← Chapters

မင်းရဲ့ အကြီးအကဲ ရောက်လာပြီလား....

Vol. 32 Ch. 491

မင်းရဲ့ အကြီးအကဲ ရောက်လာပြီလား....

Vol. 32 Ch. 491

" ရှေးဟောင်းနတ်ဘုရားဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်ကို တကယ်တန်ဖိုးထားတာပဲ။ ဟွမ်ယိကို တားဆီးပြီး နဂါးငွေ့တန်းကြယ်သခင်ကို ကယ်တင်ဖို့ အဲ့ဒီဝှက်ဖဲကိုတောင် အသုံးပြုခွင့်ပေးလိုက်တယ်။ " မာဒိုခရီးသည်က သူ၏ ခေါင်းကို ခါလိုက်သည်။

ရှေးဟောင်းနတ်ဘုရားဘိုးဘေး၏ ထူးချွန်သော မျိုးဆက်အနေဖြင့် မာဒိုခရီးသည်က သူ၏ နှစ်သက်ခြင်းကို ခံရလေသည်။ ဤတစ်ကြိမ် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်သောအခါ သူ့ကို အသက်ကယ်ဝှက်ဖဲတစ်ခု ပေးခဲ့လေသည်။

ထိုဝှက်ဖဲကို အသက်သွင်းလိုက်သည်နှင့် လေဟာနယ်အလွှာ သန်းငါးဆယ် သို့မဟုတ် သန်းရှစ်ဆယ်ကို ထိန်းချုပ်ပြီး အစွမ်းထက်သော နဝမအလွှာတစ်ယောက်ကိုပင် ခဏတာ ပိတ်လှောင်ထားနိုင်လေသည်။

" ဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်ကယ်တင်ဖို့ ဝှက်ဖဲကို အသုံးမပြုရဘူးလို့ ပြောခဲ့တယ်။ နဂါးငွေ့တန်းကြယ်သခင်ကို ဟွမ်ယိက ဖမ်းဆီးတော့မယ့်အချိန်ကျမှ လှုပ်ရှားဖို့ ပြောခဲ့တယ်။ ဒါဆို ငါက နဂါးငွေ့တန်းကြယ်သခင်အပေါ် ပိုကြီးမားတဲ့ ကျေးဇူးကြွေးတင်သွားလိမ့်မယ်။ "

" အချိန်ကျခါနီးပြီ။ " မာဒိုခရီးသည်က ခဏ စောင့်ကြည့်နေသည်။

ရှီလန်၏ အရှိန်က နှေးကွေးလာသည်ကို သတိပြုမိသောအခါ မာဒိုခရီးသည်၏ အမူအရာက ချက်ချင်း လေးနက်သွားသည်။ သူက ဝှက်ဖဲကို အသက်သွင်းရန် အရေးကြီးဆုံးအချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှီလန်၏ အတွင်းကမ္ဘာထဲတွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" ငါပြန်ရောက်ပြီ။ "

နတ်ဘုရားကမ္ဘာတွင် ကုန်ဆုံးခဲ့သော အဖြစ်အပျက်များက သူ၏ စိတ်ထဲတွင် ပြန်လည်ထင်ဟပ်လာသည်။ လင်းယွမ်ကို သတိပြုမိသော ရှီလန်ကလည်း သူ၏ စိတ်အသိကို အတွင်းကမ္ဘာထဲသို့ ပို့လွှတ်လိုက်သည်။

" အကိုရှီလန်..." လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ ရှီလန်၏ အားထုတ်မှုကြောင့် သူ၏ ဆင်းသက်မှုက ပြည့်စုံစွာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင် လင်းယွမ်က ဆင်းသက်မှုကို ရပ်တန့်ခြင်း သို့မဟုတ် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ မူလစိတ်ဝိညာဉ်ကို စွန့်လွှတ်လိုက်ရပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် " ရှီလန်က စိတ်အားတက်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ အကြီးအကဲ ရောက်လာပြီလား။ " ရှီလန်က သတိထားပြီး မေးလိုက်သည်။

" အကြီးအကဲ " လင်းယွမ်က ရှီလန်ကို ကြည့်လိုက်သည်။

လင်းယွမ်က သူ၏ ကိုးကြိမ်မြောက် ဆင်းသက်မှုမစမီ ရှီလန်ကို မျှော်လင့်ချက်ပေးရန် အကြီးအကဲတစ်ယောက် လာနေပြီဟု ပြောခဲ့လေသည်။

အကြီးအကဲဟူသော အဓိပ္ပါယ်က ဟွမ်ယိကို တန်ပြန်တိုက်ခိုက်နိုင်မှုအပေါ် မူတည်လေသည်။ လင်းယွမ်က ဆင်းသက်မှုမှ ပြန်လာပြီး သူ၏ ခွန်အားကို များစွာမြှင့်တင်နိုင်လျှင် သူကိုယ်တိုင် အကြီးအကဲ ဖြစ်လာပေလိမ့်မည်။

လင်းယွမ်က မဆင်းသက်မီကတည်းက နတ်ဘုရားအမြုတေများ၏ အကူအညီမပါလျှင်တောင် ထောင်စုနှစ်အတွင်း အလွှာဆယ်သန်းအဆင့်ကို ရောက်နိုင်လေသည်။ အတွင်းကမ္ဘာ၏ ထောက်ပံ့မှုဖြင့် လေဟာနယ်အလွှာများ ကွာခြားနေလျှင်တောင် ဟွမ်ယိကို ယှဉ်နိုင်ဆဲ ဖြစ်သည်။

" အတွင်းကမ္ဘာ " လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို ကြည့်လိုက်သည်။

သူ၏ စိတ်အသိက ပြန်ရောက်လာသော်လည်း အတွင်းကမ္ဘာ၏ အရွယ်အစားက ပြောင်းလဲခြင်းမရှိပေ။ သို့သော် ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူပြီးသည်နှင့် သူ၏ အတွင်းကမ္ဘာက မိုင်နှစ်ဘီလီယံနီးပါး ဖြစ်လာပေလိမ့်မည်။

သို့သော် လေဟာနယ်အလွှာများက ကြောက်စရာကောင်းသော အရှိန်နှင့် တိုးတက်လာနေသည်။ တစ်သန်း၊ ဆယ်သန်း၊ သန်းတစ်ရာ....

လေဟာနယ်အလွှာများ၏ တိုးတက်မှုက လေဟာနယ်နိယာမ၏ အနှစ်သာရကို နားလည်ရန် လိုအပ်လေသည်။ လင်းယွမ်၏ နားလည်မှုနှင့် သူက လေဟာနယ်အလွှာ ၂.၃၁ ဘီလီယံအထိ ဖွင့်လှစ်နိုင်ခဲ့သည်။

" ထွက်ကြစို့ " လင်းယွမ်၏ လေဟာနယ်အပေါ် လက်ရှိနားလည်မှုနှင့် ရှီလန်၏ အတွင်းကမ္ဘာထဲတွင် ရှိလျှင်တောင် ပြင်ပကမ္ဘာကို မြင်နိုင်လေသည်။

" ထွက်မှာလား။ " ရှီလန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

နဂါးငွေ့တန်းကြယ်သခင်ရဲ့ အကြီးအကဲရောက်လာတာလား။ သို့သော် ရှီလန်က နဝမအလွှာတစ်ယောက်၏ အော်ရာကို မခံစားမိပေ။ အဝေးမှ ကြည့်ရှုနေသော နဝမအလွှာများ ရှိသော်လည်း သူတို့၏ အော်ရာနှင့် ဟွမ်ယိကို တားဆီးနိုင်မည်မဟုတ်ပေ။

ရှီလန်၏ အကြည့်အောက်တွင် လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင်က ထွက်သွားတာလား။ " ရှီလန်က ဆွံ့အသွား၏။

နဂါးငွေ့တန်းကြယ်သခင်က သူ၏ အတွင်းကမ္ဘာထဲမှ ခွင့်ပြုချက်မရှိဘဲ ထွက်သွားခဲ့သည်။ ရှီလန်က သူ၏ အတွင်းကမ္ဘာထဲတွင် ဖန်ဆင်းရှင်နတ်ဘုရားနှင့် တူလေသည်။

သူ၏ အတွင်းကမ္ဘာမှ စွမ်းအား အားလုံးကို ထိန်းချုပ်နိုင်ပြီး လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားသော ဟွမ်ယိလိုလူကိုပင် အတွင်းကမ္ဘာထဲတွင် ပိတ်လှောင်ထားနိုင်လေသည်။ ရှီလန်၏ ခွင့်ပြုချက်မရှိဘဲ ထွက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အတွင်းကမ္ဘာကို ခွန်အားသုံးပြီး ထိုးဖောက်သွားရန်ဖြစ်သည်။

ထိုကဲ့သို့ ထိခိုက်မှုမရှိဘဲ ထွက်သွားနိုင်ရန် ဒသမအလွှာများသာ လုပ်နိုင်ပေလိမ့်မည်။ လေဟာနယ်နိယာမအပေါ် သူတို့၏ နားလည်မှုက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုထွက်သွားခဲ့တာလဲ။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က အပြင်သို့ ထွက်သွားပြီး အပြင်တွင် ဟွမ်ယိက လိုက်ဖမ်းနေခြင်းဖြစ်သည်။ ရှီလန်၏ အကူအညီသာ မပါလျှင် လင်းယွမ်က ဟွမ်ယိ၏ ဖမ်းဆီးမှုကို ခံရပေလိမ့်မည်။

" မကောင်းတော့ဘူး။ " ရှီလန်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

ပြင်ပတွင် ရှီလန်က ထွက်ပြေးနေချိန် လင်းယွမ်၏ ပုံရိပ်က သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

၎င်းကို မြင်သောအခါ ဟွမ်ယိက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဝမ်းသာသွားသည်။ လင်းယွမ်က ရှီလန်၏ အတွင်းကမ္ဘာထဲတွင် ဆက်လက်ပုန်းအောင်းနေလျှင် သူက ခဏတာ ဆက်လက်လိုက်ဖမ်းနေရမည်ဖြစ်သည်။ သို့သော် အပြင်ထွက်လာသည်နှင့် လင်းယွမ်က ဆက်ပြေးနိုင်တော့မည်မဟုတ်ပေ။

ရှေ့သို့ရောက်သွားသော ရှီလန်ကလည်း လင်းယွမ်၏ ဘေးတွင် ပြန်ပေါ်လာသည်။

" နဂါးငွေ့တန်းကြယ်သခင် " ရှီလန်၏ အမူအရာက ပြောင်းလဲသွားသည်။

သူတို့ရပ်လိုက်သည့်အချိန်တွင် ဟွမ်ယိက အခွင့်အရေးကို ဖမ်းဆုပ်ပြီး ပတ်ဝန်းကျင်မှ လေဟာနယ်အလွှာ အားလုံးကို ပိတ်ဆို့လိုက်သည်။ ဆိုလိုသည်မှာ သူတို့နှစ်ယောက်လုံးက ဟွမ်ယိ၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည်။

ထိုအချိန်တွင် အဝေးမှ ကြည့်နေသော နဝမအလွှာများက နဂါးငွေ့တန်းကြယ်သခင်မှာ ထွက်ပြေးခြင်းမရှိဘဲ ဆန္ဒအလျောက် ထွက်လာသည်ကို သတိပြုမိသွားကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က လက်လျှော့လိုက်ပြီလား။ ထွက်ပြေးဖို့တောင် မကြိုးစားတော့ဘူးလား။ "

" အဲ့လိုထင်တယ်။ အစကတည်းက အဲ့လိုဖြစ်သင့်တာ။ ဟွမ်ယိလိုက်ဖမ်တာ ခံရတော့ သူနဲ့အဆင့်တူ တစ်ယောက်သာ လာမကယ်ရင် သူတို့က သေချာပေါက်သေမှာပဲ။ "

" မှန်တယ်။ အစကတည်းက ကိုယ်ပွားကို ဖျက်ဆီးလိုက်ရင် ဒုတိယကိုယ်ပွားဖန်တီးတာတောင် တော်တော်ပြီးနေလောက်ပြီ။ "

နဝမအလွှာများက ပြောလိုက်ကြသည်။ လူသားမျိုးနွယ်၏ ထူးချွန်သော ပါရမီရှင်တစ်ယောက်၏ ကျဆုံးမှုကို မြင့်တွေ့ခြင်းက ကိုယ်ပွားတစ်ခုဖြစ်နေလျှင်တောင် အလွန်ရှားပါးသော အဖြစ်အပျက်တစ်ခုဖြစ်သည်။

လူသားမျိုးနွယ်က ပါရမီရှင်များကို တန်ဖိုးထာယပြီး လုံခြုံစွာ ကာကွယ်ပေးထားလေသည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်များမှာပင် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများက အမြဲတမ်း အာရုံစိုက်နေကြမည်ဖြစ်သည်။

သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ဒသမအလွှာနှင့် အထက်အဆင့်များက ဝင်နိုင်စွမ်းမရှိဘဲ ကြီးမြတ်သူများပင် ၎င်းကို စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိပေ။ ဤနေရာတွင် လူသားမျိုးနွယ်၏ ပါရမီရှင်များက အန္တရာယ်ကို သူတို့ကိုယ်တိုင် ရင်ဆိုင်ရပေလိမ့်မည်။

" အချိန်ကျပြီ။ " လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးတွင် မာဒိုခရီးသည်၏ အမူအရာကလည်း လေးနက်သွားသည်။ သူက သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် အနက်ရောင်တွင်းပေါက်နှင့် ဆင်တူသော လေပွေတစ်ခုက လှည့်လည်နေသည်။ ထိုဝှက်ဖဲက ရှေးဟောင်းနတ်ဘုရား ဖန်တီးခဲ့ခြင်းဖြစ်ပြီး နိယာမများ၏ အစိတ်အပိုင်းများ ပါဝင်လေသည်။

မာဒိုခရီးသည်၏ ရှေးဟောင်းနတ်ဘုရားဘိုးဘေးက အလွန်ရှေးကျပြီး အချိန်နိယာမကို နားလည်ထားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ထိုဝှက်ဖဲကို ဖန်တီးရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရလေသည်။

စကြာဝဠာ၏ အနက်ရှိုင်းဆုံမှာ ရှေးဟောင်းနတ်ဘုရားများက အထူးသက်ရှိများဟု ခေါ်နိုင်ျလသည်။ သူတို့၏ ပါရမီများက ကြောက်စရာကောင်းသော်လည်း သူတို့၏ မျိုးပွားနိုင်စွမ်းက သနားစရာကောင်းအောင် အားနည်လှသည်။ အချို့က မျိုးပွားနိုင်စွမ်းပင် မရှိကြဘဲ စကြာဝဠာထဲတွင် လှ့ည်ပတ်သွားလာနေခဲ့ကြသည်။

ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားဘိုးဘေးက သူ၏ မျိုးဆက် မာဒိုခရီးသည်ကို အလွန်တန်ဖိုးထားလေသည်။ ထို့ကြောင့်လည်း ထိုဝှက်ဖဲကို တွန့်ဆုတ်ခြင်းမရှိဘဲ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာတွင် မာဒိုခရီးသည်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အဖြစ်အပျက်ကို သူ၏ ဘိုးဘေးအား ချက်ချင်း ပြောပြလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်က သူ့ဟာသူ ထွက်လာတာလား။ " ရှေးဟောင်းနတ်ဘုရားက ထိုင်၍ စဉ်းစားနေသည်။ " နဂါးငွေ့တန်းကြယ်သခင်ရဲ့ သေခြင်းရှင်ခြင်း အခိုက်အတန့်မှာ ငါပေးထားတဲ့ အချိန်တွင်းနက်ကို အသက်သွင်းလိုက်။ "

" နားလည်လား။ လုံးဝမတွန့်ဆုတ်နဲ့နော်။ " ရှေးဟောင်းနတ်ဘုရားက သတိပေးလိုက်သည်။

အနည်းငယ် နောက်ကျပြီး နဂါးငွေ့တန်းကြယ်သခင်က ဟွမ်ယိ၏ လက်ထဲတွင် သေဆုံးသွားလျှင် အားလုံးက ဖြုန်းတီးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။ အရမ်းစောပြီး နဂါးငွေ့တန်းကြယ်သခင်က စိတ်ပျက်အားငယ်ခြင်း မရှိသေးလျှင် သူတို့၏ ကျေးဇူးကလည်း ကြီးမားခြင်းမရှိနိုင်ပေ။

" နားလည်ပါတယ် ဘိုးဘေး။ ကျွန်တော်က အဆင်သင့်ပါပဲ။ " မာဒိုခရီးသည်က ခေါင်းညိမ့်လိုက်သည်။

ဘိုးဘေးက ထျန်းယုမျိုးနွယ်အား စော်ကားသည်အထိ နဂါးငွေ့တန်းကြယ်သခင်ကို အလေးထားသည့် အကြောင်းရင်းကို သူမသိသော်လည်း ဘိုးဘေးက နှစ်ပေါင်းများစွာ ရှင်သန်နေသူဖြစ်ပြီး ကြီးမြတ်သူများပင် သူ့ကို မျက်နှာသာပေးရလေသည်။

" ဟားဟား နဂါးငွေ့တန်းကြယ်သခင် မင်းက အခြေအနေကိုတော့ ကောင်းကောင်းနားလည်တာပဲ။ " ဟွမ်ယိက လေဟာနယ်အလွှာများကို လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။

ထို့နောက် သူက တည်ငြိမ်စွာ ရပ်နေသော လင်းယွမ်ကို ချက်ချင်းသတ်ရန် မရွေးချယ်ခဲ့ပေ။ ယခုအချိန်တွင် လူသားမျိုးနွယ်မှ သူနှင့်အဆင့်တူတစ်ယောက် လာလျှင်တောင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။

All Chapters