ဟွမ်ယိ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း...
Vol. 32 Ch. 492
ဟွမ်ယိက လေဟာနယ်အလွှာများကို ထိန်းချုပ်ထားရုံနှင့် လင်းယွမ်ကို သူ၏ အတွင်းကမ္ဘာထဲသို့ အလွယ်တကူ ပြောင်းရွှေ့နိုင်လေသည်။
ဟွမ်ယိက လင်းယွမ်ကို ကျေနပ်စွာ ကြည့်နေသည်။ သူက သုံးနှစ်နီးပါး လိုက်ခဲ့သောကြောင့် စိတ်အခြေအနေက တော်တော်ဆိုးနေပြီဖြစ်သည်။ ထို့ကြောင့် လင်းယွမ်ကိုလည်း စိတ်ပျက်အားငယ်စေချင်လေသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းက မင်းကိုမင်း မဖျက်ဆီးသေးတော့ သိပ်မကျေနပ်သေးတဲ့ပုံပဲ။ " ဟွမ်ယိက ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အရည်အချင်းရှိပြီး အနာဂတ်တွင် ဒသမအလွှာသို့ ရောက်နိုင်မည်ကို သူသိလေသည်။ တစ်ရက်တွင် သူ့ကိုပင် လက်စားချေနိုင်လေသည်။ သို့သော် အနည်းဆုံးတော့ သူ ဟွမ်ယိက ယခုအချိန်တွင် နဂါးငွေ့တန်းကြယ်သခင်ကို ဖျက်ဆီးနိုင်လေသည်။
" ဟွမ်ယိ " လင်းယွမ်က ဟွမ်ယိကို ကြည့်လိုက်သည်။ " အခုအချိန်မှာ မင်းက အရမ်းအားနည်းသွားပြီ။ "
" အရမ်းအားနည်းတာလား။ " ဟွမ်ယိက မှင်သက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " မင်းက မသေခင် လေကြီးသွားချင်သေးတာလား။ "
ဒသမအလွှာတစ်ယောက်ပင် သူ့ကို အားနည်းသည်ဟု မပြောနိုင်ပေ။ နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်နိုင်ခြင်းက လူတိုင်း လုပ်နိုင်သောအရာမဟုတ်ပေ။
" ငါက မင်းနဲ့ စကားပြောဖို့ စိတ်မဝင်စားဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
အစတွင် သူ၏ မျှော်လင့်ချက်အတိုင်း လေဟာနယ်အလွှာ ဆယ်သန်းကျော်သာ ဖွင့်နိုင်ခဲ့လျှင် ဟွမ်ယိနှင့် အပြန်အလှန် တိုက်ခိုက်ရပေလိမ့်မည်။ ယခုတော့ ထိုအရာများ မလိုတော့ပေ။
" မင်းက ငါနဲ့ စကားပြောဖို့ စိတ်မဝင်စားဘူးလား။ ဟွမ်ယိက နှာခေါင်းရှုံ့ပြီး တုန့်ပြန်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
အကြောင်းမှာ သူသိမ်းပိုင်ထားသော လေဟာနယ်အလွှာများက ပြင်းထန်သော စွမ်းအားတစ်ခု၏ အတင်းအကျပ် ဖယ်ရှားခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်သည်။ ဟွမ်ယိက အနည်းငယ် ထိတ်လန့်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူက ပတ်ဝန်းကျင်မှ လေဟာနယ်အလွှာများအပေါ် ထိန်းချုပ်မှုအားလုံးကို ဆုံးရှုံးလိုက်ရသည်။ ထို့နောက် ထိုလေဟာနယ်အလွှာများကို စွမ်းအားတစ်ခုက သိမ်းပိုက်သွားပြီး ထိုစွမ်းအား ထိန်းချုပ်ထားသော လေဟာနယ်အလွှာများက သန်းသုံးဆယ်ထက် များစွာ ကျော်လွန်လေသည်။
" မင်းလား..." ဟွမ်ယိက ချွေးဇောပြန်လာပြီး လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ထိုစွမ်းအားအသစ်က သူ၏ လက်ထဲသို့ ရောက်နေပြီဟု သတ်မှတ်ထားသော နဂါးငွေ့တန်းကြယ်သခင်၏ စွမ်းအားပင် ဖြစ်သည်။
" သေ " လင်းယွမ်၏ အမူအရာက တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။
" မင်း ဘယ်လိုဖြစ်နိုင်မှာလဲ။ " ဟွမ်ယိက ထိတ်လန့်သွားပြီး တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ ကိုယ်ပွားကို ဖောက်ခွဲလိုက်သည်။
သူက ကိုယ်ပွားကို မဖောက်ခွဲလျှင် နဂါးငွေ့တန်းကြယ်သခင်၏ အရှင်ဖမ်းခြင်းကို ခံရနိုင်လေသည်။ ထို့နောက် လူသားနယ်မြေသို့ ခေါ်သွားပြီး ကျိန်စာသတ်ဖြတ်ခြင်း သို့မဟုတ် မှတ်ဉာဏ်အဆိပ်ကဲ့သို့သော အရာများကို အသုံးပြုလျှင် သူကိုယ်တိုင် သေဆုံးခြင်းကို ရင်ဆိုင်ရနိုင်လေသည်။
ထျန်းယုနယ်မြေတွင် ဟွမ်ယိ၏ မူလခန္ဓာကိုယ်က မယုံကြည်နိုင်သော အမူအရာနှင့် မျက်လုံးများ ဖွင့်လိုက်သည်။
" ဘာဖြစ်သွားတာလဲ။ နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် အဲ့လိုခွန်အားမျိုးကို ပိုင်ဆိုင်တာလဲ။ "
" သူသိမ်းပိုက်ထားတဲ့ လေဟာနယ်အလွှာက သန်းသုံးဆယ်ထက် အများကြီး ကျော်လွန်တာကို ငါခံစားမိတယ်။ မဟုတ်ဘူး အနည်းဆုံး သန်းတစ်ရာရှိတယ်။ မဟုတ်ရင် ငါ့ကို ဒီလိုအားနည်းတဲ့ ခံစားချက်မျိုး သက်ရောက်စေမှာမဟုတ်ဘူး။ " ဟွမ်ယိက မယုံကြည်နိုင်ဖြစ်နေသည်။
လေဟာနယ်အလွှာ သန်းတစ်ရာလား။ ထျန်းယုမျိုးနွယ်မပြောနှင့် အထူးသက်ရှိများပင် လေဟာနယ်အလွှာ ထိုပမာဏအထိ ဖွင့်နိုင်မည်မဟုတ်ပေ။
အစတွင် စိတ်ပျက်နေသော ရှီလန်မှာ ဟွမ်ယိက လင်းယွမ်ကြောင့် သူ၏ ကိုယ်ပွားအား ဖောက်ခွဲလိုက်သည်ကို မြင်ပြီး သူက ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။
" နဂါးငွေ့တန်းကြယ်သခင်.... " ရှီလန်က လင်းယွမ်ကို ကြည့်လိုက်သည်။ ဟွမ်ယိက သူ့ကိုသူ ဖောက်ခွဲသွားသည်အကြောင်းရင်းကို သူမသိလျှင်တောင် ၎င်းက လင်းယွမ်နှင့် ပက်သက်နေပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်က ပတ်ဝန်းကျင်က လေဟာနယ်အလွှာတွေကို သိမ်းပိုက်လိုက်တာလား။ " ရှီလန်က လင်းယွမ် သိမ်းပိုက်ထားသော လေဟာနယ်အလွှာများကို ခံစားလိုက်ရသည်။
ရှီလန်က လေဟာနယ်အလွှာအရေအတွက်ကို မဆုံးဖြတ်နိုင်လျှင်တောင် သူခံစားရသော ဖိအားက ဟွမ်ယိ သူတို့ကို လိုက်နေသော အချိန်ကထက် များစွာ ကြီးမားလေသည်။
" ဟွမ်ယိကိုတော့ ရှင်းပြီးသွားပြီ။ " လင်းယွမ်က လက်ဆန့်လိုက်သည်နှင့် ဟွမ်ယိ၏ သိုလှောင်လက်ပတ်က သူ၏ လက်ထဲသို့ ရောက်လာသည်။
" ရှင်းပြီးသွားတာလား။ " ရှီလန်က အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူက ဖြစ်နိုင်ခြေများကို တွေးမိခဲ့သည်။ ဥပမာ လင်းယွမ်နှင့်အတူ ဟွမ်ယိ၏ လက်ထဲတွင် သေဆုံးခြင်း သို့မဟုတ် လင်းယွမ်၏ အကြီးအကဲက ရုတ်တရက် ရောက်လာခြင်း သို့မဟုတ် လူသားမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းသော နဝမအလွှာ မျိုးနွယ်ခြားတစ်ယောက်က ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ဒေသခံသက်ရှိတစ်ကောင်က ဟွမ်ယိကို ဝင်ရောက်တိုက်ခိုက်ခြင်း စသည်ဖြင့် များစွာ တွေးမိခဲ့သည်။
သို့သော် လင်းယွမ်၏ ရိုးရှင်းသော အမူအရာတစ်ခုက ဟွမ်ယိကို ကိုယ်တိုင်ဖောက်ခွဲရန် ဖိအားပေးနိုင်မည်ဟု သူက လုံးဝ မတွေးမိခဲ့ပေ။
အဝေးတွင် ကြည့်ရှုနေကြသော နဝမအလွှာ မျိုးနွယ်ခြားများက မယုံကြည်နိုင်ဖြစ်သွားကြသည်။
" ဘာဖြစ်သွားတာလဲ။ "
" ဟွမ်ယိက ဘာလို့ သူ့ကိုသူ ဖောက်ခွဲသွားတာလဲ။ "
" အဲ့ဒါ နဂါးငွေ့တန်းကြယ်သခင်ကြောင့်ပဲ။ သူက ပတ်ဝန်းကျင်က လေဟာနယ်အလွှာအားလုံးကို သိမ်းပိုက်ထားတယ်။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ခွန်အားက ဟွမ်ယိကို သူကိုသူ ဖောက်ခွဲဖို့ ဖိအားပေးခဲ့တာပဲ။ "
တိုက်ပွဲကို ကြည့်ရှုနေကြသော နဝမအလွှာအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အခြေအနေများ၏ အလှည့်အပြောင်းက သူတို့ လုံးဝမထင်မှတ်ထားကြပေ။ ဟွမ်ယိက သူ့ကိုသူ ဖောက်ခွဲရန် ဖိအားပေးခံခဲ့ရသည်။ တစ်ချိန်တည်းမှာ လုံးဝ အားနည်းပုံရသော နဂါးငွေ့တန်းကြယ်သခင်က ရုတ်တရက် မယုံကြည်နိုင်စရာကောင်းသော ခွန်အားကို ပြသခဲ့လေသည်။
ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာတွင် မာဒိုခရီးသည်၏ မူလခန္ဓာကိုယ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" အခြေအနေဘယ်လိုလဲ။ ငါမင်းကို ပေးခဲ့တဲ့ အချိန်တွင်းနက်ကို သုံးပြီးသွားပြီလား။ "
ရှေးဟောင်းနတ်ဘုရားက ချက်ချင်း မေးလိုက်သည်။ သူ၏ ခန့်မှန်းချက်မှာ နဂါးငွေ့တန်းပေါ်လာသည်နှင့် ဟွမ်ယိက နဂါးငွေ့တန်းကြယ်သခင်ကို အနည်းငယ် အရှက်ခွဲပေလိမ့်မည်။
ထိုအချိန်အတွင်း ပုန်းအောင်းနေသော မာဒိုခရီးသည်က ဟွမ်ယိကို ထောင်ချောက်ဆင်ပြီး နဂါးငွေ့တန်းကြယ်သခင်ကို ကယ်တင်ရန် အချိန်တွင်းနက်ကို အသုံးပြုရမည်ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားက ထိုကဲ့သို့ တွေးခဲ့လေသည်။ ထိုအဖြစ်အပျက်မှတစ်ဆင့် မာဒိုခရီးသည်က နဂါးငွေ့တန်းကြယ်သခင်နှင့် ပြန်လည်သင့်မြတ်သည့်အပြင် နဂါးငွေ့တန်းကြယ်သခင်၏ ကျေးဇူးတင်မှုကိုလည်း ရရှိနိုင်လေသည်။
" မဟုတ်ဘူး။ " မာဒိုခရီးသည်က ခဏတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
" မဟုတ်ဘူးလား။ " ရှေးဟောင်းနတ်ဘုရားက မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ဒေါသထွက်သွားသည်။ " မင်းဘာလို့ အချိန်တွင်းနက်ကို အသက်မသွင်းတာလဲ။ အဲ့ဒါက အရမ်းတန်ဖိုးကြီးတယ်လို့ မင်းထင်နေတာလား။ "
" အရူး.... ဒီလိုဝှက်ဖဲမျိုးက ငါ အချိန်ရရင် နှစ်ခုသုံးခု ဖန်တီးနိုင်တယ်။ ဒါပေမယ့် ဒါပြီးရင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကျေးဇူးတင်မှုကို မင်းဘယ်မှာသွားရှာမှာလဲ။ " ရှေးဟောင်းနတ်ဘုရားက မာဒိုခရီးသည်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
" ဘိုးဘေး..." မာဒိုခရီးသည်က ရှင်းပြလိုက်သည်။ " ကျွန်တော် အဲ့ဒါကို အသုံးပြုဖို့ စီစဉ်ခဲ့ပါတယ်။ "
" ဒါဆို မင်းဘာလို့အသုံးမပြုခဲ့တာလဲ။ " ရှေးဟောင်းနတ်ဘုရား၏ လေသံက မြင့်သွားပြီး ဆက်လက်ဆူပူရန် ပြင်လိုက်သည်။
" ဘာလို့လဲဆိုတော့ ဟွမ်ယိက သေဆုံးသွားလို့ပဲ။ နဂါးငွေ့တန်းကြယ်သခင်က သတ်ခဲ့တာပဲ။ " မာဒိုခရီးသည်က သူ့ကိုသူ ထိန်းချုပ်ပြီး ပြောလိုက်သည်။ " ကျွန်တော် အဲ့ဒါကို အသုံးပြုဖို့ အခွင့်အရေးတောင် မရခဲ့ဘူး။ "
" နဂါးငွေ့တန်းကြယ်သခင်က ဟွမ်ယိကို သတ်ခဲ့တာ...." ရှေးဟောင်းနတ်ဘုရားက အံ့အားသင့်သွားပြီး မာဒိုခရီးသည်ကို သံသယနှင့် ပြောလိုက်သည်။
" ဘိုးဘေး ကျွန်တော်ပြောတာ အမှန်တွေပါ။ " မာဒိုခရီးသည်က ရှေးဟောင်းနတ်ဘုရား၏ အမူအရာကို မြင်ပြီး ချက်ချင်း ပြောလိုက်သည်။ " ကျွန်တော် အဲ့ဒါကို ကျွန်တော်မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာပါ။ "
အမှန်တွင် သူ၏ ဘိုးဘေးမပြောနှင့် သူကိုယ်တိုင်ပင် ဟွမ်ယိ သူကိုသူ ဖောက်ခွဲသွားသည်ကို မြင်သောအခါ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ သူက ဟွမ်ယိ၏ သေဆုံးမှုမှာ အခြားအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်ဟု တွေးခဲ့သည်။
ကြီးမြတ်သူတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့ခြင်းလား သို့မဟုတ် နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူလက်နက်တစ်ခုကို အသုံးပြုခဲ့တာလား။
သို့သော် ၎င်းတို့ကမဖြစ်နိုင်သောကြောင့် ဟွမ်ယိကို သတ်ခဲ့သူမှာ လင်းယွမ်ဖြစ်သည်ကို သူက ယုံကြည်ခဲ့ရလေသည်။ ဟွမ်ယိက သူ့ကိုသူ ဖောက်ခွဲသွားခြင်းဖြစ်သော်လည်း နဂါးငွေ့တန်းကြယ်သခင်ကြောင့်သာ မဟုတ်လျှင် သူက ထိုသို့လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် နဂါးငွေ့တန်းကြယ်သခင်က ဟွမ်ယိကို သတ်ခဲ့သည်ဟု ပြောခြင်းက မမှားပေ။
ထို့အပြင် ဟွမ်ယိ၏ လုပ်ရပ်က နဂါးငွေ့တန်းကြယ်သခင် မည်မျှကြောက်စရာကောင်းသည်ကို ဖော်ပြနေသည်။ ဟွမ်ယိက ထျန်းယုမျိုးနွယ်၏ လက်ရှိမျိုးဆက်မှ အသန်မာဆုံး နဝမအလွှာတစ်ယောက်ဖြစ်သည်။ သူက တိုက်ခိုက်ရန်ပင် မရဲဘဲ သူ့ကိုသူ ဖောက်ခွဲသွားခြင်းဖြစ်သည်။
သူက အချိန်မရွေး နှိမ်နင်းခံရနိုင်သည်ဟု ပြောနိုင်လေသည်။ ထိုအပြင် ထိုကိုယ်ပွားကို လူသားမျိုးနွယ်၏ လက်ထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် သူ့ကိုသူ ပြတ်သားစွာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
အစွမ်းထက်သော သက်ရှိများကြားတွင် အရိုးရှင်းဆုံးရလဒ်က ရှုံးနိမ့်ခြင်းဖြစ်သည်။ နောက်တစ်ခုက သတ်ဖြတ်ခြင်းဖြစ်ပြီး အခက်ခဲဆုံးက ဖိနှိပ်ခြင်းဖြစ်သည်။
ဖိနှိပ်ခြင်းဆိုသည်မှာ အရှင်ဖမ်းခြင်းကို ဆိုလိုလေသည်။ ပြိုင်ဘက်ကို လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ သူ့ကိုသူပင် သတ်သေနိုင်စွမ်းမရှိအောင် ဖိနှိပ်ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်မျိုးက အဆင့်တူများကြားတွင် ဖြစ်လေ့မရှိပေ။