← Chapters

နဝမအလွှာများ၏ ကြောက်ရွံ့မှု...

Vol. 32 Ch. 494

နဝမအလွှာများ၏ ကြောက်ရွံ့မှု...

Vol. 32 Ch. 494

" ဒီအဖြစ်အပျက်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်အပေါ် သက်ရောက်သွားမှာ စိုးရိမ်ရတယ်။ " နောက်ထပ်ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ အခြားသူများကလည်း မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က ဟွမ်ယိကြောင့် သေဆုံးပြီး ကိုယ်ပွားတစ်ခုဆုံးရှုံးခဲ့လျှင် ၎င်းက သူတို့အပေါ် အနည်းငယ်တောင် သက်ရောက်မှုရှိမည်မဟုတ်ပေ။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က ငယ်ရွယ်ပြီး အချို့အရာများကို မကြုံတွေ့ဖူးပေ။ ထိုသို့သော ပါရမီရှင်တစ်ယောက်က မရပ်တန့်နိုင်သော်လည်း တစ်ကြိမ် တားဆီးခံလိုက်ရသည်နှင့် သက်ရောက်မှုက မသေးပေ။

" နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ ကိုယ်ပွားသေဆုံးတာကို သိပ်မတွေးဖို့ မျှော်လင့်ရမှာပဲ။ " နောက်ထပ် နဝမအလွှာ တစ်ယောက်က ပြောလိုက်သည်။

ရုတ်တရက် ရှိနေသော ဆင့်ကဲပြောင်းလဲသူများက ရုတ်တရက် သတင်းတစ်ခုကို တပြိုင်နက် ရရှိလိုက်ကြသည်။

" နဂါးငွေ့တန်းကြယ်သခင်က ဟွမ်ယိကို ပြန်သတ်ခဲ့တာလား။ "

" ပြီးတော့ ဟွမ်ယိက ပြန်တောင်မတိုက်ရဲဘဲ သူ့ရဲ့ကိုယ်ပွားကို တိုက်ရိုက်ဖောက်ခွဲသွားခဲ့တယ်။ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့က သတင်းကို ရရှိပြီး အကြိမ်များစွာ အတည်ပြုပြီးခြင်းမရှိလျှင် သူတို့က ၎င်းကို နောက်ပြောနေသည်ဟုသာ ထင်ကြပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင်..." နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက တိတ်ဆိတ်မှုမှ နိုးထလာကြပြီး အံ့အားသင့်သော အမူအရာများနှင့် ရှိနေကြသည်။ နဂါးငွေ့တန်းကြယ်သခင်က ၎င်းကို ဘယ်လိုတောင် လုပ်ခဲ့တာလဲ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လေဟာနယ်အလွှာများကြား လျင်မြန်စွာ ရွေ့လျားနေသော သော်ခဲက ရုတ်တရက် ရပ်တန့်သွားသည်။ သူက လက်ရှိခေတ်၏ အသန်မာဆုံး နဝမအလွှာဖြစ်ပြီး လင်းယွမ်ကို ကယ်တင်ရန် ကြိုးစားနေသူဖြစ်သည်။

သို့သော် ယခု သူက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်က ငါလာကယ်တာ မလိုတော့ဘူးလား။ ဟွမ်ယိက နဂါးငွေ့တန်းကြယ်သခင်ရဲ့ လက်ထဲမှာ သေဆုံးသွားတာလား။ "

သော်ခဲက အံ့အားသင့်သွားသည်။ သူက အထူးနဝမအလွှာတစ်ယောက်ဖြစ်ပြီး ဟွမ်ယိနှင့် တစ်ကြိမ်ထက်မက ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူက ဟွမ်ယိ၏ ခွန်အားကို ကောင်းကောင်းသိလေသည်။ သူက ဟွမ်ယိကို အနိုင်ယူရန် ဖြစ်နိုင်လေသည်။ သို့သော် ဟွမ်ယိကို သတ်ရန် သူ့ကိုသူ ဖောက်ခွဲအောင် ဖိအားပေးရန်။ သော်ခဲ၏ စိတ်ထဲတွင် ၎င်းက အနည်းဆုံး ဒသမအလွှာရှိရန်လိုအပ်ပြီး နဝမအလွှာနှင့် ၎င်းကို လုပ်ရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်က ဒသမအလွှာကို တက်လှမ်းခဲ့တာလား။ " သော်ခဲက စိတ်ထဲမှ ခန့်မှန်းလိုက်သော်လည်း ချက်ချင်းငြင်းပယ်လိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဒသမအလွှာများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားလေသည်။ နဂါးငွေ့တန်းကြယ်သခင်က ဒသမအလွှာသို့ ရောက်သွားလျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ထုတ်ပယ်ခြင်းကို ခံရနိုင်လေသည်။

" ဒသမအလွှာမဟုတ်ဘူး။ " သော်ခဲက ယုံကြည်ရန် ခက်ခဲနေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အဖြစ်အပျက်များကတော့ သဘာဝအတိုင်း လျို့ဝှက်ထာယ၍ မရနိုင်ပေ။ ထိုသတင်းက မျိုးနွယ်စုများစွာသို့ ပျံ့နှံ့သွားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်ကတော့ နဂါးငွေ့တန်းကြယ်သခင်ပါပဲ။ သူက အဋ္ဌမအလွှာမှာ ရှိတုန်းကလည်း အဋ္ဌမအလွှာ တားဆီးမရသူတွေကို ကြက်သတ်သလိုသတ်ခဲ့တယ်။ အခု သူက နဝမအလွှာကို ရောက်တော့ အထူးနဝမအလွှာတွေကိုလည အဲ့လိုလိုက်လုပ်နေတာလား။ "

" နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်က ကြီးမြတ်သူတစ်ယောက်ရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်နိုင်လား။ မဟုတ်ဘူး အဲ့လိုဆိုရင်တောင် သူက ဒီလောက် ကြောက်စရာကောင်းမှာမဟုတ်ဘူး။ "

" အရမ်းအံ့ဩစရာကောင်းတယ်။ နဂါးငွေ့တန်းကြယ်သခင်က အသက်တစ်ရာပဲရှိသေးတယ်မဟုတ်လား။ "

မျိုးနွယ်များစွာက မယုံကြည်နိုင်ဖြစ်နေကြသည်။ နဂါးငွေတန်းကြယ်သခင်က လုံလောက်သော အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးခဲ့ပြီးဖြစ်သည်။ သို့သော် သူက နဝမအလွှာသို့ ဝင်ရောက်ပြီးနောက် အထူးနဝမအလွှာများ၏ ဒဏ္ဍာရီကိုဖျက်ဆီးပစ်လိမ့်မည်ဟု ဘယ်သူမှမတွေးမိခဲ့ကြပေ။

မျိုးနွယ်များစွာက လာမည့်နှစ်များတွင် နဂါးငွေ့တန်းကြယ်သခင်၏ အရိပ်က နဝမအလွှာတိုင်း၏ စိတ်အား ခြိမ်းခြောက်နေတော့မည်ကို ခံစားလိုက်ကြရသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ဟွမ်ယိအား သတ်လိုက်ခြင်းမှာ မျိုးနွယ်စုများအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိလိမ့်မည်ဟု သိထားခဲ့သည်။

သို့သော် လူသားမျိုးနွယ်က ကျောထောက်နောက်ခံပေးထားသောကြောင့် သူက အကြိမ်တိုင်း သူ၏ ခွန်အားကို ဖုံးကွယ်နေရန် မလိုအပ်ပေ။

လင်းယွမ်၏ အတွေးတစ်ခုနှင့်အတူ လျို့ဝှက်ဆန်းကြယ်သော အော်ရာကို ထုတ်လွှတ်နေသည့် ခေါင်းလောင်းသဏ္ဍန် ရတနာတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

" ယွမ်ရှန်းကျင်း " လင်းယွမ်က ဂရုတစိုက် ကြည့်ရှုလိုက်သည်။

နတ်ဘုရားကမ္ဘာတွင် သူ၏ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုကို စုပ်ယူပြီးနောက် ယွမ်ရှန်းကျင်းက အသွင်ပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ယခု ထုတ်လွှတ်နေသော အော်ရာက ဒသမအလွှာရတနာတစ်ခု၏ အော်ရာနှင့် များစွာ ကွာခြားခြင်းမရှိပေ။

" ယွမ်ရှန်းကျင်းနဲ့အတူ ဒြပ်စင်ခန္ဓာ၊ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်တို့ကို ပေါင်းရင် ငါ့ရဲ့ ကာကွယ်နိုင်စွမ်းက ဒသမအလွှာတွေနဲ့ ယှဉ်နိုင်လောက်တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

လေဟာနယ်အလွှာ နှစ်ဘီလီယံကျော်၏ ခွန်အားက သာမန်ဒသမအလွှာများထက် ကျော်လွန်သွားခဲ့သည်။ အမှန်တော့ လေဟာနယ်နိယာမအပေါ် သူ၏ နားလည်မှုက ဒသမအလွှာများထက် ကျော်လွန်နေခြင်းဖြစ်သည်။

ကာကွယ်မှုအရ ယွမ်ရှန်းကျင်းနှင့် နတ်စွမ်းရည်များ၏ အကူအညီဖြင့် သူက မည်သည့်ဒသမအလွှာနှင့်မဆို ယှဉ်ပြိုင်နိုင်လေသည်။ ထို့အပြင် လေဟာနယ်အလွှာ နှစ်ဘီလီယံကျော်ကို သိမ်းပိုက်ထားသောကြောင့် ဒသမအလွှာတစ်ယောက်ပင် သူ့ကို ပစ်မှတ်ထားရန် မလွယ်ကူပေ။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပြန်လာတာနဲ့ ငါ ဒသမအလွှာကို တက်လှမ်းဖို့ ပြင်ဆင်လို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။

သူက နဝမအလွှာ၏ အထွတ်အထိပ်သို့ ရောက်နေပြီး လေဟာနယ်အလွှာများ ဆက်ဖွင့်ရန်လည်း မလိုအပ်တော့ပေ။

" အဲ့ဒီဟွမ်ယိမှာ ရတနာကောင်းတွေ ရှိတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ဟွမ်ယိကို သတ်ပြီးနောက် သူ၏ သိုလှောင်လက်ပတ်ကို စစ်ဆေးခဲ့လေသည်။ အထဲတွင် လျို့ဝှက်ရတနာများ၊ ရွှမ်ဟွမ်သလင်းကျောက်အချို့နှင့် လျို့ဝှက်နယ်မြေမှ ရရှိသော အခွင့်အလမ်းများ ပါဝင်နေသည်။

အားလုံးပေါင်းလျှင် စကြာဝဠာသလင်းကျောက် နှစ်သန်းလောက် တန်ဖိုးရှိလေသည်။ ၎င်းက ပုံမှန်နဝမအလွှာများ၏ ပိုင်ဆိုင်မှုနှင့် ယှဉ်လျှင် နည်းသော်လည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သော ဟွမ်ယိ၏ ကိုယ်ပွားက ရတနာများစွာကိုလည်း ယူဆောင်လာမည်မဟုတ်ပေ။

လေဟာနယ်အလွှာ သန်းချီဖွင့်ထားသူအနေဖြင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ပြိုင်ဘက်မရှိသလောက် ဖြစ်နေလျှင်တောင် သူတို့က မသေနိုင်ဘူးဟု မပြောနိုင်ပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကိုယ်တိုင်က အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ပင်မဒေသတွင် အထူးနဝမအလွှာများပင် ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်သော နေရာများစွာ ရှိလေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်နှင့် ရှီလန်တို့က လေဟာနယ်အလွှာများထဲတွင် သွားလာနေကြသည်။

" နဂါးငွေ့တန်းကြယ်သခင် ငါသွားရတော့မယ်။ " ရှီလန်က သက်ပြင်းချလိုက်သည်။ သူ၏ အသက်စွမ်းအားက ကုန်ခမ်းနေပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို နှစ်နှစ်ကျော်ကြာ လောင်ကျွမ်းစေခြင်းကို ခံနိုင်ရည်မရှိခဲ့ပေ။

" ငါမင်းရဲ့ ရတနာတွေကို ပြန်ယူလာပေးမယ်။ " လင်းယွမ်ကလည်း ရှီလန်၏ အခြေအနေကို နားလည်လေသည်။

ပြင်ပစကြာဝဠာတွင် စကြာဝဠာရတနာများနှင့် ရှီလန်ကို ကယ်တင်နိုင်သော်လည်း ယခုက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖြစ်လေသည်။ ထိုသို့လုပ်နိုင်လျှင်တောင် ရှီလန်က ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ၎င်းတို့ကို အသုံးပြုမည်မဟုတ်ပေ။

" ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းကြယ်သခင်... " ရှီလန်က ခေါင်းညိမ့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပျောက်ကွယ်လာသည်။

ရှီလန်က ၎င်းကို လအနည်းငယ်ကြာအောင် ထိန်းထားနိုင်သော်လည်း ထိုသို့လုပ်ရန် မလိုအပ်ပေ။ သူအတွက် စောစောပျက်စီးသွားခြင်းက နောက်ထပ်ကိုယ်ပွားတစ်ခု ဖန်တီးရန် အချိန်ပိုရနိုင်လေသည်။

" အကိုရှီလန် " လင်းယွမ်က ရှီလန်၏ သိုလှောင်လက်ပတ်ကို သိမ်းဆည်းလိုက်သည်။ ပင်မဒေသသို့ သွားသော လမ်းခရီးမှ အကျိုးအမြတ်များကို ရှီလန်အား ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။

" ခေါ်နေတဲ့ ခံစားချက်က " လင်းယွမ်က လျို့ဝှက်နယ်မြေ၏ ပင်မဒေသကို မော့ကြည့်လိုက်သည်။

သူက လေဟာနယ်အလွှာများကို ပို၍ ဖွင့်လာနိုင်သည်နှင့်အတူ ထိုခေါ်သံက ပင်မဒေသ၏ လေဟာနယ်အလွှာတစ်ခုမှ လာသည်ကို သတိထားမိခဲ့သည်။

" သွားရှာကြည့်တာပေါ့။ " လင်းယွမ်က ပင်မဒေသဆီသို့ လျင်မြန်စွာ ဦးတည်သွားသည်။

ဤတစ်ကြိမ်တွင် လင်းယွမ်က သူ၏ အော်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားသည်။ သူက ဒေသခံသက်ရှိများကို ဆွဲဆောင်နေခြင်းပင်ဖြစ်သည်။

ထိုခေါ်သံ၏ ခံစားချက်အောက်တွင် လင်းယွမ်က ဒေသခံသက်ရှိများကို ရှာဖွေရန် အချိန်မရှိဘဲ သူ့ဆီသို့ ဆွဲဆောင်ခြင်းက ပို၍ လွယ်ကူလေသည်။

သူ၏ လက်ရှိခွန်အားနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးကို လွတ်လပ်စွာ သွားနိုင်လေသည်။ ဒေသခံသက်ရှိများ အများကြီး လာခဲ့လျှင်တောင် သူ့အတွက် စကြာဝဠာသလင်းကျောက်များ ပိုရရှိရုံသာ ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း....

လေဟာနယ်အလွှာများစွာ၏ လှုပ်ရှားမှုအောက်တွင် အနီးရှိ နဝမအလွှာ မျိုးနွယ်ခြားများပင် သတိထားမိသွားကြသည်။

" မကောင်းတော့ဘူး။ အဲ့ဒါနဂါးငွေ့တန်းကြယ်သခင်ပဲ။ "

" မြန်မြန် သူနဲ့ ဝေးဝေးနေ။ ဟွမ်ယိတောင် သူ့လက်ထဲမှာ သေခဲ့ရတာ။ "

" သွားသွား နဂါးငွေ့တန်းကြယ်သခင် ငါတို့ကို သတိထားမိသွားအောင် မလုပ်နဲ့။ "

" နဂါးငွေ့တန်းကြယ်သခင်က ပင်မဒေသကို သွားနေတာလား။ "

နဝမအလွှာ မျိုးနွယ်ခြားများက သူတို့အား နဂါးငွေ့တန်းကြယ်သခင်ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေကြသည်။ အထူးသဖြင့် လူသားမျိုးနွယ်နှင့် ဆက်ဆံရေးမကောင်းသော မျိုးနွယ်ခြားများက ပို၍ စိုးရိမ်လာကြသည်။ အထူးနဝမအလွှာများပင် နဂါးငွေ့တန်းကြယ်သခင်၏ အော်ရာကို ခံစားမိသည်နှင့် ဝေးဝေးသို့ ထွက်သွားကြသည်။

ဟွမ်ယိပင် နဂါးငွေ့တန်းကြယ်သခင်၏ လက်ထဲတွင် သေဆုံးခဲ့ပြီး သူတို့ဆို ပြောစရာပင် မလိုပေ။ အထူးနဝမအလွှာအချို့က ဟွမ်ယိထက် အနည်းငယ် ပိုသန်မာနေလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်က ဟွမ်ယိကို သတ်ရန် များစွာ အားထုတ်ခဲ့ခြင်းမရှိပေ။

ထိုအခြေအနေအောက်တွင် အထူးနဝမအလွှာများက ဖြစ်နိုင်သမျှ ဝေးဝေးနေကြလေသည်။ လူသားမျိုးနွယ်နှင့် ရန်ငြိုးမရှိသူများပင် နဂါးငွေ့တန်းကြယ်သခင်၏ အနီးတွင် နေရဲခြင်းမရှိကြပေ။

All Chapters