← Chapters

သိုင်းတာအိုနဝမအလွှာကဏ္ဍ၏ တန်ဖိုး...

Vol. 32 Ch. 495

သိုင်းတာအိုနဝမအလွှာကဏ္ဍ၏ တန်ဖိုး...

Vol. 32 Ch. 495

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ယွမ်ရှန်းကျင်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး ကမ္ဘာစွမ်းအားနှင့် အားဖြည့်ထားလိုက်သည်။

" သိုင်းတာအို နဝမအလွှာကဏ္ဍ..." လင်းယွမ်က နဝမအလွှာကဏ္ဍကို အရင်ဆုံးတင်ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းက သူဆင်းသက်ပြီးနောက် ပြန်လာသည့်အချိန်တိုင်း လုပ်ရမည့်အရာဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အမြဲတမ်းပြုပြင်မွမ်းမံခြင်းက ဆင့်ကဲပြောင်းလဲသူများကို ပို၍ ဆွဲဆောင်နိုင်ပြီး အနာဂတ် အန္တိမအသိအမြင်အတွက် အထောက်အကူဖြစ်လေသည်။ ထို့အပြင် ကောင်းမှုအမှတ်များကိုလည်း ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဉာဏ်ပညာနတ်ဘုရားဆီသို့ တင်ပြခြင်းက ၎င်းကို ရောင်းချလိုက်ခြင်းမဟုတ်ပေ။ သူက တည်ထောင်သူအဖြစ်သာ ဆက်လက်တည်ရှိနေပြီး ရောင်းချမှု၏ သုံးဆယ်ရာခိုင်နှုန်းကိုလည်း ရရှိနေမည်ဖြစ်သည်။

" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။

" လေးစားရပါသော ပညာရှင်လင်းယွမ် ဘာမျာယအလိုရှိပါသလဲ။ "

" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နဝမအလွှာကဏ္ဍကို တင်ချင်တယ်။ " လင်းယွမ်က သူစီစဉ်ထားသော နဝမအလွှာကဏ္ဍ၏ အကြောင်းအရာများကို တင်ပြလိုက်သည်။

ထို့အပြင် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အခွဲတစ်ခုဖြစ်သော သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း တင်ပြလိုက်သည်။

" ပညာရှင်လင်းယွမ် သင်ပေးပို့သော နဝမအလွှာကဏ္ဍနဲ့ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်အကဲဖြတ်နေပါပြီ။ "

ဉာဏ်ပညာနတ်ဘုရား၏ အသံက တိတ်ဆိတ်သွားပြီး လင်းယွမ်ကလည်း စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

VR ကမ္ဘာ၏ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် ခမ်းနားထည်ဝါသော ပလ္လင်ကိုးခုက မြင့်မားစွာ ရပ်တည်နေသည်။ ထိုအချိန်တွင် ပုံရိပ်များက လေထဲတွင် ပေါ်လာကြသည်။

ကြီးမြတ်သူရှချင်၊ ကြီးမြတ်သူယုတိုင်၊ ကြီးမြတ်သူကုလီ၊ ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရား။ ကြီးမြတ်သူလေးယောက်၏ စိတ်အသိများက ဆင်းသက်လာကြသည်။

" ဉာဏ်ပညာနတ်ဘုရား ငါတို့ကို ဘာလို့ခေါ်တာလဲ။ " ဟင်းလင်းပြင်နတ်ဘုရားက မျက်မှောင်ကြုတ်သွားသည်။

ဟင်းလင်းပြင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သောတည်ရှိမှုတစ်ခုအနေဖြင့် သူက အချိန်အများစုကို အဆုံးမရှိသော လေဟာနယ်၏ မူလရင်းမြစ်ထဲတွင် ပေါင်းစည်းရန်သာ ကုန်ဆုံးနေခဲ့သည်။ ဉာဏ်ပညာနတ်ဘုရား၏ ဆင့်ခေါ်မှုကြောင့် သူထွက်လာရန် အတော်လေး ကြိုးစားယူလိုက်ရသည်။

" ဟင်းလင်းပြင်နတ်ဘုရား အဲ့လောက်ဒေါသထွက်မနေနဲ့။ ဉာဏ်ပညာနတ်ဘုရားက လူသားမျိုးနွယ်ရဲ့ အကျိုးအတွက် ဆောင်ရွက်နေတာပဲ။ " ကြီးမြတ်သူကုလီက ပြောလိုက်သည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်တွင် ကွဲပြားသော စိတ်နေစိတ်ထားများ ရှိကြလေသည်။ ကြီးမြတ်သူ ကုလီက မျိုးနွယ်ခြားများအပေါ်တွင် ပြတ်သား၍ ရက်စက်ပြီး လူသားမျိုးနွယ်အပေါ်တွင် အလွန်ကြင်နာမှုရှိလေသည်။

" ကြီးမြတ်သူလေးယောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နဝမအလွှာကဏ္ဍက သင်တို့ရဲ့ အကဲဖြတ်မှုကို လိုအပ်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။

" သိုင်းတာအိုရဲ့ နဝမအလွှာကဏ္ဍလား။ အဲ့ဒါက လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးပါရမီရှင် ဖန်တီးခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " ဟင်းလင်းပြင်နတ်ဘုရား၏ မျက်လုံးများက တောက်ပသွားသည်။

" မှန်တယ်။ "

" ဒီကောင်လေး ကြီးထွားတာ အရမ်းကိုမြန်တယ်။ သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာလည်း ထျန်းယုမျိုးနွယ်က ဟွမ်ယိကို သတ်ခဲ့တယ်။ ပြီးတော့ အနည်းဆုံး လေဟာနယ်အလွှာ တစ်ဘီလီယံကို ဖွင့်ပြီးသွားပြီ။ " ကြီးမြတ်သူယုတိုင်က အံ့ဩစွာ ပြောလိုက်သည်။

ကြီးမြတ်သူတစ်ယောက်အနေဖြင့် သူမက မရေတွက်နိုင်သော ပါရမီရှင်များကို မြင်တွေ့ခဲ့ရသော်လည်း လင်းယွမ်ကြောင့် အံ့အားသင့်နေရဆဲ ဖြစ်သည်။

လေဟာနယ်အလွှာ တစ်ဘီလီယံ။ အချိန်ရတနာများ၏ အကူအညီနှင့်ပင် ထိုအရေအတွက်ကို ရောက်နိုင်ရန် ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲလေသည်။ ကြီးမြတ်သူကိုးယောက် ပျိုးထောင်ခဲ့သော မျိုးဆက်များက အရင်းအမြစ်များစွား၏ အကူအညီနှင့်ပင် နဝမအလွှာတွင် လေဟာနယ်အလွှာ တစ်ဘီလီယံကို မဖွင့်နိုင်ခဲ့ကြပေ။

" တကယ် ဒီလိုပါရမီရှင်မျိုးကို မြင်တောင်မမြင်ဖူးခဲ့ဘူး။ " ကြီးမြတ်သူကုလီကလည်း အံ့အားသင့်နေရဆဲ ဖြစ်သည်။ လင်းယွမ်က လူသားမျိုးနွယ်တစ်ယောက်ဖြစ်နေသောကြောင့်သာ သူက စိတ်သက်သာရာရလေသည်။

" အဲ့ဒီကောင်လေးက အဆုံးထိသွားနိုင်ဖို့ မျှော်လင့်ရမှာပဲ။ " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။

အဆုံးထိသွားခြင်းက အလွှာဆယ့်နှစ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှု၊ လူသားမျိုးနွယ်၏ ဆယ်ယောက်မြောက် ကြီးမြတ်သူဖြစ်လာခြင်းကို ဆိုလိုလေသည်။

" ဉာဏ်ပညာနတ်ဘုရား သိုင်းတာအိုနဝမအလွှာကဏ္ဍကို ငါတို့ကိုပြပါဦး။ " ဟင်းလင်းပြင်နတ်ဘုရားကလည်း စိတ်ဝင်စားသွားသည်။

ကြီးမြတ်သူယုတိုင်နှင့် အခြားကြီးမြတ်သူများ၏ ချီးကျူးမှုကို ကြားပြီးနောက် သူက ပို၍ သိချင်လာခြင်းဖြစ်သည်။ အထူးသဖြင့် ကြီးမြတ်သူရှချင်က ထိုလူငယ်ကို အဆုံးထိသွားနိုင်ရန် မျှော်လင့်နေလေသည်။

သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် ရင်ဆိုင်ရသော အခက်အခဲများကို ကောင်းကောင်းသိထားလေသည်။ ၎င်းက လက်တွေ့တွင် ပါရမီနှင့် များစွာ သက်ဆိုင်ခြင်းမရှိပေ။ ၎င်းက အဓိကအားဖြင့် ကဏ္ဍအားလုံး၏ စုဆောင်းမှုနှင့် ကံကောင်းမှုအနည်းငယ်ကို လိုအပ်လေသည်။

" ကြီးမြတ်သူလေးယောက် ကျေးဇူးပြုပြီး ကြည့်ပါ။ " ဉာဏ်ပညာနတ်ဘုရားက သိုင်းတာအို၏ နဝမအလွှာကဏ္ဍနှင့် သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်တို့ကို ကြီးမြတ်သူလေးယောက်ဆီသို့ ပေးပို့လိုက်သည်။

နတ်ဘုရားသုံးပါး၏ တွက်ချက်မှုစွမ်းအားဖြင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကြီးမြတ်သူများအား အသိပေးရန် မလိုဘဲ ဆုံးဖြတ်နိုင်လေသည်။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာက ကြီးမားလှပြီး တွက်ချက်မှုစွမ်းအားတစ်ခုတည်းကို မှီခိုခြင်းက လိုအပ်ချက်များ ဖြစ်ပေါ်နိုင်လေသည်။ ထို့ကြောင့် ကြီးမြတ်သူများကို ကြည့်ရှုစေခြင်းဖြစ်သည်။

မကြာမီ ကြီးမြတ်သူများက သိုင်းတာအိုနဝမအလွှာကဏ္ဍကို ကြည့်ရှုပြီးသွားကြသည်။

" စိတ်ဝင်စားစရာပဲ။ ဒီနဝမအလွှာကဏ္ဍက အတွင်းကမ္ဘာရဲ့ အသွင်ပြောင်းလဲမှုတောင် ပါဝင်နေတယ်။ အဲ့ဒါက အတွင်းကမ္ဘာကို ပိုပြီး တည်ငြိမ်စေလိမ့်မယ်လို့ ငါထင်တယ်။ " တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။

" တကယ်အံ့ဩစရာပဲ။ ဒီလို အသွင်းပြောင်းမှုမျိုးကို ကြယ်စကြာဝဠာမှာတောင် မမြင်ဖူးခဲ့ဘူး။ ဒီကောင်းလေးက ဒါကို ဘယ်လိုများစဉ်းစားခဲ့တာလဲ။ " နောက်တစ်ယောက်ကလည်း ပြောလိုက်သည်။

" အမှန်ပဲ။ အနာဂတ်မှာ နဝမအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတွေက အဆင့်တူအတွင်းမှာ အခြားသက်ရှိတွေထက် ပိုအစွမ်းထက်လိမ့်မယ်။ "

ကြီးမြတ်သူများက ဆွေးနွေးနေကြသည်။ သူတို့က သဘာဝအတိုင်း သိုင်းတာအိုနဝမအလွှာကဏ္ဍ၏ အသေးစိတ်အချက်အလက်များကို မြင်နိုင်ကြလေသည်။

အတွင်းကမ္ဘာ၏ အစိတ်အပိုင်းတိုင်းက ပြည့်စုံသော မျှခြေတစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သေးငယ်သော ပြောင်းလဲမှုများက ကမ္ဘာတစ်ခုလုံးကို ပြိုကျသွားစေနိုင်လေသည်။

" ပြီးတော့ ဒီသွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်က ငါတို့ လူသားမျိုးနွယ်ရဲ့ လက်ရှိ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေထက် ပိုပြီးအဆင့်မြင့်တယ်။ " ဟင်းလင်းပြင်နတ်ဘုရားက သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကို ကြည့်ပြီး အကဲဖြတ်လိုက်သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနာဂတ်မှာ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဖြစ် မပြောင်းလဲရင်တောင် ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ အဓိကဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်လာလိမ့်မယ်။ "

" ငါတို့လူသားမျိုးနွယ်က တကယ်ရတနာတစ်ခုကို ရလိုက်တာပဲ။ "

ကြီးမြတ်သူလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

" ကြီးမြတ်သူလေးယောက် သိုင်းတာအို နဝမအလွှာကဏ္ဍကို ကောင်းမှုအမှတ် သန်းရှစ်ဆယ်နဲ့ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကို ကောင်းမှုအမှတ် သန်းငါးဆယ် တန်ဖိုးသတ်မှတ်လိုက်ပါတယ်။ ကန့်ကွက်စရာရှိပါသလား။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။

" ကောင်းမှုအမှတ် သန်းရှစ်ဆယ်က နည်းသလိုပဲ။ သန်းတစ်ရာထားလိုက်။ " တစ်ယောက်က အကြံပြုလိုက်သည်။

" ပြီးတော့ အဲ့ဒီသွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အခွဲတစ်ခုဖြစ်ပေမယ့် အခြားဆင့်ကဲပြောင်းလဲသူတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်။ ဒါကိုလည်း သန်းတစ်ရာ သတ်မှတ်လိုက်ရအောင်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" ငါတို့လည်း အဲ့ဒါကို သဘောတူတယ်။ " အခြားကြီးမြတ်သူသုံးယောက်ကလည်း လက်ခံလိုက်ကြသည်။

အမှန်တွင် နတ်ဘုရားသုံးပါးက များခြင်းနည်းခြင်းမရှိဘဲ မျှတစွာ တန်ဖိုးဖြတ်ပေးခြင်းဖြစ်သည်။သို့သော် ကြီးမြတ်သူလေးယောက်က လင်းယွမ်ကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် ကောင်းမှုအမှတ်များပိုပေးလိုက်ခြင်းက ပြသနာမရှိပေ။

" ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါပြီ။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ပြောလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က မျက်လုံးများမှိတ်၍ ထိုင်နေသည်။

" လေးစားရပါသော ပညာရှင်လင်းယွမ် သင့်ရဲ့ သိုင်းတာအိုနဝမအလွှာကဏ္ဍနဲ့ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကို အကဲဖြတ်ပြီးပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သောအသံက ထွက်ပေါ်လာသည်။

" ပြီးသွားပြီလား " လင်းယွမ်က မျက်လုံးများဖွင့်ပြီး နားထောင်နေသည်။

" သိုင်းတာအိုနဝမအလွှာကဏ္ဍကို ကောင်းမှုအမှတ် သန်းတစ်ရာ၊ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ကို ကောင်းမှုအမှတ် သန်းတစ်ရာ တန်ဖိုးရှိပါတယ်။ စုစုပေါင်း ကောင်းမှုအမှတ် သန်းနှစ်ရာကို လက်ခံမှာပါလား။ " ဉာဏ်ပညာနတ်ဘုရားက မေးလိုက်သည်။

" ကောင်းမှုအမှတ်သန်းနှစ်ရာလား။ "လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။

လူသားမျိုးနွယ်တွင် တန်ဖိုးအရှိဆုံးက ဘာလဲ။ စကြာဝဠာသလင်းကျောက်တွေလား လျို့ဝှက်ရတနာတွေလား။ မဟုတ်ပေ။ လူသားမျိုးနွယ်တွင် တန်ဖိုးအရှိဆုံးမှာ ကောင်းမှုအမှတ်များသာ ဖြစ်သည်။

လူသားမျိုးနွယ်တွင် တန်ဖိုးကြီးသော ရတနာများစွာ ရှိပြီး ၎င်းတို့ကို စကြာဝဠာသလင်းကျောက်များစွာရှိလျှင်တောင် မဝယ်နိုင်ပေ။ သို့သော် လူသားတစ်ယောက်ဖြစ်ပြီး ခွင့်ပြုချက်များ လုံလောက်နေသရွေ့ ကောင်းမှုအမှတ်များနှင့် ၎င်းကို ရရှိနိုင်လေသည်။ နောက်ဆုံး လုံလောက်သော ကောင်းမှုအမှတ်များရှိလျှင် ကြီးမြတ်သူတစ်ယောက်ကိုပင် ငှားရမ်းနိုင်လေသည်။

All Chapters