← Chapters

ပြင်ဆင်မှုများ...

Vol. 32 Ch. 488

ပြင်ဆင်မှုများ...

Vol. 32 Ch. 488

ကြယ်စကြာဝဠာမဟာမိတ်က အထူးသက်ရှိများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့တွင် မြင့်မြတ်သော သွေးမျိုးဆက်များ ရှိကြလေသည်။ သို့သော် အလွှာဆယ့်နှစ်သို့ ဝင်ရောက်ခဲ့သူများက သူတို့၏ သွေးမျိုးဆက်ကို ကျင့်ကြံပြီး ရောက်ရှိခဲ့ကြခြင်းမဟုတ်ပေ။

" သိုင်းတာအိုနဝမအလွှာကဏ္ဍကို ပြည့်စုံအောင် လုပ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခွဲတစ်ခု ထပ်ထည့်လိုက်မယ်။ ဒါဆို သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတွေရဲ့ အခြေခံအုတ်မြစ်နဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်လိမ့်မယ်။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

ထို့နောက် သူ၏ လက်ကို မြှောက်လိုက်သည်နှင့် အချိန်၏ စီးဆင်းမှုက ပြောင်းလဲသွားပြီး နှေးခြင်းနှင့် မြန်ခြင်းများ ဖြစ်ပေါ်လာသည်။

" အချိန်နိယာမ..." လင်းယွမ်က နှစ်ပေါင်းခြောက်ရာအတွင်း အချိန်နိယာမကို လေ့လာရာတွင်လည်း အားထုတ်ခဲ့သည်။

အချိန်နိယာမက အခြေခံနိယာမတစ်ခုဖြစ်ပြီး အမြင့်ဆုံး နိယာမများထဲတွင် ပါဝင်လေသည်။ အသက်နိယာမ၊ လေဟာနယ်နိယာမနှင့် အခြားအဓိကနိယာမများကို နားလည်ရန် လူတစ်ယောက်က ဆဋ္ဌမအလွှာသို့ ရောက်ရှိရန်သာ လိုအပ်လေသည်။ သို့သော် နဝမအလွှာတစ်ယောက်သာ အချိန်နိယာမကို နားလည်နိုင်လေသည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သော လင်းယွမ်ပင် အဋ္ဌမအလွှာတွင် အချိန်နိယာမကို နားလည်ရန် အတင်းအကျပ်မလုပ်ခဲ့ပေ။ အကြောင်းမှာ ထိရောက်မှုက အလွန်နှေးပြီး အဓိပ္ပါယ်မရှိသောကြောင့် ဖြစ်သည်။

" အချိန်နိယာမပုံစံ ၂၁၇၃မျိုးမှာ ငါက ၈၅၁မျိုးကို နားလည်ထားပြီ။ " လင်းယွမ်က တွေးလိုက်သည်။

သာမန်နဝမအလွှာတစ်ယောက်က အချိန်နိယာမကို နားလည်ရန် များစွာကြိုးစားအားထုတ်မည်မဟုတ်ပေ။ ဒသမအလွှာများသာ အချိန်နိယာမကို နက်ရှိုင်းစွာ နားလည်ရန် ကြိုးစားအားထုတ်ကြလေသည်။ သို့သော် အချိန်နိယာမပုံစံကို နှစ်ရာမှ ငါးရာကြားသာ နားလည်ကြလေသည်။

အချိန်နိယာမပုံစံ ၈၅၁ခုကို နားလည်ရန် ထူးခြားသော ဒသမအလွှာများသာ ၎င်းကို အောင်မြင်နိုင်ကြလေသည်။ သို့မဟုတ် အလွှာဆယ့်တစ်ရှိသူများ၏ နယ်ပယ်ဖြစ်နိုင်လေသည်။

အချိန်နိယာမကို အပြည့်အဝ နားလည်ရန်.... ကြီးမြတ်သူအဆင့်ကို တက်လှမ်းရန် ပြင်ဆင်နေသော အလွှာဆယ့်တစ်များသာ နားလည်နိုင်ပေလိမ့်မည်။

ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အချိန်နှင့် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီး အချိန်နှင့်လေဟာနယ်ကို ထိန်းချုပ်ကာ အန္တိမအသိအမြင်ကို ခုန်ပျံကျော်လွှားရန် ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း မိမိ၏ ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ပြီး ၎င်းကို ကျင့်ကြံသော လူများ ပိုများသည်နှင့် အန္တိမအသိအမြင်၏ အရှိန်က ပို၍ ကြီးမားပေလိမ့်မည်။

" ကံမကောင်းစွာနဲ့ အချိန်နိယာမပါဝင်တဲ့ နတ်ဘုရားအမြုတေတွေက အရမ်းနည်းလွန်းတာပဲ။ ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားနဲ့ အလင်းနတ်ဘုရားတွေရဲ့ နတ်ဘုရားအမြုတေတွေကသာ အချိန်နိယာမကို ပိုင်ဆိုင်ကြတယ်။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

အချိန်နိယာမ ပါဝင်သော နတ်ဘုရားအမြုတေများ ရှိလျှင် အချိန်နိယာမပုံစံတစ်ထောင်ကို နားလည်ရန် ယုံကြည်မှုရှိလေသည်။

" အချိန်နှေးခြင်း " လင်းယွမ်၏ အတွေးတစ်ချက်နှင့် သူ၏ ခန္ဓာကိုယ်ပတ်လည်မှ အချိန်က နှေးကွေးသွားခဲ့သည်။ ၎င်းက ပြင်ပတွင် တစ်ရက်ကြာလျှင် လင်းယွမ်အတွက် တစ်နာရီသာ ကြာပေလိမ့်မည်။

၎င်းက လင်းယွမ်၏ လက်ရှိအချိန်ကို ခြယ်လှယ်နိုင်သော အကန့်အသတ်ဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ အသက်အနှစ်သာရက အလွန်နက်ရှိုင်းသောကြောငံ သူ၏ ကိုယ်ပိုင်အချိန်ကို နှေးကွေးစေခြင်းက အလွန်အားစိုက်ရလေသည်။

လင်းယွမ်က သာမန်နဝမအလွှာတစ်ယောက်ဖြစ်ခဲ့လျှင် သူက ပုံမှန်အချိန်စီးတင်မှုကို တစ်ထောင်အချိုး တစ်ဆအထိ နှေးကွေးပစ်နိုင်လေသည်။

" အချိန်ကို နှေးလိုက်ရင် မဟာတာအိုရဲ့ နိယာမတွေကို နားလည်မှုကလည်း ဝေဝါးသွားတယ်။ "

လူတစ်ယောက်၏ အချိန်စီးဆင်းမှ တစ်ထောင်အချိုးတစ် သို့မဟုတ် တစ်သောင်းအချိုး တစ်ဖြစ်သွားလျှင် ပြင်ပကမ္ဘာမှ နိယာမများကို နားလည်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

" အဆင့်မြင့်တဲ့ ဆင့်ကဲပြောင်းလဲသူတွေက ကျင့်ကြံဖို့ အချိန်နိယာမတွေကို အသုံးမပြုတာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ပင်မစကြာဝဠာတွင် ကြီးမြတ်သူများက သီးခြားနေရာတစ်ခု၏ အချိန်ကို နှေးကွေးပစ်နိုင်စွမ်းရှိလေသည်။ ထို့အပြင် အချိန် စကြာဝဠာရတနာများပင် ဖန်တီးနိုင်ကြလေသည်။

" မဟာတာအိုရဲ့ နိယာမတွေက ပင်မအချိန်းစီးကြောင်းအတိုင်း လှုပ်ရှားနေတာဖြစ်လို့ သီးခြားနေရာတစ်ခုရဲ့ အချိန်က ကွဲပြားသွားရင် နိယာမတွေအပေါ် နားလည်မှုကလည်း ဝေဝါးသွားမှာပဲ။ "

" ဒါပေမယ့် အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးကတစ်ဆင့် အချိန်မတူညီတဲ့ အခြားကမ္ဘာတစ်ခုကို ဆင်းသက်တာက အဲ့လိုသက်ရောက်မှုမျိုးမရှိဘူး။ "

လင်းယွမ်က နှစ်ပေါင်းခြောက်ရာအတွင်း အချိန်နိယာမအပြင် အသက်နိယာမကဲ့သို့ အခြားနိယာမများကိုလည်း နားလည်ခဲ့သည်။ နတ်ဘုရားများ၏ နတ်ဘုရားအမြုတေများက သံသယဝင်စရာမလိုဘဲ လင်းယွမ်ကို ကြီးသော အကူအညီကို ပေးခဲ့လေသည်။ ထိုနတ်ဘုရားအမြုတေများ မရှိလျှင် လင်းယွမ်က လက်ရှိအဆင့်ကို ရောက်ရန် အချိန်များစွာ လိုအပ်ပေမလိမ့်မည်။

အချိန်များ ကုန်လွန်လာပြီး နှစ်နှစ်ကြာသွားခဲ့သည်။ လုံရှန်ဖန်တို့ ဇနီးမောင်နှံတို့က တဖြည်းဖြည်း အသက်ကြီးလာပြီး ဆုံးပါးသွားကြသည်။ သက်တမ်းကုန်ဆုံးချိန်တွင် နတ်ဘုရားမီးတောက်ကို မထွန်းညှိနိုင်သူများက သဘာဝအတိုင်း သေခြင်းမှ ရှောင်လွှဲ၍ မရပေ။

လုံရှန်ဖန်တို့က သေဆုံးခြင်းနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ခြင်းမရှိခဲ့ကြပေ။ သူတို့က ခေတ်သစ်တစ်ခုအား ဖန်တီးခဲ့သော သားတစ်ယောက်အား မွေးဖွားပေးခဲ့သည့်အတွက် အတိုင်းအဆမရှိ ဂုဏ်ယူစရာပင် ဖြစ်သည်။

လုံရှန်မြို့။

လုံရှန်မျိုးနွယ်၏ ဂူသင်္ချိုင်းရှေ့တွင် လင်းယွမ်က ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူက မူလစိတ်ဝိညာဉ်များမဟုတ်ဘဲ မူလခန္ဓာကိုယ်နှင့် လာခဲ့ခြင်းဖြစ်သည်။

လင်းယွမ်က သူ၏ မိဘများ၏ အုတ်ဂူရှေ့တွင် ရပ်နေသည်။ သူ၏ မျက်နှာအမူအရာက တည်ငြမ်နေပြီး ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းမရှိပေ။

ဂူသင်္ချိုင်းသို့ လုံရှန်မျိုးနွယ်ဝင်များက အဆက်မပြတ် လာရောက်နေကြသည်။ သူတို့က လင်းယွမ်၏ မိဘများဖြစ်ပြီး လုံရှန်မျိုးနွယ်အတွင်း မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူတို့၏ သေဆုံးမှုက သိုင်းတာအိုနယ်မြေမှ သိုင်းနတ်ဘုရားများပင် နတ်ဘုရားကိုယ်ပွားများနှင့် လာရောက်လည်ပတ်ရသည်အထိ အရေးပါခဲ့သည်။

လင်းယွမ်က အုတ်ဂူဘေးတွင် ရပ်နေသည်ကိုတော့ ဘယ်သူမှမမြင်ကြပေ။ အကြောင်းမှာ သူတို့က တူညီသော လေဟာနယ်အလွှာတွင် မရှိသောကြောင့် ဖြစ်သည်။ သူက စစ်မှန်သော လုံရှန်ယွမ်မဟုတ်လျှင်တောင် သူ၏ မိဘများနှင့် နှစ်ပေါင်းများစွာ အတူရှိပြီးနောက် ခံစားမှုအချို့တော့ ရှိနေလေသည်။

" ခင်ဗျားတို့က ထွက်သွားကြပြီ။ တစ်နှစ်ကြာပြီးရင် ကျွန်တော်လည်း ထွက်သွားရလိမ့်မယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။ တစ်နှစ်ကြာပြီးလျှင် သူ၏ နေထိုင်ချိန်အကန့်အသတ်ကို ရောက်သွားပြီဖြစ်သည်။

လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြုမှ ဤကမ္ဘာသို့ ပြန်လာနိုင်ပေလိမ့်မည်။

" နောက်ဆုံးအစီအစဉ်တွေအတွက် ပြင်ဆင်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က လုံရှန်ဖန်တို့၏ အုတ်ဂူရှေ့တွင် အချိန်အတော်ကြာရပ်နေခဲ့ပြီး နောက်ဆုံးတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

သိုင်းတာအိုနယ်မြေ၊ လုံရှန်မြို့။

လုံရှန်မျိုးနွယ်၏ သိုင်းနတ်ဘုရားအရေအတွက်က တစ်ရာထက်နည်းနေလျှင်တောင် လုံရှန်မြို့၏ တည်ဆောက်ပုံက ခမ်းနားကြီးကျယ်လှပြီး ဝမ်ရှန်းမြို့ထက် သာလွန်လေသည်။

ပထမဆုံး သိုင်းနတ်ဘုရားဖြစ်လာသော လုံရှန်မျိုးနွယ်ဝင်က လုံရှန်ချွမ်ဟု ခေါ်လေသည်။ ယခင် လုံရှန်လင်းနှင့် အခြားသူများက ယနေ့အထိ နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ခြင်းမရှိကြပေ။ သူတို့က မသေဆုံးကြသေးသော်လည်း နှစ်ပေါင်းများစွာ ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

သိုင်းတာအိုနယ်မြေတွင် လုံရှန်မျိုးနွယ်၏ သိုင်းနတ်ဘုရားများကို လုံရှန်ချွမ်က ဦးဆောင်လေသည်။ မည်သို့ပင် ဖြစ်စေ သူက သူတို့မျိုးနွယ်၏ ပထမဆုံး သိုင်းနတ်ဘုရားပင် ဖြစ်သည်။

လုံရှန်ခန်းမထဲတွင် လုံရှန်ချွမ်နှင့် အခြားသူများက စုဝေးနေကြသည်။

" ဘိုးဘေးက အရမ်းကြင်နာလွန်းတယ်။ ပြင်ပလူတွေကို အခွင့်အရေးတွေ ပေးခဲ့တယ်။ " လုံရှန်ချွမ်က မကျေမနပ်ဖြစ်နေသည်။ နှစ်များတစ်လျှောက် ဝမ်ရှန်မြို့မှ သိုင်းနတ်ဘုရားများက တဖြည်းဖြည်း သူ့ကို လေးစားမှုမရှိကြတော့ပေ။

သိုင်းတာအိုနယ်မြေက လုံရှန်မျိုးနွယ်၏ နယ်မြေဖြစ်သော်လည်း အခြားမျိုးနွယ်ဝင်များကိုပါ နေရာပေးနေရလေသည်။ အခြားသိုင်းနတ်ဘုရားများကလည်း ခေါင်းညိမ့်လိုက်ကြသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

" ဘိုးဘေး..."

" ဘိုးဘေးလား..."

ထိုပုံရိပ်ကို မြင်သောအခါ လုံရှန်ချွမ်နှင့် အခြားသူများက လေးစားစွာ ပြောလိုက်ကြသည်။

" ဘိုးဘေး နောက်ဆုံးတော့ ကျွန်တော်တို့ကို လာတွေ့ပြီပဲ။ " လုံရှန်ချွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူက သိုင်းတာအိုနယ်မြေသို့ တက်လှမ်းပြီးနောက် လင်းယွမ်ကို တစ်ကြိမ်သာ မြင်တွေ့ခဲ့ရလေသည်။ နောက်ပိုင်း သွားရောက်လည်ပတ်ရန် ကြိုးစားခဲ့သော်လည်စ မတွေ့ခဲ့ရပေ။

လင်းယွမ်က လုံရှန်ခန်းမနဲ့ လုံရှန်မြို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ " လုံရှန်မျိုးနွယ်က ငါ့ကြောင့် တိုးတက်ခဲ့ပြီး ငါ့ကြောင့်တော့ မဆုတ်ယုတ်စေချင်ဘူး။ "

" ဘိုးဘေး လုံရှန်မျိုးနွယ်က ဘာလို့ ဘိုးဘေးကြောင့် ဆုတ်ယုတ်ရမှာလဲ။ ဘိုးဘေးရဲ့ ခွန်အားက ပြိုင်ဘက်ကင်းတယ်။ သိုင်းတာအိုနယ်မြေကို ဖွင့်လှစ်ခဲ့ပြီး သိုင်းနတ်ဘုရားတွေကို ကြိုဆိုခဲ့တယ်။ လူသားတွေက ဘိုးဘေးကို နတ်ဘုရားတွေထက်တောင် လေစားကြပါတယ်။ " လုံရှန်ချွမ်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

" ဒါပေမယ့် ငါလည်း ထွက်သွားတော့မယ်။ " လင်းယွမ်က ဆက်ပြောလိုက်သည်။

" ထွက်သွားမှာလား။ " လုံရှန်ချွမ်က အနည်းငယ် ထိတ်လန့်သွားသည်။ " ဘိုးဘေးက ဘယ်ကိုသွားမှာလဲ။ ဘယ်အချိန်ပြန်လာမှာလဲ။ "

အခြားသိုင်းနတ်ဘုရားများကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက စိတ်ရှုပ်ထွေးနေကြသည်။

" ငါ ပြန်မလာတော့ဘူး။ " လင်းယွမ်က ညင်သာစွာ ပြောလိုက်သည်။

" ပြန်မလာတော့ဘူးလား။ " လုံရှန်ချွမ်က ထိန်လန့်သွားသည်။

All Chapters