လင်းယွမ်၏ တိုးတက်မှုများ...
Vol. 32 Ch. 487
လုံရှန်မျိုးနွယ်တွင် သိုင်းနတ်ဘုရားဒါဇင်အနည်းငယ်သာ ရှိလျှင်တောင် သူတို့က သိုင်းတာအိုနယ်မြေကို လွှမ်းမိုးထားနိုင်စွမ်းရှိကြလေသည်။ ပြင်ပသိုင်းနတ်ဘုရားများက လုံရှန်မျိုးနွယ်သိုင်းနတ်ဘုရားများကို ထိပါးရဲခြင်းမရှိကြပေ။ အရာအားလုံးကတော့ လုံရှန်မျိုးနွယ်ဘိုးဘေးဖြစ်သော လင်းယွမ်ကြောင့်ပင် ဖြစ်သည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက လုံရှန်မျိုးနွယ်ရဲ့ လူငယ်အဖွဲ့ဝင်တစ်ယောက်က ပြင်ပသိုင်းနတ်ဘုရားတွေကို နှိမ်နင်းပြီး လူသားနယ်မြေက သိုင်းပါရမီရှင်တွေကို ဖိနှိပ်ဖို့ တောင်းဆိုခဲ့တယ်။ " လင်းယွမ်၏ အကြည့်က တည်ငြိမ်နေသည်။ သဘာဝအတိုင်း သူက ထိုတောင်းဆိုမှုကို သဘောမတူခဲ့ပေ။
လင်းယွမ်၏ ပန်းတိုင်းက သိုင်းတာအိုကို ပို၍ ဖြန့်ကျက်နိုင်ရန်ဖြစ်သည်။ လုံရှန်မျိုးနွယ်၏ တိုးတက်မှုနှင့် ကျဆုံးမှုကို သူက များစွာ ဂရုမစိုက်ပေ။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဤကမ္ဘာတွင် ဆက်လက်ပျံ့နှံ့နေသရွေ့ မျှော်လင့်ချက်များနှင့် ကိုက်ညီလေသည်။
သူက သိုင်းတာအို၏ ဖြန့်ကျက်မှုကို လုံရှန်မျိုးနွယ်၏ တိုးတက်မှုနှင့် မလဲနိုင်ပေ။ သူက လုံရှန်မျိုးနွယ်အား ကိုင်တွယ်မှုကို တဖြည်းဖြည်း လက်လွှတ်နေခဲ့သည်။ သူက ဆယ်စုနှစ်များစွာအတွင်း လုံရှန်မျိုးနွယ်သို့ မူလစိတ်ဝိညာဉ်နှစ်ခုကို စေလွှတ်သည်မှလွဲ၍ ဘာမှမလုပ်ခဲ့ပေ။
" သူတို့ရဲ့ သက်တမ်းက ကန့်သတ်ချက်ကို ရောက်နေလောက်ပြီ။ " လင်းယွမ်က အောက်သို့ ကြည့်ပြီး လူသားနယ်မြေမှ အရာအားလုံးကို လေ့လာနေသည်။
လင်းယွမ်၏ အကူအညီနှင့် လုံရှန်ဖန်တို့ ဇနီးမောင်နှံ၏ ခန္ဓာကိုယ်များက ဤကမ္ဘာမှ ခွင့်ပြုထားသော ကန့်သတ်ချက်သို့ ရောက်သွားခဲ့သည်။ ၎င်းက အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်အဆင့်ဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိလေသည်။ သို့သော် သူတို့က နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် နတ်ဘုရားမီးတောက်ကို မထွန်းညှိနိုင်လျှင် သေဆုံးခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။
လင်းယွမ်က သူတို့၏ အသက်ကို ဆွဲဆန့်ပေးနိုင်လျှင်တောင် ၎င်းက ဆက်တိုက်အားဖြည့်ရန် လိုအပ်လေသည်။ သို့သော် သူက နောက်ဆုံးတွင် ပင်မစကြာဝဠာသို့ ပြန်ရမည်ဖြစ်သည်။ သူထွက်ခွာသွားသည်နှင့် လုံရှန်ဖန်တို့က အာဟာရဆုံးရှုံးသွားပြီး လျင်မြန်စွာ သေဆုံးရပေလိမ့်မည်။
" နတ်ဘုရားမီးတောက်ကို ထွန်းညှိဖို့..." လင်းယွမ်၏ အကြည့်များက နက်ရှိုင်းနေသည်။
ဤကမ္ဘာတွင် နတ်ဘုရားမီးတောက်ကို ထွန်းညှိခြင်းက အလွန်အရေးကြီးလေသည်။ ၎င်းက လူသားများနှင့် နတ်ဘုရားတစ်ပိုင်းကြား နယ်နိမိတ်ကို ကျော်ဖြတ်ခြင်းဖြစ်သည်။
နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် လူတစ်ယောက်က သူတို့၏ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားကို အားကိုးရလေသည်။ ပြင်ပစွမ်းအားများက အသုံးမဝင်ပေ။ ၎င်းက ပင်မစကြာဝဠာတွင် သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းသောအခါ စိတ်နှလုံးနတ်ဆိုးကပ်ဘေးနှင့် ဆင်တူလေသည်။ လင်းယွမ်၏ မိဘများက တစ်ချိန်လုံး သက်သောင့်သက်သာ နေထိုင်ခဲ့ကြပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် အခွင့်အရေးမရှိပေ။
" ကြီးမြတ်သူတစ်ယောက်မဖြစ်ခင် လူတစ်ယောက်က နောက်ဆုံးမှာ သက်တမ်းရဲ့ ကန့်သတ်ချက်ကို ရင်ဆိုင်ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဤကမ္ဘာတွင် အထွတ်အထိပ်နတ်ဘုရားနှင့် နတ်ဘုရားများကို ထာဝရရှင်သန်နိုင်သည်ဟု ထင်ကြလေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ စိတ်များက ယိုယွင်းလာကြပေလိမ့်မည်။
နှစ်ပေါင်းတစ်ထောင် အသက်ရှင်သူနှင့် နှစ်ပေါင်းတစ်ရာ အသက်ရှင်သူကြား အမြင်အာရုံများ မတူညီကြပေ။ အထွတ်အထိပ်နတ်ဘုရားများနှင့် နတ်ဘုရားများကို နှစ်ပေါင်း တစ်ဘီလီယံ သို့မဟုတ် တစ်ရာဘီလီယံ ရှင်သန်စေခဲ့လျှင် သူတို့က ရူးသွပ်သွားပြီး ကိုယ့်ကိုကိုယ်ပင် သတ်သေသွားကြပေလိမ့်မည်။
အလွှာဆယ့်နှစ် သက်ရှိများ၊ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုများ၊ ကြီးမြတ်သူများကသာ ထာဝရမပျက်စီးနိုင်သော စိတ်ဝိညာဉ်နှင့် စိတ်အသိတို့ကို ပိုင်ဆိုင်ကြလေသည်။
" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးက ငါ့အတွက် အသက်ကယ်နည်းလမ်းတွေ အများကြီးပေးပြီး ငါကိုယ်တိုင် အသေမခံသရွေ့ သေဆုံးမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါက ကြီးမြတ်သူတစ်ယောက် ဖြစ်မလာရင် ငါသေဆုံးမယ့်နေက ရောက်လာမှာပဲ။ ပြီးတော့ ဘယ်သူမှ ငါ့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး။ "
လင်းယွမ်က တွေးလိုက်သည်။ ပင်မစကြာဝဠာတွင် ကြီးမြတ်သူများကလည်း မိဘ၊ မောင်နှမများနှင့် ချစ်ခင်ရသူများ ရှိလေသည်။ သို့သော် လူတစ်ယောက်က ကြီးမြတ်သူတစ်ယောက် မဖြစ်မချင်း သက်တမ်းကုန်ဆုံးပြီး သေဆုံးမည့်နေ့ကို ရောက်လာမည်ဖြစ်သည်။
အချိန်နိယာမကို အပြည့်အဝ နားလည်ထားသူများက သူတို့၏ ခန္ဓာကိုယ်မှ အချိန်စီးဆင်းမှုကို ထိန်းချုပ်၍ စိတ်ဝိညာဉ်အပေါ် အချိန်၏ သက်ရောက်မှုကို နှေးကွေးစေခြင်းဖြစ်သည်။ ပြင်ပကမ္ဘာတွင် နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားလျှင် သူတို့၏ စိတ်ဝိညာဉ်က တစ်ရက်သာ ကုန်ဆုံးပေလိမ့်မည်။
" အခု ငါ့ရဲ့ ခွန်အားက..." လင်းယွမ်က မျက်လုံးနျား မှိတ်ပြီး သူ၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
အတွင်းကမ္ဘာက မိုင် ၁.၉၉၅ ဘီလီယံ ကျယ်ပြန့်လာခဲ့သည်။ အရောင်ခုနှစ်မျိုးပါဝင်သော ဘူးသီးခြောက်မှ အရည်တစ်မျိုးစီက လင်းယွမ်၏ အတွင်းကမ္ဘာကို ၃.၃၃ဆ တိုးမြှင့်ပေးနိုင်လေသည်။ အရည်ခြောက်မျိုးကို စုပ်ယူပြီးလျှင် အတွင်းကမ္ဘာက ၁.၉၉၈ ဘီလီယံကို ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က အပြာရောင်အရည်ကို အပြည့်အဝ စုပ်ယူလုနီးပါး ဖြစ်နေပြီး ခရမ်းရောင်အရည်ကို စတင်စုပ်ယူတော့မည်ဖြစ်သည်။
" ဒသမအလွှာမှာပဲ ခရမ်းရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်မယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အတွင်းကမ္ဘာ၏ တိုးမြှင့်မှုက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ ခွန်အား နှစ်ခုလုံးကို ထည့်တွက်ရန် လိုအပ်လေသည်။ လင်းယွမ်က ဆင်းသက်သည့်အကြိမ်တိုင်း ဘူးသီးခြောက်ကို ယူဆောင်ရန် သူ၏ အထွတ်အထိပ်သို့ ပြန်လည်မြှင့်တင်လေသည်။
ပထမအချက်မှာ သူ့ကိုသူ ကာကွယ်ရန်အတွက် လုံလောက်သော ခွန်အားကို လိုအပ်လေသည်။ ဒုတိယအချက်မှာ သူ၏ ခွန်အားက အလွန်နိမ့်နေလျှင် သွေးပြန်လည်မွေးဖွားခြင်းရှိလျှင်တောင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ကြီးမားသော အတွင်းကမ္ဘာကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
" လေဟာနယ်အလွှာတွေ..." လင်းယွမ်က သူ၏ အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများကို ကြည့်လိုက်သည်။
လေဟာနယ်အလွှာများ၏ တိုးတက်မှုက အံ့အားသင့်စရာကောင်းလှသည်။ နတ်ဘုရားအမြုတေများနှင့် လေဟာနယ်အလွှာများကို ဖွင့်လှစ်ခြင်းက လင်းယွမ်မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
လင်းယွမ်၏ မျှော်မှန်းချက်မှာ ဤဆင်းသက်မှုတွင် လေဟာနယ်အလွှာဆယ်သန်းကို ဖွင့်ပြီး နဝမအလွှာ၏ အလွှာဆယ်သန်းအဆင့်ကို ရောက်ရှိရန်ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းခြောက်ရာကပင် နတ်ဘုရားတစ်ပိုင်းအမြုတေ၏ အကူအညီနှင့် လင်းယွမ်က လေဟာနယ်အလွှာ သန်း ၁၂၀ကို ဖွင့်နိုင်ခဲ့သည်။
နှစ်ပေါင်းခြောက်ရာအတွင်း လင်းယွမ်က နတ်ဘုရားအမြုတေများနှင့် လေဟာနယ်အလွှာများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သောကြောင့် သက်ရောက်မှုက ပို၍ပင် ကြီးမာူးဟးပေလိမ့်မည်။
" အလွှာ ၂.၃၃၁ ဘီလီယံ...." လင်းယွမ်၏ အကြည့်က လေဟာနယ်အလွှာများစွာကို ထိုးဖောက်သွားပြီး သူ၏ အတွင်းကမ္ဘာက မယုံကြည်နိုင်သော အတိုးအတာတစ်ခုသို့ ရောက်သွားခဲ့သည်။
ပင်မစကြာဝဠာတွင် လေဟာနယ်အလွှာ ဆယ်သန်းကို အထွတ်အထိပ်အဖြစ် သတ်မှတ်ထားကြသော်လည်း လင်းယွမ်က လေဟာနယ်အလွှာ ၂.၃၃၁ဘီလီယံကို ဖွင့်နိုင်ခဲ့သည်။ လေဟာနယ်အလွှာ အရေအတွက်နှင့် ယှဉ်လျှင် ၎င်းက ပုံမှန်နဝမအလွှာ၏ ၂၃၃.၁ဆ ဖြစ်လေသည်။
" ဒီဆင်းသက်မှုက အကျိုးအမြတ်တွေက ကြီးမားလွန်းတယ်။ " လင်းယွမ်က အံ့ဩစွာ တွေးလိုက်သည်။
သူဖွင့်ခဲ့သော လေဟာနယ်အလွှာအရေအတွက်က ပင်မစကြာဝဠာတွင် ပြိုင်ဘက်ကင်းသည်ဟု မပြောနိုင်သော်လည်း သမိုင်းတွင် ပြိုင်ဘက်ကင်းသည်ကိုတော့ မငြင်းနိုင်ပေ။
" ငါ့ရဲ့ အတွင်းကမ္ဘာက အနာဂတ်မှာ အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားရင် ဘယ်လိုဖြစ်နေမလဲမသိဘူး။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။
အတွင်းကမ္ဘာတစ်ခုမှ အတွင်းစကြာဝဠာသို့ ပြောင်းလဲခြင်းက အမြင့်ဆုံးအရှိန်အဟုန်ဖြင့် အချုပ်အနှောင်များနှင့် ကန့်သတ်ချက်များကို ချိုးဖျက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အတွင်းကမ္ဘာ၏ အရွယ်အစားနှင့် လေဟာနယ်အလွှာတို့ကလည်း အဆင့်မြင့်သွားမည်ဖြစ်သည်။
ထျန်းယုမျိုးနွယ်မှ အသန်မားဆုံး နဝမအလွှာဖြစ်သော ဟွမ်ယိက လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော်ကို ဖွင့်လှစ်ထားခဲ့သည်။ နဝမအလွှာတိုင်းက နဝမအလွှာတွင် လေဟာနယ်အလွှာများကို တတ်နိုင်သမျှ ကြိုးစားဖွင့်လှစ်ကြပေလိမ့်မည်။ အလွှာဆယ်သန်းက သူတို့၏ အနိမ့်ဆုံး ကန့်သတ်ချက် ဖြစ်ပေလိမ့်မည်။ လေဟာနယ်အလွှာများကို ကြိုးစားဖွင့်လှစ်ရသည့်အကြောင်းရင်းမှာ အတွင်းကမ္ဘာမှ အတွင်းစကြာဝဠာသို့ ပြောင်းလဲချိန်တွင် အချုပ်အနှောင်များကို ပို၍ ချိုးဖျက်ချင်သောကြောင့် ဖြစ်သည်။
" သိုင်းတာအို နဝမအလွှာကဏ္ဍ..." လင်းယွမ်က သိုင်းတာအို နဝမအလွှာကဏ္ဍကို စစ်ဆေးလိုက်သည်။
ယခင် အဋ္ဌမအလွှာနှင့် နှိုင်းယှဉ်လျှင် နဝမအလွှာကဏ္ဍက အတွင်းကမ္ဘာ၏ ဖွဲ့စည်းပုံကို ချိန်ညှိရာတွင် အရေးပါလေသည်။ ၎င်းက အတွင်းကမ္ဘာကို ပို၍ တည်ငြိမ်စေပြီး ပို၍ သန်မာလာစေပေလိမ့်မည်။
တူညီသော အတွင်းကမ္ဘာအရွယ်အစား၊ တူညီသော လေဟာနယ်အလွှာနှင့် အခြေခံအုတ်မြစ်ရှိသော နဝမအလွှာများကြားတွင် သိုင်းတာအို နဝမအလွှာများက အားသာချက်တစ်ခု ရှိနေပေလိမ့်မည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ဤကမ္ဘာ၏ သွေးမျိုးဆက်ကျင့်ကြံခြင်းကိုလည်း ထည့်သွားခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက နိယာမများကို လေ့လာနေစဉ် သူတို့၏ သွေးမျိုးဆက်မှ အလားအလာကိုလည်း ရှာဖွေနိုင်လေသည်။ သွေးမျိုးဆက်၏ ကန့်သတ်ချက်က လုံလောက်လျှင် ခွန်အားကလည်း များစွာ တိုးတက်လာပေလိမ့်မည်။
၎င်းက အဆင့်မြင့် သွေးမျိုးဆက်ရှိသော နိုင်ငံသားများနှင့် ပို၍သင့်တော်လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက သူတို့၏ သွေးမျိုးဆက်ကန့်သတ်ချက်ကို ရှာဖွေပြီး ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာတိက့ကို လျင်မြန်စွာ ရောက်ရှိသွားနိုင်လေသည်။ ထိုအခါ သူတို့က မြင့်မားသော နေရာမှ နိယာမများကို ပြန်လည်လေ့လာနိုင်လေသည်။
" သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နောက်ဆုံးတော့ မဟာတာအိုမဟုတ်ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက် သို့မဟုတ် အခြား အထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများက ဘယ်သူမှ သူတို့၏ သွေးမျိုးဆက်များကို အဆုံးစွန်ထိ မြှင့်တင်ခြင်းမရှိကြပေ။