← Chapters

လူသားမျိုးနွယ်မှ သော်ခဲ...

Vol. 32 Ch. 490

လူသားမျိုးနွယ်မှ သော်ခဲ...

Vol. 32 Ch. 490

" ရှီလန်က မင်းက လျို့ဝှက်နယ်မြေအတွင်းမှာ ရရှိခဲ့တဲ့ ရတနာတွေကို မဆုံးရှုံးချင်လို့ အချိန်ဆွဲနေတယ်ဆိုတာ ငါသိတယ်။ ငါမင်းကို ကတိပေးနိုင်တာရှိတယ်။ မင်းသာ နဂါးငွေ့တန်းကြယ်သခင်ကို လွှဲပြောင်းပေးရင် ငါမင်းကို သွားခွင့်ပေးမယ်။ ပြီးတော့ မင်းရရှိခဲ့တဲ့ ရတနာတွေကိုလည်း မင်းနဲ့အတူ ယူသွားနိုင်တယ်။ " ဟွမ်ယိက ရှီလန်ကို ပြောလိုက်သည်။

" မင်းနဲ့ငါက ဆန့်ကျင်ဘက်အဖွဲ့တွေက ဖြစ်နေရင်တောင် ငါ ဟွမ်ယိရဲ့ ကတိတစ်ခုကို မင်းသိသင့်တယ်။ ငါက ကတိပေးပြီးရင် ဘယ်တော့မှ ဖောက်ဖျက်မှာမဟုတ်ဘူး။ "

ဟွမ်ယိက နောက်မှ လိုက်နေရသည်ကို စိတ်မရှည်ဖြစ်လာခဲ့သည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူက နောက်ထပ် သုံးလမှ ငါးလအထိ အချိန်ဖြုန်းနေရပေလိမ့်မည်။ အစကတည်းက ဟွမ်ယိ၏ ရည်ရွယ်ချက်မှာ နဂါးငွေ့တန်းကြယ်သခင်ကို သတ်ရန်သာဖြစ်သည်။ အတိအကျပြောရလျှင် မကြာသေးမီက စစ်ပွဲကြောင့် နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားကို သတ်ပြီး လက်စားချေချင်ရုံသာဖြစ်သည်။

သူက ရှီလန်ကို အလေးအနက်မထားခဲ့ပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင်သာမဟုတ်လျှင် ရှီလန်က ယခုလောက်ထိ ပြေးနိုင်မည်မဟုတ်ပေ။

" ဟားဟားဟား ငှက်လူသားက ငါနဲ့ နဂါးငွေ့တန်းကြယ်သခင်ကို သွေးခွဲချင်နေတာပဲ။ " ရှီလန်က လှုပ်ရှားခြင်းမရှိပေ။

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ရှီလန်က အခြေအနေကို ကောင်းကောင်း နားလည်လေသည်။ ယခု သူ့အတွက် အဆိုးဆုံးအခြေအနေမှာ လက်ရှိကိုယ်ပွားပျက်စီးပြီး လျို့ဝှက်နယ်မြေအတွင်းမှ ရတနာများကို ဆုံးရှုံးရုံသာဖြစ်သည်။

နဂါးငွေ့တန်းကြယ်သခင်ကို လွှဲပြောင်းပေးရမှာလား။ လူသားမျိုးနွယ်အား သစ္စာဖောက်သော လုပ်ရပ်ကို ဘေးဖယ်ထားပြီး နဂါးငွေ့တန်းကြယ်သခင် လက်ရှိပြသထားသော အရည်အချင်းများကို ကြည့်ရုံနှင့် ရှီလန်က ထိုသို့သော ရွေးချယ်မှုမျိုးကို လုံးဝလုပ်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် နဂါးငွေ့တန်းကြယ်သခင်နှင့်အတူ သေဆုံးခြင်းက သူတို့ကြားခင်မင်မှုကို ပို၍ နက်ရှိုင်းစေပေလိမ့်မည်။

" ကောင်းပြီလေ။ ဒါဆို အဲ့ဒီကိုယ်ပွားကိုပါ စွန့်လွှတ်ဖို့ ပြင်ထားလိုက်တော့။ " ဟွမ်ယိက ဆက်လက်စည်းရုံးခြင်းမရှိပေ။ နှစ်နှစ်ကျော်အတွင်း စည်းရုံးသော စကားတိုင်းကို ရှီလန်က လှောင်ပြောင်ခဲ့သောကြောင့် ၎င်းက အသုံးမဝင်သည်ကို နားလည်လိုက်သည်။

" ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ထွက်ပြေးတဲ့ နည်းလမ်းတွေက တကယ်ကို ပြောင်မြောက်တာပဲ။ " ဟွမ်ယိ၏ အမူအရာက တင်းမာနေသည်။ တစ်ချိန်တည်းတွင် သူက လေဟာနယ်အလွှာများ သိမ်းပိုက်ခြင်းကိုလည်း အရှိန်မြှင့်လိုက်သည်။

ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရှီလန်ကျင့်ကြံထားသော လမ်းစဉ်ဖြစ်ပြီး ၎င်းက လူသားမျိုးနွယ်၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုထဲမှ တစ်ခုလည်း ဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုက ဟင်းလင်းပြင်နတ်ဘုရားဖြစ်ပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

တိုက်ခိုက်ရေးနှင့် သတ်ဖြတ်ရေးစွမ်းရည်နှင့် ပက်သက်လျှင် ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားက ကြီးမြတ်သူရှချင်နှင့် ကြီးမြတ်သူ ကုလီတို့နှင့် မယှဉ်နိုင်ပေ။ သို့သော် ဟင်းလင်းပြင်ကို ထိန်းချုပ်ရာတွင် သူက ကြီးမြတ်သူကိုးယောက်ထဲတွင် အသန်မာဆုံးဖြစ်သည်။

လူသားမျိုးနွယ်တွင် အများဆုံးကျင့်ကြံကြသည်မှာ ကြီးမြတ်သူကိုးယောက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။ ထိုအမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခု၏ အဆုံးတွင် ကြီးမြတ်သူများရှိလျှင်တောင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက အဆုံးစွန်သောအဆင့်ကို စိန်ခေါ်ရန် စွမ်းရည်လည်းမရှိသလို ဆန္ဒလည်းမရှိကြပေ။

သူတို့၏ အမြင်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုက ပြည့်စုံလုနီးပါးဖြစ်နေပြီဖြစ်သည်။ လူတစ်ယောက်က ၎င်းတို့ကို ကျင့်ကြံရန် အရည်အချင်းပြည့်မီနေလျှင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရွေးချယ်ရန် အကြောင်းရင်းမရှိပေ။

ရှီလန်က လေဟာနယ်တွင် အရည်အချင်းရှိပြီး ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လွတ်မြောက်ခြင်းနည်းစနစ်များကို အသုံးပြုနိုင်လေသည်။ ထို့ကြောင့် သူက ဟွမ်ယိ၏ လက်ထဲမှ ယခုအချိန် လွတ်မြောက်နေခြင်းဖြစ်သည်။

" မှီခါနီးပြီ။ " ဟွမ်ယိက တွေးလိုက်သည်။

ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မည်မျှအံ့ဩစရာကောင်းသည်ဖြစ်စေ ၎င်းကို အသုံးပြုရန် လေဟာနယ်ကို လိုအပ်လေသည်။ ယခုနှစ်နှစ်အတွင်း သူက လေဟာနယ်အလွှာများကို ပို၍ သိမ်းပိုက်ထားပြီး ရှီလန်က တဖြည်းဖြည်း ထောင်ချောက်ထဲသို့ ကျရောက်နေပြီဖြစ်သည်။

ထျန်းယုမျိုးနွယ်မှ အသန်မာဆုံး နဝမအလွှာဖြစ်သော ဟွမ်ယိ၏ လိုက်လံဖမ်းဆီးမှုက အနီးရှိ နဝမအလွှာများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

" အဲ့ဒါ ထျန်းယုမျိုးနွယ်ရဲ့ အသန်မာဆုံး နဝမအလွှာ ဟွမ်ယိမဟုတ်လား။ သူက ဘယ်သူ့ကို လိုက်နေတာလဲ။ "

" မင်းမသိဘူးလား။ လိုက်ခံနေရတဲ့သူက လူသားမျိုးနွယ်က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ ရှီလန်ပဲ။ ဒါပေမယ့် ဟွမ်ယိက ရှီလန်ကို လိုက်နေတာမဟုတ်ဘူး။ သူနဲ့အတူ ခရီးသွားခဲ့တဲ့ နဂါးငွေ့တန်းကြယ်သခင်ကိုပဲ။ "

" နဂါးငွေ့တန်းကြယ်သခင်လား။ ထျန်းယုမျိုးနွယ်ကို စစ်မြေပြင်မှာ အရှက်ခွဲခဲ့တဲ့ပါရမီရှင်ပေါ့။ လူသားမျိုးနွယ်ရဲ့ သမိုင်းမှာ အသက်ငယ်ဆုံး နဝမအလွှာပေါ့။ "

နဝမအလွှာ သက်ရှိအမျိုးမျိုးက အဝေးမှ ကြည့်နေကြသည်။ ဟွမ်ယိက သူ၏ လိုက်လံမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပေါက်ကွဲနေသော လေဟာနယ်လှိုင်းများကို အလွယ်တကူ ရှာတွေ့နိုင်လေသည်။

" နဂါးငွေ့တန်းကြယ်သခင်က လိုက်ခံနေရတာလား။ "

လူသားမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းမွန်သော နဝမအလွှာ မျိုးနွယ်ခြားအချို့က စိတ်ဝင်စားသွားကြသည်ယာ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကိုကယ်တင်နိုင်ခဲ့လျှင် ထိုထူးချွန်သော ပါရမီရှင်၏ မျက်နှာသာပေးမှုကို သေချာပေါက် ရပေလိမ့်မည်။

သို့သော် ကံမကောင်းစွာပင် နဂါးငွေ့တန်းကြယ်သခင်ကို လိုက်နေသူက ဟွမ်ယိဖြစ်နေသည်။ နဝမအလွှာ မျိူးနွယ်ခြားများက နဂါးငွေ့တန်းကြယ်သခင်ကို ကယ်တင်ချင်လျှင်တောင် ဟွမ်ယိကို တားဆီးနိုင်စွမ်းမရှိကြပေ။

လူသားမျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်များထဲတွင် အင်အားအကြီးဆုံးထဲ၌ ပါဝင်ပြီး လူသားမျိုးနွယ်မဟာမိတ်တွင် မျိုးနွယ်စုများစွာ ရှိနေသည်။

" ဟားဟား ဟွမ်ယိက ရှီလန်ကို နှစ်နှစ်ကျော် လိုက်နေရတာပဲ။ နဂါးငွေ့တန်းကြယ်သခင်က ရှီလန်ရဲ့ အတွင်းကမ္ဘာထဲမှာ ပုန်းနေတာ ဖြစ်ရမယ်။ ရှီလန်ရဲ့ ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြောကြတဲ့အတိုင်း တကယ်အစွမ်းထက်တာပဲ။ "

" နဂါးငွေ့တန်းကြယ်သခင်က ဒီလိုဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်။ "

" နဂါးငွေ့တန်းကြယ်သခင်က ဘာလုပ်နေလဲဆိုတာ မသိရဘူး။ ရှီလန်က မူလခန္ဓာကိုယ်ကိုတောင် ထိခိုက်နိုင်တဲ့ လျို့ဝှက်နည်းစနစ်အချို့ကို အသုံးပြုနေတာကို ကြည့်ရင် လူသားမျိုးနွယ်က နဝမအလွှာတစ်ယောက်က သူတို့ကို ကယ်တင်ဖို့ လာတာဖြစ်နိုင်လား။ "

" ဒီနားမှာ ဟွမ်ယိကို ယှဉ်နိုင်တဲ့ နဝမအလွှာ လူသားဆင့်ကဲပြောင်းလဲသူအကြောင်း မကြားဖူးပါဘူး။ "

နဝမအလွှာ မျိုးနွယ်ခြားများက စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေကြသည်။ လိုက်ဖမ်းနေသူ သို့မဟုတ် ထွက်ပြေးနေသူ နှစ်ယောက်လုံးက နာမည်ကြီးများဖြစ်ကြလေသည်။

ဟွမ်ယိ၏ ကျော်ကြားမှုက နဝမအလွှာတိုင်း သူကို သိကြသည်ဟုပင် ပြောနိုင်လေသည်။ ထို့အပြင် နဂါးငွေ့တန်းကြယ်သခင်က မကြာသေးမီကမှ နဝမအလွှာကို တက်ခဲ့လျှင်တောင် သူ၏ ကျော်ကြားမှုကလည်း လူအများ၏ အာရုံစိုက်ခြင်းကို ခံရနိုင်လေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အခြားတစ်ဖက်တွင် ခရမ်းရောင်ဝတ်ရုံနှင့် လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်က လေဟာနယ်အလွှာများမှတစ်ဆင့် ဆက်လိုက်ပြေးလွှားနေသည်။ သူ၏ အရှိန်က အံ့မခန်းဖြစ်ပြီး တစ်ကြိမ်ပျံသန်းမှုက လေဟာနယ်အလွှာ သန်းလေးဆယ်ကျော်ကို သက်ရောက်လေသည်။

ထိုခရမ်းရောင်ရုံနှင့် ဆင့်ကဲပြောင်းလဲသူက သော်ခဲဟုခေါ်ပြီး လေဟာနယ်အလွှာ ၃၉သန်းကို ဖွင့်လှစ်ထားသည်။ ထို့အပြင် သူက လူသားမျိုးနွယ်၏ ယနေ့ခေတ်မှ အစွမ်းထက်ဆုံး နဝမအလွှာတစ်ယောက်လည်း ဖြစ်သည်။

" နောက်ထပ်ခဏလေးပဲစောင့်။ ငါရောက်တာနဲ့ အဲ့ဒီဟွမ်ယိကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်။ " သော်ခဲသွားနေသည်မှာ ဟွမ်ယိတို့ရှိသော နေရာဖြစ်သည်။

အထွတ်အထိပ်မျိုးနွယ်တစ်ခုမှ အစွမ်းထက်ဆုံး နဝမအလွှာဖြစ်သော သော်ခဲက ဟွမ်ယိနှင့် မကြာခဏ တိုက်ခိုက်ခဲ့လေသည်။ လွန်ခဲ့သော နှစ်နှစ်က ဟွမ်ယိမှာ နဂါးငွေ့တန်းကြယ်သခင်ကို လိုက်ဖမ်းနေသည်ဟု ကြားချိန်တွင် သူက ချက်ချင်း ထိုနေရာသို့ သွားနေခဲ့လေသည်။

သို့သော် သူတို့က အလွန်ဝေးကွာလှပြီး သုံးနှစ်အတွင်း ဟွမ်ယိတို့ကို မှီရန် မလွယ်ကူပေ။ ထိုသို့ဖြစ်နေလျှင်တောင် သော်ခဲက သွားရန် ရွေးချယ်ခဲ့လေသည်။

" ဟွမ်ယိ မင်းသာ နဂါးငွေ့တန်းကြယ်သခင်ကို သတ်ခဲ့ရင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှာ ထျန်ယုမျိုးနွယ်ရဲ့ နဝမအလွှာတွေလည်း အသက်ရှင်နိုင်မယ်မထင်နဲ့။ " သော်ခဲက တွေးလိုက်သည်။

ပုံမှန်အားဖြင့် သူတို့လို အစွမ်းထက်သော နဝမအလွှာများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် အခြားနဝမအလွှာ မျိုးနွယ်ခြားများကို ရည်ရွယ်ချက်ရှိရှိ လိုက်လံသတ်ဖြတ်ခြင်းမရှိပေ။

အကြောင်းမှာ ၎င်းက အချိန်ကုန်သောကြောင့် ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပြင်ပကမ္ဘာကဲ့သို့မဟုတ်ဘဲ လူတစ်ယောက်က ပျံသန်းရုံသာ တတ်နိုင်လေသည်။ ထို့အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နှစ်တစ်ရာသာ ဖွင့်သောကြောင့် သူတို့က အခြားနဝမအလွှာ မျိုးနွယ်ခြားများကို သတ်ဖြတ်နေလျှင် လျို့ဝှက်နယ်မြေအတွင်းမှ အခွင့်အခမ်းများကို စွန့်လွှတ်ရပေလိမ့်မည်။

သို့သော် ဟွမ်ယိက လူသားမျိုးနွယ်၏ ပါရမီရှင် နဂါးငွေ့တန်းကြယ်သခင်ကို သတ်ဖြတ်ရဲလျှင် သော်ခဲကလည်း လျို့ဝှက်နယ်မြေအတွင်းမှ အခွင့်အလမ်းများကို စွန့်လွှတ်ရန် ဝန်မလေးပေ။

လေဟာနယ်အလွှာထဲတွင် မာဒိုခရီးသည်ကလည်း အဝေးမှ လိုက်လံကြည့်ရှုနေသည်။ ဟွမ်ယိက ရှီလန်နှင့် နဂါးငွေ့တန်းကြယ်သခင်ကို နှစ်နှစ်ကျော် လိုက်လံဖမ်းဆီးနေသည်ဟု သတင်းကြားပြီးနောက် သူလည်း အပြေးလာကြည့်ခဲ့ခြင်းဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်က တကယ် ကံမကောင်းတာပဲ။ " မာဒိုခရီးသည်က တွေးလိုက်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်ကို သတိပေးခဲ့ပြီး သူကလည်း ဟွမ်ယိကို ရှောင်ရှားရန် ကြိုးစားပေလိမ့်မည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အလွန်ကျယ်ဝန်းပြီး နှစ်ယောက်သာ မျက်နှာချင်းဆိုင်တွေ့သည်မှလွဲ၍ ဟွမ်ယိက နဂါးငွေ့တန်းကြယ်သခင်ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

All Chapters