ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အခြေအနေ....
Vol. 32 Ch. 489
လင်းယွမ်က လုံရှန်မျိုးနွယ်အတွက် ကောင်းကင်ကဲ့သို့ အရေးပါလှပြီး ဤကမ္ဘာအတွက်လည်း အတူတူပင်ဖြစ်သည်။ လင်းယွမ်ပျောက်ကွက်သွားလျှင် ဘယ်လောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမလဲဆိုတာ လုံရှန်ချွမ်က မတွေးရဲပေ။ ၎င်းက လုံရှန်မျိုးနွယ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။
" ဟုတ်တယ်။ ပြန်လာမှာမဟုတ်ဘူး။ " လင်းယွမ်က လုံရှန်မျိုးနွယ်၏ သိုင်းနတ်ဘုရားများကို ကြည့်လိုက်သည်။ " ဒါကြောင့် အနာဂတ်မှာ လုံရှန်မျိုးနွယ်က အခြားမျိုးနွယ်က သိုင်းနတ်ဘုရားတွေအပေါ် ရန်ရှာမနေသင့်ဘူး။ "
လင်းယွမ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ပြန့်ပွားမှုကို အဓိကအာရုံစိုက်ပြီး လုံရှန်မျိုးနွယ်၏ တိုးတက်မှုနှင့် ဆုတ်ယုတ်မှုကို ဂရုမစိုက်လျှင်တောင် သူ ထွက်မသွားမီ သတိပေးချက်အချို့တော့ ပေးခဲ့သင့်လေသည်။
" ဘိုးဘေး " လုံရှန်ချွမ်၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
လင်းယွမ်ပြောသည်မှာ အမှန်ပင် ဖြစ်ပြီး လုံရှန်မျိုးနွယ်က သူတို့၏ အစွမ်းထက်ဆုံး ကျောထောက်နောက်ခံက မကြာမီ ဆုံးရှုံးသွားတော့မည်ကို သူနားလည်လေသည်။
" ငါက ထွက်သွားမှာဆိုတော့ တစ်ခုခုတော့ ချန်ထားခဲ့သင့်တာပေါ့။ " လင်းယွမ်က သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် နက်ရှိုင်းသော အော်ရာကို ထုတ်လွှတ်နေသည့် သလင်းကျောက်သုံးခု ထွက်ပေါ်လာသည်။
" အဲ့ဒါဘာလဲ။ " လုံရှန်ချွမ်က ထိတ်လန့်စွာ ကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
၎င်းက ပင်မနတ်ဘုရားအမြုတေပင်ဖြစ်သည်။ လင်းယွမ်က ပင်မနတ်ဘုရား ၂၄ပါးကို သတ်ဖြတ်ခဲ့ပြီးနောက် ပင်မနတ်ဘုရားအမြုတေများက ထပ်မပေါ်လာတော့ပေ။
သို့သော် လူတိုင်းက လိုချင်လျှင်တောင် ၎င်းတို့ကို မရှာဖွေရဲကြပေ။ ပင်မနတ်ဘုရားအမြုတေ ၂၄ခုလုံးက လုံရှန်ဘိုးဘေး၏ လက်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
" ဒီပင်မနတ်ဘုရားအမြုတေသုံးခုကို ငါ လုံရှန်မျိုးနွယ်အတွက် ထားခဲ့မယ်။ မင်းတို့က အဆင့်မြင့်နတ်ဘုရားဖြစ်လာရင် အဲ့ဒါကို သန့်စင်ဖို့ ကြိုးစားကြည့်နိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
လင်းယွမ်က ပင်မနတ်ဘုရားအမြုတေ ၂၄ လေးခုလုံးကို နားလည်ခဲ့ပြီး ၎င်းတို့က သူ့အတွက် အသုံးမဝင်တော့ပေ။ ထို့အပြင် ၎င်းတို့က ဤကမ္ဘာမှ နိယာမများ၏ သော့တစ်ခုဖြစ်ပြီး ဤကမ္ဘာမှ ထွက်ခွာသွားသည်နှင့် အလိုအလျောက် ပျက်စီးသွားပေလိမ့်မည်။ ထို့နောက် ကမ္ဘာ၏ တစ်နေရာတ်ခင် ပင်မနတ်ဘုရားအမြုတေအသစ်တစ်ခုက ပြန်၍ စုစည်းပေလိမ့်မည်။ ပင်မစကြာဝဠာသို့ မပြန်မီ လင်းယွမ်က ပင်မနတ်ဘုရားအမြုတေ၏ အနေအထားကို ပြင်ဆင်ရမည်ဖြစ်သည်။
" ဒီနတ်ဘုရားအမြုတေ သုံးခုနဲ့ဆိုရင် ငါထွက်သွားရင်တောင် လုံရှန်မျိုးနွယ်က နှစ်တစ်သန်းအထိ ပြိုလဲမှာမဟုတ်ဘူး။ " လင်းယွမ်က စိတ်လှုပ်ရှားနေသော လုံရှန်ချွမ်ကို ကြည့်လိုက်သည်။
ထိုပင်မနတ်ဘုရားအမြုတေနှင့်ဆိုလျှင် လုံရှန်မျိုးနွယ်၏ အနာဂတ်က ပင်မနတ်ဘုရား သုံးယောက် ခေါင်းဆောင်ခြင်းနှင့် တူပေလိမ့်မည်။ ထို့ကြောင့် နောက်ထပ် လင်းယွမ်တစ်ယောက် မလာမချင်း လုံရှန်မျိုးနွယ်၏ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်မည်မဟုတ်ပေ။
လုံရှန်မျိုးနွယ်က သူတို့ကိုသူတို့ မပျက်စီးစေဘဲ နှိမ့်ချစွာ နေထိုင်လျှင် သူတို့၏ အရှိန်အဝါက များစွာ ကျဆင်းသွားမည်မဟုတ်ပေ။
" ကျေးဇူးတင်ပါတယ် ဘိုးဘေး " လုံရှန်ချွမ်နှင့် အခြားသူများက ဒူးထောက်လိုက်ကြသည်။
" ကျန်တဲ့ ပင်မနတ်ဘုရားအမြုတေ ၂၃ခုကိုတော့ ငါ အခြားသိုင်းနတ်ဘုရားတွေ ယှဉ်ပြိုင်ဖို့ တစ်ခုစီ ထုတ်လွှတ်ပေးမယ်။ အဲ့ဒီနတ်ဘုရားအမြုတေတွေကို လုံရှန်မျိုးနွယ်က ဝင်မစွက်ဖက်ရဘူး။ " လင်းယွမ်က ဆက်ပြောလိုက်သည်။
သူက ပင်မနတ်ဘုရားအမြုတေ ၂၄ခုကို လုံရှန်မျိုးနွယ်နှင့်အတူ ထားခဲ့ရန် မစီစဉ်ခဲ့ပေ။ ထိုသို့လုပ်ခဲ့လျှင် သူတို့၏ အဆင့်အတန်းက အလွန်မြင့်မားသွားပြီး ကမ္ဘာတစ်ခုလုံးကို လက်ဝါးကြီးအုပ် စိုးမိုးသွားပေလိမ့်မည်။ ထို့အပြင် ၎င်းက သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ပြန့်ပွားမှုကိုလည်း အထောက်အကူမပြုပေ။
သိုင်းတာအိုကို တကယ်တမ်း တိုးတက်စေရန်အတွက် များပြားသော အဖွဲ့အစည်းများ ဖွံဖြိုးတိုးတက်ရန် လိုအပ်လေသည်။ လုံရှန်မျိုးနွယ်က အလွန်အစွမ်းထက်လာသည်နှင့် လင်းယွမ်၏ ကန့်သတ်ချက်များမရှိလျှင် သူတို့က ပြင်ပမှ သိုင်းတာအိုပါရမီရှင်များကို မလွဲမသွေ ဖိနှိပ်ပေလိမ့်မည်။
" ဟုတ်ကဲ့ " လုံရှန်ချွမ်နှင့် အခြားသိုင်းနတ်ဘုရားများက တွန့်ဆုတ်နေလျှင်တောင် ဘိုးဘေး၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် သူတို့က ငြင်းပယ်ရန် အကြောင်းရင်းမရှိပေ။
" ဘိုးဘေး..." လုံရှန်ချွမ်က စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူ၏ ရှေ့တွင် ပင်မနတ်ဘုရားအမြုတေ သုံးခုက မျောလွင့်နေပြီး ဘိုးဘေးက မရှိတော့ပေ။
" ဘိုးဘေး ထွက်သွားပြီ။ " လုံရှန်ချွမ်က ခဏ ထိတ်လန့်သွားသည်။
" ဘိုးဘေးက အရမ်းကြင်နာတာပဲ။ " အခြားသိုင်းနတ်ဘုရားများက ပင်မနတ်ဘုရားအမြုတေ သုံးခုကို လိုချင်တပ်မက်စွာ ကြည့်လိုက်ကြသည်။
" မှန်တယ်။ ဘိုးဘေးက ကြင်နာလွန်းတယ်။ " ဒါပေမယ့် ဘိုးဘေးက ဆုံးဖြတ်ပြီးဖြစ်လို့ ငါတို့ လုံရှန်မျိုးနွယ်က အခုကစပြီး ဘိုးဘေးရဲ့ စကားတွေကို လိုက်နာရမယ်။ ငါတို့လူတွေက အခြားနတ်ဘုရားအမြုတေတွေကို စွန့်လွှတ်ရလိမ့်မယ်။ "
" ဟုတ်ကဲ့ " လုံရှန်မျိုးနွယ်၏ သိုင်းနတ်ဘုရားများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိမ့်လိုက်ကြသည်။
လေဟာနယ်အလွှာ၏ နက်ရှိုင်းသော နေရာတွင် လင်းယွမ်က ထိုင်နေသည်။
" လုပ်ဖို့လိုတဲ့ အရာအားလုံးတော့ လုပ်ပြီးသွားပြီ။ " လင်းယွမ်က အောက်သို့ ကြည့်လိုက်ပြီး သူ၏ အကြည့်က သိုင်းတာအိုနယ်မြေ၊ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့အပေါ်သို့ လှည့်ပတ်သွားသည်။
" အခု ပြန်ဖို့အချိန်ကျပြီ။ " လင်းယွမ်၏ ဘေးတွင် ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ ပေါ်လာကြသည်။
ခေါင်းလောင်းသဏ္ဍန် ယွမ်ရှန်းကျင်းကလည်း သူ၏ ရှေ့တွင် ပျံဝဲနေပြီး နားမလည်နိုင်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစွမ်းအားများက အသန့်စင်ဆုံးစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ယွမ်ရှန်းကျင်းထဲသို့ ပေါင်းစပ်သွားသည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်ကလည်း အလားတူပြုလုပ်ခဲ့လေသည်။
မူလခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုက အလွန်အစွမ်းထက်ပြီး ပျော်ဝင်ရန် အလွန်နှေးကွေးလေသည်။
တစ်နှစ်ကြာပြီးနောက် စွမ်းအားအားလုံးက ယွမ်ရှန်းကျင်းနှင့် ပေါင်းစည်းသွားပြီး လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။
" နောက်ဆုံးတော့ ပြန်ရပြီ။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။
လေဟာနယ်၏ နက်ရှိုင်းသော နေရာတွင် အော်ရာနှစ်ခုက တစ်ခုက လိုက်နေပြီး တစ်ခုက ပြေးနေသည်။ သို့သော် လိုက်နေသူ၏ အော်ရာက ထွက်ပြေးသူ၏ အော်ရာထက် များစွာသာလွန်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ ထွက်ပြေးနေသူ၏ အော်ရာက တဖြည်းဖြည်း မှေးမှိန်လာသည်။ သို့သော် လိုက်နေသူက လုံးဝ နီးကပ်လာသေညအချိန်တွင် ထွက်ပြေးနေသူက များပြားသော လေဟာနယ်အလွှာများကြား အမြဲတမ်း လွတ်မြောက်သွားခဲ့သည်။
နဝမအလွှာ အင်အားကြီးသူများကြားတွင် လိုက်ဖမ်းခြင်းက လေဟာနယ်အလွှာတစ်ခုတည်းတွင် လိုက်ဖမ်းခြင်းထက် ပိုပြီးရှုပ်ထွေးလေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ထူးခြားသော ပတ်ဝန်းကျင်အတွင်းမှာပင် အချိန်ကြာလာသောအခါ အစွမ်းထက်သူက လေဟာနယ်အလွှာများကို ပို၍ သိမ်းပိုက်လာပြီး ထွက်ပြေးနေသူက ရှောင်ရှားရန် နေရာက ပို၍ ကျဉ်းမြောင်းလာသည်။ နောက်ဆုံးတွင် လှောင်အိမ်ထဲက ငှက်တစ်ကောင်ဖြစ်သွားပေလိမ့်မည်။
" နှစ်နှစ်ခွဲတောင် ရှိသွားပြီ။ " ရှီလန်က အခွင့်အရေးယူ၍ လေဟာနယ်အလွှာတစ်ခုမှ တစ်ခုသို့ ရွေ့ပြောင်းပြီး ဟွမ်ယိနှင့် အကွာအဝေးကို တိုးမြှင့်လိုက်သည်။ သို့သော် နာရီဝက်မပြည့်မီ ဟွမ်ယိက ပြန်ပြီး မှီလာပြန်သည်။
" လေဟာနယ်အလွှာတွေ ပိုပြီး သိမ်းပိုက်ခံနေရပြီ။ ပုန်းဖို့နေရာက ပိုပြီးနည်းလာတယ်။ " ရှီလန်က သက်ပြင်းချလိုက်သည်။
၎င်းက ခွန်အားကွာခြားမှုပင်ဖြစ်သည်။ ရှီလန်၏ လေဟာနယ်အလွှာက တစ်သန်းပင်မပြည့်ဘဲ ထျန်းယုမျိုးနွယ်မှ အသန်မာဆုံး နဝမအလွှာဖြစ်သော ဟွမ်ယိက လေဟာနယ်အလွှာ သန်းသုံးဆယ်ကို ဖွင့်ထားခဲ့သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက တည်နေရာရွှေ့ပြောင်းခြင်းများကို ကန့်သတ်ထားခြင်းမရှိဘဲ ရှီလန်က သူ၏ စိတ်ဝိညာဉ်နှင့် အရာအားလုံးကို လောင်ကျွမ်းနေခြင်းမဟုတ်လျှင် ဟွမ်ယိက သူ့ကို ဖမ်းမိသည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယခုအချိန်တွင်လည်း ရှီလန်က နောက်ထပ်အများကြီး ဆက်ထိန်းထားနိုင်တော့မည်မဟုတ်ပေ။ ဟွမ်ယိက လေဟာနယ်အလွှာများကို ပို၍ သိမ်းပိုက်လာသည့်အပြင် သူ၏ စိတ်စွမ်းအားကလည်း လျော့နည်းလာပြီဖြစ်သည်။
" နောက်ထပ် နှစ်ဝက်ပဲ။ " ရှီလန်က သူ့ကိုသူ တည်ငြမ်စေပြီး သူ၏ အတွင်းကမ္ဘာထဲရှိ ထောင့်တစ်နေရာတွင် ထိုင်နေသော လင်းယွမ်ကို ကြည့်လိုက်သည်။
ရှီလန်က လင်းယွမ်ကို အလွန်ယုံကြည်သောကြောင့် လင်းယွမ်က သုံးနှစ်ကြာလျှင် သူ၏ အကြီးအကဲက လာရောက်ကူညီလိမ့်မည်ဟု ပြောခဲ့သည်ကို သံသယဝင်ခြင်းမရှိခဲ့ပေ။
" ငါတို့ လူသားမျိုးနွယ်ရဲ့ ဘယ်အင်အားကြီးပုဂ္ဂိုလ်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ အကြီးအကဲဖြစ်မလဲ။ " ရှီလန်က သိချင်နေသည်။
နဂါးငွေ့တန်းကြယ်သခင်၏ ဆရာက ချီခွန်ကြယ်သခင်ဖြစ်သည်။ သို့သော် ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်သာ ဖြစ်၏။ သူက နဝမအလွှာသို့ ဝင်ရောက်ခဲ့လျှင်တောင် ဟွမ်ယိလို စွမ်းအားကြီးသူကို ယှဉ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
" အဲ့ဒါက ငါတို့ လူသားမျိုးနွယ်က လေဟာနယ်အလွှာ သန်းနှစ်ဆယ်ကျော် ဖွင့်ခဲ့တဲ့ နဝမအလွှာတစ်ယောက်ဖြစ်နိုင်လား။ " ရှီလန်က တွေးလိုက်သည်။
ဟွမ်ယိ၏ လက်ထဲမှ သူတို့ကို ကယ်တင်ရန် သာမန် နဝမအလွှာ အလွှာဆယ်သန်းအဆင့်က မလုံလောက်ပေ။ ဟွမ်ယိကို ထိန်းချုပ်ပြီး ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန် လေဟာနယ်အလွှာ သန်းနှစ်ဆယ်ကျော် ဖွင့်ထားသူတစ်ယောက်ကို လိုအပ်လေသည်။
" လေဟာနယ်အလွှာ သန်းနှစ်ဆယ်..." ရှီလန်က သက်ပြင်းချလိုက်သည်။ သူက နဝမအလွှာသို့ ရောက်သည်မှာ ကြာသည်နှင့် လေဟာနယ်အလွှာများဖွင့်ရန် ပို၍ ခက်ခဲလာသည်ကို နားလည်ခဲ့သည်။
လေဟာနယ်အလွှာများကို ဖွင့်လှစ်ခြင်းက အပေါ်ယံသာ ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ လေဟာနယ်အနှစ်သာရကို နားလည်ခြင်းဖြစ်သည်။ လုံလောက်သော အသိအမြင်များ မရှိဘဲ လေဟာနယ်အလွှာများကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ ရှီလန်က လေဟာနယ်အလွှာများ ဖွင့်လှစ်ခြင်း၏ အခက်အခဲကို နားလည်သောကြောင့် ဟွမ်ယိကဲ့သို့ လေဟာနယ်အလွှာ ဆယ်သန်းကျော်အား ဖွင့်လှစ်ထားနိုင်သူများကို လေးစားမှုရှိလေသည်။