နှစ်ပေါင်းခြောက်ရာ...
Vol. 32 Ch. 487
လင်းယွမ်က နတ်ဘုရားများကို သတ်ဖြတ်ပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့သော တစ်ပါးတည်းသော လက်အောက်ခံနတ်ဘုရားဖြစ်သည်။ အကြောင်းပြချက်ကတော့ ရိုးရှင်းလေသည်။ လင်းယွမ်က သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် ဖြစ်သည်။
ထို့အပြင် ဘုရားကျောင်းခေါင်းဆောင်က အဆင့်နိမ့် နတ်ဘုရား၏ ခွန်အားသာ ရှိလေသည်။ အမိန့်နတ်ဘုရားသေဆုံးသွားပြီးနောက် သူ၏ ခွန်အားက များစွာကျဆင်းသွားပြီး နတ်ဘုရားအဆင့်ပင် ရောက်နိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် လက်အောက်ခံနတ်ဘုရားအနေဖြင့် သူ၏ စွမ်းအားက ရပ်တန့်နေပြီး ထပ်မံမြှင့်တင်နိုင်ခြင်းမရှိတော့ပေ။
လင်းယွမ်ကသာ သူ့ကို ရည်ရွယ်ချက်ရှိရှိ ကယ်တင်ခဲ့ခြင်းမဟုတ်လျှင် အမိန့်နတ်ဘုရားသေဆုံးသောအခါ ဘုရားကျောင်းခေါင်းဆောင်က တန်ပြန်မှုကြောင့် လုံးဝပျက်ဆီးသွားပေလိမ့်မည်။
" လုံရှန်ခေါင်းဆောင်..." ဘုရားကျောင်းခေါင်းဆောင်က လင်းယွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
သူက လင်းယွမ် အလင်းပင်လယ်မှ နတ်ဘုရားများအား သတ်ဖြတ်နေသည်ကို မြင်ခဲ့ရလေသည်။ သို့သော် အံ့ဩစရာကောင်းစွာပင် သူက ကြောက်ရွံ့မှုကို မခံစားခဲ့ရပေ။ အကြောင်းမှာ ကြောက်ရွံ့ခြင်းက အဓိပ္ပါယ်မရှိသောကြောင့် ဖြစ်သည်။ လင်းယွမ်က သူ့ကို သေစေချင်လျှင် သူက အသက်ရှင်ရန် မျှော်လင့်ချက်မရှိပေ။
" မင်းသွားနိုင်ပြီ။ " လင်းယွမ်က သူ့ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။
" အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လုံရှန်ခေါင်းဆောင်။ " ဘုရားကျောင်းခေါင်းဆောင်က ပြောလိုက်သည်။
နတ်ဘုရား၏ နေဝင်ချိန်တွင် နတ်ဘုရားများသာမက ပင်မနတ်ဘုရားများပင် သေဆုံးခဲ့ရသည်။ သူက အားအနည်းဆုံး လက်အောက်ခံ နတ်ဘုရားတစ်ပါးအနေဖြင့် အသက်ရှင်ရန် မတွေးမိခဲ့ပေ။
" လုံရှန်ခေါင်းဆောင်..." ဘုရားကျောင်းခေါင်းဆောင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ၏ အသက်ရှင်မှုက လုံရှန်ခေါင်းဆောင်၏ သနားကြင်နာမှုတစ်ခုတည်းကြောင့်သာ ဖြစ်သည်ကို သူသိလေသည်။
" အနာဂတ်က လုံရှန်ခေါင်းဆောင်ရဲ့ ခေတ်ဖြစ်လာလိမ့်မယ်။ " ဘုရားကျောင်းခေါင်းဆောင်က လုံရှန်နယ်မြေမှထွက်လာပြီး တွေးလိုက်သည်။
အလင်းနတ်ဘုရားက အလင်းပင်လယ်ကို ဖန်တီးပြီးနောက် နတ်ဘုရားများ၏ ခေတ်က စတင်ခဲ့သည်။ အလင်းနတ်ဘုရားနှင့် အမှောင်နတ်ဘုရားများက သူတို့၏ နတ်ဘုရားနာမည်များကို ခေတ်တစ်ခေတ်၏ ရှေ့တွင် မထားရဲခဲ့ကြပေ။
သို့သော် ယခုအချိန်မှစ၍ လုံရှန်ခေါင်းဆောင်၏ နာမည်က ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးသွားပေလိမ့်မည်။ နှစ်ပေါင်းတစ်သိန်း သို့မဟုတ် တစ်သန်းကြာသွားလျှင်တောင် နောက်ပိုင်းသက်ရှိများက လုံရှန်ခေါင်းဆောင်၏ နာမည်ဂုဏ်သတင်းကို ကြောက်ရွံ့နေကြပေလိမ့်မည်။
လင်းယွမ်က လုံရှန်လင်းနဲ့ အခြားသူများကို ကြည့်လိုက်သည်။
" နောက်တစ်ခုအနေနဲ့ ငါ လူသားနယ်မြေက ထွက်ခွာတော့မယ်။ "
" လူသားနယ်မြေက ထွက်သွားမှာလား။ " လုံရှန်လင်းနှင့် အခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
" ခေါင်းဆောင်က ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ။ အလင်းပင်လယ်လား ဒါမှမဟုတ် အမှောင်ချောက်နက်လား။ " လုံရှန်လင်းက ညင်သာစွာ မေးလိုက်သည်။
" ငါက သိုင်းတာအိုနယ်မြေကို သွားမှာ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" သိုင်းတာအိုနယ်မြေလား။ " လုံးရှန်မျိုးနွယ်ဝင်များက ထိုနာမည်ကို မကြားဖူးကြဘဲ စိတ်ရှုပ်ထွေးသွားကြသည်။
" သိုင်းတာအိုနယ်မြေက ဘယ်မှာလဲ။ "
" ဒီမှာပဲ။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး လေဟာနယ်ကို လှီးဖြတ်လိုက်သောအခါ လေဟာနယ်၏ မပျက်စီးသော အလွှာတစ်ခု ပေါ်လာသည်။
လုံရှန်လင်းနှင့် အခြားသူများ၏ အံ့ဩသော အကြည့်များအောက်တွင် လင်းယွမ်က အတွင်းသို့ ဝင်ရောက်သွားသည်။ လင်းယွမ်ရပ်နေသော နေရာတွင် စွမ်းအားများနှင့် လေဟာနယ်က အလွန်တည်ငြိမ်သွားခဲ့သည်။
ဝုန်း ဝုန်း....
အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့ထက် များစွာ သာလွန်သောကမ္ဘာတစ်ခုက ထွက်ပေါ်လာသည်။ ၎င်း၏ သက်ရောက်မှုက ပြင်းထန်သောကြောင့် လူသားနယ်မြေကိုပင် သက်ရောက်လာသည်။
" အဲ့ဒါ ဘယ်သူလဲ။ "
" တစ်ယောက်ယောက်က ကမ္ဘာတစ်ခုကို ဖွင့်နေတယ်။ အလင်းနတ်ဘုရားနဲ့ အမှောင်နတ်ဘုရားတို့ အလင်းပင်လယ်နဲ့ အမှောင်ချောက်နက်ကို ဖွင့်ခဲ့တာနဲ့ အတူတူပဲ။ "
" အဲ့ဒီလူက နတ်ဘုရားတွေရဲ့ ခေတ်ကို အဆုံးသတ်ခဲ့တဲ့သူဖြစ်ရမယ်။ အခု သူကိုယ်တိုင် နေထိုင်ဖို့ ကမ္ဘာတစ်ခု ဖန်တီးနေတာ ဖြစ်နိုင်တယ်။ "
လူသားနယ်မြေမှ နတ်ဘုရားတစ်ပိုင်းအဆင့်များက နတ်ဘုရားများ၏ သေဆုံးမှုကြောင့် မတုန့်ပြန်နိုင်သေးမီ နောက်ထပ် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြန်သည်။
လေးနာရီကျော်ကြာပြီးနောက် လင်းယွမ်က ထိုလေဟာနယ်အလွှာကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ " အခြေခံအုတ်မြစ် ချပြီးပြီဆိုတော့ ဒီလောက်ဆို လုံလောက်ပါပြီ။ "
သူ၏ ကိုယ်ပိုင်ကမ္ဘာအသစ်တွင် လင်းယွမ်က ကန့်သတ်ချက်များမရှိတော့ဘဲ ပို၍ လွတ်လပ်စွာ ခံစားလိုက်ရသည်။
" ငါ သက်ရှိတွေကိုလည်း အသိပေးသင့်တယ်။ " လင်းယွမ်က လူသားနယ်မြေကို ကြည့်ပြီး ကြီးမြတ်သော တည်ရှိမှုနစ်ခုကို ထုတ်ဖော်လိုက်သည်။ " ဒီနေ့ သိုင်းတာအိုနယ်မြေကို ဖန်တီးခဲ့ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကနေ နတ်ဘုရားအဆင့်ကို ရောက်သူတိုင်စ သိုင်းတာအိုနယ်မြေထဲကို ဝင်နိုင်တယ်။ "
ထို့နောက် လင်းယွမ်က သိုင်းတာအိုနယ်မြေသို့ ပြန်သွားပြီး အလယ်တွင် ထိုင်လိုက်သည်။ " နောက်ဆုံးတော့ ငါ တိတ်တဆိတ်ကျင့်ကြံပြီး တာအိုကို နားလည်လို့ရပြီ။ "
လင်းယွမ်က ပြောလိုက်ပြီး နတ်ဘုရားအမြုတေများကို ထုတ်ယူလိုက်သည်။
" ပင်မနတ်ဘုရားအမြုတေ ၂၄ခု၊ အဆင့်မြင့် နတ်ဘုရားအမြုတေ ၃၆၁၃ခု၊ အလယ်အဆင့် နတ်ဘုရားအမြုတေ၂၉၆၄၇ခု၊ အဆင့်နိမ့် နတ်ဘုရားအမြုတေ ၁၂၃၂၄၂ခု..."
လင်းယွမ်က နတ်ဘုရားအမြုတေပုံကြီးကို ကြည့်ပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
" ဒီနတ်ဘုရားအမြုတေတွေက ငါ့ကို ဘယ်လောက်တောင် တိုးတက်စေမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လူသားနယ်မြေတွင် ရှိသော နတ်ဘုရားတစ်ပိုင်းအမြုတေများကပင် လင်းယွမ်ကို လေဟာနယ်အလွှာ သန်း ၁၂၀ ဖွင့်နိုင်အောင် ကူညီပေးခဲ့ပြီး ယခု နတ်ဘုရားအမြုတေများနှင့် ပင်မနတ်ဘုရားအမြုတေများဖြစ်သည်။
" စပြီးလေ့လာရမယ်။ " လင်းယွမ်က နတ်ဘုရားအမြုတေတစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းက လေဟာနယ်၏ ပိုမိုမြင့်မားသော အနှစ်သာရကို မြင်နိုင်လေသည်။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ခြောက်ရာ ကြာသွားခဲ့သည်။
သိုင်းတာအိုနယ်မြေက နှစ်ပေါင်းများစွာ အသက်မဲ့နေခဲ့ပြီးနောက် ပထမဆုံး သိုင်းနတ်ဘုရား တက်လှမ်းချိန်တွင် တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။
သိုင်းတာအိုနယ်မြေက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့ထက် များစွာကြီးမားပြီး သိုင်းနတ်ဘုရားများပင် အဆုံးထိ မရှာဖွေနိုင်ကြပေ။ ရာစုနှစ်များတစ်လျှောက် သိုင်းနတ်ဘုရားများ တက်လှမ်းလာချိန်တွင် သိုင်းတာအိုနယ်မြေမှာ နေရာသုံးနေရာပေါ်ထွက်လာခဲ့သည်။
တစ်ခုမှာ လုံရှန်မျိုးနွယ်မှ သိုင်းနတ်ဘုရားများ စုစည်းသော နေရာဖြစ်ပြီး လုံရှန်မြို့ဖြစ်လေသည်။
နောက်ထပ်နရာတစ်ခုမှာ လုံရှန်မျိုးနွယ်၏ ပြင်ပမှ သိုင်းနတ်ဘုရားများ စုစည်းသောနေရာဖြစ်ပြီး ဝမ်ရှန်းမြို့ဟု ခေါ်ကြလေသည်။
တတိယနေရာကတော့ ကြီးမြတ်သူ လုံရှန်ဘိုးဘေး ကျင့်ကြံသောနေရာဖြစ်လေသည်။ ၎င်းက သိုင်းတာအိုနယ်မြေ၏ အလယ် မူလရင်းမြစ်ကြွယ်ဝသော နေရာဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် လုံရှန်ခေါင်းဆောင်မှ လုံရှန်ဘိုးဘေးဖြစ်လာခဲ့သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်နှင့် သိုင်းတာအိုနယ်မြေ နှစ်ခုလုံးကို လုံရှန်ဘိုးဘေးမှ စတင်ခဲ့ခြင်းဖြစ်သည်။ လူသားနယ်မြေမှ တက်လာသော သိုင်းနတ်ဘုရားတိုင်းက လုံရှန်ဘိုးဘေးကို အတိုင်းအဆမရှိ လေးစားကြလေသည်။ သူက နတ်ဘုရားများ၏ ခေတ်ကို အဆုံးသတ်ပြီး သိုင်းတာအိုခေတ်ကို စတင်ခဲ့သူဖြစ်သည်။
နာမည် - လုံရှန်ယွမ် (လင်းယွမ်)
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။
နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွေ့လျားခြင်း၊ အားဖြည့်ခြင်း၊ ဒြပ်စင်ခန္ဓာ။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
နေထိုင်ချိန် - သုံးနှစ်။
" နေထိုင်ချိန်အကန့်အသတ်ကို ရောက်တော့မှာပဲ။ " လင်းယွမ်က ရှေ့သို့ ကြည့်လိုက်ပြီး သိုင်းတာအိုနယ်မြေတွင် ဖြစ်ပျက်သမျှကို မြင်လိုက်ရသည်။
" ငါ နတ်ဘုရားတွေကို သတ်ပြီးတဲ့နောက် လူသားနယ်မြေမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ပိုပြီး ပျံ့နှံ့သွားခဲ့တယ်။ ပြီးတော့ ပထမဆုံး သိုင်းနတ်ဘုရား မွေးဖွားလာဖို့ နှစ်ပေါင်းငါးရာ ကြာခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းနတ်ဘုရားက သိုင်းတာအို၏ အဋ္ဌမအလွှာဟု ဆိုနိုင်သော်လည်း ကွာခြားချက်များ ရှိလေသည်။ သိုင်းနတ်ဘုရားများ၏ အားသာချက်က သွေးမျိုးဆက်စွမ်းအားကို အသုံးချခြင်းဖြစ်သည်။ ထို့ကြောင့် သတ္တမအလွှာ မတိုင်မီ ကျင့်ကြံခြင်းအရှိန်က အလွန်လျင်မြန်ပြီး သွေးမျိုးဆက်စွမ်းအား လုံလောက်သရွေ့ အတားအဆီးများ မရှိပေ။
သို့သော် သတ္တမအလွှာသို့ ရောက်ရှိပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးလျှင် သူတို့က ယုံကြည်မှုများကို စုဆောင်းသင့်လေသည်။ နတ်ဘုရားများ မရှိတော့သောကြောင့် သူတို့က ယုံကြည်မှုကို လျို့ဝှက်စွာ စုဆောင်းရန် မလိုတော့ပေ။
ထို့အပြင် လင်းယွမ်၏ တည်ရှိမှုကြောင့် သိုင်းတာအိုကျင့်ကြံသူများက ယုံကြည်မှုများ ရရှိခဲ့ကြလေသည်။ ပထမဆုံး သိုင်းနတ်ဘုရားက သိုင်းတာအိုနယ်မြေသို့ ဝင်ရောက်ပြီးသောအခါ အခြားသိုင်းနတ်ဘုရားများက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ နှစ်ပေါင်းတစ်ရာအတွင်း သိုင်းတာအိုနယ်မြေတွင် သိုင်းနတ်ဘုရားအရေအတွက်က တစ်ထောင်ကျော်သွားခဲ့သည်။
" သိုင်းနတ်ဘုရားတစ်ထောင်ကျော်မှာ လုံရှန်မျိုးနွယ်က တစ်ရာတောင် မရှိဘူးလား။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
သူက လုံရှန်မျိုးနွယ်ကို နှစ်သက်မှုရှိလေသည်။ သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုက လုံရှန်မျိုးနွယ်မှ သိုင်းတာအိုပါရမီရှင်များကို လမ်းညွှန်ပေးရန် လူသားနယ်မြေသို့ မကြာခဏ သွားခဲ့လေသည်။
သို့သော် ကံမကောင်းစွာပင် လုံရှန်မျိုးနွယ်မှ ပါရမီရှင်များက အခြားပါရမီရှင်များနှင့် ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းက ပုံမှန်သာဖြစ်သည်။ လင်းယွမ်ရှိနေလျှင်တောင် လုံရှန်မျိုးနွယ်တွင် ကန့်သတ်ချက်များ ရှိလေသည်။ လူပေါင်းများစွာနှင့် နှိုင်းယှဉ်သောအခါ အရေအတွက်မှာ နည်းပါးလေသည်။