက ထိုပင်မနတ်ဘုရားများ၏ တည်နေရာကို သိနိုင်လေသည်။

" အခုတော့ သူတို့ ပြေးစေဦး။ ငါ အရင်ဆုံး အမှောင်ချောက်နက်က နတ်ဘုရားတွေကို ရှင်းလိုက်ဦးမယ်။ " လင်းယွမ်က လေဟာနယ်အလွှာကို ဆုတ်ဖြဲပြီး အမှောင်ချောက်နက် တည်ရှိရာအလွှာထဲသို့ ဝင်ရောက်သွားသည်။

ကမ္ဘာကြီးက မည်မျှကျယ်ဝန်းသည်ဖြစ်စေ ပင်မနတ်ဘုရားများက ဤကမ္ဘာထဲမှ ထွက်သွားနိုင်မည်မဟုတ်ပေ။ ပင်မနတ်ဘုရားများက ကောင်းကင်နှင့်မြေကြီး၏ အခွင့်အာဏာကို ကိုင်စွဲထားကြသည်။ ထို့ကြောင့် သူတို့ ဤကမ္ဘာမှ ထွက်ခွာသွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပင်မနတ်ဘုရားအမြုတေများက ကွဲကြေသွားပေလိမ့်မည်။

သမိုင်းတစ်လျှောက်တွင် ပင်မနတ်ဘုရားများ၏ အရေအတွက်က ၂၄ပါးသာရှိပြီး တိုးလာခြင်းမရှိသကဲ့သို့ လျော့သွားခြင်းလည်း မရှိပေ။ သမိုင်းထဲတွင် ပင်မနတ်ဘုရားများက ပျောက်ကွယ်သွားကြသော်လည်း သူတို့၏ ပင်မနတ်ဘုရားအမြုတေများက ဤကမ္ဘာ၏ တစ်နေရာတွင် ပြန်ပေါ်လာကြသည်။ ထို့ကြောင့် လင်းယွမ်က သူတို့ကို ထွက်ပြေးခွင့်ပေးခဲ့ခြင်းပင်ဖြစ်သည်။

နက်ရှိုင်းသော လေဟာနယ်အလွှာထဲတွင် အမှောင်နတ်ဘုရားက ထိတ်လန့်စွာ ထွက်ပြေးနေသည်။

" ငါ ဒီကိစ္စထဲ ဝင်မပါခဲ့သင့်ဘူး။ အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်တဲ့ အခွင့်အလမ်းဆိုတာ အဓိပ္ပါယ်မရှိတာပဲ။ "

အလင်းပင်လယ်ထဲမှ အတွေ့အကြုံက သူ့ကို အလွန်ကြောက်ရွံ့စေခဲ့သည်။ မပျက်စီးနိုင်သော နတ်ဘုရားခန္ဓာက လုံရှန်ခေါင်းဆောင်၏ ရှေ့တွင် အားနည်းနေသည်ဟု ထင်ရသည်။

အလင်းနတ်ဘုရား၏ ချိပ်စည်းက အနည်းငယ် နောက်ကျမှ ပွင့်သွားခဲ့လျှင် သူက အခြားနတ်ဘုရားများကဲ့သို့ အလင်းပင်လယ်ထဲတွင် ထာဝရ နေထိုင်သွားရပေလိမ့်မည်။

" ကြောက်စရာကောင်းတယ်။ တကယ်ကြောက်စရာကောင်းတယ်။ " အမှောင်နတ်ဘုရားက ဦးရေပြားများ ထုံကျဉ်သွားသည်။ " ဒါပေမယ့် အခု ငါက နက်ရှိုင်းတဲ့ လေဟာနယ်အလွှာတစ်ခုမှာ ပုန်းနေပြီး အဆက်မပြတ် လှုပ်ရှားနေတော့ လုံရှန်ခေါင်းဆောင်က ငါ့ကို ရှာမတွေ့လောက်ပါဘူး။ "

" ဘာ... အမှောင်ချောက်နက်က နတ်ဘုရားတွေက လုံရှန်ခေါင်းဆောင်သတ်တာ ခံနေရလို့ ငါ့ကို အကူအညီတောင်းနေတာလား။ " အမှောင်နတ်ဘုရားက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

ဤကမ္ဘာကြီးထဲတွင် ဒုတိယမြောက်မွေးဖွားလာသော ပင်မနတ်ဘုရားဖြစ်သောကြောင့် အမှောင်နတ်ဘုရားက အမှောင်ချောက်နက်ကို တည်ထောင်ခဲ့ပြီး ထိုထဲတွင် နေထိုင်သော နတ်ဘုရားများနှင့် ဆက်သွယ်နိုင်လေသည်။

" ငါက ငါကိုငါတောင် မကယ်နိုင်တာ။ မင်းတို့ကို ဘယ်လိုဂရုစိုက်နေနိုင်မှာလဲ။ " အမှောင်နတ်ဘုရားက တွေးလိုက်သည်။ " မင်းတို့က ငါ့ကို ခေါ်လို့ရသေးတယ်။ ငါက ဘယ်သူ့ကို ခေါ်ရမှာလဲ။ "

အမှောင်နတ်ဘုရားက ကူကယ်ရာမဲ့သွား၏။ သူက ပင်မနတ်ဘုရားဖြစ်ချိန်မှစ၍ ထိုကဲ့သို့ သနားစရာအဖြစ်မျိုး တစ်ခါမှမကြုံတွေ့ဖူးပေ။ သူက ယခင် အလင်းနတ်ဘုရားနှင့် တိုက်ပွဲများမှာတောင် ထိုကဲ့သို့ စိတ်ပျက်အားငယ်မှုမျိုး မခံစားခဲ့ရပေ။

ခဏအကြာတွင် လင်းယွမ်က အမှောင်ချောက်နက်မှ ထွက်ခွာသွားသည်။

" အခု မင်းတို့အလှည့်ပဲ။ " လင်းယွမ်က အလင်းပင်လယ်မှ ပင်မနတ်ဘုရားတစ်ပါး ထွက်ပြေးနေသော လေဟာနယ်အလွှာတစ်ခုကို ကြည့်လိုက်သည်။

" သက်တန့်နဂါးနတ်ဘုရားလား။ " လင်းယွမ်၏ ပုံရိပ်က တဖန် ပျောက်ကွယ်သွားပြီး အမဲလိုက်ခြင်းကို စတင်လိုက်သည်။

All Chapters