← Chapters

အသက်ရှင်နေသေးသော လုံရှန်ခေါင်းဆောင်....

Vol. 32 Ch. 483

အသက်ရှင်နေသေးသော လုံရှန်ခေါင်းဆောင်....

Vol. 32 Ch. 483

လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးတွင် ပေပေါင်းသန်းချီရှိသော သက်တန့်နဂါးနတ်ဘုရားက အသည်းအသန် ထွက်ပြေးနေသည်။ သူ၏ နဂါးခန္ဓာမှ လှုပ်ရှားမှုတိုင်းက လေဟာနယ်အလွှာများစွာကို ဖြတ်သန်းသွားသည်။

ထိုအချိန်တွင် သက်တန့်နဂါးနတ်ဘုရားရှိနေသော လေဟာနယ်အလွှာက ချက်ချင်း သိမ်းပိုက်ခံလိုက်ရပြီး ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

" လုံရှန်ခေါင်းဆောင်..." သက်တန့်နဂါးနတ်ဘုရားက အနည်းငယ် စိတ်ပျက်သွားသည်။ " မင်းက ဘယ်လိုလုပ် ဒီလောက်မြန်နိုင်ရတာလဲ။ "

ပင်မနတ်ဘုရားတစ်ပါးဖြစ်သကဲ့သို့ သက်တန့်နဂါးနတ်ဘုရားက လေဟာနယ်ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်လှပြီး လင်းယွမ်က အချိန်တိုအတွင်း ဖမ်းမိနိုင်လိမ့်မည်ဟု သူက မမျှော်လင့်ခဲ့ပေ။

" မင်းပြောချင်တဲ့ နောက်ဆုံးစကားရှိသေးလား။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

အမှန်တော့ သူက လေဟာနယ်အလွှာများ ပိုပြီး ထိန်းချုပ်နိုင်ရန် အခွင့်အရေးယူနေခြင်းဖြစ်သည်။ နဝမအလွှာများကြား တိုက်ပွဲများက မရေတွက်နိုင်သော လေဟာနယ်အလွှာများကြား ဖြစ်ပွားခြင်းဖြစ်သည်။

လင်းယွမ်က လေဟာနယ်အလွှာများစွာကို ဖွင့်ခဲ့လျှင်တောင် အားသာချက်တစ်ခုရရှိရန် ၎င်းတို့ကို အပြည့်အဝ သိမ်းပိုက်ထားရမည်ဖြစ်သည်။ လုံးဝမသိမ်းပိုက်နိုင်မီ လေဟာနယ်နိယာမတွင် ကျွမ်းကျင်မှုရှိသော သက်တန့်နဂါးနတ်ဘုရားလို ပင်မနတ်ဘုရားက ထွက်ပြေးရန် အခွင့်အရေးရှိနေဆဲ ဖြစ်သည်။

" လုံရှန်ခေါင်းဆောင် ငါ့ရဲ့ သက်တန့်နဂါးမျိုးနွယ်သွေးက မင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ စီးဆင်းနေတာ ငါခံစားနိုင်ပါတယ်။ " သက်တန့်နဂါးနတ်ဘုရားက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ငါတို့က ဆွေမျိုးတွေပဲ။ "

သက်တန့်နဂါးနတ်ဘုရားက သွေးမျိုးဆက်ကို အသုံးချပြီး လင်းယွမ်ကို တောင်းပန်ရန် ရည်ရွယ်နေသည်။ ဤအချိန်တွင် သူက အသက်ရှင်ရန် ဘာမဆိုလုပ်မည်ဖြစ်သည်။

" ဆွေးမျိုးလား။ " လင်းယွမ်က ပြုံးလိုက်သည်။ အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကို တောင်းချိန်တွင် ဘယ်သူမှဆွေမျိုးတော်စပ်မှုအကြောင်း မပြောခဲ့ပေ။ ယခု သေခြင်းတရားကို ရင်ဆိုင်ရမှ ဆွေးမျိုးလာစပ်ပြနေခဲ့သည်။

" မင်းလည်း ပိုဝေးတဲ့ လေဟာနယ်အလွှာကို ရွေ့လျားနေတယ်ဆိုတာ ငါသိတယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

သူက လေဟာနယ်အလွှာများကို ဆက်လက်သိမ်းပိုက်နေစဉ် သက်တန့်နဂါးနတ်ဘုရားကလည်း သတ်ခံရန် စောင့်နေမည်မဟုတ်ပေ။ သူက အသက်ရှင်ရန် နည်းလမ်းတိုင်းကို ကြိုးစားကြည့်ပေလိမ့်မည်။

အလင်းပင်လယ်တွင် ပြသခဲ့သော လင်းယွမ်၏ ခွန်အားအရ သက်တန့်နဂါးနတ်ဘုရားက သူ့ကို လုံးဝ တိုက်ရိုက် ရင်မဆိုင်နိုင်သည်ကို သိနေလေသည်။ ထို့ကြောင့် သူက မွေးရာပါစွမ်းရည်ကို အသုံးပြုပြီး လေဟာနယ်အလွှာများကြား ချက်ချင်း ရွေ့လျားနေခြင်းဖြစ်သည်။

သို့သော် သက်တန့်နဂါး၏ အစီအစဉ်က လင်းယွမ်ဆီမှ ဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ပေ။ လေဟာနယ်အလွှာ သန်း ၁၂၀ ကို သိမ်းပိုက်ထားသော လင်းယွမ်၏ လေဟာနယ်အပေါ် အာရုံခံနိုင်စွမ်းက ကြောက်စရာကောင်းသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။

" သေ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ ကြီးမားသော ခွန်အားက သက်တန့်နဂါးနတ်ဘုရားပေါ်သို့ ဖိနှိပ်လာသည်။

" မဟုတ်ဘူး။ " သက်တန့်နဂါးနတ်ဘုရားက အားလုံးကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ သူက ပို၍ ဝေးကွာသော လေဟာနယ်အလွှာများကို ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သူ၏ ပတ်ဝန်းကျင်မှ လေဟာနယ်က ချိပ်ပိတ်ခံထားရသည်ကို တွေ့ရှိခဲ့ရသည်။

"ငါက အထွတ်အထိပ်နတ်ဘုရားရဲ့ ခွန်အားအောက်မှာ သေဆုံးရတာ ထိုက်တန်ပါတယ်။ " သက်တန့်နဂါးနတ်ဘုရား၏ ခန္ဓာကိုယ်က ပြိုကွဲသွားသည်။

တစ်ချိန်တည်းတွင် သက်တန့်ရောင်အလင်းများနှင့် ပင်မနတ်ဘုရားအမြုတေက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်။

" ဒီပင်မနတ်ဘုရားအမြုတေက..." လင်းယွမ်က သေချာစစ်ဆေးလိုက်သည်။

အခြားပင်မနတ်ဘုရားအမြုတေများနှင့် ယှဉ်လိုက်သောအခါ သက်တန့်နဂါးနတ်ဘုရား၏ အမြုတေက အနည်းငယ် ထူးခြားနေသည်။ အရောင်ခုနှစ်မျိုးက မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့က နိယာမခုနှစ်မျိုးပင်ဖြစ်သည်။

လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သက်တန့်နဂါးနတ်ဘုရားက သူပိုင်ဆိုင်ထားသော နိယာမခုနှစ်မျိုးကို အသုံးပြုရန် အခွင့်အရေးပင်မရှိခဲ့ပေ။

" ခုနှစ်ယောက် ကျန်သေးတယ်။ " လင်းယွမ်က ပင်မနတ်ဘုရားအမြုတေကို သိမ်းဆည်းလိုက်ပြီး သူ၏ ပုံရိပ်က တဖန် ပျောက်ကွယ်သွားခဲ့သည်။

အချိန်များကုန်လွန်လာပြီး လူသားနယ်မြေမှ နတ်ဘုရားတစ်ပိုင်းအဆင့်များက ကောင်းကင်သို့ အာရုံစိုက်နေကြသည်။

ယခင်တောက်ပသော ကြယ်များနှင့် ပြည့်နှက်နေသော ကောင်းကင်က ယခု မှိန်ဖျော့ပြီး အလင်းရောင်ပင် မရှိတော့ပေ။ ပင်မနတ်ဘုရာယများကို ကိုယ်စားပြုသော ကြယ်များကလည်း ယခု ငါးလုံး ခြောက်လုံးသာ ကျန်တော့လေသည်။

ကျန်ရှိသော ကြယ်ငါးလုံး ခြောက်လုံးကလည်း ကြာရှည်မခံဘဲ မကြာမီ နှစ်လုံးက ကြွေကျသွားခဲ့သည်။ လူသားနယ်မြေမှ မရေတွက်နိုင်သော သက်ရှိများက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းများကို မြင်လိုက်ရသောကြောင့် တုန်လှုပ်ပြီး ဆွံ့အသွားကြသည်။

လုံရှန်ခန်းမ၏ အပြင်ဘက်တွင် လုံရှန်မျိုးနွယ်ဝင်များကလည်း အလင်းရောင်မရှိသော ကောင်းကင်ကို စိုက်ကြည့်နေကြသည်။ တစ်ချိန်က ထိုနေရာတွင် လူတိုင်းလေစားရသော နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများ ထာဝရတည်ရှိခဲ့သော နေရာဖြစ်သည်။

" ခေါင်းဆောင်က အသက်ရှင်နေတုန်းပဲလို့ ငါခံစားနေရတယ်။ သွေးမျိုးဆက်က ရှိနေတုန်းပဲ မဟုတ်လား။ " လုံရှန်မျိုးနွယ်၏ အဓိက အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်သည်။

ဤကမ္ဘာတွင် လင်းယွမ်၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က သွေးမျိုးဆက်ကို အဓိကထား၍ ပြောင်းလဲထားခဲ့သည်။ အခြေခံအားဖြင့် သူတို့အားလုံးက သွေးမျိုးဆက်၏ အဆုံးစွန်သော အလားအလာကို အဆက်မပြတ် ရှာဖွေကြခြင်းဖြစ်သည်။ သက်တမ်းက တိုတောင်းလွန်းသောကြောင့် ပြင်ပနိယာမကို နားလည်ခြင်းက ထိရောက်မှုနည်းပါးလှသည်။

မိမိ၏ သွေးမျိုးဆက်မှ မွေးရာပါအလားအလာကို အားကိုးခြင်းဖြင့်သာ နှစ်ပေါင်းတစ်ထောင်မတိုင်မီ နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် နတ်ဘုရားနိုင်ငံကို မြှင့်တင်ပြီး နတ်ဘုရားဖြစ်လာရန် မျှော်လင့်နိုင်လေသည်။

ထို့ကြောင့် ဤကမ္ဘာက သွေးမျိုးဆက်များအပေါ် အာရုံခံစားရလွယ်ကူလေသည်။ အထူးသဖြင့် တူညီသော သွေးမျိုးဆက်ရှိသည့် မျိုးနွယ်တူများ ဖြစ်သည်။

လုံရှန်မျိုးနွယ်တွင် အသန်မာဆုံးဖြစ်သော လင်းယွမ်၏ သွေးမျိုးဆက်ကို လုံရှန်မျိုးနွယ်ဝင်များက တိတိကျကျ မခံစားနိုင်ကြသော်လည်း သွေးမျိုးဆက်၏ တည်ရှိမှု၊ ပျောက်ကွယ်မှုတို့ကို လုံရှန်မျိုးနွယ်ဝင်များက ခံစားနိုင်ပြီး သူတို့၏ သွေးမျိုးတက်မှ ဝမ်းနည်းမှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

သို့သော် ယခုအချိန်ထိ လုံရှန်မျိုးနွယ်ဝင်များက ထိုသို့ မခံစားရပေ။ အထူးသဖြင့် လင်းယွမ်၏ မိဘများဖြစ်သော လုံရှန်ဖန်တို့ ဇနီးမောင်နှံဖြစ်သည်။ သူတို့၏ သား သေဆုံးခြင်းကို မခံစားကြရပေ။

" ခေါင်းဆောင်က မသေသေးဘူးပဲ။ " လုံရှန်မျိုးနွယ်ဝင်များက မယုံကြည်နိုင်ဖြစ်နေကြသည်။

သူတို့၏ ခေါင်းဆောင်က အလင်းပင်လယ်ထဲသို့ ဝင်ရောက်သွားသည်ကို ကိုယ်တိုင်မြင့်တွေ့ခဲ့ကြရသည်။ ထို့နောက် နတ်ဘုရားများစွာက သေဆုံးနေကြချိန်တွင် သူတို့ခေါင်းဆောင်က အသက်ရှင်လျှက် ရှိနေလေသည်။

သူတို့က ခေါင်းဆောင် သေဆုံးရန် မျှော်လင့်နေကြခြင်းမဟုတ်ပေ။ သို့သော် နတ်ဘုရားအားလုံးနီးပါး သေဆုံးသွားပြီး ပင်မနတ်ဘုရားများ ပျောက်ကွယ်လုနီးပါးဖြစ်နေချိန်တွင် အလင်းပင်လယ်မှ ခေါင်းဆောင်က ဘာထိခိုက်မှုမှ ရှိမနေခဲ့ပေ။

လုံရှန်မျိုးနွယ်ဝင်များက သူတို့ခေါင်းဆောင်၏ ခွန်အားကို ယုံကြည်ကြလျှင်တောင် နတ်ဘုရားများနှင့် နတ်ဘုရားအားလုံးပေါင်းထက် ပိုသန်မာလိမ့်မည်ဟု ယုံကြည်ကြမည်မဟုတ်ပေ။

" ဖြစ်နိုင်တာက..." လုံရှန်မျိုးနွယ်မှ အကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ကြောက်စရာကောင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

ထိုအတွေးက မယုံကြည်နိုင်စရာကောင်းလှသည်။ သို့သော် လက်ရှိအဖြစ်အပျက်များက ထိုအတွေးနှင့် ကိုက်ညီနေသည်။ လုံရှန်မျိုးနွယ်ဝင်များက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး တူညီသောအတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင်လည်း ပေါ်လာကြသည်။

သူတို့၏ ရှေ့မှ နတ်ဘုရားများ၏ သေဆုံးမှုက သူတို့ခေါင်းဆောင်နှင့် ပက်သက်နေတာလား။ သို့မဟုတ် ခေါင်းဆောင်ကိုယ်တိုင် လုပ်ခဲ့တာလား။

ထိုအတွေးက အထောက်အထားနှစ်ခုအပေါ်တွင် မူတည်လေသည်။ ပထမတစ်ချက်မှာ နတ်ဘုရားများ၏ တစ်ပြိုင်နက် သေဆုံးမှုက ခေါင်းဆောင် အလင်းပင်လယ်ထဲ ဝင်သွားပြီးနောက် ချက်ချင်း စတင်ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသောအခါ ခေါင်းဆောင် ရောက်သွားသည်နှင့် ဖြစ်ပျက်လာတာလား။ ထိုသို့ဖြစ်လျှင်တောင် လူတိုင်းက သံသယမရှိဘဲ သူတို့ခေါင်းဆောင်၏ ကံမကောင်းမှုဟု တွေးနိုင်လေသည်။ သို့သော် ယခုအချိန်ထိ ဘိုးဘေး၏ သွေးမျိုးဆက်က အမှောင်ကျနေသော ကောင်းကင်နှင့် ဆန့်ကျင်စွာ အသက်ရှင်နေဆဲ ဖြစ်သည်။

" ခေါင်းဆောင်က နတ်ဘုရားတွေကို သတ်နေတာလား။ " လုံရှန်မျိုးနွယ်ဝင်များက စိတ်ဝိညာဉ်များပင် တုန်ယင်သွားကြသည်။ သူတို့ထဲမှ အများစုက လင်းယွမ်၏ သန်မာလာမှုကို မြင်တွေ့ခဲ့ကြရသည်။

နှစ်ပေါင်းရာချီအတွင်း လင်းယွမ်က ဒဏ္ဍာရီများကို ဖန်တီးခဲ့သည်။ ပထမမျိုးဆက် မြို့စားလုံရှန်၏ သွေးမျိုးဆက် ကန့်သတ်ချက်ကို ချိုးဖျက်ပြီး လုံရှန်မျိုးနွယ်၏ သမိုင်းတွင် ပထမဆုံး အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်း ဖြစ်လာခဲ့သည်။

သို့သော် လူတစ်ယောက်၏ ခွန်အားနှင့် နတ်ဘုရားအားလုံးကို သတ်ဖြတ်ခြင်းက ဖြစ်နိုင်ပါ့မလား။

" ခေါင်းဆောင်ပြန်လာတာကို စောင့်ရအောင်။ ပြီးရင် သူ့ကိုမေးလို့ရတာပဲ။ " လုံရှန်လင်းက အသက်ပြင်းပြင်းရှူလိုက်သည်။ သူတို့က ဖြစ်နိုင်ခြေကို တွေးမိကြသော်လည်း သူတို့ခေါင်းဆောင်၏ အတည်ပြုချက်မရမီ မယုံကြည်နိုင်ကြသေးပေ။

All Chapters