သာမန်နန်းတော်တစ်ခု...
Vol. 32 Ch. 484
လေဟာနယ်အလွှာ၏ နက်ရှိုင်းသော နေရာတစ်ခုတွင် လင်းယွမ်က ရှေ့မှ အသည်းအသန် ထွက်ပြေးနေသော ပုံရိပ်နှင့် လျင်မြန်စွာ နီးကပ်လာသည်။
" အလင်းနတ်ဘုရား "လင်းယွမ်က နောက်ဆုံးကျန်နေသော အလင်းနတ်ဘုရားကို ကြည့်လိုက်သည်။
သူက ဤကမ္ဘာတွင် ပထမဆုံး မွေးဖွားလာသော ပင်မနတ်ဘုရားဖြစ်ပြီး ပင်မနတ်ဘုရား ၂၄ပါးထဲတွင် အသန်မာဆုံးလည်း ဖြစ်သည်။ နှစ်များစွာအတွင်း အမှောင်နတ်ဘုရားက သူ့ကို တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
" လုံရှန်ခေါင်းဆောင် မင်းက အထွတ်အထိပ်နတ်ဘုရား မဟုတ်ဘူး။ မင်းက အထွတ်အထိပ်နတ်ဘုရား လုံဝ မဟုတ်ဘူး။ " အလင်းနတ်ဘုရားက စိတ်ပျက်အားငယ်နေသည်။ သူက လေဟာနယ်အလွှာများကို ဆက်တိုက်ထိုးဖောက်နေပြီး ဤကမ္ဘာမှ လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရန် ကြိုးစားနေသည်။
" ငါက အထွတ်အထိပ်နတ်ဘုရား ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းကတော့ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အလင်းနတ်ဘုရားက အခြားပင်မနတ်ဘုရားများနှင့် နတ်ဘုရားများကို ခေါ်ယူပြီး လင်းယွမ်ဆီမှ အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကို သိမ်းယူရန် ကြိုးစားခဲ့သည်။
လင်းယွမ်၏ ခွန်အားက လုံလောက်ခြင်းမရှိဘဲ သတ္တမအလွှာ သို့မဟုတ် နဝမအလွှာတွင်သာ ရှိနေလျှင် ယခုအချိန် ထွက်ပြေးရမည်သူက သူပင် ဖြစ်ပေလိမ့်မည်။
ရန်သူများကို ရင်ဆိုင်ရချိန်တွင် လင်းယွမ်က သူတို့ကို အမြဲတမ်း အမြစ်ပြတ် သုတ်သင်လေသည်။ သူတို့ကို အပြစ်မရှိဟုလည်း ပြော၍မရပေ။ သူတို့က ယုံကြည်မှုများ စုဆောင်းရန် သာမန်လူများအပေါ် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သူများဖြစ်ကြသည်။
ဥပမာ တပ်မက်ခြင်းမိခင်နတ်ဘုရားက တက်မက်ခြင်းဘုရားကျောင်းကို တည်ထောင်ပြီး အရာရှိများနှင့် လူချမ်းသာများကို ကာမစည်းစိမ်ဖြင့် သွေးဆောင်ခဲ့သည်။
နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများ၏ အမြင်တွင် သက်ရှိများက သူတို့မွေးမြူထားသော တိရိစ္ဆာန်များသာ ဖြစ်သည်။ သူတို့၏ ယုံကြည်မှုစွမ်းအားကို မထိခိုက်သရွေ့ မည်သူကိုမှ သူတို့စိုးရိမ်မည်မဟုတ်ပေ။
ယခု နတ်ဘုရားများနှင့် ပင်မနတ်ဘုရားများကို ပုရွက်ဆိတ်များသဖွယ် သတ်မှတ်သော လင်းယွမ်ကလည်း ဘာအမှားမှ မရှိပေ။
" လုံရှန်ခေါင်းဆောင် မင်းငါ့ကို လွှတ်ပေးရင် အထွတ်အထိပ်နတ်ဘုရားရဲ့ လျို့ဝှက်ချက်တွေကို ငါမင်းကို ပြောပြမယ်။ " လင်းယွမ်က ပို၍ နီးကပ်လာသောအခါ အလင်းနတ်ဘုရားက ချက်ချင်း အော်လိုက်သည်။
သူက ပထမဆုံး ပင်မနတ်ဘုရားဖြစ်ပြီး လျို့ဝှက်ချက်များစွာကို သိထားလေသည်။ ဘယ်သူမှ အထွတ်အထိပ်နတ်ဘုရားကို မမြင်ဖူးကြသော်လည်း အလင်းနတ်ဘုရားက အထွတ်အထိပ်နတ်ဘုရားနှင့် ပက်သက်သော လျို့ဝှက်ချက်ကို အမှန်တကယ် သိထားလေသည်။
" မင်းက လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့ နန်းတော်အကြောင်း ပြောနေတာလား။ " လင်းယွမ်က ပြောလိုက်သည်။
သူက လေဟာနယ်အလွှာများစွာကို သိမ်းပိုက်လိုက်ချိန်တွင် လေဟာနယ်၏ အနက်ရှိုင်းဆုံးမှ ရှေးဟောင်းနန်းတော်တစ်ခုကို သတိထားမိခဲ့သည်။ သို့သော် သူက ပင်မနတ်ဘုရားများကို လိုက်ဖမ်းနေရသောကြောင့် ၎င်းကို စစ်ဆေးခြင်းမပြုခဲ့ပေ။ ယခု အလင်းနတ်ဘုရား ထွက်ပြေးနေသော ဦးတည်ချက်က လေဟာနယ်၏ အနက်ရှိုင်းဆုံးမှ ရှေးဟောင်းနန်းတော်သို့ ဖြစ်သည်။
" မင်းသိနေတာလား။ " အလင်းနတ်ဘုရားက မယုံကြည်နိုင်ဖြစ်သွားသည်။ သူက လျို့ဝှက်ဆန်းကြယ်သော နန်းတော်ကို ပထမဆုံး ရှာတွေ့ခဲ့သူဖြစ်ပြီး ၎င်းက အထွတ်အထိပ်နတ်ဘုရားနှင့် သက်ဆိုင်သည်ဟု ထင်ခဲ့သည်။ သို့သော် သူက အသုံးဝင်သော အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။
" မင်းက အရမ်းအားနည်းတယ်။ ငါ့ရဲ့ အဆင့်နဲ့ ဒီကမ္ဘာမှာ လျို့ဝှက်ချက်တွေမရှိတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက လေဟာနယ်အလွှာ သန်း ၁၂၀ ကို ဖန်တီးခဲ့ပြီး ဤကမ္ဘာ၏ လေဟာနယ်အလွှာက ထရီလီယံလောက်သာ ရှိလေသည်။ ထို့ကြောင့် သူသာ ဆန္ဒရှိလျှင် အချိန်အနည်းငယ်ကို အသုံးပြုခြင်းဖြင့် ဤကမ္ဘာ၏ လေဟာနယ်အလွှာအားလုံးကို အပြည့်အဝ ရှာဖွေနိုင်လေသည်။
" သေစမ်း " လင်းယွမ်က အလင်းနတ်ဘုရား၏ အနီးသို့ ချဉ်းကပ်သွားသည်။
" ဒါက သေခြင်းကို ခံစားရတာလား။ " အလင်းနတ်ဘုရားက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်က ပျက်ဆီးသွားခဲ့သည်။
" အလင်းပင်မနတ်ဘုရာအမြုတေ " လင်းယွမ်က သူ၏ ညာလက်ကို ဆန့်လိုက်ပြီး အလင်းရောင်များ ထွက်ပေါ်နေသော နတ်ဘုရားအမြုတေတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာသည်။
" ဒါက တကယ်တမ်း အလင်းနဲ့ အချိန်ရဲ့ နိယာမတွေ ပါဝင်နေတာပဲ။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။
အလင်းနတ်ဘုရားက ပထမဆုံးပင်မနတ်ဘုရားဖြစ်ပြီး အသန်မာဆုံး ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူ၏ နတ်ဘုရားအမြုတေတွင် နိယာမနှစ်ခု၏ အနှစ်သာရများ ပါဝင်နေသည်။
၎င်းက သက်တန့်နဂါးနတ်ဘုရား၏ နိယာမခုနှစ်မျိုးနှင့် နှိုင်းယှဉ်၍ မရလျှင်တောင် အချိန်နှင့် အလင်းတို့က အသန်မာဆုံးနိယာမများထဲတွင် ပါဝင်လေသည်။
" ဒါပေမယ့် အစောက ထွက်ပြေးတုန်းမှာ အလင်းနတ်ဘုရားက အချိန်နဲ့ပက်သက်တဲ့ စွမ်းရည်တွေကို အသုံးမပြုခဲ့ဘူး။ " လင်းယွမ်က စဉ်းစားလိုက်ပြီး အကြောင်းရင်းကို နားလည်သွားသည်။
အချိန်နိယာမက နက်ရှိုင်းလှပြီး အသုံးပြုရန် ရန်သူ၏ ခွန်အားကိုလည်း ထည့်တွက်ရလေသည်။ ဥပမာ အချိန်ရပ်တန့်ခြင်းစွမ်းရည်က အနီးကပ်တိုက်ခိုက်မှု သို့မဟုတ် ထွက်ပြေးခြင်းတွင် အသုံးဝင်လေသည်။ သို့သော် ခွန်အားကွာခြားမှုက ကြီးမားနေသောအခါ ၎င်းက အသုံးမဝင်တော့ပေ။
အလင်းနတ်ဘုရားက လင်းယွမ်၏ ခွန်အားကို နားလည်သောကြောင့် သေဆုံးချိန်ထိ အချိန်နှင့် ပက်သက်သော စွမ်းရည်များကို အသုံးပြုခြင်းမရှိခဲ့ပေ။ တကယ်တော့ အချိန်နိယာမသာ မဟုတ်ဘဲ အခြားနိယာမနှင့် စွမ်းရည်များကလည်း ခွန်အားကွာခြားမှုက အဆင့်တစ်ခုသို့ ရောက်သောအခါ အသုံးဝင်ခြင်းမရှိတော့ပေ။
လင်းယွမ်ကဲ့သို့ပင် သူက လေဟာနယ်အလွှာ သန်း ၁၂၀ကို ဖန်တီးထားပြီး မည်သည့်နည်းစနစ်များမလိုဘဲ နဝမအလွှာများကို ဖိနှိပ်နိုင်လေသည်။ အကြွင်းမဲ့ ခွန်အား၏ အောက်တွင် နည်းစနစ်များက သရုပ်ပြမှုတစ်ခုသာ ဖြစ်သည်။
" ဒီကိုရောက်နေပြီဆိုတော့..." လင်းယွမ်က အလင်းနတ်ဘုရားအမြုတေကို သိမ်းဆည်းလိုက်ပြီး လေဟာနယ်၏ အနက်ရှိုင်းဆုံးမှ ရှေးဟောင်းနန်းတော်ကို ကြည့်လိုက်သည်။
အစတွင် လင်းယွမ်က ၎င်းကို အားလုံး ဖြေရှင်းပြီးမှ စစ်ဆေးရန် စီစဉ်ထားသောလည်း ယခု ဤနေရာသို့ ရောက်နေပြီဖြစ်သောကြောင့် သွားကြည့်လိုက်သည်က ပိုကောင်းလေသည်။
ဝှစ်...
ထိုက်ယန်မူလစိတ်ဝိညာဉ်က လင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။ လင်းယွမ်က နတ်ဘုရားအမြုတေအားလုံးကို ထိုက်ယန်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာထဲသို့ လွှဲပြောင်းပေးပြီးနောက် လေဟာနယ်၏ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားသည်။
အပြင်တွင် မူလစိတ်ဝိညာဉ်နှစ်ခု ရှိနေသောကြောင့် သူက နန်းတော်အတွင်း တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်တောင် ပြန်လည်ရှင်သန်နိုင်လေသည်။
ရှေးဟောင်းနန်းတော်က ကြီးကျယ်ခမ်းနားလှသည်။ လေထုထဲတွင် ကြီးမားသော ဖိအားတစ်ခုက ပြည့်နှက်နေပြီး ပင်မနတ်ဘုရားများပင် ခုခံရန် ခက်ခဲလှသည်။ ထို့ကြောင့် အလင်းနတ်ဘုရားက ထိုနန်းတော်ကို အထွတ်အထိပ်နတ်ဘုရားနှင့် သက်ဆိုင်သည်ဟု တွေးခဲ့ခြင်းဖြစ်သည်။ အထွတ်အထိပ်နတ်ဘုရားမှ လွဲ၍ ထိုကဲ့သို့သော နန်းတော်ကို ဘယ်သူမှတည်ဆောက်နိုင်မည်မဟုတ်ပေ။
" အထွတ်အထိပ်နတ်ဘုရားလား။ " လင်းယွမ်က နန်းတော်ဆီသို့ လျှောက်သွားနေပြီး စိတ်ထဲမှ အနည်းငယ် သတိထားနေသည်။
သူ၏ ခွန်အားနှင့် ဖိအားကို လျစ်လျူရှုထားနိုင်သော်လည်း ဤနေရာက ပင်မနတ်ဘုရားတစ်ပါး၏ နေရာမဖြစ်နိုင်ပေ။ အထွတ်အထိပ်နတ်ဘုရားသာ တကယ်ရှိခဲ့လျှင် ထိုတည်ရှိမှု၏ နေရာဖြစ်နိုင်လေသည်။
နေ့တစ်ဝက်ကြာပြီးနောက် လင်းယွမ်က နန်းတော်တစ်ခုလုံးကို လှည့်ပတ်သွားပြီးခဲ့သည်။
" နန်းတော်တစ်ခုပဲလား။ " လင်းယွမ်က ဂရုတစိုက် လေ့လာနေပြီး လေဟာနယ်၏ ပို၍ နက်ရှိုင်းသော နေရာများကိုလည်း ဝင်ရောက်ခဲ့သည်။ သို့သော် သူက ဘာမှမတွေ့ခဲ့ပေ။
" ဒါက ငါ့အတွက် တန်ဖိုးမရှိဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက နန်းတော်တစ်ခုလုံးကို လေ့လာခဲ့သော်လည်း နားလည်သဘောပေါက်မှုမျိုး မရှိခဲ့ပေ။
" ဒီနန်းတော်က ပိုဝေးကွာတဲ့ အတိတ်ကလာတာ ဖြစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဘုရားများ၏ ခေတ်က အလင်းနတ်ဘုရားမှ စတင်ခဲ့ပြီး အလင်းနတ်ဘုရားမတိုင်မီ ဘာတွေရှိခဲ့လဲ။ ၎င်းက အလွန်ဝေးကွာလှသည်။
လင်းယွမ်၏ အဆင့်နှင့် ဤကမ္ဘာ၏ ကန့်သတ်ချက်ကို မြင်နိုင်လေသည်။ ၎င်းက နဝမအလွှာသာ ဖြစ်သည်။ အထွတ်အထိပ်နတ်ဘုရားက နဝမအလွှာထက် ကျော်လွန်သော တည်ရှိမှုဟု လူတိုင်းက လက်ခံထားကြသည်။
လင်းယွမ်၏ ခွန်အားက ပင်မနတ်ဘုရားထက် များစွာ သာလွန်နေလျှင်တောင် သူက နဝမအလွှာသာဖြစ်ပြီး ဒသမအလွှာသို့ ဝင်ရောက်ခြင်းမရှိသေးပေ။
နဝမအလွှာကို ကျော်လွန်နိုင်သူက ဤကမ္ဘာ၏ စိတ်အသိသာ ရှိပေလိမ့်မည်။ လင်းယွမ်က ကမ္ဘာစိတ်အသိနှင့် မစိမ်းပေ။ ၎င်းက ကမ္ဘာကိုယ်တိုင်မှ မွေးဖွားလာသော စိတ်အသိတစ်ခုဖြစ်ပြီး ကောင်းကင်တာအိုဟုလည်း ခေါ်ကြသည်။
သူက ယခင်ဆင်းသက်မှုများတွင် ကမ္ဘာစိတ်အသိများနှင့် အကြိမ်အနည်းငယ် တွေ့ခဲ့ရသည်။
နတ်ဘုရားများခေတ်ကတည်းက ဤကမ္ဘာ၏ စိတ်အသိက ခေတ်ရေစီးကြောင်းကို မသိမသာ လမ်းညွှန်ပေးနေခဲ့သည်။ လင်းယွမ်က ကမ္ဘာစိတ်အသိကို ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ ၎င်းက သက်ရှိမဟုတ်ဘဲ ခံစားချက်များလည်း မရှိပေ။ လင်းယွမ်က ဤကမ္ဘာကို ဖျက်ဆီးရန် မစဉ်းစားသရွေ့ ကမ္ဘာစိတ်အသိက သူ့ကို ဆန့်ကျင်မည်မဟုတ်ပေ။
" ပြန်တာပေါ့။ "လင်းယွမ်က နန်းတော်ကို တစ်ချက်ကြည့်ပြီး ထွက်ခွာသွားသည်။
" ငါ့အော်ရာကို ထိန်းချုပ်ဖို့ လိုနေတုန်းပဲ။ " လင်းယွမ်က လူသားနယ်မြေသို့ ပြန်ရောက်ပြီးနောက် သူ၏ အော်ရာက စတင်စုစည်းသွားသည်။
သူ၏ အဆင့်နှင့် အနည်းငယ် ယိုစိမ့်မှုရှိလျှင်တောင် ပတ်ဝန်းကျင်ကို သက်ရောက်နိုင်လေသည်။ သူသာ ဆန္ဒရှိလျှင် အားလုံးကို သူ၏ နယ်ပယ်အဖြစ် ပြောင်းလဲနိုင်လေသည်။
ထို့အပြင် လူသားနယ်မြေက လင်းယွမ်ကို မသိမသာ ကန့်သတ်ထားလေသည်။ သူက ကုန်းပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် နတ်ဘုရားများက လူသားနယ်မြေတွင် မနေထိုင်ဘဲ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့တွင် နေထိုင်ကြခြင်းဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ထိုနေရာများတွင် ကန့်သတ်ချက်များမရှိဘဲ လေဟာနယ်အလွှာများစွာ ထောက်ပံ့ပေးထားသောကြောင့် ပင်မနတ်ဘုရားများပင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေသည်။
" ငါလည်း ငါ့ရဲ့ ကိုယ်ပိုင်လေဟာနယ်အလွှာကို ဖန်တီးဖို့ လိုအပ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ ယခုအချိန်တွင် သူက ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်သောကြောင့် သူ၏ အော်ရာကို ထိန်းချုပ်ရန် မလိုအပ်တော့ပေ။ ယခင်က နတ်ဘုရားများ၏ အာရုံစိုက်မှုကို ခံရမည်စိုးရိမ်သောကြောင့် သူ၏ အော်ရာကို ဖိနှိပ်ခဲ့ခြင်းဖြစ်သည်။