ရှေးဟောင်းနတ်ဘုရား၏ ခန့်မှန်းချက်...
Vol. 32 Ch. 493
ဟွမ်ယိက ရှီလန်ကို လိုက်နေချိန်တွင် ဖိနှိပ်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ ဒေါသကြောင့် ထိုကိုယ်ပွားကို သတ်ဖြတ်ရန်ဖြစ်သည်။
" ငါနားလည်ပြီ။ "
ရှေးဟောင်းနတ်ဘုရားက ခေါင်းညိမ့်လိုက်သည်။ ခဏအတွင်း သူက ထျန်းယုမျိုးနွယ်နှင့် ဆက်သွယ်ပြီး ဟွမ်ယိက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း နဂါးငွေ့တန်းကြယ်သခင်၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရသည်ကို အတည်ပြုခဲ့သည်။
" အဲ့ဒီအချိန်က မြင်ကွင်းတွေကို ပြစမ်း။ " ရှေးဟောင်းနတ်ဘုရားက ပြောလိုက်သည်။
ထျန်းယုမျိုးနွယ်က သူ၏ မေးခွန်းကို အတည်ပြုခဲ့ခြင်းသာ ဖြစ်ပြီး ထိုအချိန်တွင် ဘာဖြစ်ခဲ့သည်ကို သေချာမသိရပေ။ ထိုအဖြစ်အပျက်က ထျန်းယုမျိုးနွယ်ကို ကြီးမားစွာ သက်ရောက်စေမည်မှာ အမှန်ပင်ဖြစ်သည်။
၎င်းက ဟွမ်ယိ၏ သေဆုံးမှုကြောင့်မဟုတ်ပေ။ ဟွမ်ယိက ကိုယ်ပွားတစ်ခုသာ သေဆုံးခြင်းဖြစ်သည့်အပြင် ထျန်းယုမျိုးနွယ်က သူ့လိုလူများကို ခေတ်တိုင်းတွင် ပိုင်ဆိုင်နိုင်လေသည်။
ထျန်းယုမျိုးနွယ်က ဟွမ်ယိအား သေဆုံးစေခဲ့သည့် လင်းယွမ်၏ ခွန်အားကို စိုးရိမ်ခြင်းဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ သမိုင်းတွင် အသက်အငယ်ဆုံး နဝမအလွှာဖြစ်၏။ မျိုးနွယ်ခြားများက သတ်ဖြတ်မှုစာရင်းထဲတွင် ထည့်သွင်းထားပြီး အထူးအာရုံစိုက်ခြင်း ခံရသူဖြစ်သည်။
ယခု နဂါးငွေ့တန်းကြယ်သခင်က ထိုကဲ့သို့ ကြောက်စရာကောင်းသော ခွန်အားကို ပြသခဲ့ပြီး ထျန်းယုမျိုးနွယ်ပင် ခြိမ်းခြောက်မှုကို ခံစားခဲ့ရလေသည်။ အနာဂတ်တွင် နဂါးငွေ့တန်းကြယ်သခင်က ဒသမအလွှာ သို့မဟုတ် အလွှာဆယ့်တစ်သို့ ရောက်ခဲ့လျှင် ကြီးမြတ်သူတစ်ယောက်မရှိဘဲ စစ်မြေပြင်တွင် သူ့ကို ဘယ်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။
" ကောင်းပြီ။ " မာဒိုခရီးသည်က အခြေအနေ၏ လေးနက်မှုကို နားလည်လေသည်။
နဂါးငွေ့တန်းကြယ်သခင်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားက အလွန်မြင့်မားနေသည်။ အစွမ်းထက်သော နဝမအလွှာများက ပုံမှန်အားဖြင့် လေဟာနယ်အလွှာ သန်းနှစ်ဆယ်ကို ဖွင့်ထားကြသည်။ သူတို့က ဒသမအလွှာကို တက်လှမ်းနိုင်သော်လည်း ထိုသို့မလုပ်ဘဲ လေဟာနယ်အလွှာများကိုသာ ဆက်ဖွင့်ကြလေသည်။
ထိုသို့သော နဝမအလွှာ သက်ရှိများက ပုံမှန် အလွှာဆယ်သန်းအဆင့် နဝမအလွှာများထက် ပို၍ အစွမ်းထက်ကြလေသည်။ ထို့ကြောင့် သူတို့ကို အထူးနဝမအလွှာများဟု ခေါ်ကြခြင်းဖြစ်သည်။
မာဒိုခရီးသည်က သူ၏ လက်များကို ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်ထွက်ပေါ်လာသည့်အချိန်မှ ဟွမ်ယိ သူ့ကိုသူ ဖောက်ကွဲသွားသည်အထိ မြင်ကွင်းများကို လျင်မြန်စွာ ပြလိုက်သည်။
ထိုပုံရိပ်များက မာဒိုခရီးသည်မြင်တွေ့ခဲ့ရသော အရာများဖြစ်ပြီး အချက်အလက်များက အကန့်အသတ် ရှိလေသည်။ သို့သော် ရှေးဟောင်းနတ်ဘုရားက ထိုအချက်အလက် အနည်းငယ်မှ အမှန်တရားအချို့ကို ရယူနိုင်လေသည်။
" ဟင် " ရှေးဟောင်းနတ်ဘုရား၏ အမူအရာက တဖြည်းဖြည်း လေးနက်သွားသည်။ အထူးသဖြင့် ဟွမ်ယိ မပေါက်ကွဲခင်အချိန်တွင်ဖြစိသည်။
" နဂါးငွေ့တန်းကြယ်သခင် သိမ်းပိုက်ထားတဲ့ လေဟာနယ်အလွှာက အနည်းဆုံး သန်းတစ်ရာကျော်မှာ ရှိတယ်။ " ရှေးဟောင်းနတ်ဘုရားက ရေရွတ်လိုက်သည်။
သူက အနည်းဆုံးဟု ပြောခြင်းမှာ မာဒိုခရီးသည်၏ အမြင်အာရုံက အကန့်အသတ်နှင့်သာ ရှိသောကြောင့် ကျယ်ပြန့်သော လေဟာနယ်အလွှာများ၏ လှိုင်းများကိုသာ ခံစားနိုင်လေသည်။
ရှေးဟောင်းနတ်ဘုရားကိုယ်တိုင်သာ ထိုနေရာတွင်ရှိလျှင် နဂါးငွေ့တန်းကြယ်သခင်သိမ်းပိုက်ထားသော လေဟာနယ်အလွှာအရေအတွက်ကို အတိအကျ သိနိုင်ပေလိမ့်မည်။
" လေဟာနယ်အလွှာ သန်းတစ်ရာ၊ ပြီးတော့ အနည်းဆုံးလား။ " မာဒိုခရီးသည်က ပင့်သက်ရှိုက်သွားသည်။ သူက နဝမအလွှာတစ်ယောက်ဖြစ်ပြီး သူ၏ ဘိုးဘေးလောက် ပါရမီမရှိသော်လည်း လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ဖွင့်လှစ်ထားသူဖြစ်သည်။
လေဟာနယ်အလွှာများ ဖွင့်လှစ်ခြင်းက မည်မျှခက်ခဲသည်ကို သူက ကောင်းကောင်းသိနေလေသည်။ လေဟာနယ်အလွှာ တစ်သန်း ဖွင့်လှစ်ခြင်းက နှစ်ပေါင်းတစ်သိန်းကြာလျှင် လေဟာနယ်အလွှာ သန်းတစ်ရာဖွင့်လှစ်ခြင်းက နှစ်ပေါင်း ဆယ်သန်းကြာလိမ့်မည်ဟု မပြောနိုင်ပေ။ လေဟာနယ်အလွှာများက အရေအတွက်တိုးလာသည်နှင့်အမျှ ခက်ခဲမှုကလည်း တိုးလာမည်ဖြစ်သည်။
" ဒီနဂါးငွေ့တန်းကြယ်သခင်က ငါ ဘယ်သက်ရှိထဲမှာမှ မတွေ့ဖူးသေးတဲ့ အစွမ်းထက်ဆုံး အရည်အချင်းနဲ့ ပါရမီရှင်ပဲ။ " ရှေးဟောင်းနတ်ဘုရားက ခံစားချက်များနှင့် ပြောလိုက်သည်။
အချိန်နိယာမကို အပြည့်အဝ နားလည်ထားသော အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်အနေဖြင့် ရှေးဟောင်းနတ်ဘုရားက လင်းယွမ်ကို ကြီးမားသော ကံကောင်းမှုတစ်ခု ကြုံတွေ့ခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ ပထမ လိုက်ဖမ်းခံနေရပြီး နောက်ခဏတွင် အခြေအနေကို ပြောင်းပြန်လှန်ပြီး ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။
ဥပမာ ထာဝရအိပ်မက်ကဲ့သို့သော ရတနာများဖြစ်သည်။ နှေးကွေးနေသော အချိန်စီးဆင်းမှုကို အသုံးပြုခြင်းဖြင့် လူတစ်ယောက်က ခဏအတွင်း ခွန်အားက များစွာတိုးတက်လာနိုင်လေသည်။
ထိုနည်းလမ်းများက နဝမအလွှာနှင့် ဒသမအလွှာများအတွက် လျို့ဝှက်တစ်ခုမဟုတ်ပေ။ မိခင်ဂြိုလ်မှ ထွက်လာပြီး နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်က ထိုမျှကြောက်စရာကောင်းသော အထွတ်အထိပ်မျိုးနွယ်တစ်ခု ဘာကြောင့် ဖြစ်လာတာလဲ။
နှစ်ပေါင်းနှစ်သန်းကျော်က ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုသာ ဖြစ်သည်။ လူသားမျိုးနွယ်၏ စွမ်းအားကြီးသူများက ဘယ်နှစ်နှစ်ဖြတ်သန်းပြီးပြီလဲ မသိနိုင်ပေ။
သို့သော် အချိန်စီးဆင်းမှုကို အသုံးပြုပြီး မလုပ်နိုင်သော အရာများလည်း ရှိလေသည်။ ဥပမာ နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းတစ်ရာကို ဖန်တီးခြင်းဖြစ်သည်။ ဟွမ်ယိကဲ့သို့သော လူတစ်ယောက်ကို နှစ်ပေါင်း သန်းတစ်ရာပေးခဲ့လျှင်တောင် အောင်မြင်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် အချိန်စီးဆင်းမှုကွာခြားသွားသည်နှင့် မဟာတာအို၏ နိယာမအပေါ် အာရုံခံစားမှုများက ဝေဝါးသွားမည်ဖြစ်သည်။ ပင်မစကြာဝဠာ၏ လေဟာနယ်နိယာမကို နားလည်ခြင်းမရှိဘဲ လူတစ်ယောက်က လေဟာနယ်အလွှာများကို ဖန်တီးနိုင်မည်မဟုတ်ပေ။
" ဘိုးဘေး..." မာဒိုခရီးသည်က စိတ်ထဲတွင် တုန်လှုပ်နေသည်။
ရှေးဟောင်းနတ်ဘုရားဘိုးဘေးက နှစ်ထောင်းပေါင်းများစွာ ရှင်သန်လာသူဖြစ်သည်။ ထိုအချိန်အတွင်း သးက ကြီးပြင်းလာခြင်းမရှိသေးသော ကြီးမြတ်သူနှစ်ယောက်ကိုပင် ထောက်ပံ့ပေးခဲ့သည်။ သူက မရေတွက်နိုင်သော ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ယခု နဂါးငွေ့တန်းကြယ်သခင်က အစွမ်းထက်ဆုံး ပါရမီရှင်ဟု ပြောနေလေသည်။
" ဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်ကို ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောချင်တာလား။ " မာဒိုခရီးသည်က တုန်လှုပ်စွာ မေးလိုက်သည်။
" အဲ့လောက်မရိုးရှင်းဘူး။ " ရှေးဟောင်းနတ်ဘုရားက ခေါင်းခါလိုက်သည်။
ကြီးမြတ်သူတစ်ယောက်က ပါရမီနှင့် အရည်အချင်းသက်သက်ဖြင့် ဖြစ်လာနိုင်သောအရာမဟုတ်ပေ။ ၎င်းက ပြင်ပအကူအညီများလည်း လိုအပ်ပြီး အရေးကြီးဆုံးမှာ ကံကောင်းမှုဖြစ်သည်။
" ဒါပေမယ့် အနည်းဆုံးထက် နဂါးငွေ့တန်းကြယ်သခင်က အခြားသူတွေထက် ကြီးမြတ်သူတစ်ယောက်ဖြစ်လာဖို့ ပိုပြီးမျှော်လင့်ချက်ရှိတယ်။ " ရှေးဟောင်းနတ်ဘုရားက ပြောလိုက်သည်။
ပါရမီနှင့် အရည်အချင်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် များစွာအထောက်အကူမပြုနိုင်လျှင်တောင် အရေးပါသောနေရာတွင် ရှိနေသည်။ ထိုခွန်အားနှင့် လူတစ်ယောက်က အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ပို၍ ရယူနိုင်ပြီး ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အထောက်အကူဖြစ်လေသည်။
" ဒါပေမယ့်..." ရှေးဟောင်းနတ်ဘုရားက တစ်စုံတစ်ခုကို တွေးမိပြီး နာကျင်သော အမူအရာ ပေါ်လာသည်။ " ဒီလိုအခွင့်အရေးကောင်းတစ်ခုကို မင်းက ဘယ်လိုများမဖမ်းဆုပ်နိုင်ရတာလဲ။ "
အထူးနဝမအလွှာတစ်ယောက်ကို ပိတ်လှောင်နိုင်သော အချိန်တွင်းနက်ကို ကိုင်ဆောင်ထားသော မာဒိုက နဂါးငွေ့တန်းကြယ်သခင် ထွက်ပေါ်လာသည်နှင့် လှုပ်ရှားနိုင်လေသည်။ အမှန်တကယ် ကယ်တင်ရန် မလိုအပ်လျှင်တောင် နဂါးငွေ့တန်းကြယ်သခင်ဆီမှာ မျက်နှာရနိုင်လေသည်။
" ဘိုးဘေးပဲ အရေးကြီးတဲ့အချိန်ကျမှ သုံးလို့ ပြောခဲ့တာလေ။ " မာဒိုခရီးသည်က ပြောလိုက်သည်။
" အချို့အရာတွေကို မင်းဟာမင်း မဆုံးဖြတ်နိုင်ဘူးလား။ " ရှေးဟောင်းနတ်ဘုရားက မာဒိုခရီးသည်ကို ကြည့်လိုက်သည်။
လူသားမျိုးနွယ်၏ VR ကမ္ဘာတွင် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများ စုဝေးနေကြသည်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ စိတ်အသိက အလွန်သန်မာသောကြောင့် တစ်ချိန်းတည်းတွင် ကိစ္စမျိုးစုံကို ဆောင်ရွက်နိုင်လေသည်။
" ထျန်းယုမျိုးနွယ်က ဟွမ်ယိက တော်တော်အရှက်မရှိတာပဲ။ သူက နှစ်ပေါင်းဘယ်နှစ်သောင်းတောင် ကျင့်ကြံခဲ့တာလဲ။ ဒါတောင် နဂါးငွေ့တန်းကြယ်သခင်ကို လိုက်ဖမ်းနေတယ်။ "
သူတို့၏ ကိုယ်ပွားများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် ရှိနေကြသောကြောင့် စကားဝိုင်း၏ အဓိကအကြောင်းအရာမှာလည်း အတွင်းတွင် ဖြစ်ပျက်နေသော အရာများဖြစ်သည်။
" ငါတို့ လူသားမျိုးနွယ်က အထူးနဝမအလွှာတွေက အရမ်းဝေးလွန်းတော့ ချက်ချင်း မရောက်လာနိုင်တာ စိတ်မကောင်းစရာပဲ။ " ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။
" သော်ခဲကတော့ နဂါးငွေ့တန်းကြယ်သခင်သာ တစ်ခုခုဖြစ်ရင် လျို့ဝှက်နယ်မြေအတွင်းက ထျန်းယုမျိုးနွယ်ရဲ့ နဝမအလွှာတိုင်းကို လိုက်သတ်မယ်လို့ ပြောခဲ့တယ်။ " တတိယတစ်ယောက်က ပြောလိုက်သည်။
သော်ခဲက လေဟာနယ်အလွှာ သန်းလေးဆယ်နီးပါး ဖွင့်ထားသော လက်ရှိခေတ် လူသားမျိုးနွယ်၏ အသန်မာဆုံး နဝမအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်သည်။ ထို့အပြင် သူ၏ ခွန်အားက ဟွမ်ယိ၏ အထက်တွင် ရှိလေသည်။
သော်ခဲက လျို့ဝှက်နယ်မြေအတွင်းမှ အခွင့်အလမ်းများကို စွန့်လွှတ်ပြီး ထျန်းယုမျိုးနွယ်မှ နဝမအလွှာများကို အမှန်တကယ် အမဲလိုက်ခဲ့လျှင် သူတို့က လွတ်မြောက်ရန် ခက်ခဲလေသည်။
" ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင် သေဆုံးသွားရင်တောင် သူက ကိုယ်ပွားတစ်ခုနဲ့ လျို့ဝှက်နယ်မြေအတွင်းက အခွင့်အလမ်းအချို့ကို ဆုံးရှုံးသွားရုံပါပဲ။ ပြဿနာသိပ်မရှိပါဘူး။ " ပထမဆင့်ကဲပြောင်းလဲသူက ထပ်ပြောလိုက်သည်။
အသက်ကြီးသော ဆင့်ကဲပြောင်းလဲသူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှ အခွင့်အလမ်းများကို အသုံးပြုပြီး အဆင့်တက်လိုကြလေသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အသက်ငယ်သေးပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အခွင့်အလမ်းများက သူ့အတွက် မရှိမဖြစ် မလိုအပ်ပေ။